ကျောင်းသိုစွဲသောဘုန်းကြီးတစ္ဆေ

ဆရာတော်ကြီးဦးခေမာသီတင်းသုံးခဲ့တဲ့အခန်းထဲက သစ်သားအကာတွေကိုလက်သဲကုတ်ခြစ်နေတာတဲ့ ဗျင်းးးး
ဗျင်းးးဆိုတဲ့အသံကြီးကို ကြယ်လောင်စွာကြားနေရတယ်တဲ့ကျောင်းထိုင်ဘုန်းကြီးအသစ်လဲအသည်းထန်နာမကျန်းဖြစ်ပြီး
အလူးလဲခံရတယ်တဲ့ အဲ့ဒီကျောင်းက
ထွက်သွားမှသိသိသာသာသက်သာသွား
တော့တယ်ဒီလိုနဲ့နှစ်လအတ္ငင်းမှာအမြို့မြို့
အနယ်နယ်က ကျောင်းထိုင်ဘုန်းကြီးပင့်
လာတာ ၅ပါးလောက်ရှိမယ် ဒီညနေရောက်
နောက်နေ့မဖြစ်ဘူးဆိုပြီးပြန်ကြွသွားကျတယ် နောက်ဆိုနေ့ခင်းဘက်တောင်ကျောင်းပေါ်ကို အတက်မခံတော့ဘူးတဲ့ မမြင်ရတဲ့
နေရာက ‌ဒုန်း ဒုန်းးနဲ့ပြေးလာ ‌အုန်းသီးခြောက်ကြီး‌တွေ လိမ့်လာတယ် ဒါကြောင့်
ရွာက လူတွေက ပယောကဆရာတွေပင့်ပြီး
လုပ်ခိုင်းတာ ဆရာတွေကိုလေးဂွနဲ့ပစ်လို့တဲ့ဘုရား လူမတွေရပဲ နောက်စာလုံးတွေက
လာလာထိလို့ထွက်ပြေးရတယ်ဘုရား
ဘယ်လိုမှမရတဲ့အဆုံး အရှင်ဘုရားဆီက
အကြံညဏ်တောင်းခံတာပါဘုရား
ဘကြီးဘုန်းကြီးလဲသူ့ရဲ့သူငယ်ချင်းရဲ့
သတင်းကိုကြားပြီးစိတ်မကောင်းဖြစ်နေတယ်ဗျ ညိုးငယ်သောမျက်နှာနဲ့ မပူပါနဲ့
ကပ္ပိယကြီး ဘုန်ကြီးကြွပြီး ဆောင်ရွက်ပေးပါ့မယ်တဲ့ဆရာတော်ကြီးက ကျုပ်ကိုဖက်ထီးနဲ့လိုက်သွားနင့် ဘကြီးဘုန်းကြီးက
ရေကျော်ရွာကသက်တော်ရှည်ဆရာတော်ကြီးကိုပင့်ပြီးနောက်ကလိုက်ခဲ့မယ်တဲ့
ကျုပ်ကိုမှာတယ်ဗျ ဟိုရောက်ရင်ဆရာတော်ကြီးနဲ့ဘကြီးဘုန်းကြီး မကြွလာမခြင်း
အခြေနေကိုထိန်းထားဖို့နဲ့ တခြားသူတွေ
ဆရာတွေဘာတွေနဲ့မလုပ်ဖို့မှာလိုက်တယ်ဗျ
ကျုပ်လဲဖက်ထီးနဲ့လိုက်သွားပြီး ကျွန်းကြီးရွာကိုရောက်တော့ ကျောင်း၀မှာလူတွေ
အုံနေတယ်ဗျ ဘာလဲဆိုပြီးကြည့်လိုက်တော့
ဟာဗျာ ကျုပ်တို့ခြေတစ်လှမ်းနောက်ကျသွားလေရဲ့ဗျာ ရွာကဂေါပကတွေက မွန်ပယောဂကုတဲ့ဆရာတစ်ယောက်နဲ့ ကျောင်း၀မှာ ပွဲပေးပြီးအစီရင်လုပ်နေတယ်ဗျ မွန်ဆရာကြီးက ကန်တော့ပွဲက ငှက်ပျော်
သီးအစိမ်းတစ်လုံးကို ဖြုတ်လိုက်ပြီး
မန္တန်တစ်ပုဒ်ကို ရွက်လိုက်ပြီးပစ်ချလိုက်တယ် အုန်းးးးးဆိုတဲ့အသံနက်ကြီးအတူ
မီး‌လုံးကြီးအလိမ့်လိုက်ကောင်းကင်ပေါ်
သို့တက်သွားတယ်ဗျ အမလေးဘုရား နွားဖြူကြီး
ဂျိုကြီးနှစ်ဖက်က ကားကားကြီးနဲ့ နွားချော
နွားလှကြီးဗျ သစ်သားကျောင်းကြီးပေါ်သို့
ပြေးတက်သွားတာဗျာ ကျောင်းကြီးပေါ်လဲ
ရောက်ရော အုန်းးးဒိုင်းးးဆိုတဲ့အသံတွေ
ဆူညံ့နေလို့ဗျို့နာရီ၀က်နေတော့ ဖုန်းးးး
ဖုန်းးးးးနဲ့လက်ဝါးရိုက်သံကြီးကမိုးခြိမ်းတယ်လို့တောင်ထင်ရတယ် အကျယ်ကြီးသုံးချက်
ကြားရတယ်ဗျို့ အတန်ကြာတော့ ဂျိုတွေ
ကျိုးပဲ့နေတဲ့နွားရုပ်ကြီးတစ်ခု ကန်တော့ပွဲ
နားမှာမီးလောင်နေတယ် မွန်ဆရာကြီးလဲ
အားးးး ပူတယ် ပူတယ်ဆိုးပြီး လူအုပ်ကြား
ထဲကထွက်ပြေးသွားတယ်ဗျ ကျုပ်လဲ ဖက်ထီးနဲ့အတူထမင်းချက်ဆောင်မှာနေပြီး
အခြေနေ‌ေစာင့်ကြည့်နေတယ် ညနေ၅နာရီ
လဲရောက်ရော ကျောင်းပြတင်းပေါက်တံခါး
ကြီးက လေမတိုက်ပဲ ပိတ်လိုက်ဖွင့်လိုက်လုပ်
နေတယ် စင်းကြံသွားနေတဲ့ခြေသံတွေက
သစ်သားကျောင်းကြီးပေါ်မှာ တဖျက်ဖျက်နဲ့
ကြားနေရတယ် အခန်းထဲက လက်သည်းနဲ့
ကုတ်ခြစ်နေတဲ့ဗျင်းးး ဗျင်းးးဆိုတဲ့အသံကြီး‌တွေကိုလဲ အတိုင်းထား ကြားနေရတယ်
‌ကျုပ်ထမင်းချက်အဆောင်က လှမ်းကြည့်တော့ အမလေးဘုရား ကျုပ်ပါးစပ်က
ဘုရားပါတသွားရတယ် အင်းတော်ကြီးရဲ့
အစွမ်းကြောင့်ဘုန်းကြီးဦးခေမာကိုကျုပ်မြင်
ရတာဗျို့ အရပ်ကြီးက ၁၆တောင်လောက်ရှိတယ် သက်န်းအဝါကြီးကို ဦးခေါင်းခြုံထား
ပြီး မတ်တပ်ကြီးရပ်နေတယ်ဗျို့ ကျုပ်ဘက်ကိုကျောပေးပြီးရပ်နေတာ စိတ်မကောင်းလိုက်တာဗျာ မကြောက်တက်တဲ့ကျုပ်တောင် အသားတွေတစ်ဆတ်ဆက်တုန်နေပြီး‌ ကျောကုန်းကိုအပ်တစ်ထောင်လောက်နဲ့
တစ်ပြိုင်ထဲထိုးနေသလိုခံစားရပြီး ခြေဖျား
လက်ဖျားတွေပါ အေးစက်လာတယ်
သာမန်တစ်ကြိမ်မှမတွေ့ဖူးတဲ့လူသာမြင်
လိုက်ရရင်နေရာတွင်နှလုံးရပ်ပြီးသေနိုင်
တယ်ဗျ မနက်ကျတော့ ရေကျော်ဆရာတော်ကြီးနဲ့အတူဘကြီးဘုန်းကြီးလဲကြွလာတယ်
ပြီးတော့ဆရာကြီးဦးရန်သိန်းလဲပါလာတယ်ဗျ ကျုပ်ကိုအခြေနေမေးတော့ ညကမြင်ခဲ့တဲ့အကြောင်းကိုလျောက်ပြလိုက်တော့
ဆရာတော်ကြီးနဲ့ဘကြီးဘုန်းကြီးလဲ
စိတ်မကောင်းဖြစ်နေတယ်ပြီးတော့
ရေကျော်ဆရာတော်ကြီးကမိန့်တယ်ဗျ
ကျောင်းခြံထဲမှာ ယာယီ ဝါးကျောင်းလေး
ဆောက်ပြီး၅ရက်ကို သက်သက်လွတ်စားပြီး
အာဋာနာဋိယသုတ်ကို ရေကျော်ဆရာတော်ကြီးကိုယ်တိုင်ရွတ်ဖတ်တယ်ဗျ ၆ရက်နေ့ရောက်တော့ မေတ္တာပို့တယ် ၇ရက်နေ့ရောက်တော့ ကျောင်းလှေခါး၀မှာ ရေကျော်ဆရာ
တော်ကြီးကိုယ်တိုင် နောက်ပါရဟန်း၂၈ပါးနဲ့
ကမ္မဝါစာကို သုံးကြိမ်တိုင်တိုင်ရွတ်တယ်ဗျ
ကမ္မဝါစာသုံးကြိမ်ဆုံးတော့ နောက်ပါရဟန်း
တော်တွေက သာဓု သာဓု သာဓု သုံးကြိမ်ခေါ်တယ်ဗျ ထူးဆန်တာက သာဓုခေါ်တဲ့အသံ
တစ်ခုသည် ဘုန်းကြီးဦးခေမာအခန်းထဲက
ဦးခေမာအသံနဲ့ခေါ်နေခြင်းဖြစ်သည် အသံ
ဆုံးသည်နဲ့တပြိုင်နက် ဦးခေမာရဲ့ သစ်သား
ကျွန်းကုတင်ကြီးသည် သူ့အလိုလို
ပြိုကျပျက်စီးသွားလေသည် ထိုအခါလူပရိတ်သတ် ရဟန်းပရိတ်သတ်များကို
ရေကျော်ဆရာတော်ကြီးက မစိုးရိမ်ကျကုန်လင့် ကျောင်းသို့စွဲသော ဘုန်းကြီးဦးခေမာ
သည် ‌‌ကျွတ်လွတ်၍ကောင်းရာဘုံရောက်ရှိသွားပြီဟု ကျောင်းစောင့်နတ်မှပြသောနိမိတ်ဖြစ်သည် နောက်နေ့ကစ၍ဤကျောင်းမှ
နေ၍သာသနပြုမည့်ရဟန်းများသည်
အခက်ခဲမရှိချမ်းသာစွာသာသနပြုနိုင်မည်ဖြစ်သည်ဟုမိန့်ကြားလေသည်။

စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။

နောက်ထပ်စိတ်၀င်စားဖွယ်ဖြစ်ရပ်ဆန်းများကိုထုတ်နုတ်ရေးသားသွားမည်ဖြစ်ပါ၍
အားပေးကျပါဦးဗျို့။