ကြတော့လေသည်။
********************************
“ဒီမိုးကလည်း…အတော်ကို သည်းနေတာပါလား”
တဝေါဝေါရွာချနေသော မိုးကိုကြည့်ရင်း
ဘွားမယ်စိန်ပြောလိုက်သည်။
“အမေရေ…”
အောက်ထပ်မီးဖိုထဲမှဒေါ်ဝင်းကအော်ခေါ်လေတော့…
“အေး..မိဝင်းပြော….”
“ထမင်းစားတော့မလား…စားရင်ကျုပ်တစ်ခါထဲ
ခူးလာပေးမယ်လေ”
“မစားသေးပါဘူးအေ…”
“ဟုတ်ပြီအမေ…ဒါဆိုကျုပ်အလုပ်ကပြီးပြီမလို့…
မိုးရေချိုးဦးမယ်”
“ဖျားဦးမယ်အေ့…မိုးကအတော်သည်းတာ…
လေလည်းပါတော့ အေးတယ်မိဝင်းရဲ့”
“ကျုပ်ကမီးဖိုထဲနေရတော့ချွေးပျံနေတာအမေရဲ့…
မကြာပါဘူး ခဏတင်ပါ”
မိုးရွာသည်မှာလေပါသောကြောင့်
ကွပ်ပျစ်နေရာကမိုးစင်နေ၍
ဘွားမယ်စိန်နဲ့နန်းကြိုင်တို့မြေးအဘွားမှာ
အိမ်ပေါ်၌ထိုင်နေကြသည်။
ဒေါ်ဝင်းကတော့မိုးရွာထဲထွက်၍ရေချိုးတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ရိပ်ကြပြီး
သည်းထန်နေသော မိုးကိုဘွားမယ်စိန်ငေးကြည့်ရင်း
သူ၏ဆေးလိပ်ကြီးကိုဖွာရှိုက်နေခဲ့သည်။
နောက်တစ်နေ့ နေ့လယ်ပိုင်းအချိန်၌…
“ဘွားမယ်စိန်ရှိပါသလားရှင့်…”
ဟု…ဆိုပြီးခြံပြင်မှ အသံကြောင့်ကွပ်ပျစ်ခင်း၌
ထိုင်နေသော ဒေါ်ဝင်းတစ်ယောက် ခြံဝသို့ ထသွားရသည်။
“ဘယ်သူများလဲ”
“ဒါ…ဘွားမယ်စိန်အိမ်လားညီမ…”
“ဟုတ်ပါတယ်…”
“သြော်…အစ်မကဘေးရွာကပါ…
ဘွားမယ်စိန်နဲ့တွေ့ချင်လို့ရောက်လာတာပါ ညီမရယ်…”
“ဟုတ်ကဲ့…အမေရှိပါတယ်…ဝင်ခဲ့ကြပါ”
သားအမိဖြစ်ဟန်တူသော ဧည့်သည်နှစ်ယောက်ကို
ဒေါ်ဝင်းခြံတံခါးဖွင့်ပေးလိုက်ပြီး ဝင်လာစေသည်။
ဘွားမယ်စိန်ကတော့ကွပ်ပျစ်၌ထိုင်နေရင်း…
“လာကြကွဲ့….ထိုင်ကြပါ”
ဟု…ဧည့်သည်များကိုပြောလေတော့…
“ဟုတ်ကဲ့”
ဟုဆိုကာ ကွပ်ပျစ်၌ဝင်ထိုင်ကြလေသည်။
ဧည့်သည်များကိုဘွားမယ်စိန်သေချာကြည့်လိုက်ပြီး…
“ဘွားက ဘွားမယ်စိန်ပါ…ဒီကတူမကြီးတို့
ကဘယ်သူတွေများလဲ”
“ကျုပ်တို့ကသားအမိတွေပါဘွားရယ်…
ဘွားကိုလည်းတွေ့ဖူးပါတယ်…
အခုလိုတော့စကားမပြောဖူးပါဘူး…”
ဟုဆိုလေတော့ဘွားမယ်စိန်နားထောင်နေခဲ့၏။
ဆက်ပြီးတော့လည်း…
“ဒါ…ကျုပ်သမီး မိချောလို့ခေါ်ပါတယ်…
ကျုပ်တို့က ရွာသစ်ရွာကလာကြတာပါ…”
“သြော်…အေး…အေး…အေး
ဒါနဲ့ ဘာအရေးများရှိလို့ရောက်လာကြတာလဲအေ့”
“အရေးကတော့ ကျုပ်သမီးအကြောင်းပါဘွားရယ်…”
ဟုဆိုလေတော့ သမီးဖြစ်သူမိချောက
မိခင်ဖြစ်သူကိုကြည့်လိုက်သည်။
ဘွားမယ်စိန်ကလည်းသားအမိနှစ်ယောက်
အခြေအနေကိုကြည့်နေခဲ့၏။
မိချောအမေကဆက်ပြီး…
“ဒီကလေးမက ကျုပ်တို့မေးရင်မဖြေတာနဲ့…
ဘွားဆီကိုခေါ်လာခဲ့တာပါ…”
“ဟေ…”
“အမေ…”
“ညည်းအသာငြိမ်နေစမ်းပါမိချောရယ်…
ဒီလိုပါဘွား…ကျုပ်တို့သမီးက လူမှန်းသိတတ်စအရွယ်ကတည်းက အသားငါးဆိုဘယ်လိုကျွေးကျွေးမစားတဲ့သူပါ…
အစပိုင်းကတော့သူမကြိုက်လို့သာ ကျွေးမရတာလို့
ထင်မိကြတာ…ဒါပေမယ့်အသားငါးသွားဝယ်ခိုင်းတာတို့…
ရေဆေးခိုင်းတာတို့ ကိုတောင်
ဘယ်လိုမှလုပ်ခိုင်းလို့မရပါဘူးတော်…
တစ်ခါတစ်ခါသူပြောတဲ့စကားတွေကြောင့်လည်းကျုပ်တို့
သူ့ကိုစိတ်ထဲသံသယတွေခဏခဏဝင်မိပါတယ်…
ဒါပေမယ့်သူ့ကိုမေးတိုင်းလည်းအဖြေကထွက်မလာခဲ့ပါဘူး…
အဲ့တာကြောင့်သာ ဘွားဆီကိုခေါ်လာခဲ့တာပါ…”
ဟု…ပြောလိုက်လေတော့ မိချောက ခေါင်းကိုငုံ့ထားလေသည်။
ဘွားမယ်စိန်ကလည်းမိချောကိုအကဲခတ်နေခဲ့၏။
ခဏကြာတော့မိချောကိုကြည့်၍…
“ငါ့မြေး…ညည်းကလူဝင်စားပဲအေ့”
လို့ပြောလိုက်လေတော့ မိချောခေါင်းကိုမော့လာပြီး
အံ့သြသွားပုံရသည်။
ဘွားမယ်စိန်က…
“ညည်းဘာလို့အသားငါးမစားလဲဆိုတာ…
ညည်းမိဘများသိအောင်ပြောပြလိုက်ပါလားငါ့မြေးရဲ့…
ညည်းအရင်ဘဝကိုလည်း
ညည်းမှတ်မိနေတယ်မဟုတ်လား”
ဘွားမယ်စိန်အမေးကြောင့်.မိချောခေါင်းပြန်ငုံ့သွားသည်။
မိချောအမေနဲ့ဒေါ်ဝင်းကတော့ မိချောကိုသာကြည့်နေခဲ့ကြသည်။
အားလုံး၏အကြည့်များကမိချောဆီ၌သာရှိနေချိန်
မိချောခေါင်းလေးပြန်မော့လာခဲ့သည်။
သို့သော် သူမ၏မျက်လုံး၌ ကျလုလုမျက်ရည်များက
ခိုအောင်းနေရှာသည်။
“ကျုပ်မပြောချင်လို့မဟုတ်ပါဘူးဘွားရယ်…
ကျုပ်ရဲ့ဘဝဟောင်းက
အတော်လေးယုတ်ညံ့ခဲ့တာကြောင့်ပါတော်…”
ဟုမိချောသည်အသံလေးတုန်တုန်ရီရီဖြင့်ပြောလိုက်၏။
“ငါ့မြေးပြောမှ…ငါ့မြေးအမေတို့လည်းစိတ်ရှင်းမှာပေါ့…
နောက်ပြီးဘဝဟောင်းကိုမှတ်မိတယ်ဆိုတာနည်းတဲ့ကံလား
ငါ့မြေးရယ်…ဘဝဟောင်းက
ကိုယ်ပြုခဲ့တာမကောင်းမှုမှန်သမျှကို…
ဒီဘဝမှာဆင်ခြင်လို့ရတာမကောင်းပေဘူးလား…”
ဘွားမယ်စိန်စကားကြောင့် မိချောသူမျက်နှာထက်ရှိ
မျက်ရည်များကိုသုတ်လိုက်သည်။
ပြီးနောက်သူ့အမေကိုကြည့်၍…
“အမေတို့အရမ်းသိချင်နေတယ်မဟုတ်လား…
ဒါဆိုကျုပ်ပြောပြမယ်….”
ဟူပြောလိုက်တော့၏။
ဆက်ပြီးလည်း…
“ကျုပ်အရင်ဘဝကနာမည်က…မိဂျမ်းလို့ခေါ်ပါတယ်…”
***********************************
“အမယ်လေး…မလှဝင်းရဲ့…တော့်သမီးမိဂျမ်းကို
ထားခဲ့နိုငျပွီပေါ့…အီးးးးဟီးးးးးးးးဟီးးးးးးးးး”
လူအုပ်ကြီးသည်
အလောင်းစင်ကိုထမ်းသောရွာသားတို့၏
အနောက်မှလိုက်ပါလာခဲ့ပြီး ငိုသူကငိုဖြင့်
ဆူညံပွက်လောရိုက်နေခဲ့၏။
ထိုသူတို့ထဲ၌အသက်ကြီးကြီးမိန်းမကြီးတစ်ဦး၏
ကိုယ်ပေါ်၌ချီပိုးထားသော ငါးနှစ်ကျော်အရွယ်ကလေးငယ်မှာ
မိဂျမ်းပင်ဖြစ်သည်။
မိဂျမ်းအဖေ မုဆိုကြီးဦးဖိုးမောင်ကတော့
မျက်နာကြီးရှုံ့မဲ့ရှုံ့မဲ့ဖြင့် မိဂျမ်းတို့နံဘေးမှ
လိုက်ပါလာခဲ့ရှာသည်။
မိဂျမ်းအမေ မလှဝင်းဆုံးပါးချိန်၌ မိဂျမ်းက
ငါးနှစ်ကျော်အရွယ်လေးသာ…။
အဲ့သည်နောက်ပိုင်း…မိဂျမ်းတစ်ယောက်
ဖခင်ဖြစ်သူနှင့်အတူကြီးပြင်းလာခဲ့ရသည်။
“အဖေ…ဒီနေ့တောတက်တာဘာကောင်ရခဲ့လဲဟင်…”
“ဒီမှာလေသမီးရဲ့…တောဝက်ကြီး…တောဝက်ကြီးရခဲ့တာ…
လာကြည့်ပါဦးဒီနားကို…”
ဖခင်ဖြစ်သူကတောပစ်ထွက်၍ ရလာသော
တောဝက်ကြီး၏အူကလီစာများခွဲထုတ်နေသည်ကို
မိဂျမ်းထိုင်ကြည့်နေခဲ့သည်။
သွေးသံတရဲရဲ အသားများကိုကြည့်ရင်း
မိဂျမ်းပြုံးနေလေသည်။
“ဟ…သမီးဘာတွေပြုံးနေတာတုန်း”
ဦးဖိုးမောင် သမီးဖြစ်သူကိုမေးလေတော့…
“အဖေသားကောင်မိရင် ပျော်တယ်…
အသားစားရတာမိဂျမ်းအရမ်းကြိုက်တယ်…”
“ဟားးး…ဟားး…ဟားးး…ဟားးး…
ဖိုးမောင်သမီးကတော့ဖိုးမောင်နဲ့တစ်ထပ်ထဲပဲဟေ့…”
ဦးဖိုးမောင်ကသမီးဖြစ်သူကိုကြည့်ရင်း ကျေနပ်စိတ်ဖြင့်
ပြောလိုက်သည်။
ကလေးဘဝကတည်းက ဖခင်ဖမ်းဆီးလာသော
တောကောင်များကိုကြည့်ရင်း မိဂျမ်း သူလည်းပဲ
ဖခင်ကဲ့သို့ တောကောင်များကိုသတ်ချင်စိတ်များဝင်လာသည်။
ထို့ကြောင့် အရွယ်လေးရလာတော့
မိန်းကလေးတန်မဲ့ ဖခင်ဖြစ်သူနှင့်အတူ
မုဆိုးအလုပ်ကိုဝင်လုပ်ခဲ့သည်။
“အမယ်လေး…ဖိုးမောင်ရယ်…
မိဂျမ်းကမိန်းကလေးဆိုတာနင်မေ့များမေ့နေသလား…
မုဆိုးအလုပ်နဲ့မိဂျမ်းကဘာဆိုင်လို့တုန်းဟဲ့…”
ဟု…ကြီးတော်များက ဝိုင်းပြောကြသည်။
“အစ်မ…ခင်ဗျားထင်ရာပြောမနေနဲ့…
ခင်ဗျားတူမ မိဂျမ်းကိုက ကျုပ်ကိုအတင်းသင်ခိုင်းနေတာ…
မယုံရင်သူ့မေးကြည့်လိုက်…”
ဟု ဝါးချွန်းလုပ်နေသော မိဂျမ်းကိုမေးငေါ့ကာပြောလိုက်တော့
မိဂျမ်းက မမှုဟန်ဖြင့် ဝါးကိုဆက်ချွန်နေခဲ့သည်။
“နင့်အဖေပြောတာဟုတ်သလားမိဂျမ်း…”
ကြီးတော်ဖြစ်သူကမေးတော့ မိဂျမ်းခေါင်းညိတ်ပြသည်။
“ဟဲ့…မိဂျမ်း…ကြီးတော်ကိုသေချာပြောစမ်း…
ညည်းကိုယ်တိုင်ဒီအလုပ်ကိုလုပ်ချင်တာလား…
ဒါမှမဟုတ်ညည်းအဖေအတင်းခိုင်းလို့လား…
ပြောစမ်းကြီးတော်ကို…”
“ကျုပ်ဘာသာ ပျော်လို့လုပ်တာပါကြီးတော်ရာ…
အဖေ့လည်းသွားပြောမနေစမ်းပါနဲ့…
ကျုပ်သဘောနဲ့ကျုပ်ပါ…”
“ဟဲ့…မိဂျမ်း…မိန်းမကြမ်းမရဲ့…
ဒါမိန်းမအလုပ်လား…ဟမ်…
နင့်အမေ မိလှဝင်းသာမြင်ရင်တော့ရင်ကျိုးရှာမှာ
မိဂျမ်းရဲ့…”
ကြီးတော်ဖြစ်သူကပြောရင်းငိုလေသည်။
“ဒီမှာကြီးတော်…ကျုပ်အလုပ်ကို ကျုပ်သိတယ်…
မရှိတော့တဲ့အမေနဲ့ကိုင်တုပ်မနေစမ်းပါနဲ့…
ကျုပ်တို့သားအဖကို
အသာလေးလွှတ်ထားလိုက်စမ်းပါ…”
မိဂျမ်းစကားကြောင့်ကြီးတော်ဖြစ်သူဒေါသထွက်သွားသည်။
“ဟဲ့ဖိုးမောင်…”
“ဗျာအစ်မ…”
“နင့်သမီးကမိန်းကလေးတန်မဲ့ ဒီလောက်ရိုင်းနေရသလား…
နင်ကြည့်တော့နေနော်…ဒီကောင်မလုပ်ကိုင်နေတာ
မုဆိုးအလုပ်…အေး…အခုကတည်းကရိုင်းစိုင်းနေတဲ့မိန်းကလေးက အကုသိုလ်အလုပ်မှာပျော်နေရင်
သူ့ဘဝတွေးတောင်မတွေးရဲစရာပဲ…
ကဲ…ငါပြန်မယ်…ပြောမရရင်ကိုယ့်ဘဝနဲ့ကိုယ်ပဲဟေ့”
ဟု…ဆိုကာ ကြီးတော်ဖြစ်သူသည်
ဒေါသတကြီးဖြင့်ပြန်သွားတော့သည်။
ကြီးတော်ဖြစ်သူပြန်လေမှ…
“သမီးရာ…ကြီးတော်ကိုဘာလို့ရိုင်းရိုင်းစိုင်းစိုင်းတွေ
ပြောလိုက်ရတာလဲ…”
“အခုလိုမပြောရင်အဖေ့အစ်မကနောက်လည်း
လာလာပြောနေဦးမှာ…အဲ့တော့တစ်ခါထဲ
ပြောပစ်လိုက်တော့မကောင်းဘူးလား”
“ဟင်း…”
ဦးဖိုမောင်တစ်ယောက် သက်ပြင်းချလိုက်ရသည်။
မိဂျမ်းကတော့အေးအေးလူလူပင် ဝါးချွန်းကိုဆက်ချွန်နေတော့၏။
***************************
“မိဂျမ်း…”
“ဘာလဲ”
“ဟယ်…နင်ထူးတာကြီးကလည်း ချိုသာလိုက်တာ”
“ရွဲ့မနေနဲ့အေးနုမ…ပြော…ဘာလာလုပ်တာလည်း”
သူငယ်ချင်းဖြစ်သူအေးနုရောက်လာပြီး
မိဂျမ်းနဲ့စကားပြောနေသည်။
“ရွာလယ်ပိုင်းကအလှူကျရင်အလှူလှည့်
နင်ပါဦးမလားလို့”
“ဟ…ငါကဘယ်တုန်းကပါဖူးလို့နင်ကလာမေးနေရတာလဲ
အေးနုရဲ့…ဘာလဲနင်ကငါ့ကိုလာရွဲ့နေတာလား…”
“မဟုတ်ပါဘူးဟာ…ငါကမေးကြည့်တာပါ…”
“တော်စမ်းပါ…ငါကနင်တို့လိုရွာထဲအလေလိုက်တဲ့
အလုပ်ထက်…တောထွက်ပြီးသားကောင်ပစ်ရတာကိုပဲ
ကြိုက်တယ်…ဒီမှာငါ့ဒူးလေးကိုတွေ့လား…
ဒီကောင်ကြီးနဲ့တောထွက်ရတာ…ငါအပျော်ဆုံးပဲဟ”
မိဂျမ်းစကားကြောင့်အေးနု ငေးကြည့်နေသည်။
“မိဂျမ်းနင်သိလား…နင်သာဒီမုဆိုးအလုပ်ကို
မလုပ်ဘဲ မိန်းကလေးပီပီသသနေရင်
တို့ရွာမှာနင်အချောဆုံးဖြစ်မှာဟ…”
“ဟားး…ဟားး…အခုကရောမချောလို့လားအေးနုမရဲ့”
“အခုက…အခုကနင်ကစိတ်ကြမ်း…
လူကြမ်းကြီးဖြစ်နေတယ်လေဟာ…”
“ငါပြောမယ်အေးနုရဲ့…လူဆိုတာကိုယ်ပျော်တဲ့အရာနဲ့ပဲ
ဘဝမှာအသက်ရှင်ကြတာ…
ဒီတော့နင်လည်းသူများအတွက်မတွေးဘဲ…
ကိုယ့်အတွက်ကိုယ်သာတွေးစမ်းပါဟာ…”
“အေးပါဟာ…”
အေးနုတစ်ယောက်သူငယ်ချင်းမ မိဂျမ်းမသိစေရန်
သက်ပြင်းတစ်ချက်ခပ်ဖွဖွချလိုက်ရှာသည်။
အပိုင်း၁
“မိချော…ဟဲ့မိချော…”
“ရှင်…အမေ”
“ညည်းအသံပဲကြားရတယ်အေ…
လူကဘယ်ကိုရောက်နေတာတုန်းမိချောရဲ့”
“လာပါပြီအမေရဲ့…ကျုပ် အိမ်နောက်ဖေးမှာ
ရောက်နေလို့ပါတော်…”
“ညည်းကအိမ်နောက်ဖေးမှာဘာသွားလုပ်နေတာတုန်း”
“ဘာလုပ်ရမှာတုန်းအမေကလည်း…
ကျုပ်အပင်လေးတွေရေလောင်းနေတာပေါ့တော်”
“အေး…အေး…အေး…ဒါဆိုရင် အခု…
ဒီကိုလာခဲ့ဦး”
မိချောဆိုသည့်အပျိုဖြန်းအရွယ်ကောင်မလေးတစ်ဦးသည်
ရေခွက်ကိုကိုင်၍ မိခင်ဖြစ်သူရှိသော
မီးဖိုထဲသို့ရောက်လာခဲ့သည်။
“ပြောအမေ…”
“ရော့…ဒီပိုက်ဆံကိုယူလိုက်…
အဲ့ပိုက်ဆံနဲ့…ကိုဝတုတ်ဆီက ဝက်သားတစ်တွဲသွားယူခဲ့…
အမေမနေ့ကသူ့ဆီဝက်သားယူမယ်ဆိုတာ
ပြောထားခဲ့ပြီးသား…”
“ဟာ…အမေကလည်း”
“ဘာ….အမေကလည်းတုန်း…
ညည်းကိုဒါလေးခိုင်းတာကို ဘယ်လိုဖြစ်နေရတာလဲ
မိချောရဲ့”
“ဟင်းတွေကျုပ်မကိုင်ချင်ပါဘူးအမေရာ…
နောက်ပြီး
ကျုပ်စားလည်းမစားချင်ဘူး”
“ဟဲ့…အဲ့တာတွေကို နင့်ကိုစားခိုင်းနေတာမှမဟုတ်တာ…
မနေ့ကသူ့ကိုငါပြောထားတယ်…
ညည်းကငွေပေးပြီးယူလာခဲ့ရုံတင်ပါမိချောရယ်…”
“မသိဘူးအမရော…
ကျုပ်ကိုတခြားဟာတွေပဲခိုင်းစမ်းပါ…
ကျုပ်အဲ့သည်အသားတွေကိုကိုင်ကို
မကိုင်ချင်လို့ပါတော်…”
မိချောက မိခင်ဖြစ်သူခိုင်းတာကိုအတင်းငြင်းဆန်နေသည်။
သမီးဖြစ်သူ မိချောအကြောင်းသိလေသော
မိချောအမေမှာသက်ပြင်းကို “ဟင်း”ခနဲချလိုက်ပြီး…
“အေးပါဟယ်…ငါပဲမှားပါတယ်မိချောရယ်…
ငါပဲမှားပါတယ်ဟယ်…
နေနေ…ဒီထမင်းအိုးကိုသာ
ညည်းကြည့်ထားလိုက်တော့
ငါပဲသွားလိုက်မယ်…
မဟုတ်ရင် နင့်အဖေနဲ့နင့်အစ်ကိုတို့လည်း
နေ့လယ်စာတောင်စားကြရမှာမဟုတ်တော့ဘူး”
ဟု…ပြော၍ မီးဖိုထဲမှထွက်သွားတော့သည်။
*******************************
“ကိုကျော်ထူး….”
“ဘာတုန်း….”
“ဘာကမှာလဲ…တော့်သမီးမိချော အကြောင်းပြောမလို့လေ”
“ငါ့သမီးမိချောကဘာဖြစ်နေလို့တုန်းဟ”
“ဘာဖြစ်ရမှာလဲ…တစ်နေ့က ကိုဝတုတ်ဆီကအသားသွားယူခိုင်းတာကို ဘယ်လိုပြောပြောမရဘူးတော်ရေ့…
ဒီကလေးမက အသားဟင်းမစားတာထားစမ်းပါတော်…
အခုဟာကအဲ့အသားတွေကို
သူ့လက်ကမကိုင်နိုင်ဖြစ်နေတာတော်တော်ထူးတယ်”
“အင်းးး…..ဒါကတော့ကွာ
သူ့စိတ်နဲ့သူပေါ့မိန်းမရဲ့…
မင်းကလည်း
သူမလုပ်ချင်တာကိုအတင်းမခိုင်းနဲ့လေကွာ…”
“မိချောက ကျုပ်မွေးထားတဲ့ကျုပ်သမီးပါတော်…
ငယ်ငယ်ကတည်းအသားဆိုဘာသားကျွေးကျွေး
မစားတဲ့ကလေးမ…အသားစိမ်းငါးစိမ်းတောင်
လက်နဲ့မကိုင်ချင်ဘူးဆိုတော့ အတော်ထူးတယ်
ကိုကျော်ထူးရဲ့”
“ဘာများထူးသွားလို့တုန်းကွ…”
“တော့်သမီးတစ်ခါတစ်လေပြောတယ်လေ…
တော်တို့ကျုပ်တို့အသားဟင်းစားရင်တောင်မှ…
အမေတို့ဟင်းတွေတတ်နိုင်ရင်လျော့စားကြစမ်းပါ…
မဟုတ်ရင်ကျုပ်လိုကြုံရလိမ့်မယ်တဲ့ဆိုပြီး…
သူပြောတတ်တယ်လေ”
“မင်းပြောမှငါလည်းသေချာစဥ်းစားမိတယ်…
ငါ့သမီးမိချောကထူးတော့ထူးနေတယ်ဟ”
“အေးလေ…အဲ့တာကိုကျုပ်ကပြောတာ…
အခုကျုပ်စဥ်းစားမိတာတစ်ခုရှိတယ်…”
“ဘာကိုစဥျးစားမိတာလဲကှ”
“ဘာလဲဆိုတော့ ကျုပ်တို့ဘေးရွာကဘွားမယ်စိန်ဆီ
တော့်သမီးကိုသွားပြလိုက်မယ်လေ…
ဒါမှ မိချောဘာဖြစ်နေတယ်ဆိုတာ.ဘွားမယ်စိန်သိမှာပေါ့…
ဟောဘွားမယ်စိန်သိရင်…ကျုပ်တို့လည်းသိပြီပေါ့တော်”
“အေး…မင်းအကြံမဆိုးဘူးပဲမိန်းမရ”
“ဟုတ်တယ်နော်…ကျုပ်ရဲ့အကြံကို
အမြန်ဆုံးအကောင်အထည်ဖော်မှဖြစ်တော့မယ်…
မဟုတ်ရင်တော့်သမီးမိချောကနားလည်ရခက်တယ်တော်ရေ့”
“အေး…အေး…မင်းသင့်သလိုသာလုပ်ကွာ”
မိချောမိဘများလည်းမိချောကိုဘွားမယ်စိန်နဲ
တွေ့ပေးဖို့ စီစဥ်ကြတော့လေသည်။
********************************
“ဒီမိုးကလည်း…အတော်ကို သည်းနေတာပါလား”
တဝေါဝေါရွာချနေသော မိုးကိုကြည့်ရင်း
ဘွားမယ်စိန်ပြောလိုက်သည်။
“အမေရေ…”
အောက်ထပ်မီးဖိုထဲမှဒေါ်ဝင်းကအော်ခေါ်လေတော့…
“အေး..မိဝင်းပြော….”
“ထမင်းစားတော့မလား…စားရင်ကျုပ်တစ်ခါထဲ
ခူးလာပေးမယ်လေ”
“မစားသေးပါဘူးအေ…”
“ဟုတ်ပြီအမေ…ဒါဆိုကျုပ်အလုပ်ကပြီးပြီမလို့…
မိုးရေချိုးဦးမယ်”
“ဖျားဦးမယ်အေ့…မိုးကအတော်သည်းတာ…
လေလည်းပါတော့ အေးတယ်မိဝင်းရဲ့”
“ကျုပ်ကမီးဖိုထဲနေရတော့ချွေးပျံနေတာအမေရဲ့…
မကြာပါဘူး ခဏတင်ပါ”
မိုးရွာသည်မှာလေပါသောကြောင့်
ကွပ်ပျစ်နေရာကမိုးစင်နေ၍
ဘွားမယ်စိန်နဲ့နန်းကြိုင်တို့မြေးအဘွားမှာ
အိမ်ပေါ်၌ထိုင်နေကြသည်။
ဒေါ်ဝင်းကတော့မိုးရွာထဲထွက်၍ရေချိုးတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ရိပ်ကြပြီး
သည်းထန်နေသော မိုးကိုဘွားမယ်စိန်ငေးကြည့်ရင်း
သူ၏ဆေးလိပ်ကြီးကိုဖွာရှိုက်နေခဲ့သည်။
နောက်တစ်နေ့ နေ့လယ်ပိုင်းအချိန်၌…
“ဘွားမယ်စိန်ရှိပါသလားရှင့်…”
ဟု…ဆိုပြီးခြံပြင်မှ အသံကြောင့်ကွပ်ပျစ်ခင်း၌
ထိုင်နေသော ဒေါ်ဝင်းတစ်ယောက် ခြံဝသို့ ထသွားရသည်။
“ဘယ်သူများလဲ”
“ဒါ…ဘွားမယ်စိန်အိမ်လားညီမ…”
“ဟုတ်ပါတယ်…”
“သြော်…အစ်မကဘေးရွာကပါ…
ဘွားမယ်စိန်နဲ့တွေ့ချင်လို့ရောက်လာတာပါ ညီမရယ်…”
“ဟုတ်ကဲ့…အမေရှိပါတယ်…ဝင်ခဲ့ကြပါ”
သားအမိဖြစ်ဟန်တူသော ဧည့်သည်နှစ်ယောက်ကို
ဒေါ်ဝင်းခြံတံခါးဖွင့်ပေးလိုက်ပြီး ဝင်လာစေသည်။
ဘွားမယ်စိန်ကတော့ကွပ်ပျစ်၌ထိုင်နေရင်း…
“လာကြကွဲ့….ထိုင်ကြပါ”
ဟု…ဧည့်သည်များကိုပြောလေတော့…
“ဟုတ်ကဲ့”
ဟုဆိုကာ ကွပ်ပျစ်၌ဝင်ထိုင်ကြလေသည်။
ဧည့်သည်များကိုဘွားမယ်စိန်သေချာကြည့်လိုက်ပြီး…
“ဘွားက ဘွားမယ်စိန်ပါ…ဒီကတူမကြီးတို့
ကဘယ်သူတွေများလဲ”
“ကျုပ်တို့ကသားအမိတွေပါဘွားရယ်…
ဘွားကိုလည်းတွေ့ဖူးပါတယ်…
အခုလိုတော့စကားမပြောဖူးပါဘူး…”
ဟုဆိုလေတော့ဘွားမယ်စိန်နားထောင်နေခဲ့၏။
ဆက်ပြီးတော့လည်း…
“ဒါ…ကျုပ်သမီး မိချောလို့ခေါ်ပါတယ်…
ကျုပ်တို့က ရွာသစ်ရွာကလာကြတာပါ…”
“သြော်…အေး…အေး…အေး
ဒါနဲ့ ဘာအရေးများရှိလို့ရောက်လာကြတာလဲအေ့”
“အရေးကတော့ ကျုပ်သမီးအကြောင်းပါဘွားရယ်…”
ဟုဆိုလေတော့ သမီးဖြစ်သူမိချောက
မိခင်ဖြစ်သူကိုကြည့်လိုက်သည်။
ဘွားမယ်စိန်ကလည်းသားအမိနှစ်ယောက်
အခြေအနေကိုကြည့်နေခဲ့၏။
မိချောအမေကဆက်ပြီး…
“ဒီကလေးမက ကျုပ်တို့မေးရင်မဖြေတာနဲ့…
ဘွားဆီကိုခေါ်လာခဲ့တာပါ…”
“ဟေ…”
“အမေ…”
“ညည်းအသာငြိမ်နေစမ်းပါမိချောရယ်…
ဒီလိုပါဘွား…ကျုပ်တို့သမီးက လူမှန်းသိတတ်စအရွယ်ကတည်းက အသားငါးဆိုဘယ်လိုကျွေးကျွေးမစားတဲ့သူပါ…
အစပိုင်းကတော့သူမကြိုက်လို့သာ ကျွေးမရတာလို့
ထင်မိကြတာ…ဒါပေမယ့်အသားငါးသွားဝယ်ခိုင်းတာတို့…
ရေဆေးခိုင်းတာတို့ ကိုတောင်
ဘယ်လိုမှလုပ်ခိုင်းလို့မရပါဘူးတော်…
တစ်ခါတစ်ခါသူပြောတဲ့စကားတွေကြောင့်လည်းကျုပ်တို့
သူ့ကိုစိတ်ထဲသံသယတွေခဏခဏဝင်မိပါတယ်…
ဒါပေမယ့်သူ့ကိုမေးတိုင်းလည်းအဖြေကထွက်မလာခဲ့ပါဘူး…
အဲ့တာကြောင့်သာ ဘွားဆီကိုခေါ်လာခဲ့တာပါ…”
ဟု…ပြောလိုက်လေတော့ မိချောက ခေါင်းကိုငုံ့ထားလေသည်။
ဘွားမယ်စိန်ကလည်းမိချောကိုအကဲခတ်နေခဲ့၏။
ခဏကြာတော့မိချောကိုကြည့်၍…
“ငါ့မြေး…ညည်းကလူဝင်စားပဲအေ့”
လို့ပြောလိုက်လေတော့ မိချောခေါင်းကိုမော့လာပြီး
အံ့သြသွားပုံရသည်။
ဘွားမယ်စိန်က…
“ညည်းဘာလို့အသားငါးမစားလဲဆိုတာ…
ညည်းမိဘများသိအောင်ပြောပြလိုက်ပါလားငါ့မြေးရဲ့…
ညည်းအရင်ဘဝကိုလည်း
ညည်းမှတ်မိနေတယ်မဟုတ်လား”
ဘွားမယ်စိန်အမေးကြောင့်.မိချောခေါင်းပြန်ငုံ့သွားသည်။
မိချောအမေနဲ့ဒေါ်ဝင်းကတော့ မိချောကိုသာကြည့်နေခဲ့ကြသည်။
အားလုံး၏အကြည့်များကမိချောဆီ၌သာရှိနေချိန်
မိချောခေါင်းလေးပြန်မော့လာခဲ့သည်။
သို့သော် သူမ၏မျက်လုံး၌ ကျလုလုမျက်ရည်များက
ခိုအောင်းနေရှာသည်။
“ကျုပ်မပြောချင်လို့မဟုတ်ပါဘူးဘွားရယ်…
ကျုပ်ရဲ့ဘဝဟောင်းက
အတော်လေးယုတ်ညံ့ခဲ့တာကြောင့်ပါတော်…”
ဟုမိချောသည်အသံလေးတုန်တုန်ရီရီဖြင့်ပြောလိုက်၏။
“ငါ့မြေးပြောမှ…ငါ့မြေးအမေတို့လည်းစိတ်ရှင်းမှာပေါ့…
နောက်ပြီးဘဝဟောင်းကိုမှတ်မိတယ်ဆိုတာနည်းတဲ့ကံလား
ငါ့မြေးရယ်…ဘဝဟောင်းက
ကိုယ်ပြုခဲ့တာမကောင်းမှုမှန်သမျှကို…
ဒီဘဝမှာဆင်ခြင်လို့ရတာမကောင်းပေဘူးလား…”
ဘွားမယ်စိန်စကားကြောင့် မိချောသူမျက်နှာထက်ရှိ
မျက်ရည်များကိုသုတ်လိုက်သည်။
ပြီးနောက်သူ့အမေကိုကြည့်၍…
“အမေတို့အရမ်းသိချင်နေတယ်မဟုတ်လား…
ဒါဆိုကျုပ်ပြောပြမယ်….”
ဟူပြောလိုက်တော့၏။
ဆက်ပြီးလည်း…
“ကျုပ်အရင်ဘဝကနာမည်က…မိဂျမ်းလို့ခေါ်ပါတယ်…”
***********************************
“အမယ်လေး…မလှဝင်းရဲ့…တော့်သမီးမိဂျမ်းကို
ထားခဲ့နိုငျပွီပေါ့…အီးးးးဟီးးးးးးးးဟီးးးးးးးးး”
လူအုပ်ကြီးသည်
အလောင်းစင်ကိုထမ်းသောရွာသားတို့၏
အနောက်မှလိုက်ပါလာခဲ့ပြီး ငိုသူကငိုဖြင့်
ဆူညံပွက်လောရိုက်နေခဲ့၏။
ထိုသူတို့ထဲ၌အသက်ကြီးကြီးမိန်းမကြီးတစ်ဦး၏
ကိုယ်ပေါ်၌ချီပိုးထားသော ငါးနှစ်ကျော်အရွယ်ကလေးငယ်မှာ
မိဂျမ်းပင်ဖြစ်သည်။
မိဂျမ်းအဖေ မုဆိုကြီးဦးဖိုးမောင်ကတော့
မျက်နာကြီးရှုံ့မဲ့ရှုံ့မဲ့ဖြင့် မိဂျမ်းတို့နံဘေးမှ
လိုက်ပါလာခဲ့ရှာသည်။
မိဂျမ်းအမေ မလှဝင်းဆုံးပါးချိန်၌ မိဂျမ်းက
ငါးနှစ်ကျော်အရွယ်လေးသာ…။
အဲ့သည်နောက်ပိုင်း…မိဂျမ်းတစ်ယောက်
ဖခင်ဖြစ်သူနှင့်အတူကြီးပြင်းလာခဲ့ရသည်။
“အဖေ…ဒီနေ့တောတက်တာဘာကောင်ရခဲ့လဲဟင်…”
“ဒီမှာလေသမီးရဲ့…တောဝက်ကြီး…တောဝက်ကြီးရခဲ့တာ…
လာကြည့်ပါဦးဒီနားကို…”
ဖခင်ဖြစ်သူကတောပစ်ထွက်၍ ရလာသော
တောဝက်ကြီး၏အူကလီစာများခွဲထုတ်နေသည်ကို
မိဂျမ်းထိုင်ကြည့်နေခဲ့သည်။
သွေးသံတရဲရဲ အသားများကိုကြည့်ရင်း
မိဂျမ်းပြုံးနေလေသည်။
“ဟ…သမီးဘာတွေပြုံးနေတာတုန်း”
ဦးဖိုးမောင် သမီးဖြစ်သူကိုမေးလေတော့…
“အဖေသားကောင်မိရင် ပျော်တယ်…
အသားစားရတာမိဂျမ်းအရမ်းကြိုက်တယ်…”
“ဟားးး…ဟားး…ဟားးး…ဟားးး…
ဖိုးမောင်သမီးကတော့ဖိုးမောင်နဲ့တစ်ထပ်ထဲပဲဟေ့…”
ဦးဖိုးမောင်ကသမီးဖြစ်သူကိုကြည့်ရင်း ကျေနပ်စိတ်ဖြင့်
ပြောလိုက်သည်။
ကလေးဘဝကတည်းက ဖခင်ဖမ်းဆီးလာသော
တောကောင်များကိုကြည့်ရင်း မိဂျမ်း သူလည်းပဲ
ဖခင်ကဲ့သို့ တောကောင်များကိုသတ်ချင်စိတ်များဝင်လာသည်။
ထို့ကြောင့် အရွယ်လေးရလာတော့
မိန်းကလေးတန်မဲ့ ဖခင်ဖြစ်သူနှင့်အတူ
မုဆိုးအလုပ်ကိုဝင်လုပ်ခဲ့သည်။
“အမယ်လေး…ဖိုးမောင်ရယ်…
မိဂျမ်းကမိန်းကလေးဆိုတာနင်မေ့များမေ့နေသလား…
မုဆိုးအလုပ်နဲ့မိဂျမ်းကဘာဆိုင်လို့တုန်းဟဲ့…”
ဟု…ကြီးတော်များက ဝိုင်းပြောကြသည်။
“အစ်မ…ခင်ဗျားထင်ရာပြောမနေနဲ့…
ခင်ဗျားတူမ မိဂျမ်းကိုက ကျုပ်ကိုအတင်းသင်ခိုင်းနေတာ…
မယုံရင်သူ့မေးကြည့်လိုက်…”
ဟု ဝါးချွန်းလုပ်နေသော မိဂျမ်းကိုမေးငေါ့ကာပြောလိုက်တော့
မိဂျမ်းက မမှုဟန်ဖြင့် ဝါးကိုဆက်ချွန်နေခဲ့သည်။
“နင့်အဖေပြောတာဟုတ်သလားမိဂျမ်း…”
ကြီးတော်ဖြစ်သူကမေးတော့ မိဂျမ်းခေါင်းညိတ်ပြသည်။
“ဟဲ့…မိဂျမ်း…ကြီးတော်ကိုသေချာပြောစမ်း…
ညည်းကိုယ်တိုင်ဒီအလုပ်ကိုလုပ်ချင်တာလား…
ဒါမှမဟုတ်ညည်းအဖေအတင်းခိုင်းလို့လား…
ပြောစမ်းကြီးတော်ကို…”
“ကျုပ်ဘာသာ ပျော်လို့လုပ်တာပါကြီးတော်ရာ…
အဖေ့လည်းသွားပြောမနေစမ်းပါနဲ့…
ကျုပ်သဘောနဲ့ကျုပ်ပါ…”
“ဟဲ့…မိဂျမ်း…မိန်းမကြမ်းမရဲ့…
ဒါမိန်းမအလုပ်လား…ဟမ်…
နင့်အမေ မိလှဝင်းသာမြင်ရင်တော့ရင်ကျိုးရှာမှာ
မိဂျမ်းရဲ့…”
ကြီးတော်ဖြစ်သူကပြောရင်းငိုလေသည်။
“ဒီမှာကြီးတော်…ကျုပ်အလုပ်ကို ကျုပ်သိတယ်…
မရှိတော့တဲ့အမေနဲ့ကိုင်တုပ်မနေစမ်းပါနဲ့…
ကျုပ်တို့သားအဖကို
အသာလေးလွှတ်ထားလိုက်စမ်းပါ…”
မိဂျမ်းစကားကြောင့်ကြီးတော်ဖြစ်သူဒေါသထွက်သွားသည်။
“ဟဲ့ဖိုးမောင်…”
“ဗျာအစ်မ…”
“နင့်သမီးကမိန်းကလေးတန်မဲ့ ဒီလောက်ရိုင်းနေရသလား…
နင်ကြည့်တော့နေနော်…ဒီကောင်မလုပ်ကိုင်နေတာ
မုဆိုးအလုပ်…အေး…အခုကတည်းကရိုင်းစိုင်းနေတဲ့မိန်းကလေးက အကုသိုလ်အလုပ်မှာပျော်နေရင်
သူ့ဘဝတွေးတောင်မတွေးရဲစရာပဲ…
ကဲ…ငါပြန်မယ်…ပြောမရရင်ကိုယ့်ဘဝနဲ့ကိုယ်ပဲဟေ့”
ဟု…ဆိုကာ ကြီးတော်ဖြစ်သူသည်
ဒေါသတကြီးဖြင့်ပြန်သွားတော့သည်။
ကြီးတော်ဖြစ်သူပြန်လေမှ…
“သမီးရာ…ကြီးတော်ကိုဘာလို့ရိုင်းရိုင်းစိုင်းစိုင်းတွေ
ပြောလိုက်ရတာလဲ…”
“အခုလိုမပြောရင်အဖေ့အစ်မကနောက်လည်း
လာလာပြောနေဦးမှာ…အဲ့တော့တစ်ခါထဲ
ပြောပစ်လိုက်တော့မကောင်းဘူးလား”
“ဟင်း…”
ဦးဖိုမောင်တစ်ယောက် သက်ပြင်းချလိုက်ရသည်။
မိဂျမ်းကတော့အေးအေးလူလူပင် ဝါးချွန်းကိုဆက်ချွန်နေတော့၏။
***************************
“မိဂျမ်း…”
“ဘာလဲ”
“ဟယ်…နင်ထူးတာကြီးကလည်း ချိုသာလိုက်တာ”
“ရွဲ့မနေနဲ့အေးနုမ…ပြော…ဘာလာလုပ်တာလည်း”
သူငယ်ချင်းဖြစ်သူအေးနုရောက်လာပြီး
မိဂျမ်းနဲ့စကားပြောနေသည်။
“ရွာလယ်ပိုင်းကအလှူကျရင်အလှူလှည့်
နင်ပါဦးမလားလို့”
“ဟ…ငါကဘယ်တုန်းကပါဖူးလို့နင်ကလာမေးနေရတာလဲ
အေးနုရဲ့…ဘာလဲနင်ကငါ့ကိုလာရွဲ့နေတာလား…”
“မဟုတ်ပါဘူးဟာ…ငါကမေးကြည့်တာပါ…”
“တော်စမ်းပါ…ငါကနင်တို့လိုရွာထဲအလေလိုက်တဲ့
အလုပ်ထက်…တောထွက်ပြီးသားကောင်ပစ်ရတာကိုပဲ
ကြိုက်တယ်…ဒီမှာငါ့ဒူးလေးကိုတွေ့လား…
ဒီကောင်ကြီးနဲ့တောထွက်ရတာ…ငါအပျော်ဆုံးပဲဟ”
မိဂျမ်းစကားကြောင့်အေးနု ငေးကြည့်နေသည်။
“မိဂျမ်းနင်သိလား…နင်သာဒီမုဆိုးအလုပ်ကို
မလုပ်ဘဲ မိန်းကလေးပီပီသသနေရင်
တို့ရွာမှာနင်အချောဆုံးဖြစ်မှာဟ…”
“ဟားး…ဟားး…အခုကရောမချောလို့လားအေးနုမရဲ့”
“အခုက…အခုကနင်ကစိတ်ကြမ်း…
လူကြမ်းကြီးဖြစ်နေတယ်လေဟာ…”
“ငါပြောမယ်အေးနုရဲ့…လူဆိုတာကိုယ်ပျော်တဲ့အရာနဲ့ပဲ
ဘဝမှာအသက်ရှင်ကြတာ…
ဒီတော့နင်လည်းသူများအတွက်မတွေးဘဲ…
ကိုယ့်အတွက်ကိုယ်သာတွေးစမ်းပါဟာ…”
“အေးပါဟာ…”
အေးနုတစ်ယောက်သူငယ်ချင်းမ မိဂျမ်းမသိစေရန်
သက်ပြင်းတစ်ချက်ခပ်ဖွဖွချလိုက်ရှာသည်။
ဇာတ်သိမ်းပိုင်း
ခဏမျှကြာလေတော့ မိချောသည်
ဘွားမယ်စိန်တို့ကို
မိဂျမ်း၏အကြောင်းကိုဆက်၍ပြောပြလေသည်။
“မိဂျမ်း…”
“ရှင်အဖေ…”
“ဒီတစ်ခေါက်…ညည်း အဖေနဲ့အတူတောပစ်မလိုက်ရဘူး…
အိမ်မှာပဲနေခဲ့ရမယ်…ကြားလား”
“ဟာ…အဖေကလည်း…”
“အဖေကမလည်းနဲ့မိဂျမ်း…
တစ်နေ့က ကိစ္စနဲ့တင်ငါတော်တော်မှားခဲ့မှန်းသိရတယ်…
ညည်းကမိန်းကလေးပဲငါ့သမီးရာ…
အိမ်မှာထမင်းဟင်းချက်နေပါ…
သားကောင်ရှာတာအဖေပဲလုပ်ပါ့မယ်…နော် သမီး…”
ဖခင်ဖြစ်သူ ဦးဖိုးမောင်၏စကားကြောင့်
မိဂျမ်း တိတ်ဆိတ်သွားသည်။
ဆူဆူအောင့်အောင့်မျက်နှာဘေး ဖြင့်ထိုင်နေခဲ့သည်။
ဖခင်ဖြစ်သူတောပစ်ထွက်ဖို့ပြင်ဆင်နေသည်ကိုလည်း
မျက်စိတစ်ဆုံးလိုက်ကြည့်နေခဲ့၏။
“အဖေ့ရဲ့စေတနာကိုသမီးနားလည်ပေးပါ
မိဂျမ်းရယ်…နော်”
“ကျုပ်တစ်သက်လုံးအဖေနဲ့တောပစ်လိုက်နေတာကို
အခုမှထူးပြီးမလိုက်ရဘူးဆိုတော့
အဖေမတရားဘူးဆိုတာ အဖေသိရဲ့လား”
“အေးပါ…အဖေအရင်ကတည်းကမှားခဲ့တာပါ…
ဒါပေမယ့်အခုတော့ဆက်ပြီးအမှားမခံနိုင်တော့ဘူးသမီး…
ဒီတော့ ငါ့သမီးကအိမ်မှာပဲနေရမယ်…
အိမ်အလုပ်လေးပဲလုပ်ပါသမီးရယ်…”
ဟု…ပြောပြီး ဦးဖိုးမောင်ထွက်သွားတော့သည်။
ဖခင်ဖြစ်သူကို မိဂျမ်းအလိုမကျစိတ်ဖြင့်လှမ်းကြည့်လိုက်ပြီး
ခြေထောက်ကိုဆူဆူအောင့်အောင့်ဖြင့်ဆောင့်နင်းလိုက်၏။
သို့သော်သူမ ဖခင်မှာသည့်အတိုင်းအိမ်၌သာနေခဲ့လေသည်။
ဦးဖိုးမောင်တောတက်သွားတာ
ယခုအခေါက်အတော်ကြာသည်။
ခါတိုင်းမိဂျမ်းနှင့်သွားလျှင်နှစ်ရက်သုံးရက်မျှသာကြာ၏။
ယခုတော့တစ်ပတ်မျှရှိနေလေပြီ။
“မိဂျမ်း…ညည်းအဖေဟုတ်မှဟုတ်သေးရဲ့လားအေ”
ကြီးတော်ဖြစ်သူစကားကြောင့် မိဂျမ်းတွေဝေသွားသည်။
ခဏမျှကြာမှ…
“ကျုပ်…အဖေ့ကို တောထဲလိုက်ရှာမယ်ကြီးတော်”
“ဖြစ်ပါ့မလားမိဂျမ်းရယ်…တောကနက်ပါဘိနဲ့…”
“ဘာလို့မဖြစ်ရမှာလဲကြီးတော်…
ကျုပ်အဖေနဲ့သွားလာနေကြတောပဲဟာကို…”
မိဂျမ်းတောထဲလိုက်ဖို့ပစ္စည်းများပြင်ဆင်ထည့်နေသည်။
ကြီးတော်ဖြစ်သူကတော့စိတ်မကောင်းဟန်ဖြင့်ကြည့်နေခဲ့၏။
ထိုစဥျ…
“မိဂျမ်းရေ…မိဂျမ်း.. မိဂျမ်း……”
“ဟဲ့…ဘယ်သူတွေတုန်းဝင်ခဲ့ကြလေ”
ဝိုင်းအပြင်မှအော်ခေါ်သံကြောင့် မိဂျမ်း၏ကြီးတော်က
ဝိုင်းထဲသို့ဝင်လာခိုင်းလိုက်၏။
ဝင်လာကြသူတွေက ရွာသားသုံးယောက်ဖြစ်နေသည်။
ထိုသူတွေကတောထဲသို့ထင်းတက်ခုတ်ပြီး
ရွာ၌ပြန်ရောင်းချသူများပင်။
ထိုသူတို့၏မျက်နှာကအရေးကြီးဟန်ဖြစ်နေ၏။
“ဟဲ့…မောင်ပေါက်တို့ဘာဖြစ်လာကြတာလဲ”
ကြီးတော်ကမေးတော့…
“ဟို…ဟို….”
“တဟိုဟိုနဲ့…နင်တို့ကဘာဖြစ်နေကြတာတုန်း”
မောင်ပေါက်တို့နဲ့မိဂျမ်းကရင်းနှီး၏။
တောတက်တိုင်းဆုံနေကြသူတွေမို့ မိဂျမ်းနှင့်ကခင်နေကြသည်။
“ငါ…ငါတို့တောတက်တော့လေ…
တောထဲ…တောထဲရောက်တော့ ဟာ…
ဟို….ဟိုလေ…….”
ကိုပေါက်ကစကားပြောရခက်နေဟန်တူသည်။
ကျန်လူများကလည်း ဝင်မပြောရဲကြ။
“ဘာဖြစ်တာလဲကိုပေါက်…
ကျုပ်ကိုသေချာပြောပြ စမ်းပါ”
မိဂျမ်းကမေးလိုက်သည်။
ထိုအခါ…
“နင့်အဖေ လေးလေးဖိုးမောင်…
တောထဲမှာသေနေတာဟ…သေတာလဲရက်ကြာပြီထင်တယ်”
“ဟင်…”
“ဘယ်လို…အဖေသေပြီ…ဟုတ်လား”
မိဂျမ်းကြီးတော်၏အံ့သြသင့်သွားသောအသံနှင့်အတူ
မိဂျမ်းအသံလည်းတစ်ဆက်ထဲထွက်လာခဲ့သည်။
“ဟုတ်တယ်မိဂျမ်း…အဲ့တာကြောင့်တို့တွေလည်း
နင့်ဆီကိုချက်ချင်းပြန်လာပြောတာ”
“ဒါဆိုအဖေ့အလောင်းက…အဖေ့အလောင်းက
ဒီတိုင်းကြီးပေါ့”
“မဟုတ်ပါဘူးဟာ…တို့တွေအဲ့နားမှာပဲမြေမြုပ်ပေးခဲ့ပါတယ်”
“ဒါဆို…အဖေ့ရဲ့ကိုယ်မှာနင်တို့ ဘာဒဏ်ရာတွေ့ခဲ့လဲ…
ငါ့အဖေကိုဘယ်သူသတ်တာလဲ…ပြောစမ်းပါဟာ…”
မိဂျမ်းအံကိုကြိတ်ရင်းပြောသည်။
သူ့မျက်နှာအထက်၌ မျက်ရည်များကျနေပါသော်လည်း
သူငိုရှိုက်မနေခဲ့။
နံဘေး၌ရှိသော ကြီးတော်ဖြစ်သူကတော့…
“အမယ်လေးဖိုးမောင်ရယ်…
နင်တို့သားအဖကိုငါပြောပါတယ်…
ရွာမှာကောင်းရောင်းကောင်းဝယ်လေးပဲအေးအေးလူလူလုပ်စားကြပါလို့…အခုတော့…အခုတော့ဟယ်….
အီးးးးဟီးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးး”
ဟု…အော်ကာဟစ်ကာငိုလေတော့ ဘေးဝိုင်းများကပါရောက်လာကုန်ကြသည်။
ကိုပေါက်ကတော့မိဂျမ်းကိုကြည့်၍…
“နင့်အဖေသေနေတဲ့အပင်အနားမှာ
ဒီအစွယ်တစ်ခုစိုက်နေတာတွေ့တယ်…”
ဟုပြော၍ မိဂျမ်းလက်ထဲသို့ထည့်ပေးလိုက်သည်။
လက်ထဲရှိအစွယ်ကို မိဂျမ်းကြည့်လိုက်တော့…
“တောဝက်…တောဝက်ပဲ…တောက်…
ငါ့အဖေကိုသတ်တာဒင်းပေါ့….
တွေ့ကြပြီပေါ့ဟာ……..”
ဟုပြော၍ ဒူးလေးနဲ့လက်နက်များကိုယူ၍
မိဂျမ်းထွက်သွားတော့သည်။
“မိဂျမ်း….ဒါကဘယ်ကိုလဲ…ဘယ်ကိုသွားမလို့လဲ…
မိဂျမ်းးးးးးးး….ခေါ်ကြပါဦးဟဲ့….မိဂျမ်း…..”
ကြီးတော်ကမိဂျမ်းနာမည်ကို
အော်ဟစ်၍ခေါ်နေခဲ့သည်။
သို့သော် မိဂျမ်းက လည်ပြန်၍ပင် မကြည့်ခဲ့။
သူမသွားလိုရာသို့ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး
အံကိုတကြိတ်ကြိတ်၊ တောဝက်အစွယ်ကိုလည်းလက်၌
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းဆက်သွားနေခဲ့သည်။
*************************************
“ဒါဆိုရင်မိဂျမ်းကဘယ်ကိုရောက်သွားတာတုန်း”
မိချောပြောသောမိဂျမ်းအကြောင်းကိုနားထောင်ရင်း
ဒေါ်ဝင်းကမေးလိုက်သည်။
ဘွားမယ်စိန်ကတော့ မိချောဖြေမည့်စကားကိုသာ
နားစွင့်နေခဲ့၏။
“ဒီလိုအရီးရဲ့ မိဂျမ်းကတောထဲဝင်သွားခဲ့တယ်…
အဲ့မှာသူ့အဖေကိုသတ်တဲ့တောဝက်ကြီးကိုရှာတာပေါ့…”
“အေးလေ…အဲ့မိဂျမ်းကညည်းဆို…
ညည်းက အရင်ဘဝကိုမှတ်မိတယ်ဆိုတော့…
တောထဲမှာဘာတွေဆက်ဖြစ်ကြသေးလဲဆိုတာ
ပြောပြ စမ်းပါအေ…အရီးသိချင်လို့ပါ….”
ဒေါ်ဝင်းကမိချောပြောသည်ကိုအားမလိုအားမရဟန်ဖြင့်
ပြောလေသည်။
မိချောကတော့ ဒေါ်ဝင်းကို…
“ကျုပ်ပြောပြပါ့မယ်အရီးရယ်…
မိဂျမ်းတောထဲဝင်သွားပြီးတော့…………..”
*****************************
မိဂျမ်းတစ်ယောက်တောနက်ထဲအထိဝင်လာခဲ့သည်။
ဖခင်ဖြစ်သူကိုသတ်သော တောဝက်ကိုရှာဖို့မာန်တင်းထား၏။
မနက်ပိုင်းက ဖခင်ဖြစ်သူ၏မြေပုံထင်ရသောနေရာကို
မိဂျမ်းရောက်ခဲ့သေးသည်။
တလောကရွာထားသောမိုးကြောင့်မြေမှာပေါ့နေသည်။
ထိုမြေပုံဘေး၌လူခြေရာတချို့နှင့်
မလှမ်းမကမ်းအပင်အောက်၌
တောဝက်ခြေရာကိုမိဂျမ်းမြင်ခဲ့သည်။
အစွယ်ကျိုးထားသောတောဝက်ပေမို့
အခြားသောတောဝက်များနှင့်မမှားနိုင်…။
ဒါကြောင့်မိဂျမ်းသေချာ ရှာဖွေနေခဲ့၏။
ယခုလည်း တောဝက်ရှာရင်း ဖမ်းမိခဲ့သော
တောကြက်နှစ်ကောင်၏ လည်ပင်းကိုဓားဖြင့်
လှီး၍သွေးများကိုသောက်နေလေသည်။
သွေးများကပါးစပ်၌ပေကျံနေပြီး မိဂျမ်းကတော့
အရသာတွေ့နေပုံပင်။
တောကြက်နှစ်ကောင်၏လည်ပင်းမှကျဆင်းနေသော
သွေးများကိုသောက်ပြီးမှ
မိဂျမ်းနေသာထိုင်သာရှိသွားပုံရသည်။
ပြီးလေမှ တောကြက်နှစ်ကောင်ကို
မီးဖိုပေါ်၌မကျက်တကျက်ကင်လိုက်၏။
ထိုမကျက်တကျက်ကင်ထားသောအသားများကိုလည်း
မိဂျမ်းကြိုက်နှစ်သက်နေပုံပင်။
တောထဲရောက်တာကြာလာတော့ မိဂျမ်းစိတ်ကပို၍
ကွမျးတမျးလာ၏။
ဝါးချွန်းရှည်ကြီးတစ်ချောင်းကိုကိုင်၍
တောဝက်ရှာတတ်သည်။
သို့သော် ရှာဖွေနေသော တောဝက်ကမတွေ့ဘဲ
အခြားသော တောကောင်များကိုသာရရှိခဲ့၏။
“ဟင်…ဟို….ဟိုဟာဘာကြီးလဲ….သ…သရဲ…သရဲ”
ဆံပင်များဖွာလောင်ကျဲပြီး လူကယခင်နှင့်မတူသော
မိဂျမ်းကိုမြင်တော့ ထင်းခုတ်လာကြသောသူများ
ကြောက်လန့်တကြားပြေးကုန်ကြသည်။
ထိုသူတို့ကိုမိဂျမ်း ဂရုပင်မစိုက်ခဲ့။
သူမစိတ်ထဲ၌ အစွယ်ပဲ့နေသောတောဝက်သာ
ရှိနေလေသည်။
ထိုသို့ဖြင့်တစ်ရက်မှာတော့
ထိုတောဝက်ကိုမိဂျမ်းတွေ့လိုက်သည်။
တောဝက်၏အနောက်မှတိတ်တဆိတ်လိုက်လာခဲ့လေတော့
တောဝက်အမကြီးနဲ့တောဝက်ပေါက်စများကိုပါမိဂျမ်း
တွေ့လိုက်ရ၏။
ဖခင်အတွက်လက်စားချေချင်နေသော
မိဂျမ်းလည်း တောဝက်အထီးနှင့်အမကို
ဒူးလေးဖြင့်ချ်ိန်ကာပစ်လိုက်သည်။
တောဝက်အမကတော့နေရာ၌…”ဘိုင်း”ခနဲလဲကျသွားသော်လည်းတောဝက်အထီးကတော့ သူ၏ကျောကုန်း၌
သာထိမှန်သွားသည်မို့
မိဂျမ်းရှိရာသို့သွေးရူးသွေးတန်းဖြင့်
ရန်မူကာတိုက်ခိုက်လေသည်။
အစွယ်ကျိုးနေပြီးဒေါသထွက်နေသော တောဝက်ထီးသည်
မိဂျမ်းကို အစွယ်တစ်ချောင်းဖြင့်လိုက်လံ တိုက်ခိုက်၏။
မိဂျမ်းနှင့်တောဝက်အထီးတို့သူနိုင်ငါနိုင်ကြိုးစားနေချ်ိန်
မိဂျမ်းသည်ဝါးချွန်းဖြင့်တောဝက်အထီး၏
ဦးခေါင်းကိုစိုက်ချနိုင်လိုက်လေသည်။
ဝါးချွန်းကြီးစိုက်၍သေဆုံးသွားသော
တောဝက်အထီး၏ခေါင်းမှကျဆင်းနေသော
သွေးများကိုလည်း မိဂျမ်းအားရဝမ်းသာစွာလက်ဖြင့်ခံ၍
သောက်လိုက်သည်။
ပြီးနောက်ကောင်းကင်သို့မော့၍…
“ဟားးး…ဟားး…ဟားးးး…ဟားးးး….
ဟားးး….ဟားးး…ဟားးးးးဟားးးး……..”
ကျယ်လောင်သောအသံကြီးဖြင့်
ရယ်မောလိုက်ပြန်သည်။
မိဂျမ်းဘေး၌တောဝက်အသေနှစ်ကောင်နှင့်
တောဝက်ပေါက်စလေးတွေသာရှိနေခဲ့သည်။
ထိုအစွယ်ကျိုးနေသော တောဝက်ကြီး၏ခေါင်းကို
ဖြတ်ယူလိုက်ပြီး နေရာမှမိဂျမ်းထွက်လာခဲ့တော့သည်။
တောဝက်အသေတွေကိုလည်းကောင်း၊
တောဝက်ပေါက်စတွေကိုလည်းကောင်းမိဂျမ်းထားရစ်၍
တောဝက်ခေါင်းကြီးကိုလက်တစ်ဖက်မှဆွဲ…
ကျန်လက်တစ်ဖက်၌လည်း
သွေးများပေကျံနေသောဝါးချွန်းကြီးကိုကိုင်၍
တစ်လှမ်းခြင်းလှမ်းလျှောက်နေပေသည်။
ထိုနှုန်းဖြင့်သွားနေစဥ် ဗိုင်းခနဲမြေပေါ်သို့လှဲကျသွားခဲ့၏။
ပက်လက်အနေအထားကျသည်မို့ မြင်နေရသောကောင်းကင်ကို
မျက်စိလေးပုတ်ခတ်ပုတ်ခတ်ဖြင့် မိဂျမ်းကြည့်နေခဲ့ပြီး…
ခဏမျှကြာတော့ မျက်စိများလည်းပိတ်သွားပြီး
မိဂျမ်း၏အသက်ရှုနှုန်းကလည်း ရပ်တန့်သွားတော့သည်။
*******************************
“ဟေ…ဒါဆိုရင်မိဂျမ်းက တောထဲမှာပဲသေသွားတာပေါ့…
နေပါဦးအေ့…မိဂျမ်းကဘာလို့သေရတာလဲ မိချောရဲ့”
ဒေါ်ဝင်းကမိချောကိုမေးလိုက်သည်။
“မိဂျမ်းကတောထဲမှာအစာရေစာသေချာစားသောက်တာ
မရှိခဲ့ဖူးအရီးရဲ့…တောဝက်ကြီးကိုပဲသတ်ချင်ဇောနဲ့
နေခဲ့တာ…သားရဲတွေရဲ့သွေးတွေသောက်…
အစာလေးနည်းနည်းစားနဲ့ သူ့ရဲ့လက်စားချေချင်စိတ်ကပြင်းထန်နေခဲ့တာလေ…”
မိချောအသံကတိုးဖျော့သွားသည်။
ထိုအခါမှဘွားမယ်စိန်က…
“အင်းပေါ့လေ…
လူတွေရဲ့စိတ်အာရုံကအဲ့သည်လူအပေါ်မှာ
အတော်လေးထိရောက်တာကွဲ့…အခုလည်းကြည့်လေ
စိတ်ကြမ်း၊လူကြမ်းနဲ့မိဂျမ်းတစ်ယောက်
ဖအေ အတွက်လက်စားချေချင်ဇောနဲ့
တောနက်ကြီးထဲမှာမိန်းကလေးတန်မဲ့ နေရဲခဲ့တယ်…
အမှန်သူ့နေရာမှာဆိုရင်ဒီလိုတောကြီးထဲတစ်ယောက်ထဲ
ဘယ်သူနေနိုင်မှာတုန်း…
နောက်ဆုံးကျသူ့ရဲ့စိတ်တွေက
ဂယောက်ဂယက်ဖြစ်လာပြီး
သွေးတွေသောက် မကျက်တဲ့အသားတွေစားနဲ့လေ…”
“ကျုပ်ဘဝက ငယ်စဥ်ကတည်းက
တောလိုက်…သားရဲတွေသတ်နဲ့
ဟော…မသေခင်ကလည်း ဒီအကောင်တွေရဲ့
သွေးစိမ်းတွေသောက်ပြီးနေခဲ့ရတယ်…
သေချာစဥ်းစားကြည့်မိတော့
ကျုပ်ရဲ့ဘဝဟောင်းကတိရိစ္တာန်သာသာပဲ
ဖြစ်ခဲ့ရပါတယ်ဘွားရယ်…
သေလွန်းပြီးပြန်တော့လည်း
ဒီအတိတ်ရဲ့အရိပ်တွေကြောင့်
ပြန်ပြီးအကုသိုလ်ဝဠ်ကိုပြန်ပေးဆပ်ခဲ့ရပါသေးတယ်…
ဒါကြောင့်လည်း အခုဘဝမှာအသားငါး
စားရမှာကိုတောင်အရမ်းကြောက်နေမိပါတယ်ရှင်…”
မိချောပြောပြသော မိဂျမ်း၏အကြောင်းကို
မိချောအမေနှင့်ဘွားမယ်စ်ိန်တို့သိရှိသွားကြသည်။
ဘွားမယ်စိန်မှ…
“ဒီမယ်အေ့…ဘဝဟောင်းကမိဂျမ်းဆိုရင်
အခုဘဝသစ်မှာညည်းကမိချောဖြစ်နေပြီလေ…
ဒီတော့ကုသိုလ်…အကုသိုလ်ကို
သေသေချာချာခွဲခြားနိုင်နေပြီလေမြေးရဲ့
ညည်းဘဝလေးကိုမိဂျမ်းနဲ့မတူအောင်သာ
နေထိုင်လိုက်ပါ…ဒါဆိုရင်အဆင်ပြေလာလိမ့်မယ်လို့
ဘွားပြောရဲပါတယ်အေ”
ဘွားမယ်စိန်စကားကြောင့် မိချောပြုံးသွားသည်။
မိချောအမေကလည်း…
“ဘွားပြောတာမှန်တယ်သမီးရဲ့…
အမေလည်းလေ အိမ်ပြန်ရောက်ရင်
သမီးမကြိုက်တဲ့ဟင်းတွေမချက်ဖို့…မစားကြဖို့
သမီးအဖေကိုပြောပါ့မယ်…
သမီးလေးသာဒီဘဝမှာ သမီးဖြစ်ချင်သလိုလေးနေပါ…
အမေတို့လက်ခံပါတယ်ကွယ်…”
မိခင်ဖြစ်သူစကားကြောင့်ပါ မိချောဝမ်းသာသွားပုံရသည်။
သူမခေါင်းလေးကိုတညိတ်ညိတ်
ညိတ်ရင်းပြုံးနေခဲ့၏။
ထိုနေ့ကမိချောတို့သားအမိ မပြန်ခင်
ဒေါ်ဝင်းက ထမင်းပွဲကိုသေချာပြင်ဆင်ကျွေးလေသည်။
သို့သော်အသားဟင်းတော့မပါချေ။
စားသောက်ပြီးလေမှ…
မိချောတို့သားအမိသည်
ဘွားမယ်စိန်ကိုနှုတ်ဆက်၍အိမ် ပြန်သွားကြ၏။
ဘွားမယ်စိန်ကတော့ ကွပ်ပျစ်၌
အကြမ်းရည်လေးသောက်ရင်း
မိဂျမ်းနဲ့မိချောကိုနှိုင်းယှဥ်ကြည့်ကာ
မျက်နှာအထက်၌အပြုံးလေး တစ်ပွင့်ဖြင့်…
“မိချောလေး ဘဝအေးချမ်းပါစေ…”
ဆိုပြီးပြောလိုက်လေသည်။
ပြီးပါပြီ။
လိုအပ်တာရှိရင် ဖြည့်စွက်ဖတ်ပေးကြပါနော်။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply