အင်းအတိုက်

ယောက်ကဲ့သို့ စကားလုံးြကွယ်နေလေ
သည်။

“” အဲ့တုန်းကကွာ ဒီကောင်က ထမင်းမစားရသေးဘူး
အိမ်မှာချက်စရာဘာမှမရှိဘဲကို အစ်ကိုမြတင်တဲ့
ကျွန်တော်ဗိုက်အရမ်းဆာနေတယ်တဲ့ အစ်ကိုက သ
နားတတ်တယ် အဲ့ဒါနဲ့ အေးကွလို့ အိမ်မှာလည်းဒီနေ့
မှ ဟင်းမကျန်ဘူး နေ့လည်က နန်းပြားသုပ်စားရင်း
မကုန်လို့ အုပ်ဆောင်းအောက်မှာ ထည့်ထားတာတော့ရှိတယ် ငါ့ညီစားလိုက်ကွာလို့ ကျွေးတော့ ဘယ်
လောက်ဆာနေတယ်မသိဘူး ငါ့ညီမရေ ခေါင်းကို
မဖော်တမ်းစားတော့တာပဲ ဟား ဟား ဟား ဒီကောင်
ကအဲ့လို့ချစ်ဖို့ကောင်းတာ အစ်ကိုစားမကုန်ရင်သူပဲ
ဒိုင်ခံကုန်အောင်စားပေးတယ် “”

ကိုမျိုးသက်က ထိုစကားကြောင့် မျက်နှာအနည်း
ငယ်ပျက်သွားလေသည်။ မယုယုဝင်းလည်း မျက်နှာတစ်ချက်ပျက်သွားသော်လည်း ဟန်မပျက်ပြုံးရင်း ဧည့်ခံနေလိုက်သည်။ ကိုမြတင်မှာ လာတည်းခိုသည့်နှစ်ညလုံးတွင် သူကကိုမျိုးသက်ကို မည်သို့အကူ
အညီပေးခဲ့ကြောင်း သူစား၍မကုန်သည်များကို
ကိုမျိုးသက်က စားကြောင်း စသည်များကိုသာ လူရှေ့မရှောင် သူရှေ့မရှောင် တစ်ခုမကျန်ပြောပြခဲ့သည်။ ထိုအခါမျိုးတွင် ကိုမျိုးသက်သည် ပျက်သွားသည့်မျက်နှာကို ထိန်းထိန်း‌လိုက်ရ၏။ကိုမြတင်စစချင်းရောက်လာသည့်နေ့တွင်တော့ ကိုမျိုးသက်သည် အလွန်ဝမ်းမြောက်ဝမ်းသာနှင့် ဆွေမျိုးရင်းချာပမာ ဖက်လဲတကင်းဆက်ဆံသော်လည်း နောက်တစ်ရက်မှစပြီး ဟန်ဆောင်ပန်ဆောင်သာ ဆက်ဆံလာတော့သည်။

ကိုမြတင်ကလည်း ကိုမျိုးသက်ပြောင်းလဲလာသည်
ကိုသိသော်ြငား မသိဟန်ဆောင်နေ၏။ ကိုမြတင်
သည် ကိုမျိုးသက်အိမ်၌ နှစ်ညတည်းခိုပြီး ပြန်သွား
တော့သည်။ ကိုမြတင်ပြန်သွားမှ ကိုမျိုးသက်လည်း
စိတ်ပေါ့ပါးသွားရတော့၏။ မိမိငယ်စဉ်က ဆင်းရဲ
နှံချာရသည်များကို မရှက်သော်လည်း ကိုမြတင်၏
စားလက်စထမင်းကျန် ဟင်းကျန် များစားရသည်ဟု
ပြောသည့်အခါတိုင်း သိမ်ငယ်သွားမိနေသည်။ မိမိ
ပတ်ဝန်းကျင်ရှိလူများကြား ထိုအကြောင်းအရာကို
ပြန်လည်မပြောချင်ခဲ့ပေ။ သို့သော် ကိုမြတင်က
ဇာတ်စုံခင်းပြသွားချေလေပြီ။ ပြန်စဉ်းစားမိတိုင်း
မိမိကိုယ်ကိုယ် စိတ်နှလုံးညိုးနွမ်းသွားရသည်။

ထိုကိစ္စဖြစ်ပြီး တစ်ပတ်ခန့်ကြာပြီးသောအခါ

“” ငါ့ကို လာသတ်နေပြီ ကယ်ကြပါ ကယ်ကြပါဦး “”

“” အစ်ကို ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေမက်နေတာလား ယု ဘေးမှာရှိတယ်လေ “”

အိပ်မက်ဆိုးကနိုးထလာပြီး ကိုမျိုးသက်သည်ကြောင်တောင်တောင် ဖြစ်နေတော့သည်။ မယုယုဝင်းကိုတော်တော်နှင့် မမှတ်မိသလိုဖြစ်နေပြီးအတန်
ကြာအောင်စိုက်ကြည့်နေ၏။ မယုယုဝင်းကလည်း ထိတ်လန့်လာဖြင့် အခန်းမီးကို ထဖွင့်လိုက်သည်။ အခန်းမီးက စူးကနဲလင်းထိန်သွား၍ ကိုမျိုးူက်သည် မျက်လုံးကို လက်ဖြင့်ကာလိုက်၏။

“” မျက်လုံးကျိန်းတယ်ဟ “”

ပြီးမှ ြဖည်းြဖည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့်မြင်ကွင်းကို သူ့ကိုယ်သူ မယုံနိုင်ပေ။
မယုယုဝင်းသည်သူ့အားစားမတတ်ဝါးမတတ် ဒေါသ
တကြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“” ယုယု ဘာ ဘာ ဖြစ်လို့လဲ “”

မယုယုဝင်းမှာ ဘာတစ်ခုမှမသိချေ။ အံ့ဩမှင်သက်
နေ၏။ ကိုမျိုးသက် ၏တောင်တောင်အီအီစကားများကြောင့် စိုးရိမ်နေမိသည်။ အမှန်တကယ်မှာမယုယုဝင်းက မည်သည်မှ သိခြင်းမရှိဘဲ ပုံမှန်ဖြစ်နေသော်လည်း ကိုမျိုးသက်က ဆန့်ကျင်ဖက်အရာများကိုမြင်နေရခြင်းသာဖြစ်လေသည်။

“” အစ်ကို ယုလေ ဘာလို့ စိမ်းစိမ်းကြီးကြည့်နေရတာ
လဲ “”

“” မဟုတ်ဘူး နင်က လူသတ်သမား ငါ့ကိုသတ်ဖို့ကြံ
စည်နေတာ “”

“” အစ်ကို အိပ်မက်ယောင်ပြီး ဘာတွေလျှောက်ပြော
နေတာလဲ “”

“” ငါ့နားမလာနဲ့ ထွက်သွား ထွက်သွား “”

“” အစ်ကို “”

ကိုမျိုးသက်က သွေးရူးသွေးတန်းဖြင့် မယုယုဝင်းကို
ကုတင်ပေါ်မှတွန်းချပစ်သည်။ စောင်များ ခေါင်းအုံး
များပါ ပစ်ထုတ်ပစ်၏။

“” ငါ့ကို သတ်လို့မရဘူးကွ နင့်ကိုအရင်သတ်မယ် “”

ကိုမျိုးသက်က စိတ်ဖောက်နေချေပြီ။ မယုယုဝင်း
လည်း ကြောက်လန့်လာဖြင့် အခန်းထဲမှ ပြေးထွက်
လာတော့၏။ အခန်းအပြင်ဖက်တွင် ရပ်နေပြီး
ကိုမျိုးသက်အသံကို နားစွင့် နေလေသည်။

“” ရှပ် ရှပ် “”

တစုံတစ်ယောက်သည် လှေကားမှတက်လာသံကို
ကြားသဖြင့် မယုယုဝင်း ပိုမိုထိတ်လန့်သွားရသည်။
အိမ်တွင် ၎င်းတို့ဇနီးမောင်နှံ နစ်ယောက်တည်း။ သ
မီးအငယ်က ဘေးအိမ်တွင် ညအိပ်မည်ဟုပြောသွားသဖြင့် အိမ်၌မရှိချေ။ ထိုခြေသံသည် မည်သူများနည်းဟု သိချင်စိတ်ဖြင့် လှေကားနားလျှောက်သွားကြည့်လိုက်လေသည်။

သို့သော်လည်း ‌ေြခသံသာကြားလိုက်သည်။ လူ
အရိပ်အယောင်မျှပင်မတွေ့။ ကိုမျိုးသက်ကြောင့်
ထိတ်လန့်နေရသဖြင့် နားကြားမှားသည်ဟုသာယူ
ဆပြီး အခန်းနားသို့ တဖန် ပြန်နားစွင့်လိုက်သည်။
ကိုမျိုးသက်ထံမှ မည်သို့သောအသံမျှ မကြားရသဖြင့်အခန်းတံခါးကို အသာ ဆွဲဖွင့်ကြည့်လိုက်၏။

“” အ အစ်ကို “”

မယုယုဝင်းသည် ကိုမျိုးသက်ကိုကြည့်ပြီး မဝံ့မရဲခေါ်
လိုက်သည်။ ကိုမျိုးသက်က မျက်နှာကျတ်ကိုမော့
ကြည့်ကာ ပြုံးနေသဖြင့် မယုယုဝင်းလည်း မျက်နှာ
ကျတ်ကို မော့ကြည့်လိုက်၏။

“” အမေရေ ကယ်ပါ “”

မယုယုဝင်းသည် ငယ်သံပါအောင်အော်ပြီး အိမ်ထဲမှ
ပြေးထွက်လာတော့၏။ သူမတွေ့မြင်ခဲ့ရသည်က မျက်နှာကျတ်တွင် ကျောဖြင့်ကပ်ပြီး ကိုမျိုးသက်ကို
ကြည့်နေသည့် တစ်ကိုယ်လုံးအမွေးအမျှင်ပေါက်နေ
သည့်သရဲတစ်ကောင်ဖြစ်သည်။ မယုယုဝင်းသည်
မည်ကဲ့သို့ ဘေးအိမ်ကို ရောက်သွားသည်မသိ။ အ
ပြင်ဖက်မှ တံခါးကို တဒုန်းဒုန်းထုပြီး အော်ခေါ်နေ
သည်။

“” ယုယု သမီး ညကြီးသန်းခေါင်ဘာဖြစ်လာတုန်း””

မယုယုဝင်းကစကားပင်မပြောနိုင်ဘဲ မောဟိုက်နေ
၏။ အိမ်ထဲသို့ရောက်မှ အကြောင်းစုံကိုပြောပြသည့်
အခါ ဆွေမျိုးမောင်နှမများက ကိုမျိုးသက်ထံလိုက်
လာကြသည်။ ကိုမျိုးသက်အခန်းက တံခါးလော့ချ
ကာ ဖွင့်မရတော့ပေ။

“” မောင်မျိုးသက် တံခါးဖွင့်ပါဦး “”

“” ဒုန်း ဒုန်း “”

“” အခန်းသော့ရှိတယ်မလား “”

“” အခန်းထဲကျန်နေတယ် “”

“” ဒုက္ခပဲ ဘယ်လိုလုပ်ရမလဲ ဖျက်ဝင်ကမှာပဲပေါ့ “”

ဆွေမျိုးများက တံခါးဖျက်ပစ်ကြရသည်။ တံခါး
ပွင့်သွားသောအခါ ကိုမျိုးသက်သည် ကုတင်ပေါ်
တွင် မျက်ဖြူဆိုက်နေချေပြီ။ ရေမန်းဖြင့်ြဖန်းသူက
ဖြန်း ခြေမ လက်မချိုးသူကချိုးနှင့် ဆူညံကုန်ကြ၏။
ဆယ်မိနစ်လောက်နေမှ သတိပြန်ရလာတော့သည်။

“” မောင်မျိုးသက် ဘယ်လိုဖြစ်ရတာလဲကွ “”

ကိုမျိုးသက်သည် စိတ်ပုံမှန်ပြန်ဖြစ်နေခဲ့ပြီ။ ကြောက်
လန့်လွန်းသဖြင့် တစ်ကိုယ်လုံးအေးစက်နေ၏။

“” ကျွန်တော် သိတဲ့အချိန်မှာ အခန်းထဲ ကျွန်တော်
တစ်ယောက်ထဲရှိတယ် မျက်နာကျတ်ကနေ တစ်ကိုယ်လုံးအမွှေးအမျှင်တွေနဲ့သရဲက ခုန်ချလာပြီး လည်ပင်းညစ်ထားတာ လုံးဝမလွတ်ဘူး ကျွန်တော်လည်း ပြန်ရုန်းရင်း သတိမေ့တော့မယ့်အချိန်မှာ အ
ခန်းတံခါးကိုထုနေသံကြားပြီး မေ့လဲသွားတာပဲ “”

“” နင်တို့ ဘယ်တွေသွားကြသေးလဲ စကားအပြော
အဆိုတွေမှားကြသေးလား “”

“” ဘယ်မှလည်းမသွားဖြစ်ပါဘူးအမေ မှားလည်းမမှားမိပါဘူး “”

“” ကဲ ကဲ ဘုရားရေတိုက်လိုက် ဒီည အိမ်မှာလာအိပ်
ကြ “”

“” အမေကလည်း မနက်ဖြန်ကြတော့ သူတို့မအိပ်ရဲ
ဘူးပြန်ဖြစ်နေကြမှာ ကျွန်တော်စောင့်အိပ်ပေးမယ်
ဘာမှမဖြစ်ဘူး စိတ်မပူနဲ့ “”

မယုယုဝင်း၏မောင်ဖြစ်သူ ကိုထွန်းထွန်းဝင်းကဆို
သည့်အခါ အားလုံးလည်းလက်ခံလိုက်ပြီး ပြန်သွား
ကြလေသည်။ ကိုထွန်းထွန်းဝင်းက မယုယုဝင်းတို့
အခန်းအပြင်ဖက်တွင် အိပ်ရန်နေရာလေးပြင်ပြီး
စောင့်အိပ်ပေး၏။ ကိုမျိုးသက်နှင့် မယုယုဝင်းက အခန်းထဲပြန်ဝင်အိပ်သော်လည်းအိပ်မရတော့သဖြင့် မီးဖွင့်ရင်း စကားပြောနေကြသည်။ ကိုထွန်းထွန်းဝင်းအိပ်ပျော်ခါနီးအချိန်တွင် သူ၏‌ေြခထောက်အစုံကို လာဆွဲတော့၏။ လာဆွဲသည်ကို အကောင်အထည်မမြင်ရဘဲ တရွတ်တိုက်ပါသွားလေသည်။

“” မယုရေ မယု “”

ထွန်းထွန်းဝင်းမှာ ငယ်သံပါအောင်အော်ဟစ်လိုက်
၏။ကိုမျိုးသက်တို့လည်း အမြန်ထွက်လာကြလေသည်။၎င်းတို့ထွက်လာချိန်တွင် ထွန်းထွန်းဝင်းက လှေကားထစ်များတွင် တရွတ်တိုက်ကျနေခဲ့ပြီ။

“” ယုယု ကူဆွဲပါဦးဟ “”

ကိုမျိုးသက်က ပြေးသွားပြီး ထွန်းထွန်းဝင်းကို ဆွဲ
သော်လည်း ဆွဲမရချေ။ ထ္ွန်းထွန်းဝင်းက လှေကား
အောက်သို့ရောက်သွားခဲ့လေပြီ။ ၎င်းတို့လည်းဆက်
မနေရဲကြသဖြင့် သုံးယောက်သား ဘေးအိမ်သို့ထွက်
ပြေးကြတော့သည်။

“” အိမ်မှာ ဘာတွေဖြစ်နေတာလဲ မသိတော့ဘူး
ဘာဆက်လုပ်ရမလဲ မနေရဲဘူး “”

မယုယုဝင်းက အလွန်ပင်ကြောက်နေရှာပြီ။ မယုယုဝင်း၏ မိဘများက မနက်ရောက်မှ ဆရာပင့်ပြီးမေး
မည်ဟု ပြောကြသည်။ ထိုညက မအိပ်ကြတော့ဘဲ
ငုတ်တုတ်ထိုင်ပြီး မိုးလင်းရတော့၏။ ဆရာပင့်လာ
သည့်အခါ ဆရာက အိမ်အ‌ေြခအနေအားကြည့်ပြီး

“” အင်း ပရောဂစစ်ကြည့်မယ် “”

ဆရာက ဘုရားစင်ရှေ့တိုင်တည်ပြီး အတူပါလာသည့်လိပ်ပြာလှသူတပည့်ကို ပူးကပ်ခိုင်းသည့်အခါ

“” နင်ဘယ်ကလဲ “”

“” ငါ ြပင်အိုသုဿာန်ကလာတာ “”

“” နင်က ဘာအမျိုးအစားထဲကလဲ သရဲလား တစ္ဆေ
လား “”

“” သဘက် “”

“” ဟုတ်ပြီ ဘာလို့ဒီမိသားစုကိုအနှောင့်အယှက်ပေး
ရတာလဲ အိမ်ထဲဘယ်လိုဝင်လာတာလဲ “”

“” ငါ့ကိုခေါ်လာတာ သူတို့ကို သေအောင်သတ်ဖို့ “”

ဝင်ပူးကပ်သူက ကိုမျိုးသက်တို့ဖက် လက်ညိုးထိုးပြ
လာသည်။ ကိုမျိုးသက်တို့လည်း ထိတ်လန့်သွားြက
ပြီး ဆက်လက်နားစွင့်နေ၏။

“” ဘာလို့သတ်ချင်တာလဲ “”

“” ငါ့ကိုသတ်ခိုင်းတာ သူတို့ကိုသတ်ရင် အညှီသား
နေ့တိုင်းကျွေးမယ်ဆိုလို့ “”

“” ဘယ်သူကခိုင်းတာလဲ “”

“” ငါ့ဆရာခိုင်းတာ “”

“” နင့်ဆရာက ဘယ်သူလဲ “”

“” ငါ့ဆရာပဲသိတယ် “”

သဘက်ကြီးသည် ဘဝခြားနေပြီဖြစ်၍ အမည်နာမများကို သိရှိဟန်မတူပေ။ ထို့ကြောင့်ဆရာလည်း
နာမည်ကို ဆက်မမေးတော့ဘဲ အကြောင်းအရာကို
သာ ဆက်မေးလိုက်သည်။

“” နင့်ကိုဘယ်လိုခေါ်ဝင်လာတာလဲ “”

“” ငါ အိမ်ထဲဝင်လို့ရအောင် အိမ်စည်းဖျက်ထားပေး
တယ် လေးနေရာလုံး အင်းချထားလို့ငါဝင်လို့ရတာ””

“” ဘယ်နေရာတွေလဲ “”

ပူးကပ်သူက လက်ညိုးဖြင့် အိမ်ထောင့်လေးထောင့်
သို့လက်ညိုးထိုးပြသည်။

“” အင်း မြုပ်ထားတာလား “”

ပူးကပ်သူက ခေါင်းညိမ့်ပြ၏။

“” ကောင်းပြီ နင်ဒီမိသားစုကို အနှောင့်အယှက် မပေး
နဲ့တော့ နင်ဆက်ပြီးနှောင့်ယှက်ရင် တစ်ကိုယ်လုံးမီးလိုပူအောင် အပြစ်ပေးခံရမယ် ကြားလား “”

“” ငါ မနှောင့်ယှက်ချင်လည်း မရဘူး ငါ့ပုံနဲ့ အင်းတွေ
မြုပ်ထားတယ် အချိန်တန်ရင် ငါလာရမှာပဲ “”

“” ငါသိတယ် အင်းတွေဖျက်လိုက်မယ် နင်လည်း နင့်
နေရာနင်ပြန်တော့ “”

“” ငါ ဗိုက်အရမ်းဆာတယ် အစာကျွေးပါ အညှီသား
သုံးပိဿာကို ညနေဝင်စ ြခံရှေ့မှာ ‌လာကျွေးပေးပါ
စားပြီးရင် ငါပြန်ပါ့မယ် “”

“” ကောင်းပြီ နင့်ကတိနင်တည်ပါစေ “”

ဆရာကထိုသို့ပြောပြီး ဝိဇ္ဇာများ နတ်မင်းကြီးများကို
တိုင်တည်ပြီး ပူးကပ်သူ၏ခေါင်းကို ထိကာ ပူးကပ်
ြခင်းကို အဆုံးသတ်ရန် ဂါထာကိုရွတ်ဆိုလိုက်သည်။
ထို့နောက် ကိုမျိုးသက်တို့အား

“” အရင်က ဆရာတွေဘာတွေခေါ်လာဖူးသလား “”

“” မခေါ်လာဖူးပါဘူးဆရာ “”

“” အင်း ညအိပ်ညနေဧည့်သည်တွေလာဖူးသလား “”

“” ဟိုတလောကတော့ ကျွန်တော့ဇာတိက မိတ်ဆွေ
တစ်ယောက်တော့လာတည်းပါတယ် “”

“” တခြားဘယ်သူတွေဝင်ထွက်တတ်သေးလဲ “”

“” ကျွန်မတို့ မိဘတွေ မောင်နှမတွေကလွဲလို့ ဘယ်သူ
မှ မဝင်ထွက်ပါဘူးဆရာ “”

“” ဒါဆို သူစိမ်းဆိုလို့ ညအိပ်လာတဲ့တစ်ယောက်ပဲရှိ
တာလား “”

“” ဟုတ်ပါတယ်ဆရာ “”

“” ကဲ အင်းမြုပ်ထားတာတွေသွားဖော်ရအောင် လိုက်
ခဲ့ကြ “”

ြခံထောင့်များတွင် မြေမွနေသည့်နေရာအားအဓိက
ထားပြီးတူးကြည့်သည့်အခါ အင်းချပ်တစ်ချပ်စီနှင့်
ခြံထောင့်လေးဖက်လုံးတွင် မြုပ်ထားသည်ကို တူး
ဖော်ရရှိခဲ့သည်။ အင်းချပ်ပေါ်တွင် သဘက်တစ်
ကောင်၏ပုံနှင့်အတူ အင်းစာလုံးများအပြည့်ရေး
ထားသည်။

“” ဒီအင်းကိုမြုပ်တဲ့သူက တော်တော်လေးကို အပြစ်
ကြီးတာပဲ ဆရာ့အနေနဲ့ တန်ပြန်အင်းနဲ့ ပြန်လုပ်ရင်
သူသေရမယ် မေတ္တာတရားကအကောင်းဆုံးပဲ ဘာ
မှပြန်မတုံ့ပြန်နဲ့တော့ သူ့လမ်းသူသွားလိမ့်မယ် ဟုတ်
လား “”

“” ဟုတ်ကဲ့ဆရာ ကျွန်တော်တို့လည်း မေတ္တာပဲပို့ပါ
တယ် ရန်ချင်းမတုံ့ပြန်တော့ပါဘူးဆရာ “”

“” အကောင်းဆုံးပဲပေါ့ ဆရာအိမ်စည်းပေါက်သွား
တာကို ပြန်စည်းချပေးခဲ့မယ် ညနေကြရင် အမဲသား
သုံးပိဿာကို တစ်ပိဿာစီ အင်ဖက်ပေါ်သုံးပုံတင် နောက်ပြီးတော့ ဖယောင်းတိုင်တစ်တိုင်ထွန်းပါးစပ်က ြပင်အိုသုဿာန်ကသဘက်ကြီးလာစားပါလို့ ရွတ်လိုက် အနားထိုင်မစောင့်ကြနဲ့ မသိသလိုပဲနေကြ “”

“” ဟုတ်ကဲ့ပါဆရာ “”

ညနေသို့ရောက်သည့်အခါ ကိုမျိုးသက်လည်း လူရိပ်
လူခြေကြည့်ပြီး အိမ်ရှေ့တွင် အမဲသား သုံးပိဿာကို
အင်ဖက်ပေါ်တင်ကာ နဘေးတွင် ဖယောင်းတိုင်အ
ငယ်တစ်တိုင်ကို ထွန်းလိုက်သည်။ နှုတ်မှလည်း သဘက်ကြီးလာစားပါဟု ခေါ်ငင်လိုက်၏။ ထို့နောက်
အိမ်ထဲပြန်ဝင်လာသလို လုပ်ပြီး သိချင်သဖြင့် ြခံ
ထောင့်တနေရာမှ အမဲသားပုံကြီးကို စောင့်ကြည့်နေ
မိလေသည်။

ဆယ်မိနစ်ခန့်ကြာသောအခါ ခွေးနက်ကြီးတစ်ကောင်သည် ပတ်ဝန်းကျင်သို့ ဟိုဟိုဒီဒီကြည့်ရင်း အမဲသားပုံ ထံတိုးကပ်လာလေသည်။ ကိုမျိုးသက်
ကလည်းသဘက်ကိုကျွေးမွေးထားသည်အား ခွေးတစ်ကောင်လာစားလေပြီအထင်ဖြင့် မောင်းထုတ်ရန် ပြင်စဉ် ထိုခွေးသည် အမဲသားတစ်ပိဿာကို တစ်လုတ်တည်းလှမ်းဟပ်ပစ်လိုက်၏။

ထိုအချင်းအရာကြောင့် ကိုမျိုးသက်မှာ အံ့ဩသွား
ပြီး ရှေ့မတိုးတော့ဘဲ ထပ်မံရပ်ကြည့်နေလိုက်သည်။
ခွေးနက်ကြီးက တစ်ခါဟပ်လိုက်တိုင်း အမဲသားတစ်
ပိဿာလုံးပါးစပ်ထဲပါသွားသည်။ သုံးချက်လှမ်းဟပ်
ပြီး ြခံရှေ့မှ အမြန်ပြန်ထွက်သွားလေသည်။ ထိုအခါ
မှ ကိုမျိုးသက်လည်း သဘက်ကြီးလာစားသွားချေပြီ
မှန်းသဘောပေါက်ကာ ရင်တတုန်တုန်ဖြင့် စိတ်ချ
သွားလေတော့၏။

တစ်လခန့်ကြာသောအခါ ကိုမျိုးသက်ထံ သတင်း
တစ်ခုရောက်လာလေသည်။ ကိုမြတင်မှာစိတ်ဖောက်သလိုလိုဖြစ်နေပြီး နေ့စဉ်ရက်ဆက် အမဲသားဝယ်နေ
ကြောင်း အိမ်ထဲအိမ်ပြင်လည်း သိပ်မထွက်ပဲ လူများ
နှင့်စကားပြောဆိုခြင်းလည်းမရှိတော့ကြောင်း အမဲ
သားလာမဝယ်သောရက်များဆိုလျှင် တိုက်ဆိုင်မှု
လားမဆိုသာ ညဖက်များတွင် အော်ဟစ်သံများကြား
ရကြောင်း စသဖြင့် ကိုမျိုးသက်၏ဇာတိက အသိ
မိတ်ဆွေအချို့ထံမှကြားသိရလေသည်။

ကိုမြတင်သည် ကိုမျိုးသက်ယခုကဲ့သို့ စီးပွါးဥစ္စာတိုး
တက်ပြီး ပြည့်စုံလာခြင်းကို မနာလို မရှုစိမ့်ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း မနာလိုစိတ်ကြောင့် အိမ်တွင်လာတည်းခိုစဉ် သူ၏အကျန်များစားခဲ့ရသူဖြစ်
ကြောင်းကို ဖောက်သည်ချပြောရင်း စိတ်‌ေြဖခဲ့သည်။သို့သော်လည်း ကြီးပွားတိုးတက်နေခြင်းကို တားဆီးမရနိုင်သဖြင့် လေ့လာထားသည့် ပညာရပ်ဖြင့် အင်းအတိုက်ကို စီမံထားရစ်ခဲ့ခြင်းဖြစ်လေသည်။

သူတစ်ပါးကို မကောင်းကြံစည်ခြင်းသည် မိမိထံသို့
ပြန်လည်သက်ရောက်စေတတ်သည်ကို ယခုအချိန်
ဆိုလျှင် ကိုမြတင်တစ်ယောက် နားလည်သိရှိနေနိုင်
လောက်ပြီဟု ကိုမျိုးသက် တွေးနေမိလေတော့သ
တည်း။

သော်တာလမင်းစန္ဒာ