ကျက်တွင်း

တယ်ဗျ။ အမေက ရေနွေးကြမ်း
တစ်ခွက် ငှဲ့ငေါက်ပြီး ထသွားတယ်။

“စားကွ ကျောက်ခဲရ လက်ဖက်နဲ့ ပုရစ်ကျော်အားကြီးလိုက်တာကွ
ငါတော့ကြိုက်တယ် ”

” ကိုကြီးတာတေဆီကိုပုရစ်လည်းပေးရင်း ရွာထဲကသတင်းလည်း
ပြောရင်းလာတာဗျ ”

” ဟေ ဘာများတုံးကွ ရွာထဲမယ် ဘာဖြစ်လို့တုံး ”
” ကိုကြီးတာတေ ဒီအကြောင်းမကြားသေးဘူးထင်တယ်”

“ဟေ့အေး ငါဘာမှမကြားသေးဘူး ကျောက်ခဲရ ”
” ဒီလိုဗျ အရီးမယ်ခ ဝိုင်းနဲ့ ကပ်လျက် အဝုိင်းက ဘိုးထွေးမောင်ကြည်ကို သိလား ”

” ဟာ သိတာပေါ့ ကျောက်ခဲရ ”
” ဟုတ်တယ် ဟုတ်တယ် အဲ့ဒီ့ဘိုးထွေးမောင်တို့ ဝိုင်းထဲမှာဖြစ်တာတဲ့ဗျ ”

” အေး…ဘာဖြစ်တာတုံး ကျောက်ခဲရ ”
” ညဘက် ညဘက် ရောက်ရင် ဝိုင်းထဲက စကားပြောသံတွေ
ရယ်သံတွေ ကြားရလို့တဲ့ ”

“ဟင် ဟုတ်လား ”
“ဟုတ်တယ်ဗျ အစကတော့ လမ်းကပြောတာလိုလို ဘေးဝိုင်းကပြောတာလိုလို ထင်နေတာတဲ့ ၊ နောက်တော့ သေသေချာချာ နားထောင်တော့မှ သူတို့ဝိုင်းထဲက ဖြစ်နေတာတဲ့ဗျ”

” ဟာ…မဟုတ်သေးပါဘူးကွာ ၊ ဘေးချင်းကပ်ဝိုင်းတွေက ပြောကြဆိုကြတာရှိမှာပေါ့ကွ”

“မဟုတ်ဘူး ကိုကြီးတာတေ ဘိုးထွေးမောင်ကြီးကိုယ်တိုင် ကျုပ်ကိုပြောတာ၊ဝိုင်းထဲဆင်းပြီး နားထောင်ရင်တော့ ဘာမှမကြား

ရဘူး ဆိုပဲဗျ ၊ ချက်ချင်းတိတ်သွားတာတဲ့။ဝိုင်းထဲမှာ လူမရှိတော့
မှ အိမ်ပေါ်ကကြားနေရတာတဲ့ဗျ။

” နို့ ဘာအကြောင်းတွေ ပြောတာတဲ့တုံး ”
” အဲ့ဒီလို တော့ မသိရဘူးတဲ့ ကိုကြီးတာတေရဲ့ ၊ စကားတွေပြော

လိုက် ၊ ရယ်လိုက်တဲ့ဗျ။ ဘာပြောတယ်ဆိုတာတော့ သိကိုမသိ
တာတဲ့”

” ဒါနဲ့ အဲ့အသံတွေကို ဘိုးထွေးမောင်တစ်ယောက်ပဲ ကြားတာလားကွ ”

” မဟုတ်ဘူးဗျ သူတို့တစ်အိမ်လုံးကြားရတာ၊ အခုတော့ရွာထဲက
သူတို့နဲ့ ရင်းနှီးတဲ့သူတွေတောင်သွားသွားနားထောင်ကြတာ
ကြားရတယ်ဆိုပဲ ”

” ဟေ ဘယ်လိုဟာတုံးကွ ၊ တခြားရော ခြောက်တာ လှန့်တာ
တွေရော ရှိသလား”

” ဟ အဲ့ဒီလို တော့ မရှိဘူးတဲ့ဗျ ”
ကျုပ်တွေးကြည့်တယ်။ ဒါမျိုးတော့ ကျုပ်လည်း တစ်ခါမှကို
မကြားဘူးတာဗျ။အရင်တုန်းကလည်း ဘိုးထွေးမောင်တို့ဆီက

ဘာမှပြောသံမကြားပါဘူး။အခုမှထပြီး ဘာဖြစ်တာတုံး။ ကျုပ်လည်းတွေးကြည့်တာ ဘယ်လိုမှ အဖြေမပေါ်ဘူးဗျ။

” အဲ့ဒါ ဒီည ကျုပ်သွားနားထောင်မလို့ဗျ။
ကိုကြီးတာတေရောလိုက်ဦးမလား ”

” ဟာ ငါလိုက်လို့ မကောင်းပါဘူးကွာ ၊ မင်းပဲ သွားနားထောင်ပါ
ကွာ ၊ ထူးခြားတာ တွေ့ရင် ငါ့ကို ပြန်ပြောကွာ”

” ဟုတ်ပြီလေ ဒါဆို ကျုပ်ပြန်ပြောမယ်”
ကျုပ်ရော ကျောက်ခဲရော ပုရစ်ကို ဇိမ်ခံဝါးနေကြတာဗျို့ ။

” ဟဲ့ ငွေစိန်ရေ ရှိကြလား ”
” ဘယ်သူတုံး ဝိုင်း၀က ၀င်ခဲ့လေ ”

အမေက ဝိုင်းထဲက လှမ်းအော်တယ် ။
” ငါပါဟဲ့ ထွေးမောင်ပါ ၊ ကိုဥာဏ်ရော ”

” သြော်….ကိုရင်ထွေးမောင်လား..လာလေ ကိုဥာဏ် မြို့ထဲ
သွားလို့တော့ ”

” ဟေ …ဟိုကောင်တာတေရော ရှိလား ”
” ရှိပါ့တော့ ဟောဒီမှာ ကျောက်ခဲယူလာတဲ့ ပုရစ်ကြော်တွေထိုင်စားလို့တော် ”

” ကိုကြီးတာတေရေ ဘိုးထွေးမောင်က အသက်ရှည်ဦးမယ်ဗျ။
ကျုပ်တို့က သူ့အကြောင်းကိုပြောနေကြတာ ၊ သူက ချက်ချင်း ကို
ရောက်လာတာဗျို့။တိုက်ဆိုင်ချက်ကတော့ဗျာ ”

ကျောက်ခဲတော်တော်အံ့သြသွားတာဗျ။
” လာ ဘိုးထွေးမောင် ထိုင် ဗျ ”

ကျုပ်က ဘိုးထွေးမောင်ကို အဘထိုင်တဲ့ ကုလားထိုင်မှာ ၀င်ထိုင်
ခိုင်းတယ် ။
” တာတေ ငါ မင်းဆီလာတာကွ ”

” ဟုတ်ကဲ့ ဘိုးပြောပါ ”
” ငါ့ဝိုင်းထဲမှာ ညဘက်ဆိုရင် လူနှစ်ယောက် စကားပြောလိုက်
ရယ်လိုက် လုပ်နေတဲ့ အသံတွေကြားကြားနေရတယ်ကွ ”

ကျုပ် ကကျောက်ခဲ ပြောလို့ သိထားပေမဲ့မသိသလို နေရတာပေါ့ဗျာ။
” ယောက်ျား သံလား မိန်းမ သံ လား ဘိုးရဲ့ ”

” ယောက်ျားသံတွေက တာတေရ ၊ ဘာတွေပြောနေမှန်းတော့
မသိဘူးကွ။ အသံတွေသာ ကြားနေရတာ ဘာတွေပြောနေတယ်
ဆိုတာ ဘယ်လိုမှ နားထောင်လို့မရဘူးကွ ”

” ဟုတ်တယ် ဘိုး ၊ ဒီလိုဟာတွေက ဒီအတိုင်းပဲဗျ ”
” ဟေ ဟုတ်လားကွ တာတေရ ”

” ဟာ ဟုတ်ပါပြီလား ဘိုးရာ ၊ ပေကုန်းကို လိုက်ရှာနေတဲ့ တစ္ဆေ
တွေတုန်းကလည်း ဒီအတိုင်းပဲဗျ ။ အသံတွေသာ ကြားနေရတာ။
ဘာတွေပြောနေမှန်းမသိရဘူးဗျ။အဲ့ဒီတုန်းက ကျောက်ခဲလည်း
ကျုပ်နဲ့ပါတယ် ဘိုးရ ။ကျောက်ခဲ မေးကြည့်ပါလား ”

(တောင်ကျရေ ဇာတ်လမ်းအား wallထဲ၌ ရှာဖွေ ဖတ်ရှုနိုင်သည်)

” ဒီကျောက်ခဲလား တောင်ပိုင်းက ငသိန်းသား ၊ ဒီကောင့်ကိုမင်းက တစ္ဆေမတစ်ယောက်နဲ့ပေးစားလိုက်ပြီးရောတာတေရာ ”

ကျောက်ခဲက ရယ်နေတယ်ဗျ။
” ဒါဆိုရင် ငါ့ဝိုင်းထဲကို တစ္ဆေ တွေရောက်နေတယ်ပေါ့ ဟုတ်လား
တာတေ ”

ဘိုးထွေးမောင်က ကျုပ်ကိုမေးတယ်။ ကျုပ် က ဘာမှပြန်မပြောဘဲ
သူ့ကို မေးတယ် ။
” နေပါဦး ဘိုးရဲ့ ဒီလိုကြားတာ ဘယ်လောက်ရှိပြီတုံး ”

” တစ်ပတ်တောင် မကတော့ဘူးကွ ၊ ကြားကာစက ဘေး
ကပ်လျက်ဝိုင်းကလူတွေ စကားပြောတဲ့အသံထင်လို့ နောက်မှငါ
တို့ ဝိုင်းကမှန်းသိတာ”

” ညဆိုရင် ဘယ်အချိန် တွေမှာ ကြားရတာတုံးဗျ ”

” ဟာ…နေဦးကွ ၊ အင်း .. ညသန်းခေါင် ကြက်တွန်ပြီးရင် မကြာဘူးဟေ့ ။ကြားရတော့တာပဲကွ။တစ္ဆေက ဒီတော့မှ အိပ်ရာ

နိုးသလား မသိပါဘူးကွာ။စကားတွေပြောလိုက် ရယ်လိုက်နဲ့
ငါတို့အိမ်က လူတွေလည်း ကောင်းကောင်းမအိပ်ရဲတော့ဘူးကွ။
အားလုံးကြောက်နေကြပြီ။”

” ဒါတော့ ဟုတ်တာပေါ့ ဘိုးရဲ့ ၊ တစ္ဆေ ဆိုရင် လူတိုင်းကြောက်ကြတာပဲ ”

” အေး ပြောရဦးမယ် အခုဟာက စကားတွေတင် ပြောတာမဟုတ်ဘူးကွ ၊ ညတုန်းက အိမ်မှာချက်ထားတဲ့

ကြက်သားဟင်း တွေ မနက်ကျတော့ ဘာမှကို မရှိတော့ဘဲ
ပြောင်နေတာဟေ့ ”

” ဗျာ…ဟုတ်လားဘိုး ၊ ဒါဆိုရင်ဒီကောင်တွေ အိမ်ထဲ၀င်လို့ပေါ့ဗျာ”

” သြော်…ကြက်သားဟင်း တောင် စားသွားပါတယ်ဆိုမှ တာတေရာ ”

” ဟင် ဒါဆိုရင် မဖြစ်တော့ဘူး ဘိုးရ”
” အေး..အဲ့ဒါ ကြောင့် မင်းကို လာခေါ်တာကွ၊

ဒီညမင်းငါ့တို့အိမ်ကိုလာခဲ့ပြီး အကဲခတ်စမ်းကွာ။ ပြီးတော့မင်းနိုင်တဲ့ ကိစ္စဆိုရင်လည်း ဘိုးကို လုပ်ပေးပါလို့ လာပြောတာပါ ”

” သြော် ကိုရင်ထွေးမောင်ရယ်၊ တာတေက ဟိုရွာ ဒီရွာတောင်
အကြောင်းပေါ်ရင် လိုက်လုပ်နေတဲ့ဟာ ကိုရင့်ကိစ္စမလာပဲနေမလားတော် ”

” အေးပါ ငွေစိန်ရယ် ၊ ကဲ ဒါတိုရင် ဘိုးပြန်မယ် ည ကျရင် ဆက်ဆက်လာခဲ့ တာတေရေ ”

” ဘိုး ကျုပ်လည်း လာခဲ့မှာပါဗျ ။ဘာမှမစိုးရိမ်ပါနဲ့ဗျာ ”
ကျောက်ခဲက ဘိုးထွေးမောင် ကိုစတယ်ဗျ ”

” ဟေ ဟုတ်လား သောက်ကျိုးနည်း ကွာ ဆရာကျောက်ခဲပါကြွမယ် ဆိုပါလားကွ။ ငွေစိန်ရေ

ကြည့်လုပ်ပါဦးဟ ငါ့ဝိုင်းထဲက တစ္ဆေ တွေကို ကျောက်ခဲရိုက်ပုတ်
နေပါဦးမယ်၊ ဟား…ဟား… ဟား ”

ဘိုးထွေးမောင်ကတော့ ပျော်ပျော်ပဲဗျ။ပြောရင်းနဲ့ ဘိုးထွေးမောင် ထပြန်တယ်ဗျ။

ညသန်းခေါင် မရောက်ခင်ကတည်းက ကျုပ်နဲ့ကျောက်ခဲ ဘိုးထွေးမောင် တို့ဝိုင်းကို ရောက်နေတာဗျ။ကျုပ်က

မျက်ကွင်းဆေးကွင်းထားပြီးသားပေါ့ဗျာ။ ဟော..ကြားရပြီဗျို့။
ကြားပြီ ဘိုးထွေးမောင်ပြောသလိုပဲဗျာ။ သန်းခေါင်

ကျော်တာနဲ့စကားပြောသံတွေ ကြားရတော့တာပဲဗျာ။ ယောက်ျား ကြီးနှစ်ယောက် စကားပြောနေတဲ့ အသံဗျ။

အံမယ် ရယ်တောင်
ရယ်လိုက်သေးသဗျာ။ ကျုပ် သတိထားနားထောင်တယ်။

၀ိုင်းမြောက်ဘက်ကပဲ ကြားရတာဗျ။ တခြားဘက်က ကြားရတာ
မဟုတ်ဘူး။ကျုပ်ဝိုင်းထဲကို မဆင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့

အသံတွေ ပျောက်သွားမှာစိုးလို့ဗျ။ဘာတွေပြောလဲဆိုတာကျုပ်ရော
ကျောက်ခဲရော သေသေချာချာ နားစိုက်ထောင်ကြတယ်။ဒါပေမဲ့

သဲသဲကွဲကွဲ ကြားရတာ မဟုတ်ဘူးဗျ။
ကျုပ် နံရံ အပေါက်ကနေ ဝိုင်းထဲကို

ချောင်းကြည့်တယ်။ဘာမှမတွေ့ဘူးဗျ။သစ်ပင်တွေပေါ်ကြည့်လည်း ဘာမှမတွေ့ဘူး အသံကြားတဲ့ နေရာကို ကျုပ် သေသေချာချာ

နားထောင်တယ်။သေသေချာချာ အာရုံစိုက်ပြီး နားထောင်တော့မှ
ကျုပ်သိသွားတာဗျို့။ ဒါမြေကြီးထဲက လာတဲ့အသံဗျ။ကျုပ် ဒါမျိုး

တစ်ခါမှ မကြုံဖူးဘူးဗျို့။ ဥစ္စာစောင့်တွေများလားလို့ ကျုပ်တွေးကြည့်တယ်။ဟုတ်ချင်မှ ဟုတ်မှာပါဗျ။

” ဘိုး ဒီညရော ဘိုးတို့အိမ်မှာကြက်သားဟင်းချက်လား ”
“ဟာ မချက်တော့ဘူး တာတေရ ၊ အေး ပြောရဦးမယ် ကွ

ဒီကောင်တွေက တို့အိမ်မှာ ဟင်းကောင်းချက်တာ သိတယ်ကွ၊
ဟင်းကောင်းချက်မှ လာစားတာ၊ ဟင်းကောင်းမချက် ရင် စားတာ
မဟုတ်ဘူးကွ”

” ဘိုး ဒီကိစ္စ ကို ကျုပ်လုပ်ပေးမယ်။ဒါပေမဲ့ မနက်ဖြန် ညနေမှာ
ထမင်းတစ်ပြည်ချက်နဲ့ ကြက်တစ်ကောင်ချက်ပြီး ထမင်းထုပ်ထားဗျာ။ ထမင်းတောင်းနဲ့ပေါ့ ဘိုးရာ. ”

” သြော်….အေးအေး သိပြီဘုန်းကြီးမယ်တော်ကြီး ဖုတ်ထုတ်တုံးက ဆရာကျော်တို့ လုပ်သလိုပေါ့ ”

” ဟုတ်တယ် ဘိုး ကျုပ်အဲ့လိုလုပ်မှာ ”
” စိတ်ချ တာတေ ဘိုးအားလုံးလုပ်ထားမယ်၊မင်းကြိုက်တဲ့အချိန်
လာယူပေတော့ ”

ကျုပ်နဲ့ ကျောက်ခဲ ပြန်လာခဲ့ရတာပေါ့ဗျာ။အမှန်မှာ မသိသေးတာ။
နောက်နေ့မှာ မီးလောင်ကုန်းက နတ်၀င်သည် ဒေါ်တုတ်ကို

ကျောက်ခဲက လှည်းနဲ့ ခေါ်လာတယ်။ ညကိုးနာရီမှာ သင်္ချိုင်းကုန်း
ကို ထွက်ခဲ့တယ်။ ဂူပေါ်မှာ ထမင်းပွဲတွေ ပြင်ပြီး ခါတိုင်းပြုမူနေကြ အတိုင်းမဖဲဝါကို ပင့်တာပေါ့ ဗျာ။

မကြာဘူးဗျ၊ မြက်ခင်းလေးမှာ လက်အုပ်လေးချီပြိး ဆံပင်ဖားလျားနဲ့ ထိုင်နေတဲ့ နတ် ၀င်သည် ဒေါ်တုတ်က

လက်တွေကွေးကောက်လာပြီး တဆတ်ဆတ်နဲ့ တုန်နေတယ်ဗျ။
ဟော….ခုန်ပြီဗျို့။ ဒေါ်တုန်ခုန်တက်သွားပြီ။ထမင်းပွဲပြင်ထားတဲ့

ဂူပေါ်ခုန်တက်သွားပြီ။ဒူးခေါင်ကြီး ထောင်လျက်နဲ့ စားပြီဗျို့။
မဖဲဝါကို ကျုပ်ကျွေးနေကြပါ။စားရင်းသောက်ရင်း မဖဲဝါက ကျုပ်ကို မော့ကြည့်တယ်။ဆံပင်ဖားလျားကြီးကြားက မျက်လုံးပြူး နဲ့ ကြည့်တာဗျို့။

“ဒီလိုပါ မဖဲဝါ ၊ ကျုပ်တို့ ရွာမြောက်ပိုင်းက ဘိုးထွေးမောင် တို့ဝိုင်းမှာ ညတိုင်းလူနှစ်ယောက် စကားပြောပြီး ရယ်တဲ့အသံတွေ

ကြားနေရတယ်။အိမ်ထဲက ကြက်သားဟင်း တွေလည်း ၀င်ပြီးစား
သွားတယ်။ကျုပ် မျက်ကွင်းဆေး ကွင်းပြီးကြည့်တော့လည်းဘာမှ
မမြင်ရဘူး မဖဲဝါ ။အဲ့ဒါ ကျုပ်ဘာလုပ်ရမလဲ ”

” ဝိုင်းထဲမှာ ကျတ်တွင်း ရှိတယ် ”
” ကျတ်တွင်းဆိုတာ ဘာတုံး မဖဲဝါ ”

” ပုရွက်ဆိတ် လောက်ရှိတဲ့ တွင်းလေးထဲမှာတစ္ဆေနှစ်ကောင် အောင်းနေတာ အပြင်ထွက်လာရင်တော့ လူလောက်ကြီးလာတယ်

တွင်းထဲမှာတော့ ပုရစ်လောက်ပဲရှိတယ်။ အဲ့ဒါ တွင်းအောင်းတစ္ဆေတွေ အဲ့ဒီတွင်းကို ကျတ်တွင်းလို့ခေါ်တယ်။

” သြော် ဟုတ်လား ကျုပ်တော့ ခုမှကြားဖူးတာပါ သင်္ချိုင်းရှင်မကြီးခဗျာ”

” ဒီတစ္ဆေတွေ စည်းကမ်းဖောက်တာ ၊ သူတို့က တောထဲတောင်ထဲ သင်္ချိုင်းထဲနေရမှာ၊ လူတွေနေတဲ့ရွာမှာမနေရဘူး။ငါ့ကိုယ်ခွဲရုပ်ကိုယူသွား

သင်္ချိုင်းထဲက ထွက်လာဖို့ ငါ့အမိန့်ပေးလိုက်။ ထွက်လာတော့မှ အမိန့်ပြန်လိုက်တာတေ ။ ရွာထဲက ချက်ချင်းထွက်ရမယ်လို့ပြော။

မဖဲဝါ အမိန့်လို့ပြော။ ငါ့ကိုယ်ခွဲရုပ်ကို ပြလိုက်။ ဦးတိုက်ပြီး ထွက်သွားလိမ့်မယ် ”

မဖဲဝါက ကျုပ်ကို ပြောရင်း စားရင်းနဲ့ စားသောက်ပြီးသွားတယ်ဗျ။
ရေသောက်လက်ဆေးပြီးပြန်ထွက်သွားတယ်။ဒေါ်တုတ်ကို သတိရအောင်လုပ်ပြီး ကျုပ်တို့ ရွာထဲပြန်ခဲ့တယ်။

ညဆယ်နှစ်နာရီထိုးပြီးပြီ။သန်းခေါင်ကြက်တွန်တာနဲ့ ကျုပ်နဲ့ ကျောက်ခဲ ဘိုးထွေးမောင် တို့ အိမ်ဝိုင်းကို ရောက်လာကြတယ်။

ကျုပ်က မျက်ကွင်းဆေး ကွင်းထားပြီဗျ။မဖဲဝါ ကိုယ်တူကိုယ်ခွဲထည့်ထားတဲ့ ကတ္တီပါ အိတ်နက်ကလေးကို

အင်္ကျီအိတ်ထောင်ထဲမှာထည့်ပြီး ယူလာခဲ့တယ်။ဘိုးထွေးမောင်တို့
၀ိုင်းကို ကျုပ်တို့ရောက်တော့ ကျတ်တွင်းထဲက တစ္ဆေ နှစ်ကောင်က ခါတိုင်းလိုပဲ စကားတွေပြောပြီးရယ်နေပြီဗျ။

ကျောက်ခဲကိုတော့အိမ်ပေါ်မှာပဲ နေခိုင်းရတော့ပေါ့ဗျာ။ကျုပ်တစ်ယောက်တည်း ဝိုင်းထဲ ဆင်းပြီး

ဓာတ်မီးနဲ့ ထိုးပြီး လိုက်ရှာရတယ်။ကျုပ် ဝိုင်းထဲရောက်တာနဲ့စကား
သံရော ရယ်သံပါ တိတ်သွားရောဗျို့။ ကျုပ်က နေရာကို

သေသေချာချာ မှတ်ထားတာဆိုတော့ မန်ကျည်းပင်ရဲ့ တောင်ဘက်ကလေးမှာ ဓာတ်မီးနဲ့ ထိုးပြီး ရှာတယ်။

ဟော…တွေ့ပြီဗျို့ တွေ့ပြီ ဒါပဲ ဖြစ်မယ်။ တွင်းကလေးဗျ။တွင်း၀ကလေးက ဝိုင်းစက်နေတာပဲ ။ပုရွက်ဆိတ်

တွင်းနဲ့လည်းမတူဘူး။ပုရစ်တွင်းနဲ့လည်းမတူဘူး။တွင်း၀မှာ ကျစ်
စာခဲတွေ ဘာတွေလည်းမရှိဘူးဗျ။တွင်းကလေးရဲ့ အနားမှာ တံမြက်စည်းနဲ့ လှဲထားသလိုကို ပြောင်ရှင်းနေတာဗျို။

ကျုပ်လည်း ကတ္တီပါအိတ်ထဲက မဖဲဝါ ရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ုထုတ်တယ်။
” သင်္ချိုင်းရှင်မကြီး ကြွပါ။ကျုပ်တာတေကျတ်တွင်းထဲကနေ တစ္ဆေ တွေကို ရွာကနေ နှင်ထုတ်ပါတော့မယ် ”

လို့ပြောလိုက်တာနဲ့ မဖဲဝါ ရုပ်ကလေး လှုပ်လာတယ်ဗျ။
” ကဲ…ကျတ်တွင်းထဲက ကျင်းအောင်းတဲ့ တစ္ဆေ နှစ်ကောင်
ခုချက်ချင်း တွင်းထဲ ထွက်ကြပေတော့ ”

ကျုပ်က ကျတ်တွင်းလေးကို ဓာတ်မီးနဲ့ထိုးထားတာဗျ။ဟော…ထွက်လာပြီဗျို့။ ပုရစ် လောက် ရှိတဲ့ မဲမဲအကောင်လေး

နှစ်ကောင်ဗျ။ဟာ…ကျတ်တွင်းအပြင်ကိုရောက်တာနဲ့ အကြီးကြီး
တွေဖြစ်ကုန်တာဗျို့။ကျုပ်ကို မျက်လုံး ပြူးကြီးတွေနဲ့ ကြည့်နေကြတယ်။ကိုယ်ပေါ်မှာ ဘာအ၀တ်အစားမှ မရှိဘူးဗျ။

အမွှေးအမြင်တွေနဲ့ တစ်ကိုယ်လုံးဖုံးနေတာဗျို့။
” သင်တို့ရဲ့ သခင်မ မဖဲဝါကို သေသေချာချာ ကြည့်လိုက်စမ်း”

ဟော…တစ္ဆေ နှစ်ကောင် ချက်ချင်း ဒူးထောက်ပြီး မဖဲဝါ ရဲ့ကိုယ်ခွဲ အရုပ်ကလေးကို ရှိခိုးနေရောဗျို့။

” သင်တို့နှစ်ကောင် နားထောင် ၊ သင်္ချိုင်းရှင်မ မဖဲဝါရဲ့ အမိန့်၊
သင်တို့ဟာ လူတွေနေတဲ့ ရွာတွေမှာ လုံးဝနေခွင့်မရှိဘူး။တောထဲ

တောင်ထဲက သင်္ချိုင်းမှာသာ နေရမှာကို သိသားနဲ့ရွာထဲမှာလာနေတဲ့အတွက် သင်တို့မှာ အပြစ်ရှိတယ်။

အခုချက်ချင်း လူ့ရပ်ရွာကနေ ထွက်ကြရမယ်။ မဖဲဝါရဲ့ အမိန့် ”
တစ္ဆေ နှစ်ကောင် မျက်လုံးနီနီကြီးတွေနဲ့မဖဲဝါရဲ့ ကိုယ်ခွဲအရုပ်လေးကိုမော့ကြည့်ပြီးတော်တော်ကို ကြောက်ရွံ့သွား

ကြတာဗျို့။ပြီးတော့ ဒူးထောက် ထိုင်နေရာကနေ ချက်ချင်းထလာပြီးဖြတ်ခနဲ ပျောက်သွားကြတယ်။ကျုပ်လည်

ဓာတ်မီးကို ချက်ချင်း ပိတ်မပစ်သေးဘဲ ဝိုင်းထဲမှာ လက်ထိုးကြည့်
တယ်။ကျတ်တွင်းထဲ တွင်းအောင်းနေတဲ့ တစ္ဆေ တွေမရှိတော့ဘူးဗျ။ကျုပ်လည်းကျောက်ခဲကို ခေါ်ပြီး မြေဖို့ခိုင်း

လိုက်တယ်။
” ကဲ ဘိုးရေ အားလုံးပြီးသွားပါပြီ ဘာမှမရှိတော့ပါဘူး။ဘိုး စိတ်ရှင်းချင်ရင်တော့ ဆရာတော် တွေပင့်ပြီး ဆွမ်းကပ် တရားနာ
ပေါ့ဗျာ ”

” အေး တာတေရေ မင်းပြောတဲ့အတိုင်း လုပ်လိုက်မယ်ဟေ့ ”

ဘိုးထွေးမောင် ကပြောတယ် ။ ကျောက်ခဲကို သူ့အိမ်လိုက်ပို့ပြီး
ကျုပ်လည်း အိမ်ပြန်ခဲ့တာပေါ့ဗျာ။…..

ပြီးပါပြီ