ရုပ်မျိုးနဲ့ဆက်ဆံတယ်…” ဒေါ်မျိုးမမ တစ်ယောက်ပေါက်ကွဲစွာဆိုလာ၏။ အဖြစ်အပျက်များလည်း မျက်လုံးထဲမြင်ယောင်လာ၏။ ယနေ့အကြွေးလိုက်သိမ်းရမည်ဖြစ်သဖြင့် ဒေါ်မျိုးမမ တစ်ယောက်အိပ်ယာအစောထကာ ရေမိုးချိုးဖီးလိမ်းပြင်ဆင်နေ၏။ မနက်စာအတွက် မိအေးပြင်ဆင်ပေးထားသော ကော်ဖီခါးခါးတစ်ခွက်နှင့် ပေါင်မုန့်ကြက်ဥကြော်ကို စားပြီး အိမ်မှထွက်လာခဲ့၏။ ” တီးတောင်…တီးတောင်…” အိမ်ရှေ့လူခေါ်ဘဲလ်ကို နှိပ်လိုက်ရာ အထဲမှ အိမ်အကူမိန်းကလေးထွက်လာပြီး ” ဘာကိစ္စရှိလို့လဲအန်တီ ….” ” နင့်သူဋ္ဌေးရှိလား…သူ့မိတ်ဆွေလာတယ်လို့သွားပြောချေ…” ” ဟုတ်အန်တီ…ခဏစောင့်နော်…” ဆိုကာတံခါးပြန်ပိတ်ပြီး ကောင်မလေးကအထဲပြန်ဝင်သွား၏။ တအောင့်၌ ပြန်ထွက်လာပြီး ” မမက အိမ်ထဲလာခဲ့ပါတဲ့အန်တီ…” ဟုဆိုသဖြင့် အထဲသို့လိုက်ဝင်လာခဲ့၏။ ပြောင်လက်ပြီး ဟီးထနေသောဧည့်ခန်း၌ ...
ထိုင်မြဲအတိုင်းထိုင်သာနေခဲ့၏။ “ဒီမှာနောင်ကြီး…နေပူတယ်ဗျ… လာပါ ဟိုအပင်အောက်မှာသွားထိုင်ရအောင်ပါဗျာ…” မနေသာသော ရွာသားနှစ်ယောက်က လူစိမ်းကို ဆွဲထူပေးပြီး သစ်ပင်အောက်သို့ခေါ်သွားပေးကြသည်။ သစ်ပင်အောက်ရောက်သောအခါ၌လည်းသူတို့ကိုစကားလည်းမပြော…ကြည့်လည်းမကြည့်သောလူစိမ်းကိုအကဲခတ်နေကြရင်း … “ဒီလူ့ကြည့်ရတာ အရူးထင်ကွ…” “အေးကွ…ပုံစံကြည့်ရတာ ဟုတ်လောက်တယ်… တို့ဘယ်လိုလုပ်ကြမလဲ…ဒီတိုင်းပဲထားခဲ့မှာလား…” “နေပါဦးကွာ…ရွာသူကြီးကိုတော့အကျိုးအကြောင်းပြောပြထားမှကောင်းမယ်ထင်တယ်…” “မင်းပြောတာလည်းဟုတ်တာပဲ… ရွာသူကြီးကိုတော့ပြောရမယ်ကွ… တော်နေကြရင် ဒီလူ…ညဘက်ရွာထဲဝင်လာခဲ့ရင် တို့ရွာလန့်နေပါဦးမယ်…” ရွာသားနှစ်ဦးလည်းတိုင်ပင်ပြီးနောက် ရွာသူကြီး ဦးနောင်ချို အိမ်သို့ထွက်လာခဲ့ကြတော့သည်။ သူကြီးဦးနောင်ချိုတို့အိမ်ဆီသို့ရောက်တော့… “သူကြီး…ဗျို့သူကြီး…” “ဟဲ့…ဘယ်သူတွေတုန်း” “သူကြီးကတော်…ကျုပ်တို့သူကြီးဘယ်သွားတုန်းဗျ” “ရှိတယ်ဟေ့…လာကြ…လာကြ” ရွာသားနှစ်ယောက်လည်းရွာသူကြီးအိမ်ဝိုင်းထဲသို့ ဝင်လာကြသည်။ သူကြီးက ကွမ်းအစ်ကိုယူ၍ ကွမ်းဝါးဖို့ပြင်ဆင်နေသည်။ “လာကြကွ…ထိုင်ကြ” သူကြီးကရွာသားနှစ်ယောက်ကို သူ့အနီးရှိ သစ်သားခုံတန်းရှည်၌ဝင်ထိုင်စေသည်။ ...
အဲ့ဒါ…..ဘယ်….ဘယ်လိုဖြစ်နေလို့လဲအဘ… … …..ဟေ….. …ခင်မောင့်စကားကြောင့် အဘိုးကြီး မျက်နှာပျက်သွားသည်။ …..ေဩာ်…ဆရာလေးပြောတာ ကိုထွန်းနောင်ကိုဖြစ်မယ်။ …ဟင် …အဲ့ အဘနာမည်က ထွန်းနောင်လား… ….ဟုတ်တယ်ဆရာလေး…. …သူ့နာမည်က ထွန်းနောင်ပဲ အသက်၈၀စွန်းနေပြီ….အဘတို့ရွာသားတဦးဆိုပါတော့… …..ဆရာလေးက သူ့အကြောင်းကိုသိချင်တယ်ဆိုပါတော့… ….ဟုတ်ကဲ့….အဘသိရင်ပြောပြပါ့လား… ..သက်ကြီးစကား သက်ငယ်ကြားရတာပေါ့…. …..အဘိုးကြီးဟာ ပြောဖို့ပါးစပ်ပြင်ရင်း သူ့မျက်ဝန်းက နှောင်းခဲ့ပြီဖြစ်သော အတိတ်ကလာတခုဆီသို့ …………… ……. ……ထွန်းနောင်တို့ လင်မယားအဖြစ်က စိတ်မကောင်းစရာပါဆရာလေးရယ်….. ….ဖြစ်ပုံက..ဒီလို…………….. (အခႏ္း၂) ….♬ ရွေရည်လူးတဲ့ပိတောက်ပန်းတွေ…ခင်နှမဆံနွယ်ထက်မှာ♪ ဒီမောင်ကြီးပန်ပေးဘို့ကွယ်….ခူးဆွတ် လို့လာခဲ့ပါပြီ….♬ ကိုယ်တိုင်ကွယ်ပန်ဆင်ပေးမယ်…ကောင်းကင်က အမောင်သိကြားရယ် ပုန်းရှောင်လို့ပေး……အေး…ဟေး……တုပို့….တုပို….ပတ်….ပလုံ….ဂျိ…. ...
“ဒါကြောင့်ကိုး၊ ဒါကြောင့်် ဦးဘသာငယ်ငယ်က မြိုင်သာမှာနေခဲ့တယ်လို့ပြောတာကိုး” “အေးလေ၊ မမဲတူရဲ့ သမီးလည်းရှိတယ်၊ နောက် မြိုင်သာရွာသူကြီးဟောင်းက ငါ့အဘိုးကိုးကွ၊ ဒီတော့ မြိုင်သာမှာနေကြတာပေါ့၊ မြိုင်သာမှာနေရင်း ငါက အဲဒီကကျောင်းမှာကျောင်းတက်ခဲ့ရတယ်၊ မင်းမှတ်မိသလားအလတ်ကောင်၊ မြိုင်သာက ကုလားမကြီး မာယာတို့၊ သူ့ယောက်ျားမာယာတို့က ငါနဲ့အတူကျောင်းနေဖက်တွေပေါ့” ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်၊ အခုမှပဲ ဦးဘသာအကြောင်းတွေ ရေရေလည်လည်သိရတယ်ဗျို့။ ကျုပ်ကဆက်မေးချင်ပေမယ့် ဦးဘသာက ဝါးကပ်တွေကာထားတဲ့ခြံကြီးတစ်ခုအရှေ့မှာ ရပ်လိုက်တယ်ဗျ၊ အဲဒီခြံထဲမှာ နွားခြံကြီးအကြီးကြီးပဲဗျာ၊ ခြံတစ်ခုလုံးလည်း နောက်ချေးနံ့တွေနဲ့ မွန်ထွန်နေတာပေါ့၊ ကုလားမလေးတစ်ယောက်က နောက်ချေးကိုကောက်ရိုးနဲ့ရောနယ်ပြီးတော့ အပြားလေးတွေလုပ်ရင်း အနားက သစ်ပင်တွေရဲ့ ...
ရောင်းချကုန်ကူးနေသူတစ်ယောက်ဖြစ်သည်။ “ဒါနဲ့ ဘိုထီး၊ ရှဲန်ဆိုင်အကြောင်း ကြားမိသေးလား” ဘိုထီးက ငခမ်းကိုသေချာကြည့်လိုက်သည်။ “မင်းသူ့ကိုတကယ်ချစ်တာလား” “ဘယ်လိုပြောလိုက်တာလဲဘိုထီးရယ်၊ ကျွန်တော့်စိတ်ကို ဘိုထီးသိတယ်မဟုတ်လား” “ဒါဆိုရင်တော့ မင်းတို့ရွာကိုပြန်တော့ကွာ၊ ရှဲန်ဆိုင်က အခုလာမယ့် ဝါကျွတ်ရင် ယောက်ျားယူတော့မှာကွ” ငခမ်းရင်ထဲ ဒိန်းခနဲထိတ်လန့်တုန်လှုပ်သွားလေသည်။ ဘိုထီးက ဆက်လက်ပြီး “သူကတော့ မယူချင်ပါဘူးကွာ၊ မင်းနဲ့ကွဲသွားပြီးကတည်းက ရှဲန်ဆိုင်က ငိုယိုနေတတ်တယ်၊ မှိုင်နေတတ်တယ်ကွ၊ အခုပေးစားတဲ့လူနဲ့တောင်မှ သူ့မိဘတွေက အတင်းအကြပ်စီစဉ်ပေးလို့ ယူရတော့မှာ၊ သူ့အသက်ကလည်း မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် အသက်ကြီးနေပြီမဟုတ်လား” ဘိုထီးစကားတွေ သူသိပ်မကြားချင်တော့ပေ။ သူအရမ်းချစ်ခဲ့သည့် ရှဲန်ဆိုင်တစ်ယောက် အခုတော့ တစ်ပါးသူနဲ့ ...
ကြတော့လေသည်။ ******************************** “ဒီမိုးကလည်း…အတော်ကို သည်းနေတာပါလား” တဝေါဝေါရွာချနေသော မိုးကိုကြည့်ရင်း ဘွားမယ်စိန်ပြောလိုက်သည်။ “အမေရေ…” အောက်ထပ်မီးဖိုထဲမှဒေါ်ဝင်းကအော်ခေါ်လေတော့… “အေး..မိဝင်းပြော….” “ထမင်းစားတော့မလား…စားရင်ကျုပ်တစ်ခါထဲ ခူးလာပေးမယ်လေ” “မစားသေးပါဘူးအေ…” “ဟုတ်ပြီအမေ…ဒါဆိုကျုပ်အလုပ်ကပြီးပြီမလို့… မိုးရေချိုးဦးမယ်” “ဖျားဦးမယ်အေ့…မိုးကအတော်သည်းတာ… လေလည်းပါတော့ အေးတယ်မိဝင်းရဲ့” “ကျုပ်ကမီးဖိုထဲနေရတော့ချွေးပျံနေတာအမေရဲ့… မကြာပါဘူး ခဏတင်ပါ” မိုးရွာသည်မှာလေပါသောကြောင့် ကွပ်ပျစ်နေရာကမိုးစင်နေ၍ ဘွားမယ်စိန်နဲ့နန်းကြိုင်တို့မြေးအဘွားမှာ အိမ်ပေါ်၌ထိုင်နေကြသည်။ ဒေါ်ဝင်းကတော့မိုးရွာထဲထွက်၍ရေချိုးတော့၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ရိပ်ကြပြီး သည်းထန်နေသော မိုးကိုဘွားမယ်စိန်ငေးကြည့်ရင်း သူ၏ဆေးလိပ်ကြီးကိုဖွာရှိုက်နေခဲ့သည်။ နောက်တစ်နေ့ နေ့လယ်ပိုင်းအချိန်၌… “ဘွားမယ်စိန်ရှိပါသလားရှင့်…” ဟု…ဆိုပြီးခြံပြင်မှ အသံကြောင့်ကွပ်ပျစ်ခင်း၌ ထိုင်နေသော ဒေါ်ဝင်းတစ်ယောက် ခြံဝသို့ ထသွားရသည်။ “ဘယ်သူများလဲ” ...
မောင်သူရိန် မောင်သူရိန် မင်းအမေမခင်စိုးကြည်ပိုးထိလို့ဆုံးပြီတဲ့ ချက်ခြင်းသဂြိုလ်မှာမလို့ ကြို့ပင်ရွာအပြင်ကို မင်းအခုချက်ချင်းလာခဲ့ပါလို့ အဘိုးလေးဦးသာဆိုင်ကတစ်ခါတည်းမှာလိုက်တယ်” “ဗျာ ဘလို ဘလို ဦးလေး” “အေး ဟုတ်တယ်မောင်သူရိန်ရေ……မင်းအမေဆုံးပြီတဲ့ အဘိုးလေးမှာသလို တို့လာပြောရတာ ရွာအပြင်ကို တို့နှစ်ယောက်ပြန်သွားမှာမင်းပါတည်ပါထည်းလိုက်ခဲ့” မောင်သူရိန်ကမိခင်ဆုံးပြီးဆိုသောစကားသံကိုကြားရသဖြင့် မျက်ဝန်းထည်းအိမ်ထည်းမှ မျက်ရည်စတွေပါးပြင်ပေါ်သို့ စီးကျလျက်ရှိနေတယ်။ မျက်ရည်တွေကိုလက်ဖြင့်သုတ်လိုက်ကာ ကစားတဲ့နေရာမှချက်ချင်းထလာပြီး မောင်သူရိန်၏အမေဖြစ်သူ ဒေါ်ခင်စိုးကြည်အလောင်းရှိရာရွာပြင်ဆီသို့ လာခေါ်သောလူနှစ်ယောက်နှင့်အတူ တဟုန်ထိုးအပြေးအလွှား ထွက်လာခဲ့တယ်။ ရွာရဲ့ဓလေ့ထုံးတမ်းအရ ရွာပြင်မှာသေတဲ့သူက ရွာထည်းကို အလောင်းသယ်ယူခွင့်မရှိသည့်အတွက် ရွာပြင်မှာသေသောမခင်စိုးကြည့်ရဲ့အလောင်းကို ရွာထည်းသို့ ပေးမဝင်ပဲရွာပြင်လမ်းကနေသာ ကွေ့ပတ်ပြီးသချိုင်းသို့သဂြိုလ်ရန် အဘိုလေးသာဆိုင်မှစီစဉ်နေတယ်။ တကယ်တော့ မောင်သူရိန်က မိခင်မုဆိုးမကြီးနဲ့ ...
ဒီလိုနဲ အဘိးုထွေးနဲ့ အဘတုတ်တို့ ဦးဆောင်ပြီး နှစ်ဖက်ရွာသားတွေကို ကျခတ်ရွာမှာ စုဝေးစေလို့ လက်ရှိဖြစ်နေတဲ့ ကိစ္စကို အဖြေရှာတိုင်ပင်ကြပါတော့တယ်။ ‘ အားလုံးပဲ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ ငါတို့တွေအထဲက တစ်စုံတစ်ယောက်က အင်းပိုင်တွေကို အပြစ်လုပ်မိတယ်လို့ ယူဆမိတယ်။ ဒါကြောင့် အခု ဒီအတွက်ကို အားလုံးစုဝေးပြီး အပြစ်လုပ်မိသူက လုပ်မိကြောင်း ဝန်ခံလာဖို့ တောင်းဆိုချင်ပါတယ်…’ အဘိုးထွေးက စကားကို စလိုက်တယ်။ အဘတုတ်က… ‘ ဘာကြောင့်ပဲ လုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ နှစ်ရွာလုံးအတွက် ...
ကျောင်း၌ စာသွားသင်နေခြင်းဖြစ်၏။ ဒေါ်ပြုံးရီကလည်းသူ၏အခက်အခဲကိုဘွားမယ်စိန်အား အကြောင်းစုံပြောပြတော့သည်။ *********************************** ဒေါ်ပြုံးရီ၏ခင်ပွန်းဆုံးပါးသွားသည့်နောက်ပိုင်း သားကြီးဖြစ်သော ကိုဘတင့်က စီးပွားရေးကို ဦးစီးလုပ်ကိုင်ပေးရှာသည်။ သမီးလတ်ဖြစ်သူမ တိုးတိုးဝေနှင့် သမီးငယ်ဖြစ်သူ စိုးစိုးဝေတို့ကတော့အသက်အားဖြင့် သုံးနှစ်မျှကွာခြားကြသည်။ “အမေ…” “ဟေ သား…ပြောလေ” မိသားစုထမင်းဝိုင်း၌ကိုဘတင့်ကမိခင်ဖြစ်သူကို ခေါ်လိုက်ခြင်းပင်။ ကိုဘတင့်ကအငယ်မစိုးစိုးဝေကို စိုက်ကြည့်ပြီး… “အမေ့သမီးကိုကြည့်ပြောထားဦး… ဒင်းကိုကျုပ်စက်ကိုမလာခိုင်းနဲ့…ကျုပ်မကြိုက်ဘူး…” “ဟဲ့…ဘာများဖြစ်လို့လည်းသားရယ်… သားညီမဘာတွေများအမှားလုပ်မိလို့တုန်းကွဲ့” “အမှားလုပ်တာမဟုတ်ပါဘူးအမေရာ… မိန်းကလေးဖြစ်ပြီး သိက္ခာမရှိဘူး ယောကျာ်းတွေစကားဝိုင်းဆိုဝင်ဝင်ပြောနေတာလေ… ဒင်းကိုကျုပ်ကြည့်မရဘူးနော်… အမေပြောရင်ပြောထားမဟုတ်ရင်ကျုပ်အပြစ်မဆိုလေနဲ့” ကိုဘတင့်စကားကိုဒေါ်ပြုံးရီ ခေါင်းလေးညိတ်လိုက်ပြီး… “ဟုတ်ပါပြီသားရယ်… သားညီမကိုအမေပြောပါ့မယ်ကွယ်” ဟုပြောလိုက်သောအခါစိုးစိုးဝေက ဆူဆူအောင့်အောင့်မျက်နှာထားဖြင့် ထမင်းဝိုင်းမှထထွက်သွားတော့သည်။ “ဟောကြည့်…အမေတွေ့တယ်နော်… ...
” “ကဲ သွားပြီနော် အမေတင်” “အေး ကောင်းပြီ ” မိလုံးလည်းအမေတင်အားနှုတ်ဆက်ကာ ပြန်ထွက်သွားလေသည်။ အမေတင်ကအသက်ကြီးပြီဖြစ်သည်။ အမေတင်ကအပျိုကြီးမဟုတ် အိမ်ထောင်ကျခဲ့ဖူးသည်၊အမေတင်ရဲ့ ခင်ပွန်းကဆုံးပါးသွားတာနှစ်၂၀ကျော်ပြီ ဖြစ်သည်။ ခင်ပွန်းသည်သာဆုံးပါးသွားခဲ့သည်။ အမေတင်မှာသားသမီးမရခဲ့ပေ။ ဘယ်သူကချို့ ယွင်းချက်ရှိသလဲဆိုတာ အမေတင်လည်းမသိခဲ့ပေ။ ထို့ကြောင့် အမေတင်ကတစ်ကိုယ်တည်းသမားဖြစ်ကာ ကျန်နေခဲ့သည်။ အမေတင်ကအသက်သာကြီးသည် အခုအချိန်ထိလုပ်နိုင်ကိုင်နိုင်သေးသည်။ အမေတင်ကသူများပေးစာကမ်းစာ ကိုအငြိမ်ထိုင်းစားခဲ့ခြင်းမရှိပေ. အဝတ်လျှော်အငှားလိုက်လေသည်။ တစ်နေ့ကို၂အိမ်၃အိမ်ခန့် လျှော်ပေးရလေသည်။ ရွာထဲကလူတချို့ က အမေတင်အား သနားကြသဖြင့်အဝတ်လျှော်မခိုင်းရက်ကြပေ သို့ပေမယ့် အမေတင်က အလုပ်လုပ်ကာ သူ့ဝမ်းစာသူရှာချင်သည်ဆိုပြီး အဝတ်လျှော်ငှားကြရန်ပြောလေသည်။ ထိုအခါ မေတ္တာရှိသူများက ...