အတတ်ပညာရှင် စုန်းကဝေတို့အားလည်း ပူဇော်အထူးပြုပါတယ်၊ သွားလမ်းသာပါစေ၊ လာလမ်းဖြောင့်ပါစေ၊ ခလုပ်မထိ၊ ဆူးမငြိပဲ လိုရာခရီးကို အေးအေးချမ်းချမ်းရောက်နိုင်အောင် ကူညီဆောင်မတော်မူကြပါ” ဦးဘသာက မျက်လုံးမှိတ်ပြီး ပါးစပ်က တတွတ်တွတ်နဲ့ရွတ်နေသေးတယ်ဗျ၊ နောက်တော့မှ ကျုပ်ဘက်ကိုလှည့်လိုက်ပြီးတော့ “အားလုံးအဆင်ပြေပါပြီကွာ၊ ကဲ ငါတို့တွေ မြိုင်သာကိုလမ်းလျှောက်သွားကြတာပေါ့” ဒီလိုနဲ့ ကျုပ်နဲ့ဦးဘသာလည်း အထုတ်အပိုးတွေနဲ့ လမ်းလျှောက်လာခဲ့ကြတာပေါ့ဗျာ၊ လမ်းလျှောက်ရင်း သူဘာတွေလုပ်သလဲဆိုတာ သိချင်တာနဲ့ ကျုပ်လည်း စပ်စုကြည့်တာပေါ့။ “ဦးဘသာ၊ ခုနက နတ်ကွန်းမှာ ဘာတွေဆုတောင်းနေတာလဲ” “ဆုတောင်းတာမဟုတ်ဘူးကွ၊ စုန်းတွေခရီးသွားမယ်၊ တစ်ရပ်တစ်ကျေးသွားမယ်ဆိုရင် အဲဒီလိုခွင့်ပန်ရသတဲ့ကွ၊ ဒါက အစဉ်အလာပေါ့ကွာ” “ဘယ်သူ့ကိုခွင့်ပန်တာလဲဗျ၊ ...
ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး သူ၏ခပ်လှမ်းလှမ်းမှ ဝိုင်းအုံနေကြသော လူများကိုကြည့်ကာ… “ဟားးးး…ဟားးး…ဟားးး….ဟားးးး….ဟားးးးး…….” အသံကျယ်ကြီးဖြင့် အဆက်မပြတ် ဟားတိုက်လို့နေ၏။ ထိုမောင်တိုး၏ရှေ့၌ အဘွားစိန်ရောက်လာချိန်မှာတော့… “ဘယ်သူလဲဟေ့…ငါ့သားဆီမှာလာပူးကပ်နေတာက” ဟု ပြောလေတော့… နီရဲသောမျက်လုံးများဖြင့်စိုက်ကြည့်ကာ ကျယ်လောင်သောအသံနက်ကြီးဖြင့်… “အဘွားကြီး…ကိုယ့်နေရာကိုယ်နေ…ငါ့ကိုအစားကျွေးကြစမ်း…။မဟုတ်ရင် ဒင်းသေပြီသာမှတ်…။” ဟု ဘွားမယ်စိန်အား ပြောလိုက်သည်။ ဘွားမယ်စိန်က သူ၏ တုတ်ကောက်ကြီးအား ...
လိမ့်မယ်” “အိုတော်…ရှာသာရှာခဲ့စမ်းပါ…သူကကျုပ်တို့ကို ငွေမြိုးမြိုးမြက်မြက်ပေးမယ်လို့လည်း ပြောလိုက်သေးတယ်…” “အေး…ဒါဆိုရင်လည်း ရှာရတာပေါ့” မုဆိုးဦးမိုးကျော်သည်ထိုသို့ဆေးဆရာများအတွက် ဆေးမြစ်လည်းရှာဖွေပေးတတ်သည်။ သို့သော်တော၌အလေ့ကျပေါက်သောဆေးမြစ်သည် အလွယ်တကူရှာမရပေ။ထိုဆေးမြစ်အား ဆေးဆရာများက ဖျားနာသည့် လူနာများအားကုသရာ၌ အသုံးပြုကြပေသည်။ ထိုမျှမကသေးထိခိုက်ဒဏ်ရာများအားထိုဆေးမြစ်၏ အရည်အားသုတ်လိမ်းပေးပါက အနာကျက်မြန်ပေသည်။ အသုံးဝင်လှသောထိုဆေးမြစ်၏အမည်သည်ကားမရှိခဲ့။ ရှားပါးလှသောဆေးမြစ်အား ဦးမိုးကျော်တစ်ယောက် တောတက်ရင်းအမှတ်မထင်ရှာဖွေတွေ့ရှိမှသာ ဆေးဆရာများအားရောင်းချရပေသည်။ ယခုတစ်ခေါက် မုဆိုးဦးမိုးကျော်တောတက်ရာ၌ တူဖြစ်သူဖိုးဇင်တစ်ယောက်လိုက်ပါလာခဲ့သည်။ ဦးမိုးကျော်တို့တူဝရီး တောထဲသို့စတင်ရောက်လေတော့ အပင်ရိပ်လွတ်သည့်နေရာ၌ စခန်းချကြ၏။ စခန်းချသည်ဆိုသည်မှာ အိပ်ဖို့အရွက်များခင်းကျင်းပြီးအနီးတွင်မီးပုံတစ်ခုသာ ပြုလုပ်ယုံသာဖြစ်သည်။ ဦးမိုးကျော်တို့တူဝရီးသည် ရွာမှယူဆောင်လာခဲ့သော ရိက္ခာခြောက်များကိုသာ စားသောက်ကြပြီးယုန်ထောင်ဖို့ရန်အတွက် ထောင်ချောက်များအသင့်ပြုလုပ်ထားကြသည်။ ထိုထောင်ချောက်များပြုလုပ်ပြီးမှသာ တောထဲတွင်မျှစ်ရှာချိုးကြလေသည်။ ဦးမိုးကျော်၏တူဖြစ်သူဖိုးဇင်သည်ကားဦးမိုးကျော်တော ...
သာယာအေးချမ်းနေခဲ့ပေမဲ့ ဗွေဆိုးဆိုတာကရှိစမြဲပဲမဟုတ်လား။ ဗွေဆိုးဆိုတာ တခြားမဟုတ် ဏကြီးကျေးတော်ရွာက ဦးဘပဲဖြစ်လေတယ်။ ငယ်နာမည်က မောင်ဘ၊ အသက်အလတ်ပိုင်းမှကိုဘ၊ အခုလေးဆယ်ကျော်ငါးဆယ်ဝန်းကျင်အရောက်ကြ ဦးဘလို့ခေါ်ကြတယ်။ ဦးဘဆိုတာက ဒီရွာရဲ့သူဌေးဦးဘတူကနေ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသောသား။ ငယ်စဉ်အခါတည်းက တစ်ဦးတည်းသောသားဖြစ်လို့ အလိုလိုက် အကြိုက်ဆောင်ခဲ့ရာကနေ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တာပါပဲ။ လူမိုက်တို့ရဲ့မိဘထုံးစံတိုင်း သားမိုက်စိတ်ကြောင့် စိတ်ထောင်းကိုကြေ အဖြစ်နဲ့ ဦးဘတူတို့လင်မယား ဆုံးပါးသွားခဲ့ကြတယ်။ ဗီဇဆိုတာဖျောက်ရခက်သလိုပါပဲ မိဘများဆုံးပြီး တစ်နှစ်လောက်အထိ ဦးဘကညိမ်သွားခဲ့တယ်။ အရက်မသောက်ဘူး၊ ရန်မရှာဘူး အလုပ်ကို ဦးစီးဦးဆောင်လုပ်တယ်။ ဒါပေမဲ့ ဦးဘအနေနဲ့ ဒီလိုမျိုးမနေတတ်ဘူး။ အရက်ကိုပြန်သောက်ပြီး သူပျော်သလို ထင်ရာကိုပြန်လုပ်တယ်။ ...
မြင်လိုက်ကတည်းက မမြင့်သူ စိတ်ထဲ စိုးရိမ်သွားသည်။ သို့ကြောင့် စက် ချုပ်ရာမှာသုံးသော ကပ်ကျေးကို အနီးသို့ ဆွဲယူထားလိုက်သည်။ ဆိုင်ထဲဝင်လာသော ထိုလူက ဆိုင်ထဲက ပစ္စည်း များကို မကြည့်ပဲ အပြင်က လူရှိမရှိ အကဲခတ် သည်။ ဆိုင်ထဲကို အကဲခတ်ပြီး မမြင့်သူ အနီး သို့ လျှောက်လာပြန်သည်။ ခါးကြားမှ ဓားမြှောင် ကို ဆွဲထုတ်လိုက်ပြီး…. “စျေးရောင်းလို့ရတဲ့ ပိုက်ဆံ အကုန်ထုတ်” “ဘာလို့ ပေးရမှာလဲ” “မသာမ ဓားနဲ့အထိုးမခံချင်ရင် ပိုက်ဆံအသာ တကြည်ထုတ်ပေး” မမြင့်သူကို ...
တဲ့သူမလား” ပြည့်စုံ၏စကားကို မိကျော့နားထောင်ရင်းစိတ်မကောင်းဖြစ်ရ၏။ သို့သော်လည်းမိမိ၏ချစ်သူကိုယုံကြည်၍… ” ကျော့ကတော့လေ မောင်ကသာကျော့ဘဝရဲ့လက်တွဲဖော်အစစ်ဆိုတာကို ကျော့ မိဘများသာမက အခြားလူတွေကိုပါအသိပေးလိုက်ချင်တာ… ကျော့လေမောင်ကလွဲပြီး အခြားလူကိုမရွေးချယ်ဘူးဆိုတာတော့ မောင်ယုံကြည်ပေးပါနော်…” ” ယုံကြည်ပါတယ်ကျော့ရယ်…။မောင်ယုံကြည်ပါတယ်ကွယ်” ဟုစကားဆိုရင်းမိကျော့၏ကိုယ်လေးအား ပြည့်စုံတစ်ယောက် ခပ်ဖွဖွထွေးပွေ့လိုက်တော့၏။ ************ “ဘယ်လို မိကျော့…ညည်းဘာပြောလိုက်တယ်” “ဟို…သမီးနဲ့ပြည့်စုံတို့ လူငယ်ချင်းချစ်မိနေကြပြီဆိုတာ အဘတို့ကိုအသိပေးတာပါအဘ” “အမယ်…အသိပေးသတဲ့…။ဟားး…ဟားး…ဟားး…မိကျော့ မိကျော့…ညည်းက တို့မိဘတွေကိုလူရာမသွင်းသကိုး…။” “အဲ့လိုမဟုတ်ရပါဘူးအဘရယ်..မိကျော့ ရွေးချယ်ထားတာကအတည်မို့လို့ပါ” မိကျော့တစ်ယောက် မိဘများအား သူနှင့်ပြည့်စုံ၏အကြောင်းအားအသိပေးလေသည်။ ထိုအခါ မိဘများဖြစ်သည့် ဦးထိန်ဝင်း ၊ဒေါ်မာခင်တို့က မိကျော့အားအလိုမကျဟန်များဖြင့်ရှိနေကြ၏။ ထိုသို့အမူအရာများကိုရုတ်တရက် ဒေါ်မာခင်ကပြင်လိုက်ပြီး… “အကိုရယ်သမီးကသဘောကျနေတာပဲလေ… ...
မှာကြားနေခဲ့လေသည်။ ထိုသို့ဖြင့် မောင်မောင်ကြိုင်အပါအဝင်သူကြီးဦးသောင်တို့၏ လူဆယ့်ငါးယောက်အဖွဲ့သည် ဓားများ၊လှံများကိုယ်စီဖြင့် တောသို့ဝင်ကြတော့၏။ တောသို့ဝင်လာကြပြီးနောက် ဓားပြများကိုရှာဖွေကြသည်။ သူကြီးဦးသောင်မှာတော့ သေနတ်ကြီးတကားကားဖြင့်လိုက်ပါလာခဲ့၏။ တောတခွင်မွှေနှောက်ကြရင်းညသို့ရောက်လာလေသည်။ တညလုံးတောထဲ၌ အိပ်ဖို့နေရာကောင်းရှာကြရင်း ထိုနေ့၌ဓားပြများကိုရှာမတွေ့ကြပေ။ နောက်တနေ့ ဇွဲကောင်းကောင်းဖြင့် ထပ်မံရှာဖွေကြသောအခါ တောတွင်းချောင်းစပ်တနေရာ၌ ဓားပြများနှင့်ထိပ်တိုက်တွေ့ကြတော့သည်။ မောင်မောင်ကြိုင်သည်ရှေ့ဆုံးမှရဲရဲတောက်ဦးဆောင်၍ ဓားပြများနှင့်သတ်ပုတ်ကြရင်း ဓားပြများလည်းဒဏ်ရာရသူများခဲ့သည်။ ထိုကဲ့သို့သတ်ပုတ်နေကြရင်း ဓားပြဗိုလ်၏ သေနတ်ကြောင့်မောင်မောင်ကြိုင်တယောက်ကျည်ထိကာ ချောင်းထဲသို့ပြုတ်ကျတော့သည်။ “ဟာ…မောင်မောင်ကြိုင်…..ချဟေ့… ဒီကောင်တွေကိုအသေသတ်” မောင်မောင်ကြိုင်ကျသွားသည်မို့ သူကြီးမှာဓားပြများကိုပိုမဲတော့၏။ ဓားပြများဘက်မှသေဆုံးသူများလာသောအခါ ဓားပြဗိုလ်လည်းထွက်ပြေးသွားတော့သည်။ ထိုအချိန် မောင်မောင်ကြိုင်တယောက်ချောင်းထဲမှပြန်ပေါ်လာပြီး သူကြီးတို့အနီးရောက်လာခဲ့သောအခါ… “ဟာ…မောင်မောင်ကြိုင်…မင်းမသေဘူးနော်…” “ကျုပ်မသေပါဘူးဗျာ…ကဲပါ…ဒီကောင်တွေကိုဖမ်းကြဗျာ…” သေနတ်ဒဏ်ရာဖြင့်ချောင်းထဲကျသွားသောမောင်မောင်ကြိုင်မှာ မည်သည်မှမဖြစ်ခဲ့သည့်အတိုင်းမို့သူကြီးတို့ အံ့သြနေကြသည်။ ...
ပြန်ပေးလိုက်ပါလားလို့ ပေါ့… ဒါပေမဲ့… သူ့ရဲ့ သားသမီးတွေက လက်မခံကြဘူးတဲ့။ ဒါ မဖြစ်နိုင်ပါဘူး ဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲ နေနေကြတယ်။ ဒုတိယအကြိမ် ဝင်ပူးပြီး ပြောပြန်တယ်။ သုံးလေးရက် ကြာသောအခါ… ရွာသူတစ်ယောက်ကို ထပ်ပြီး ပူးပြန်တယ်။ သူ့သားမီးတွေနဲ့ တွေ့ချင်ကြောင်း ပြောတဲ့အတွက် သူ့သားသမီးတွေကို ခေါ်ပေးလိုက်တယ်။ သူ့သားသမီးတွေ ရောက်လာတဲ့အခါ… ငိုပြီးတော့ ပြောရှာပါတယ်။ သားတို့ သမီးတို့ရေ… အမေ့ကို ကယ်ပါကွယ်။ အမေ…ပြောလေ အမေ ဘယ်လို ဖြစ်နေလို့လဲ-? ဘာဖြစ်ရမှာလဲ ကွယ်။အခု အမေ့မှာ ...
စကားမပီမသ နှင့် လှမ်းအော်ပြီး စကားဆိုလေသည် ။ “အမေ ဧည့်သည်တွေ လာနေတယ် “ “အေး အေး သားလေး “ ကလေးငယ်၏ စကားဆုံးသည် နှင့် အိမ်ထဲမှ အမျိုးသမီး တယောက်ထွက်လာလေသည်။ထိုအမျိုးသမီးမှာ ညွန့်ဝင်း၏ ဇနီး မနွယ် ဖြစ်လေသည်။မနွယ်သည် ဦးဖိုးဝေတို့ကို မြင်သော အခါ ဝမ်းသာပြုံးရွှင်စွာဖြင့် အိမ်နောက်ဖက်အတွင်းသို့ လှမ်းအော်လိုက်ကာ “ကိုညွန့်ဝင်း ဆရာကြီးတို့ ရောက်လာပြီ “ “ဟေ ဟုတ်လား ...
အဖိုတော့ ဖယောင်းတိုင် အတိုကလေး တတိုလောက်တောင် တန်ဖိုးမထားဘူးဟဲ့၊ ဒါပေမယ့် မီးမရှိတဲ့ ညမှ ဖယောင်းတိုင် အတိုကလေးကလဲ အသုံးဝင်နေပြန်ရော မဟုတ်လား၊ ညရေးညတာမှာ ဖယောင်းတိုင် အတိုကလေး တတိုတောင် မရှိရင်မဖြစ်သလိုဘဲ ယောက်ျားဆိုတဲ့ သတ္တဝါဟာလဲ တခါတလေ မှောင်ကြီးထဲ စမ်းတဝါးဝါးနဲ့ လျှောက်ရမယ့် အဖြစ်မျိုးမှာ လိုအပ်တယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ တင်တင်သည် ဒေါ်ပု၏ စကားကို နားထောင်ရင်း‘တခစ်ခစ်’ ရယ်မောလေတော့၏။ ရယ်မောပြီးနောက်… “ဒေါ်ပုပြောလိုက်တော့မှ ယောက်ျားတွေဟာ ဖယောင်းတိုင် ဖြစ်သွားတော့တယ်” ဟု ပြောလိုက်လေ၏။ ...