ကျွန်တော်နှင့်ပါးစပ်သရမ်းသူများ

ရွာနဲ့အတော့်ကို
ဝေးတဲ့ရွာကြီးပါဗျာ။

ဟုတ်တယ် ” ငါ့တူကြီး
ဦးကြီးက အဲ့ရွာသူကြီးပဲကွဲ့
အော် ‘ ဟုတ်ကဲ့ပါ
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျမှ
ဦးကြီးတို့ရွာမှာ ပါးစပ်သရမ်းတဲ့
အရက်သမား တိုးကြီးတို့မွှေလို့
ပြသနာမီးကြီး စလောင်တာပေါ့ကွယ်

ဦးဖြိုးမောင်ရဲ့ စကားကြားကြားချင်း
ကျုပ်လဲ” အတော်ကို သိချင်သွားလို့
ဦးကြီးတို့ရွာမှာ ‘ ဘာပြဿနာဖြစ်လို့လဲဗျလို့ သိချင်ဇောဖြင့် မေးလိုက်တော့။

ဦးဖြိုးမောင်က’ သက်ပြင်းတစ်ချက်
ရှိုက်ငင်၍ ” ချလိုက်လေပြီး
ဒီလိုကွဲ့’ငါ့တူ မောင်သိန်းရဲ့
ဖြစ်ပုံက” ဦးကြီးတို့ ရွာက ဓလေ့က
သင်္ချိုင်းမှာ မသာချတော့မယ်ဆိုရင်
မသာကျင်းနာက ရွံ့တုံး‌တွေကို
ခပ်သေးသေး ယူ၍ အသုဘလာချတဲ့သူတွေကို ဇတိအနေနဲ့ဖြင့်
ပစ်ပေါက်ကျပြီး ထိုသူများကိုလဲ ပါးစပ်က
“နောက်တစ်ခါ လာဦးမလား ”
‌”နောက်တစ်ခါ လာဦးမလား”ဟူ၍
သုံးကြိမ်တိုင်တိုင် မေး၍ မသာအတွက် ကျင်းတူးထားသော ရွံ့များဖြင့် ဇတိယူ၍ အသုဘလာချတဲ့
လူများအား ပစ်၍‌မေးရတယ်ကွဲ့။

အဲ့လို ပစ်၍” မေးပြီဆို
အသုဘလာပို့တဲ့သူများကလဲ
“မလာတော့ပါဘူး ” မလာတော့ပါဘူးဟု သုံးကြိမ်ပြန်ဖြေရတယ်ကွဲ့
ဒီလိုလုပ်ခြင်းက ‘ ရွာထဲကလူများ
ခဏခဏ မသေအောင် အသေပျောက်နည်းအောင် ဓာတ်ဆင်၍
လုပ်ရတယ်ဟု ရှေးလူကြီးဘိုးဘေး
တွေပြောစကားအရ ဒို့ရွာမှာ
လုပ်ရတာကွဲ့ တူကြီးရဲ့။

အဲ့တာကို’ အရက်သမားတိုးကြီးတို့
အဖွဲ့က အရက်များကိုအလွန့်အကျွံ
သောက်ကျပြီး သင်္ချိုင်းထဲ၌
နောက်တစ်ခါ‌လာဦးမလားဟု
သုဘရာဇာနဲ့ လူငယ်တချို့က
ရွံ့နဲ့ပစ်ပေါက်၍ မေးတာကို
အရက်သမား တိုကြီးတို့အဖွဲ့က
မူးမူးနဲ့ လာ‌‌ဦးမယ် လာဦးမယ်ဟု
ပါးစပ်သရမ်း၍ ပြောကျလေတယ်။

အဲ့ကိစ္စနဲ့ အချင်းချင်းလဲ စိတ်၀မ်းကွဲကျပြီး ဓားတပျတ် ဒုတ်တပျတ်နဲ့
ဖြစ်ကျကုန်လို့ ဝိုင်းဆွဲကျရတယ်

အဲ့နေကစပြီး” ဒို့တပင်တိုင်ရွာကို
ဂြှိုလ်ဆိုးကြီး ၀င်တော့တာပါပဲ
နေ့ခင်းကြောင်တောင်ကြီးလဲ
တစ်ရွာလုံးက ခွေးတွေအူလို့အူ
ညဖက်ဆိုလဲ မြင်းသံ နွားလှည်းသံတွေ လူတွေစကားပြောနေတဲ့
အသံသဲ့သဲ့တွေ လူတိုင်းလိုလို
ကြားရပြီး လမ်းမထွက်ကြည့်ရင်
ဘာမှ မတွေ့ရပဲ အသံပလံတွေသာ
ကြားနေရတယ် နောက်ပြီး
မနက်ကျရင် ခြေရာလေးတွေ
ခြေရာကြီးတွေ နွားခွါရာတွေကလဲ
မနည်းမနှောတွေ့ကျရတယ်။

ပိုဆိုးတာက လူတွေလဲ တစ်နေ့တစ်ယောက် သေနေကျတယ်
ဒီနေ့ ရွာတောင်ပိုင်းက တစ်ယောက်
သေရင် နောက်နေ့ ရွာမြောက်ပိုင်း
ကြာလာတော့ လူတွေလဲ
လန့်ဖျန့်ပြီး မနေဝံ့တော့ပဲ ပြောင်း
ပြေးသူတွေ ‌ပြေးကျကုန်တယ်
လူတွေလဲ စိုးရိမ်ထိန့်လန့်နေကျပြီး
အလုပ်ပျက် အကိုင်ပျက်တွေ
ဖြစ်ကျတယ် ဆရာတွေပင့်
အစီရင်အမျိုးမျိုး လုပ်ပြီးရွာကြီးကို
ပြန်သန့်ကြည့်လဲ ဖြစ်မြဲတိုင်းပဲ
ဖြစ်နေလို့ ပင့်လာတဲ့ဆရာတွေတောင်ပြန်ပြေးကျရတယ်

အဲ့လောက်ကိုအခြေနေဆိုးလာလို့
ကပ္ပိယကြီးရှိတဲ့ဟော့ဒီရွာကို
လိုက်လာရတာဖြစ်တယ်

ဒီရောက်တော့ မင်းက ဒီလိုကိစ္စတွေကို အတွေ့ကြုံရှိထားတဲ့သူဖြစ်
ကြောင်းကို ငါသိလိုက်ရတော့
ဒို့ရွာကို ငါနဲ့တစ်ခါထဲလိုက်ပြီးကူ
ညီပေးစေချင်လို့ပါ။

ဦးဖြိုးမောင်က ” ကျုပ်ကို
ဘယ်လိုလဲ? ကူညီပေးမယ်မှတ်လားတဲ့ ကျုပ်ကိုအတင်းအကူညီ
ဝောာင်းနေတယ်ဗျ

ကျုပ်ကလဲ “အခုလို ကိုယ့်ကို
အားကိုးလို့ လာပြောတာကို
အားနာတာက တကြောင်း
ဒီလိုကိစ္စတွေကို ‌ဝါသနာပါပြီး
လက်လွတ်မခံချင်တာက
တကြောင်းဆိုတော့ စေတနာရယ်
ဝါသနာရယ်က ‌ကျုပ်ကို
ဒီကိစ္စကြီးထဲ မဖြစ်မနေ၀င်ပါခိုင်းနေပြီဗျ။

ကျုပ်လဲ” ဦးဖြိုးမောင်နဲ့လိုက်ပေးဖို့
သဘောတူပြီး ကတိပေးလိုက်တယ်
မနက်ဖြန်နံနက်စောစော သွားကျမယ် ပြောပြီး ကျုပ်”ကျောင်းက
ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ အဘနဲ့အမေကို
ဖြစ်ကြောင်းကို အသေးစိပ်ပြောပြပြီးကျုပ်ကိုသွားခွင့် ပြုဖို့ ကို
ခွင့်တောင်းလိုက်တယ်

နောက်နေ့ မနက်ရောက်တော့
ရွာဦးကျောင်းကိုသွားပြီး ဦးဖြိုးမောင်ကို ၀င်ခေါ်ကာ
တပင်တိုင်ရွာသို့ ကျုပ်တို့ခရီးဆက်
ကျတယ်ဗျ။

ခရီးမဆက်ခင် ကပ္ပိယကြီးက
မောင်သိန်း ဒီကတ္တိီပါရှုတ်အိတ်လေးကို အ‌သက်ဘေးကြုံမှ ဖွင့်ပါလို့
ကျုပ်ကို မှာပြီးပေးလိုက်တယ်ဗျ။

ဒီလိုနဲ့ ခရီးနှင်လာလိုက်တာ
ညနေလေးနာရီကျော်တော့
တပင်တိုင်ရွာကို ရောက်ခဲ့တယ်ဗျ

ရွာကြီးက အိမ်ခြေထောင်ကျော်
ရှိတယ်တာ ပြောတာ ခြောက်ကပ်
တိတ်ဆိတ်နေလို့ဗျို့

ကျုပ်တို့တတွေ ရွာထဲရောက်မှ
လူတွေက ဟိုနားတစ်စု ဒီနားတစ်စုနဲ့
မျက်တွင်းဟောက်ပတ်လေးတွေနဲ့
ကျုပ်တို့ရှိရာကို လာကျတယ်

ရွာသူကြီးဖြစ်တဲ့ ဦးဖြိုးမောင်
ကြီးက ကျုပ်ကို
မိတ်ဆက်ပေးကျပြီး
ရွာက ပြဿနာတွေကို ကျုပ်က
ကူညီပေးဖို့ရောက်လာတယ်
ပြောတော့ အကုန်လုံးက
မယုံကြည်နိုင်သလို အံဩမှင်သက်
ကျတယ်။

အဲ့ဒီရွာသားများအနက် ‘ ဘိုးအောင်ရင်ဆိုတဲ့ဘကြီး ကျုပ်ကိုကြည့်ပြီး
သူကြီး ခေါ်လာတဲ့ ဆရာလေးက
ငယ်ငယ်ပဲရှိသေးတယ် ဖြစ်ပါ့မလားတဲ့?

ကျုပ်က ” အဘကြီးခဗျာ
ကျုပ်ကအထက်လမ်း‌‌ဆရာတစ်‌ယောက်မဟုတ်သလို
ဘာဆရာမှလဲ မဟုတ်ပါဘူး
ထွပ်ရပ်‌ပေါက်ပုဂ္ဂိုလ် ဂန္ဓာရီဆရာကြီးတွေရဲ့ခရီးအတူထွက်
ဖူးပြီး သူတို့ရဲ့တပည့်ဖြစ်ခဲ့ဖူးရုံသာပါဗျာ။

ဒါပေမဲ့” ဒီရွာကို လိုက်လာရတဲ့
အကြောင်းရင်က ဂန္ဓာရီဆရာကြီး
ဦးရွှေမိုးရဲ့ စေလွတ်မှု့နဲ့သာ
ရောက်လာရခြင်းဖြစ်ပါတယ်ဗျ

ကျုပ် ” စကားဆုံးတော့ ‌သူကြီး
ဦးဖြိုးမောင်ကလဲ ဟုတ်ပါတယ်ဗျာ
ဒီသူငယ်လေးက ဒီလိုကိစ္စတွေ
ဖြေရှင်းတဲ့နေရာမှာ အတော့်ကို
အတွေ့ကြုံရှိပါတယ် သတ္တိလဲ
အင်မတန်မှကောင်းလို့ ကျုပ်ခေါ်
လာတာပါ အားလုံးပဲ စိတ်မပူကျပါနဲ့လို့ ကျုပ်ကိုကူပြောပေးတယ်။

ကျုပ်ကိုထမင်းဝိုင်းတွေပြင်ပေးပြီး
သေချာကျွေးမွေးပါတယ်
ကျုပ်လဲ” ထမင်းစားရင်း ဒီကိစ္စကို
ဘယ်ကနေစပြီး ဖြေရှင်းရမလဲ
ဆိုပြီး စဉ်းစားနေတုန်း။

ရွာထဲကလူတွေ အထိန့်တလန့်နဲ့
အော်ဟစ်နေကျတယ် ကျုပ်လဲ
ကပြာကယာ လက်ဆေးပြီး
ပြေးဆင်းပြီး သွားကြည့်တော့
ဟုတ်ပဗျာ ” လူတွေအော်ဟစ်
နေကျတာလဲ ပြောမနေနဲ့
အရိပ်မည်းမည်းကြီးတွေက
ဂီးးးးးဂစွးးးးးအားးးးဆိုတဲ့အသံ
မျိုးစုံဖြင့် ရွာထဲက ခြံဝိုင်းထဲက
နေရာမျိုးစုံမှာ တွေ့မြင်နေကျရတာ
ကျုပ်တောင် ” အံ့အားသင့်ပြီး
ဆရာကြီး‌ဦးကံရှိန်ပြောတာသွား
သတိရတယ် စည်းပေါက်သွားတဲ့
ရွာကြီးဆိုတာကိုပေါ့” အဲ့ဒါကို
ကျုပ်သွားပြီး သတိရသွားတယ်
ဆရာကြီးက မကြာခဏပြောတယ်
ရွာတစ်ခုမှာ သူ့စည်း သူ့အစောင့်
ရှောက်ဖြင့် တည်ရှိနေရင်
မဖဲဝါလို သင်္ချိုင်းရှင်မကြီးတောင်
ရွာကို နတ်မင်းကြီးတွေရဲ့ခွင့်ပြု
ချက်မရပဲ ၀င်ထွက်သွားလာခွင့်
မရှိဘူးတဲ့ အခုလို စည်းပေါက်သွားတဲ့ ရွာမျိုးဆိုရင် မဖဲဝါမပြောနဲ့
သင်္ချိုင်းထဲက မကောင်းဆိုးဝါးကြီး
တွေ မကောင်းဆိုးဝါးလေးတွေက
အလွယ်တကူ၀င်ထွက်သွားလာ
ရွာကို အကာရံ အရံအတားမရှိတဲ့
မသာအိမ်ကြီးလို ၀င်’ထွက်သွားလား
နေနိုင်ကျတယ်တဲ့။

အခုလဲ တပင်တိုင်ရွာရဲ့အဖြစ်က
‌ဆရာကြီးဦးကံရှိန်ပြောသလို
ဖြစ်နေပြီပေါ့ဗျာ

အဲ့လိုဖြစ်ရင် ” အရင်ဆုံးလုပ်ရမှာက
ရွာထဲကလူတွေက ရှိသမျှ အိုးခွက်
သံပုံးများကို တီးကာ နှင်လွတ်ရတယ်
တဲ့ ဒီနည်းက ရေရှည်တော့မရဘူးဗျ
ခဏတဖြုတ်ပဲ မကောင်းဆိုးဝါး
ကြီးတွေကို မောင်းထုတ်နိုင်တယ်

ဘာပဲပြောပြော ကျုပ်လဲလတ်တလော ရှင်းထုတ်ရတဲ့
အနေနဲ့လူတွေကိုသံပုံးတွေ
ဝိုင်းတီးခိုင်းလိုက်တာ ဟုတ်ပဗျာ
အရိပ်မည်းမည်းကြီးတွေက
‌သင်္ချိုင်းဘတ်သို့ ပြေးကျတာဗျ
တရိပ်ရိပ်နဲ့ နည်းတာမဟုတ်ဘူး
နွားတွေကို ခြံထဲကထုတ်ပေးလိုက်
သလို ပြေးလွှားနေကျတာ
ကျုပ်လဲ ” အင်းတော်အစောင့်တွေကို
တိုင်တည်ပြီး မကောင်းဆိုးဝါးတွေကို မြင်နိုင် ကြားနိုင်အောင်
ပြုလုပ်ပေးပါလို့ ပြောလိုက်တော့

ဟုတ်ပဗျာ ” တွေ့ရပြီဗျို့
နည်းတဲ့မကောင်းဆိုးဝါးတွေလား
တပင်တိုင်ရွာရဲ့ ဇီးကုန်းသင်္ချိုင်းကို
ပြေး၀င်သွားကျတာဗျ

ကျုပ်” ကြည့်လိုက်တော့
သင်္ချိုင်းထဲ၌ ပြေးလာသော
သရဲများကို ‌မျက်ထောက်နီနီကြီးနဲ့
ရွာဘတ်ကို လက်ညိုးထိုး၍
အတင်းပြန်လွတ်နေသော
သင်္ချိုင်းရှင်မ မဖဲဝါကြီးကို
ကျုပ်တွေ့လိုက်ရတယ်ဗျ

ကျုပ်လဲ ကပ္ပိယကြီးဦးရွှေမိုး
ပေးလိုက်သော ပိုးကတ္တီပါရှုတ်
အိတ်လေးကို ကိုင်ယူ၍
သင်္ချိုင်း၀ဘတ်သို့ သွားတယ်ဗျ

သင်္ချိုင်းထဲမှာရှိတဲ့ မဖဲဝါကြီးနဲ့အတူ
နှစ်ချို့သရဲကြီးတွေက ကျုပ်ကို
မျက်ထောက်နီနီ အစွယ်ဖွေးဖွေးကြီးတွေနဲ့ စိုက်ကြည့်နေကျတယ်

ကျုပ်လဲ” သင်္ချိုင်းထဲမ၀င်ပဲ
သင်္ချိုင်း၀မှာပဲ ရပ်နေပြီး
အခုလိုတိုင်တည်၍ မေတ္တာရပ်ခံတယ်လိုက်တယ်ဗျ

သင်္ချိုင်းရှင်မကြီး ‘ မဖဲဝါ
ဤရွာ၌ရှိကျသော မိုက်မဲသော
ရွာသားတချို့ရဲ့ နုတ်၏မစောင့်
စည်းမှု့ကြောင့် ပါးစပ်သရမ်းမှု့ကို
‌ဗွေမယူပဲ ရွာသားတွေရဲ့
အပြစ်ကို ခွင့်လွတ်ပေးပါလို့
အားလုံးရဲ့ကိုယ်စား တောင်းပန်အပ်ပါတယ်။

ကျုပ်လဲ လက်အုပ်ချီ၍ ‌တောင်းပန်တော့ မဖဲဝါက ဒီရွာက ပါးစပ်သရမ်း
သူတွေကြောင့် ရွာက တစ်နေ့တစ်ယောက်နှုန်းလူသေရမဲ့ကပ်ဆိုး
ဆိုက်ရောက်မှု့ကြီး ဖြစ်သွားပြီ
စည်းချိုးပေါက်မှု့ကြောင့် ငါ့ရဲ့
သင်္ချိုင်းမှာရှိကျတဲ့ နှစ်ချို့သရဲကြီးတွေက လူစားလဲမှု့ပြုလုပ်ကျတာကို
ငါလဲ မတားဆီးနိုင်ဘူး‌တဲ့

ကျုပ်ကို ပြောတယ်ဗျ

နှစ်ချို့သရဲကြီးတွေကလဲ ကျုပ်ကိုပါရန်မူဖို့ ‌ကျုပ်ဆီကိုပြေးလာကျတယ်ဗျ ကျုပ်လဲ အသက်အန္တရယ်ရှိလာမို့ကပ္ပိယကြီးပေးလိုက်သော
ကတ္တီပါရှုတ်အိတ်လေးကို အလျှင်အမြန်ထုတ်လိုက်တော့ တစ်ပေပတ်လည် လောက်ရှိတဲ့ အင်းတချပ်နဲ့အတူ နံ့သာနီဖြင့်ထုဆစ်ထားသော
ဘိုးတော်ရုပ်လေးတစ်ရုပ်သာ
ဖြစ်နေတော့တယ် ကျုပ်လဲရွေးချယ်
မှု့မရှိတော့တာကြောင့် အင်းချပ်ကို
လက်ဝါးပေါ်တင်၍ သရဏဂုံသုံးကို
ရွတ်ဆို၍ ကျုပ်ဆီကို အပြေးလာ
ကျတဲ့ သရဲကြီးများဆီကို
အင်းချပ်အား ပစ်လွတ်လိုက်တယ်ဗျ

အုန်းးးးးး‌ဆိုတဲ့ ထပေါက်ကွဲတဲ့အသံကြီးက နားမခံနိုင်အောင်ဆူထွက်လာပြီး မီးခိုးများလဲ အလိမ့်လိုက်တက်လာတယ်ဗျ

မီးခိုးတွေ ပျောက်ကွယ်သွားတော့
သရဲကြီးတွေ သရဲလေးတွေက
မြေပြင်ပေါ်၌ လူးလိမ့်နေတာကို
အံ့ဩစွာ ကျုပ်တွေ့ရတယ်
မဖဲဝါတစ်ဦးသာ အုတ်ဂူပေါ်၌
မတ်တပ်ရပ်နေတယ်ဗျ

မဖဲဝါက ကျုပ်ဆီကိုတည့်တည့်လာနေတော့ ကျုပ်လဲ လက်ထဲက
ဘိုးတော်အရုပ်ကို မြေပြင်ပေါ်သို့
ပစ်ချလိုက်တော့

အမလေး ဘုရား”
ထူးဆန်းလိုက်ပါဘိ
ကျုပ်အံဩမှင်သက်၍ ဘုရားတလိုက်ရတယ် ကျုပ်ပစ်ကျလိုက်သော
အရုပ်လေးက ၀တ်ဖြူစင်ကြယ်နဲ့
ဘိုးတော်တစ်ဦးဖြစ်သွားပြီး
ထိုဘိုးတော်သည် တခြားသူမဟုတ်
ဆုံးပါးကွယ်လွန်သွားတဲ့ ဂန္ဓရီ
ဆရာကြီး ဦးကံရှိန်ကိုယ်တိုင်
ဖြစ်နေလေတော့တယ် ကျုပ်လဲ
ထူးဆန်းစွာဖြင့် ကြည့်နေလေတော့တယ်။

ဆရာကြီးဦးကံရှိန်ကိုတွေ့တော့
မဖဲဝါကိုယ်၌က လက်အုပ်ချီကာ
ရပ်နေလေတော့တယ် ဆရာကြီးသည် သင်္ချိုင်းရှင်မအား
ရွာသားတွေရဲ့ အမိုက်အမဲများနဲ့
အသက်များအား ချမ်းသာခွင့်ပေးဖို့
မေတ္တာရပ်ခံပေးလေတော့
မဖဲဝါနဲ့ သရဲကြီးများလဲ ခေါင်းညိတ်ကာ ပျောက်ကွယ်သွားကျတယ်ဗျ
ဆရာကြီး ဦးကံရှိန်သည် ဆေးဓာတ်လုံးလေးအား ကျုပ်ကိုပေး၍
ရွာထဲက နာမကျန်းသူများနဲ့
နေရာအနှံအပြားကို ဓာတ်လုံစိမ်ထားသောရေစင်ဖြင့် ပက်ဖျန်း၍
ရွာကိုသန့်ဇင်စေဖို့ မှာကြားပြီး
ကျုပ်ကြည့်နေစဉ်ပဲ ဆရာကြီး
ပျောက်ကွယ်သွားတော့တယ်
ကျုပ်စိတ်ထဲမှာ ဆရာကြီးကိုမြင်တွေ့တော့ ၀မ်းနည်း ၀မ်းသာမှု့စိတ်ခံစားချက်ကြီးဖြစ်ပြီး ရွာထဲကိုပြန်လာခဲ့တယ်ဗျ။

ရွာထဲရောက်တော့ အန္တရယ်မရှိတော့ကြောင်းနဲ့ ရွာသားတွေကို
ဆရာကြီးမှာကြားခဲ့တဲ့အတိုင်းပြုလုပ်ဆောင်ရွက်ပေးပြီး
ကျုပ်လဲ ” ရွာကိုပြန်လာခဲ့တယ်
ရွာရောက်တော့ ကျုပ်အိမ်ကိုတန်းမသွားပဲ ကပ္ပိယကြီးဦးရွှေမိုးကို
သွားတွေ့၍ ဆရာကြီးနဲ့ကြုံခဲ့ကြောင်းကိုသွားပြောတော့

ကပ္ပိယကြီးက ”
ဆရာကြီးဦးကံရှိန်က
ထွက်ရပ်ပေါက်လမ်းကို အသေထွက်
ထွက်သွားကြောင်းနဲ့ ဝိဇ္ဇာပုဂ္ဂိုလ်ထူးကြီးဖြစ်နေကြောင်းကို ကျုပ်ကို
ရှင်းပြပြီး တပင်တိုင်ရွာရဲ့ကိစ္စကို
အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ညွန်ကြားမှု့ကိုရထားပေမဲ့ သူကိုယ်တိုင်လိုက်၍
မဆောင်ရွက်ရတဲ့အကြောင်းရင်းက
ကျုပ်နဲ့ဆရာကြီးဦးကံရှိန်ကို
ဆုံစေချင်‌တာကြောင့်ဖြစ်တယ်လို့
ကပ္ပိယကြီးက ကျုပ်ကို ရှင်းပြတယ်ဗျ။

အဲ့တော့မှ ကျုပ်လဲစိတ်ချမ်းသာ
နိုင်တော့တယ်ဗျာ။

စာဖတ်သူများအား ကျေးဇူး
အထူးတင်ရှိပါသည်။

(ကပ္ပိယလေး ကြွက်ပုတ်)