ဗျ၊ အရင်ကတော့ ဒီနေရာမှာ ရွာတွေဘာတွေမရှိဘူးဗျ၊ နောက်တော့ လှည်းလမ်းနှစ်ခွကွဲသွားတဲ့အလယ်နားမှာ မုန့်ဖိုကလေးဖွင့်၊ ဈေးတွေရောင်းရာကနေ တဖြည်းဖြည်းစည်ကားပြီးတော့ ရွာကလေးလိုဖြစ်သွားတာပဲဗျာ။ လှည်းလမ်းနှစ်ခုကလည်း နှယ်နှယ်ရရမဟုတ်ဘူးဗျ။ အရှေ့ဘက်သွားတဲ့ လှည်းလမ်းကြီးကိုတော့ နိဗ္ဓာန်လမ်းလို့ ခေါ်ကြသဗျ၊ အဲဒီကနေဆက်သွားရင် နိဗ္ဗာန်တိုက်နယ်ကိုရောက်တယ်၊ အဲဒီမှာလည်း ရွာဆယ်ရွာလောက်ရှိတယ်ဆိုတော့ ဒီလမ်းကြီးက အဲဒီရွာတွေကိုသွားတဲ့ အဓိကလမ်းမကြီးပေါ့ဗျာ။ တစ်ဖက်က လမ်းကျတော့ ပေတောရွာနဲ့ ကားလမ်းမရှိတဲ့ တာဆုံနဲ့ကို ချိတ်ထားတဲ့လှည်းလမ်းပေါ့ဗျာ၊ အဲဒီလမ်းကတော့ မြို့ကိုသွားမယ့်သူတွေ၊ မြို့ကနေပြန်လာတဲ့သူတွေနဲ့ စည်ကားတဲ့လမ်းပေါ့၊ ကျုပ်တို့ရွာကနေ ကားစီးချင်ရင်တော့ တန်းမြင့်ရွာကနေသွားစောင့်စီးကြပေမယ့် ပေတောရွာဘက်က လူတွေကတော့ အဲဒီလှည်းလမ်းကြီးကနေတဆင့် တာဆုံကြီးဆီထွက်ပြီး ...

ရွာနဲ့အတော့်ကို ဝေးတဲ့ရွာကြီးပါဗျာ။ ဟုတ်တယ် ” ငါ့တူကြီး ဦးကြီးက အဲ့ရွာသူကြီးပဲကွဲ့ အော် ‘ ဟုတ်ကဲ့ပါ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျမှ ဦးကြီးတို့ရွာမှာ ပါးစပ်သရမ်းတဲ့ အရက်သမား တိုးကြီးတို့မွှေလို့ ပြသနာမီးကြီး စလောင်တာပေါ့ကွယ် ဦးဖြိုးမောင်ရဲ့ စကားကြားကြားချင်း ကျုပ်လဲ” အတော်ကို သိချင်သွားလို့ ဦးကြီးတို့ရွာမှာ ‘ ဘာပြဿနာဖြစ်လို့လဲဗျလို့ သိချင်ဇောဖြင့် မေးလိုက်တော့။ ဦးဖြိုးမောင်က’ သက်ပြင်းတစ်ချက် ရှိုက်ငင်၍ ” ချလိုက်လေပြီး ဒီလိုကွဲ့’ငါ့တူ မောင်သိန်းရဲ့ ဖြစ်ပုံက” ဦးကြီးတို့ ရွာက ဓလေ့က သင်္ချိုင်းမှာ ...

ပြောဆိုနေကြတာပဲ ဆရာကြီး” “ဟင်း ဆရာကြီးလိုက်ခဲ့ပေးမယ် ဘာမှစိုးရိမ်မနေကြနဲ့ ငါ့တူတို့ထင်သလိုတော့ ဖြစ်နိုင်မယ်မထင်ဘူး ဆရာကြီးစိတ်ထင် အမှားတစ်ခုခုရှိနေသလိုပဲ” “ရွာမှာငါးယောက်မြောက်သေပြီးတဲ့နေ့ ဘုန်းတော်ကြီးတွေ ပင့်ပြီးပရိတ်ရွတ် တရားနာကြသေးတယ် အားလုံးကအန္တရာယ်ဆိုးကြီးကနေလွတ်မြောက် ကြပြီထင်ကြတယ်” “ဒါပေမယ့်ပရိတ်ရွတ်ပြီးနောက်နေ့ ဆတ်တိုက်သေတာပဲ အဲဒါနဲ့ ဆင်ကူးရွာက စုန်း တစ္ဆေ အောက်လမ်း ကဝေနိုင်တယ်ဆိုတဲ့ ဆရာမှက်ကိုပင့်ပြီး အစီရင်တွေလုပ်ခိုင်းကြသေးတယ်” “သူလုပ်နေတဲ့ အချိန်မှာပဲ တစ်ယောက်သေသွားတယ် နောက်နေ့လည်းတစ်ယောက်သေတယ် တစ်နေ့တစ်ယောက်ပုံမှန်သေနေကြတယ် ဘာရောဂါမှလည်းမဖြစ်ဘူး” “အခုဆိုရွာသားတွေအားလုံးမနက်ဖြန်ဘယ်သူ သေမလည်း သူလားကိုယ်လားဆိုပြီး အကြောက်လွန်နေကြပြီဆရာကြီး” “ကျွန်တော်တို့ ရွာသားတစ်ယောက် ဒီရွာသား ကိုကြွက်နီ နဲ့ဆုံမိပြီး ...

နည်းတယ်ဆိုပြီး ကဲ့ရဲ့ကြတာပေါ့ကွာ” “သြော်၊ ကျုပ်သဘောပေါက်ပါပြီဆရာကြီး” “ချိုတူး မင်းကအဆိုကောင်းဆိုတော့ တို့အဖွဲ့မှာ နောက်ထလုပ်စမ်းကွာ” “ဗျာ၊ နောက်ထဆိုတော့ အနောက်မှာ မတ်တပ်ရပ်နေရတဲ့လူလား” “ဒါပေါ့ကွ၊ မင်းဆိုင်းတွေကြည့်ဖူးတယ်မဟုတ်လား၊ နောက်ထက ကောင်းသုံးချက်ညီရတယ်တဲ့ကွ၊ အဆိုကောင်းရတယ်၊ အပြောကောင်းရတယ်၊ အသောကောင်းရတယ်ကွ၊ တို့ဆိုင်းမှာ နောက်ထတွေရှိတယ်၊ ဒါပေမယ့် ခုရွာမှာ နောက်ထတစ်ယောက်ပဲကျန်တယ်ဆိုတော့ မင်းနဲ့နှစ်ယောက်ဆိုရင်တော့ အတိုင်အဖောက်ရတာပေါ့ကွာ” ဒီအချိန်မှာပဲ ခြံဝိုင်းရှေ့မှာ အော်သံကြားတယ်ဗျ။ “ဗျို့ ဆိုင်းဆရာကြီး၊ ဆိုင်းဆရာကြီး ရှိပါသလား” အသက်ကြီးကြီး လူကြီးသုံးယောက်ဗျ၊ လွယ်အိတ်ကြီးတွေလွယ်၊ ခေါင်းပေါင်းကြီးတွေပေါင်းလို့ဗျ၊ ဒါနဲ့ ဦးလူလှက ပြန်ပြီးအသံပြုတယ်။ ...

ဝင်ရောက်ကြီးစိုးလာလေသည်။ ထို့နောက် အောင်ခင်သည် အခေါင်းအားမြေချခဲ့သည့်နေရာအား အသေအချာ မှတ်သားကာ ထိုနေရာမှ လှည့်ထွက်လာခဲ့လေ၏။ ညနေစောင်းအချိန်သို့ရောက်သောအခါ အောင်ခင်ကသူ၏ဒုတိယကျေးဇူးရှင်ဖြစ်သော ပစ္စည်းအဟောင်းဝယ်သည့် ကုလားဆီသို့ အပြေးနှင်တော့လေသည်။ ထို့နောက် သူ၏တစ်နေကုန် ရှာပုံတော်ထွက်၍ ရလာသည့် ဗူးခွံ၊ ပုလင်းခွံနှင့် သံ၊ သတ္ထုအချို့အား ထုခွဲရောင်းချတော့သည်။ ထိုမှရလာသည့် ငွေကြေးပမာဏက သူ့အတွက်မတန်သော်လည်း မည်သို့မျှမတတ်နိုင်ပေ။ အောင်ခင်သည်သူ၏တစ်နေ့တာလုပ်အားဖြင့်ရလာသည့် ပိုက်ဆံငါးရာတန်အစုတ်ကလေးအား လက်ထဲ၌ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သူ၏ နေထိုင်ရာ ရပ်ကွက်အစွန်သို့ လျှောက်လှမ်းလာလေသည်။ တစ်နေရာရောက်တော့ အကြော်ဆိုင်တစ်ဆိုင်အား တွေ့သွားသဖြင့် စားချင်စိတ်ကို မျိုမချနိုင်ပဲ ဘူးသီးကြော်ကိုသာဝါးမျိုချရန်အတွက် ...

သူငယ်ချင်း” ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင်ရောက်နေပြီဗျ။ ကျုပ်ထိုင် နေတဲ့တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ် ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီး ခတ်ကလေး ကမ်းပေးလိုက်တယ်။ သ်ိန်း ဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။ “သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း စားမလား” “ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ” “ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊ မလာ တာတောင် ကြာပြီ” “ဟုတ်တယ် အရီးရေ၊ ဘိုးဥာဏ်ရော စော စောစီးစီး ...

ကြတာပေါ့ ကျုပ်ကလည်းထမင်းဆက်မစားနိုင်ဘုးလေ ရင်ထည်းမှာလည်းတစ်မျိုးကြီးခံစားနေရတယ် ကျုပ်လည်း ခြင်းတောင်းထည်းကပစ္စည်းတွေကိုထုတ်ကြည့်တော့လည်း ချည်ချောသားပုဆိုးတစ်ထည် မျက်နှာသုတ်ပဝါတစ်ခု အိမ်ကျီတစ်ထည်နဲ့ ငွေ၁၀၀၀ကိုလည်းတွေ့ရတယ် ဒါတွေလိုချင်လို့ကူညီတာမဟုတ်ဘူးဆိုတာကိုသိပေမယ့်လည်း ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပေါ့ဗျာ ကျုပ်ကလည်းငွေတစ်ထောင်ကိုတော့အမေ့ကိုအပ်ပြီး ပုဆိူးနဲ့အိမ်ကျီကိုလည်းသေတ္တာထည်းမှာသိမ်းလိုက်တယ် အဖေကလယ်ထည်းကိုဆင်းသွားတော့လည်းကျုပ်ကလိုက်ရတာပေါ့ လယ်ထည်းကိုရောက်တော့လည်းခပ်ကြီးကြီးအရွက်တွေကိုခူးပြီးတော့လည်း မြေမှာခင်း ထိုအပေါ်ကိုလည်း လိုအပ်သည်များကိုတင်တာပေါ့ ပြီးတော့လည်း လယ်စောင့်နတ်ကိုပင့်ပြီးတော့လယ်နတ်တင်တာပေါ့ ထိုနေ့တော့အလုပ်မလုပ်ရတာကြောင့်လယ်နတ်တင်ပြီး ပြန်လာခဲ့ကြတယ် ကျုပ်ကလည်းနေ့လည် စာ စားပြီးတော့လည်း ဖိုးတုတ်အိမ်ကိုထွက်လာခဲ့တယ် “ဟောသာလှပါလား မလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” ကျုပ်ကိုမြင်တော့လည်းဖိုးတုတ်ကတော့ ပြောလိုက်ပါတယ် “ဘာကိစ္စမှမရှိပါဘူးကွာမင်အိမ်ကိုမရောက်ဖြစ်တာနဲ့လာခဲ့တာ ဒါနဲ့အရီးလေးတို့နေကောင်းလား” “ကောင်းပါတယ်ကွာ..အမေကတော့ဟိုဘက်ရွာခနသွားတယ်ကွ” “အော်အေးအေး” “ဒါနဲ့သာလှအရီးမြအခြေနေကောဘယ်လိုလည်းကွသက်သာရဲ့လား” “မသက်သာပါဘူးကွာဗိုက်ကိုလည်းဖိထားနေရတယ်ပြောတယ်ကွ” “ဒါဆိုလည်းမင်းနဲ့ငါအရီးမြအိမ်ကိုသွားကြမယ်လေလုပ်စရာရှိတာလေးတွေသွားလုပ်ပေးကြတာပေါ့” “ကောင်းသားပဲကွသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုထွက်လာခဲ့တာပေါ့ ...

လက်ပြောင်းကြလွန်းလို့တောင်မှ အဲဒီလယ်တွေကို ကျုပ်တို့ရွာမှာ လယ်တန်ဆာလို့တောင်ခေါ်ကြတယ်” ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်ပြီး “လယ်တန်ဆာတဲ့လားဗျာ” “တင်စားပြီးခေါ်တာ ငါ့တူရ၊ ပြည့်တန်ဆာဆိုတာ ဟိုလူနဲ့ပျော်လိုက်၊ ဒီလူနဲ့ပျော်လိုက် အချိန်ခဏပဲပျော်ရသလို၊ ဒီလယ်တွေကိုလည်း ဟိုလူကဝယ်လိုက်၊ မလုပ်ရဲလို့ ပြန်ရောင်းလိုက်နဲ့ လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ” “နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ” “အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ” “ဘယ်လိုဗျ” ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ “စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့” “ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား” “မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် ...

လောက်ကတော့ ငါအသာကလေးပဲ” “ကောင်းပြီလေ၊ ဒါဆို ရှင်နဲ့ကျုပ်နဲ့ နှစ်ယောက်ချင်းပြိင်မယ်၊ ကျန်တဲ့ဘယ်သူမှ ဝင်မပါကြေးနော်၊ ရှင်နိုင်ရင် ရှင်လုပ်ချင်တာလုပ်၊ ကျုပ်နိုင်ရင်လည်း ရှင့်ကိုလုပ်ချင်ရာလုပ်မယ်” “အကြိုက်ပေါ့ဟာ” ပြောရင်းဆိုရင်း ငညိုက လက်ကိုမြှောက်လိုက်ပြီးတော့ အပ်တစ်စင်းကို လေထဲကနေဖမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီအပ်ကို ပါးစပ်နားမှာ မန်းမှုတ်ပြီးတော့ မယဉ်မြိုင် ဆီကိလှမ်းလွှတ်လိုက်ပါရောဗျာ၊ မယဉ်မြိုင်ကလည်း အပ်ကိုမျက်စောင်းထိုးလိုက်တော့ အပ်က လေထဲမှာ တန့်နေသဗျ။ “သြော်၊ ညည်းက ငါ့အပ်ကို တားနိုင်တယ်ပေါ့ဟုတ်သလား” ငညိုက ပြောဆိုပြီးတော့ အပ်ကိုတောင်ဝှေးနဲ့လှမ်းချိန်လိုက်တော့ အပ်ကတဖြည်းဖြည်းနဲ့အရှေ့တိုးလာတယ်ဗျာ၊ မယဉ်မြိုင် တစ်ကိုယ်လံုံးလည်း ချွေးတွေထွက်ပြီးတော့ ...

ပေါက်တာလေ။ ကျုပ်က အဲဒီသစ်စုန်းပင်ကို ဝင်လုယူတာမဟုတ် လား၊ ရအောင်ယူပြီး လွတ်အောင်ပြေးရ တာပေါ့ မောင်တာတေရဲ့၊ အဲဒီလိုမဟုတ် ဘဲ ကျုပ်တတ်ထားတဲ့ ပညာတွေနဲ့ မဖဲဝါ ကို ဒုက္ခပေးလိုက်ရင် ကျုပ်က လက်နက် အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့ ဓါးမြဖြစ် သွားမှာပေါ့” (တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက် တာကို ဖတ်ချင်ရင်တော့ ‘ကိုယ်တွေ့မဖဲဝါ’ မှာဖတ်ရှုနိုင်ပါတယ်) “သြော် ဒီလိုလား ” ကျုပ်က ဒီတော့မှ နားလည်တာဗျ။ အင်း ပြောရရင်တော့ ကျုပ်မသိတာက ခပ်များ များရယ်ဗျို့။ ...