ဘုံဘဝခရီးကြမ်း

မောင်သူရိန် မောင်သူရိန် မင်းအမေမခင်စိုးကြည်ပိုးထိလို့ဆုံးပြီတဲ့ ချက်ခြင်းသဂြိုလ်မှာမလို့ ကြို့ပင်ရွာအပြင်ကို မင်းအခုချက်ချင်းလာခဲ့ပါလို့ အဘိုးလေးဦးသာဆိုင်ကတစ်ခါတည်းမှာလိုက်တယ်”
“ဗျာ ဘလို ဘလို ဦးလေး”

“အေး ဟုတ်တယ်မောင်သူရိန်ရေ……မင်းအမေဆုံးပြီတဲ့
အဘိုးလေးမှာသလို တို့လာပြောရတာ ရွာအပြင်ကို တို့နှစ်ယောက်ပြန်သွားမှာမင်းပါတည်ပါထည်းလိုက်ခဲ့”

မောင်သူရိန်ကမိခင်ဆုံးပြီးဆိုသောစကားသံကိုကြားရသဖြင့် မျက်ဝန်းထည်းအိမ်ထည်းမှ မျက်ရည်စတွေပါးပြင်‌ပေါ်သို့ စီးကျလျက်ရှိနေတယ်။
မျက်ရည်တွေကိုလက်ဖြင့်သုတ်လိုက်ကာ ကစားတဲ့နေရာမှချက်ချင်းထလာပြီး မောင်သူရိန်၏အမေဖြစ်သူ ဒေါ်ခင်စိုးကြည်အလောင်းရှိရာရွာပြင်ဆီသို့ လာခေါ်သောလူနှစ်ယောက်နှင့်အတူ တဟုန်ထိုးအပြေးအလွှား ထွက်လာခဲ့တယ်။
ရွာရဲ့ဓလေ့ထုံးတမ်းအရ ရွာပြင်မှာသေတဲ့သူက ရွာထည်းကို အလောင်းသယ်ယူခွင့်မရှိသည့်အတွက် ရွာပြင်မှာသေသောမခင်စိုးကြည့်ရဲ့အလောင်းကို ရွာထည်းသို့ ပေးမဝင်ပဲရွာပြင်လမ်းကနေသာ ကွေ့ပတ်ပြီးသချိုင်းသို့သဂြိုလ်ရန် အဘိုလေးသာဆိုင်မှစီစဉ်နေတယ်။

တကယ်တော့ မောင်သူရိန်က မိခင်မုဆိုးမကြီးနဲ့ အမေတစ်ခုသားတစ်ခု ဘဝဖြင့်အတူတူနေထိုင်စားသောက်ကျတယ်။
အဖေဖြစ်သူသည် သူ၆လသားအရွယ်ကတည်းကပိုးထိပြီးဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။
အဖေဆုံးပါးသွားချိန်ကတည်းကစလို့ မောင်သူရိန်လေးကို မိခင်ဖြစ်သူ ဒေါ်ခင်စိုးကြည်ကပဲ ကျွေးမွေးစောင့်ရှောက်လို့လာခဲ့တာ ခုဆိုရင်ဆယ့်ငါးနှစ်သား‌အရွယ်သို့ပင်ရာက်လာခဲ့တယ်။
အဘိုးလေးဦးသာဆိုင်ကတော့ မောင်သူရိန်၏တစ်ဦးတည်းသော ဆွေမျိုးတစ်ယောက်ပင်ဖြစ်လေ၏…..။
******
မောင်သူရိန်ရွာအပြင်သို့ရောက်တော့ သူ့အမေ၏အလောင်းစင်ကိုတွေ့လိုက်ရသဖြင့်
အနားကိုအ‌ပြေးသွားကာ အမေဖြစ်သူရဲ့အလောင်းအား ပွေ့ဖက်ကာငိုချလိုက်တယ်။
ငိုတာ ခနကြာသွားသော အချိန်၌ မောင်သူရိန်မှသူရဲ့အဘိုးလေးရှိရာဘက်သို့လှည့်ကာ

“အဘိုးအဘိုးအမေက ဘာလိုဖြစ်လို့ဆုံးတာလည်းဟင်”
ထိုသို့မေးလိုက်စဥ် အဘိုးလေးဦးသာဆိုင်‌ မောင်သူရိန်အား သနားဂရုဏာသတ်သောအကြည့် ဖြင့်ကြည့်ကာ

“ မင်းအမေက ယာတောထည်းကအပြန် ထန်းသုံးပင်ရွာမှာဈေးဝင်ဝယ်တယ်တဲ့ နောက်ပြီးတော့အ့ဈေးသယ်မနဲ့ စကားများလာခဲ့တယ်ဆိုပဲ
စကားများပြီး ဈေးထည်းကထွက်ကာထန်းသုံးပင် ရွာအစပ်မှာတင် လဲကျသွားတယ်
မင်းအမေလဲကျသွားတာကို လူတွေကမြင်တော့ အနားကိုရောက်လာပြီး ဝိုင်းထူကျတယ်၊
လဲလဲချင်းမှာပဲခေါ်ကြည့်တာ၊ ခေါ်လို့ကိုမရတော့တာပါပဲတဲ့ ကွာ၊ အနီးအနားကတွေတဲ့သူတွေပြာတာကျတော့ မြွေကိုက်သွားတာတဲ့၊ ဒါပေမဲ့ဆရာဝန်စီရောက်တော့ ဘာရောဂါမှအဖြေရှာမရဘူး
ထူးဆန်းတာက မင်းအမေသေဆုံးနေတဲ့နေရာမှာ ထိပ်မှာသွေးပေနေတဲ့ကြိုးစကအနားမှာမြွေတစ်ကောင်လိုခွေလျက်သားရှိနေတာပဲ
အဘိုးအထင်ပြောရရင်တော့ ထန်းသုံးပင်ရွာမှာရန်ဖြစ်လာတဲ့ ဈေးသယ်က ပညာသယ်ဖြစ်ရမယ် ဒါရိုးရိုးပိုးထိတာမဟုတ်ဘူး မောင်သူရိန် ဒါတိုက်မြွေကွဲ့”

“ဗျာ တိုက်မြွေဟုတ်လား အဘိုး”
“အေးကွဲ့ မင်းအမေကပညာသယ်ပြုစားလို့သေတာကွ”

အဘိုးပြောလိုက်တဲ့စကားထည်းမှာ သူ့အမေကပညာသယ်သတ်လို့သေသည်ကို
အကြိမ်ကြမ်ပြန်ကြားယောင်နေမိတယ်။
မောင်သူရိန်က သိတက်စအရွယ်မလို့ ပညာသယ် ဆိုသည်နှင့် ချက်ချင်းပဲသဘောပေါက်ခဲ့လေ၏………..။

မောင်သူရိန်လည်း အမေ၏အလောင်းကို သင်္ချိုင်းသို့ ပို့ဆောင်ရန် နှေးကွေးသော ခြေလှမ်းတွေနဲ့အတူ သချိုင်းရှိရာဘက်သို့ ရွာအပြင်မှကွေ့ဝိုက်သွား‌နေသော
လူအုပ်နှင့်အတူလိုက်ပါလာခဲ့တယ်။
မျက်ဝန်းအိမ်ထည်းမှလည်းမျက်ရေစများနဲ ပြည့်နှက်နေတယ်
နာကျည်းမုန်းတီးချက်တို့က မောင်သူရိန်၏မျက်နှာတွင် ရှင်းလင်းစွာ ပေါ်လွင်နေပါ တော့သည်။

သချိုင်းသို့ရောက်လာသောအခါ မြေမြုပ်သဂြိုလ်ပြီးသော အမေရဲ့မြေပုံကိုကြည့်ကာ မောင်သူရိန်ကအံကိုတင်းစွာကြိတ်ပြီး အမေ၏မြေပုံကို ရှင်ခိုးကန်တော့လိုက်တယ်။
ကတော့ပြီးအပြန်လှည့်ထွက်ဖို့အချိန် မောင်သူရိန်ရဲ့စိတ်ထည်းမှတီးတိုးစကားသံ ထွက်ပေါ်လာခဲ့လေသည်။

“အမေ၊ အမေ စိတ်ချနော်၊ အမေ့အတွက် သားလက်စားပြန်ချေပေးမယ်” ထိုသို့သောစကားသံကို မောင်သူရိန်၏ရင်ဘတ်ထည်းမှ စကားသံနှင့်အတူဂတိစကားပါကြားလိုက်ရတယ်။

မောင်သူရိန်နှင့်အတူခနအကြာတွင်အဘိုးလေးသာဆိုင်တို့ သင်္ချိုင်းမှပြန်ထွက်လာပြီးရွာထည်းသို့ ပြန်လာခဲ့တယ်။

ရွာထဲသို့ပြန်ရောက်လာချိန်တွင် အဘိုးလေးဖြစ်သူမှ နာရေးဆွမ်းကျွေးကိစ္စနဲ့ ရွာဦးကျောင်းကိုထွက်လာခဲ့စဉ်
မောင်သူရိန်ကသူ၏အဘိုးမသိခင် မိခင်ဖြစ်တဲ့မခင်စိုးကြည်စုဆောင်းထားသည့် ငွေအချို့နဲ့ အဝတ်အစားနှစ်စုံကို တိုင်တွင်ချိတ်ထားသောလွယ်အိတ်ကိုဖြုတ်ပြီး
အဝတ်စားနဲ့ငွေတချို့အထည်းသို့ထည့်ကာ ခြေဦးတည်ရာထွက်ခဲ့လေတော့၏…………။

****

“အရှေ့မှာခရီးသည်ပါတယ်နော် ဆရာ‌ရေ၊
ကြာပွင့်ရွာလား ကျဉ်မတောင်ရွာလား ဘယ်သူပါသေး လည်းဟေ့၊ ကျော်သွားရင် ရောက်တဲ့နေရာချခဲ့မှာနော်”

ကားကလည်း လမ်းဆုံရန်နီးကပ်လာတယ် ခရီးသယ်များကလည်း အလျှိူအလျှိူ ဆင်းသွားကျသဖြင့် ကားပေါ်မှာ မောင်သူရိန်နှင့်ခရီးသယ် နှစ်ဦးသာကျန်တော့တယ်။
ထိုအချိန် မောင်သူရိန်နှင့်အတူ လိုက်ပါစီးနင်းလာသော ခရီးသယ်နှစ်ဦးက မအူလေးပင်ရွာထိပ်တွင်ဆင်းခဲ့လေတယ်။
ကားပေါ်တွင် ကားဆရာနဲ့ ကားစပါယာ မောင်သူရိန် တို့သုံးဦးယောက်တည်းသာ ကျန်ရှိတော့သည်။

ကြို့ပင်ရွာပေါက်ကနေတောက်လျှောက်လိုက်ပါစီးဆင်းလာသည်မောင်သူရိန်ကို ကားစပါယာမှသတိထားမိသဖြင့်

“ကောင်းလေးမင်းကရော် ဘယ်မှာဆင်းမှာ လည်း အရှေ့မှာ ‌‌တစ်ရွာပဲကျန်‌တော့တယ်နော်” လှမ်းမေးလိုက်ရာ
ထိုအမေးကြောင့် မောင်သူရိန်ကကားစပါယ်ယာကို တချက်လှမ်းကြည့်ရာ

“အရှေ့ရွာမှာဆင်းမယ်ဦးလေး”
မောင်သူရိန်စကားကြောင့်ကားစပါယ်ယာက
“ကားဆရာရေ ..အရှေ့ကပျဥ်‌ထောင်ရွာပါတယ်နော်” ကားပေါ်တွင်ဝယ် ထိုင်နေသည့် ကားစပါယာမှ ခေါင်းထုတ်ကာ လှမ်းပြောလိုက်လေသည်။

ပျဉ်ထောင်ရွာသို့အရောက်ကားရပ်တော့ မောင်သူရိန်ပါ ကားပေါ်မှလိုက်ဆင်းလိုက်တယ်။
ကားစပါယာအား ကားခပေးရန်အတွက်ဘလောက်လည်းဟုမေးလိုက်ရာ ကားစပါယာမှ ငါးကျပ်ကောင်လေး ဆိုတာ‌နဲ့
မောင်သူရိန်လည်းအိတ်ကပ်ထည်းမှ ပါလာသော အကြွေလေးတွေထုတ်ပြီး ကြည့်ကာ ငါးကျပ်တန် တစ်ရွက်ကို ထုတ်ပေးခဲ့လိုက်တယ်။

မောင်သူရိန်သည် ဘယ်သွားလို့သွားရမှန်းလည်းမသိပဲပါ ခြေလှမ်းတွေနောက်ကိုသာ လူကပါနေခဲ့‌တော့တယ်။ ထို့အချိန်ပျဥ်‌ေထာင်ရွာမြှောက်ဘက်တွင် “မာန်အောင်ပြေ”ဆိုသည့် ဘုရားကုန်းကို တွေ့လိုက်ရချိန် မောင်သူရိန်က တနေ့ခင်းလုံး ခရီးပေါက်လာခဲ့ရသည်အတွက် ပင်ပန်းလို့လာခဲ့ချေပြီဖြစ်သောကြောင့် ညကျရင် ဘုရားကုန်းပေါ်မှာပင် အိပ်မည်ဆိုသည့်အတွေးနှင့် စေတီရင်ပြင်ပေါ်သို့တက်လာခဲ့လိုက်တယ်။

စေတီပေါ်သို့ရောက်တော့ ယောဂီရောင်ဝတ်စုံနှင့်ပုဂ္ဂိုလ်တစ်ဦးမှ မောင်သူရိန်အား အပြုံးလေးဖြစ် နှုတ်ဆက်လို့လာချေ၏။
မောင်သူရိန်လည်း အပြုံးဖြင့်ပြန်နှုတ်ဆက်ပြီး ဘုရားရဲ့အရှေ့ဘက်ထောင့်သို့သွားပြီး အနားယူဖို့အတွက်ထိုင်ချလိုက်သည်။ ထိုအချိန်ယောဂီရောင်ဝတ်စုံနဲ့လူက မောင်သူရိန်စီ‌တည့်တည့်လျှောက်လာသည့်ကို မြင်လိုက်ရတယ်။ အနားသို့ ရောက်သောအခါ ယောဂီရောင်ဝတ်စုံနဲ့လူက ‌အနားမှာထိုင်ပြီး

“ကောင်လေးမင်းနာမည်ကဘယ်လိုခေါ်လည်း”
“ကျွန်‌ တော်နာမည်က မောင်သူရိန်ပါဗျ”

“ဪ .. ဟုတ်ပြီ၊ မင်းက ဗုဒ္ဓဟူးသားမလား”
“ဟုတ်ပါတယ်ဦးလေး”

“ဒါဆို ငါ့အိမ်မက်က အိမ်သလိုလိုပဲကွ”
ထို့လူကြီးရဲ့စကားကြောင့် မောင်သူရိန်တစ်ယောက်အနည်းငယ်ကြောင်စီစီဖြစ်သွားတယ်

“ဗျာ……ဘာကိုမှန်တာလည်းဗျဦးလေး”
“ဒီလိုကွ အထက်ကဆရာတွေက ငါ့ကိုအိပ်မက်ပေးထားတယ်၊ သောကြာနေ့မာန်အောင်ပြေဘုရားပေါ် ဗုဒ္ဓဟူးနေ့‌ နေ့လယ်ဆယ့်နှစ်နာရီတိတိမှာမွေးတဲ့ သူတစ်ယောက်ကို လာလိမ့်မယ်၊ ထိုလူငယ်လေးကိုသွားခေါ်ပါဆို့လို့ လာခေါ်ရတာပဲ မောင်သူရိန်”

“ဗျာ….ဒါဆိုဦးကကျွန်တော်လာမှာကြိုသိနေတာပေါ့ ဒါနဲ့
ဦးလေးနာမည်ကဘယ်လိုခေါ်လည်း သိခွင့်ရမလားဗျ”
“သိခွင့်ရတာပေါ့ကွာ ငါ့နာမည်ကိုဦးယက္ခလို့မှတ်ထားပါ”
“ဟုတ်ကဲ့ဦးလေး”

“ငါအထင်ရ ဒီကနေ့ မင်းအမေဆုံးသွားတယ်မလား နောက်ပြီး အလောင်းရဲ့နဘေးမှာလည်း ကြိုးခွေတစ်ခွေရှိတယ်မဟုတ်လား မောင်သူရိန်”
“ဒီအကြောင်း‌‌ေတွဦးလေးကဘလိုသိတာလည်း”
“ဒါတွေ မင်းတစ်နေ့တော့ သိမှာပေါ့ကွာ ဗုဒ္ဓဘုရားဟောသလို ဒါတွေကအကျိုးရှိလို့ အကြောင်းဖြစ်လာရတာပေါ့ကွာ”

ဗိုက်ထည်းမှ စာလွန်း၍တဂွီဂွီနဲအော်နေ‌ပြီမို့၊ မောင်သူရိန်လည်း ဦးယက္ခဆိုတဲ့ ဦးလေးကြီးနှင့် စကားပြောနေရင်း ထိုပုဂ္ဂိုလ်၏ဘေးမှထပြီးသွားမည်အပြု၊ အနောက်မှနေ
” ဟေ့ကောင်လေး” ခေါ်လိုက်သည့်အသံအားကြားလိုက်ရချေသည်။ ထိုသံကိုကြားလိုက်သည် နှင့် ဦးလေးကြီးဘက်သို့လှည့်၍

“ဘာဖြစ်လို့လည်းဗျ ဦးလေး”ပြန်လည်ကာထူးလိုက်ချေ၏။

“မင်းကခုဘယ်သွားမှာလည်းကွ”
“ ဗိုက်ဆာလို့ တခုခုသွားရှာမလို့ဦးလေး”ပြန်လည်ကာဆိုလိုက်၏။

ထိုအခါတွင်ဦးယက္ခက သူ၏လွယ်အိတ်ထည်းကနေ ပါမုန့်ခြောက်တစ်လုံးနှင့် တရုတ်အရက်အိုးလေးဘူးသီးလုံးပုံစံရေဘူးလေးကို မောင်သူရိန်အား ကမ်းပေးလေ သည်။

မောင်သူရိန်မှာ ထိုဦးလေးကမ်းပေးလာသောပါမုန့်ခြောက်နှင့် ရေလေးကို ဗိုက်စာစာနှင့် အကုန်စားလိုက်တော့၏။ ထိုသို့သောက်စားနေခိုက်..
“ဒါနဲ့မင်းကအထက်လမ်းပညာသင်နေတာမလား” မေးလိုက်ရာ

အထက်လမ်းပညာဆိုတဲ့စကားကြားလိုက်တော့၊ မိခင်သေဆုံးသွားတဲ့ အတွေးက‌ခေါင်းထည်းသို့ ပြန်ရောက်လာခဲ့‌ပြီး

“ဦးလေးကအထက်လမ်းပညာတက်တာလားဗျ”
“အေး နည်းနည်းပါးပါးပါကွာ အတက်ကြူးတော့လည်း အရူးဖြစ်တက်တယ်ကွ”
မောင်သူရိန်မှဦးယက္ခရဲ့စကားကြောင့် မျက်နှာမှာ အပြုံးတစ်ပွင့်ထွက်ပေါ်လာခဲ့တယ်။

မောင်သူရိန်၏ရည်ရွယ်ချက်မှာလည်း အဘိုးလေးဦးသာဆိုင် ပြောတဲ့ အမေဟာပညာသယ်သတ်လို့သေသွားရတယ်ဆိုတဲ့စကားကြောင့်၊ အထက်လမ်းဆရာကို လိုက်ရှာရင်းပညာသင်ဖို့ရာအတွက်ခြေဦးတည့်ရာ အိမ်ကထွက်လာခဲ့ခြင်းပင်ဖြစ်လေသည်။

“ကဲ့ မောင်သူရိန် ငါနဲ့လိုက်ခဲ့မှာလား မလိုက်ဘူးလား”
ထိုစကားကြောင့်မောင်သူရိန်တစ်ယောက် ဦးယက္ခရဲ့မျက်နှာကိုအသေအချာကြည့်လိုက်စဉ်နဖူးရဲ့အလယ်တည့်တည့်မှာ စမစေတီ အက္ခရာအနီစက်တစ်ခုကိုလည်းတွေ့လိုက်ရလေ သည်။
မောင်သူရိန်လည်း ရုပ်ရည်တည်တည်ကြည်ကြည်နှင့်ခန့်ညားလွန်းလှသည့် ဦးယက္ခကို သေသေချာချာစေ့စေ့စပ်စပ်ကြည့်ပြီး အထက်လမ်းဆရာတစ်ယောက်ဟန်နှင့်တူနေတာရယ်ကြောင့် သွားစရာ လာစရာမရှိသည်မို့၊ တုံဆိုင်းချင်းမပြုတော့ပဲ
” ဦးယက္ခနှင့်အတူလိုက်ပါမယ်” ဟု ပြန်ပြောလိုက် လေတော့သည်။

ဦးယက္ခနှင့်မောင်သူရိန်တို့နှစ်ယောက်သည်၊ပျဥ်‌ေထာင်ရွာရဲ့မာန်အောင်ပြေဘုရားပေါ်မှဆင်းကာ ညအမှောင်မှာလျှောက်လှမ်းနေသောခြေလှမ်းတို့မှာ၊ ခြောက်မိုင်ကုန်းရွာ၏သင်္ချိုင်းဆီသို့ဦးတည်လာနေခြင်းပင် ဖြစ်လေသည်။

အတော်အတန်ခရီးပေါက်လာသောအခါခြောက်မိုင်ကုန်းရွာရဲ့သင်္ချိုင်းဇရပ်ထည်သို့ရောက်ရှိလာခဲ့တယ်။
ဦးယက္ခကဇရပ်ထည်းမှာ အမှိုက်သရိုက်တွေ့တွေ့တာကြောင့် လွယ်အိတ်တွေချပြီး နေရာထိုင်ခင်းလုပ်နေချိန် မောင်သူရိန်က

“ရွာထိပ်ဇရပ်မှာနေလည်း ရတဲ့ဟာကို ဒီကိုဘာဖြစ်လို့လာရတာလည်း ဦးလေး” ဟုမေးလိုက် လေရာ ဦးယက္ခက

“ဘာလည်းလူလေး မင်းကကြောက်လို့လားသင်္ချိုင်းကုန်းဇရပ်ကြီးဆိုတော့”
“မကြောက်ပါဘူးဗျာ”

“ရွာထည်းမှာဆို အနှောက်ယှက်ကများတယ်ကွ၊ ရွာပြင်ဆိုတော့ဘာအနှောက်ယှက်မှမရှိဘူး လေကွာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မကောင်းဘူးလား”
“ဪဟုတ်ကဲ့ပါဦးလေး.”

*****”
မနက်ရောက်တော့ခြောက်မိုင်ကုန်းရဲ့ရွာအပြင်ကစေတီရင်ပြင်ပေါ်သို့ မောင်သူရိန်နှင့်ဦးယက္ခ ရောက်ရှိနေတယ်။
ဦးယက္ခကဘုရားရှင်ခိုးတရားထိုင်ခြင်းအမှုကို ပြုလုပ်ကာ တစ်နာရီဝက်ခန့်အကြာတွင် ဦးယက္ခသည် သူ၏လွယ်အိတ်ထည်းမှ ဆေးနီတောင့်လေးနဲ့ စုပ်တံလေးကိုထုတ်ကာ “မောင်သူရိန်”
လှမ်းခေါ်သံကြောင့် ဟင်္သာကုက္ကားတံခွန်တိုင်ဘက်မှာရပ်နေသော မောင်သူရိန်ကဦးယက္ခရှိရာသို့လျှောက်လာခဲ့တယ်။

အနားသောရောက်သောအခါ

“ကဲ့မောင်သူရိန် လာထိုင်ကွဲ့ ဘုရားကိုအာရုံပြုပြီးကတော့ပြီး ငါးပါးသီလခံယူ”

“ကျွန်တော်လည်းဘုရားကိုအသေအချာ အာရုံပြုပြီး ဦးလေးခိုင်းသည့်အတိုင်း ငါးပါးသီလခံယူကာ ကတော့လိုက်တယ်”

ဦးယက္ခကသည်လည်းဘုရားငါးဆူးတို့ကို တိုင်တည်ပြီးဦးချလိုက်လေ၏။
ပြီးသည်နှင့် အထက်ဆရာများဖြစ်တဲ့ အဖဆရာ‌အေး
အဖဆရာပြူး ၊ အဖဆရာပွင့် တို့အား ပညာပေးဖို့သစ္စာဆိုပြီး ဦးချလိုက်လေတယ်။
ပြီးသည်နှင့် ဦးယက္ခကကျွန်တော်ကို၊
ကျွန်တော်သည်သ်ိလျှက်နဲ့အမဲသားမစားပါ
ကျွန်တော်သည် သိလျှက်နဲ့ သူများသားမယား မပစ်မှားပါ
ကျွန်တော်သည်သိလျှက်နဲ့သေရည်မသောက်စားပါ
အရှေ့မှတိုင်ပေးနေပြီး ကျွန်တော်အားအနောက်ကလိုက်ဆိုခိုင်းကာ သစ္စာတိုင်ပေးနေတယ်။

ဆေးနီတောင့်နဲ့စုပ်တံထိပ်ကိုတို့ကာ ဦးခေါင်းအလည်တွင် ဘုရားငါးဆူစေတီ နဖူးပေါ်တွင် ဘုရားငါးဆူစမ
လျှာ ခံတွင်း နား
တို့ကို ထိုးပေးနေသည်ကို သိရှိရပေ၏။

ထိုသို့ထိုးပြီးသည့် အချိန်တွင် မောင်သူရိန်က ဆရာကျွန်တော်တို့ဂိုဏ်းရဲ့ အမည်က ဘယ်လို ခေါ်လည်း ဆရာဟုမေးလိုက်လေ၏။

“အေး မင်းလည်းတို့ဂိုဏ်းသားဖြစ်သွားပြီဆိုတော့ပြောပြရမှာပေါ့ တို့ဂိုဏ်းက ဣစ္ဆာသယမဟိဒ္ဓိလို့ခေါ်တယ် မောင်သူရိန်”
“ဟုတ်ကဲ့ပါဆရာ”

လက်ဖဝါးချင်းရိုက်ကာ ဦးယက္ခက မောင်သူရိန်အား ဘုရားကိုနောက်တစ်ကြိမ် ကတော့ခိုင်း ခဲ့တယ်၊ ဘုရားနဲ့အထက်ဆရာများကို ကတော့ပြီး၊ မောင်သူရိန်သည် ဦးယက္ခကိုလည်း ကန်တော့ လိုက်လေတယ်။

ပြီးသည်နှင့် ဆရာဖြစ်သွားသူ ဉီးယက္ခမှ
“ ကဲ့မောင်သူရိန် စေပိုင်ဆရာတစ်ယောက် ဖြစ်ပါစေဟုဆိုကာ” ခေါင်းကိုသပ်ချလိုက်လေ တော့သည်။
မောင်သူရိန်အားပညာအဆင့်တိုးဖို့ တရားထိုင် ပုတီးစိပ် အဓိဌာန်‌‌‌များကိုလည်းဝင်ခိုင်းကာ စမ အက္ခရာတွေလည်း ဆွဲခိုင်းစေခဲ့တော့၏။

တစ်နေ့သောညအချိန်တွင် မောင်သူရိန် ဂိုဏ်းရဲ့စမတချို့ဆွဲနေသည့်အချိန်
ထိုစမတချို့က ရုတ်တရက် အလင်းတန်းများပေါ်ထွက်လာကာ၊ လေပေါ်သို့ပျံတက်က်လာသည်ကိုမြင်တွေ့လိုက်ရပေသည်။
ရုတ်တရက်မို့ မောင်သူရိန်တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားကာ၊
အနီးအနားတွင်ရှိသည့်ဆရာဖြစ်သူအား ဆရာဆရာဟုဆိုကာ စမတွေပျံနေတဲ့နေရာကို လက်ညိုးထိုးပြလိုက်လေ၏။
မောင်သူရိန်ကထိတ်လန့်တုန်လှုပ်စွာပြောပြနေပေမဲ့၊ ဦးယက္ခမှာတော့ဘာမှအံ့ဩခြင်းမဖြစ်သလိုဟန် နှင့် တချက်လှမ်းကြည့်ပြီးမျက်နှာလွဲသွားသည်ကို‌ မောင်သူရိန်တစ်ယောက်တွေ့လိုက်ရတယ်။
ဘာမှနားမလည်သည်မို့ စမ အလင်းတန်းတွေကိုကြည့်ကာ၊ ခဏအကြာ တွင်တော့ ပျံနေသော စမအလင်းတန်းတို့က ပျောက်ကွယ်လုသွားခဲ့ပေပြီး၊
က ဉာည့်နက်နေ‌တဲ့အချိန်မို့ ဆွဲလက်စ စမကို လက်စသပ်ကာ မောင်သူရိန်မှာ အိပ်ယာဝင်ခဲ့လိုက်လေ‌၏။
*****
တနေ့တွင် ဦးယက္ခက မောင်သူရိန်ကို မိုင်းတိုင်စက္ကူသွားဝယ်ခိုင်းလေ၏။
တကယ်တော့ ဦးယက္ခသည် မောင်သူရိန်အားအား ပညာစမ်းလိုက်ခြင်းပင်ဖြစ်သည်။
ဦးယက္ခသည်မောင်သူရိန်အားပညာ အမွေများကိုဆက်ခံရန်သင်ကြားပေးနေသည်မှာ ဒီနေ့နဲ့ဆိုနှစ်နှစ်အတွင်းသို့ပင်ရောက်ရှိလို့ လာခဲပေ၏….

မောင်သူရိန်သည်ဦးယက္ခဝယ်ခိုင်းလိုက်သည့် မိုင်းတိုင်စက္ကူများဝယ်ပြီး ဈေးကအထွက် ရုတ်ရုတ်သံသဲဖြစ်နေသောလူများကိုတွေ့လိုက်ရတယ်

“လွှတ် ငါ့ကိုမဆွဲနဲ့ ငါအမဲသားစားရမှကျေနပ်မယ် မကျွေးဘူးဆို ဒီကောင်မလေးအသက်ကို ငါထုတ်ယူသွားမှာနော်”
ဆိုသည့်အသံကြောင့်လူတွေ အုံအုံကြွက်ကြွက်ဖြစ်လာလေတော့၏။

ကောင်းမလေး၏မိဘများကလည်း စိတ်ပူဟန်နှင့် အော်ဟစ်အကူညီတောင်းနေတာကိုမြင်တွေ့ လိုက်ရချေ၏။ ခက်တာက ပရလောကကိစ္စဆိုတော့ သာမာန်လူတွေ ဘာမှမတက်နိုင်တဲ့အရာပင်ဖြစ်၏။

ထိုအချိန် “မောင်သူရိန်သည်အနားသို့ရောက်လာပြီး ကျွန်တော်ခနကြည့်ပါရဦးလေး”

ကြည့်နေသော လူအုပ်ထည်းမှ
“ငါတို့တောင်မတက်နိုင်တာ မင်းကဘာမို့လို့လည်းကွ” ဆိုသောဟန်နှင့် မောင်သူရိန်ကို မယုံသဘောဖြင့်ကြည့်ကာ ဝိုင်းနှာခေါင်းရှူံကျလေ၏။.

ဝင်ပူးနေသောသရဲသည် မောင်သူရိန်ကိုမြင်သည်နှင့် မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ
“ထွက်သွား နင်ထွက်သွား ဒေါသတကြီးနဲ့အသံပလုံးပထွေးကြီး အော်ဟစ်နေတာကို တွေ့မြင်ကြရချေ၏။

အနားမှာရှိသော သောက်အိုးစင်မှရေကိုခပ်ပြီး ပြောနေသမျှကာ လျစ်လျူရှူကာ
ရေတစ်ခွက်ကို သစ္စာတိုင်တည်ပြီး ရေကိုညာလက်ညိုးနဲ့မွေလိုက်၏။ ပါးစပ်မှလည်းဂါထာကိုရွတ်လိုက်၏။
ဆရာဦးယက္ခမှာကြားထားသလို
“ဟေ့ ကြိုးပိုင်ကလှုပ်မရ‌အောင်ကြိုးနဲ့တုပ် ထားစမ်းဟေ့
ရုန်းလေးကြပ်လေ ဆိုပါတဲ့ကြိုးနဲ့တုပ်ထားစမ်းဟုအမိန့်ပေးလိုက်လေ၏”

မောင်သူရိန်၏အမိန့်ပေးသံကြောင့် ဝင်ပူးခံနေရသောကောင်မလေး၏လက်တွေက အနောက်သို့ ရောက်သွားတော့၏။

မောင်သူရိန်က “မင်းကဘာကောင်လည်း ဘာကြောင့်ဒီကောင်မလေးကို ဝင်ပူးတာလည်း”
“ငါက ဈေးအရှေ့ဘက် ညောင်ဘက်ပေါ်က သရဲကြီးငနီပဲကွ ငါအမဲသားစားချင်လို့ဝင်ပူးတာပဲ”

“အေ ဘာမှမစားရဘူး အခုထွက်စမ်း”
“ ကလေးမသာဆရာစုတ်ရဲ့ အမဲသားစားရမှထွက်မယ်ပြောထားတာ နင့်နားကန်းနေ တာလား” ဟုအာခံကာပြန်လည်၍ပြောလာလေ၏။
ထိုအချိန် မောင်သူရိန်၏နားထဲသို့ သစ္စာဆိုထားသည့်ရေမန်းနဲ့အမိန့်ပေးပြီးတောက်ချလိုက်ဆိုတဲ့ ဆရာရဲ့ အသံကိုကြားလိုက်ရတော့သည်။ ဘေးဘက်ဝဲယာတို့ကို လိုက်ကြည့်ပေမဲ့လည်း ဆရာ၏ အရိပ်အယောင်ကိုတော့မတွေ့ရှိခဲ့ရပေ။

ဆရာ၏စကားအသံအရ ရေထည်းလက်နှိုက်ကာ ပါလာတဲ့ရေနဲ့ အဝိစီမီးထက်အဆတစ်ရာ ပူစမ်းဆိုပြီး ကျွန်တော်လည်းတောက်ချလိုက်လေတော့သည်။
ကျွန်တော်သည်ရေမာန်းကို စက်တိုက်တောက်ချလိုက်စဉ်တွင်မတော့၊ ကြောက်လန့် တကြားဟန် နှင့် အသံများထွက်ပေါ်၍လာတော့သည်။
“အမလေးတော့ပါတော့ ပူရချေရဲ့ သေတော့မှာပဲ ထွက်ပါမယ် ထွက်ပါမယ်” အော်လာသည့် အတွက် လိုချင်သည့် စကားရပြီးမို့ ကြိုးပိုင်တွေ ကြိုးဖြေပေးလိုက်ဟု အမိန့်ပေးလိုက်လေတော့သည်။

ချက်ချင်းပင်ဝင်ပူနေသောသရဲမှာထွက်ခွာ၍သွားချေလေတော့သည်။ဝင်ပူးခံရသောရသောကောင်းမလေးလည်းအရုပ်ကြိုးပြတ်သည့်အတိုင်း ပျော့ခွေလဲကျသွားတော့၏။

မောင်သူရိန်လည်း အရှေ့ကရေခွက်ထည်းမှရေနှင့် တောက်လိုက်သောကြောင့် လဲကျနေသောသူမှာ သတိပြန်ရလာခဲ့ပေသည်။
သတိပြန်ဝင်လာသည့် ကောင်းမလေမှာ ဘာမှမသိသည့်ဟန်နဲ့ပင်၊ ဝိုင်းအုံကြည့်နေသော လူအုံကြီးတို့မှာလည်း အူ‌ကြောင်ကြောင်နဲ့လိုက်ကြည့်နေမိတယ်။

အံ့အားစွာနှင့် မောင်သူရိန်အားကြည့်နေကြသော ပရိတ်သပ်ကြီးထံမှ လက်ခုပ်ဩဘာများတို့မှာ လည်းကျယ်လောင်စွာထွက်ပေါ်၍လာချေတောသည်။

“ကောင်လေး မင်းဆရာဘယ်သူလည်း‌ကွ” ကာလာသားခေါင်းဆောင် ကျော်မြင့်ဆိုသူကမေးလာ လေ၏။
ထိုအခါမောင်သူရိန်သည်၊ လျင်မြန်စွာပင်ဖြေလိုက်၏။
“ကျွန်တော်ဆရာကဦးယက္ခပါဦးလေး”
“မင်းတို့ကခုဘယ်မှာနေတာလဲ”
“ရွာသချိုင်းရဲ့ဇရပ်ထည်းမှာပါဗျ”
“ဪ .. အေးအေး၊ နေရထိုင်ရတာကောအစဉ်ပြေရဲ့လားကွ”
“ပြေပါတယ်ဗျ၊” ဟုထိုသို့တစ်ယောက်တစ်ခွန်းစကားလေးများပြောဆိုလို့ပြီးသည်နှင့်၊ လူအုပ်ကြီးထဲမှလူများက မောင်သူရိန်အား၊ ဟိုလူကအိမ်ကိုပင့်ချင် ဒီလူကအိမ်ကိုပင့်ချင်နေကြသည်မို့၊
မောင်သူရိန်လည်းလူအုပ်ကြီးကိုပါးနပ်စွာပင်ပြောဆိုပြီး ရှောင်လွဲကာသင်္ချိုင်းဇရပ်ဆီသို့သာပြန်လာခဲ့လိုက်လေတော့သည်။

ဦးယက္ခသည် မောင်သူရိန်အားဇရပ်ထည်းကနေ အပြုံးလေးနှင့် စီးကြိုလို့နေ၏
“ဆရာ တပည့်ခွင့်တောင်းစရာရှိပါတယ်”
“အေးပြောလေမောင်သူရိန်”
“ဟိုလေ တပည့်လည်းဆရာနဲ့အတူတူပညာတွေဆည်းပူးခဲ့တာ နှစ်နှစ့်ပြည့်ခဲ့ပါပြီ တပည့်ရွာကို ခတ္တခဏပြန်ပါရစေဟု”မောင်သူရိန်မှခွင့်တောင်းလိုက်လေ၏။
ထိုအခါတွင်ဦးယက္ခသည်။ တပည့်မောင်သူရိန်အားကြည့်၍
“ အေးမင်းလည်းပညာတွေ စုံသင့်သလောက်စုံနေပြီပဲ နောက်ငါမရှိတဲ့အချိန် ကိုယ့်ဘာသာ ဆက်ပြီးကြိုးစားပေါ့ကွာ”ဟုဆိုလေ၏။ မောင်သူရိန်သည်ဆရာဖြစ်သူ၏စကားကြောင့် အံ့ဩတုန်လှုပ်ခါ

“ဗျာ … ဘယ်လိုဆရာ၊ ဆရာကကျွန်တော်နဲ့တလမ်းစီသွားတော့မှာလား”

“အေးလေမောင်သူရိန် အတောင်ပေါက်နေတဲ့ငှက်ကို ပျံသန်းခွင့်ပေးရတယ်ကွဲ့”

မောင်သူရိန်တစ်ယောက် မျက်ရည်စလေးတွေနဲ့ဆရာကို ကြည့်နေပြီး၊ ဆရာအတူတူဆက်သွား လို့မရတော့ဘူးပေါ့၊ ဟုဆိုကာခံစားနေရချေတော့သည်။

ဦးယက္ခကမှာလည်း ခေါင်းလေးသာခပ်ဖြေးဖြေးလေးခါပြလျက်

‌ညရောက်သည်နှင့် ဘုရားရှိခိုး တရားထိုင်က စမဆွဲနေလိုက်၏။ ဆွဲနေသောစမ စာအုပ်ပေါ်သို့ လည်း မောင်သူရိန်၏မျက်ရည်စများကျလာနေခဲ့သည်ကို ဆရာဖြစ်သူဦးယက္ခကမြင်သည်နှင့် အားပေး နှစ်သိမ့်စကားဆိုလာလေ၏။
“ မောင်သူရိန် တို့လူသားတွေက တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာပဲ မင်းအနေနဲ့လောကဓံ ကိုကြံကြံခိုင်ရမယ် ငယ်သေးတဲ့အရွယ်မို့ စိတ်နောက်ကိုလူမပါသွားစေနဲ့”ဟုဆိုကာတညလုံးနီးပါး ဩဝါဒနှစ်သိမ့်စကားများပေး နေခဲ့လေတော့သည်။

နံနက်မိုးလင်းခါနားနီးသို့ရောက်တော့ “မောင်သူရိန်အဆင်သင့်ဖြစ်ပြီးလား” ဟု ပြောလိုက်သည့် ဆရာ၏အသံကိုကြားလိုက်ရချေသည်။

“ဖြစ်ပါပြီဆရာ ” ထိုသို့ပြောဆိုပြီး ခြောက်မိုင်ကုန်းရွာလေး၏ သင်္ချိုင်းကနေ ဆရာတပည့် နှစ်ယောက် ထွက်လာခဲ့ကျလေတော့သည်။.
ညောင်ပင်သာရွာနားသို့အရောက်တွင်တော့ ဦးယက္ခထံမှ
” ကဲ … မောင်သူရိန်ကံမကုန်ရင်ပြန်ဆုံကျတာပေါ့ကွာလို့” ဆရာမှ နောက်ဆုံးနှုတ်ဆက် စကားများပြောလေ၏
“ဆရာတပည်တို့ဘယ်အချိန်ပြန်တွေ့မလည်းမပြောတက်ဘူး ဆရာကိုနောက်ဆုံးအကြိမ် ကတော့ပါရစေဆရာ”
မောင်သူရိန်လည်းဆရာ၏ခြေဖမိုးလေး လက်ဖဝါးဖြင့်အုပ်၍ ရိုသေစွာနှင့် ဦးသုံးကြိမ်ချ၍ ကတော့လိုက်လေ၏…

ဆရာထွက်သွားသည်နှင့် ဆရာ၏နောက်ကျောပြင်လေးအား ငေးကြည့်နေခိုက် ဆရာသည် ကျွန်တော်နှင့်အဝေးဆုံးသို့ တဖြေးဖြေးပျောက်ကွယ်‌လို့သွားခဲ့ပေတော့သည်။
ကျွန်တော်သည်းလည်းဇာတိရွာဖြစ်တဲ့ကြို့ပင်ရွာလေးဆီသို့ ပြန်ဖို့ရာခြေဦးတည်လိုက် လေတော့ ၏။
*******

ကျွန်တော်မောင်သူရိန်သည် ဇာတိရွာဖြစ်သည့် ကြို့ပင်ရွာလေးဆီသို့ ရောက်သည် နှင့် ဆွေးမျိုးရင်းခြာဖြစ်သည့် အဘိုးဦးလေးသာဆိုင်ရှိရာအိမ်ဆီသို့ အလျင်ဦးစွာသွားရောက်ခဲ့လေသည်။
ခြံထဲသို့ရောက်သည်နှင့်အဘိုးလေးသည် မှတ်မှတ်ရရ
“မောင် မောင်သူရိန်မလား မင်းက” ဆီးကြို၍မေးလေတော့၏။
“ဟုတ်ပါတယ်အဘိုး၊ ကျွန်တော်သူရိန်ပါ”
“အေးကွယ် မင်းထွက်သွားကတည်းကအဘိုးရင်ထဲမကောင်းဘူး၊ ဘာတွေလုပ်ပြီးဘယ်တွေ သွားခဲ့တာလည်း”ဟုမေးလေသောကြောင့် အဘိုးအားထွက်သွားပြီးကတည်းကအဖြစ်အပျက်အားလုံး အားအကြောင်းစုံပြောပြလိုက်လေတော့သည်။
ထိုသို့ပြောဆိုပြီးအဘိုးအိမ်မှာနေရင်း တစ်ပတ်ခန့်မျှအ‌ နေထိုင်ပြီးဖို့ပါပြောပြလိုက်တယ်။
သုံးရက်မြောက်ကြာလေသောအခါ၊ ကျွန်တော်သည်အဘိုး အား…
“အဘိုးကျွန်တော်နဲ့အတူထန်းသုံးပင်ရွာကိုခဏလောက် လိုက်ခဲ့ပါလို့” ပြောလိုက်လေ၏။

“ဘာသွားလုပ်မလို့လည်းလူလေး”
“အကြွေးလေးသွားယူစရာရှိလို့ပါအဘိုး”
မောင်သူရိန်၏စကားကြောင့် အဘိုးကချက်ချင်းသဘောပေါက်လိုက်လေ၏။
“ကောင်းပြီလေ ဘယ်နေ့သွားမှာလည်းလူလေး”
“ ဒီနေ့ပဲသွားမယ်အဘိုး” ဟုဆိုကာမောင်သူရိန်နှင့်အဘိုးဖြစ်သူတို့နှစ်ယောက်သည် ထန်းသုံးပင်ရွာဆီသို့ဦးတည်ကာထွက်ခွာလာခဲ့ကြလေတော့သည်။