ဇီးဖြူကွင်းမှမိန်းမလှ

မိုးကလည်းရွာအချိန်ကလည်းဖြစ်တာမိုလို့ စိုးပေရဲ့အသံကထင်သလောက်တော့ မကျယ်ဘူးလေ “နေအုံးစိုးပေဟောဟိုတာကြီးကဘာကြီးလည်း”

ဝင်းအောင်ကလည်းသွားလက်စခြေလှမ်းများကို တုန့်ခနဲရပ်လိုက်ပြီးတော့လည်း မဲမဲသဏ္ဍာန်တစ်ခုကိုမြင်ရတာကြောင့် စိုးပေကိုပြရင်းမေးတာပေါ့ “မသိဘူးအကိုကြီးရ မဲမဲကြီးဆိုတော့သရဲကြီးများလား” “ညဘက်ကြီးကို ပေါက်တတ်ကရတွေမပြောစမ်းပါနဲ့ကွာ” “ပေါက်ကရပြောတာမဟုတ်ဘုးဗျညဘက်တွေ့တာဆိုတော့သရဲပေါ့” စုိးပေကလည်းမပြောနဲ့ဆိုတဲ့ကြားကထပ်ပြောနေတော့လည်းဝင်းအောင်ကတော့ကြောက်လန့်လာရင်းမူးနေတဲ့အရက်ရှိန်များပါပြောက်ကုန်တယ်လေ “ငါ့ညီတို့ကဘယ်ကိုသွားကြမှာလည်းကွ” ထိုမဲမဲကြီးကလည်းအနားကိုရောက်လာတော့မှလည်းလူတစ်ယောက်ဆိုတာသိရတယ် ဝင်းအောင်တို့ညီကို ကိုလည်းနှုတ်ဆက်မေးလိုက်တာကြောင့်လည်း ဝင်းအောင်တို့ကတော့ လူကိုမတ်လိုက်ရင်းနဲ့ “ဇီးဖြူကွင်းကိုပြန်မှာပါဒါနဲ့ခဗျားကဘယ်သူလည်း” “အော်ငါကဒီအနီးနားကရွာကပါဇီးဖြူကွင်းကဟိုးအနောက်မှာကျန်ခဲ့ပီကွမင်းတို့အရက်မူးပြီးလမ်းမှားလာတယ်ထင်တယ်” “ဟာဟုတ်လားဗျဒါဆိုရင်တော့ဘယ်လိုလုပ်ကြမလည်းဗျာ ဟေ့ကောင်စိုးပေမင်းကတော့မူးလို့ကောင်းနေတယ်ပေါ့ လမ်းမှားလာပြီကွဘယ်လိုလုပ်ကြမလည်း” ဝင်းအောင်ကလည်းစိတ်ပြက်ပြီးတော့လည်း စိုးပေကိုအော်နေတာပေါ့ “ကိုကြီးကလည်းဗျာလမ်းမှားတော့ဘာဖြစ်လည်းနီးစပ်ရာသစ်ပင်အောက်ဝင်အိပ်ကြတာပေါ့” စိုးပေကလည်းလက်လွတ်စပယ်ပြောပီးတော့လည်းမြေပေါ်မှာထိုင်ချလိုက်တယ် ဝင်းအောင်ကတော့အမူးများပြေနေပီးတော့လည်း အခုမှဟိုနေရာဒီနေရာရှောက်ကြည့်နေရင်း “ဒီကောင်ကတော့ငါလုပ်ရင်နာတော့မယ်ကွာ” “စိတ်လျော့ပါမိတ်ဆွေရာကျုပ်အိပ်ကိုလိုက်ခဲ့ပါဗျာ ကျုပ်ကတစ်ယောက်ထည်းနေတာဆိုတော့ခဗျားတု့ိနှစ်ယောက်အေးအေးဆေးဆေးနေလို့ရပါတယ်မနက်မိုးလင်းမှပဲဇီးဖြူကွင်းကိုပြန်ကြပေါ့ဗျာ” “ကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ခဗျားကကောညဘက်ကြီးမိုးရွာနေတာကိုဘာထွက်လုပ်တာလည်းဗျ” “အော်ဘာမှမလုပ်ပါဘူးဗျာဟိုနေရာဒီနေရာလျောက်ကြည့်နေတာပါခဗျားတို့ကိုမြင်လို့ရောက်လာတာ” “ဟုတ်ပါ့ဗျာကျုပ်တို့လည်းမူးမူးနဲ့ပြန်လာတာဗျကျုပ်အထင်တော့ရွာဘေးကအင်တိုင်းတောအုပ်ကြီးကိုဖြတ်လာမိတယ်ထင်တယ်” “ကဲပါဒါတွေထားပါကျုပ်နောက်ကိုလိုက်ကြမှာလား” “လိုက်မှာပေါ့ဗျာနေစရာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်” “ရပါတယ်ကဲကဲခဗျားညီကိုနှိုးလိုက်အုံး” ဝင်းအောင်ကလည်းငုတ်တုတ်အိပ်နေတဲ့စိုးပေကိုလည်းခြေထောက်နဲ့ကန်ရင်းနှိုးလိုက်တယ် “ဟေ့ကောင်ထထ” “ဘာလည်းအကိုကြီးရာအမေလာခေါ်တာလား” “နိုးလာတာနဲ့စလာပြီ ဒီလူကသူ့အိမ်ကိုခေါ်သွားမယ်တ့ဲကွမနက်မှဇီးဖြူကွင်းကိုပြန်ရမှာ” “အော်အ့လိုလားကျေးဇူးပါဗျာ” စိုးပေကလည်းယိုင်တိုင်ယိုင်တိုင်နဲ့လက်အုပ်လေးချီရင်းပြောတာပေါ့ “ရပါတယ်ခဗျားတို့နေချင်ရင်လည်းတစ်ညအတွက်မဟုတ်ဘူးထာဝရနေလို့ရပါတယ်” ထိုသူပြောလိုက်တဲ့စကားကြောင့်လည်းဝင်းအောင်ကတော့ကျောချမ်းသွားပေမယ့်စိုးပေကတော့မူးမြဲမူးနေတာပေါ့ ဝင်းအောင်ကလည်းစိုးပေကိုတွဲရင်းနဲ့ လူစိမ်းရဲ့နောက်ကိုလည်းလိုက်လာခဲ့တယ် ၂မိနစ်လောက်လမ်းလျှောက်ပြီးတော့လည်း အိမ်ကြီးတစ်ခုရှေ့ကိုရောက်လာခဲ့တယ် “ဒါခဗျားအိ်မ်လာဗျအကြီးကြီးပဲနော်” “ဟုတ်တယ်ဒါကျနော့အိမ်ပဲခဗျားတို့အထည်းလိုက်ခဲ့လေဘာရပ်လုပ်နေကြတာလည်း” “အော်ဟုတ်ကဲ့” ဝင်းအောင်ကမေးလိုက်တော့လည်းလူစိမ်းကပြန်ဖြေရင်းနဲ့ အိမ်ထည်းဝင်ခဲ့ဖို့ပြောတာပေါ့ အိမ်ကြီးကလည်းတော်တော်ကြီးလှတယ် အိမ်ထည်းရောက်တော့လည်းခပ်ပုပ်ပုပ်အနံတစ်ခုကိုရှုရှိုက်မိတာပေါ့ စိုးပေကလည်း အမူးနည်းနည်းပြေလာခဲ့တယ် “ကဲထိုင်ကြပါအုံးကျုပ်ခဗျားတို့အတွက်စားစရာတစ်ခုခုစီစဉ်ပေးမယ်” “ရပါတယ်ကျုပ်တို့ဗိုက်မဆာတော့ဘူးဗျသောက်တာတော်တော်များသွားတယ်ထင်တယ်ရင်ထည်းမှာပူလောလောနဲ့ဗျ” “မဟုတ်တာဗျာအရက်များများသောက်ပြီးအစာမရှိရင်ကျန်းမာရေးနဲ့မညီဘူးဗျကဲပါကျုပ်စားစရာစီစဉ်ပေးမယ်” လူ စိမ်းကလည်းပြောပြီးတာနဲ့အခန်းတစ်ခုထည်းကိုဝင်သွားတယ်လေ မီးဖိုချောင်အခန်းလို့လည်း ဝင်းအောင်ရဲ့စိတ်ထည်းမှာတွေးလိုက်မိတာပေါ့ “ကိုကြီးအပုပ်နံရသလိုပဲနော်ကျုပ်စိတ်ထည်းလည်းတစ်မျိုးကြီးဗျာ” “အေးဟုတ်တယ်ကွငါလည်းစိတ်ထည်းတစ်မျိုးကြီးကွဒီတော့ဘာပဲဖြစ်ဖြစ်သတိနဲ့နေသတိနဲ့သွားငါတို့ရောက်နေတာပုံမှန်နေရာကောဟုပ်ရဲ့လားမသိဘူး” “ဘာတွေတီးတိုးတီးတိုးပြောနေတာလည်းဗျကျုပ်ကိုလည်းပြောပြပါအုံး” ဝင်းအောင်နဲ့စိုးပေတို့ပြောနေချိန်မှာလည်းအခန်းထည်းကလူစိမ်းထွက်လာရင်းနဲမေးတာပေါ့ လူစိမ်းရဲ့လက်ထည်းမှာလည်း ဟင်းပန်းကန်တွေထည့်ထားတဲ့လင်ဗန်းနဲ့ထမင်းတွေထည့်ထားတဲ့လင်ဗန်းတစ်ခုကိုလည်းတစ်လက်စီမှာကိုင်လာတာပေါ့

ဟင်းများကလည်းစုံလှပါတယ် ခေါက်ဆွဲကြော် ဝက်သား တို့စရာများနဲ့ငပိရည် ကြက်သားတို့လည်းဖြစ်တယ် ထမင်းများဟင်းများကလည်းအငွေ့တစ်ထောင်းထောင်းနဲ့ရှိနေတာပေါ့ “စားကြဗျာအားမနာနဲ့ကျုပ်ကရောက်တုန်းရောက်ခိုက်ဧည့်ဝတ်ကျေချင်လို့ပါ” လူ စိမ်းကလည်းပြောရင်းတန်းနဲ့ထမင်းများဟင်းများကိုလည်း ဝင်းအောင်နဲ့ စိုးပေတို့ပန်းကန်ထည်းထည့်ပေးပြီးတော့လည်း အနားမှာရပ်နေတာပေါ့ ဝင်းအောင်နဲ့စိုးပေကလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတော့လည်း ဟန်မပျက်စေဘဲ ဟင်းများကိုဆယ်ပြီးပန်းကန်ထည်းကိုထည့်လိုက်တယ် တစ်လုပ်စားကြည့်လို်က်တော့လည်း ပုံမှန်အစားအစာတွေလို်အရသာရတာကြောင့်လည်း စိုးပေကတော့ ဝင်းအောင်မှာထားသည်ကိုသတိမထားတော့ဘဲတစ်လုပ်ပြီးတစ်လုပ်စားနေတာပေါ့ ဝင်းအောင်ကတော့ဟင်းများကိုကြည့်ရင်းအတွေးတစ်ခုဝင်လာခဲ့တယ် ဒီလောက်ဟင်းအများကြီးကိုအချိန်ခနလေးနှင့်ချက်တာကလည််းဖြစ်နိုင်ဖွယ်ရာအကြောင်းကနည်းလှပြီးတော့လည်း ထမင်းချက်ရင်လည်းအနည်းဆုံးမိနစ်၃၀လောက်တော့ကြာမည်ဖြစ်သည်ကိုယခုတော့၅မိနစ်လောက်နှင့်ချက်လာခြင်းကိုလည်းသံသယဝင်နေမိတာပေါ့ “မိတ်ဆွေစားလေဗျာဘာလည်းခံတွင်းမတွေ့လို့်လား” “တွေ့ပါတယ်အစားအစာအတွက်လည်းကျေးဇူးပါနော်” “ရပါတယ်စားနှင့်ကြအုံးဗျကျုပ်အပြင်ခနသွားလိုက်အုံးမယ်” “ကောင်းပါပြီ” လူ စိမ်းကလည်းပြောပြီးတာနဲ့အဝင်တံခါးကိုဖွင့်​ပြီးတော့လည်းအပြင်ကိုထွက်သွားခဲ့တယ် “ဟေ့ကောင်စိုးပေမင်းထမင်းတွေပေးစမ်းငါ့ကို” “ဟာဗျာကိုကြီးကလည်းကိုကြီးအတွက်လည်းရှိတဲ့ဉစ္စာကျုပ်ထမင်းကိုတော့မယူပါနဲ့ဗျာကျုပ်ကစားကောင်းနေတုန်းဗျ” “မင်းထမင်းတွေငါစားမလို့မဟုတ်ဘုးကွမင်းလျှာမရှည်နဲ့ငါ့ကိုပေးစမ်း” “ဟာဗျာကိုကြီးကလည်း” “ပေးဆိုပေးစမ်းပေါ့ကွာ” စိုးပေကလည်းမျက်နှာမဲ့ပီးတော့လည်းဝင်းအောင်ကိုထမင်းပန်းကန်ကမ်းပေးလိုက်တယ် ဝင်းအောင်ကလည်းစိုးပေရဲ့ပန်းကန်ကိုယူပြီး သူ့ပန်းကန်ကိုလည်းကျန်လက်တစ်ဖက်ကယူလိုက်ရင်းပြတင်းပေါက်အနားကိုသွား ပနိးကန်ကိုလည်းသွန်ချလိုက်တယ် စိုးပေကလည်းမျက်နှာမကြည်မသာဖြစ်နေတာပေါ့ “မိတ်ဆွေတို့တောင်စားပြီးကြပီလားဗျ” လူ စိမ်းကလည်းပြန်ဝင်လာခဲ့တယ် ထမင်းပန်းကန်ခွံများချပြီးထို်င်နေတဲ့ဝင်းအောင်ကိုလည်းမေးလိုက်တယ် “ဟုတ်ကဲ့ပြီးပါပီဒါနဲကျုပ်တို့အိပ်ဖို့နေရာကောဗျ” “မိတ်ဆွေတို့ကအိပ်တော့မှာလားဗျကဲပါအိပ်မယ်ဆိုလည်းကျုပ်အိပ်ခန်းပြပ့မယ်” လူ စိမ်းကလည်းအိမ်ပေါ်ထပ်ကိုတက်သွားပြီးတော့လည်းဝင်းအောင်တု့ိကနောက်ကလိုက်တက်ခဲ့ဲကြတယ် “ဒါမိတ်ဆွေတို့အတွက်အိပ်ယာပါကျုပ်အောကိမှာရှိနေပါ့မယ်လိုအပ်ရင်ခေါ်လိုက်ပါ” “ကောင်းပါပြီဒါဆိုလည်းကျုပ်တိ​ု့အိပ်လိုက်ပါအုံးမယ်” လူ စိမ်းကလည်းလှေကားအတိုင်းအောက်ကိုပြန်ဆင်းသွားခဲ့တယ် “ဟေ့ကောင်စိုးပေမင်းဟိုလူကိုဘာသတိထားမိလည်း” “ဘာသတိထားရမှာလည်းသူကလူကောင်းတစ်ယော​က်ပါဗျကျုပ်တု့ိကိုနေစရာပေးတယ်စားစရာကျွေးတယ်လေအကိုကြီးလုပ်လို့သာကျုပ်ဝဝလင်လင်မစားလိုက်ရတာ” “မင်းကငါစိတ်ရှိတိုင်းသာလုပ်ရင်သေနေလောက်ပြီမင်းတကယ်သတိမထားမိဘူးလားအဲ့လူရဲ့အရပ်ကအပြင်ကပြန်လာတော့တော်တော်ပိုရှည်နေတာလေအပုပ်နံကလည်းသူဝင်လာကတည်းကပြန်ပြီးနံနေတာမဟုတ်လား” ဝင်းအောက်ပြောတော့မှလည်းစိုးပေက စဉ်းစားဟန်ပြုလိုက်ပြီး “ဟုတ်တယ်…ဟုတ်တယ်အကိုကြီးပြောမှသတိရတယ်ဒါဆိုဒီလူကဘာကြီးလည်းဗျ” “အေးအဲ့တာတော့ငါလည်းမသိဘူးအဓိကကဒီမှာမနေသင့်တော့တာပဲ” “ဒါဆိုအကိုကြီးကဘယ်လိုလုပ်မယ်စဉ်းစားထားလည်း” “ငါတို့ပြေးကြမယ်ကွာဒီကောင်ကြီးအလစ်ကိုငါတို့ပြေးကြမယ်” “ဒါဆိုလည်းပြေးမယ်ဗျာအချိန်အခါကောင်းကိုတော့စောင့်ရမှာပေါ့” ဝင်းအောင်နဲ့စိုးပေကလည်းမအိပ်သေးဘဲနဲ့အချိန်တစ်ခုကိုလည်းစောင့်နေကြတယ် တစ်နာရီမျှကြာပြီးတော့လည်းခြေသံတစ်ခုကအိမ်အပြင်ထွက်သွားတာကိုလည်းကြာလို်က်ရတော့လည်း ဘေးနားကပြတင်းပေါက်ကိုဖွင့်ပြီးအောက်ကိုခုန်ချပြီးတော့လည်း ခြေဉီးတည့်ရာကိုပြေးခဲ့ကြတယ် “ဟေ့ကောင်တွေမပြေးနဲ့မင်းတို့ကိုငါစားရမယ်” ခြေလှမ်း၃၀လောက်လှမ်းပြီးတော့လည်း အနောက်ဘက်အိမ်ကြီးထည်းမှ ၉ပေလောက်ရှိတဲ့ အရပ် ငှက်နှုတ်သီးလိုချွန်ထက်တဲ့ နှုတ်သီးတစ်ခုနဲ့အတူ လက်ထည်းမှာလည်း မိးတုတ်ကြီးတစ်ခုကိုကိုင်ပြီးလှမ်းအော်ရင်းလိုက်လာတဲ့မကောင်းစိုးဝါးကောင်ကြီးကိုလည်းမြင်လိုက်တယ် မီးတုတ်မီးရောင်ကြောင့်လည်းရံဖန်ရံခါ သူ့မျက်နှာကြီးကိုမြင်ရတာပေါ့ လောက်များနဲ့ရှုပ်ပွနေတဲ့မျက်နှာကြီးကလည်းအကျီးတန်ကြောက်မက်ဖွယ်ရာရှိတယ် ဝင်းအောင်နဲ့စိုးပေကလည်း မြန်နိုင်သမျှမြန်အောင်ပြေးပြီးတော့လည်းနာရီဝက်ခန့်ကြာတဲ့နောက်မှာတော့ မကောင်းစိုးဝါးကြီးကိုလည်းမတွေ့ရတော့တာကြောင့်သက်ပြင်းများချရင်းနဲ့အတူလေများကိုလည်းမှုတ်ထုတ်နေမိကြတယ် “ကံကောင်းလို့မသေတာအကိုကြီးရတော်သေးတာပေါ့ဗျာ” စိုးပေကလည်းမောပန်းနေတဲ့ကြားကပြောလာခြင်းပဲဖြစ်ပါတယ် “ဒါတောင်မင်းကဟိုထမင်းတွေကိုစားချင်နေသေးတယ်ငါသတိထားမိလို့ပေါ့မဟုတ်ရင်တော့သေပြီပဲ” “ဒါနဲ့ကျုပ်တို့ကအခုဘယ်ရောက်နေကြတာလည်း” စိုးပေပြောလိုက်တော့မှလည်း ဝင်အောင်ကတော့ပတ်ဝန်းကျင်ကိုဝေ့ဝှိုက်ကြည့်လိုက်တယ် လရောင်ဖွေးဖွေးကျနေတာကြောင့်လည်း ပတ်ဝန်းကျင်ကိုသေချာမြင်ရတာပေါ့ ဝင်းအောင်ကလည်းခနတာကြည့်ပြီးတော့လည်းတစ်ခုခုကိုမြင်သွားပြီးဝမ်းသာအားရနဲ့

“ဟိုမှာမန်းကျည်းပင်ကြီးမဟုတ်လားစိုးပေရ” စိုးပေကလည်းဝင်းအောင်ပြတဲ့နေရာကိုကြည့်ပြီးတော့လည်း “ဟာမန်းကျည်းပင်ကြီးဘေးမှာရေအိုးစင်လေးကောပါတယ်ဆိုတော့ဒါကျုပ်တို့ရွာထိ်ပ်ကိုရောက်နေတာပေါ့” “ဒါပေါ့ကွာသွားကြမယ်ကွလာလာ” ဝင်းအောင်နဲ့စိုးပေကလည်း ထိုနေရာကိုလျောက်သွားတော့လည်း တကယ်ပဲသူတု့ိရွာထိပ်ကိုရောက်နေကြောင်းသိရတာပေါ့ ဝင်းအောင်နဲ့ စိုးပေကလည်း တိတ်ဆိတ်နေတဲ့ညအခါမှာလည်းရွာလမ်းမအတိုင်းလျှောက်လာခဲ့ကြပီးတော့လည်းအိမ်ကိုပြန်လာခဲ့တယ် နောက်နေ့ရောက်တော့ လူကြီးများရှေ့မှီနောက်မှီအဘကြီးများကိုမေးကြည့်တော့လည်းထိုနေရာမှာ စုန်းပြိတ္တာကြီးတစ်ကောင်နေခဲ့ပြီး ခုအချိန်ထိလည်းမကျွတ်မလွတ်သေးဘူးလို့လည်းဆိုကြတယ်
စိုးပေကလည်းမနက်မိူးလင်းတော့ဗိုက်အောင့်လာပြီးအန်ချင်လာတာနဲ့အန်ကြည့်တော့လည်း ဆံပင်အထွေးများနဲ့အတူ ကောက်ရိုးများကိုလည်းတွေ့ရတယ်လေ ထုိအချိန်မှစပြီးတော့လည်းဝင်းေအာင်နဲ့စိုးပေကလည်းဖဲဝါသနာပြက်သွားခဲ့တယ်

“ဝင်းအောင်ရာမင်းအဖြစ်ကလည်းကြောက်စရာကြီးပါလားငါကတော့စိုးပေကိုအပြစ်မမြင်ဘူး” ကျုပ်ကလည်းဝင်းအောင်ပြောပြလာတဲ့အကြောင်းအရာပြီးတော့လည်းပြောလို်က်တယ် “ဘာလို့လည်းသာလှရဲ့ပြောစမ်းပါအုံး” “ဗိုက်ဆာနေတဲ့သူရှေ့မှာလည်းဟင်းကောင်းတွေတစ်သီကြီးချထားတော့ငါဆိုလည်းတစ်ဝစားနေမိမှာကွ” “ဟားဟားဟားဟားမင်းနဲ့စိုးပေနဲ့သာဆိုရင်စုန်းပြိတ္တာကြီးစားလို့အရိုးတောင်ဆွေးနေလောက်ပြီ” ဝင်းအောင်ပြောတော့လည်း ကျော်ဌေး ကရီတာပေါ့ ကျုပ်တို့ကလည်းပြောစရာစကားများပြောက်နေခဲ့တာကြောင့်လည်းတိတ်ဆိတ်စွာနဲ့ငါးဆက်မျှားနေခဲ့ကြတယ် နာရီဝက်မျှကြာပြီးတော့လည်း “ပြန်မယ်ကွာငါးကလည်းဒီနေ့မှရလည်းမရဘူးကျော်ဌေးမင်းကောပြန်လိုက်မှာလား” ဝင်းအောင်ကလည်းငါးမရတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေပြီးတော့လညိး အိမ်ပြန်မယ့်အ​ကြောင်းပြောတာပေါ့ “အေးငါလည်းပြန်မယ်ကွာငါးကလည်းဘာမှရတာမဟုတ်ဘူး” ကျုပ်တို့ကလည်းငါးမျှားပစ္စည်းများကိုသိမ်းလိုက်ပြီးတော့လည်း အိမ်ကိုသုံးယောက်အတူတူပြန်လာခဲ့ကြတယ် ကျုပ်ကလည်း ဝင်းအောင်တို့ ကျော်ဌေးတို့ရှိနေတာကြောင့်မပျင်းရတော့ပါဘူး “ဟာညီနောင်တို့ဟောဟိုမှာပန်းလေးတစ်ပွင့်ကွ” ကျုပ်တို့အိမ်ပြန်လာတဲ့လမ်းမှာတော့ ဝင်းအောင်ကလည်းလှမ်းနေတဲ့​ခြေလှမ်းများကိုရပ်ပြီးတော့ခည်း အလန့်တကြားပြောတာပေါ့ “ဘာဖြစ်ရပြန်တာလည်းဝင်းအောင်ရာဘာမြင်လို့လည်း” “မင်းတို့ကလည်းဒါမျိုးကြအကြည့်တွေကဘယ်ရောက်နေကြတယ်မသိဘုးဟောဟိုမှာကြည့်လိုက်စမ်း” ကျုပ်နဲ့ကျော်ဌေးကလည်းဝင်းအောင်ပြတဲ့နေရာကိုကြည့်လို်က်မိတာပေါ့ “ဟာလှလိုက်တဲ့မိန်းကလေးကွာဒီရွာမှာကတော့မဟုတ်ဘူးကွ” “ဒီရွာကမဟုတ်ရင်ဟိုဘက်ရွာကလားမသိဘူးကွ” “ဟုတ်မယ်ထင်တာပဲကွာလှတာကတော့တော်တော်လေးလှတယ်ကွ” ဝင်းအောင်နဲ့ကျော်ဌေးပြောနေကြတဲ့စကားတွေလည်းဖြစ်ပါတယ် ကျုပ်ကလည်း မိန်းကလေးကိုကြည့်လိုက်တော့လည်း ဝင်းအောင်တို့ပြောသလိုတော်တော်လှတာဗျ တောစံပယ်များကိုလည်းခေါင်းမှာသီကုံးပန်ထားပြီးတော့လည်း ဆံထုံးလေးထုံးထားတဲ့မိန်းကလေးကိုလည်းတွေ့ရတယ် ယဉ်ကျေးစွာဝတ်ထားပြီး လက်ထည်းမှာလည်းချိုင့်တစ်ခုကိုတွေ့တာကြောင့်လည်းရွာဉီးကျောင်းမှပြန်လာတာလို့လည်းမှတ်ချက်ချလိုက်ပါတယ် ကျုပ်တို့ကလည်းမိန်းကလေးကို မြင်ရနိုင်တဲ့အထိမျက်တောင်မခပ်ဘဲကြည့်နေကြပြီးတော့လည်းမြင်ကွင်းမှပြောက်ကွယ်သွားမှပဲလိုက်လံကြည့်ရှုမှုကိုရပ်လိုက်ကြတယ် “ဝင်းအောင်မင်းအဲ့ကောင်မလေးလှတယ်မထင်ဘူးလားကွ” ကျုပ်မေးလိုက်တော့လည်းဝင်းအောင်ကကျုပ်ကိုကြည့်ရင်း “မင်းကတော့ကျားကိုက်တာကို်အပေါက်လေးနဲ့လားမေးနေသေးတယ်လှတာပေါ့ကွာသိပ်လှတာပေါ့” “ဒါဆိုမင်းလိုက်ပေါ့ကွာရရင်လည်းရနိုင်တယ်ကွမင်းရဲ့ရူပကာကပျိုတိုင်းကြိုက်တယ့်တဲ့နှင်းဆီခိုင်ရုပ်မျိုးကွ” ကျုပ်ပြောလိုက်တော့လည်းဝင်းအောင်ကသွားဖြီးနေတာပေါ့ “ခက်တယ်ကွငါကလိုက်မယ်ပဲထားကွာသူကဘယ်ရွာကမှန်းတောင်မသိတာငါကဘယ်လိုလိုက်ရမှာလည်းကွ” “ဟသိချင်ရင်တော့စုံစမ်းရမှာပေါ့ကွာမင်းကလည်းခုကတည်းကစိတ်ပြက်နေပီလားယောက်ျားတို့ဇွဲသေကာမှလျှော့တဲ့ကွ” ကျော်ဌေးမြှောက်ပေးလို်က်တော့လည်းဝင်းအောင်ကတော့ အချစ်စိတ်အချစ်ခွန်းအားများတိုးလာတယ်ထင်ပါတယ် လက်ချင်းပွတ်ပြီးတော့လည်း အနာဂါတ်အကြောင်းကိုပါတွေးနေတဲ့ပုံဗျ ကျုပ်တို့ကလည်းဆိုင်ရာအိမ်များကိုပြန်ခါခဲ့ကြတာပေါ့ ခဗျားတို့ကိုပြောရအုံးမယ်ဗျ ထိုမိန်းကလေးနဲ့ကျုပ်ကလည်းတော်တော်ရင်းနှီးခဲ့ကြတဲ့သူတွေဖြစ်ခဲ့ဖူးတယ်ဒါတွေနောက်နေ့မှပြောပြတော့မယ်ဗျာ