ငါးမျှားတာကိုပဲစိတ်ရောက်ပြီး ကလေးအုပ်စုကိုဂရုမစိုက်‌ပေ။ ကိုသိန်းဆောင်နဲ့ တချို့ရွာသားတွေခမျာ ရေနစ်သူဘယ်သူ၊ဘယ်ဝါဆိုတာပင်မသိဘဲ ရေငုပ်၍အသည်းအသန်ရှာဖွေကြသည်။ မိုးကလည်းတ‌ဖြေးဖြေးမှောင်လာ၍မိုးအောင်သည် ကိုသိန်းဆောင်ရဲ့ငါးမျှားတံကို ကိုသိန်းဆောင်အိမ်ကိုပြန်ပို့ပေးပြီး မိမိအိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်ခါနီး… “ဟေ့မိုးအောင်…မင်းတူ‌ရေနစ်လို့ဆို…” ဟု အဘကြည်ကမေးလေသည်။ အဘကြည်အမေးကြောင့် မိုးအောင်မျက်လုံးပြူးသွားသည်။ “အဘကြည်ကလည်းကျုပ်တူမနက်က သူ့ဖအေနဲ့ ဟိုဘက်ရွာပါသွားတယ်လေဗျာ… မနက်ဖြန်မှပြန်လာကြမယ်ထင်တယ် …” လို့မိုးအောင်ပါးစပ်ကပြောနေပေမယ့် စိတ်ထဲမှာတော့တူဖြစ်သူအောင်စိုးအတွက် စိတ်ပူနေခဲ့သည်။ “မဟုတ်တာကွာ… မင်းအစ်မများတောင် ချောင်းဆီ အစောက လေးတင်အပြေးထွက်သွားကြပြီ… ရေနစ်တာမင်းတူပါ မိုးအောင်ရဲ့…” လို့အနားရောက်လာသော ဦးငွေသိန်းကပါ ဝင်ပြောလေသည်။ ဦးငွေသိန်းစကားကြောင့်မိုးအောင်ခေါင်းအား မိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲဖြစ်သွားသည်။ စိတ်ကလည်းတူဖြစ်သူအောင်စိုးအတွက် စိုးရိမ်လာပြီး ချောင်းဆီသို့အပြေးထွက်လာခဲ့သည်။ ...

ပြောတဲ့စကားတွေနားထောင်ပြီးတော့ မျိုးချစ်စိတ်တွေအပြည့်နဲ့ပေါ့ဗျာ။ ကျုပ်တို့ စခန်းကရဲဘော်တွေအချင်းချင်းလဲ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြတာပေါ့ဗျာ။ “မင်းနာမည်ဘယ်လိုခေါ်သလဲကွ” သာဒင်က ထောင်ထောင်မောင်းမောင်းနဲ့ ဗလတောင့်တောင့်လူကိုသွားပြီးမိတ်ဖွဲ့တယ်ဗျ၊ ဒီလူက စခန်းမှာတုန်းက ငခွေးလို့ခေါ်ခဲ့တဲ့လူပေါ့ဗျာ၊ “ကျုပ်နာမည် ထွန်းဝေပါ” “မင်းရဲ့သတ္တိကို ငါလေးစားတာကြာပါပြီ ထွန်းဝေရာ၊ ဒါပေမယ့် မင်းလုပ်ရင်က အခန့်မသင့်ရင် အသက်သေစေနိုင်တာများကွ၊ ဂျပန်တွေကို ဒီလိုသွားလုပ်ရင် ဟိုကသတ်ပစ်မှာကွ” “အိုဗျာ၊ ကျုပ်သေမှာကိုမကြောက်ပါဘူး၊ ခုလိုခေတ်ပျက်ကြီးမှာ အသက်ရှင်နေတာထက် သေသွားတာက သာပြီးကောင်းတာပေါ့ဗျ” ကျုပ်နဲ့သာဒင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ “ကဲထားပါတော့၊ အခုတို့တွေအားလုံးက ရဲဘော်တွေဖြစ်သွားကြပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်မိတ်ဆက်ကြတာပေါ့ကွာ၊ ငါက အရင်စလိုက်မယ်၊ ငါ့နာမည်ကတော့ ...

“အောင်ရှိန်၊ မင်းအမေက လောလောလတ်လတ် စိတ်ထိခိုက်နေလို့ပါကွ၊ မင်းကိုတကယ်မပြတ်ပါဘူးကွာ၊ လောလောဆယ်တော့ မင်းအမေရှေ့ မျက်နှာမပြနဲ့အုံး” “ဟာ၊ ဘကြီးပြုံးရာ ကျုပ်က မျက်နှာမပြလို့ဖြစ်မလား” “ငါပြောတာနားထောင်စမ်းပါအောင်ရှိန်ရ၊ မင်းအဖေဆုံးလို့ မင်းအမေက ဝမ်းနည်းနေတာ၊ မင်းလိုက်မလာတော့လည်း တော်တော်ဝမ်းနည်းရှာတာကွ၊ အခုသူ့စိတ်အခြေအနေက ပုံမှန်ဖြစ်သေးတာမဟုတ်ဘူး၊ မင်းကိုတွေ့တိုင်း ရန်ဖြစ်ငိုယိုပြီး မူးမေ့နေပါများရင် မကောင်းဘူးကွ၊ ဒီတော့ ရွာထဲက တစ်အိမ်အိမ်မှာ မင်းခဏရှောင်နေပါကွာ၊ ငါတို့လည်း မင်းအမေကို နားချပေးပါ့မယ်” ကျုပ်လည်း ဘာမှမတတ်နိုင်တော့ဘူးလေဗျာ၊ ဒါနဲ့ အိမ်ကနေလှည့်ပြန်ခဲ့တာပေါ့၊ မူးမေ့လဲသွားတဲ့အမေ့ကိုတော့ ဆွေမျိုးတွေက ဝိုင်းပြီးနှာနှပ်နေကြတယ်၊ အမေဒီလိုဖြစ်တာမြင်တော့ ကျုပ်ဘယ်စိတ်ကောင်းမလဲဗျာ၊ ...

သူမကြိုက်ပေ။ အစောပိုင်းက လန့်သလိုဖြစ်သွားသဖြင့် စိတ်ကအနည်းငယ်မောသွားသည်။ အနည်းငယ် လေ့ကျင့် လှုပ်ရှားထားတာရောမို့ ‌ရေငတ်လေသည်။ ခေါက်ဆွဲကြော်ကမလာသေး ဘီယာအရင်ရောက်တာမို့ အသာလေး ငုံကာသောက်လိုက်သည်။ အမောပြေဘိခြင်း၊ ဒီကြားထဲ ဗိုက်ကဆာလာသဖြင့် တကြုတ်ကြုတ်မည်လာတော့သည်။ ‘ဆရာရေ ရပါပြီဗျ ,ကြက်သားနဲ့ခေါက်ဆွဲကြော်’ စားပွဲထိုးလေးကို မချခိုင်းဘဲ ဆိုင်ရှင်က သူကိုယ်တိုင် ကောင်းမြတ်ထက်အတွက်ချလာပေးသည်။ ‘ညီလေးရေ၊ ဟင်းချိုပူပူနဲ့ အချဥ်လေးပါယူခဲ့ဟေ့’ ဟု စည်စည်‌ေ၀‌ေ၀ပြောလေ၏။ ပုံမှန်ဆိုလျင် ဆိုင်ကလူကျချိန်မည်သူ့ကိုမျှ အဖက်မလုပ်အား၊ ဘီယာသောက်သူ၊ အရက်သောက်သူ။ စားစရာမှာသူများအတွက်လုပ်ပေးနေရသဖြင့် ယားလို့ပင်မကုတ်အား။ သည်ကနေ့ မြို့လေးမှာတိတ်ဆိတ်သည့်နေ့မို့ ဆိုင်ကလူကျဲ၊ သည်ကြားထဲ ...

အကွက်ထဲရောက်မှ တဲဆောက်ရခြင်းဖြစ်သည်။ ထိုသို့ တဲဆောက်ရာ၌လည်း သစ်ဝါးပေါသည်ကလည်း တစ်ကြောင်း ကိုလှသောင်းနှင့်ငတူးတို့ပါလာရောက်လုပ်ကိုင်ကူကြသည့်အတွက်လည်း နေမဝင်ခင်ပင် သူတို့နေထိုင်ရမည့်တဲကို ဆောက်လုပ်ပြီးသွားပြီဖြစ်သည်။ ထိုအခါ သူတို့လည်း လှည်းပေါ်တွင်ပါလာသော ပစ္စည်းများကိုတဲပေါ်သို့ ပျောင်းတင်လိုက်ကြပြီး ခဏတဖြုတ်ထိုင်နားလိုက်ကြသည်။နွားပြာကြီး နှစ်ကောင်ကတော့ သူတို့စရောက်ကတည်းက လှည်းဖြုတ်ပြီး လွတ်ကျောင်းထား၍ ဗိုက်ပြည့်နေပြီဖြစ်ပြီး ကိုမြင့်ဆောင် ဤအကွက်ထဲရောက်ရှိစဉ်က တွေ့ရှိခဲ့သည့် သရဲကြီးထိုင်နေသည့် သစ်ပင်ကြီးအောက်တွင် အိပ်နေကြသည်။ ကိုမြင့်ဆောင်လည်း ထိုအခါကြမှ မနှင်းကိုသတိရလိုက်မိပြီး မနှင်းတစ်ယောက် ယခုအချိန် ဘယ်ဘုံဘယ်ဘဝကိုရောက်ရှိနေမလဲဆိုတာ စဉ်းစားနေမိသည်။ ထိုသို့ဖြစ် တဖြည်းဖြည်းမိုးချုပ်လာတော့ ကိုမြင့်ဆောင်လည်း တဲအတွင်းမီးဖိုတစ်ဖို ဖိုလိုက်ပြီး သစ်ပင်ကြီးအောက်မှာအိပ်နေသည့် ...

“ကြီးတယ်ဟေ့ … နှစ်ဆယ်သားလောက်တော့ ရှိ မယ်” ဟု ဆိုကာ ဖားကိုကောက်၍ ပလိုင်းထဲ ထည့်လိုက်သည်။ တစ်နာရီခန့်အကြာ ဖားများ ပလိုင်းတစ်ဝက်ကျော်ရပြီးသည့်နောက် နှစ်ဦးသား ရွာဘက်သို့ လှည့်ပြန်ခဲ့ကြတော့သည်။ ထိုညအဖို့ သိန်းဆောင်တို့၏ သန်းခေါင်ညစာသည် ဖားသားဆီပြန်ဟင်းနှင့် ထမင်းမြိန်လှပါချေသည်။ xxx xxx xxx “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုသည့်အတိုင်း ချောင်းပြည့်မြောင်းလျှံ လယ်တစ်ကွင်းလုံး ရေတို့ဘောင်းလန်နေပါပြီ။ စိုက်ပျိုးပြီးစ စိမ်းဝါရောင် အဆင်းဖြင့် ကောက်ပင်ပျိုတို့သည် လေယူရာ ယိမ်းနွဲ့ကခုန်နေကြချေပြီ။ ဖားများသည် ကောင်ပင်ပျို စပါးရွက်များကို ဖျက်ဆီးကိုက်ဖြတ်ကြသော ...

များဖြင့် အပြေးတပိုင်း တောတိုးခဲ့ကြသည်။ စိန်ခနောက် မြခနောက်တောင်ကြောနှင့် ဆည်တော်ကိုက်တန်းအရှေ့ဘက် ပလ္လင်စာတော တစ်ဝိုက်သည် မျှစ်ထွက်အားအလွန်ကောင်းသည်။ သဘာ၀ စိမ့်စမ်းပေါများပြီး ရွာတွေနှင့်လဲဝေးသဖြင့် ထိုနေရာတွင် မျှစ်အလွန်ပေါခြင်းဖြစ်သည်။ တောအတွင်း အချို့သူများကတော့ ဝါးရုံပင်ကြီးများအောက်တွင် မျှစ်တူးနေကြပြီဖြစ်သည်။ ကိုခင်မောင်စိုးတို့ကတော့ စိတ်မဝင်စား တောသာဆက်တိုးနေသည်။ “အဖေ ဟိုမှာ ဝါးရုံကြီးတွေ မျှစ်တွေမှ များမှများ” သက်စိုးက လက်ညှိုးထိုးပြလိုက်သည်။ ကိုခင်မောင်စိုးကတော့ လှည့်တောင်မကြည့်။ “သား အဖေတို့ ပလ္လင်စာတော ဘက်သွားကြမယ် ထမင်းထုပ်တွေလဲ ပါတယ်ဆိုတော့ တောနက်နက်ထဲသွားကြမယ်” ကိုခင်မောင်စိုးကပြောလိုက်သည်။ သူပြောတာလဲ ဟုတ်သည်။ ...

စိမ်လိုက်တယ်ဗျ၊ “ဒီအထဲကို ဆားနည်းနည်းရယ်၊ ကွမ်းစားတဲ့ထုံး လက်ညှိုးတစ်ကော်လောက် ဖောက်ထည့်ပေးဟေ့” အကုန်လုံးလုပ်ပြီးတော့ ဦးဘသာက မတ်ခွက်ထဲကိုလက်နဲ့နှိုက်မွှေပြီးတော့ “ကဲ၊ ကဲ ဒီဆေးရည်ကို နင်တို့အဖေရဲ့ခေါင်းပေါ်ကနေစပြီးလောင်းချစမ်း၊ ငါလုပ်လို့မရဘူးဟ၊ သူနဲ့သွေးတော် သားစပ်တဲ့လူက လုပ်မှရမှာ” ဦးဖိုးခွေးသမီးက မတ်ခွက်ကိုယူလိုက်ပြီးတော့ ဦးဖိုးခွေးရဲ့ခေါင်းပေါ်ကနေ လောင်းချလိုက်တယ်၊ ရေတွေက ဦးဖိုးခွေးတစ်ကိုယ်လံုံးကို စိုရွဲသွားတာပေါ့ဗျာ၊ ရေတစ်ခွက်ကုန်တာနဲ့ ဦးဖိုးခွေးခြေလက်တွေက တဆတ်ဆတ်တုန်ယင်လာပြီးတော့ ဦးဖိုးခွေးလှုပ်လာတာပဲ၊ “ချမ်းတယ်၊ ချမ်းတယ်” ဦးဖိုးခွေးက သူ့လက်တွေကို လက်မောင်းတွေနဲ့ပွတ်နေတယ်၊ သူ့မိသားစုတွေလည်း ဝမ်းသာသွားတာပေါ့ဗျာ၊ ဦးဖိုးခွေးကို သဘက်တွေနဲ့ရေတွေဝိုင်းသုတ်ပေးကြတယ်၊ စောင်တွေနဲ့ခြုံပေးကြတယ်၊ ဦးဖိုးခွေးက တော်တော်ထိတ်လန့်နေတဲ့ပုံပဲဗျ၊ ...

    အောင်မြတ်သာလဲ လူငယ်ကိုမြင်တော့ မျက်မှောင်ကျုံ့ပြီး စူးစိုက်ကြည့်လိုက်ရာ သူ့ရဲ့ကိုယ်ထဲကနေ မီးခိုးရောင်အခိုးငွေ့တွေအပြင်ကိုလျှံထွက်နေတာကိုမြင်တော့ လမ်းဘေးကို ဖယ်ပေးပြီး သမင်လည်ပြန်လှည့်ကြည့်ကာ နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးလိုက်မိတယ်။ ဒါကိုသတိထားမိတဲ့ သက်ခိုင်က   “ ဆရာ ခုနက ကောင်လေးက တစ်ခုခုထူးခြားနေတယ်လို့ ခံစားမိနေတယ်မဟုတ်လား”   “ ဟုတ်တယ် သက်ခိုင်… မသိစိတ်ထဲက သူ့ပုံစံကို နှစ်သက်သလိုပေါ်လာလို့ပါ..ဒါပေမယ့် သူလိုက်စားနေတဲ့ ကျင့်စဉ်က ငါတို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ”   “ ဒီနေ့က လပြည့်နေ့ဆိုတော့ ထက်၊ လယ်၊ အောက်၊ လက်ဝဲ၊ လက်ယာ ...

။     ◾အခန်း-၃ ကိုမြကြီ အိမ်တွင် ဆန်ကောရောင်းသော မိန်းမလျာ နှစ်ယောက်သည် ၊ အိမ်ရှေ့ခန်း တွင်ထိုင်နေလေ၏၊ သူ၏ ရှေ့တွင်‌‌ေတာ့  မြကြီးအပါအဝင် တခြား‌ေပပင်ရွာသူရွာသားများ မြကြီးအ‌မ်ပေါ် အပြည့်ဖြစ်သည် ၊  ဖိုးထွေး နှင့် သာရသည်လည်း  နတ်ဝင်သည်ဟုသိထားသော  မိန်းမလျာ နှစ်‌ေယာက်၏ ဘေးတွင် လက်အုပ်လေးများချီနေကြသည် ၊ ‌ပေပင်ရွာသို့ ဆန်ကောလာရောင်းသော မိန်းမလျာနှစ်ဦးသည်  ယခုတော့ ကိုမြကြီး၏ အိမ်တွင်တော့ နတ်ကတော် များဖြစ်နေပြီဖြစ်သည် ၊     “သာတော်လေးက ဘာများအလိုရှိလို့လဲ ကွဲ့ ...