စုန်းရွာကြီး

နှိမ်နင်းလို့
ရလိမ့်မယ်လို့တော့ ဘုန်းကြီး မထင်ဘူးကွဲ့”

“တစ်ရွာလုံးက စုန်းတွေကို နှိမ်နင်းဖို့ မဟုတ်ပါ
ဘူးဘုရား၊ အဲဒီရွာမှာရှိတဲ့ စုန်းမတစ်ယောက်ရဲ့
ခေါင်းပြတ်ကြီးကို သွားပြီးယူဖို့ပါဘုရား”

“ဟေ” “ဗျာ”

ဆရာတော်ကလည်း အံ့သြပြီး ‘ဟေ’ကနဲ အော်
လိုက်သဗျ။ကျုပ်ကလည်း လန့်ပြီး ‘ဗျာ’လို့ အော်
လိုက်မိတယ်။ ဆရာနွံဖက ကျုပ်ဘက်ကို လှည့်
ပြီးကြည့်တယ်။ ဆေးလိပ်ခွက်ထဲမှာ ထည့်ထား
တဲ့ သူ့ရဲ့ဆေးတံကို ယူပြီး ဆေးပြာတွေ ခေါက်
ချတယ်။ ပြီးတော့ ဗာဂျီးနီးယား ဆေးမှုန့်တစ်ဆုံ
ထပ်သိပ်ပြီး မီးခတ်ငုံပြီး သုံးလေးဖွာ ဖွာလိုက်
တယ်။ ဆရာနွံဖက ဟိုတုန်းက ဆေးလိပ်တို့
မသောက်ဘူးဗျ။ ဒီတစ်ခါတွေ့တာမှ ဆေးတံ
ဖွာနေတာ တွေ့ရတာ။

ဒါလည်း စွဲစွဲလန်းလန်း ဟုတ်ပုံမပေါ်ပါဘူးဗျာ။
ကျုပ်စိတ်ထင်တော့ တစ်ခုခုကို စူးစူးစိုက်စိုက်
တွေးတဲ့အခါမျိုးမှာ ဆေးတံလေးဖွာပြီး တွေးတဲ့
ပုံဗျ။ကျုပ်နဲ့ ဆရာတော်ကလည်း ဆရာနွံဖ ပြော
မှကို စောင့်နေကြတာပေါ့ဗျာ။

“ဒီလိုကွဲ့ မောင်တာတေရဲ့၊ ဒီရွာကြီးရဲ့နာမည်
က ဖန်ခါးကုန်းလို့ ခေါ်တယ်၊ ဖန်ခါးပင်တွေ ထူး
ထူးခြားခြားပေါက်တဲ့ ရွာကြီးကွ၊ ရွာထဲက အိမ်
တိုင်း ဝိုင်းတိုင်းမှာ ဖန်ခါးပင်တွေ ပေါက်တယ်။
ဘယ်အချိန် ဘယ်အခါမှက စပြီး စုန်းအတတ်
ကို တက်လာကြတယ်ဆိုတာတော့ ကျုပ်လည်း
မသိဘူးကွဲ့၊ ဒါပေမဲ့ ကလေးတွေက စပြီးတော့
စုန်းတတ်ကြတာတော့ အမှန်ပဲကွဲ့၊သူတို့ရွာထဲ
ကို တခြားက ပညာသည် ဝင်လာရင် ရွာဦးက
ကဝေနတ်ကြီးရဲ့ နတ်ကွန်းမှာ ဝင်ပြီးခွင့်တောင်း
ရတယ်ဆိုပဲ။အဲဒီလို ခွင့်တောင်းပြီးမှရွာထဲကို ဝင်
လာရင် ဘာမှမလုပ်ကြဘူးပဲတဲ့ကွဲ့၊ ကဝေနတ်
ကြီးဆီမှာ ခွင့်မတောင်းဘဲ ဝင်လာလို့ကတော့
ပညာပြိုင်ပြီးမှ ရွာကထွက်လာရတယ်ဆိုပဲ။ အဲ
ဒီလို ပညာပြိုင်ရင်လည်း သူတို့ကို နိုင်တဲ့လူက
ခပ်ရှားရှားတဲ့ မောင်တာတေရေ”

“နို့ …ရွာက တော်တော်ကြီးသလား ဆရာ”

“ဟာ…အတော်ကြီးတာကွ၊ အိမ်ခြေလေးရာ
လောက် ရှိတယ်ဆိုပဲ၊ အသက်မွေးဝမ်းကြောင်း
ပြုတာကတော့တောင်သူအလုပ်၊ ခြံစိုက်တဲ့အ
လုပ်၊ တိရစ္ဆာန်မွေးမြူတဲ့အလုပ်ပဲ လုပ်ကြတာ
ပါ။တချို့လည်း အရောင်းအဝယ် ကုန်သည်
ပေါ့ကွယ်”

“နေပါဦး ဒကာနွံဖရဲ့၊ စုန်းမခေါင်းပြတ်ကြီး
အကြောင်းပြောစမ်းပါဦးဗျ”

ဆရာတော်က စုန်းမခေါင်းပြတ်ကြီးကို တော်
တော်စိတ်ဝင်စားနေပုံပဲဗျ။ ဆရာနွံဖက လက်
ထဲက ဆေးတံကို ပြာခံခွက်ထဲ ထည့်ထား
လိုက်တယ်။

“ဒါက ဒီလိုဘုရား၊ စုန်းတွေမှာ စုန်းမည်းနဲ့စုန်းဖြူ
ဆိုပြီး နှစ်မျိုးရှိတာဘုရား”

“သြော်…စုန်းမည်းနဲ့ စုန်းဖြူ ဟုတ်လား ဒကာကြီး”

“ဟုတ်တယ် ဘုရား၊ စုန်းတော့ စုန်းပဲဘုရား၊ဒါ
ပေမဲ့ပညာစခန်း တက်ပုံခြင်း မတူဘူးဘုရား။
စုန်းဖြူတွေက လူကို မပြုစားရဲဘူး၊ ဒုက္ခမပေး
ဘူး။ဆေးဝါးကုကြတယ်။စုန်းမည်းတွေ ပြုစား
ထားတာကို သူတို့ပညာနဲ့ကုသပေးကြတယ်”

“သြော် ဒီလိုတော့လည်း ဟုတ်သလား ဒကာ
ကြီးရဲ့”

“မှန်ပါ့ဘုရား၊ ဒါပေမဲ့ သူတို့တတ်တဲ့ ပညာက
လည်း စုန်းပညာပါပဲဘုရား၊ ပညာရင့်လာတဲ့အ
ခါမှာ စက်တွေလွှတ်နိုင်တယ်၊ ကြိုးတွေဆင်နိုင်
တယ်၊ တချို့စုန်းပြူးတွေဟာ ကဝေတွေလိုပဲ
ကောင်းကင်ကြိုးတွေ စက်တွေကိုတောင် ဆင်
နိုင်တယ် ဘုရား”

“သြော်၊ သြော်၊စုန်းမည်းဆိုတာကရော ဒကာကြီး”

“စုန်းမည်းတွေကတော့ အရှင်ဘုရားတို့ ကြားဖူး၊
သိဖူးတဲ့အတိုင်းပေါ့ဘုရား၊ လူတွေကို ပြုစားကြ၊
ဒုက္ခပေးကြ၊ ရူးအောင်၊ သေအောင်၊ စီးပွားပျက်
အောင် မိသားစုတွေ ကွဲကွာအောင် အမျိုးမျိုး ဒု
က္ခပေးတတ်ကြတယ်ဘုရား။ ကံတွေ ကျိုးပေါက်
ကြတယ်။ သူများလင်၊ သူများမယားကိုလည်း မ
ရှောင်ဘူးဘုရား။ ဆေးတွေဝါးတွေ အသုံးပြုပြီး
ရအောင် လုယူတတ်ကြတယ်။ စုန်းမည်းတွေ
အသုံးပြုတဲ့ ဆေးဝါးဆိုတာတွေကလည်း တော်
တော်ကို ယုတ်ညံ့တဲ့အရာတွေနဲ့ ဖော်စပ်ကြတာ
ဘုရား”

“နို့ …နေပါဦး ဒကာကြီးရဲ့၊ စုန်းမည်းတွေနဲ့ စုန်း
ဖြူတွေက တည့်ရော တည့်ကြရဲ့လားဗျ”

“ဟာ…ဘယ်တည့်လိမ့်မတုံး ဆရာတော်ရဲ့၊ဘ
ဝရည်မှန်းချက်ချင်းက တူမှမတူကြတာဘုရား”

“ဟေ…ဟုတ်လား၊ ဒါဆို စုန်းဖြူတွေရဲ့ ဘဝရည်
ရွယ်ချက်က ဘာတုံး”

“စုန်းဖြူတွေရဲ့ ဘဝရည်ရွယ်ချက်က လူတွေကို
ဆေးဝါးကုသပြီး အသက်ရှည်အောင်၊ အနာမဲ့
အောင် လုပ်ပေးကြတာဘုရား၊အဲဒီလိုလုပ်ရင်းနဲ့
သူတို့ရဲ့ စုန်းပညာကျင့်စဉ်တွေကို အဆင့်ဆင့်
ကျင့်ကြံကြတယ်။ကျင့်စဉ်တွေအားလုံး အောင်
မြင်သွားရင် သူတို့လည်း ထွက်ရပ်ပေါက်သလို
အသက်တွေ ထောင်နဲ့ချီပြီး နေနိုင်ကြတယ်
ဘုရား”

“ဟာ ဟုတ်လား ဒကာကြီးရဲ့”

“ဟုတ်တယ် ဘုရား၊ စုန်းမည်းတွေကတော့ ပညာ
ပြိုင်ကြ တိုက်ကြခိုက်ကြနဲ့ သေကုန်ကြတာ များပါ
တယ်ဘုရား၊ ကဝေအဆင့်ကိုရောက်အောင် ကူး
နိုင်ရင်တော့ တစ်ယောက်တလေ အသက်ရှည်ချင်
လည်း ရှည်နိုင်တာပေါ့ဘုရား”

“ဒကာကြီး ပြောသလိုဆိုရင် စုန်းမည်းနဲ့ စုန်းဖြူ
ဟာ တွေ့တာနဲ့ တိုက်ကြခိုက်ကြလိမ့်မယ်ထင်
တယ်”

“ဟာ ဒီလိုတော့ မဟုတ်ဘူးဘုရား၊ သူတို့မှာ
လည်းသူတို့စည်းကမ်းချက်တွေ ရှိတာပဲဘုရား၊
အဲဒီစည်းတွေကို စောင့်ကြရတယ်၊ကိုယ့်စည်းကို
အကြိမ်ကြိမ်လာပြီး ကျူးလွန်နေတယ်ဆိုရင်တော့
စုန်းဖြူကပဲဖြစ်ဖြစ်၊ စုန်းမည်းကပဲဖြစ်ဖြစ် ပညာနဲ့
လုပ်လွှတ်လိုက်မှာပဲဘုရား၊ တစ်ခါတည်း အသေ
မလုပ်ရင်တောင်မှ မှတ်လောက်သားလောက် ရှိ
အောင်တော့ လုပ်လိုက်မှာပဲဘုရား၊ ပညာနိမ့်တဲ့
သူကတော့ ခံရမှာပေါ့ဘုရား၊ ဒါကြောင့် စုန်းတွေ
ဟာ ပညာကို မြင့်သထက်မြင့်အောင် အမြဲတမ်း
အားထုတ်ကြတာပေါ့ဘုရား၊ အဆင့်တွေ အမြဲ
တက်နေကြတာဘုရား”

“သြော် ဒီဒကာတွေ၊ ဒကာမတွေနှယ်၊ ဒုက္ခကြီး
လိုက်ကတာနော်၊ သူတို့မို့ အပါယ်လားမှ
မကြောက်တယ် ဒကာကြီးနွံဖရယ်”

“အကုသိုလ်တရားကြီးက လုံးလုံးဖုံးလွှမ်းသွားပြီ
ဆိုရင် လူတွေဟာ တိရစ္ဆာန်နဲ့ မခြားတော့ဘူးဘု
ရား၊ ငရဲကျမှာလည်း မကြောက်၊ အပါယ်လားမှာ
လည်း မကြောက်တော့ဘူးဘုရား”

“ဆရာ ခုနကပြောတဲ့ စုန်းမခေါင်းပြတ်ကြီးက
စုန်းဖြူမကြီးရဲ့ခေါင်းလား၊ စုန်းမည်းမကြီးရဲ့
ခေါင်းလား ဆရာ”

ကျုပ်ကလည်း သိချင်တာကိုဝင်ပြီး မေးမိရောဗျို့။

“စုန်းဖြူမကြီးရဲ့ ခေါင်းပြတ်ကြီးကွဲ့ မောင်တာ
တေရဲ့”

“ဟာ ဘယ်လိုဖြစ်ရတာတုံးဗျာ”

ဆရာတော်ကလည်း စိတ်မကောင်းတဲ့ အသံနဲ့
မေးရောဗျို့။

“ဒီလိုဆရာတော်ရဲ့၊ တစ်ရက်မှာ ဖန်ခါးကုန်းက
စုန်းမလေးယောက် တပည့်တော်ရဲ့ ဆရာပထမံ
ဆရာပွားကြီးဆီကို ရောက်လာပြီး ပညာတွေ စွန့်
ကြတယ်ဘုရား”

“ဟာ ဟုတ်လား ဒကာကြီး၊ အဲဒါ စုန်းမည်းတွေ
လား၊ စုန်းဖြူတွေလားဗျ”

“စုန်းဖြူတွေဘုရား၊ သူတို့လည်း ဖန်ခါးကုန်းကနေ
အသက်လုပြီး ပြေးခဲ့ရတာတဲ့ဘုရား၊ သူတို့ပြောပြ
လို့ တပည့်တော်တို့ ဒီအကြောင်းတွေ သိရတာပါ
ဘုရား”

“ဟင် ဘယ်လိုများတုံး ဒကာနွံဖရဲ့”

“ဖန်ခါးကုန်းက စုန်းဖြူမကြီးရဲ့နာမည်က မမယ်ဇံ
တဲ့ဘုရား၊ စုန်းမည်းတွေထဲမှာ အမြင့်ဆုံး ပညာ
သည်စုန်းမကြီးက မမယ်ဗျောတဲ့။ မယ်ဗျောရော
မယ်ဇံရော အသက်ငါးဆယ်ကျော်အရွယ်တွေတဲ့
ဘုရား၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာ
ပြဿနာမှ မရှိအောင် နေကြတာဆိုပဲ၊ဖန်ခါးကုန်း
မှာက အားလုံးစုန်းမည်းတွေချည်းဆိုတော့ အား
လုံးက မယ်ဗျောလူတွေချည်းပေါ့ ဘုရား။ မယ်ဇံ
ရဲ့ တပည့်ဆိုလို့ ဆရာပွားကြီးဆီကို ထွက်ပြေး
လာတဲ့ မအို၊ မပျို၊ မပို၊ မစို ဆိုတဲ့ ပညာသည်မ
လေးယောက်ရယ်၊ အသက်နှစ်ဆယ်လောက်ရှိ
တဲ့ မမယ်ဇံရဲ့သမီး မမင်းယုဆိုတာရယ်ပဲ ရှိတာ
ဆိုပဲ။ တစ်ရက်ကျတော့ မယ်ဗျောရဲ့ မယ်သိန်း
ဟာ သူတို့ရွာကို ပဲတွေ နှမ်းတွေ လာဝယ်တဲ့
ပခုက္ကူက ကုန်သည်တစ်ယောက်ကို သဘောကျ
ပြီး သူ့အမေကို ဆေးခတ်ပေးဖို့ ပူစာတယ်ဆိုပဲ။

သမီးအလိုကျ ဆေးဝါးတွေ စီစဉ်ပေးပြီး ဆေး
ခတ်လိုက်တော့ မြို့ကလဲာ့ ကုန်သည်က မယ်
သိန်းကိုတန်းတန်းစွဲဖြစ်ရောတဲ့ဘုရား။ ပခုက္ကူ
ပြန်ရောက်တယ်ဆိုရင်ပဲ ငါ့ကို မယ်သိန်းဆီ ပို့
ပေးပါချည်း အော်တော့တာတဲ့ဘုရား ။ ဒီကုန်
သည်မှာကလည်း သားမယားရှိတာဆိုတော့ မိ
ဘ ည်ီကိုမောင်နှမတွေက ဒီလူကို အခန်းထဲ
ပိတ်လှောင်ထားပြီး အခြေအနေကို စုံစမ်းကြ
ရတော့ပေါ့ဘုရား။ နောက်ဆုံးတော့ ဖန်ခါးကုန်း
က ဆေးမိလာတယ်ဆိုတာ သိသွားတာပေါ့ဘု
ရား။ ဒါနဲ့ ဖန်ခါးကုန်းက မမယ်ဇံကို ပခုက္ကူပင့်
ပြီး ကုခိုင်းကြရတော့တာပေါ့ဘုရား။မမယ်ဗျော
ရဲ့ပညာကို ဖျက်နိုင်တာက မမယ်ဇံပဲ ရှိတယ်
ဆိုတာကို သိနေကြတာကိုဘုရား။

ဒါနဲ့ မမယ်ဇံ ကုသပေးလိုက်တော့ ပခုက္ကူက
ပဲကုန်သည်လည်း ကောင်းသွားတော့တာပေါ့
ဘုရား။ ဒီမှာတင် ကုန်သည်မိသားစုက မမယ်
ဇံကို ကျေးဇူးတင်လွန်းဆိုပြီး မမယ်ဇံကို ရွှေ
တစ်ဆင်စာ၊ မမယ်ဇံရဲ့ သမီးလေး မမင်းယု
အတွက် ရွှေတစ်ဆင်စာနဲ့ သုံးဖို့ စွဲဖို့ ပိုက်ဆံ
လည်းတော်တော်များများ ကန်တော့တယ်ဆို
ပဲ။ ဒီသတင်းကို မမယ်ဗျောတို့ သားအမိကြား
တော့ ဆွေ့ဆွေ့ခုန်အောင် ဒေါသပုန်ထ
တော့တာပါဘုရား။

‘ဟဲ့ မယ်ဇံ၊ ညည်းဟာ ငါ့အလုပ်ထဲကို ဝင်ရှုပ်
တယ်၊ ညည်းကစပြီး စည်းဖောက်တာ၊ ညည်း
နဲ့ ကျုပ်နဲ့ ပညာပြိုင်ကြမယ်၊ တစ်ယောက်နဲ့
တစ်ယောက် အသေသတ်ကြေး’

လို့ ပြောပြီး မမယ်ဗျောက စိန်ခေါ်တာတဲ့ဘုရား။

‘မဟုတ်သေးဘူး မယ်ဗျော၊ ညည်းမှားနေပြီ၊ ဟို
သူငယ်က သူ့မှာ သားမယားတွေနဲ့ အသိုက်အမြုံ
ကြီးဟဲ့၊ ဒါမျိုးတော့ နင်တို့ ရှောင်သင့်တာပေါ့။
ကယ်သင့်လို့ ငါကယ်တာပါအေ’

လို့ မမယ်ဇံက ပြောပြပေမယ့် မမယ်ဗျောတို့
သားအမိက ဘယ်လိုမှ နားမဝင်ဘဲ ပညာပြိုင်
ဖို့ချည်း ပြောတာတဲ့၊ ဒါနဲ့ပဲ နောက်ဆုံးတော့
ပညာပြိုင်ကြတော့တာတဲ့ဘုရား။ ရွာလယ်က
မြေကွက်လပ်ကြီးမှာ မမယ်ဇံက တစ်ဖက်၊ မ
မယ်ဗျောက တစ်ဖက်နေပြီး ပညာပြိုင်ကြသ
တဲ့ဘုရား။ မမယ်ဇံဘက်မှာက သူ့တပည့်မ
လေးယောက်နဲ့ သူ့သမီး မမင်းယုလေးပဲ ရှိ
တာတဲ့။ မမယ်ဗျောဘက်မှာ တစ်ရွာလုံး ရှိ
တာဆိုပဲဘုရား။

မယ်ဗျောက စက်တွေစပြီးလွှတ်ရောတဲ့။မယ်ဗျော
ရဲ့မျက်စိတွေ၊ ပါးစပ်တွေ၊နှာခေါင်းပေါက်တွေ၊ နား
ပေါက်တွေကနေ အနီရောင်၊ အစိမ်းရောင်၊ အပြာ
ရောင်စက်တွေ ထွက်လာတာတဲ့ဘုရား။

“ဟာ တစ်ခါတည်း အသေသတ်မယ့်သဘောပဲ
ဒကာကြီးရဲ့”

“မှန်ပါဘုရား၊ သူများတွေ ပညာပြိုင်ကြသလို တစ်
ဆင့်ပြီး တဆင့် တက်ကြတာ မဟုတ်ဘူးတဲ့ဘုရား၊
တစ်ခါတည်း ရှိသမျှ အစွမ်းတွေကို တစ်ပြိုင်နက်
တည်းထုတ်ပြီး တစ်ချက်တည်းနဲ့ အသေသတ်ဖို့
မယ်ဗျောက လုပ်တာဘုရား”

မမယ်ဇံကလည်း သူ့ပညာကို အစဉ်အတိုင်း တက်
လို့ မရတော့ဘဲ စက်တွေထုတ်ရတော့တဲ့ဘုရား။ ဒါ
ပေမဲ့ မမယ်ဇံထုတ်တဲ့ စက်က အဖြူရောင် တလက်
လက် တောက်နေတဲ့ စက်တစ်မျိုးတည်း ထုတ်တာ
တဲ့ဘုရား။မမယ်ဇံရဲ့ လက်ဖဝါးနှစ်ဖက်၊ ပခုံးနှစ်ဖက်
နဖူးရဲ့အလယ်တည့်တည့်ကနေ အဖြူရောင်စက်
တွေ ထွက်လာပြီး မယ်ဗျောရဲ့ ရောင်စုံစက်တွေကို
ကာထားတာတဲ့ဘုရား။

မယ်ဗျောရဲ့စက်တွေ ရှေ့ကို နည်းနည်းမှကို တိုး
လို့မရတော့ဘူးဘုရား။ မယ်ဗျောက သူ့စက်တွေ
ကို ထိန်းထားရင်းနဲ့ ချွေးသီးချွေးပေါက်တွေ ကျ
လာရောတဲ့ဘုရား။ မမယ်ဇံကတော့ အေးအေး
ဆေးဆေးပဲတဲ့။ တဖြည်းဖြည်းနဲ့ မယ်ဗျောကြီး
အသားတွေ တဆတ်ဆတ် တုန်လာအောင်က
တောင့့်ခံနေရတာတဲ့ဘုရား။ ဒီမှာတင် မယ်ဗျော
ရဲ့သမီး မယ်သိန်းက ရွာထဲက ထမီခြုံအဆင့်ရှိ
တဲ့ ယောက်ျားပညာသည်သုံးယောက်ကို အတင်း
ဝင်လုခိုင်းရောတဲ့ဘုရား။ဟိုလူတွေက ပထမတော့
ငြင်းသေးတာတဲ့။

‘ဟဲ့ မယ်သိန်းရဲ့၊ နင် စည်းမဖောက်နဲ့၊ ဒါ တစ်
ယောက်ချင်း ပညာပြိုင်နေတာလေ’

လို့ ပြောကြပေမယ့် ဒီလူသုံးယောက်က မယ်ဗျော
ရဲ့ အမျိုးတွေဆိုတော့…

‘ရှင်တို့ဟာ ကိုယ့်ဆွေကိုယ်မျိုး ကိုယ့်သွေးသားကို
တောင်မှ သံယောဇဉ် မရှိကြဘူး။ရှင်တို့ အလကား
လူတွေပဲ၊ ရှင်တို့မှတ်ထား၊ ကျုပ်အမေ နိုင်ရင်သာ
စုန်းဖြူမကြီးကို အသေသတ်ချင်သတ်မှာ၊ စုန်းဖြူ
မကြီး နိုင်ရင် ကျုပ်အမေကို သတ်မှာ မဟုတ်ဘူး။
ဒီပွဲပြီးသွားရင်တော့ ရှင်တို့အသက်ကို ဖက်နဲ့လုံ
အောင် ထုပ်ထားကြပေတော့။ကျုပ်ကိုယ်တိုင် အ
မေ့ကို ပြောပြီး ရှင်တို့ကို သတ်ခိုင်းမယ်’

မယ်သိန်းက ဒီလိုချိန်းခြောက်တော့ ထမီခြုံသုံး
ယောက်လည်း ကြောက်သွားရောတဲ့ဘုရား။ ထ
ဘီခြုံဆိုတာ နည်းတဲ့အဆင့်မှမဟုတ်တာ။ အဲဒီ
သုံးယောက်က ပြိုင်ပွဲကို ပြေးဝင်လာပြီး မယ်
ဗျောဘက်က ကူတော့တာတဲ့ဘုရား။ ဒီမှာတင်
ရှုံးခါနီးတော့ မယ်ဗျောက အသာစီးပြန်ရလာ
ရောတဲ့။ မမယ်ဇံလည်း စည်းဖောက်တဲ့ ထမီခြုံ
သုံးယောက်ကို ရင်ညွန့်တည့်တည့်ကနေ အဖြူ
ရောင်စက်တန်းတစ်ခုထုတ်ပြီး လွှတ်လိုက်တာ
သုံးကောင်လုံး’ဘိုင်း’ကနဲ လဲကျပြီး မြေကြီးမှာ
ဆန့်ငင် ဆန့်ငင် ဖြစ်နေရောတဲ့ဘုရား။

ဒီမှာတင် မမယ်ဇံရဲ့ အာရုံက နည်းနည်းလွင့်ပါး
သွားတာပေါ့ဘုရား၊ ဒါကို ချက်ကောင်းစောင့်နေ
တဲ့ မယ်ဗျောက သူ့စက်ကို ရှိသမျှပညာအားနဲ့
ထိုးသွင်းလိုက်တာမှာ စက်တွေပေါက်ဝင်သွားပြီး
မမယ်ဇံ မြေကြီးပေါ်ကို ပက်လက်လန်ပြီး လဲကျ
သွားသတဲ့ဘုရား၊ ဒီမှာတင် မယ်ဗျောက သူ့ရဲ့အ
နီရောင်စက်နဲ့ မမယ်ဇံရဲ့ခေါင်းကို ဖျက်ကနဲ ဖြတ်
ပစ်လိုက်ရောတဲ့ဘုရား။ မမယ်ဇံ ခေါင်းပြတ်ထွက်
သွားတာနဲ့ မယ်ဗျောကပြေးသွားပြီးခေါင်းပြတ်ကြီး
ကို ဆံပင်ကနေ ကိုင်မြှောက်လိုက်သတဲ့။

‘ငါနိုင်ပြီဟေ့၊ ငါ နိုင်ပြီ၊ မယ်ဇံ့ခေါင်းကို ငါရပြီဟေ့”

လို့ အသံနက်ကြီးနဲ့ အော်တော့တာတဲ့ဘုရား၊ မ
မယ်ဇံရဲ့စက်နဲ့ ထိသွားတဲ့ ထမီခြုံသုံးယောက်က
တော့ သုံးယောက်စလုံး သေနေပြီတဲ့ဘုရား၊ ဒီမှာ
တင် ရွာထဲက စုန်းမည်းတွေဟာ အိမ်တွေထဲက
ပြေးထွက်လာပြီး အော်ကြဟစ်ကြနဲ့ အောင်ပွဲခံ
ကြတော့တဲ့ဘုရား။

ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး မအိုတို့ညီ
အစ်မလေးယောက်က မမင်းယုလေးလက်ကိုဆွဲ
ပြီး ရွာထဲကနေ ထွက်ပြေးကြရတာတဲ့ဘုရား။ ဒါ
တောင်မှ မယ်ဗျောတပည့်စုန်းမည်းတွေက သူတို့
ကို သတ်ပစ်ဖို့ လိုက်ရှာကြလို့ တောထဲမှာ ဆယ်
ရက်လောက် ပုန်းနေခဲ့ကြရသေးသတဲ့။နောက်ဆုံး
သူတို့တွေ ပခုက္ကူကို ရောက်လာတော့ မအိုတို့
ညီအစ်မတွေက တော်တော်ကို စိတ်ကုန်သွားကြ
ပြီး သူတို့ပညာကို ဆရာပွားကြီးဆီမှာ လှူဖို့ တိုင်
ပင်ကြသတဲ့။ ဒီမှာတင် မမယ်ဇံရဲ့သမီး မမင်းယု
ကလေးက…

‘ဒေါ်လေးတို့ လှူချင်ရင် လှူလိုက်ကြပါ၊ ကျမက
တော့ မလှူနိုင်ဘူး၊ မလှူနိုင်ရုံတင်မကဘူး။ မယ်
ဗျောကို နိုင်မယ့် ပညာစခန်းကို ရောက်အောင်
ဆက်တက်ပြီး ကျမအမေအတွက်ဂလဲ့စားချေပြီး
မှပဲ ကျမ အေးအေးနေနိုင်မယ်။ ကဲ ဒီနေရာကပဲ
ဒေါ်လေးတို့ လေးယောက်နဲ့ ကျမနဲ့ လမ်းခွဲကြ
ရအောင်’

လို့ ပြောပြီး မမင်းယုက ယောနယ်ဘက်ကို တက်
သွားရောတဲ့ဘုရား”

ဆရာတော်ရော၊ ကျုပ်ရော ဆရာနွံဖ ပြောပြ
တဲ့ မမယ်ဇံအကြောင်းကို စိတ်ဝင်တစား နား
ထောင်နေကြတာဗျို့။ဆရာနွံဖစကားဆုံးလို့
ဆေးတံလေး ပြန်ကောက်ပြီး ဖွာတော့မှ
ဆရာတော်ကမေးတာဗျ။

“နေဦး ဒကာနွံဖရဲ့၊ အဲဒီအဖြစ်အပျက်က
ဘယ်လောက်ကြာပြီတုံး”

“အနှစ် နှစ်ဆယ် ရှိပြီဘုရား”

“ဟာ ဒါဆိုရင် မယ်ဇံရဲ့ ခေါင်းပြတ်ကြီးက ရှိဦး
မလား”

“ရှိတယ်ဘုရား မမယ်ဇံက လူသက် သေသွား
ပေမယ့် ပညာသက်က မသေဘူးဘုရား၊ အဲဒီ
ခေါင်းပြတ်က အခုအထိ အသက်ရှိနေတယ်။
ပုပ်ခြင်း သိုးခြင်း လုံးဝမရှိဘူးဘုရား၊ မျက်
တောင်ပုံမှန်ခတ်နေတုန်းတဲ့ဘုရား။ တစ်ခါ
တလေ ပါးစပ်ဟပြီး စက်တွေထုတ်နိုင်တယ်”

“ဟာ ထူးဆန်းလိုက်တာ ဒကာကြီးရယ် ဒီပ
ညာတွေလည်း တော်တော်ကို အံ့သြဖို့ကောင်း
တာပါလားဗျာ”

“ဟုတ်တယ်ဘုရား၊ မယ်ဗျောက မမယ်ဇံရဲ့
ခေါင်းပြတ်ကြီးကို သူ့အိမ်မှာ သေသေချာချာ
သိမ်းထားပြီးတော့ မမယ်ဇံဆီက ပညာတွေ
ကို ယူဖို့ အမြဲကြိုးစားနေတာတဲ့ဘုရား။ အခု
ဆိုရင် ပညာတချို့တစ်ဝက်ကိုတောင် ရနေ
ပြီဆိုပဲ။ မမယ်ဇံခမျာ အနှစ် နှစ်ဆယ်လုံးလုံး
မယ်ဗျော ဖမ်းဆီးခံထားရတာဘုရား။နောက်
တစ်ခုက မမယ်ဇံရဲ့ ပညာတွေကိုသာ မယ်
ဗျောကြီး အကုန်ရသွားခဲ့ရင် မယ်ဗျောကိုနိုင်
ဖို့ နှိမ်နင်းဖို့ဆိုတာ မလွယ်တော့ဘူးဘုရား။

ဒါကြောင့် မယ်ဗျောကို နှိမ်နင်းပြီး မမယ်ဇံရဲ့
ခေါင်းပြတ်ကြီးကို တပည့်တော် ရအောင်ယူ
ရမယ်ဘုရား။ ပြီးရင် မမယ်ဇံရဲ့ ပညာသက်
ကို နှုတ်ယူပြီး ဘဝကူးနိုင်အောင် လုပ်ပေးရ
မှာပါ ဘုရား”

“သာဓုဗျာ၊ သာဓု၊ သာဓု၊ ဒကာမကြီး မယ်ဇံ
ခမျာ သနားစရာပါဗျာ။ အနှစ် ၂၀ လုံးလုံး
ဘဝမကူးနိုင်အောင် ဖြစ်ပြီး အနှိပ်စက်ခံရ
သလို ဖြစ်နေတဲ့ ဘဝကနေ လွတ်မြောက်
သွားစေချင်လိုက်တာဗျာ။ ဆရာနွံဖ အောင်
မြင်ပါစေလို့ ဆရာတော် ဆုတောင်းပေးနေ
ပါမယ်ဗျာ”

“ဆရာတော် ပေးတဲ့ဆုနဲ့ ပြည့်ရပါစေဘုရား”

လို့ ပြောပြီး ဆရာစိုင်းနွံဖက ဆရာတော်ကို
ရှိခိုးတယ်ဗျ။ ကျုပ်နဲ့ နှစ်ယောက်တည်း လာ
ခဲ့ကြတာဗျ။ ဒီရွာကို ကားတိုက်ရိုက်ပေါက်
တာ မဟုတ်ဘူးဗျ။ ကားလမ်းရှိတဲ့ရွာကို အ
ရင်စီးကြတယ်။ အဲဒီရွာက မန်ကျည်းကန်း
ခေါ်တယ်။ ရွာထပ်မှာ သောက်ရေကန်ကြီး
တစ်ကန် ရှိတယ်ဗျ။ ကန်ဘောင်မှာ မန်း
ကျည်းပင်တွေပတ်ပြီးစိုက်ထားတာ လူတစ်
ဖက်လောက်ရှိတဲ့ အပင်တွေချည်းပဲ။ ဒါကို
ကြည့်ရုံနဲ့ ဒီကန်ရဲ့သက်တမ်းကို မှန်းကြည့်
နိုင်တာပေါ့ဗျာ။မန်းကျည်းကန်ရောက်တော့
ဆရာနွံဖဟာ ဖန်ခါးကုန်းကို လှည်းငှားတယ်။
လိုက်မယ့်သူ တစ်ယောက်မှ မရှိဘူးဗျ။

“ဆရာရယ်၊ စုန်းရွာကြီးကို လိုက်ပို့မယ်သူကို
ဘယ်လိုမှ ရှာလို့ မရနိုင်ပါဘူးဗျာ၊ ဖြစ်နိုင်ရင်
ဆရာတို့လည်း မသွားကြပါနဲ့ဗျာ”

ရွာထဲက အသက်ကြီးကြီး လူကြီးတစ်ယောက်
က ဆရာနွံဖကို တားတယ်ဗျ။

“မသွားလို့ မဖြစ်ဘူးဗျ၊ကျုပ်တို့မှာ အရေး
ကြီးတဲ့ကိစ္စ ရှိလို့ သွားရမှာ၊ ပို့ပေးမယ့်သူ
မရှိလည်း ကျုပ်တို့ ဆရာတပည့် ခြေလျင်
သွားကြရုံပဲပေါ့ဗျာ”

“ရော် ခက်တော့တာပဲဗျာ၊ ဆရာတို့ ခြေလျင်
သွားလို့တော့ တော်တော်နဲ့ ရောက်မှမဟုတ်
ဘူးဗျ။ လမ်းကလည်း မသိတဲ့အပြင် လမ်းမှာ
အနှောင့်အယှက်ကလည်း မျိုးစုံတွေ့ဦးမှာဗျ။
ကဲ ကဲ ကျုပ် မေးစမ်းကြည့်ပါဦးမယ်ဗျာ”

မန်းကျည်းကန်ရွာသားကြီးက ရွာလယ်
လမ်းအတိုင်း သွားပြီး လူတစ်ယောက်
ခေါ်လာတယ်ဗျ။

“ဒီမှာ ဆရာတို့၊ ဟောဒါ ကျုပ်တူ မောင်စင့်တဲ့
ဗျ။ဆရာတို့ကို သူ့လှည်းနဲ့ လိုက်ပို့လိမ့်မယ်။ ဒါ
ပေမဲ့ သူလည်း ဖန်ခါးကုန်းအထိတော့ မလိုက်
ရဲဘူးဗျ။ ဖန်ခါးကုန်း ဒီဘက်က စုံ့မြေနားအထိ
လိုက်ပို့လိမ့်မယ်။ ဒါဆိုရင် ဆရာတို့ သိပ်မလို
တော့ဘူးဗျ။ တောအုပ်ကို ဖြတ်ချလိုက်ရင် ဖန်
ခါးကုန်းကိုရောက်ရော လှည်းခတော့ ဆရာတို့
ကြည့်ရှုပေးခဲ့ပေါ့ဗျာ”

“ဟာ ဝမ်းသာလိုက်တာဗျာ၊ အဲဒီလောက်
ရောက်သွားရင် တော်ပါပြီဗျာ၊ ဟိုဘက်ကို
ကျုပ်တို့ဘာသာ သွားလိုက်ပါ့မယ်၊ လှည်းခ
လည်း တောင်းသလောက် ပေးမှာပါ”

“ကဲ ငစင့်၊ မင်းလှည်းကောက်ပြီး လိုက်သွား
တော့”

မန်းကျည်းကန်ရွာသားကြီးက သူ့တူ ကိုစင့်ဆို
တဲ့လူကို လှည်းကောက်ခိုင်းလိုက်တယ်။ကိုစင့်
ဆိုတဲ့လူကိုတွေ့တော့ ကျုပ်ငယ်ငယ်က ဖတ်
ဖူးတဲ့ ပုဂံရာဇဝင်ထဲက ငရမန်ကို ငှက်သံပေး
ပြီး အဆိပ်မြားနဲ့ပစ်ပြီး မျက်လုံးကန်းအောင်
လုပ်တဲ့ မုဆိုးငစင့်ကို သတိရသွားသေးတာဗျ။
ကိုစင့်ဆိုတဲ့လူက လုပ်တာကိုင်တာ သွက်သား
ဗျ။ လှည်းကောက်တာ ဘာမှမကြာလိုက်ဘူး။
ရွာလမ်းကို လှည်းရောက်လာရောဗျို့။

ဆရာနွံဖကတော့ လှည်းပေါ်ရောက်ကတည်း
က ပုတီးစိပ်တော့တာပဲဗျ။ ကျုပ်ကတော့ ကို
စင့်နဲ့ စကားတွေ ပြောတော့တာပေါ့ဗျာ။တော
သားချင်းဆိုတော့လည်း တွေ့တာနဲ့ ရင်းနှီး
တော့တာဗျ။

“ကိုစင့်ရဲ့၊ ကျုပ်တို့ အခုသွားမယ့် ဖန်ခါး
ကုန်းရွာကို စုန်းရွာကြီးလို့ ခေါ်ကြတာဆို၊
ဘာကြောင့်တုံးဗျ”

“ဟကောင်ရ၊ အဲ အဲ နေပါဦး မင်းနာမည်
က ဘယ်သူတဲ့တုံး”

“ကျုပ်နာမည်က တာတေတဲ့ဗျ”

“အေး အေး၊ မောင်တာတေရဲ့၊ ဖန်ခါးကုန်း
တစ်ရွာလုံး လူမှန်သမျှ စုန်းချည်းပဲကွ၊ က
လေး လူကြီး အကုန်လုံး စုန်းတတ်တယ်။
ဒါကြောင့် စုန်းရွာကြီးလို့ ခေါ်ကြတာပေါ့ကွ”

“ဟာ …ဟုတ်ရဲ့လားဗျ၊ လူကြီးတွေ စုန်း
တတ်တာတော့ ထားပါတော့ဗျာ၊ ကလေး
တွေပဲ ရှိသေးတာ ဘယ်လိုကြောင့် စုန်း
တတ်တာတုံးဗျ”

“ဟေ…မောင်တာတေ၊ မင်း စဉ်းစားကြည့်
လေကွာ၊ ဖအေလည်း စုန်း၊ မအေလည်း
စုန်းဆိုတော့ ဒီကလေးဟာ မွေးကတည်း
က ဝမ်းတွင်းစုန်းလေး ဖြစ်နေမှာပေါ့ကွ၊ကြီး
လာတော့ဖအေနဲ့ မအေက သူတို့ပညာတွေ
ကို သင်ပေးကြမှာပေါ့”

“အင်း…ဒါလည်း ဟုတ်တာပဲဗျ။ နေပါဦး ကို
စင့်ရဲ့၊ အဲဒီရွာမှာ စာသင်ကျောင်းလေး ဘာ
လေး မရှိဘူးလားဗျ”

“မောင်တာတေရေ ဖန်ခါးကုန်းမှာ စာသင်
ကျောင်းရှိဖို့ နေနေသာသာ ဘုန်းကြီးကျောင်း
လည်းမရှိ၊ ဘုရားလည်းမရှိ၊ အိမ်တိုင်းမှာ ဘု
ရားစင်လည်း မရှိဘူးကွ”

“ဟာ ဒီလိုဆိုရင် ဒီရွာကလူတွေ သေရင်
သရဏဂုံ ဘယ်လိုတင်တုံးဗျ”

“ဟား၊ ဟား၊ ဟား၊ ဟား မင်း တော်တော်အ
တွေးခေါင်တာကိုကွဲ့ မောင်တာတေရဲ့၊ စုန်း
သေပါတယ်ဆိုမှ ဘယ်သူက သရဏဂုံတင်
မှာတုံး။ အသက်ရှင်နေတုန်းကလည်း တစ်
ဘဝလုံး ဘုရား၊ တရား၊ သံဃာကို ရှိခိုးကြ
တာမှ မဟုတ်တာ”

“သြော် …ဟုတ်သားဗျ၊ ကျုပ် ဒါကိုမတွေး
မိတာဗျို့”

နေထန်းတစ်ဖျားလောက်အရောက်မှာ တမာ
ပင်တန်းကလေးကို ကျုပ်တို့လှည်း ရောက်
လာတယ်။ကိုစင့်က လှည်းကို ရပ်လိုက်တယ်

“ကဲ…ကျုပ်တော့ ဒီအထဲပဲ ပို့နိုင်မယ်ဗျို့။
ဟိုရှေ့က အပင်လေးတွေ ကျိုးတိုးကျဲတဲ
ပေါက်နေတဲ့ ကွင်းပြောင်ပြောင်ကြီးကို
တော့ မဖြတ်လေနဲ့၊ အဲဒါ စုံ့လို့ခေါ်တယ်။
လူမပြောနဲ့ သစ်ရွက်ကျရင်တောင် မလွတ်
ဘူး။ အောက်က ဆွဲသွားတာ။ကျုပ်တို့ ရွာ
သားတွေလည်း ဒီစုံ့ကြီးထဲကို ညဘက်
လမ်းမှားပြီး ရောက်သွားကြတာ စုံ့ကျွံပြီး
တစ်ယောက်မကျန် သေကုန်တာဗျ”

ဆရာနွံဖက ကိုစင့်ကို လှည်းခ ငါးဆယ်ပေး
တယ်။ ကိုစင့်က ဝမ်းစာအားရနဲ့ ယူပြီး ပြန်
သွားတယ်။ ဆရာနွံဖနဲ့ ကျုပ်နဲ့ ခရီးဆက်ခဲ့
ကြတယ်။ ကိုစင့်ပြောတဲ့ စုံ့ဆိုတာကြီးကို
ဘေးကပတ်ပြီး လျှောက်ကြရတာဗျ။ ဒီတုန်း
မှာပဲ အဝေးက ပျံလာတဲ့ ကျီးကန်း တစ်
ကောင်ဟာ အတောင်ညောင်းလို့ ထင်ပါရဲ့
ဗျာ။ စုံ့မြေပေါ်ကို ဆင်းပြီး နားလိုက်တယ်

ကျုပ်နဲ့ ဆရာနွံဖလည်း ဇီးပင်ပုလေးနောက်
က ကွယ်ပြီး ကျီးကန်း ဘာဖြစ်မလဲဆိုတာ
သိချင်လို့ ကြည့်နေကြတာဗျ။ ဟာ၊ ကျီးကန်း
နားတဲ့ အောက်က မြေကြီးက ကျီးကန်းကို
ဆွဲတော့တာဗျို့။ ကျီးကန်းက ဒီတော့မှ မြေ
ကြီးကို ငုံ့ကြည့်ပြီး ပျံဖို့ပြင်တယ်။ ဒါပေမဲ့ သူ
ရုန်းလို့ မရတော့ဘူးဗျ။

“အား၊ အား၊ အား၊ ဖလပ်၊ ဖလပ်၊ ဖလပ်”

တောကျီးကန်းကြီးက တအာအာနဲ့ အော်ပြီး
အတောင်ကို ဖလပ် ဖလပ်နဲ့ ခတ်ရင်း ရုန်း
တော့တာပေါ့ဗျာ။ ခဏလေးပဲဗျ။ တောကျီး
ကန်းကြီးအော်ရင်း ဟစ်ရင်းပျောက်သွားတယ်။
ကျုပ်ဖြင့် ကြက်သီးတွေ တဖျန်းဖျန်း ထသွား
လိုက်တာဗျာ၊ လူတစ်ယောက်ရဲ့ အလေးချိန်
လောက် ဆိုရင်တော့ ဘယ်လောက်များ ဆွဲ
မယ်ဆိုတာ မတွေးရဲလောက်အောင်ပါပဲဗျာ။

“ဆရာ ဒါ ဘယ်လိုဖြစ်တာတုံး”

ကျုပ်က ဆရာနွံဖကို မေးကြည့်လိုက်တယ်။

“ဒါ စုံ့မြေလို့ ခေါ်တယ် မောင်တာတေရဲ့၊
အောက်ကနေ ဆွဲချတတ်တယ်၊မြင်းနဲ့ ဖြတ်
ပြေးရင်တောင် မလွတ်ဘူးလို့ ပြောကြတယ်
ကွဲ့”

စုံ့မြေကို သတိထားပြီး ကျုပ်တို့ ကွင်းလျှောက်
ကြရတာပေါ့ဗျာ။ စုံ့မြေကျော်သွားတော့ တော
စပ်ကို ရောက်တယ်။ ကိုစင့်ပြောလိုက်တဲ့ ဖန်
ခါးကုန်းကိုသွားတဲ့ ခြေလမ်းကလေးရှိတယ်ဆို
တာ ကျုပ်တို့ လိုက်ရှာကြတယ်။ ဟောတွေ့ပြီ
ဗျို့။ဒီလမ်းကလေးက လူတွေ အမြဲတမ်း ဖြတ်
သွားလေ့ရှိတဲ့ ခြေသွားလမ်းလေးဗျ။ ဆရာနွံ
ဖက ရမ်းမသွားဘဲ အာရုံခံကြည့်တယ်။စိတ်
ချရပြီဆိုတော့မှ ရှေ့ကသွားတယ်။

ကျုပ်က ဆရာနွံဖနောက်က ကပ်ပြီးလိုက်ရ
တာပေါ့ဗျာ။ တစ်နေရာရောက်တော့ ဆရာ
နွံဖက တုံ့ကနဲ ရပ်လိုက်တယ်ဗျ။ကျုပ်လည်း
ရပ်လိုက်ရတာပေါ့ဗျာ။ ခြေသွားလမ်းလေး
ဘေးက သစ်ပင်ကြီးတစ်ပင်ရဲ့ ကိုင်းတက်
ကြီးဟာ လူ့လက်ကြီးလိုပဲ ကွေးကျလာပြီး
ကျုပ်တို့ သွားမယ့်လမ်းကို ပိတ်ထားတယ်
ဗျို့။ ဆရာနွံဖက သစ်ကိုင်းကြီးကို လက်
ညှိုးနဲ့ ထိုးပြီး ပါးစပ်က တစ်ခုခုကို ရွတ်
လိုက်တယ်

“ဝုန်း”

လမ်းပိတ်ထားတဲ့ သစ်ကိုင်းကြီးက အပေါ်
ကို ‘ဝုန်း’ကနဲ တက်သွားတယ်ဗျ။ ကျုပ်တို့
ဆရာတပည့်လည်း တောထဲကို ဆက်
လျှောက်လာတယ်ဗျ။

“ဟေ့ မယ်ဇက်၊ ဟေ့ မယ်ဇက်”

“ဟာ ဆရာ၊ ဒီတောထဲမှာ လူတွေရှိတယ်ဗျ၊
ယောက်ျားက မိန်းမကို လှမ်းခေါ်နေတဲ့အသံဗျ”

“မောင်တာတေ မဟုတ်ဘူး၊ အဲဒါ လူမဟုတ်
ဘူး၊ ငှက်ကွဲ့၊ လူသံနဲ့ အလွန်တူတယ်”

ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ ဒီငှက်မျိုးရှိမှန်း
ကျုပ်ဖြင့် ကြားတောင် မကြားဖူးပါဘူးဗျာ။

“ဟေ့ မယ်ဇက်၊ ဟေ့ မယ်ဇက်”

ဟုတ်ပါ့ဗျာ၊ ငှက်က အော်ရင်းနဲ့ မြောက်ဘက်
ကို ပျံသွားတာဗျို့။ဆရာနွံဖနဲ့ ကျုပ်နဲ့ ခရီးဆက်
ခဲ့ကြတာ နာရီဝက်လောက် ရှိပြီဗျ။

“ဟာ ရှေ့မှာ ချောင်းလေးပါလား ဆရာ”

“မပူပါနဲ့ မောင်တာတေရဲ့၊ ချောင်းရှိရင် တံ
တားရှိမယ်ကွဲ့၊ ဟော ဟိုကျောက်တုံးကြီး
တွေဘက်မှာ တွေ့လား၊ ဝါးတံတားလေး
ကွဲ့၊ အသေအချာထိုးထားတဲ့ တံတားကွဲ့၊
လာ အဲဒီတံတားကို သွားကြစို့”

ကျုပ်က ချောင်းရေကို ကြည့်လိုက်တယ်။ရေ
က ကြည်လင်ပြီး စိမ်းနေတာဗျ။ ရေအောက်
မှာ ကူးနေတဲ့ ငါးကလေးတွေကိုတောင် တွေ့
နေရတယ်။ ဟာ ရွှေငါးလေးတွေဗျို့။ မြို့တွေ
မှာ မှန်ပုံးနဲ့ အလှမွေးထားတဲ့ ငါးမျိုးလေးတွေ
ဗျ။ကျုပ်ဖြင့် ရေကိုကြည့်ပြီး မျက်နှာဆင်းသစ်
ချင်တဲ့စိတ်ပေါက်လာသဗျို့။ဒါနဲ့ ကျုပ် ရေစပ်
ကို ဆင်းလိုက်တယ်။ ကျုပ် ချောင်းကလေးဆီ
ကို ဆင်းသွားတာ ဆရာနွံဖက လှမ်းမြင်လိုက်
ပြီး…

“ဟေ့၊ မောင်တာတေ မသွားနဲ့၊ အဲဒီရေကို
မထိနဲ့၊ လာ လာ ဒီကိုလာ”

ဆရာနွံဖက ဝါးတံတားလေးနားတောင် ရောက်
နေပြီဗျ။ ကျုပ်က ဆရာနွံဖ ပြောတဲ့အတိုင်း သူ့
ဆီကို သွားလိုက်တယ်။ ဆရာနွံဖက ကျုပ်ကို
လက်ညှိုးထိုးပြတယ်ဗျ။

“မောင်တာတေ ကြည့်စမ်း၊ ဟိုဘက်မှာ တောင်
တွေမို့လား၊ ဒီဘက်က တဖြည်းဖြည်း နိမ့်သွားတဲ့
အနိမ့်ပိုင်းမို့လား၊ ရေကို ကြည့်လိုက်စမ်း၊ ဘယ်
ဘက်ကို စီးနေတုံး”

ဒီတော့မှ ကျုပ်က ရေတွေစီးနေတာကို သေ
သေချာချာ သတိထားပြီး ကြည့်မိတာဗျ။

“ဟာ ဟုတ်သားပဲ ဆရာ၊ ရေတွေက ဘယ်လို
ဖြစ်လို့ နိမ့်ရာကနေ မြင့်ရာကို စီးနေတာတုံး
ဆရာ၊ ထူးဆန်းလှချေလား”

“အေး ဟုတ်တယ်၊ ဒါမျိုးကို ရေပြန်ချောင်းလို့
ခေါ်တယ်ကွဲ့၊ ကျုပ်တို့ ဒီနယ်မြေကို ဝင်လာ
ကတည်းက လူရော၊ ငှက်ရော ဘာမှမချန်ဘဲ
သတ်တဲ့ စုံ့မြေတွေ မြင်ခဲ့တယ်၊ ပြီးတော့ ဟို
သစ်ပင်ကြီး တွေ့ခဲ့တယ်မို့လား။ အဲဒါ သွေး
စားပင်ကွဲ့၊ ကျုပ်တို့သာ သတိမရှိဘဲ အဲဒီသစ်
ကိုင်းကြီးအောက်ကနေ ငုံ့ဝင်ပြီး ဟိုဘက်ကို
ဖြတ်သွားမယ်ရင် ကျုပ်တို့ကို သစ်ကိုင်းကြီး
က ထုသတ်ပြီး ဆွဲယူသွားမှာကွဲ့၊ပြီးရင် ကျုပ်
တို့သွေးကို အဲဒီသစ်ပင်က စုတ်ယူတော့မှာ။
အခုတွေ့တဲ့ ချောင်းကလည်း ရေပြန်ချောင်း
လို့ ခေါ်တယ်။ ဒီရေဟာ အင်မတန် အဆိပ်
ပြင်းတာကွဲ့၊ လူအသားနဲ့ ထိမိရင် တဖြည်း
ဖြည်းနဲ့ အကွက်ကြီးတွေ ထပြီး ညိုပုပ်လာ
လိမ့်မယ်”

“ဗျာ၊ ဒီလောက်တောင်ပဲလားဗျာ”

“ဟုတ်တယ် မောင်တာတေ၊ ဒီစုန်းရွာကြီးရဲ့
အနီးဝန်းကျင်မှာ ဒီလို ကျက်သရေမရှိတဲ့
ယုတ်ညံ့တဲ့အရာတွေ ရှိနေတတ်တာ မဆန်း
ပါဘူးကွယ်”

ဝါးတံတားလေးကို ကူးပြီး နောက်ထပ်တစ်နာ
ရီဝက်လောက် သွားမိတဲ့အခါ ဆရာနွံဖက တုံ့
ကနဲ ရပ်လိုက်တယ်ဗျ။ ကျုပ်လည်း နောက်က
နေ ရပ်လိုက်ရတာပေါ့ဗျာ။

“မောင်တာတေ ဟိုမှာ တွေ့ပြီကွဲ့၊ ကျုပ်တို့
လာတဲ့ ဖန်ခါးကုန်း ရွာကြီး

ကျုပ်တို့က တောင်ကုန်းကြီးပေါ်မှာ၊ ရွာက
တောင်ခြေက မြေပြန့်ကြီးမှာ၊ ယာမြေတွေ
ဆိုတာလည်း မျက်စိတစ်ဆုံးပဲဗျ။ ရွာထဲက
အိမ်တွေကလည်း သွပ်ဖွေးဖွေးနဲ့ အိမ်ကြီး
အိမ်ကောင်းတွေ များတယ်ဗျ။ ဒီရွာကြီးမှာ
နေတဲ့ ရွာသားတွေဟာ အိမ်နဲ့ယာနဲ့ ပြည့်
စုံကြရဲ့သားနဲ့ ဘယ်လိုကြောင့် စုန်းတွေဖြစ်
နေရတယ်ဆိုတာကို ကျုပ် မတွေးတတ်
တော့ပါဘူးဗျာ။

ရွာထဲ မဝင်ခင်မှာ ဆရာနွံဖနဲ့ ကျုပ်နဲ့ ပါ
လာတဲ့ ဆတ်သားခြောက်မီး ဖုတ်ကလေး
ကို ကောက်ညှင်းကျည်တောက်ကလေးနဲ့
အဆာပြေစားကြတယ်ဗျ။ပြီးတော့မှ ဆရာ
နွံဖက သူ့လွယ်အိတ်ကြီးထဲက ငှက်ပျော
သီး ထုတ်ပြီး တစ်ယောက် တစ်လုံးစီ စား
လိုက်ကြတယ်။

“မောင်တာတေရေ၊ ဒီငှက်ပျောသီးက ကျုပ်
ဆရာ ပထမံဆရာပွားကြီး ပေးလိုက်တာကွဲ့။
ကျုပ်လွယ်အိတ်ထဲမှာ ထည့်ထားတာ ဆယ်
ရက်မကတော့ဘူး။ငှက်ပျောသီးက ပိုပြီးတော့
လည်း မှည့်မလာဘူးကွဲ့၊ပုပ်လည်း ပုပ်မသွား
ဘူး။ဆရာပွားကြီး မှာလိုက်တာက ဒီငှက်ပျော
သီးကို ရွာထဲဝင်ကာနီးမှ စားရမှာတဲ့ကွ၊ ဒါ
ကြောင့် အခုမှ ကျွေးရတာ။နောက် သုံးရက်
လောက်အထိတော့ မင်းဗိုက်ဆာမှာ မဟုတ်
တော့ဘူးကွဲ့”

“ဟာ ဟုတ်လား ဆရာ”

ကျုပ်တို့နှစ်ယောက် တောင်ပေါ်ကဆင်းတဲ့
ခြေသွားလမ်းလေး အတိုင်း ဆင်းလာခဲ့ပြီး
ရွာဝင်ပေါက်ကြီးဆီကို ရောက်လာခဲ့တယ်။
ရွာထိပ်က ကဝေနတ်စင်ကိုသွားပြီး ဆရာ
နွံဖက အမိန့်ပြန်တယ်။ ပြီးတော့ ကဝေနတ်
ကြီးကို ချုပ်ပစ်ခဲ့တယ်။ ဒီအချိန်မှာပဲ ကျုပ်
တို့နဲ့ မလှမ်းမကမ်းမှာ လဒကြီးသုံးကောင်
ဝဲနေတာ တွေ့လိုက်တယ်ဗျ။

“ဆရာ ဟိုမှာ လဒကြီးတွေ”

“ကျုပ် တွေ့တယ် မောင်တာတေ၊ ဒါ ဒီရွာ
ထဲက စုန်းမကြီးတွေပဲကွဲ့၊ ကျုပ်တို့ရောက်
မှာကို ကြိုသိနေပုံပဲ၊ ဒီပုံစံဆိုရင်တော့ ရွာထဲ
ကို တန်းမဝင်သေးဘဲ ဒီနေရာကပဲ အခြေအ
နေ စောင့်ကြည့်ရင် ကောင်းမယ်ကွဲ့”

ကျုပ်နဲ့ ဆရာနွံဖ လူနှစ်ဖက်စာလောက်ရှိ
တဲ့မန်ကျည်းပင်ကြီးအောက်မှာ မတ်တတ်
ပဲ ရပ်နေလိုက်ကြတယ်။ဆရာနွံဖကတော့
မန္တန်တွေရွတ်ပြီး သူ့ပညာတွေ နှိုးထားလိုက်
ပြီဗျို့။ ဒီတုန်းမှာပဲ ရွာထဲကနေ ခွေးနက်ကြီး
တစ်ကောင် ထွက်လာတယ်ဗျ။ ကျုပ်တို့ကို
သေသေချာချာကြည့်ပြီး မာန်ဖီနေတယ်ဗျို့။
ကျုပ် သေသေချာချာကြည့်တော့ ခွေးနက်
ကြီးက သာမန်ခွေးတွေထက် နည်းနည်းပို
ကြီးနေတယ်ဗျ။

“ဟီး၊ ဟီး၊ ဟီး၊ ဂီး၊ ဂီး”

မာန်ဖီနေတဲ့ ခွေးနက်ကြီးက အစွယ်ကြီးတွေ ဖွေးနေတာဗျို့။ ဆရာနွံဖက ခွေးနက်ကြီးကို
သေသေချာချာ ကြည့်ပြီးမှ တောက်တစ်ချက် ခေါက်လိုက်တာဗျ။ ကျုပ်တောင်လန့်ပြီး တုန်
သွားတယ်။

“တောက်”

ဆရာနွံဖလည်း တောက်ခေါက်လိုက်ရော ခွေး
နက်ကြီးက မြေကြီးပေါ်ကို ဘုန်းကနဲ လဲကျ
သွားတာဗျို့။ ဟာ လူးနေပြီ ဗျို့။ ခွေးနက်ကြီး
မြေကြီးပေါ်မှာ လူးနေပြီ။ဟင် ခွေး၊ ခွေး မဟုတ်
ဘူးဗျ။ လူ၊ လူ၊ လူကြီး ဟုတ်ပါ့ဗျာ။ မြေကြီးမှာ
လူးနေတဲ့ ခွေးနက်ကြီးက ထဘီကြီးတစ်ထည်
ခြုံထားတဲ့ လူမည်းမည်းကြီး ဖြစ်နေရောဗျာ။
အဲဒီလူက ထမီကြီး ခြုံရက်သားနဲ့ ဆရာနွံဖ
ကို ကြည့်နေတယ်။ လူကတော့ ကုန်းကုန်း
ကြီး လုပ်နေတုန်းဗျ။

“မင်း ဘယ်သူတုံး”

“ကျုပ်က ထမီခြုံ မောင်နက်ပါဗျာ”

“အေး…ငနက်၊ မင်းရဲ့ ထမီခြုံပညာတွေ ငါ
အားလုံး သိမ်းလိုက်ပြီး ကြားလား”

“ဟုတ် ဟုတ်ကဲ့ပါဗျာ၊ ကျုပ်အသက်ကိုတော့
ချမ်းသာပေးပါဗျာ”

“စိတ်ချ၊ မင်းကို ငါမသတ်ဘူး၊ ဒါပေမဲ့ ငါမေး
တာတွေကိုတော့ မင်းမှန်မှန်ဖြေရမယ်”

“ဟုတ် ဟုတ်ကဲ့ပါ ဆရာ၊ ကျုပ်ဖြေပါမယ်”

“ဒီရွာက စုန်းမကြီး မယ်ဗျော၊ ရှိသလား”

“ရှိ ရှိပါတယ် ဆရာ၊ သူ့အိမ်မှာပါ”

“မယ်ဗျောက ဘယ်အရွယ်ရှိပြီတုံးကွဲ့”

“အသက် ရှစ်ဆယ်လောက် ရှိပါပြီဆရာ၊
ဒါပေမဲ့ အလွန်မှ နုပျိုပါတယ်၊ အသက်ငါး
ဆယ်ကျော်လောက်ပဲ ထင်ရပါတယ်”

“သူသမီး မယ်သိန်းရော ရှိသလား ငနက်”

“ရှိ၊ ရှိပါတယ် ဆရာ၊ သူ့သမီးက အသက်
ငါးဆယ်ကျော်လောက် ရှိပါပြီ”

“နေဦး ငနက်၊ မယ်ဗျော ပညာက တော်
တော် ထက်သလားကွဲ့”

“ထက်၊ ထက်ပါတယ် ဆရာ၊ မယ်ဇံကြီးရဲ့
ခေါင်းပြတ်ကို ယူထားပြီး သူ့ပညာအဆင့်
ကို တက်အောင် အမြဲလုပ်နေတော့ သူနဂို
ပညာရော မယ်ဇံရဲ့ပညာပါပေါင်းပြီး တော်
တော်ကို အစွမ်းထက်နေပါတယ် ဆရာ၊တစ်
ရွာလုံးလည်း သူတို့ခိုင်းသမျှကို ကျွန်တွေလို
လုပ်ပေးနေကြရပါတယ်ဗျာ။ စိတ်မထင်ရင်
မထင်သလို သတ်ပစ်တာဗျ။သူ့ကို ဘယ်သူ
မှလည်း မယှဉ်နိုင်တော့ မော်တောင်မကြည့်
ဝံ့ပါဘူးဗျာ”

“အခုလည်း မင်းကို သူ လွှတ်လိုက်တာပဲ
မို့လား”

“ဟုတ်ပါတယ် ဆရာ၊ ကျုပ်ကို ခွေးနက်ပုံ
ပြောင်းပြီး သူလွှတ်လိုက်တာပါ”

“ကဲ ငနက်၊ ဒါဆိုရင် မင်းကို ငါ နဂိုပုံစံ ပြန်
ပြောင်းပေးမယ်၊ ငါ့တို့ကို ရွာလယ်က မယ်
ဗျောနဲ့ မယ်ဇံ ပညာပြိုင်တဲ့ မြေကွက်လပ်
ကို ခေါ်သွားပါ၊ ပြီးရင် မယ်ဗျောကို ပြော
လိုက်၊ မယ်ဇံရဲ့ ခေါင်းပြတ်ကို ယူပြီး မြေ
ကွက်လပ်ကို လာခဲ့ပါလို့၊ ငါ စောင့်နေမယ်
လို့ ပြောလိုက် ကြားလား”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ”

“တောက်”

ဆရာနွံဖက ထမီခြုံမောင်နက်ကို လက်ညှိုး
နဲ့ ထိုးပြီး တောက်တစ်ချက် ခေါက်လိုက်တာ၊
မောင်နက် မြေကြီးမှာ လှိမ့်နေရောဗျို့။ ဟော
ဟော ထမီခြုံကြီးက ခွေးနက်ကြီး ပြန်ဖြစ်သွား
ပြီဗျို့။ ခွေးနက်ကြီးက ကျုပ်တို့ကို လှည့်ကြည့်
လှည့်ကြည့်နဲ့ ရှေ့ကသွားတယ်။

ရွာလယ်က မြေကွက်လပ်ကြီးကိုရောက်တော့
ဆရာနွံဖက ခပ်သုတ်သုတ်ပဲ မြေကွက်လပ်ကြီး
ကို ပတ်ပြီး မန္တန်ရွတ်တယ်ဗျ။စည်းချတာပေါ့ဗျာ။

“ဒီနေရာမှာ မယ်ဇံကို သူသတ်ခဲ့တာကွဲ့၊ ကျုပ်
ပထမံစည်းချထားပြီးပြီ။ ဒီစည်းဝိုင်းထဲကို ဝင်တဲ့
စုန်းဟာ ဘယ်တော့မှ စုန်းအနေနဲ့ ပြန်ထွက်လို့
မရတော့ဘူးကွဲ့၊ သူ့ရဲ့စုန်းပညာကို အကုန်လုံး
စွန့်ပြီးမှ ထွက်လို့ရမယ်။ ဒါမှမဟုတ်ရင်လည်း
သေပြီးမှ ဝိညာဉ်ဘဝနဲ့ ထွက်ရုံပဲပေါ့ကွယ်”

မြေကွက်လပ်ကြီးက တော်တော်ကျယ်တာဗျ။
ဆရာနွံဖ ပြောသလိုဆိုရင် ဒီထဲဝင်လာတဲ့ စုန်း
တွေကတော့ သွားပြီပေါ့ဗျာ။ သိပ်မကြာခင်မှာ
မိုးချုပ်လာတယ်ဗျ။ ကျုပ်တို့ရောက်နေတာကို
သိရက်နဲ့ မယ်ဗျောကြီး ချက်ချင်းမလာတာ အ
ကြောင်း တစ်ခုခုရှိမယ်လို့ ကျုပ်တွေးမိတယ်။

“ဆရာ မယ်ဗျော ဘာလို့ ချက်ချင်းမလာတာ
တုံး ဆရာ”

ဒီည လပြည့်ညကွဲ့ မောင်တာတေရဲ့၊ လထွက်
အောင် စောင့်နေတာ၊ လထွက်ရင် သူတို့အား
တွေက ပိုပြီးပြည့်တယ်။ ပြီးတော့ ကျုပ်နဲ့ယှဉ်
ဖို့ သူ့ပညာတွေကို နှိုးနေတာလည်း ပါမှာပေါ့”

ဟော လထွက်လာပြီဗျ။ အရှေ့ဘက်က
တောင်တန်းကြီးပေါ်ကို လကြီးကျော်တက်
လာပြီ။ စုန်းရွာကြီး တစ်ရွာလုံး လင်းထိန်
သွားပြီဗျို့။

“ဂီး” “ဂီး” “ဂီး”

ဟော ရွာပေါ်မှာ လင်းတတွေ ဝဲနေပြီဗျို့။
အားလုံးငါးကောင်ဗျ။ ကျုပ် မော့ပြီး ရေ
ကြည့်လိုက်တယ်။

“သတိထားတော့ မောင်တာတေ၊ မယ်ဗျော
ကြီး လာတော့မယ် ”

ဟော ရွာလယ်လမ်းအတိုင်း လူတွေ လာနေ
ပြီဗျို့။ ယောက်ျားတွေရော မိန်းမတွေပါဗျ ။
ဒါ ဒီရွာကြီးက နာမည်ကျော် စုန်းတွေပဲပေါ့
ဗျာ။ မယ်ဗျောကြီးရဲ့ တပည့်တွေပဲပေါ့။အား
လုံးမြေကွက်လပ်ကြီးထဲကို ဝင်ပြီး မတ်တတ်
ရပ်လိုက်ကြတယ်။သူတို့က မြေကွက်လပ်ကြီး
ရဲ့ တစ်ဖက်မှာ ရပ်နေတာဗျ။ကျုပ်နဲ့ ဆရာနွံဖ
က မြေကွက်လပ်ရဲ့ ဒီဘက်ထိပ်မှာ ရပ်လို့ပေါ့
ဗျာ။မြေကွက်လပ်ကြီးက အဝိုင်းလည်း မဟုတ်၊ လေးထောင့်လည်း မကျ၊ ဘဲဥလိုလိုကြီးဗျ။

မတ်တတ်ရပ်နေတဲ့ စုန်းတွေက စုန်းမတစ်
ယောက်က ရှေ့ကို ခြေနှစ်လှမ်းလောက်
ထွက်လာပြီး ဆရာနွံဖကို လက်ညှိုးနဲ့ ထိုး
ပြီးပြောတယ်။

“ဟဲ့ ဆရာစုတ်၊ နင့်ကိုယ်နင် အထင်ကြီးပြီး
နင့်သေတွင်းထဲကို ရောက်အောင်လာခဲ့တဲ့
အကောင်။ နင်လိုအကောင်က ငါတို့မယ်
တော်ကြီးကို စိန်ခေါ်ဝံ့သလား။ ပြီးတော့
ဘာတဲ့၊ မယ်တော်ကြီးကိုယ်တိုင် ဖြတ်ယူ
ခဲ့တဲ့ စုန်းဖြူမကြီးရဲ့ ခေါင်းပြတ်ကိုတောင်
လာတောင်းရဲ့၊ နင့်အတွက် အခုအချိန်ရှိ
သေးတယ်။အခုချက်ချင်း ဒူးထောက်လိုက်
ပြီးတော့ မယ်တော်ကြီးကို တောင်းပန်ပြီး
ဒီရွာက ချက်ချင်းထွက်သွား၊ ဒါ နောက်ဆုံး
အခွင့်အရေးပဲ ”

ဆရာနွံဖက ဘာမှမပြောဘဲ လက်ပိုက်ပြီး
တော့ပဲ ကြည့်နေတာဗျ။

“ဂီး၊ ဂီး၊ ဂီး၊ ဂီး”

ရွာအပေါ်မှာ ဝဲနေတဲ့ လင်းတကြီးတွေက
အဆက်မပြတ် အော်နေကြတယ်ဗျို့။ကျုပ်
လည်း ဆရာကြီး ဦးမင်းအောင် ပေးထားတဲ့
သံကဝေရုပ်ကလေးကို လက်ထဲမှာ ကျစ်
ကျစ်ပါအောင် ဆုပ်ထားလိုက်ရတာပေါ့ဗျာ။
ဟော မြေကွက်လပ်ရဲ့ ဟိုဘက်မှာ ရပ်နေ
တဲ့ စုန်းတွေ ဟိုဘက် ဒီဘက် တိုးကပ်လိုက်
ကြတယ်ဗျ။ အလယ်မှာ လမ်းပေါက်ကြီး
ပွင့်သွားတာပေါ့ဗျာ

“ဂီး၊ ဂီး၊ ဂီး၊ ဂီး”

အပေါ်မှာ ဝဲနေတဲ့ လင်းတတွေက တဂီးဂီးနဲ့
အော်နေတဲ့ အချိန်မှာ…

“ဝေါင်း၊ ဝုန်း”

ကျားဟိန်းသံကြီး ပေါ်လာတာဗျို့။ ကျုပ်ဖြင့်
ရင်တွေ တဒိန်းဒိန်းခုန်ပြီး ကြက်သီးတွေမှ
တဖျန်းဖျန်း ထကုန်ရောဗျာ။ ဟာ ကျားကြီး
ဗျာ ကျားကြီး၊ ကျားနက်ကြီးဗျ၊ နည်းတဲ့အ
ကောင်ကြီးမှ မဟုတ်တာဗျာ။နွားတစ်ကောင်
လောက်ကို မြင့်တာဗျ။ ခါးကြီး နွဲ့နွဲ့ နွဲ့နွဲ့နဲ့
မြေကွက်လပ်ထဲကို ဝင်လာတာဗျို့။

ကျားနက်ကြီးရဲ့နောက်မှာ ပါလာတဲ့ မိန်းမ
တစ်ယောက်က ခြေတံရှည်ရှည်နဲ့ ဘဲဥစားပွဲ
လေးတစ်လုံးကို မ,လာတယ်။ သူ့နောက်မှာ
တော့ အနက်ရောင်ဝတ်ရုံကြီး ခြုံထားတဲ့ မိန်း
မတစ်ယောက်က ကျွန်းသေတ္တာလေး တစ်လုံး
ကို ပွေ့ပြီးယူလာတယ်။ အဲဒီကျွန်းသေတ္တာကို
စားပွဲခုံအမြင့်လေးပေါ်မှာ တင်လိုက်တယ်။ပြီး
တော့ အဲဒီစားပွဲဘေးမှာ မိန်းမနှစ်ယောက် ရပ်
နေလိုက်တယ်။ ကျားနက်ကြီးက ခါးနွဲ့နွဲ့ကြီး
နဲ့ ဟိုလျှောက် ဒီလျှောက် လုပ်နေတာဗျ။

“ဝေါင်း ဝေါင်း ဝေါင်း”

ဆရာနွံဖကို ခေါင်းကြီးစောင်း ကြည့်လိုက်၊
ဟိန်းလိုက် လုပ်နေတာဗျ။ ခဏနေတော့
ဆရာနွံဖကို ကျောပေးပြီး တစ်ဖက်ကို လှည့်
ထွက်သွားမယ်။ဘေးမှာ ဝိုင်းကြည့်နေကြတဲ့
စုန်းမတွေရော၊ စုန်းထီးတွေရော၊ အားလုံးပဲ
ကျားနက်ကြီးကို လက်အုပ်ချီထားလိုက်ကြ
တယ်။ သြော်……လက်စသတ်တော့ ဒီကျား
နက်ကြီးဟာ မယ်ဗျောကြီးကိုးလို့ ကျုပ်တွေး
လိုက်တယ်။ ကျားနက်ကြီး တစ်ဖက်အလှည့်
မှာ ဆရာနွံဖက တောက်တစ်ချက်ခေါက်ပြီး
မြေကြီးကို ဖနောင့်နဲ့ ပေါက်လိုက်တယ်။

“တောက်” “ဖျန်း”

ဟာ ကျားနက်ကြီး မြေကြီးမှာ လူးနေပြီဗျို့။

“ဝေါင်း၊ ဝေါင်း၊ ဝေါင်း”

ဟော ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ ဟာ
ဆံပင်ဖားလျားကြီး ချထားတဲ့ မိန်းမကြီး
ဖြစ်သွားပြီဗျို့။ မယ်ဗျောကြီး မူလပြန်သွား
တာဗျာ

“ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း”

ဟာ ရွာပေါ်မှာ ဝဲနေတာ လင်းတကြီးတွေ
လည်း မြေကွက်လပ်ထဲကို တဖုန်းဖုန်း
ပြုတ်ကျလာကြပြီဗျို့။ ဟာ လင်းတကြီး
တွေက ထမီခြုံထားတဲ့ စုန်းမကြီးတွေ ဖြစ်
သွားပြီဗျို့။မြေကြီးပေါ်မှာ ဆန့်ငင် ဆန့်ငင်
ဖြစ်ကုန်ကြပြီဗျာ။ ဆရာနွံဖရဲ့ဖနောင့်တစ်
ချက်က အားလုံးကို မူလပြန်ဖြစ်ကုန်တော့
တာဗျာ။ ဘေးက ကြည့်နေတဲ့ စုန်းတွေ
တောင် ပါးစပ်ဟောင်းလောင်းဖြစ်ပြီး ဆ
ရာနွံဖကို ကြည့်နေကြရောဗျို့။

မယ်ဗျောကြီးက မြေကြီးပေါ်ကနေ ထလာ
ပြီး ဆရာနွံဖကို စိုက်ကြည့်နေတယ်။ဒီအချိန်
မှာပဲ ဝတ်ရုံအနက် ခြုံထားတဲ့ မယ်ဗျောရဲ့သ
မီးဖြစ်ပုံရတဲ့ မိန်းမက ရွှေချထားတဲ့ လိမ်လိမ်
ကောက်ကောက် တောင်ဝှေးတစ်ချောင်းကို
မယ်ဗျောလက်ထဲ လာထည့်ပေးတယ်

မယ်ဗျောက တောင်ဝှေးကောက်ကောက်ကြီး
ကို မြေကြီးမှာ ထောက်ပြီး ရပ်နေရာက ဆ
ရာနွံဖကို လှမ်းပြောတယ်

“နင်ပညာ မဆိုးပါဘူး၊ ငါတို့ရဲ့ ရုပ်ပြောင်း
နာမ်ပြောင်း အတတ်ကို ဖျက်ဆီးပစ်နိုင်တာ
အံ့သြစရာပါပဲ။ အဲဒီပညာကို ဖျက်လိုက်ရင်
အဲဒီအောက်နိမ့်တဲ့ ပညာတွေအားလုံး ပျက်
သွားပြီ။ ဒီတော့ ငါ့မှာက ပညာအမြင့်တွေပဲ
ကျန်တော့တာ၊ နင်ခံနိုင်ရင် ခံပေတော့”

ပြောပြောဆိုဆိုနဲ့ မယ်ဗျောက သူ့လက်ထဲ
က တောင်ဝှေးကို ဝှေ့လိုက်တယ်။ သူ့တစ်
ကိုယ်လုံးက စက်တွေဟာ ဖြာပြီးထွက်လာ
လိုက်တာ ရောင်စုံပဲဗျို့။ လှတောင်လှသေး
ရောဗျာ။ စက်တွေက တန်းထွက်လာတာ
မဟုတ်ဘူးဗျ။ စက်ဝိုင်းလို လည်ပြီး ရှေ့ကို
တိုးလာတာ။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

စက်လည်သံကြီးက ကြောက်စရာကြီးဗျာ။
တဝီဝီနဲ့ကို ဖြစ်နေတော့တာဗျ။တဖြည်းဖြည်း
နဲ့ လည်နေတဲ့ စက်ကြီးက ဆရာနွံဖဘက်ကို
ရွေ့လာတယ်။ ဆရာနွံဖက လွယ်အိတ်ထဲက
အင်းတစ်ချပ် ထုတ်လိုက်တယ်။

ကျုပ်တစ်သက်မှာ ဒီစက်မျိုး တစ်ခါမှ မမြင်
ဘူးတော့ ဆရာနွံဖ ဘာအင်းပစ်မယ်ဆိုတာ
တွေးလို့ကို မရဘူးဗျ။

“ကဲ ဟေ့၊ ဟောဒါ ပထမံအင်းကြီးကွ”

ပစ်ပြီ။ ဆရာနွံဖ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး
အင်းနဲ့ ပစ်လိုက်ပြီ။ လည်နေတဲ့ အလယ်
တည့်တည့် အင်းဝင်သွားပြီဗျို့။

“အုန်း”

ဟာ စက်တွေ ထပေါက်ပြီဗျို့။ ဟာ မယ်ဗျော
ကြီး ဖင်ထိုင်လျက် လဲသွားပြီဗျ။

မယ်ဗျောက လဲနေရာက ထပြီး ခုံပေါ်မှာတင်
ထားတဲ့ သေတ္တာကို ဖွင့်လိုက်တယ်။ဟာ ခေါင်း
ပြတ်ကြီးဗျာ၊ မိန်းမကြီး တစ်ယောက်ရဲ့ခေါင်း
ပြတ်ကြီးဗျ။

“ဟဲ့ မယ်ဇံ နင့်စက်တွေ ခုလွှတ်စမ်း၊
ငါ့ဆီကို နင့်စက်တွေ ပို့လိုက်စမ်း”

မယ်ဗျောက ခေါင်းပြတ်ကြီးရှေ့မှရပ်
ပြီး အမိန့်ပေးတယ်ဗျ။ ခေါင်းပြတ်ကြီး
ငြိမ်နေတာဗျ။ စက်လွှတ်ဖို့ နေနေသာ
သာ အရောင်ကလေးတစ်ရောင်တောင်
မလက်ဘူးဗျ။

“ဟား ဟား ဟား ဟား တော်ပါတော့
မမယ်ဗျောရယ်၊ မမယ်ဇံ သွားလိုရာ
သွားပါစေတော့ဗျာ၊ အနှစ် ၂၀လုံးလုံး
ခင်ဗျား သူ့ကို ချုပ်နှောင်ထားခဲ့တာ၊
တော်လောက်ပါပြီဗျာ၊ သူ့ပညာတွေကို
စောစောကပဲ ကျုပ် ချုပ်ထားလိုက်ပြီဗျ”

“သြော် လက်စသတ်တော့ နင့်လက်ချက်
ကိုး၊ နင်က လက်ဦးသွားပြီကိုး၊ ဟဲ့အကောင်
တွေ၊ ကောင်မတွေ နင်တို့ ရှိသမျှ စက်တွေ
လွှတ်ပြီး ဒီအကောင်ကို သတ်လိုက်စမ်း”

“ဟား၊ ဟား၊ ဟား၊ ဟား၊ ရှင်ရဲ့ စကြာ
စက်ကြီး အဖျက်ဆီးခံလိုက်ရတော့ ရှင်
စက်တွေကို ချက်ချင်းပြန်ထုတ်လို့ မရ
တော့ဘူးမို့လား၊ ဟား ဟား ဟား ဟား၊
ဒီလိုအချိန်မျိုးကို ကျုပ်စောင့်နေခဲ့တာ၊
အနှစ် ၂၀ တောင် ရှိပြီ မယ်ဗျောရဲ့”

ကျုပ် လှည့်ကြည့်လိုက်တော့ မိန်းမတစ်
ယောက်ဗျ။ ကျကျနနကို အလှအပ ပြင်
ဆင်ပြီး ယဉ်ယဉ်ကျေးကျေးလေး ရပ်နေ
တာဗျ။ ဒါပေမဲ့ ဒီမိန်းမက မြေကွက်လပ်
ထဲကို ဝင်မလာဘူး၊ မလှမ်းမကမ်းမှာပဲ
ရပ်နေတာ။

“နင်က ဘယ်သူတုံး”

“ကျုပ်က ရှင်ခေါင်းဖြတ်ပြီး ရက်ရက်စက်
စက် သတ်လိုက်တဲ့ မမယ်ဇံရဲ့သမီး မမင်း
ယုလေ၊ ရှင့်ကို သတ်ချင်လွန်းလို့ ပညာသင်
လိုက်ရတာ၊ အခု တကယ်တမ်း သတ်တော့
မယ်ဆိုတော့ ရှင်က စက်တွေ ကျိုးပဲ့ကုန်တဲ့
အချိန် ဖြစ်နေတာ တော်တော်ကို စိတ်ပျက်
စရာ ဖြစ်သွားတယ်တော်”

“ဟဲ့ မယ်ဇံသမီး၊ လာခဲ့စမ်း၊ နင် အခုချက်
ချင်း ရှေ့ကို တိုးခဲ့စမ်း၊နင်အမေလိုပဲ ခေါင်း
ဖြတ်မယ် လာခဲ့စမ်း၊ ကောင်မစုတ်ကလေး”

“ဟား ဟား ဟား ကျုပ်ရှေ့တိုးလိုက်ရင် ရှင်
တို့ပဲ ဟိုဆရာကြီးရဲ့ ပထမံစည်းထဲ ရောက်
သွားမှာပေါ့၊ ပထမံစည်းထဲ ရောက်သွားတဲ့
စုန်းဟာ ဘယ်တော့မှ စုန်းအနေနဲ့ ပြန်ထွက်
လို့ မရဘူးဆိုတာ တော်တို့ သိမှမသိကြတာ
ဟား ဟား ဟား ဟား”

ကျုပ်က မမင်းယုဆိုတဲ့ မိန်းမကို တစ်ချက်
လှမ်းကြည့်လိုက်တယ်။ ဒီမိန်းမကတော့ ခပ်
အေးအေးပဲဗျ။မယ်ဗျောကြီးကို ကြည့်တဲ့ သူ့
မျက်လုံးကတော့ အစိမ်းလိုက် ဝါးစားတော့
မလိုကို ကြည့်နေတာဗျို့။ မယ်ဗျောရဲ့သမီး
မယ်သိန်းက ရှေ့ကို ထွက်လာပြီး စက်စ
လွှတ်တယ်။ ကျန်တဲ့ စုန်းမ၊ စုန်းထီး လေး
ရာလောက်ကလည်း သူတို့ရဲ့စက်တွေကို
ဝိုင်းလွှတ်ကြတယ်။

စက်တွေ အားလုံးက အားတွေစုပြီး အလွန်
တောက်ပတဲ့ အလင်းတန်းကြီးသုံးခုဖြစ်သွား
တယ်။အဲဒီအလင်းတန်းကြီးတွေက မြေကွက်
လပ်အပြင်မှာ ရပ်နေတဲ့ မမင်းယုဆီကို တန်း
ပြီး သွားနေရောဗျ။

မမင်းယုက ခေါင်းကို အပေါ်မော့ပြီး ပါးစပ်
ဟထုတ်လိုက် ပါးစပ်ထဲကစက်တွေ တ
လက်လက်နဲ့ မထွက်ဘဲ မီးတောက်တစ်
ခု ထွက်လာတာဗျ။ ကျုပ်ဖြင့် ဒါမျိုး တစ်ခါ
မှ မမြင်ဘူးလို့ အံ့သြနေမိတာဗျာ။

“မောင်တာတေ၊ သတိထား၊ အဲဒါ မီးစုန်း
ကွဲ့၊ အလွန်ရှားပါးတဲ့ ပညာပဲ”

ကျုပ်လည်း အံ့သြပြီး မော့ကြည့်နေမိတာ
ပေါ့ဗျာ။ အပေါ်ကို မြင့်တက်သွားတဲ့ မီးတန်း
လေးက ကြိမ်လုံးလေးတစ်လုံးစာလောက်ရှိ
တဲ့ မီးတန်းလေးဗျ။ ပေနှစ်ဆယ် သုံးဆယ်
လောက် တက်သွားပြီး အောက်ကို ထိုးစိုက်
ပြီး ဆင်းလာလိုက်တာ လှစ်ကနဲ နေတာဗျို့။
ဟာ ပြတ်ကုန်ပြီဗျို့။ ပြတ်ကုန်ပြီ။ စုန်းလေး
ရာလောက်ပေါင်းပြီး လွှတ်ထားတဲ့ စက်တွေ
ဗျာ မီးစုန်းပညာရဲ့မီးတောက်ကလေးနဲ့တွေ့
တော့ အားလုံး အပိုင်းပိုင်းပြတ်ကုန်ရောဗျာ။

“ကဲ မယ်ဗျော၊ ရှင်အလှည့်ပဲ ကျုပ်အမေ
ဘယ်လိုသေတယ်၊ ဘယ်လိုခံစားသွားရ
တယ်ဆိုတာ ရှင်မကြာခင် သိရတော့မှာပါ၊
ကဲ ရော့ မဗျော၊ ဒီမီးတောက်ကလေးကို
ရှင် ရအောင် ငြိမ်းပေတော့ ”

မမင်းယုက ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်
ညှိုးနဲ့ လက်မကို ပွတ်ပြီး မီးပွင့်သေးသေး
လေးကို ထုတ်ပြီး မယ်ဗျောကြီးဆီကို ပစ်
လိုက်တယ်။ မီးခြစ်ဆံခေါင်းလောက်ရှိတဲ့
မီးတောက်ကလေးက မယ်ဗျောကြီးဆီ
ကို ပြေးသွားရောဗျို့။ စက်တွေထုတ်လို့
မရတဲ့ မယ်ဗျောက သူ့ရဲ့တောင်ဝှေးနဲ့
ဆီးပြီးရိုက်တယ်။ ဟာ ထိတယ်ဗျို့။

“ဝုန်း”

ဟာ ထိသွားတော့မှ မီးတောက်သေးသေး
လေးက လက်ဖက်ရည် ပန်းကန်လောက်
မီးတောက်ဖြစ်သွားပြီး မယ်ဗျောကြီးဆီကို
တန်းဝင်သွားတော့တာဗျို့။ မယ်ဗျောက
လည်း သူ့ရဲ့ဆေးတောင်ဝှေးနဲ့ ဆီးပြီးရိုက်
တာပဲဗျ။ မီးတောက်က ပိုပြီး ကြီးလာတယ်
မီးတောက်က ပြေးဝင်၊ မယ်ဗျောက ရိုက်၊
မီးတောက်က ပိုကြီးနဲ့ နောက်ဆုံးတော့
မယ်ဗျောကြီး တော်တော်မောနေရောဗျို့။

ဒီမှာတင်ပဲ မမင်းယုက မီးတောက်ကို
လက်ညှိုးနဲ့ ထိုးလိုက်တာ၊ မီးတောက်
က ကြိုးတစ်ချောင်းလို ဖြစ်သွားပြီး မယ်
ဗျောကြီးကို ရစ်တော့တာဗျို့။

“အား”

မယ်ဗျောရဲ့ နာလွန်းလို့ အော်လိုက်တဲ့ အ
သံက စုန်းရွာကြီး တစ်ခုလုံး လွှမ်းမိုးသွား
ရောဗျာ။ ဟာ ခေါင်းကြီး ပြုတ်ကျသွားပြီ
ဗျို့။ ဟာ ကိုယ်လုံးကြီးလည်း နှစ်ပိုင်းပြတ်
သွားပြီ။ မယ်ဗျောကြီး သုံးပိုင်းပြတ်ပြီး ဘ
ဝ ဇာတ်သိမ်းသွားပြီပေါ့ဗျာ။ မြေကွက်လပ်
ထဲမှာ လဲကျနေတဲ့ စုန်းတွေတော့ မလှုပ်ကြ
တော့ဘူးဗျ။ အားလုံး သေကုန်ပြီလို့ ကျုပ်
ထင်တယ်။ မယ်ဗျောကို သတ်တဲ့ မီးစုန်း
စက်ရဲ့အရှိန်နဲ့ အားလုံး သေသွားကြပြီဗျ။

ဆရာနွံဖက အနှစ် နှစ်ဆယ်လုံး ဒုက္ခခံပြီး
ပညာသက်နဲ့ နေခဲ့တဲ့ မမယ်ဇံရဲ့ခေါင်းပြတ်
ကြီးထဲက ပညာသက်ကို နှုတ်ပစ်လိုက်တယ်။

တစ်ရွာလုံးမှာရှိတဲ့ ကလေး လူကြီး မှန်သမျှ
ကို မြေကွက်လပ်ထဲကို တစ်ယောက်မကျန်
လာခိုင်းပြီး ပညာတွေ အကုန်စွန့်ခိုင်းတယ်။
တချို့က ပညာတွေ စွန့်ကြတယ်။

တချို့က မစွန့်ဘဲ မြေကြီးကို နဖူးနဲ့ ဆောင့်
ပြီး သတ်သေသွားကြတယ်။ဘာပဲပြောပြော
ဒီရွာမှာ စုန်းတစ်ယောက်မှ မရှိတော့ဘူးပါ
ဘူး။ နောက်တစ်နေ့ မနက်စောစောမှာ ဆ
ရာနွံဖနဲ့ ကျုပ်နဲ့ စုန်းရွာကြီး မဟုတ်တော့တဲ့
ဖန်ခါးကုန်းရွာကနေ ပြန်လာခဲ့ကြတယ်။

မမင်းယုကတော့ လုံးဝအသက်မဲ့သွားတဲ့
သူ့အမေရဲ့ ခေါင်းပြတ်သေတ္တာလေးကို
ရင်ဘတ်မှာပွေ့ပြီး မြင်းညိုကြီးတစ်ကောင်
စီးလို့ အနောက်ဘက်ကို ထွက်သွားလေရဲ့။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

ရွှေဂူရှင်မ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစ