မောင်းဆုံဘေးကသားသက်မိစ္ဆာ

ကြတာပေါ့ ကျုပ်ကလည်းထမင်းဆက်မစားနိုင်ဘုးလေ ရင်ထည်းမှာလည်းတစ်မျိုးကြီးခံစားနေရတယ် ကျုပ်လည်း ခြင်းတောင်းထည်းကပစ္စည်းတွေကိုထုတ်ကြည့်တော့လည်း ချည်ချောသားပုဆိုးတစ်ထည် မျက်နှာသုတ်ပဝါတစ်ခု အိမ်ကျီတစ်ထည်နဲ့ ငွေ၁၀၀၀ကိုလည်းတွေ့ရတယ် ဒါတွေလိုချင်လို့ကူညီတာမဟုတ်ဘူးဆိုတာကိုသိပေမယ့်လည်း ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပေါ့ဗျာ ကျုပ်ကလည်းငွေတစ်ထောင်ကိုတော့အမေ့ကိုအပ်ပြီး ပုဆိူးနဲ့အိမ်ကျီကိုလည်းသေတ္တာထည်းမှာသိမ်းလိုက်တယ် အဖေကလယ်ထည်းကိုဆင်းသွားတော့လည်းကျုပ်ကလိုက်ရတာပေါ့ လယ်ထည်းကိုရောက်တော့လည်းခပ်ကြီးကြီးအရွက်တွေကိုခူးပြီးတော့လည်း မြေမှာခင်း ထိုအပေါ်ကိုလည်း လိုအပ်သည်များကိုတင်တာပေါ့ ပြီးတော့လည်း လယ်စောင့်နတ်ကိုပင့်ပြီးတော့လယ်နတ်တင်တာပေါ့ ထိုနေ့တော့အလုပ်မလုပ်ရတာကြောင့်လယ်နတ်တင်ပြီး ပြန်လာခဲ့ကြတယ်

ကျုပ်ကလည်းနေ့လည် စာ စားပြီးတော့လည်း ဖိုးတုတ်အိမ်ကိုထွက်လာခဲ့တယ် “ဟောသာလှပါလား မလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” ကျုပ်ကိုမြင်တော့လည်းဖိုးတုတ်ကတော့ ပြောလိုက်ပါတယ် “ဘာကိစ္စမှမရှိပါဘူးကွာမင်အိမ်ကိုမရောက်ဖြစ်တာနဲ့လာခဲ့တာ ဒါနဲ့အရီးလေးတို့နေကောင်းလား” “ကောင်းပါတယ်ကွာ..အမေကတော့ဟိုဘက်ရွာခနသွားတယ်ကွ” “အော်အေးအေး” “ဒါနဲ့သာလှအရီးမြအခြေနေကောဘယ်လိုလည်းကွသက်သာရဲ့လား” “မသက်သာပါဘူးကွာဗိုက်ကိုလည်းဖိထားနေရတယ်ပြောတယ်ကွ” “ဒါဆိုလည်းမင်းနဲ့ငါအရီးမြအိမ်ကိုသွားကြမယ်လေလုပ်စရာရှိတာလေးတွေသွားလုပ်ပေးကြတာပေါ့” “ကောင်းသားပဲကွသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုထွက်လာခဲ့တာပေါ့ အရီးမြအိမ်ထည်းကိုရောက်တော့လည်း အိပ်ယာပေါ်မှာလှဲနေတဲ့အရီးမြကိုတွေ့ရတာပေါ့ “အရီးမြသက်သာရဲ့လားဗျ” ကျုပ်မေးလိုက်တော့လည်းအရီးမြကတော့ “မကောင်းပါဘူးကွယ် ဗိုက်ထည်းကအောင့်နေတာကမသက်သာဘူး ကျွတ်…..ကျွတ်..ကျွတ်” အရီးမြကလည်းပြောရင်းစုပ်သတ်တာပေါ့ ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအခြေနေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတာပေါ့ “အရီးမြထမင်းကောစားပြီးပြီလား” “စားပြီးပါပီကွယ်တစ်အိမ်ကျော်ကမိဝိုင်းလာပို့ပေးတယ်လေ” “ဒါဆိုလည်းကျုပ်တို့လုပ်စရာရှိတာလေးတွေလုပ်လိုက်အုံးမယ်နော်” ကျုပ်ကလည်းဖိုးတုတ်ကိုခေါ်ပြီး အိမ်အပြင်ထွက်ခဲ့တာပေါ့ “ဖိုးတုတ် အရီးမြကိုမြိုင်ကလေးဆေးရုံကိုပို့မယ်ကွာ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကခေါင်းခါရင်း “မဖြစ်လောက်ဘူးကွအရီးမြကလှုပ်ရင်တောင်အောင့်နေတာလေငါတို့ကလည်းမြိုင်ကလေးကိုသွားမဲ့ကားလမ်းအထိလှည်းနဲ့လိုက်ပို့ရမှာမလားလှည်းဘယ်စီးနိုင်ပ့မလည်းကွာ” “ဒီအတွက်မပူနဲ့ကွငါ့မှာအကြံရှိတယ်” “ဟေဘာအကြံလည်းကွပြောစမ်းပါအုံး” “စောင်တွေကိုလှည်းပေါ်မှာခပ်ထူထူခင်းလိုက်မယ်ကွာအရီးမြရဲ့ဘေးမှာလည်းစောင်ထူထူတွေနဲ့ကာထားပြီးလှည်းကိုလည်းဖြေးဖြေးမောင်းရင်ရနိုင်ပါတယ်ကွ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်မျက်လုံးတွေကအရောင်လက်သွားတာပေါ့ “မင်းပြောမှငါစဉ်းစားမိတယ်သာလှရယ်မင်းအကြံကောင်းတယ်ကွဒါဆိုလည်းမနက်ဖြန်မနက်မင်းလှည်းပြင်ထားသေသေချာချာတော့လုပ်နော်” “စိတ်ချပါကွာငါလည်းခုမှစဉ်းစားမိတာကွ အရီးမြကိုလည်းမြန်မြန်သက်သာစေချင်ပီ” “အေးပါကွာဒါဆိုလည်းမင်းခုကတည်းကလိုအပ်တာတွေပြင်ဆင်ထားအုံး” ​ကျုပ်နဲ့ဖိုးတုတ်ကလည်းဆိုင်ရာအိမ်အသီးသီးကိုပြန်ခဲ့ကြတာပေါ့ အိမ်ရောက်တော့လည်း “အမေ့စောင်တွေဘယ်မှာသိမ်းထားတာလည်းဗျ” “ဟဲ့သာလှရယ်နင်ကစောင်တွေဘာလုပ်မလို့လည်း” “လုပ်စရာရှိလို့ပါအမေရယ်ဘယ်မှာထားလည်းပြောပြပါဗျာ” အမေကလည်းကျုပ်ကိုထူးဆန်းစွာကြည့်ပီးတော့လည်း “အိမ်ထဲခန်းထည်းကထုပ်တန်းပေါ်မှာတင်ထားတယ်လေအဲ့အထည်းမှာလိုချင်တာသာရှာယူ” ကျုပ်ကလည်းအိမ်ပေါ်ကိုပြေးတက်ပြီးအိမ်ထဲခန်းထည်ကိုဝင်လာခဲ့တာပေါ့ ထုပ်တန်းပေါ်မှာကလည်း အိပ်ဖြူဖြူကြီးတွေကိုလည်းးတွေ့ရတာပေါ့ ကျုပ်တို့ဆီမှာတင်မက နေရာတိုင်းလိုလိုကလည်းခုလိုစောင်တွေကိုအိပ်ထည်းထည့်ပီးသိမ်းလေ့ရှိတယ် နွေရာသီရောက်ရင်လည်းစောင်ခြုံဖို့နေနေသာသာအဝတ်တောင်မကပ်နိုင်တာကြောင့်လည်းစောင်တွေကိုသိမ်းထားတာပေါ့ မိုးရာသီရောက်ရင်တော့တစ်ထည်နှစ်ထည်လောက်ပြန်ထုတ်တာပေါ့ ကျုပ်ကလည်း ထူပေ့ဆိုတဲ့စောင်ကြီး၅ထည်လောက်ကိုထုတ်လိုက်တယ် ပြီးတော့လည်းသေသေချာချာထပ်ထားတာပေါ့ “သာလှနင်ဘာတွေအရူးထနေတာလည်းသာလှရယ်မိုးတွင်းဆိုပေမယ့်အရမ်းအေးတာမဟုတ်ပါဘူးဟဲ့အ့လောက်ကြီးထုတ်စရာလိုလို့လား” ကျုပ်ကလည်းသက်ပြင်းကိုတစ်ချက်ချပြီးအမေ့အနားကိုကပ်သွားပြီးတော့လည်း အရီးမြကိုဆေးရုံပို့မယ့်အစီအစဉ်ကိုပြောပြလိုက်တော့မှ အမေကလည်း ခေါင်းကိုတဆက်ဆက်ငြိမ့်တာပေါ့ “စောစောကပြောပါတော့လားသယလှရယ်ငါကနင်အရူးထတယ်ထင်နေတာ” “မရူးပါဘူးအမေရယ်အရီးမြကိူမနက်ဆေးရုံပို့ဖို့ခုထည်းကကြိုတင်ပြင်ဆင်ထားတာ” ကျုပ်ကလည်းသေချာထပ်ထားတဲ့စောင်တွေကိုလည်းသေချာခေါက်ထားတာပေါ့ မနက်ရောက်တော့လည်း ဖိုးတုတ်ကတော့ကျုပ်အိမ်ကိုရောက်လာတာဗျ “ဟငါ့ကောင်ရစောလှချည်လားခုချိန်ဆိုအရီးမြတောင်နိုးသေးမယ်မထင်ဘူးနော်” ၆နာရီလောက်ပဲရှိသေးချိန်ရောက်လာတဲ့ဖိူးတုတ်ကိုလည်းကျုပ်ကပြောလိုက်ပါတယ် “မနိုးသေးလည်းနိုးတဲ့အထိစောင့်နေမှာပေါ့ကွာ အရီးမြအတွက်မိူလို့လားမသိဘူးကွလူကလည်းသွက်လက်နေတာ” “ကောင်းပါတယ်ကွာ အရီးမြသက်သာသွားရင်လည်းကောင်းတာပေါ့ကွာ” ကျုပ်နဲ့ဖိုးတုတ်စကားပြောနေရင်းနဲ့၇နာရီလည်းထိုးခဲ့တယ်ဗျ အဖေကလည်း ခုနေ့မှအိပ်ယာထနောက်ကျနေတာဗျ ပုံမှန်ဆို၆နာရီလောက်နိုးပေမယ့်ခုနေ့မှ ၇နာရီလောက်မှနိုးလာတယ်လေ “ဟဖိုးတုတ်ရောက်နေတာပါလား” “ဟုတ်တယ်ဉီးလေးသောင်းတင်ရဲ့မနည်းကြာပြီရောက်နေတာ” “အော်အေးအေးကွယ်သူငယ်ချင်းတွေစကားပြောကြအုံးဉီးလေးမျက်နှာသစ်လိုက်အုံးမယ်” “ဟူတ်ကဲ့ဉီးလေး” အဖေကလည်းမျက်နှာသစ်တဲ့နေရာကိုထွက်သွားတာပေါ့ “ကဲသာလှ အရီးမြကိုသွားခေါ်ကြရအောင်” “အေးသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုသွား အရီးမြကိုလည်းဆေးရုံပို့မယ့်အကြောင်းပြောတာပေါ့ အရီးမြကပထမတော့ငြင်းနေပေမယ့် သေချာပြောလို်က်တော့လည်းလက်ခံပါတယ် ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြကိုတစ်​ယောက်တစ်လှည့်ချီပြီးတော့လည်းအိမ်ကိုချိီလာတာပေါ့

အမေကသိနှင့်ပြီးဖြစ်လို့လည်းမထူးဆန်းပေမယ့် အဖေကတော့ကျုပ်တို့ဘာတွေရှုပ်အုံးမလည်းဆိုတဲ့အကြည့်နဲ့ကြည့်နေတာပေါ့ “သာလှ..ရော့လမ်းမှာသူံးဖို့နဲ့ အရီးမြအတွက်ဆေးဖိုးဝါးခ ဒါနဲ့အရီးမြကိုသေချာခေါ်နော်လှည်းကိုဖြေဖြေးမောင်း” အမေကလည်းငွေ၅၀၀၀ကုိကျုပ်လက်ထည်းထည့်ရင်းပြောတာပေါ့ အရီးမြကလည်းကျုပ်တို့နဲ့သွေးမတော်သားမစပ်ပေမယ့်လည်း ကျုပ်တို့ကိုတော့တော်တော်ချစ်တာဗျ အမေတိ​ု့ကိုလည်းသွန်သင်စရာရှိတာသွန်သင်ပြီး တစ်ခုခုဆိုလည်းဆွေးနွေးပေးတာဗျ အရီးမြအကြံပေးလို့အောင်မြင်ခဲ့တဲ့ ကိစ္စတွေကလည်းမနည်းဘူးဗျ ခုလည်းအရီးမြနေမကောင်းဘူးဆိူတော့လည်းလူအားနဲ့တစ်မျိူးငွေအားနဲတစ်မျိူးကူညီပေးတာပေါ့ “နေကြပါအုံးဟခုကဘယ်တွေသွားကြမှာလည်း” အဖေကလည်းနားမလည်ဟန်နဲ့မေးတာပေါ့ “အရီးမြကိူဆေးရုံပို့မလို့လေအဖေရဲ့အဖေပါလိုက်ခဲ့ပါလား” “ဟေ ငါလိုက်လို့မရဘူးကွ သူကြီးလွန်းတင်ခေါ်ထားတယ်ကွမင်းတို့သွားလိုက်ကြနော်” အဖေကလည်းလိုက်ချင်ပေမယ့်ဘကြီးလွန်းတင်ခေါ်ထားတော့လည်း မလိုက်ရဘူးပေါ့ဗျာ ကျုပ်ကလည်းအိမ်ပေါ်ကစောင်ခေါက်ထုပ်ကြီးကိုဖြန့်ပြီးလှည်းပေါ်တင်တာပေါ့ ထပ်ပြီးသေချာအောင်လို့လည်းစောင်နောက်ထက်နှစ်ထည်လောက်ထပ်ခင်းလိုက်တယ်

အရီးမြကိုလည်းလှည်းပေါ်တင်ပြီးတော့ မြိုင်ကလေးကားလမ်းဆီကိုမောင်းလာတာပေါ့ လမ်းကလည်းမိုးရွာထားတော့ရွံ့ထည်းနည်းနည်းနစ်လိုက် ချုိင့်ပခွက်တွေထည်းကျလိုက်နဲ့ပေါ့ စောင်တွေထူထူခင်းပြီးတော့လည်း ဖိုးတုတ်ကဘေးကထိန်းထားတာ​ကြောင့်လည်း အဆင်ပြေတယ်လို့ဆိုရမယ်ဗျ ကျုပ်နဲ့ဖိုးတုတ်ကတော့ တော်တော်ခံရတာပေါ့ ကျုပ်တို့တစ်နာရီလောက်လှည်းမောင်းပြီးတော့လည်းကားလမ်းကိုရောက်လာခဲ့တယ် မြိုင်က​လေးကိုသွားမဲ့ကားစောင့်ပြီးတော့လည်းရတာနဲ့စီးလာခဲ့တာပေါ့ လူကလည်းသိပ်မများတာကြောင့်လည်း တော်သေးတာပေါ့ ကျုပ်တို့မြိုင်ကလေးကိုရောက်ပြီးတော့လည်း အရီးမြကို ဆေးပြတာပေါ့ ကျုပ်မှာကလည်းငွေ၅၀၀၀ပါသလိုဖိုးတုတ်ကလည်းငွေမနည်းများများပါတယ်လေ ဆရာဝန်များကလည်း ကျုပ်တို့ကိုအပြင်ထွက်ခိုင်းပြီးတော့လည်း စစ်ဆေးနေကြတာပေါ့ အတော်ကြာတော့လည်း ပြန်ထွက်လာကြတယ် “လူနာက အူယောင်နေတာပါဗျလူနာကလည်းအိမ်ပြန်ချင်တယ်လို့ပြောနေတာပြောင့် အိမ်ပြန်ချင်ရင်လည်းပြန်လို့ရပါတယ် ကျုပ်တို့ဆေးတွေပေးလိုက်ပါ့မယ်ကျုပ်ကတော့ဆေးရုံမှာနေစေချင်တယ် ဒါကလည်းလူနာအတွက်ပါအိမ်ပြန်နေတာထက်ဆေးရုံမှာနေတာကပိုကောင်းပါတယ်လူနာရှင်များကကောဘယ်လိုဆုံးဖြတ်ချင်ပါသလဲ” ကျုပ်နဲ့ဖိုးတုတ်ကတော့ဆရာဝန်စကားကိုကြားတော့လည်းခေါင်းချင်းဆိုင်လိုက်ကြတယ်

“မင်းဘယ်လိုသဘောရလည်းသာလှ” “ငါကတော့ဆေးရုံမှာပဲနေခိုင်းမယ်ကွာရောဂါအရှင်းပြောက်တော့မှပဲရွာပြန်ကြတာပေါ့အရီးမြကအိမ်နဲ့ခွဲပြီးခရီးဝေးဝေးမထွက်ဖူးလို့သူ့အိမ်ကိုလွမ်းနေတာကွ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကခေါင်းညိတ်ရင်းဆရာဝန်ဘက်ကိုပြန်လှည့်တာပေါ့ “ဒီမှာပဲထားပါ့မယ်ဆရာလူနာရောဂါကောင်းမှပြန်ပါ​ေတာ့မယ်” ဆရာဝန်ကလည်း ခေါင်းညိတ်ပြီးဆေးရုံအောက်ကိုဆင်းသွားတာပေါ့ ကျုပ်တို့ကလည်းဒီလိုဆိုရင် မြိုင်ကလေးမှာဆက်နေရအုံးမယ်မလား “သာလှငါတို့အခန်းလေးတစ်ခန်းတော့ငှားကြမယ်လေအသိမိတ်ဆွေအိမ်မှမရှိတာ” “ငှားတာကဟုတ်ပါပြီပိုက်ဆံကလောက်ပ့မလား” “လောက်နိုင်ပါတယ်ကွာစျေးနည်းတဲ့အထည်းကငှားကြတာပေါ့” “အေးကွာဒါဆိုလည်းမြို့ထည်းသွားပြီးစုံစမ်းကြည့်ကြမယ်လေကွာ” “အရီးမြကိုဘယ်လိုလုပ်မလည်းကွ” “လူနာစောင့်ဆရာဝန်လက်ထောက်လေးတွေရှိပါတယ်ကွာအကြာကြီးမှမဟုတ်တာခနလေးပဲကို” “အေးကွာဒါဆိုလည်း သွားကြတာပေါ့” ကျုပ်နဲ့ဖိုးတုတ်ကလည်း ၅ခါလောက်တောင်မရောက်ဖူးတဲ့မြိုင်ကလေးမြို့ထည်းကိုလည်းအိမ်ခန်းအငှားလို်က်ရှာရတာပေါ့ ဒီတိုင်းရှာနေရင်တော့ တွေ့ဖို့အခွင့်နည်းတာကြောင့်လည်း မေးပါများစကားရဆိုတဲ့ပေါက်ကျိုင်းစဆိုအတိုင်း ငါးပိသည်အဒေါ်ကြီးကိုမေးကြည့်တာပေါ့ “အဒေါ်အဒေါ် ဒိအနီးနားမှာလေ အိမ်ခန်းအငှားလေးဘာလေးမရှိဘူးလား” “အိမ်ခန်းငှားကတော့ရှိတယ်ကွဲ့ဒီလမ်းလေးအတိုင်းသွား လမ်း၄ခွစုံတစ်ခုကိုရောက်ရင်ညာကိုကွေ့လိုက်အ့တာဆိုအိမ်ခန်းငှားတစ်ခုတွေ့ရလိမ့်မယ်” “ကျေးဇူးတင်ပါတယ်အဒေါ်” ကျုပ်တို့ကလည်းငါးပိသည်အဒေါ်ကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးထွက်လာခဲ့ကြတာပေါ​့ ခနမျှလမ်းလျှောက်ပြီးတော့လည်းလမ်း၄ခွစုံကိုရောက်လာခဲ့ပီးတော့ အဒေါ်ကြီးပြောသလိုညာကိုကွေ့လိုက်တာပေါ့ ခတ်လတ်လတ်အိမ်တစ်အိမ်ရှေ့မှာတော့ အိမ်ခန်းငှားမည်ဟုရေးထားတဲ့ဆိုင်းဘုတ်တစ်ခုကိုလည်းတွေ့ရတာပေါ့ “ငါ့မောင်တို့ကအိမ်ငှားချင်လို့လား” ရုတ်တရက်နောက်ကထွက်လာတဲ့အသံကြောင့်လည်းလန့်သွားတာပေါ့ နောက်ကိုကြည့်လိုက်တော့လည်း အသက်၄၀အရွယ်ခပ်ဝဝအမျိုးသမီးတစ်ဉီးကိုမြင်ရတယ် “ဟုတ်တယ်အမရဲ့ကျုပ်တို့အိမ်ခန်းငှားချင်လို့လိုက်ရှာနေကြတာပါ” “ဒါဆိုလည်းအမရဲ့အိမ်မှာငှားပါလားစျေးသက်သာပါစေမယ်ကွယ်ဒီအိမ်ကစျေးကြီးတယ်ကွဲ့” “အမရဲ့အိမ်ကဘယ်နေရာမှာလည်းဗျ” “အမနောက်ကိုလိုက်ခဲ့” ကျုပ်နဲ့ဖိုးတုတ်ကလည်းထိုမိန်းမနဲအတူ လို်က်သွားပြီးတော့လည်း ခုနကအိမ်လောက်မကောင်းပေမယ့်အနေတော်သစ်သားအိမ်လေးတစ်လုံးကိုမြင်ရတာပေါ့ အိမ်ရဲ့ဘေးမှာလည်းတခြားအိမ်တွေမရှိဘဲ တစ်အိမ်ထည်းကွဲနေတာဗျ “ဒါအမရဲ့အိမ်ပဲငါ့မောင်တို့အဆင်ပြေလားနေရမှာအတွက်” “ပြေပါတယ်ဗျာဒါနဲ့ဘယ်လောက်ပေးရမလည်းဗျ” “၁၀၀၀ပဲပေးပါငါ့မောင်ရယ် သူများအိမ်တွေဆို၂၀၀၀လောက်ယူတာကွဲ့” “ကဲပါကျုပ်တို့ပေးပါ့မယ်” ကျုပ်ကလည်းငွေတစ်ထောင်ကိုထုတ်ပြီးပေးမယ်လုပ်တော့လည်းဖိုးတုတ်ကလက်ကိုတားပြီးသူ့ငွေတစ်ထောင်ကိုထုတ်ပေးတာပေါ့ ထိုမိန်းမကလည်းအိတ်ထည်းမှာထည့်ထားတဲ့သော့တွေထည်းကဆေးနီနဲ့သုတ်ထားတဲသော့ကိုလည်းကျုပ်တို့ကိုပေးတာပေါ့ ကျုပ်တို့ကလည်းခြံတံခါးကိုဖွင့်ပြီးအိမ်ရဲ့အခြေနေကိုလည်းကြည့်တာပေါ့ ဖုန်များတက်နေတာကလွဲလို့လည်းသိပ်ပြောစရာတော့မရှိလှပါဘူး ကျုပ်တို့ရွာမှာကတော့ဘယ်အိမ်တက်အိပ်အိပ်ဖြစ်တယ်ဆိုပေမယ့်လည်းမြို့မှာကတော့ ပိုက်ဆံပေးရတာပေါ့ ဆေးရုံမှာနေဖို့ကလည်းအခန်းလွတိမရှိတာကြောင့်လည်းအိမ်ငှားရတာပေါ့ “ဖိုးတုတ်အရီးမြဆီကိုပြန်ကြရအောင်လေကွာအရီးမြမျှော်နေလောက်ပြီ” ကျုပ်နဲ့ဖိုးတုတ်ကလည်း အရီးမြဆီကိုပြန်လာခဲ့တာပေါ့ အရီးမြကိုလည်းနိုပ်ပေးပြီးတော့လည်း လိုအပ်တာများလုပ်ပေးတာပေါ့ အရိိးမြရဲ့မျက်ထောင့်များကလည်းမျက်ရည်တွေစီးကျနေတာပေါ့ သားအရင်းတွေလိုပြုစုနေတဲ့ကျုပ်နဲ့ဖိုးတုတ်ကိုကြည့်ပြီးတော့လည်း ပီတိဖြစ်ခြင်းနဲ့အတူ သားသမီးတွေသာရှိသေးရင်ဆိုတဲ့အတွေးလည်းဝင်လာပြီးတော့

မျက်ရည်ကျတာလို့လည်းကျုပ်သိလိုက်ပါတယ် ညနေရောက်တော့လည်း ငှားထားတဲ့အိမ်ကိုပြန်လာခဲ့တာပေါ့ ဖုန်တွေကိုခါခပ်ပြီးတော့လည်း ပါလာတဲ့စောင်တွေကိုခင်းပြီးတော့လည်း ညအတွက်အိပ်စက်ဖို့ပြင်ဆင်ရတာပေါ့ ညကိုလည်းရောက်လာခဲ့ပြီ ရွာမှာတုန်းကလို ခွေးအူသံတွေကလည်းမကြားရ အိပ်ယာပြောင်းရွေ့အိပ်ရသည်ဆို၍လားကြောင့်မသိ ဖိုးတုတ်နဲ့ကျုပ်ကတော့အိပ်မပျော်ကြဘုးလေ ညကလည်း၉နာရီကျော်လောက်ရောက်လာပြီဗျ ကျုပ်တု့ိကလည်းအိပ်မရတာကြောင့်လည်းစကားပြောနေကြတယ် တစ်မြို့လုံးကလည်းမီးရောင်ဟူ၍မတွေ့ရတော့ဘူးလေ အားလုံးကမှောင်မဲလျှက်ရှိတယ် ရုတ်တရက်အိမ်ခြေရင်းဘက်က ထွက်ပေါ်လာတဲ့မောင်း​​ေထာင်းသံကြောင့်လည်း ကျုပ်တို့ကတော့စကားပြောနေခြင်းကိုရပ်လိုက်တယ် “သာလှအိမ်​ခြေ ရင်းကမောင်းကိုဘယ်သူထောင်းနေတာလည်းမသိဘူးကွတစ်ဒုတ်ဒုတ်နဲ့” “ဘယ်ကမောင်းလည်းကွငါမမြင်မိပါလား” “မင်းကတော့လုပ်တော့မယ်နေ့လည်ကအိမ်ကိုကြည့်တုန်းကတောင်ငါမြင်လိုက်သေးတယ်” “အေးကွကန်းတယ်ပဲပြောပြောငါတော့မမြင်မိလိုက်ဘူးကွ” “ဒါတွေထားကွဘယ်သူထောင်းနေတာလည်းသွားကြည့်ရအောင်” “အေးကွာသွားကြမယ်” ကျုပ်နဲဖိုးတုတ်ကလည်းသိလိုစိတ်ပြင်းပြလာတာကြောင့်လှေကားကတစ်ဖြည်းဖြည်းဆင်းရင်းမောင်းဆုံဘက်ကိုထွကိလာတာပေါ့ မောင်းစုံကြီးကလည်းတကယ်ရှိတယ်ဗျ နေ့လည်ကကျုပ်မျက်စိရှန်းလို့မမြင်တာဖြစ်မယ်ဟုလည်းတွေးလိုက်တယ် မောင်းစုံရဲ့ဘေးမှာကလည်း ဗလခပ်တောင့်တောင့် ဆံပင်များခပ်ရှည်ရှည်နဲ့ အပေါ်ပိုင်းဗလာ အောက်ပိုင်းမှာတော့ ရှမ်းဘောင်းဘီရှည်ကိုဝတ်ထားတဲ့ ယောက်ျားကြီးတစ်ယောက်ကတော့မောင်းကိုတစ်ချက်ချင်းထောင်းနေတာဗျ မောင်းသံကလည်းတိတ်ဆိတ်နေတဲ့အချိန်မှာမိုလို့ အတိုင်းသားကြားနေရတာပေါ့ “ဟေ့လူဒါခဗျားပို်င်တဲ့မောင်းမိုလု့ိလာထောင်းနေရတာလား” ဖိုးတုတ်ကလည်းထိုသူကိုမေးလိုက်တော့ “ဟုတ်တယ်ငါပို်င်တာ” ထိုသူကလည်း အက်ကွဲကွဲခြောက်ကပ်ကပ်အသံနဲ့တိုတိုတုပ်တုပ်ပြန်ပြောလိုက်တာဗျ “ဒါဆိုလည်းနေ့ခင်းနေ့လည်မှထောင်းလေဗျာညဘက်ကြီးထောင်းရသလားဗျ ပြီးတော့လည်းခဗျားမောင်းကြီးကိုကိုယ့်အိမ်မှာကိုယ်ထောင်းပါဗျာ” ဖိုးတုတ်ကလည်းအေးဆေးစွာပြောတာပေါ့ ကိုယ့်ရွာကိုယ့်ဒေသမဟုတ်၍လားတော့မပြောနိုင်ဘူးလေ “ငါ့အိမ်မှာပဲငါထောင်းနေတာကွမင်းတို့ကသာငါ့အိမ်ကိုလာတဲ့ကောင်တွေ” ထိုသူကတော့အက်ကွဲကွဲအသံကြီးနဲ့ပြောလို်က်တော့လည်းကျုပ်ကအနားကိုကပ်သွားတာပေါ့ဖိုးတုတ်ကလည်းကျုပ်နောက်ကလိုက်လာခဲ့တယ် ကျုပ်တို့ငှားထားတဲ့အိမ်ကိုလည်းလာရောက်မောင်းထောင်းနေပြီးတော့လည်း သူ့အိမ်လို့လည်းပြောတာကြောင့်နည်းနည်းတော့စိတ်တိုသွားမိတယ် ကျုပ်ကလည်းထိုသူကိုသေချာပြောပြမယ်ပေါ့ မရရင်လည်းအကြမ်းနည်းနဲ့ဖြေရှင်းဖို့တွေးထားတာပေါ့ ကျုပ်တို့အနားရောက်တော့လည်းပုပ်အဲ့အဲ့အနံ့တစ်ခုကိုရတာပေါ့ ကျုပ်ကလည်းနှာခေါင်းကိုပိတ်ထားရတယ် “ကဲမင်းတို့ငါဘာထောင်းနေတယိထင်လည်း” ကျုပ်တို့ကလည်းထိုသူရဲ့ကျောဘက်မှာပဲရှိသေးတာဗျ “ဘယ်သိမလည်းဗျာ မောင်းနဲ့ထောင်းနေတာဆိုတော့စပါးပေါ့” “မဟုတ်ဘူးလာကြည့်ကြ” ကျုပ်တို့ကလည်းမောင်းဆုံအနားကိုတိုးကပ်ပြီးတော့လည်းမောင်းဆုံထည်းကိုကြည့်လိုက်တယ် လရောင်ဖွေးဖွေးအောက်မှာလည်း ကျုပ်မြင်လိူက်ရတာကသွေးပျက်စရာရှိလှတယ် ခွေးများကြောင်များကိုလည်းမောင်းစုံထည်းထည့်ကြီးထောင်းထုထားတာဗျ “ဟားဟားဟားမင်းတို့ကိုလည်းအမှုန့်ကြိတ်ပြစ်ရမယ်ကွလာလေရော့” ထိုသူကလည်းပြောပြီးတာနဲ့လက်ထည်းမှာလည်းသစ်သားတင်းပုတ်ကြီးပေါ်လာတာဗျ လရောင်ရဲ့အောက်မှာကလည်းထိုသူရဲ့မျက်နှာကိုသေချာမြင်လိုက််ရတယ် “ဟာ” ဖုိးတုတ်ရဲ့အာမေဋိတ်သံကလည်းပေါ်လာတယ်လေ ထိုသူရဲ့မျက်နှာကတော့ မျက်လူံးများကအပြင်ကိုထွက်နေပြိး ချိုင့်ဝင်နေတဲ့ပါးများနဲ့အတူ နှာခေါင်းကြီးကလည်းပြက်လျှက်ရှိတယိ လက်ထည်းကတင်းပုတ်နဲ့လည်း ဖိုးတုတ်ကိုထုတာကြောင့် အံသြ တုန်လှုပ်ပြီးတော့သတိမကပ်ဘဲရှိနေတဲ့ ဖိုးတုတ်လက်ကိုလည်းမြန်မြန်ဆွဲလိုက်ရတယ်

ကျုပ်ဆွဲလိုက်တော့မှဖိုးတုတ်ကလည်းသတိဝင်လာတယ်လေမျက်နှာမှာလည်းချွေးသီးချွေးပေါက်တွေစို့နေတာဗျ ထိုသူကြီးထုလိုက်တဲ့နေရာကလည်းမြေကြီးတွေဖွားခနဲတက်လာတာဗျ “ဟားဟားဟားဟား” ထိုလူကြီးကလည်းရီလိုက်ကျုပ်တို့ကိုလိုက်ထုလိုက်နဲ့ကျုပ်တို့ကလည်းခြံဝိုင်းထည်းမှာပတ်ပြေးနေကြရတယ် “ရပ်စမ်း” အသံတစ်ခုကလည်းခြံအပြင်ကပေါ်ထွက်လာတယ်လေ ကျုပ်တို့ကလည်းကျုပ်တို့အကြောင်းနဲ့မို့ထိုသူကိုလှည့်မကြည့်နိုင်ဘူးပေါ့ဗျာ ထိုအမည်မသိသူအော်လိုက်တော့လည်းထိုကောင်ကြီးကကြိုးနဲ့တုပ်လိုက်သလိုငြိမ်ကျသွားတယ် “မင်းဘာလို့လူတွေကိုရန်ပြုနေရတာလည်းတိရိစ္ဆာန်တွေကိုသတ်တာအားမရသေးလို့လား” “ကျုပ်ဘာသာကျုပ်ဘာပဲလုပ်လုပ်ခဗျားအပူပါလား” “ရာရာစစငါ့ကိုများပြန်ပြောနေရဲတယ်ပေါ့ ကဲယက္ခနဲ့သက်ခဒီကောင့်အာခေါင်ကိုဆွဲခွာလိုက်စမ်းကွာ” ယက္ခနဲ့သက္ခဆိုတဲ့အသံကြားတော့မှလည်း ကျုပ်ကအသံကြားရာဘက်ကိုကြည့်လိုက်တယ် အဖြူရောင်အခိုးငွေ့တွေကလူပုံစံပေါ်နေပြီး​တော့လည်းရု​ပ်ကိုကြည့်လု့ိမရဘူးဗျ ကျုပ်ကတော့ဉီးကြီးမောင်ထင်ပြီးဝမ်းသာအားရကြည့်လိုက်မိတာပေါ့ ေမြကြီးတစ်ခုလုံးကလည်းတုန်ခါလာပြီးတော့လည်း တင်းပုတ်များကို်င်ထားတဲ့ဘီလူးကြီးနှစ်ကောင်ကလည်းပေါ်ထွက်လာတယ် ကျုပ်တို့ကို ရန်ပြုနေတဲ့ခပ်ထွားထွားလူ့ဘီလူးကြီးရဲ့ပါးစပ်ကိုလည်းဆွဲခွာတာဗျ ပါးစပ်ကြီးကလည်းအတော်ကြီးပြဲသွားတာဗျ ထိုသူကြီးကလည်းမပီမပြင်နဲ့စကားတွေပြောနေသေးတာဗျ ခနကြာတော့မှလည်းငြိမ်သွားတယ်လေ အမဲရောင်အငွေ့တွေအဖြစ်ပြောင်းလဲပီးတော့လည်းမောင်းဆုံထည်းကိုဝင်သွားတယ်ဗျ ယက္ခနဲ့သက္ခဆိုတဲ့ဉီးကြီးမောင်ရဲ့ဘီလူးကြီးတွေနဲ့နာမည်ဆင်တူတဲ့ဘီလူးတွေကလည်းပြောက်သွားတာဗျ အဖြူရောင်အငွေ့တွေနဲ့လူပုံစံကလည်းတစ်ဖြည်းဖြည်းပြောက်ကွယ်သွားတယ်ကျုပ်နဲ့ဖိုးတုတ်ကလည်း ရင်တွေတဒုန်းဒုန်းနဲ့ခုန်နေတုန်းဗျ အဲ့အိမ်မှာဆက်ပြီးတော့လည်းမအိပ်ရဲတော့တာနဲ့ လူသွားလူလာနေရာလေးမှာလည်းကျုပ်နဲ့ဖိုးတုတ်အိပ်လိုက်ကြတာပေါ့ မနက်ရောက်တော့လည်း ထိုအိမ်အကြောင်းစုံစမ်းလိုက်တော့လည်း လွန်ခဲ့တဲ့တစ်နှစ်လောက်က ထိုအိမ်မှာတော့ခန္ဓာကု်ယ်တောင်တောင့်ဖြောင့်ဖြောင့်နဲ့ လူတစ်ယောက်နေပြီးတော့လည်း တိရိစ္ဆာန်လေးတွေကိုငြင်းဆဲပီးသတ်ရတာလည်းငယ်စဉ်ကတည်းကဝါသနာထုံသူတစ်ယောက်ဖြစ်တယ် အစမှာတော့ သူ့အိမ်ထည်းဝင်လာတဲ့အကောင်လေးတွေကိုဖမ်းပြီးခြေတွေလက်တွေဖြက်ပြီးလွှတ်ပေးတယ်လေ ဒီလောက်နဲ့ရက်စက်တာမဝသေးလို့လည်းမောင်းစုံတစ်ခုကိုဝယ်ပြီးတော့လည်း ခြံထည်းဝင်လာတဲ့အကောင်တွေကိုဖမ်း​ပြီးမောင်းဆုံထည်းထည့်ထောင်းပြစ်တယ် ပတ်ဝန်းကျင် ကလည်း ပြောပေမယ့်မရဘူးတဲ့လေ ဒါကြောင့်လည်းအနီးနားကအိမ်တွေကပြောင်းရွေ့သွားကြတယ် တနေ့တော့ဘယ်လိူအကြောင်းကြောင့်မှန်းမသိထိုသူကတော့မောင်းဆုံထည်းမှာအထောင်းခံထားရပြီးသေနေတာမြင်ရတယ် ဒီအကြောင်းတွေကိုကြားပြီးတော့လည်း ကျုပ်တို့ကိုငွေတစ်ထောင်အတွက်နဲ့ သေလမ်းပို့ခဲ့တယ် မိန်းမကိုလည်း အလွန်ဒေါသဖြစ်မိတယ် နောက်နေ့ကစပြီးလည်း ဆေးရုံရဲ့လူနာစောင့်တဲနေရာမှာပဲအိပ်ကြတယိလေ ထိုအိမ်ကိုလည်းအတော်ကြောက်သွားပြီ ဘယ်ကမှန်းမသိ ကယ်တင်ရှင်ကိုလည်းတအားကျေးဇူးတင်နေမိတယ် အရီးမြကလည်း တစ်ပတ်မျှကြာပြီးတော့ပြန်ကောင်းခဲ့တာကြောင့်ရွာကိုပြန်လာခဲ့တာပေါ့ အပြန်မှာတော့ စောင်တွေလည်းမပါလာတော့ဘူးလေ ကျုပ်တို့စောင်တွေကတော့ ကျုပ်တို့နောက်ထက်မသွားတော့မယ့် အိမ်ကြီးဆီမှာကျန်ခဲ့တာပေါ့ ရွာကိုရောက်ပြီးတစ်ပတ်လောက်ကြာတော့လည်း ကယ်တင်ရှင်ကိုသိခဲ့ရတယ် ဒါတွေနောက်မှပြောတော့မယ်ဗျ ဒီနေ့တော့ဒီလောက်ပဲဗျာ (လိုအပ်တဲ့လိုက်လျောညီထွေတဲ့ပုံတွေကမရှိလို့ရှိတာလေးနဲ့ပဲတင်ပေးရတာပါအဆင်ပြေကြလားcmမှာဝင်မန့်ပေးခဲ့ပါအုံးနော်စာဖတ်သူအားလုံးအားအထူးလေးစားလျှက်ပါဗျ)