ပီယဆေး

မိန့် အခု
ချက်ချင်း ချင်းဆိုချင်း၊ နင်းဆိုနင်း၊ ဝင်ဆိုဝင်၊
ကပ်ဆိုကပ်၊ ပူးဆိုပူး၊ ဗျမ်း……”

“အောင်မယ်လေးတော့”

“အောင်မယ်လေးဗျ”

ကိုပေသီးက အမိန့်ပြန်တမ်းအဆုံးမှာ
လက်ထဲက ဆေးကြိမ်လုံးနဲ့ ကြမ်းပြင်ကို
ဗျမ်းကနဲ ရိုက်လိုက်တော့ ပရောဂတော့
မသိဘူး ဘေးကဝိုင်းကြည့်နေတဲ့လူတွေ
လန့်ပြီး ထအော်ကြတော့တာပဲဗျို့။ကျုပ်
တောင် တုန်သွားသေးတယ်။

ကိုပေသီးကတော့ ခပ်တည်တည်ပဲဗျ။
နှုတ်ခမ်းမွှေးပြားပြားကြီးကို လက်နဲ့တစ်ချက်
သပ်လိုက်ပြီး ပရောဂကုတဲ့မိန်းမကို သူ့မျက်
လုံးပြူးပြူးကြီးနဲ့ စိုက်ကြည့်နေတာ
မျက်တောင် တစ်ချက်မခတ်ဘူးဗျို့။

သူ့ရှေ့မှာ ကြုံ့ကြုံ့ကလေးထိုင်ပြီး ဘုရား
စင်ကို လက်အုပ်ချီထားတဲ့ မိန်းမက လက်
တွေ ကွေးကောက်လာတော့တာပဲ။

“လာခဲ့…လာခဲ့ ငါဆရာပေသီး ရှေ့မှောက်
အရောက်လာခဲ့၊ ချင်းဆိုချင်း၊ နင်းဆိုနင်း၊
ကပ်ဆိုကပ်၊ ဝင်ဆိုဝင်၊ အခုဝင်လိုက်စမ်း
ဗျမ်း…”

“အောင်မယ်လေး”

ကိုပေသီးက ကြမ်းပြင်ကို ဆေးကြိမ်လုံးနဲ့
‘ဗျမ်း’ခနဲ ရိုက်၊ လူတွေကလည်း လန့်အော်။
ဒါပေမဲ့ ကျုပ်ကြည့်တယ်ဗျ။ သူတို့အားလုံး
မျက်လုံးတွေကတော့ ပရောဂပူးနေတဲ့ မိန်း
မကို စိုက်ကြည့်နေလိုက်ကြတာ အသက်
တောင် ရှုမိကြပုံမပေါ်ဘူးဗျို့။

တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့ထိုင်နေတဲ့မိန်းမက
တုန်တုန်ရီရီဖြစ်လာပြီး အတုန်ရပ်သွားတဲ့အ
ချိန်မှာ ကျုံ့ကျုံ့ထိုင်ကနေ ဆတ်ကနဲတင်ပျဉ်
ထချိတ်တော့တာပဲဗျာ။

ပြီးတော့ ဆရာကိုပေသီးကိုလည်း
စူးစူးကြီးကြည့်နေတော့တာ။ ကိုပေသီး
ကလည်း ဘာရမလဲ ပရောဂကို မျက်
တောင်မခတ်ဘဲ ပြန်ကြည့်တယ်ဗျို့။

“သြော် …ယောင်္ကျားကိုး၊ ငါက မိန်းမ
ကပ်နေတယ်ထင်တာ၊ ကဲ ပြောစမ်း
ဟေ့ကောင် မင်းဘယ်သူတုံး”

ကိုပေသီးက လက်ထဲက ဆေးကြမ်းလုံးကို
မြှောက်ပြီး ရိုက်မလို လုပ်မေးတာဗျ။ဒါပေမဲ့
ဝင်ပူးနေတဲ့ သရဲက နည်းနည်းတောင်
မတွန့်ဘူးဗျို့။

“မင်း ငါ့ကို ရိုက်ရဲရင် ရိုက်လိုက်လေကွာ
ဒီမိန်းမအသက်ကို အခုချက်ချင်း နှုတ်ပစ်
လိုက်မယ်၊ ငါ့ကို ဘာများအောက်မေ့နေ
ကြတုံး”

“အေး မင်းကို ငါ မရိုက်ဘူး။ မင်း ဘယ်သူလဲ
ဆိုတာပြော”

“ငါက နောက်ဘက်တောမှာနေတဲ့ကောင်ဟေ့”

“ဟင် အနောက်ဘက်တောမှာနေတဲ့ကောင်က
မပုကြည်ကို ဘာကြောင့် ဝင်ကပ်နေတာတုံး”

“ဟောဒီ ကောင်မက အားကြီးနှုတ်ကြမ်းတာ၊
ငါနေတဲ့ ကျည်းပင်ကြီးအောက်မှာ လာပြီး စ
တည်းချတယ်။ ချက်ပြုတ်စားတယ်။တောထဲ
ဝါးလာခုတ်တိုင်း ငါ့အပင်အောက်မှာ စတည်း
ချတာ။ ပါးစပ်က လွှတ်ကြမ်းတဲ့မိန်းမကွ။ငါတို့
လို သက်ကြီးဝါကြီးတွေကို အစားအသောက်
ကလေး တစ်ဆုပ် တစ်လုတ် ကျွေးရမှန်းလည်း
မသိ။ လင်ကို ဆဲလိုဆဲ။ ယုတ်ယုတ်မာမာတွေ
ကလည်း ပြောလိုက်တာ လွန်ပါရော။သင်းကို
ကျောင်းမှန်းကန်မှန်းသိအောင် ငါလုပ်ထား
တာ။ ဒီကောင်မ တစ်နေ့သုံးခါ ဗိုက်အောင့်
တယ်မို့လား။ လိမ့်နေအောင် ခံရတာမို့လား။
အေး မှတ်လောက်သားလောက် ရှိအောင် ငါ
လုပ်ထားတာ”

“မင်း နာမည် ဘယ်သူလဲ”

“ငါ့နာမည်တော့ ငါမသိဘူး။ တခြားသရဲတွေ
ခေါ်ကြတာကတော့ မွှေးနီကြီးတဲ့”

“အသက် ဘယ်လောက်ရှိပြီလဲ”

“ငါ အနောက်ဘက်တောကို ရောက်တော့
နင်တို့ရွာ ဒီနေရာမှာ ရှိတောင်မရှိသေးဘူး။
ငါ့အသက်က လေးရာကျော်ပြီ”

“ဟာ”

အားလုံး တအံ့တသြ ဖြစ်သွားကြတယ်။

“ငါလုပ်ရင် နင်တို့ တစ်ရွာလုံး တန်းစီသေသွား
တယ် ဘာမှတ်သလဲ”

“ကဲ ကဲ အနောက်ဘက်တောမှာနေတဲ့ကျုပ်ဘက်
အသက်အပုံကြီး ကြီးတဲ့ ဘမွှေးနီကြီးဗျာ၊ ကျုပ်
ဆရာပေသီးက မေတ္တရပ်ပါတယ်။ မပုကြည်ကို
ကျုပ်တို့အားလုံး ဝိုင်းဝန်း ဆုံးမပါ့မယ်၊ နောက်ကို
နှုတ်အာ မကြမ်းတမ်းဖို့ ပြီးတော့ ဘမွှေးနီနေတဲ့
ကျည်းပင်ကြီးအောက်မှာ စတည်းချ ချက်ပြုတ်
စားတဲ့အခါတိုင်း ဘမွှေးနီကိုလည်း ဖိတ်မန္တက
ပြုပြီး ကျွေးဖို့ မွေးဖို့ ပြောပေးပါ့မယ်၊ အခု
ဘမွှေးနီ ဘာများအလိုရှိပါသလဲ”

ကိုပေသီးက လေပြေကလေးနဲ့ မေတ္တာရပ်
ခံတယ်ဗျ။ မွှေးနီကြီးကို နည်းနည်းလန့်သွား
သလားတော့ မပြောတတ်ဘူးဗျို့။အမြဲတမ်း
တဝင့်ဝင့်လုပ်နေတဲ့ သူဆေးကြိမ်လုံးကို
တောင် ကြမ်းပြင်ကို ချထားလိုက်သဗျ။

“ငါ့ကို အမဲသားကျွေးကြ”

“ဟာ ကျွေးပါ့မယ်ဗျာ၊ ကျွေးပါမယ်။
ဘယ်လောက်များ စားချင်ပါသလဲ”

“သုံးပိဿာကျွေး”

“သုံးပိဿာ ဟုတ်လား။ ကျွေးမယ်ဗျာ
ကျွေးမယ်။ မနက်ဖြန် ညနေ နွားရိုင်းသွင်းချိန်မှာ
ဘမွှေးနီနေတဲ့ ကျည်းပင်ကြီးအောက်ကို လာ
ပို့ပေးမယ်။ ကျုပ်ကိုယ်တိုင်လာပို့မယ်။အခုတော့
ပုကြည်မကို လုပ်ထားတာတွေ တစ်ခုမကျန်
ပြန်ပြီး နှုတ်သွားပေးပါဗျာ မေတ္တာရပ်ခံပါတယ်
ပုကြည်မ မိမွေးတိုင်း ဘမွေးတိုင်း ဘာမှ ကပ်ငြိ
မကျန်ရစ်ခဲ့အောင် နှုတ်ယူသွားပါ ဘမွှေးနီ”

“အေး ကောင်းပြီ၊ ငါလုပ်ထားတာတွေ
ငါ အခု ပြန်သိမ်းလိုက်မယ်။နင်တို့ ကတိ
မတည်လို့ကတော့ တစ်ရွာလုံးကို ငါအသေ
သတ်မယ်”

“ဟာ မလုပ်ပါနဲ့ ကျွေးပါမယ်”

ဘေးကကြည့်နေတဲ့သူတွေ လန့်ပြီး
တစ်ယောက်တစ်ပေါက်အော်ကြ
တော့တာပေါ့ဗျာ။

“ဒီအတွက်တော့ စိတ်ချပါ၊ ကျုပ်ဟာ သီလ
သမာဓိနဲ့ ပြည့်စုံတဲ့ ဆရာပေသီးပါ၊ ကျုပ်
အာမခံပါတယ်”

လို့ ကိုပေသီးက ရုပ်တည်ကြီးနဲ့ ပြောလိုက်တော့
မပုကြည်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ
တော့တာပဲဗျာ။ လက်ကြီးတွေကားပြီး လေထဲကို
မြောက်တက်လာတယ်။ ပြီးတော့ သူ့တစ်ကိုယ်
လုံးကို လက်ဖဝါးနဲ့ သပ်ချတာဗျ။ လေး၊ ငါးခါ
သပ်ချလိုက်ပြီးတောါမှ။

“ဝါး”

ပါးစပ်ဖြဲပြီး သမ်းလိုက်တယ်။ မပုကြည်လည်း
ထိုင်နေရာကနေ ပျော့ခွေကျသွားတော့တာပဲ။

“ဟဲ့ …မပုကြည် …မပုကြည်”

ကိုပေသီးရဲ့ ကျယ်ကျယ်ကြီးနဲ့ အော်ခေါ်တဲ့
အသံကြောင့် မပုကြည် ဆတ်ခနဲ ဖြစ်ပြီး ခေါင်း
မော့လာတယ်။ ကိုပေသီးက သူရှေ့မှာ ချထား
တဲ့ ရေစင်ခွက်ထဲက ရေနဲ့ မပုကြည်ကို နှစ်ခါ
သုံးခါ တောက်လိုက်တယ်။ပြီးတော့ မျက်လုံး
ထဲကို မျက်စဉ်းလို ခတ်ပေးလိုက်သေးတယ်ဗျ။

“ကဲ…အားလုံး ရှင်းသွားပြီ။ ပုကြည်ရေ
နင့်ပါးစပ်ကို ဒီကနေ့ကစပြီး ထိန်းပေတော့။
နင် ကံကောင်းလို့ မသေတာ။ ငါလိုဆရာနဲ့
တွေ့ပေလို့ပေါ့။ တော်ရုံတန်ရုံနဲ့ တွေ့လို့
ကတော့ နင်အသက်ပါသွားလောက်ပြီဟေ့၊
နဲတဲ့ကောင်ကြီး မဟုတ်ဘူး။ ခင်ဗျားတို့
အားလုံး ကြားလိုက်တဲ့အတိုင်းပဲလေ”

“ဟုတ်ပတော် ပုကြည်ရယ်၊ နင်လေ
ဆရာကိုပေသီး ကယ်လိုက်ပေလို့ပဲ နင်
မလွယ်ဘူး။ နင့်ပါးစပ်ကလည်း တယ်ကြမ်း
သကိုး ကဲ…မနက်ဖြန်ကို မြို့ကို စောစော
ထသွား။ အမဲသား သုံးပိဿာ ဝယ်ခဲ့”

အရီးဒေါ်လုံးကြည်က ပြောလိုက်တော့
မပုကြည်ရဲ့ယောင်္ကျားကိုသာဒွန်းက…

“စိတ်ချ အရီး၊ ကျုပ် မနက်ကို ဝေလီဝေလင်း
ထသွားပြီး ဝယ်လာခဲ့မယ်၊ မနက်ဖြန်ညနေ
သွားရင်တော့ ဆရာကိုပေသီးလိုက်ခဲ့ပါဗျာ။
ကျုပ်တို့ချည်း မသွားရဲဘူးဗျ”

“အေးပါ ငါလိုက်ခဲ့ပါမယ် သာဒွန်းရာ၊
ပြီးတော့ မနက်ဖြန်ကြရင် ငှက်ပျောဖက်
ကြီးကြီး သုံးလေးရွက် ခုတ်ထားကြဟေ့”

“စိတ်ချ စိတ်ချ ကိုပေသီး၊ ကျုပ်တို့ အားလုံး
အဆင်သင့် လုပ်ထားလိုက်ပါ့မယ်”

ပရောဂထုတ်တဲ့ပွဲကတော့ အောင်အောင်မြင်မြင်
ကို ပြီးသွားတာဗျို့။ နေ့တိုင်း ဗိုက်အောင့်လို့ အော်
နေရတဲ့ မပုကြည်လည်း ယူပစ်သလိုကို ပျောက်
သွားတာဗျို့။ ရွာသားတွေ အားလုံး အံ့သြကြတာ
ပေါ့ဗျာ။ ကိုပေသီးရဲ့ သတင်းလည်း ကျော်ထွက်
လာတော့တာပေါ့ဗျာ။ ဟိုရွာကလာခေါ်၊ ဒီရွာက
လာခေါ်နဲ့ လက်တောင်မလည်ဘူးဆိုပဲ။ကျုပ်
လည်း နောက်ပိုင်းတော့ ကိုပေသီးနဲ့ သိပ်မ
တွေ့ဖြစ်တော့ပါဘူးဗျာ။

XxXX

တစ်နေ့တော့ ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့
မန်ကျည်းပင် အောက်က ကွပ်ပျစ်မှာ တုံးလုံး
လဲနေခဲ့တယ်ဗျ။

“ကိုကြီးတာတေ ကိုကြီးတာတေ ”

“ဟေလကွာ၊ ဘယ်သူတုံးဟ လာခဲ့ လာခဲ့
ငါ ဒီမှာ ရှိတယ် ”

ကျုပ်က မကျည်းပင်အောက်က အသံပြု
လိုက်တော့ ဝိုင်းထဲကို ကောင်လေးတစ်
ယောက်ဝင်လာတယ်။

“ဟ မျက်ပြူးပါလား၊ လာလေကွာ”

မျက်ပြူးက ကျုပ်လှဲနေတဲ့ ကွပ်ပျစ်အစပ်မှာ
ဝင်ထိုင်လိုက်တယ်။

“ကိုကြီးတာတေ ရွာပြင်ဘက်က ဇရပ်ပေါ်မှာ
လူကြီးတစ်ယောက် ရောက်နေတယ်၊ အဲ့ဒီ
လူကြီးက ပြောခိုင်းလိုက်လို့ ကျုပ်လာပြောတာ”

“ဟေ ဘယ်သူတုံးကွ”

“ကျုပ်လည်း မသိဘူးဗျ၊ ကျုပ်တို့
ထနောင်းကုန်းကတော့ မဟုတ်ဘူး”

“လူပုံလည်း ပြောဦးလေ”

“အသားမည်းမည်း မျက်လုံးပြူးပြူး
နှုတ်ခမ်းမွှေးကြီးနဲ့ဗျ။ လူပုံစံကတော့
တစ်မျိုးကြီးပဲ ကိုကြီးတာတေ”

“သြော် …အရပ်ပုပုလား”

“ဟုတ်တယ် အရပ်ပုပုနဲ့ လူကြီးဗျ”

“သြော်…ငါသိပြီ မျက်ပြူး၊ အဲဒါ ကိုပေသီးပဲ။
အေး…အေး ငါသွားလိုက်မယ်၊ ဒီလူ ဘာများ
ကိစ္စရှိလို့ပါလိမ့်”

မျက်ပြူးပြန်သွားတော့ ကျုပ်လည်း ပုဆိုး
တစ်ထည် ပခုံးပေါ်တင်ပြီး ထွက်လာခဲ့တယ်။
ရွာပြင်က ဇရပ်ပေါ်ရောက်တော့ မျက်စေ့ကြီး
စုံမှတ်ပြီး တရားထိုင်သလို ဘာလို လုပ်နေတဲ့
ကိုပေသီးကို တွေ့လိုက်တယ်။ ကျုပ် ခြေသံ
ကြားတော့ မျက်စေ့ပြူးပြူးကြီးကို ဖွင့်ကြည့်ပြီး

“ဟာ တာတေ လာကွာ။ ငါ မင်းနဲ့ တွေ့ချင်လို့
လာခဲ့တာကြ”

“ကိုပေသီးကလည်းဗျာ။ ရွာထဲဝင်ခဲ့ရင် ပြီးရော၊
အိမ်လည်း သိလျက်သားနဲ့။ ကဲ လာ အိမ်ကို
သွားမယ်”

ကိုပေသီးက ကဗျာကယာ လက်ကာပြ
ူတယ်ဗျ။

“မဟုတ်ဘူးတာတေရဲ့။ ဆရာသမားတွေက
ရွာတစ်ရွာကို ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း
ထွက်လို့ မကောင်းဘူးလေကွာ၊ ရွာတိုင်းမှာ
ရွာသူဆိုတာ ရှိတယ်။ ရွာစောင့်တွေ ရှိတယ်
သူတို့ကို အကြောင်းပြုပြီးမှ ဝင်လို့ထွက်လို့
ရတာကွ။ ဒါကြောင့် အလုပ်ရှုပ်လို့ မဝင်
တော့တာ။ ဒီမှာပဲ ပြောစရာကိစ္စကို ပြော
ကြတာပေါ့ကွာ”

“သြော် ဒါကြောင့်လား ကဲ…ဒါဆိုလည်း
ဒီမှာပဲ ပြောကြတာပေါ့ဗျာ”

ကိုပေသီးက သူ့လွယ်အိတ်ကြီးထဲက
သနပ်ဖက်ဆေးလိပ်အသစ်တစ်လိပ်ကို
ထုတ်ပေးပြီး…

“ကဲ ဆေးလိပ်ကလေး ဖွာလိုက်ပါဦးကွာ၊
အမောပြေပေါ့”

လို့ ပြောရင်း မီးခတ်ကလေး ထုတ်ပေးသဗျာ။
ကိုပေသီး ကိုင်နေကြ မီးခတ်ကလေးဗျ။
ဓနုဖြူကလုပ်တဲ့ ကြေးဝါမီးခတ်လေ။
ကျုပ်လည်း ဆေးလိပ်မီးညှိပြီး တစ်ဖွာ
နှစ်ဖွာ ဖွာလိုက်တယ်။ ကိုပေသီးက
စကားစတယ်။

“ငါလာတာ ကိစ္စ တစ်ခုရှိလို့ကွ တာတေရဲ့၊
ဒီနေ့မနက် အစောကြီးက တို့ရွာတောင်ဘက်က
ငွေတွင်းကုန်းမှာ ကောင်မလေးတစ်ယောက်
ပိုးထိပြီး သေသွားတယ်ကွာ”

“ကိုပေသီး မြွေကုနိုင်တာပဲ။
သွားမကုဘူးလား”

“ငါ့ကိုလာပင့်လို့ လိုက်သွားတယ်လေ။
ဒါပေမဲ့ ငါရောက်တော့ မမီတော့ဘူး
တာတေရ၊ ကောင်မလေး ဆုံးသွားပြီ”

“အို ဖြစ်မှဖြစ်ရလေဗျာ”

“အေး မြွေဆိပ်က တစ်ကိုယ်လုံးပြန့်နေပြီကွာ၊
ငါရောက်တော့တစ်အိမ်လုံး ငိုနေကြပြီ။ ငါလည်း
အိမ်ပေါ်မတက်တော့ဘူးလေကွာ။ လှည့်ပြန်
လာခဲ့တယ်။ အဲဒီမှာတင် ငါအရမ်း အံ့သြ
သွားတာကွ”

“ဟင် ဘယ်လိုဖြစ်လို့လဲ”

“ဒီလိုကွ တာတေရ၊ ဒီနေ့ တနင်္ဂနွေနေ့
မဟုတ်လား”

“ဟုတ်တယ်လေဗျာ၊ ဒီနေ့ တနင်္ဂနွေနေ့”

“အေး ကောင်မလေးဆုံးတာ မနက် ငါးနာရီ
ထိုးလောက်ကွ၊ အဲဒါ တနင်္ဂနွေအခါပဲကွ၊ပြီး
တော့ ဒီနေ့က ပြာသိုလဆန်းတစ်ရက်လေ။
ပိုးထိတဲ့ ကောင်မလေး အသက်က ၁၆ နှစ်
တဲ့ အပျိုစစ်စစ်ပဲ။ နာမည်က အေးဝင်းတဲ့
တနင်္ဂနွေသမီးတဲ့ကွ”

“ဟင် အဲဒီတော့ ဘာဖြစ်တုံးဗျ၊ ကိုပေသီးရဲ့”

“ဟာ အဲဒီမျိုးက အင်မတန် ကြုံတောင်
ကြုံခဲကွ တာတေရ။ ပီယဆေးကွ၊ ပီယဆေး”

“ဗျာ…ပီယဆေး ဟုတ်လား ကိုပေသီး”

“ဟုတ်တယ်လေကွာ၊ ပီယဆေးဖော်လို့
ရတယ်ကွ”

“ပီယဆေး ဆိုတာ တကယ်ကော ရှိလို့လားဗျ”

“ဟကောင် တာတေရ ရှိတာပေါ့ကွ၊ သိပ်ရှိ
တာပေါ့၊ ပီယဆေးဆိုတာ ယောင်္ကျား၊ မိန်းမ
ကိစ္စတင် ပြောတာမဟုတ်ဘူးကွ။ ကိုယ်ပြော
သမျှ အောင်တာကွ။ ကိုယ်လိုချင်တာအကုန်
ရတာကွ။ စီးပွားရေးလုပ်ရင် မင်းသူဋ္ဌေးဖြစ်ပြီ
ပေါ့ကွ။ မင်းမလိုချင်ဘူးလား”

“ဟာ ဒီလိုဆိုရင် လိုချင်တာပေါ့ဗျ။ ဒီဆေး
သာရရင် မြို့တက်ပြီး ပဲပွဲရုံ၊ နှမ်းပွဲရုံ ထောင်
ပစ်လိုက်မှာပေါ့ဗျ”

“ကဲ ပြောဗျာ ကိုပေသီး၊ ဘယ်လိုလုပ်ရမှာလဲ”

“ဟာ ဒါတွေ ငါတတ်ပါတယ်ကွ။ ငါပိုင်ပါတယ်။
အေး အခုလိုမျိုး လတစ်လရဲ့ လဆန်းတစ်ရက်
မှာ တနင်္ဂနွေကျဖို့ ။ အဲ…ဒီတနင်္ဂနွေကျတဲ့လမှာ
တနင်္ဂနွေအခါမှာ တနင်္ဂနွေသမီ အပျိုစစ်စစ်
တစ်ယောက် အစိမ်းသေသေဖို့ဆိုတာတွေက
ကြုံဖို့ မလွယ်ဘူးကွ။ အခုတော့ ကြုံပြီဟေ့။
စောစောကပဲ သူတို့ အသုဘချလိုက်ကြပြီ။
မြှုပ်ထားတဲ့မြေပုံကို သေသေချာချာ မှတ်
ပြီးမှ ငါ မင်းဆီကို လာခဲ့တာကွ”

“ဟင် ချက်ချင်း သင်္ဂြု ိဟ်တာလား”

“ဟာ ဒါမျိုးက ရက်မထားကြဘူးကွ အစိမ်း
သေလေ။ ချက်ချင်း ချရတယ်။ ရက်ထားရင်
ရွာခိုက်တတ်တယ်ကွ”

“သြော် …ဒီလိုလား”

“အေး ညမိုးချုပ်တာနဲ့ မင်း ပေါက်တူးတစ်လက်
ဆွဲပြီး ငွေတွင်းကုန်သုသာန်ကို လာခဲ့ပေတော့။
ငါလည်းပေါက်တူး တစ်လက် ယူခဲ့မယ်။ပြီးတော့
လိုတာတွေ ငါ အားလုံးယူခဲ့မယ်။ မင်းလာရဲ့လား
တာတေ”

“ဟာ ကိုပေသီးကလည်း တာတေပါဗျ။
ဒီလိုထူးထူးဆန်းဆန်း ကိစ္စမျိုးဆိုရင်
တာတေတို့က အခုလား ဆိုတာမျိုးဗျ။
စိတ်သာချ ညကျရင် ကျုပ်အရောက်
လာမယ်”

“အေး ကောင်းပြီ။တို့က သန်းခေါင်မကျော်
ခင် လုပ်ရမှာနော်၊ဟိုဘက်ရက်ကို ကူးသွား
ရင် မအောင်တော့ဘူးသိလား”

“သြော် ဒီလိုလား။တနင်္ဂနွေမကျော်ခင်
အပြီးစီရင်ရမှာပေါ့”

“အေး ဟုတ်တယ် တာတေရ၊ ကဲ ငါ
ရွာပြန်ပြီး စီစဉ်စရာတွေ စီစဉ်လိုက်ဦးမယ်”

ကိုပေသီး ပြောပြောဆိုဆိုနဲ့ လွတ်အိတ်ကြီး
လွယ်ပြီး ထွက်သွားတယ်။ ကျုပ်လည်း ရွာကို
ပြန်လာခဲ့တာပေါ့။ ကိုပေသီး ပြန်သွားတော့ပဲ
ညနေလေးနာရီလောက် ရှိနေပြီဗျ။ကျုပ်လည်း
မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ အသာ
ပြန်ထိုင်ပြီး ကိုပေသီးပြောတာတွေကို ပြန်
တွေးနေမိတယ်။

ပီယဆေး ဆိုတာ တကယ်ရှိတာကိုး။
ဒီဆေးရရင် ပြောတိုင်းအောင်ဆိုပဲ။
ပြီးပြီပေါ့ဗျာ တာတေတစ်ယောက် သူဋ္ဌေး
ဖြစ်ပြီပေါ့ဗျာ။ ကျုပ် မျက်စိထဲမှာ အခုကို
မြင်နေပြီဗျ။ ကျုပ်က အင်္ကျီအကောင်းစား
ပုဆိုးအကောင်းတွေနဲ့၊ ကျုပ်ပိုင်တဲ့ ပဲပွဲကြီး
ရှေ့က မော်တော်ကားတစ်စီးဘေးမှာ ရပ်
လို့ဗျ။ ပွဲရုံနာမည်ကလည်း ဘာတဲ့”တာတေ
ပဲ၊ နှမ်း ရောင်းဝယ်ရေး”တဲ့ဗျ။ကျုပ် အလုပ်
သမားတွေကလည်း ပဲအိတ်၊ နှမ်းအိတ်တွေ
ထမ်းလို့ပေါ့ဗျာ။

“ဟဲ့ …တာတေ ငုတ်တုတ်ကြီးထိုင်ပြီး
ပြုံးပြုံးကြီးတော် ဘာတွေများ သဘောကျ
နေတာတုံးဟဲ့၊ လာလေ ထမင်းစားရအောင်”

အမေ့အော်သံ ကြားလိုက်တော့မှ ကျုပ်လည်း
လန့်ပြီး အတွေးတွေ ရပ်သွားတော့တာပေါ့ဗျာ။

နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ် ဖွာရင်း
ပေါက်တူးကို မန်ကျည်းပင်အရင်းမှာ ထောင်
ထားလိုက်တယ်။ သုံးတောင့်ထိုး ဓါတ်မီးကို
လည်း မသိမသာ ကျုပ်ယူထားလိုက်တယ်။

XXXXX

မိုးစုံးစုံးချုပ်ပြီဆိုတော့မှ ဓါတ်မီးလေး ခါးမှာ
ထိုးပြီး ပေါက်တူးကို ပခုံးမှာထမ်းပြီး ကျုပ်
ထွက်လာခဲ့တယ်။လကွယ်ညဗျ ကြယ်ရောင်
ကလေးလောက်ပဲ ရှိတာ။ဒါပေမဲ့ ဒီလမ်းတွေ
က ကျုပ်အဖို့တော့ ကြိုက်တဲ့အချိန် ထသွား
နေကြလမ်းတွေပါဗျာ။

ငွေတွင်းကုန်း သုသာန်ကို ရောက်ဖို့ဆိုရင်
ဘန့်ဘွေးကုန်းဘက်ကို အရင်သွားရမယ်။
ပြီးတော့ ဘန့်ဘွေးကုန်း တောင်ဘက်က
ညောင်ကြပ်ပင်ကြီးရောက်ရင် အနောက်
ဘက်ကို ချိုးချလိုက်ရုံပဲလေ။

စုစုပေါင်း နှစ်နာရီလောက်တော့ သွားရမယ်
ထင်တယ်။ ကျုပ်လည်း ပေါက်တူးတစ်လက်
ထမ်းပြီး သုတ်ချေတင်ရတော့တာပေါ့ဗျာ။
တစ်ချက်တစ်ချက်တော့ ကျောထဲက စိမ့်
သွားသားဗျ။ ပီယဆေးလိုချင်တဲ့ဇောက
ကပ်နေတော့ သိပ်မကြောက်လှဘူးပေါ့ဗျာ။

ဘန့်ဘွေးကုန်း တောင်ဘက်က ညောင်ကြပ်
ပင်ကြီးအောက်ရောက်တော့ သစ်ပင်ကြီး
ပေါ်က ဇီးကွက်တစ်ကောင်လား မသိပါဘူး

ထအော်လိုက်တာ ကြက်သီးတွေ ဖြန်းခနဲ
ထသွားလိုက်တာ စိတ်ထဲကနည်းနည်း
ကြောက်လာလိုက် ပီယဆေးအကြောင်း
တွေးလိုက်နဲ့ အနောက်ဘက်ကို ချိုးလိုက်
တယ်။ ငွေတွင်းကုန်း သုသာန်ရှိတဲ့ဘက်
ပေါ့ဗျာ။ ကိုပေသီးကြီး ရောက်နေလောက်
ပြီ ထင်ပါရဲ့၊ ငွေတွင်းကုန်းသုသာန်အဝ
ရောက်တော့ သစ်ပင်အုပ်အုပ်ကြီးတွေ
နဲ့ တော်တော်ကို မှောင်ရိပ်ကြီးကျနေ
တာဗ်။

“ဝူး…ဝူး…ဝူး…ဝူး”

ရုတ်တရက်ကြီး ခွေးအူသံကို ကြားလိုက်
ရတော့ ကျုပ် ဆံပင်တွေတောင် ထောင်
သွားသလားလို့တောင် ထင်လိုက်ရတယ်
ကျုပ်လည်း ခါးကြားက ဓါတ်မီးကလေး
ထုတ်ပြီး ထိုးရတော့တာပေါ့ဗျာ။

မြွေပါးကင်းပါးက ရှိသေးတယ်မို့လား။
ဓါတ်မီးနဲ့ ဟိုထိုးဒီထိုး လုပ်ပြီး သုသာန်
ဇရပ်ကို ရှာရတာပေါ့။ ကိုပေသီး ရောက်
နေရင်လည်း ကျုပ်လာတာကို တွေ့အောင်
ပေါ့ဗျာ။ မီးထိုးပြီး ဇရပ်ကို ရှာရတာလေ။
ဟော တွေ့ပြီ။ ကုက္ကိုပင် အုပ်အုပ်ကြီး
တွေအောက်မှာ ဇရပ်ကလေး။ ကျုပ်
ဇရပ်ပေါ်ရောက်တော့ ကိုပေသီးကို
ရှာလိုက်တယ်။မတွေ့ဘူးဗျ။

“ဝူး…ဝူး…ဝူး…ဝူး…”

ခွေးအုပ်ကြီး ရုတ်တရက် ထွက်လာပြန်တော့
ကျုပ်ဖြင့် လန့်သွားတာဗျာ။ မပြောပါနဲ့တော့။
မဟုတ်သေးပါဘူး။ ကိုပေသီးက ကြိုပြီး
ရောက်နေရမှာပါ။ ဘယ်လိုဖြစ်လို့ နောက်
ကျနေပါလိမ့်။

“ဖျောက်”

ဇရပ်နောက်ဘက်က သစ်ကိုင်းခြောက်
တက်နင်းသံ ကြားလိုက်ရလို့ ကျုပ်ချက်
ချင်း လှမ်းကြည့်လိုက်မိတာပေါ့။သြော်
ကိုပေသီးက ရောက်နေတာကိုး။ဇရပ်
ပေါ်တက်လာတဲ့ ကိုပေသီးကိုကျုပ်က

“ကိုပေသီး မရောက်သေးဘူး မှတ်လို့ဗျ”

“ငါရောက်နေတာ ကြာပါပြီကွ။
တနင်္ဂနွေသမီးကို ထားတဲ့သင်္ချိုင်းကို
သေချာအောင် သွားကြည့်တာပါ။
တို့ သိပ်တူးရမှာ မဟုတ်ပါဘူး။
မြှုပ်တဲ့သူတွေက ခပ်ဖွဖွပဲ ဖို့ခဲ့
တာကြ”

ကိုပေသီးက ဆေးပေါ့လိပ်ကို မီးညှိပြီး
ဖွာနေတယ်။

“ဝူး …ဝူး…ဝူး…”

ဒီတုန်းမှာပဲ ခပ်လှမ်းလှမ်းက ခွေးအူသံကြီး
ထွက်လာပြန်တယ်ဗျ။

“ဝူး…ဝူး…ဝူး…”

ဒီတစ်ခါ ခွေးအူသံက ပျောက်မသွားဘဲ
ကျုပ်တို့ဘက်ကို လာနေသလိုပဲ။ ကျုပ်
ခွေးအူသံကို နားစွင့်နေတုန်းမှာပဲ…

“ကဲ …တာတေ ငါတို့ အလုပ်စလုပ်
ကြရအောင်”

ကိုပေသီးက ပြောပြောပြောဆိုဆို
ထလိုက်တယ်။ ကျုပ်လည်း ပေါက်တူး
ကို ဆွဲပြီး ထလိုက်တယ်။

“ငါ ပေါက်တူးက မြေပုံနားမှာ ထားခဲ့တယ်”

ကျုပ်နဲ့ ကိုပေသီး မြေပုံနားကို ရောက်တော့ …

“ဒီမြေပုံပဲကွ။ဒါ တနင်္ဂနွေသမီးရဲ့မြေပုံလေ”

ကိုပေသီးက မြေပြင်ကို ထိုင်ချလိုက်တယ်။
သူယူလာတဲ့ မီးအိမ်ကလေးကို မှန်ပြောင်း
မပြီး မီးထွန်းလိုက်တယ်။မီးအိမ်ကလေးက
သင်္ဘောတွေမှာသုံးတဲ့ လေကာပါတဲ့ မီးအိမ်
ကလေးဗျ။

“ကဲ …မင်းတို့ ဓါတ်မီးကို ချထားလိုက်
တာတေ၊လိုမှပဲ ဓါတ်မီး သုံးကွ။အဝေးက
လှမ်းမြင်နိုင်တယ်”

ကျုပ်တို့ နှစ်ယောက် ပုဆိုးခပ်တိုတိုပြင်
ဝတ်လိုက်ကြပြီး မြေပုံကို တူးဖို့လုပ်ရတာ
ပေါ့ဗျာ။ ဒီမှာတင် ကိုပေသီးက မြေပုံရဲ့
ခေါင်းရင်းက သွားပြီး ရပ်လိုက်တယ်။

“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါ့ကွန်၊မြောက်ဓူဝံအတွင်း
ကျုပ်ဆရာပေသီး၏ အမိန့်ပြန်တမ်း
သည်ပျံ့နှံ့ရောက်ရှိစေသတည်း။ကျုပ်
ဆရာပေသီးဟာ(၇)နှစ်ရက်သားသမီး
တို့ရဲ့ အကျိုးကို လိုလားသောအားဖြင့်
ဒီတနင်္ဂနွေသမီးရဲ့အကူအညီကို ယူ
လိုပါတယ်။ဒီကလေးမရဲ့ ဝိညာဉ်ကို
ဟန့်ထားထားခြင်း၊ထိန်းသိမ်းထားခြင်း၊
လှည့်ဖြားခြင်း၊ မရှင်းမရှိစေရ။ တနင်္ဂနွေ
သမီး သင်သည် ရောက်ရာအရပ်ကနေ
အခုချက်ချင်း ကျွန်ပ်ထံသို့ အရောက်
လာခဲ့ရမည်။ကျုပ်ဆရာပေသီးရဲ့အမိန့်
ဖျန်း ”

ကိုပေသီးက လက်ထဲမှာ ကိုင်ထားတဲ့
သူ့ရဲ့ဆေးကြိမ်လုံးနဲ့ မြေပုံမို့မို့ကြီးကို
ဖျန်းခနဲ မြည်အောင် ရိုက်လိုက်တယ်ဗျ။

“ကဲ တာတေရေ တူးကြစို့ဟေ့”

မီးအိမ်ရဲ့အလင်းရောင်ကလေးနဲ့ ကျုပ်တို့
နှစ်ယောက် သင်္ချိုင်းကိုစပြီး တူးတာပေါ့ဗျာ။
တော်တော်ကလေး တူးမိတော့ …

“ဒေါက် ”

“ဖြေး ဖြေး ဖြေး၊ ဖြေး…သေတ္တာကို
ထိနေပြီကွ”

ကျုပ်တို့နှစ်ယောက် ချွေးတွေပြန်လာတဲ့
အချိန်လောက်မှာပဲ သစ်သားခေါင်းကြီး
ပေါ်လာတာဗျ။ရုတ်တရက်ဆုံး၊ ရုတ်တရက်
သင်္ဂြု ိဟ်ရတာဆိုတော့ ခေါင်းက အကြမ်း
ထည်ကြီးပေါ့ဗျာ။

“တာတေရေ ခေါင်းကို ဖွင့်မယ်ဟေ့
မင်းနောက်ဆုတ်”

ကျုပ်တို့နှစ်ယောက်ဖော်ထားတဲ့ သစ်သား
ခေါင်းကြီးကို ကားရာခွရပ်ပြီး ကိုပေသီးက
အသင့်ယူလာတဲ့ သံကလော်နဲ့ ခေါင်းဖုံး
ကို ဖွင့်တာဗျ။

“အေး ရပြီကွ၊ ပွင့်ပြီ”

ပြောပြောဆိုဆိုနဲ့ ကိုပေသီးက ခေါင်းဖုံးကြီး
ကို မပြီး တူးထားတဲ့ မြေကြီးပုံပေါ်ကို တင်
လိုက်တယ်။မီးရောင်အောက်မှာ ကျုပ်မြင်
လိုက်ရတာက တစ်ကိုယ်လုံး မည်းပြာနေ
တဲ့ ကလေးမလေးရဲ့အလောင်းဗျ။မအေး
အေးဝင်းတဲ့ သနားပါတယ်ဗျာ။ ခမျာ အ
ရွယ်ကောင်းကလေးရောက်မှ သေရတာ။
ကိုပေသီးကတော့ သူ့လွယ်အိတ်ကြီးကို
ယူပြီး အထဲက ကျောက်ပျဉ်ကလေးကို
ထုတ်တယ်။

ပြီးတော့ သနပ်ခါးတစ်တုံး၊ရေထည့်ထား
တဲ့ ပုလင်းတစ်လုံး အလောင်းရဲ့ ရင်ဘတ်
ပေါ်ကို ကျောက်ပျဉ်တင်တယ်။ကျောက်
ပျဉ်ပေါ်မှာ သနပ်ခါးတုံးကလေး တင်ထား
တယ်။ရေပုလင်းကလည်း ဘေးမှာ ထောင်
လို့ဗျ။

“တနင်္ဂနွေသမီး အေးအေးဝင်း ဆရာခေါ်တယ်။
အခုချက်ချင်း အရောက်လာ ဘယ်သူမှ မဟန့်
တားစရေ ။ ငါ ဆရာ အမျိနျ့ ”

ကျုပ်လည်း မျက်လုံးကို ပြူးနေအောင်
ကြည့်တာပေါ့ဗျာ။ ဘာမှာတော့ မထူး
ခြားဘူးဗျ။ အလောင်းကလည်း ငြိမ်နေ
တာပါပဲဗျာ။

“တနင်္ဂနွေသမီး ငါဆရာပေသီး အမိန့် အခု
ချက်ချင်းလာခဲ့ ဒီကိုယ်ထဲကို ပြန်ဝင်လိုက်
အခု ပြန်ဝင်လိုက်”

အနောက်ဘက်က လေအေးကလေး
တစ်ချက် ဝေ့တိုက်သွားတယ်။တစ်ကိုယ်
လုံး စိမ့်ခနဲ ဖြစ်သွားတာကို ကျုပ် သတိ
ထားမိလိုက်တယ်။

“ဝူး …ဝူး…ဝူး…ဝူး…”

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီး
တစ်သံ ထွက်လာပြန်တယ်။

“ဖြန်း ဖြန်း ဖြန်း ဖြန်း”

ဇရပ်ခေါင်မိုးပေါ်က ငှက်တစ်ကောင် ထပြန်
သွားတဲ့အသံကို ကြားနေရတယ်။ခွေးအူသံ
က မရပ်တော့ဘူးဗျ။ ဆက်တိုက်ကို ထွက်
နေတော့တယ်။

“ဖြန်း…ဖြန်း…ဖြန်း…ဖြန်း…”

အနားက သစ်ပင်တွေပေါ်မှာ အိပ်တန်း
တက်နေတဲ့ ဗျိုင်းတွေတောင် ထပြန်ကုန်
တယ်ဗျ။ တစ်ခုခုပဲ ဆိုတာတော့ ကျုပ်တွေး
မိတယ်။ မီးရောင်ဖျော့ဖျော့ကလေးအောက်
မှာ တစ်ကိုယ်လုံး မဲပြာနေတဲ့ လူသေအ
လောင်းကြီးဗျ။ ပြီးတော့ မြေကျင်းဘေးမှာ
ထိုင်ပြီး တတွတ်တွတ်နဲ့ အမိန့်ပေးနေတဲ့
ဆရာကိုပေသီး၊ သင်္ချိုင်းတပြင်လုံး ဟိန်း
ထွက်နေတဲ့ ခွေးအူသံကြီး၊ တဖြန်းဖြန်း
ထပျံနေတဲ့ ငှက်တွေရဲ့အသံ။တော်
တော်ကို ချောက်ချားစရာကြီးပါဗျာ။
ကျုပ်ဖြင့် ကြက်သီးတွေ တဖြန်းဖြန်း
ထနေတော့ပေါ့ဗျာ။

“ဟာ”

ဒီတုန်းမှာပဲ ကျုပ် လုံးဝ တင်မထားတာ
တစ်ခု ဖြစ်သွားတယ်ဗျ။ ကျုပ်ဆိုတာ
တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတာပဲဗျို့။
ဘာဖြစ်လဲသိလား။ အလောင်းကြီးက မျက်
စိတွေ ဖျတ်ခနဲ ပွင့်လာတာဗျ။ ဟုတ်ရဲ့လား
လို့ ကျုပ် သေသေချာချာကြည့်တယ်။ဟုတ်
ပဗျာ။ မျက်လုံးကြီးတွေ ပြူးနေတာပဲဗျို့။

“အေး ဟုတ်ပြီ တနင်္ဂနွေသမီး ရောက်ပြီ။
ဟုတ်ပြီ ငါဆရာ အမိန့် ထ…ထ…ထလိုက်၊
ထထိုင်လိုက် ဆရာ့ကို ကူညီရမယ် ကူညီ
ရမယ် ထ…ထ”

ဟောဗျာ ထပြီဗျို့။ ထပြီ အလောင်းက
မျက်လုံးပြူးကြီးနဲ့ ထထိုင်နေပြီဗျ။အောင်
မယ်လေး တကယ်ကို ထိုင်တာဗျာ။

“ဟုတ်ပြီ တနင်္ဂနွေသမီး သနပ်ခါးတုံး
ကိုင်လိုက် ဟုတ်ပြီ ကိုင်လိုက်…ရေထည့်
ရေထည့်။ ငါဆရာ အမိန့် သွေး…သွေး
ဟုတ်ပြီ၊ သွေး”

ဟာ သွေးတယ်ဗျို့။ သွေးတယ်။ဒါဆိုရင်
ပီယဆေးရတော့မှာပေါ့။ ကျုပ် ဝမ်းသာ
သလို ဖြစ်သွားတယ်ဗျ။

“သွေးသွေး တနင်္ဂနွေသမီး အားကလေးစိုက်ပြီး
သွေးကွ၊ ရေထည့်ဦးလေ၊ ရေထပ်ထည့်”

ကိုပေသီးက အမိန့်တွေ တတွတ်တွတ်ပေးပြီး
အလောင်းကောင်ကို ခိုင်းနေလေရဲ့၊ အလောင်း
က သန်ခါးတော့ သွေးတယ်ဗျ။ သူခိုင်းသလို
ရေတော့ ထပ်မထည့်ဘူး။ ကျုပ် သေသေချာ
ချာ ကြည့်တယ်။သနပ်ခါးတွေထွက်နေတယ်ဗျ။

“ရေထည့်ဆို ထည့်လေ”

ကိုပေသီးက အမိန့်သံနဲ့ ခိုင်းတယ်ဗျ။အလောင်း
က ကိုပေသီးကို မျက်လုံးပြူးကြီးနဲ့ မော့ကြည့်
တယ်။ အောင်မလေး ကျုပ်ဖြင့် တုန်သွားတာ
ပဲဗျာ။ ကိုပေသီးက အမိန့်ပေးနေပေမဲ့ အ
လောင်းက ရေမထည့်ဘူးဗျ။

ကျုပ်စိတ်ထဲမှာ အလောင်းက နည်းနည်း
ပုံပြောင်းသွားသလိုပဲဗျ။ ကိုပေသီးကို
မကျေနပ်သလို ကြည့်နေတယ်။ ကိုပေ
သီးက သူ့ရဲ့ ဆေးကြိမ်လုံးနဲ့ ရွယ်လိုက်
ပြီး ထပ်ခိုင်းတယ်ဗျ။

“ကဲ…အခု ရေထည့်လိုက်စမ်း”

ဒီလိုတော့ ဟုတ်သားဗျ။ အလောင်းက
ရေပုလင်းကိုယူ ရေထည့်တယ်ဗျ။ကိုပေသီး
က ပုလင်း ခပ်လတ်လတ် အရွယ်တစ်လုံးကို
အဖုံးမှာ အပေါက်ကလေး ဖောက်ထားတာဗျ။
ရေက အနေတော်ပဲ ကျတာ။သွေးတယ်ဗျို့။
သနပ်ခါးတောင် တော်တော်ထွက်နေပြီဗျ။

“ဟုတ်ပြီ။ သွေး သွေး …ရေထည့်လိုက်ဦး
ရေထည့်လိုက်ဦး”

ကိုပေသီးက ရေထည့်ခိုင်းတယ်။ဒါပေမဲ့
အလောင်းက မထည့်ဘူးဗျ။ သနပ်ခါးသွေး
တော့ မရပ်ဘူး သွေးနေတယ်။ကိုပေသီးက
ကြိမ်လုံးကို အပေါ်မြှောက်ပြီး အမိန့်ပေးပေ
မဲ့ ဒီတစ်ခါတော့ မရတော့ဘူးဗျို့။

ကိုပေသီးကလည်း အမိန့်တွေ ပေးတာပဲဗျ။
ဒါပေမဲ့ အလောင်းက သိပ်ပြီး မနာခံသလိုပဲ
မျက်လုံးပြူးကြီးနဲ့ကို ကိုပေသီးကို မော့
ကြည့်နေတယ်ဗျ။

“ကိုပေသီး သတိလည်း ထားဦးဗျ”

လို့ ကျုပ်က သတိပေးလိုက်မိတယ်။

“စိတ်မပူနဲ့ တာတေ၊ ဒါလောက်ကတော့
ပေသီးတို့ မမှုဘူးကွ။ ဟဲ့ကောင်မ အခု
ရေထည့်စမ်း ငါ့အမိန့်”

ကိုပေသီး လေသံပြောင်းသွားပြီး ခပ်ကြမ်း
ကြမ်း ပြောပြီး ခိုင်းတယ်။ အလောင်းက
သနပ်ခါးသွေးတာကိုတော့ မရပ်ဘူးဗျ။
ရေတော့ ထပ်မထည့်တော့ဘူး။အလောင်း
က ခေါင်းထဲမှာပဲ ရှိနေတာဗျ။ ပက်လက်က
နေ ထထိုင်နေတာ။ခြေထောက်တွေက
ဆင်းထားတဲ့အတိုင်းပေါ့။ သူ့ပေါင်ပေါ်မှာ
ကျောက်ပျဉ်တင်ပြီး သွေးနေတယ်လေ။

ကိုပေသီးက စိတ်မရှည်တော့ဘဲ…

“ဒီကောင်မတော့ ငါထသတ်ရင် နောက်တစ်ခါ
ထပ်သေဦးမယ်။ခိုင်းရင် ခိုင်းတဲ့အတိုင်းမလုပ်ဘူး”

လို့ ပြောပြီး ကိုယ်ကို ရှေ့ကုန်းလိုက်တယ်။
ပြီးတော့ အလောင်းဘေးမှာ တုံးလုံးလဲနေတဲ့
ရေပုလင်းလေးကို လှမ်းပြီးကောက်တယ်။

ဒီမှာတင် မမျှော်လင့်တာဖြစ်တော့တာ
ပေါ့ဗျာ။အလောင်းရဲ့ လက်နှစ်ဖက်က
လေထဲကို မြောက်တက်လာပြီး ကိုပေသီး
ရဲ့ ခေါင်းက ဆံပင်ကို ဆတ်ခနဲ ဆွဲချလိုက်
တယ်။ ကိုပေသီး အရှိန်လွန်ပြီး ခေါင်းပေါ်
ကို ပြုတ်ကျသွားတယ်။ အလောင်း၏လက်
တစ်ဖက်က ကိုပေသီးရဲ့ ဆံပင်ကို ဆွဲထားပြီး
လက်တစ်ဖက်က ကျောက်ပျဉ်ကို ကိုင်ပြီး
ထုတော့တာပဲဗျာ။

“ခွပ် …ခွပ်…ခွပ်…ဟား…ဟား…ဟား
ငါဟဲ့ ငါ၊ တနင်္ဂနွေသမီးမဟုတ်ဘူး၊ ငါ
မဖဲဝါဟေ့ နင်လို ဆရာကများ ငါ့သင်္ချိုင်း
ထဲကိုလာပြီး စွာရတယ်လို့ ခွပ်…ခွပ်…
ဟား… ဟား…ဟား…ဟား”

“ဟာ မဖဲဝါဆိုပါလား၊ သင်္ချိုင်းစောင့်မဖဲဝါ
ဆိုတာ ထင်တယ်”

ကျုပ်တစ်ယောက်ထဲ အတွေးနဲ့ ပြောတဲ့
စကားဗျ။

ကိုပေသီးရဲ့ ခေါင်းက သွေးတွေ
မြင်မကောင်းအောင် ထွက်လာတာပေါ့ဗျာ

“တာတေ ပြေးတော့ ”

ဗလုံးဗထွေး အသံကြီးနဲ့ ကြုံးအော်လိုက်တဲ့
ကိုပေသီးရဲ့ စကာလည်းကြားရော

ကျုပ်လည်း ဘာပြောကောင်းမလဲ၊ ပေါက်တူး
ကလေးပြေးဆွဲပြီး တစ်ကြိုးတည်း သုတ်တော့
တာပေါ့ဗျာ။

“ခွပ် …ခွပ်…ခွပ်…ဟား…ဟား…ဟား
မဖဲဝါတဲ့ဟေ့၊ ငါ့ကိုစမ်းချင်တဲ့ကောင်
ကဲဟာ ကဲဟာ”

ဆိုတဲ့အသံကြီးက ကျုပ်နောက်ကို ပြေး
လိုက်လာသလိုပဲဗျ။ ကျုပ်လည်း မနားတမ်း
ပြေးလိုက်တာ ခါးကြားမှာထိုးထားတဲ့ ဓါတ်
မီးလည်း ဘယ်နားကျကျန်ခဲ့မှန်းတောင်
မသိတော့ပါဘူးဗျာ။ လမ်းမှာလည်း သုံး
ခါလောက် ချော်လဲသေးတယ်ဗျ။ဘုန်းခနဲ
လဲလိုက် ကုန်းထပြီး ပြေးလိုက်နဲ့ အိမ်ကို
ဘယ်လိုရောက်လာမှန်းကို မသိတာပါဗျာ။

XXXXXX

နောက်တစ်နေ့ရောက်တော့ ငွေတွင်းကုန်း
သုသာန်မှာ အလောင်းဖော်ပြီး ဆေးစီရင်တဲ့
ပရောဂဆရာ ကိုပေသီး မြေကျင်းထဲမှာ
မှောက်ခုံကြီး သေနေတဲ့သတင်းက တော
မီးလိုပြန့်နေတော့တာပေါ့ဗျာ

ကျုပ်တို့ ထနောင်းကုန်းမှာလည်း
ဒီသတင်းပဲ ပြောနေကြတာဗျို့

ကိုပေသီးခေါင်းတစ်လုံး ကြွေမွပြီး ဦးနှောက်
တွေတောင် ထွက်ကျနေတယ် ဆိုပဲ။ကိုပေ
သီး ဘယ်လိုဖြစ်ပြီး သေတယ်ဆိုတာကို
တော့ ဘယ်သူမှ အတိအကျ မသိကြဘူး
ပေါ့။အလောင်းကတော့ မြှုပ်ထားတဲ့အ
တိုင်း မလှုပ်မယှက်ပဲတဲ့ဗျ။

ကျုပ်လည်း သတင်းမျိုးစုံ ကြားရပေမဲ့
ဘာမှ မသိသလိုနေရတာပေါ့လေ။

အခုဆိုရင် ကိုပေသီးသေတာ ကြာခဲ့ပါပြီ။
အဲဒီညက ကျုပ်ပါခဲ့တယ်ဆိုတာကို အခု
အချိန်အထိ ဘယ်သူမှ မသိကြဘူးဗျ။
အဲ…ခင်ဗျားတစ်ယောက်က လွဲရင်ပေါ့လေ။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ