ဘဝမကူးတဲ့ဝဋ်

ထားသောကြောင်ကိုကြည့်လိုက်ရာကြောင်သည်သေနေပြီဖြစ်တာကြောင့်
အိတ်တလုံးထဲထည့်ကာအရက်နှင့်မည်းရန်အရက်ဆိုင်သို့ယူသွားလေသည်။
အရက်ဆိုင်ရောက်တော့မီးဖိုထဲကြောင်ကိုပစ်ထည့်လိုက်ကာ
”’ငါ့ကိုကြောင်သားအမည်းအမြန်လုပ်ပေးဟေ့””’
အရက်ဆိုင်ကလဲငမူးလိုဖောက်သည်ကောင်းစိတ်တိုင်းကျအမြန်ဖျက်ကြလေသည်။
ထိုနေ့ကငမူးကြောင်းသားနှင့်အရက်အမုန်းဆွဲကာလူမှန်းသူမှန်းပင်မသိပေ
ဒီလိုနဲ့ရွာထဲကကြောင်များလက်သည်မပေါ်ပဲပျောက်ကုန်ကြသည်။
အများစုကရိပ်မိပေမဲ့လူရမ်းကားနှင့်ဖက်မဖြစ်ချင်၍မပြောကြပေ
ငမူးကတခါတရံအိမ်ကနွားများကျောင်းသည်ငမူးနွားကျောင်းတာအကြံနှင့်ဖြစ်သည်။
နွားကျောင်းရင်းနွားတစ်ကောင်အလစ်ရောင်းကာလောင်းကစားလုပ်သည်။
နွားကများတော့သူ့မိဘများလဲမရိပ်မိပေဒီလိုလုပ်ပါများလာတော့နွားများလျှော့လာသည်။
ကြာတော့ငမူးအဖေသည်ရိပ်မိသွားကာငမူးအားဆူ၍နရင်းအုပ်ထည့်လိုက်ရာ
ငမူးကအဖေအားဝါးလုံးနှင့်ပြန်ရိုက်လိုက်သည့်အတွက်သူ့အဖေသည်ခေါင်းကွဲသွားလေသည်။
ဒါနဲ့ငမူးလဲအိမ်ကထွက်ပြေးလာကာမိုးတွင်းအလွန်ရေစီးသန်နေသော
ချောင်းကိုဖြတ်ကူးလေသည်သူငယ်ချင်းများတားသော်လည်းမရပေ
မိဘကိုစော်ကားသောအကုသိုလ်ကံသည်ချက်ချင်းလက်ငင်းအကျိူ းပေးသည်ဟုဆိုရမလိုပင်
ငမူးသည်ရေစီးနဲ့အတူမျောပါသွားရင်းသေဆုံးသွားလေသည်။
အရပ်ထဲကလူများကတော့တတောရှင်းသည်ဟုသဘောထားကြသည်။
ငမူးအသုဘချတော့အကုသိုလ်ကြီး၍ထင်သည်မိုးတွေချိန်းလိုက်မိုးကြိုးပစ်လိုက်ဖြင့်ကြောက်စရာကောင်းနေသည်။
မိုးတွင်းကာလကြီးဖြစ်သဖြင့်င်္သချိူင်းတွင်ရွံ့များရေများဖြင့်ပြည့်နေသည်။
ငမူးအလောင်းမြေမြုပ်သည့်အချိန်တွင်မိုးကသဲကြီးမဲကြီးရွာချလိုက်ရာအသုဘလိုက်ပို့သူများ
ရွံဗွက်တောထဲမနဲနင်းကာချော်မလဲအောင်ထိန်းကာလိုက်ပို့ရလေသည်။
အလောင်ထမ်းသူများသတိထားနေသည့်ကြားကရှေ့ကတစ်ယောက်ချော်လဲ၍ငမူးအလောင်းကြီးရွံ့ထဲပြုတ်ကျသွားလေသည်။
ဒါနဲ့အလောင်းအားပြန်မ၍မြေမြုပ်မည့်တွင်းထဲထည့်လိုက်ချိန်တွင်ကောင်းကင်မှ
””ဂျိမ်း””
ဟုကျယ်လောင်စွာမည်ဟီး၍ငမူးအလောင်းအားမိုးကြိုးပစ်ချလိုက်ရာလိုက်ပို့သူရွာသားများပြန်ပြေးကုန်ကြလေသည်။
””ပြေးကြဟေ့~~~တော်ကြာစက်ကွင်းမလွတ်ဖြစ်နေမယ်””
ရွာသူရွာသားများပြေးလိုက်ကြသည်မှာရွံ့တောထဲအလဲလဲအကွဲကွဲနှင့်ရုန်းရင်းဆန်ခတ်ဖြစ်၍သွားလေသည်။
င်္သချိူ းကုန်းထဲငမူးမိဘများမှလွဲ၍တစ်ယောက်မှမကျန်တော့ပေ
ငမူးအလောင်းကတော့မီးသွေးခဲကဲသို့မဲတူးနေကာကျန်ခဲ့လေသည်။
ငမူးအလောင်းအားမြေမြုပ်ပြီးသည့်နောက်ပိုင်းသုသာန်တွင်ခွေးတစီစီဖြင့်အူလိုက်
ဟောင်လိုက်သည်မှာရွာကလူများခြောက်ခြားစရာဖြစ်နေသည်။
ငမူးတစ်ယောက်မိဘစော်ကားကာအကုသိုလ်များသဖြင့်မကျွတ်တာသေချာသည်။
အသေချာဆုံးကတော့ငရဲသို့သွားမည်မှာဧကန်မလွဲပေ
ပြီး
D Moe Moe