ဖြစ်လေရာဘဝဆက်ဆက်မှာလဲ အခုလိုသိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်နေတာလို့ အဲ့ဒီ့နတ်ဆရာမက ပြောတယ်။ နတ်ဆရာမပြောပြတဲ့ သံသရာတွေ ဆုတောင်းပြည့်ဘုရားတွေ ကျွန်တော်တို့ဘဟ်လို ယုံကြည်လက်ခံရမလဲ။ အကောင်အထည်ဘယ်မှာလဲ။ သက်သေအထောက်ထားကရော ဘယ်မှာလဲ။ ဒါကြောင့် ခေတ်လူငယ်တွေပီပီ နတ်ဆရာမပြောတဲ့ အကြောင်းတွေက်ို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်ခဲ့ဘူးတယ်။ ဒီလိုနဲ့ နေထိုင်လာခဲ့တာ ဒီနေ့ဒီဇင်ဘာတစ်ရက်နေ့ဆိုရင် ကျွန်တော်တို့ချစ်သက်တမ်း (၃)နှစ်တင်းတင်းပြည့်ခဲ့ပြီလေ။ အတိတ်ကိုငေးမောရင်း သူမလာရာလမ်းကို ကျွန်တော်ငေးကြည့်နေမိတယ်။ မကြာပါဘူး။ သူမရောက်လာတယ်။ မှောင်ရိပ်သန်းနေတဲ့ နေရာလေးကနေ သူမကျွန်တော်ရှိနေတဲ့ နေရာဆီ ခပ်သုတ်သုတ်ပြေးလာတယ်။ တစ်ဦးနဲ့တစ်ဦး အပြုံးပန်းလေးတွေ ဝေဆာနေရင်း ထွေးပွေ့ထားမိတယ်။ ချစ်သူဖြစ်လာတာ သုံးနှစ်ပြည့်တဲ့ ...

အိမ်ပေါ်မှာ ဒီအရုပ်ကြီးတွေရှိတော့ မင်းအတွက် အဖော်ရတာပေါ့ မဟုတ်ဘူးလား၊ အနီးမှာ မင်းကို စောင့်ရှောက်မယ့်လူရှိနေတယ်လို့ စိတ်ထဲက ထင်မှတ်လိုက်ရင် ဘာမှကြောက်စရာ မကောင်းတော့ဘူး” “အစ်ကိုက အစ်ကိုရဲ့အရုပ်ကြီးတွေကို တန်ဖိုးထား လို့ ပြောတာမှန်ပါတယ်။ ကျမကတော့ တန်ဖိုးထား ပြီး သိမ်းထားရမှာထက် ကြောက်လန့်မိတာပဲသိတယ်” “ငါ့မိန်းမကတော့ …မဟုတ်တာတွေ ခေါင်းထဲ ရောက်နေတော့တာပဲ” “အိမ်ထဲမှာလည်း အရုပ်တွေပြည့်နေတာပဲ မဟုတ်လား၊ ဒီအရုပ်တစ်ရုပ်မရှိလို့ ဘာဖြစ်သွားမှာလဲ၊ ခြံထဲမှာ သွားထားလိုက်ပါလား” မထွေးထွေး ဘယ်လိုပြောပြော အရာမထင်… ည…အိပ်ရာထဲမှာ မအိပ်သေးခင် မထွေးထွေးက ကိုအေးဝင်းအား… ...

ဆဲခံရတာကလား၊ စာရေးဆရာကိုလည်း ကျုပ်တို့ရွာကိုဖိတ်ချင်တယ်၊ ရွာကလူတွေနဲ့တော့ သိပ်ပြီးမခင်စေနဲ့ပေါ့ဗျာ ဟဲ ဟဲ၊ ခင်သွားရင်တော့ နောက်တစ်ခါရွာကိုလာရင် အကုန်လုံးက ဆဲပြီးနှုတ်ဆက်ကြမှာဗျ၊ ဟား၊ ဟား။ အဲဒီလို အဆဲက ဓလေ့ဖြစ်နေတဲ့ ကျုပ်တို့ရွာမှာ ရွာဦးကျောင်းဘုန်းတော်ကြီးက စပြီးတော့ ဟိုးဘောင်းဘီမပါတဲ့ကလေးအထိ ဆဲတတ်တယ်၊ စကားပြောရင်လည်း အဆဲကလေးနဲ့ပြောတတ်ကျတယ်လေ၊ ဒါပေမယ့် ဦးဘသာကြီးကတော့ ဆဲခဲတယ်ဗျ၊ တစ်ခါတစ်လေတော့ ဆဲတာပေါ့ဗျာ။ ကျုပ်တို့ရွာသားပဲကိုးဗျ။ ကျုပ်အိမ်မှာ အဖေကတော့ သိပ်ပြီးဆဲလေ့မရှိပေမယ့် အဆဲသန်တာကတော့ အမေဗျ။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ကျုပ်တို့အိမ်ဝိုင်းထဲမှာ အမေ့ဆဲသံက ညံနေရောပဲ။ ဆဲလဲဆဲချင်စရာပဲဗျို့၊ ...

ဆရာတော်ကြီးဦးခေမာသီတင်းသုံးခဲ့တဲ့အခန်းထဲက သစ်သားအကာတွေကိုလက်သဲကုတ်ခြစ်နေတာတဲ့ ဗျင်းးးး ဗျင်းးးဆိုတဲ့အသံကြီးကို ကြယ်လောင်စွာကြားနေရတယ်တဲ့ကျောင်းထိုင်ဘုန်းကြီးအသစ်လဲအသည်းထန်နာမကျန်းဖြစ်ပြီး အလူးလဲခံရတယ်တဲ့ အဲ့ဒီကျောင်းက ထွက်သွားမှသိသိသာသာသက်သာသွား တော့တယ်ဒီလိုနဲ့နှစ်လအတ္ငင်းမှာအမြို့မြို့ အနယ်နယ်က ကျောင်းထိုင်ဘုန်းကြီးပင့် လာတာ ၅ပါးလောက်ရှိမယ် ဒီညနေရောက် နောက်နေ့မဖြစ်ဘူးဆိုပြီးပြန်ကြွသွားကျတယ် နောက်ဆိုနေ့ခင်းဘက်တောင်ကျောင်းပေါ်ကို အတက်မခံတော့ဘူးတဲ့ မမြင်ရတဲ့ နေရာက ‌ဒုန်း ဒုန်းးနဲ့ပြေးလာ ‌အုန်းသီးခြောက်ကြီး‌တွေ လိမ့်လာတယ် ဒါကြောင့် ရွာက လူတွေက ပယောကဆရာတွေပင့်ပြီး လုပ်ခိုင်းတာ ဆရာတွေကိုလေးဂွနဲ့ပစ်လို့တဲ့ဘုရား လူမတွေရပဲ နောက်စာလုံးတွေက လာလာထိလို့ထွက်ပြေးရတယ်ဘုရား ဘယ်လိုမှမရတဲ့အဆုံး အရှင်ဘုရားဆီက အကြံညဏ်တောင်းခံတာပါဘုရား ဘကြီးဘုန်းကြီးလဲသူ့ရဲ့သူငယ်ချင်းရဲ့ သတင်းကိုကြားပြီးစိတ်မကောင်းဖြစ်နေတယ်ဗျ ညိုးငယ်သောမျက်နှာနဲ့ မပူပါနဲ့ ကပ္ပိယကြီး ...

မိန့် အခု ချက်ချင်း ချင်းဆိုချင်း၊ နင်းဆိုနင်း၊ ဝင်ဆိုဝင်၊ ကပ်ဆိုကပ်၊ ပူးဆိုပူး၊ ဗျမ်း……” “အောင်မယ်လေးတော့” “အောင်မယ်လေးဗျ” ကိုပေသီးက အမိန့်ပြန်တမ်းအဆုံးမှာ လက်ထဲက ဆေးကြိမ်လုံးနဲ့ ကြမ်းပြင်ကို ဗျမ်းကနဲ ရိုက်လိုက်တော့ ပရောဂတော့ မသိဘူး ဘေးကဝိုင်းကြည့်နေတဲ့လူတွေ လန့်ပြီး ထအော်ကြတော့တာပဲဗျို့။ကျုပ် တောင် တုန်သွားသေးတယ်။ ကိုပေသီးကတော့ ခပ်တည်တည်ပဲဗျ။ နှုတ်ခမ်းမွှေးပြားပြားကြီးကို လက်နဲ့တစ်ချက် သပ်လိုက်ပြီး ပရောဂကုတဲ့မိန်းမကို သူ့မျက် လုံးပြူးပြူးကြီးနဲ့ စိုက်ကြည့်နေတာ မျက်တောင် တစ်ချက်မခတ်ဘူးဗျို့။ သူ့ရှေ့မှာ ကြုံ့ကြုံ့ကလေးထိုင်ပြီး ဘုရား စင်ကို ...

ပျောက်ဆေးကိုကြိတ်မှိတ်သောက်ပြီး အငယ်နှစ်ယောက်နှင့်အတူ လှည်းတန်းကျူရှင်သို့ထွက်လာခဲ့ရတော့သည်။ ကျူရှင်တွင်လည်း စာကိုသင်နေရပေမင့် မငုဝါ၏စိတ်ထဲတွင် တစ်စုံတရာကိုစိုးရွံ့နေသလိုဖြစ်နေသည်။ ထို့နောက် ကျူရှင်အမြန်ပြီး၍ အိမ်သို့အမြန်ရောက်ဖို့သာစိတ်က လောနေသည်။ အိမ်သို့ရောက်မှပဲ စိတ်အေးရလိမ့်မည်ဟုလည်းတွေးနေမိသည်။ အချိန်တွေက တဖြည်းဖြည်းကုန်လာသည်။ သို့ဖြင့် ညဆယ့်တစ်နာရီထိုးတော့ အငယ်နှစ်ယောက်နှင့်အတူ ကျူရှင်ကျောင်းမှပြန်လာခဲ့သည်။ ‘အိမ်သို့ပြန်ရောက်မှ လုံခြုံစိတ်ချရလိမ့်မည်’ဟုတွေးထားသောမငုဝါ၏ခြေလှမ်းတွေက အဆမတန်သွက်လျက်ရှိနေသည်။ ထိုအခါ အလတ်မ ကြည်ပြာက “အစ်မရယ်။ဖြေးဖြေးလျှောက်ပါ။ဒီမှာလိုက်ရတာမောနေပြီ” ယင်းသို့ပြောလိုက်သော်လည်း မငုဝါက “လာအေ။အိမ်ကိုမြန်မြန်ရောက်မှဖြစ်မယ်” “ဘာဖြစ်လို့လဲအစ်မ” “ငါမသိဘူး” ယင်းသို့ခပ်ပြတ်ပြတ်သာပြောပြီး ဆက်လျှောက်သည်။ သို့ဖြင့် ပေါက်စီဆိုင်တစ်ဆိုင်ရှေ့သို့ရောက်တော့ ဖိုးဝါက “အစ်မရေ ကျွန်တော်ဗိုက်ဆာတယ်။ပေါက်စီဝယ်စားအုံးမယ်ဗျာ။အစ်မတို့ရော မဆာဘူးလား” ယင်းသို့မေးတော့မှ ...

တဖြည်းဖြည်း ဆုတ်ခွာနေရတော့သည်။ ဂျပန်များစစ်ရှုံးပြီး ပြည်တော်ပြန်သွားပြီးနောက် ထိုနေရာဝန်းကျင်မှာ တောများဖြစ်ကာ ဂျပန် ခေတ်က ရွှေတူးခဲ့သည့်နေရာဟု မည့်သူမှ မသိကြတော့။ ခေတ်အဆက်ဆက်ပြောင်းလာသည့်အချိန် ထိုရွှေတွင်းတူးခဲ့ရာ နေရာဟောင်းနှင့်ဆယ့်ငါးမိုင် အလွန်မှာ ကားလမ်းက အစိုးရက ဖောက်လုပ်သည်။ ၁၉၉၆ခု ခရီးသွားရာသီနှစ်အလွန်ကျော်သူထွန်း နိုင်ဝင်း လှဟန် ချစ်ကိုနှင့် တင်တင်ဝင်း၊သီတာ ဝင်း၊ မိုးမိုးစံတို့ သူငယ်ချင်းတစ်စု သူတို့၏ အချစ်ဆုံးသူငယ်ချင်း စိုင်းကိုကိုနှင့် နန်းခင်ထွေးရီတို့ မင်္ဂလာပွဲချီးမြှင့်ရန် ကျောက်မဲသို့ ကျော်သူထွန်း၏ ပါရာဒို ကားကြီးနှင့် တက်လာခဲ့ကြသည်။ ကျော်သူထွန်းနှင့် တင်တင်ဝင်းတို့က မကြာခင် ...

ကျွန်မသမီးလေးကို သေချာထပ်စမ်းသပ်ပေးပါဦး မသေသေးပါဘူး ကျွန်မသမီးကိုကုပေးပါနော်ဒေါက်တာ” “ကျွန်တော်တကယ်စိတ်မကောင်းပါဘူး…” နောက်ဆုံးတွင် ဒေါ်စိန်ချယ်လည်း လက်ခံလိုက်ရသည်။သမီးဖြစ်သူ၏ နားရေးအား ပြုလုပ်ပေးရတော့သည်။ ××× “သမီး ဘယ်ရောက်နေတာလဲဟင်” “သမီးက ငရဲပြည်ရောက်လာတာကွဲ့ ဒါပေမယ့် ငရဲပြည်မှာ သမီးအတွက်နေရာမရှိဘူး နတ်ပြည်သွားစေ” “ဒါနတ်ပြည်မှာလားဟင်” “ဟုတ်တယ်ကလေး ဒီမှာလည်းမင်းအတွက်နေရာမရှိသေးဘူး မင်းဒီကိုပြန်လာချင်ရင် လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုများများလုပ်ပါကွယ် ” “ဟိုးအပေါ်က ရွှေရောင်တလျှပ်လျှပ်နဲ့က ဘာကြီးလဲဟင်” “အဲ့တာက နိဗ္ဗာန်ဘုံလို့ခေါ်တယ် ကုသိုလ်ကောင်းမှု အများကြီးလုပ်တဲ့သူမှသာ အဲ့ဘုံကိုရောက်နိုင်တယ်ကွဲ့ ကဲ ခုတော့လူ့ပြည်ပြန်စေ” “ရေ ရေဆာတယ်…” “ဟင် သမီးလေးရေဆာတယ်တဲ့ ...

တယ်ဗျ။ အမေက ရေနွေးကြမ်း တစ်ခွက် ငှဲ့ငေါက်ပြီး ထသွားတယ်။ “စားကွ ကျောက်ခဲရ လက်ဖက်နဲ့ ပုရစ်ကျော်အားကြီးလိုက်တာကွ ငါတော့ကြိုက်တယ် ” ” ကိုကြီးတာတေဆီကိုပုရစ်လည်းပေးရင်း ရွာထဲကသတင်းလည်း ပြောရင်းလာတာဗျ ” ” ဟေ ဘာများတုံးကွ ရွာထဲမယ် ဘာဖြစ်လို့တုံး ” ” ကိုကြီးတာတေ ဒီအကြောင်းမကြားသေးဘူးထင်တယ်” “ဟေ့အေး ငါဘာမှမကြားသေးဘူး ကျောက်ခဲရ ” ” ဒီလိုဗျ အရီးမယ်ခ ဝိုင်းနဲ့ ကပ်လျက် အဝုိင်းက ဘိုးထွေးမောင်ကြည်ကို သိလား ” ” ...

ပေါ် တက်ကြတယ်၊ မာလကာသီးလေးတွေက အပင်ထိပ်မှာရှိတော့ စားရမလားဆိုပြီး တက်ခူးကြတာပေါ့ဗျာ၊ မာလကာပင်က ပေနှစ်ဆယ်နီးပါးမြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။ “ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ” “မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့” “မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့” “ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်” ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ “ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့” လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ...