ထားသောကြောင်ကိုကြည့်လိုက်ရာကြောင်သည်သေနေပြီဖြစ်တာကြောင့် အိတ်တလုံးထဲထည့်ကာအရက်နှင့်မည်းရန်အရက်ဆိုင်သို့ယူသွားလေသည်။ အရက်ဆိုင်ရောက်တော့မီးဖိုထဲကြောင်ကိုပစ်ထည့်လိုက်ကာ ”’ငါ့ကိုကြောင်သားအမည်းအမြန်လုပ်ပေးဟေ့””’ အရက်ဆိုင်ကလဲငမူးလိုဖောက်သည်ကောင်းစိတ်တိုင်းကျအမြန်ဖျက်ကြလေသည်။ ထိုနေ့ကငမူးကြောင်းသားနှင့်အရက်အမုန်းဆွဲကာလူမှန်းသူမှန်းပင်မသိပေ ဒီလိုနဲ့ရွာထဲကကြောင်များလက်သည်မပေါ်ပဲပျောက်ကုန်ကြသည်။ အများစုကရိပ်မိပေမဲ့လူရမ်းကားနှင့်ဖက်မဖြစ်ချင်၍မပြောကြပေ ငမူးကတခါတရံအိမ်ကနွားများကျောင်းသည်ငမူးနွားကျောင်းတာအကြံနှင့်ဖြစ်သည်။ နွားကျောင်းရင်းနွားတစ်ကောင်အလစ်ရောင်းကာလောင်းကစားလုပ်သည်။ နွားကများတော့သူ့မိဘများလဲမရိပ်မိပေဒီလိုလုပ်ပါများလာတော့နွားများလျှော့လာသည်။ ကြာတော့ငမူးအဖေသည်ရိပ်မိသွားကာငမူးအားဆူ၍နရင်းအုပ်ထည့်လိုက်ရာ ငမူးကအဖေအားဝါးလုံးနှင့်ပြန်ရိုက်လိုက်သည့်အတွက်သူ့အဖေသည်ခေါင်းကွဲသွားလေသည်။ ဒါနဲ့ငမူးလဲအိမ်ကထွက်ပြေးလာကာမိုးတွင်းအလွန်ရေစီးသန်နေသော ချောင်းကိုဖြတ်ကူးလေသည်သူငယ်ချင်းများတားသော်လည်းမရပေ မိဘကိုစော်ကားသောအကုသိုလ်ကံသည်ချက်ချင်းလက်ငင်းအကျိူ းပေးသည်ဟုဆိုရမလိုပင် ငမူးသည်ရေစီးနဲ့အတူမျောပါသွားရင်းသေဆုံးသွားလေသည်။ အရပ်ထဲကလူများကတော့တတောရှင်းသည်ဟုသဘောထားကြသည်။ ငမူးအသုဘချတော့အကုသိုလ်ကြီး၍ထင်သည်မိုးတွေချိန်းလိုက်မိုးကြိုးပစ်လိုက်ဖြင့်ကြောက်စရာကောင်းနေသည်။ မိုးတွင်းကာလကြီးဖြစ်သဖြင့်င်္သချိူင်းတွင်ရွံ့များရေများဖြင့်ပြည့်နေသည်။ ငမူးအလောင်းမြေမြုပ်သည့်အချိန်တွင်မိုးကသဲကြီးမဲကြီးရွာချလိုက်ရာအသုဘလိုက်ပို့သူများ ရွံဗွက်တောထဲမနဲနင်းကာချော်မလဲအောင်ထိန်းကာလိုက်ပို့ရလေသည်။ အလောင်ထမ်းသူများသတိထားနေသည့်ကြားကရှေ့ကတစ်ယောက်ချော်လဲ၍ငမူးအလောင်းကြီးရွံ့ထဲပြုတ်ကျသွားလေသည်။ ဒါနဲ့အလောင်းအားပြန်မ၍မြေမြုပ်မည့်တွင်းထဲထည့်လိုက်ချိန်တွင်ကောင်းကင်မှ ””ဂျိမ်း”” ဟုကျယ်လောင်စွာမည်ဟီး၍ငမူးအလောင်းအားမိုးကြိုးပစ်ချလိုက်ရာလိုက်ပို့သူရွာသားများပြန်ပြေးကုန်ကြလေသည်။ ””ပြေးကြဟေ့~~~တော်ကြာစက်ကွင်းမလွတ်ဖြစ်နေမယ်”” ရွာသူရွာသားများပြေးလိုက်ကြသည်မှာရွံ့တောထဲအလဲလဲအကွဲကွဲနှင့်ရုန်းရင်းဆန်ခတ်ဖြစ်၍သွားလေသည်။ င်္သချိူ းကုန်းထဲငမူးမိဘများမှလွဲ၍တစ်ယောက်မှမကျန်တော့ပေ ငမူးအလောင်းကတော့မီးသွေးခဲကဲသို့မဲတူးနေကာကျန်ခဲ့လေသည်။ ငမူးအလောင်းအားမြေမြုပ်ပြီးသည့်နောက်ပိုင်းသုသာန်တွင်ခွေးတစီစီဖြင့်အူလိုက် ဟောင်လိုက်သည်မှာရွာကလူများခြောက်ခြားစရာဖြစ်နေသည်။ ငမူးတစ်ယောက်မိဘစော်ကားကာအကုသိုလ်များသဖြင့်မကျွတ်တာသေချာသည်။ အသေချာဆုံးကတော့ငရဲသို့သွားမည်မှာဧကန်မလွဲပေ ပြီး D Moe Moe ...

ဒီတစ်သက်ပဲကွ၊ ဘာအခြောက်အလှန့်မှ မခံရပါဘူးကွာ” တိုးကြီးက အရက်တစ်ခွက်ကိုကောက်မော့လိုက်ပြီး “ကျုပ်က မဟုတ်ဘဲပြောမလားဗျ၊ ကိုဘသက်သာ မသိရင်နေမှာ၊ အဲဒီထန်းပင်ကွေ့က အခြောက်အလှန့်ကြမ်းတာ လူတိုင်းသိတယ်” “ငါကတော့ မယုံပါဘူးကွာ” “ကျုပ်လည်းအစက မယုံပါဘူးဗျ၊ ဒါပေမယ့် ဟိုရက်ပိုင်းက လက်တွေ့ကြုံတော့မှ ယုံသွားရတာ၊ အခုဆို နေ့ခင်းကြောင်တောင် အဲဒီလမ်းဘက်ကို ဆိုက်ကားငှားရင်တောင် လိုက်မပို့ရဲတော့ဘူးဗျ” တိုးကြီးစကားကိုကြားသည့်အခါ ကိုဘသက်က တဟားဟားနှင့်လှောင်ပြောင်ရယ်မောလိုက်ရင်း “မင်းကိုက ကြောက်တတ်တာပါ တိုးကြီးရာ၊ ကဲပြောစမ်း၊ မင်းကိုသဘက်ကြီးက ဘယ်လိုခြောက်လိုက်လို့လဲကွ” “အဲဒီနေ့ကပေါ့ဗျာ၊ ကောင်းကင်မှာ မိုးတွေကလည်း ခပ်အုံ့အုံ့ရယ်ဗျ” တိုးကြီးက အရက်ဆိုင်နံရံတစ်နေရာကိုငေးကြည့်ရင်း ...

ဘာကြောင်တာလဲ ဟူသော အကြည့်ဖြင့် ကြည့်ကာ နေလေ၏။သူတို့မသိသည်က မကြီး နှင့် ရာကြီး၏ ဝိညာဉ်များသည် တဖြည်းဖြည်း အညှိုးကြီးကာ အနက်ရောင် အခိုးအငွေ့များ ထောင်းထောင်း ထနေပြီး ရန်လိုသည့် အနေထားသို့ ပြောင်းလဲကာ မူရင်းသဏ္ဍန်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ရေများ ရွှဲရွှဲစိုနေကာ ဆံပင်များ ရှုပ်ပွနေလျက် အတော်ကို မနှစ်မြို့စရာ ရုပ်သွင်အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်၏။သို့ပေမဲ့ သူတို့ နှစ်ယောက်သည် မည်သူကိုမျှ ထိခိုက်အောင် လုပ်နိုင် မစွမ်းသေးပေ။ကမ္မဇိဒ္ဓိအား နည်းနေသေးသောကြောင့် ဖြစ်၏။မကြာသောအချိန်တွင် မောင်ဘိုးထင်သည် အိမ်ပေါ်သို့ပြန်တက်လာလေသည်။အိမ်ပေါ်ရောက်သောအခါ မကြီး ...

ကျခင် ပြန်လာမယ်စိတ်ကူးတယ်” ကျုပ်လည်း စိတ်ထဲတစ်မျိုးကြီးပေါ့ဗျာ၊ ကျုပ်အရမ်းအားကိုးရတဲ့ ဦးဘသာကြီး ရွာကနေတစ်လလောက်မရှိတော့ဘူးဆိုရင် ကျုပ်ဘယ်လိုလုပ်ပြီး နေလို့ထိပါ့မလဲဗျာ၊ ဒါနဲ့ကျုပ်လည်း စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်ခဲ့ပါရော။ ဘာလိုလိုနဲ့ အခါတွင်းကိုရောက်ခဲ့ပြီပေါ့ဗျာ၊ အခါတွင်းကတော့ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာလို သင်္ကြန်ပွဲမကျင်းပဖြစ်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့ကာလမို့ ချောင်းတွေမြောင်းတွေမှာ ရေကြည်ကြည်မရှိတတ်တော့ဘူးဗျို့၊ ကန်တွေဆိုလည်း ညွံတွေပေါ်ပြီး ကန်စပ်တွေပက်ကြားအက်နေတဲ့အချိန်ပေါ့ဗျာ၊ “ရွှေကိုမလို၊ ရေကိုသာလိုတယ်” ဆိုတဲ့ ကျုပ်တို့အညာစကားအရ ကျုပ်တို့ထက်ပိုပြီးအထက်ဘက်ကျတဲ့ရွာတွေမှာ ရေတွေအတော်ရှားနေပြီဗျ၊ သဲချောင်းကလေးတွေထဲ လက်ယက်ကျင်းတွေတူးကြတယ်၊ ဂလိုင်တွေ စိမ့်စမ်းတွေက ထွက်တဲ့ရေနည်းနည်းကို တစ်ညလုံးအိပ်ရေးပျက်ခံပြီး စောင့်ခပ်ကြရတဲ့အခြေအနေတွေပေါ့ဗျာ၊ ထွက်တဲ့ရေကလည်း ရေငန်ငန်နောက်ကျိကျိတွေဗျ၊ ...

စေတီအား ဖူးမျှော်ပြီး စေတီပရဝဏ်ပေါ်မှ ဘေးပတ်ဝန် ကျင်ကို လှည့်ပတ်ကြည့်လိုက်စဉ် တရုတ်စကားပင်များ အကြား၌ လူသစ်တယောက် တယောက်တည်းပြုံးရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ထိုအခါ သူရိယသည် သူ၏ သမာဓိကို တည်၍ နောက်တဖန် ပြန်ကြည့်လိုက်ရာ လူသစ်သည်  အသက်တဆယ့် ရှစ်နှစ်အရွယ် မိန်းမပျိုလေး နှင့် စကားဆိုနေသည်။မိန်းမပျိုလေးသည် ကျော့ရှင်းသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်စွာ တောသူလုံမေလေး တယောက်ပုံစံ ဝတ်စား ဆင်ယင်ထားသည်။ထိုမိန်းမချောလေးသည် လူသစ်အား ရွှန်းလဲ့သောမျက်ဝန်းဖြင့်ကြည့်ကာ နှစ်လိုဖွယ် ပြုံး၍ စကားဆိုနေလေသည်။ထို့နောက် သူရိယ ကြည့်နေသည်ကို သတိထားမိသွားသော မိန်းမပျိုလေးသည် ရုတ်ချည်းလူသစ်အား ...

မိုးကလည်းရွာအချိန်ကလည်းဖြစ်တာမိုလို့ စိုးပေရဲ့အသံကထင်သလောက်တော့ မကျယ်ဘူးလေ “နေအုံးစိုးပေဟောဟိုတာကြီးကဘာကြီးလည်း” ဝင်းအောင်ကလည်းသွားလက်စခြေလှမ်းများကို တုန့်ခနဲရပ်လိုက်ပြီးတော့လည်း မဲမဲသဏ္ဍာန်တစ်ခုကိုမြင်ရတာကြောင့် စိုးပေကိုပြရင်းမေးတာပေါ့ “မသိဘူးအကိုကြီးရ မဲမဲကြီးဆိုတော့သရဲကြီးများလား” “ညဘက်ကြီးကို ပေါက်တတ်ကရတွေမပြောစမ်းပါနဲ့ကွာ” “ပေါက်ကရပြောတာမဟုတ်ဘုးဗျညဘက်တွေ့တာဆိုတော့သရဲပေါ့” စုိးပေကလည်းမပြောနဲ့ဆိုတဲ့ကြားကထပ်ပြောနေတော့လည်းဝင်းအောင်ကတော့ကြောက်လန့်လာရင်းမူးနေတဲ့အရက်ရှိန်များပါပြောက်ကုန်တယ်လေ “ငါ့ညီတို့ကဘယ်ကိုသွားကြမှာလည်းကွ” ထိုမဲမဲကြီးကလည်းအနားကိုရောက်လာတော့မှလည်းလူတစ်ယောက်ဆိုတာသိရတယ် ဝင်းအောင်တို့ညီကို ကိုလည်းနှုတ်ဆက်မေးလိုက်တာကြောင့်လည်း ဝင်းအောင်တို့ကတော့ လူကိုမတ်လိုက်ရင်းနဲ့ “ဇီးဖြူကွင်းကိုပြန်မှာပါဒါနဲ့ခဗျားကဘယ်သူလည်း” “အော်ငါကဒီအနီးနားကရွာကပါဇီးဖြူကွင်းကဟိုးအနောက်မှာကျန်ခဲ့ပီကွမင်းတို့အရက်မူးပြီးလမ်းမှားလာတယ်ထင်တယ်” “ဟာဟုတ်လားဗျဒါဆိုရင်တော့ဘယ်လိုလုပ်ကြမလည်းဗျာ ဟေ့ကောင်စိုးပေမင်းကတော့မူးလို့ကောင်းနေတယ်ပေါ့ လမ်းမှားလာပြီကွဘယ်လိုလုပ်ကြမလည်း” ဝင်းအောင်ကလည်းစိတ်ပြက်ပြီးတော့လည်း စိုးပေကိုအော်နေတာပေါ့ “ကိုကြီးကလည်းဗျာလမ်းမှားတော့ဘာဖြစ်လည်းနီးစပ်ရာသစ်ပင်အောက်ဝင်အိပ်ကြတာပေါ့” စိုးပေကလည်းလက်လွတ်စပယ်ပြောပီးတော့လည်းမြေပေါ်မှာထိုင်ချလိုက်တယ် ဝင်းအောင်ကတော့အမူးများပြေနေပီးတော့လည်း အခုမှဟိုနေရာဒီနေရာရှောက်ကြည့်နေရင်း “ဒီကောင်ကတော့ငါလုပ်ရင်နာတော့မယ်ကွာ” “စိတ်လျော့ပါမိတ်ဆွေရာကျုပ်အိပ်ကိုလိုက်ခဲ့ပါဗျာ ကျုပ်ကတစ်ယောက်ထည်းနေတာဆိုတော့ခဗျားတု့ိနှစ်ယောက်အေးအေးဆေးဆေးနေလို့ရပါတယ်မနက်မိုးလင်းမှပဲဇီးဖြူကွင်းကိုပြန်ကြပေါ့ဗျာ” “ကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ခဗျားကကောညဘက်ကြီးမိုးရွာနေတာကိုဘာထွက်လုပ်တာလည်းဗျ” “အော်ဘာမှမလုပ်ပါဘူးဗျာဟိုနေရာဒီနေရာလျောက်ကြည့်နေတာပါခဗျားတို့ကိုမြင်လို့ရောက်လာတာ” “ဟုတ်ပါ့ဗျာကျုပ်တို့လည်းမူးမူးနဲ့ပြန်လာတာဗျကျုပ်အထင်တော့ရွာဘေးကအင်တိုင်းတောအုပ်ကြီးကိုဖြတ်လာမိတယ်ထင်တယ်” “ကဲပါဒါတွေထားပါကျုပ်နောက်ကိုလိုက်ကြမှာလား” “လိုက်မှာပေါ့ဗျာနေစရာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်” “ရပါတယ်ကဲကဲခဗျားညီကိုနှိုးလိုက်အုံး” ...

ဆီထည့်တဲ့နေရာကို သွားကူ လုပ်နေတယ်ဗျ။ “ကိုကြီးတာတေ သတိထားမိလား မပြောတတ်ဘူး” “ဘာကိုတုံးကွ ကျောက်ခဲရ” “ကျုပ်ကိုထနောင်းကုန်းသင်္ချိုင်းပေါ်မှာရော ဘန့်ဘွေးကုန်းသင်္ချ ိုင်းပေါ်မှာရော လင်းတကြီးတွေ ဝဲနေတယ်ဗျ” “ဟေ အလောင်းသင်္ဂြ ိုဟ်တာ မလုံမခြုံတွေများ ရှိနေလို့လားမှ မသိတာ” “ဟာ မရှိပါဘူးဗျာ ဘန့်ဘွေးကုန်းမှာရော ကျုပ်တို့ ထနောင်းကုန်းမှာပါ လူသေတာ ပျောက်တာ ရှိမှ မရှိတာ” “အေး ဒါတော့ ဟုတ်တယ်ကွ” “မနက်က ဘိုးညီလေး ပြောနေတာကြားလို့ ကျုပ်တို့ ကိုကြီးတာတေဆီ လာခဲ့တာဗျ” “ဟေ ဘိုးညီလေးက ဘာတွေပြောလို့တုံး” ...

ကြကြောင်း တစ်ရွာလုံးသိရှိသွားကြတော့၏။ ထိုသို့ဖြင့် နှစ်ရက်မျှကြာလေတော့… သန်းခေါင်ယံ လမိုက်ညတစ်ည၌… “အီး…..ဟီး…ဟီး…..ဟီး…… ဟီး……ဟီး–” ငိုသံကြီးတစ်သံ ကောင်းကင်ယံကိုပင် ဖောက်ထွင်း၍ထွက်ပေါ်လာလေရာ တစ်ရွာလုံးပင်ကြားနိုင်၏။ ထိုအသံကြီးသည် မိမိတို့အိမ်ရှေ့၌ထိုင်ငိုနေသယောင်… တဖန် အိမ်နောက်ဖေးမှ ငိုကြွေးနေသယောင်ဖြင့်… ငိုသံကြားသော ရွာသူ၊ရွာသားများသည် အိပ်ရာထဲမှ လူးလဲ ထထိုင်လာကြပြီး ထိုအသံကြီးအား နားစွင့်နေကြလေသည်။ ငိုသံကြီးသည်ကလေးငယ်တစ်ယောက်၏ငိုကြွေးသံမဟုတ် ကွဲအက်အက်ခြောက်ကပ်ကပ်အသံကြီးဖြင့် ရှိုက်ငင်တကြီးငိုကြွေးနေသည့် မိန်းမတစ်ယောက်၏အသံပင်ဖြစ်သည်။ တစ်ရွာလုံးလူကုန်ကြားရသော်လည်း မည်သူကမျှအိမ်အပြင်သို့မထွက်ရဲကြ။ ကလေးများသည် မိဘများအနားတွယ်ကပ်ထိုင်နေကြပြီး… လူကြီးများသည်လည်း ထိတ်လန့်နေမိကြ၏။ “ဘယ်ကအသံကြီးလဲ” “ကျုပ်လဲဘယ်သိမလဲတော်…တစ်ရွာလုံးကြားရတာလား ဒါမှမဟုတ် ကျုပ်တို့အိမ်ပဲ ကွက်ပြီးကြားတာလားဆိုတာ သိရအောင် ...

တွေ စုံလို့ပေါ့ဗျာ၊ ကျုပ်တို့ကားအောက်ဆင်းလိုက်တော့ ဆိုင်ခန်းတွေအများကြီးတွေ့တယ်၊ ကားတွေလည်း သုံးလေးစီးလောက်ရပ်ထားတယ်ဗျ။ ဒွေးလမ်းဆိုလို့ ရုပ်ရှင်မင်းသားဒွေးကိုပြောတာမဟုတ်ဘူးဗျ၊ အဲဒီနေရာမှာ လမ်းကနှစ်ခွခွဲသွားတယ်၊ တစ်လမ်းကတော့ တောင်ဘက်ကိုဆင်းသွားတဲ့ကားလမ်း၊ နောက်တစ်လမ်းကတော့ အနောက်ဘက်ကိုဆက်သွားတဲ့လမ်းပေါ့ဗျာ။ ဦးဘသာကြီး အနောက်ကိုကျုပ်လည်း လိုက်ခဲ့တာပေါ့၊ “ထမင်းစားမလား၊ ထမင်စားမလားရှင့် . . .” မိန်းကလေးတွေက အော်ပြီးမေးတယ်၊ မန်ကျည်းရိပ်အောက်မှာ ခုံဝိုင်းကလေးတွေချထားတယ်ဗျ၊ ဦးဘသာကြီးက ခေါင်းညိတ်ပြီးမိန်းကလေးတစ်ယောက်ကိုခေါ်လိုက်တော့ ကျုပ်တို့အတူတူခုံဝိုင်းမှာ သွားထိုင်ကြလိုက်ကြတယ်၊ မိန်းကလေးရဲ့ခေါင်းပေါ်မှာ ဒန်အိုးတစ်လုံးရယ်၊ အပေါ်ကစကောတစ်ချပ်ကိုရွက်ထားပြီးတော့ အထဲမှာ ဟင်းထည့်ထားတဲ့ ခွက်ကလေးတွေစုံလို့ဗျ။ ကျုပ်တို့ထိုင်လိုက်တော့ သူ့ဒန်အိုးကိုချပြီးတော့ ပန်းကန်ပြားနှစ်ချပ်ကို အဝတ်နဲ့သုတ်ပေးတယ်၊ ...

ယောက်ကဲ့သို့ စကားလုံးြကွယ်နေလေ သည်။ “” အဲ့တုန်းကကွာ ဒီကောင်က ထမင်းမစားရသေးဘူး အိမ်မှာချက်စရာဘာမှမရှိဘဲကို အစ်ကိုမြတင်တဲ့ ကျွန်တော်ဗိုက်အရမ်းဆာနေတယ်တဲ့ အစ်ကိုက သ နားတတ်တယ် အဲ့ဒါနဲ့ အေးကွလို့ အိမ်မှာလည်းဒီနေ့ မှ ဟင်းမကျန်ဘူး နေ့လည်က နန်းပြားသုပ်စားရင်း မကုန်လို့ အုပ်ဆောင်းအောက်မှာ ထည့်ထားတာတော့ရှိတယ် ငါ့ညီစားလိုက်ကွာလို့ ကျွေးတော့ ဘယ် လောက်ဆာနေတယ်မသိဘူး ငါ့ညီမရေ ခေါင်းကို မဖော်တမ်းစားတော့တာပဲ ဟား ဟား ဟား ဒီကောင် ကအဲ့လို့ချစ်ဖို့ကောင်းတာ အစ်ကိုစားမကုန်ရင်သူပဲ ဒိုင်ခံကုန်အောင်စားပေးတယ် “” ကိုမျိုးသက်က ထိုစကားကြောင့် ...