အိမ်ပေါ်မှာ ဒီအရုပ်ကြီးတွေရှိတော့
မင်းအတွက် အဖော်ရတာပေါ့ မဟုတ်ဘူးလား၊
အနီးမှာ မင်းကို စောင့်ရှောက်မယ့်လူရှိနေတယ်လို့
စိတ်ထဲက ထင်မှတ်လိုက်ရင် ဘာမှကြောက်စရာ
မကောင်းတော့ဘူး”
“အစ်ကိုက အစ်ကိုရဲ့အရုပ်ကြီးတွေကို တန်ဖိုးထား
လို့ ပြောတာမှန်ပါတယ်။ ကျမကတော့ တန်ဖိုးထား
ပြီး သိမ်းထားရမှာထက် ကြောက်လန့်မိတာပဲသိတယ်”
“ငါ့မိန်းမကတော့ …မဟုတ်တာတွေ ခေါင်းထဲ
ရောက်နေတော့တာပဲ”
“အိမ်ထဲမှာလည်း အရုပ်တွေပြည့်နေတာပဲ
မဟုတ်လား၊ ဒီအရုပ်တစ်ရုပ်မရှိလို့ ဘာဖြစ်သွားမှာလဲ၊
ခြံထဲမှာ သွားထားလိုက်ပါလား”
မထွေးထွေး ဘယ်လိုပြောပြော အရာမထင်…
ည…အိပ်ရာထဲမှာ မအိပ်သေးခင် မထွေးထွေးက
ကိုအေးဝင်းအား…
“အစ်ကိုရယ် အစ်ကိုက ထွေးထွေး ပြောသမျှစကား
ဘယ်တော့မှ အလေးအနက် မထားဘူး၊ အစ်ကို့
အရုပ်ကြီးက ထွေးထွေးစိတ်ထဲမှာ အသက်ဝင်နေ
တယ်လို့ တောင်ထင်တယ်၊ အခုရက်ပိုင်း အိပ်မက်
တွေကလည်း မကောင်းဘူး…အစ်ကိုနဲ့ လက်မထပ်
ခင် နောက်က တန်းတန်းစွဲ ရည်းစားစကားလိုက်
ပြောတဲ့ ကိုကြိုင်သင်းအကြောင်း အိပ်မက်တွေ
ခပ်စိတ်စိတ်မက်လာတယ်”
“သူက ထွေးထွေးနဲ့ကိုယ် လက်မထပ်ခင် တစ်နှစ်
အလိုက ဆုံးသွားတယ်ဆို”
“ဟုတ်တယ် သူဆုံးသွားတာ နှစ်နှစ်လောက်ရှိပြီ…
အခု နှစ်ညသုံးညရှိပြီ အိပ်မက်ထဲ ရောက်ရောက်
လာတယ်၊ သူ ဘယ်ကနေ ရောက်လာသလဲဆိုတော့
မီးဖိုထဲက အရုပ်ကြီးရဲ့ ဝိညာဉ်အဖြစ်နဲ့ ထွက်လာတာ၊
သူပြန်သွားတော့ အရုပ်ကြီးထဲဝင်ပြီး ပျောက်သွားတယ်”
“အံမယ် ထွေးထွေးတို့က သိပ်လည်တယ်၊ အချစ်
လုဖက် ကိုကြိုင်သင်း ဝိညာဉ်က အရုပ်ထဲက
ထွက်လာတယ်တဲ့ …ရုပ်ထုကို မီးဖိုထဲမှာ
မထားဖြစ်အောင် ကြံဖန်ပြောတတ်တယ်”
မထွေးထွေး မည်သို့ပြောပြော၊ ကိုအေးဝင်းက
အပြောင်အပျက်လုပ်ပြီး စကားလွှဲပစ်လိုက်တော့သည်။
မထွေးထွေးတစ်ယောက် စိတ်ညစ်၊ စိတ်မကောင်း
ဖြစ်ရုံက လွဲပြီး မတတ်နိုင်တော့။ ထိုသို့ အိပ်မက်
ဆိုးများ မက်လာပြီး နောက်ပိုင်းမှာ မီးဖိုးခန်းရှိ
ရေခဲသေတ္တာအတွင်း ကြောင်အိမ်အတွင်းထည့်
ထားသော အသားများ၊ ဟင်းများ ထူးဆန်းစွာ
ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ထိုအကြောင်း
ကို ကိုအေးဝင်းအား ပြောပြရာ…
“မင်း…ချက်ပြီး စားပြီးတာနဲ့ မေ့နေလို့ ဖြစ်မှာပေါ့
မင်းချက်ပြုတ်စားသောက်ပြီးတာကို မေ့နေလို့ဖြစ်မှာ”
ဟူသော စကားဖြင့်သာ မထွေးထွေး၏ အပြစ်သာ
ဖြစ်နေလေတော့သည်။
“အစ်ကို …မနက်ပိုင်း ပန်းပုရုပ်တွေ သွားပို့စရာ
ရှိသေးလား”
“သွားစရာမရှိဘူး အိမ်မှာပဲရှိတယ်”
“ဒါဆို အစ်ကိုနဲ့ ထွေးထွေး စျေးသွားပြီးဝယ်ကြမယ်၊
ရေခဲသေတ္တာထဲ ထည့်ထားမယ်၊ ချက်ပြီးသားတွေ
ကြောင်အိမ်ထဲထည့်ထားမယ်။ ဘာထူးခြားမလဲ
ဆိုတာ ညကြရင် စောင့်ကြည့်ကြမယ်လေ”
“အင်းလေ…မင်းက သက်သေပြချင်တယ်ဆိုရင်လည်း
ဒီအတိုင်းပဲ လုပ်ကြတာပေါ့”
သူတို့နှစ်ယောက် တိုင်ပင်ထားကြသည့်အတိုင်း
မနက်လင်းသည်နှင့် စျေးဝယ်ရန် ထွက်လာခဲ့ကြသည်။
အမဲသား၊ ဝက်သား၊ ကြက်သားနှင့် ငါးကြင်းတစ်ကောင်
ဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ …ဝက်သားကို
ချက်ပြီး အမဲသား၊ ကြက်သားတို့ကို အသေအချာကိုင်၍
ဆား၊ အချိုမှုန့်နယ်ကာ ဘူးအသီးသီးတွင်ထည်ပြီး
ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။ ဝက်သားကို
မနက်ည ကုန်အောင်မစားဘဲ ညနေပိုင်း ငါးဟင်း
တစ်ခွက် ဆီပြန်ချက်စားလိုက်သည်။
ကြောင်အိမ်ထဲကို ငါးဟင်းအကျန်တစ်ပန်းကန်၊
ဝက်သားဟင်း လက်ကျန်တစ်ပန်းကန်တို့ကို
ကိုအေးဝင်းအားပြ၍ ထည့်ထားလိုက်သည်။
တဖြည်းဖြည်း မှောင်လာသည်။ ပတ်ဝန်းကျင်မှာ
တိတ်ဆိတ်မည်းမှောင်၍ လရောင်မရှိ၊ ကိုအေး
ဝင်းလည်း ထမင်းစားခန်းနှင့် အိမ်အတွင်းပိုင်းကို
ငါးတိုင်အား မီးလုံးလေးတစ်လုံးသာ ထွန်းထားသည်။
ညရှစ်နာရီခန့်မှစ၍ အိပ်ခန်းနှင့် ထမင်းစားခန်းအဝင်
တံခါးဝမှာ ရပ်၍ အခြေအနေကို စောင့်ကြည့်နေသည်။
“အခုထိလည်း မထူးခြားသေးပါလား”
“ခဏစောင့်ပါ ထူးခြားလာပါလိမ့်မယ်”
ထိုစဉ် ထမင်းစားခန်းမှ ရုတ်တရက် ခြေသံတစ်ခု
သိမ့်ခနဲ ကြားလိုက်ရသဖြင့် မှိန်ပြပြမီးရောင်အောက်
မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
“ဟော…ခြေသံကြားတယ် မဟုတ်လား”
အခန်းတွင်းမှာ လမ်းလျှောက်နေသော ခြေသံ
တရှပ်ရှပ်ကြားရသည်။ တံခါးကို အသာအယာ
ဟလိုက်သည်။ သူတို့မြင်လိုက်ရသည်က လူသား
စင်စစ်မဟုတ်ဘဲ သစ်သားပန်းပုရုပ်ကြီး ဖြစ်နေ
သည်။ မိမိအမြတ်တနိုးထားခဲ့သော ပန်းပုရုပ်
ကြီး အသက်ဝင်နေပြီး ကြောင်အိမ်ကိုဖွင့်ကာ
ဟင်းများ နှိုက်စားနေသည်။
ခဏအတွင်း ဟင်းများကုန်သွားသဖြင့်
ရေခဲသေတ္တာဖွင့်ကာအထဲမှ အသားဘူးများကို
ထုတ်ယူပြီး အားရပါးရ စားနေသည်ကို ကို
အေးဝင်းမြင်ပြီး မှင်သက်နေသည်။ ထို့နောက်
နှစ်ယောက်သား အိမ်ရှေ့ဧည့်ခန်းသို့ ပြန်လာပြီး
မီးများလင်းထိန်အောင် ဖွင့်လိုက်သည်။
ရုတ်တရက် မီးလင်းသွားပြီး အပြင်က အသံကြား
သည်နှင့် အရုပ်ကြီး သူ့နေရာသူ ပြန်ရောက်နေသည်။
ကိုအေးဝင်းနှင့် မထွေးထွေးတို့ မီးဖိုထဲကို ဝင်လာ
ကြရာ အရုပ်ကြီးက သူ့နေရာသူ ပြန်ရပ်နေသည်။
ကြောက်အိမ်ထဲနှင့် ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့။
“ကဲ…ယုံပြီလား”
“အင်း…ယုံပါပြီ ဒီအရုပ်ကြီးထဲ ဘယ်ကသရဲဝိညာဉ်
ရောက်နေတာလဲ …မစဉ်းစားတတ်တော့ဘူး”
သူတို့လင်မယားနှစ်ယောက် အပြင်ထွက်လာပြီး
မသိသလို ပြန်နေလိုက်သည်။ မနက်လင်းသည်နှင့်
အရုပ်ကြီးကို ခြံထဲယူချထားလိုက်သည်။ နောက်နေ့
မနက် မီးဖိုထဲပြန်ရောက်နေသည်။
“ဟင်…အရုပ်ကြီး အခန်းထဲ ပြန်ရောက်နေပြီ”
“ဘယ်လိုလုပ်ရတော့မလဲ မသိဘူး”
နှစ်ယောက်သား အရုပ်ကြီးကို ခြံထဲ မ,ထုတ်
လာပြီး ခြေလက်များချိုးပြီး အပျက်ပုံထဲ
ပစ်ထားလိုက်သည်။ တစ်ညလွန်မြောက်၍
ထမင်းစားခန်းထဲ ဝင်လာစဉ်…
“ဟင်…အ…အရုပ် ပြန်ရောက်နေပြီ”
“တောက်…အဲဒါမှ ပြဿနာပဲ ဒီအရုပ်ကြီးကို
ဘယ်လိုလုပ်ရတော့မလဲ မသိဘူး၊ ကိုယ့်အပြစ်ပါပဲ၊
မိန်းမရယ် မင်းစပြောကတည်းက ဖယ်လိုက်ရမှာ
အခုတော့ ဘာလုပ်ရမှန်း မသိတော့ဘူး၊ ကြာရင်
ကိုယ်တို့နှစ်ယောက်ကိုပါ အန္တရာယ်ပေးလာ
နိုင်တယ်”
“အစ်ကိုက ဒီသရဲကို နှိမ်နင်းနှင်ထုတ်နိုင်မယ့်
ဆရာ ရှာကြည့်ပေါ့၊ အပြီးတိုင်တစ်ခါတည်း
ထွက်သွားမှဖြစ်မယ်”
“ဟုတ်တယ် ဆရာရှာမှဖြစ်တော့မယ် …အခု
မင်းမှာလည်း ကိုယ်လေးလက်ဝန်ရှိနေပြီ၊
ကလေးမမွေးခင် ဒီမိစ္ဆာကောင်ကို ရှင်းပစ်မှာ
ဖြစ်မယ်”
လင်မယားနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး
သရဲကို နှင်ထုတ်ပေးနိုင်မယ့် ဆရာကို ရှာကြလေသည်။
XXXXX
ထိုသိုရှာဖွေရင်း ကျော်သိုက်၏ သူငယ်ချင်း
ကိုစစ်နိုင်နှင့် ကိုအေးဝင်းတို့ သွားဆုံကြသည်။
ကိုအေးဝင်းအား ကိုကျော်သိုက်နှင့် မိတ်ဆက်
ပေးသည်။ ကိုကျော်သိုက်လည်း အကျိုးအကြောင်း
သိရသည်နှင့် ကိုအေးဝင်း၏ သူငယ်ချင်းကို
အကူအညီတောင်းပြီး မဖဲဝါကို ပင့်ရန် စီစဉ်ရသည်။
ကိုအေးဝင်း၏သူငယ်ချင်း ကိုစစ်နိုင်ကလည်း
အမဲသားတစ်ပိဿ ဝယ်ချက်ပြီး ထမင်းလေးလုံး
ချက်ထားသည်။
“ကျနော်တို့ကို အကူအညီပေးနိုင်မယ့်
နတ်ကတော် တစ်ယောက်ကို ရှာပေးနိုင်မလား”
“ရပါတယ် ကျနော်တို့ရပ်ကွက်မှာ နတ်ပွဲ
လိုက်ကနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ် နတ်က
တော်တစ်ယောက် ခေါ်ပေးမယ်”
အားလုံးစီစဉ်ပြီးသည်နှင့် ကိုကျော်သိုက်နှင့်
အတူ နတ်ကတော်တစ်ယောက်ကို စစ်နိုင်နှင့်
သူငယ်ချင်းနှစ်ယောက် ပေါင်းငါးယောက်
သင်္ချိုင်းထဲသို့ ညရှစ်နာရီခန့်ရောက်လာကြ
သည်။ ကိုကျော်သိုက်လည်း ငှက်ပျောရွက်
များကို ဂူပေါ်မှာ ခင်းလိုက်ပြီး ထမင်းများကို
ပုံ၍ အမဲသားဟင်းများကို အပေါ်မှ ပုံလိုက်သည်။
သောက်ရေခွက်ကြီးထဲ ရေပုလင်းထဲမှ
ရေများသွန်ထည့်လိုက်သည်။
“ကဲ ကျနော် မဖဲဝါကို ပင့်တော့မယ်
ဒေါ်လေးက ဒီနားမှာ ဒူးတုတ်ထိုင်ပြီး
မဖဲဝါဆီ အာရုံပြုထားပါ”
ကိုကျော်သိုက်က မဖဲဝါအား ဤနေရာသို့
ကြွရောက်ပေးပါရန် ဖိတ်လိုက်သည်။ နှစ်ကြိမ်
သုံးကြိမ်မျှ ဖိတ်လိုက်ပြီးသည်နှင့် မဖဲဝါရောက်
လာကာ နတ်ဝင်သည် အဒေါ်ကြီးထဲ ဝင်ရောက်
ပူးကပ်လိုက်ရာ လက်များ ကွေးကောက် ဂူပေါ်
ခုန်တက်ပြီး အမဲသားနှင့် ထမင်းကို အားရပါးရ
စားနေတော့သည်။
“ကဲ…ဘာပြောချင်လို့ ငါ့ကိုခေါ်တာလဲ”
“ဒီလိုပါ ကျတော့်မိတ်ဆွေရဲ့အိမ်မှာ ပန်းပုရုပ်ကြီးကို
သရဲ ပူးကပ်ပြီး အစားအသောက်တွေ ခိုးယူစား
သောက်နေပါတယ်။ အိမ်ရှင်အမျိုးသမီးရဲ့ ဗိုက်ထဲက
ကလေးကိုလည်း စားပစ်မယ်လို့ ခြိမ်းခြောက်
နေပါတယ်။ မဖဲဝါ ရုပ်တုထဲက သရဲကို အိမ်က
ထွက်သွားအောင် ကူညီပေးစေချင်လို့ ပင့်လိုက်
တာပါ”
“အေး … ဒီကောင်က အိမ်ရှင်မိန်းမကို တန်းတန်းစွဲ
ကြိုက်ပြီး သေသွားတဲ့ကောင် …သူ့ကိုရှာတွေ့သွား
တဲ့အတွက် အနီးမှာ လာနေရင်း အရုပ်မှာ ဝင်ပူးကပ်
နေတာ၊ ဟင်းချက်ရင် သားစိမ်းငါးစိမ်းတွေ သူ့အနီး
ခုတ်ထစ်ချက်ရာက ဒီသရဲ အသင့်ရဲပြီး သားစိမ်း
ငါးစိမ်းတွေ ခိုးစားနေတာ အပြင်လူကို အန္တရာယ်
ပေးမှာ ငါမလိုလားဘူး။အခု…ငါ့ရဲ့နောက်လိုက်
ခွေးကြီးလွှတ်ပြီးဒီသရဲကို ခေါ်လာခိုင်းလိုက်ပြီ၊
မင်းတို့လည်းသွားကြတော့ ဒီကောင်လာတာနဲ့
ငါဆုံးမပြီး အဝေးကို နှင်ထုတ်လိုက်မယ်”
မဖဲဝါက ရေခွက်ကို ယူသောက်ပြီး နတ်ဝင်သည်၏
ခန္ဓာကိုယ်မှ ထွက်သွားသည်။ နတ်ဝင်သည်လည်း
ခဏမျှ သတိမေ့သွားသဖြင့် သတိရအောင်
လုပ်ပြီး သင်္ချိုင်းထဲမှ ပြန်လာကြသည်။
“တကယ်မယုံနိုင်စရာပဲ စောစောက
အဒေါ်ပြောနေတာတွေက မဖဲဝါဆိုတဲ့
သရဲမကြီး ဝင်ပြောသွားတာလား”
“ဘယ်သိမလဲ ငါအသိစိတ်တွေ ပျောက်သွားတာ
ဘာပြောသွားမှန်း မသိဘူး”
“ထမင်းပုံကြီးကို အဒေါ် ဆယ်မိနစ်လောက်နဲ့
အကုန်စားပစ်တာ …အံ့ရော ရေလည်း
တစ်ပုလင်းကုန်သွားတယ်”
“ငါးစားတယ် …ဟုတ်လား၊ ငါ့ဗိုက်ထဲမှာ
ဘာမှမရှိဘူး ရေလည်း မရှိဘူး၊ ငါ…အခု
ဗိုက်တောင်ဆာနေတယ်”
ကိုအေးဝင်း၏ သူငယ်ချင်းများလည်း တစ်လမ်းလုံး
မဖဲဝါအကြောင်း တအံ့တသြပြောရင်း ပြန်လာကြ
သည်။အိမ်လည်းရောက်ရော ကိုအေးဝင်းက ည
ရှစ်နာရီခွဲလောက်က အရုပ်ကြီး အပိုင်းပိုင်းကျိုး
ပြတ်ပြီး ပုံကျသွားသည့်အကြောင်း ပြောပြသည်။
“ဒါဆို သူ့မှာ ပူးကပ်နေတဲ့ သရဲ မဖဲဝါ ခေါ်သွားပြီ
ဆိုတာ သေချာသွားတာပေါ့”
ကိုအေးဝင်းတို့လင်မယားလည်း ကိုကျော်သိုက်
အား ကျေးဇူးတင်ကြောင်း အခါခါပြောလေတော့
သည်။ ကိုကျော်သိုက်ကလည်း ယခုလို အန္တရာယ်
ကျရောက်မည့် ကိစ္စမျိုး ကူညီခွင့်ရသည်အတွက်
ဝမ်းသာမိကြောင်း ပြောရင်း အားလုံးကို နှုတ်
ဆက်ကာ ကိုစစ်နိုင်နှင့်အတူ ပြန်လာခဲ့လေ
တော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
ဘုရားစောင့်ဘီလူးနဲ့မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
ပြီးပါပြီ
Leave a Reply