ပြောဆိုနေကြတာပဲ
ဆရာကြီး”
“ဟင်း ဆရာကြီးလိုက်ခဲ့ပေးမယ် ဘာမှစိုးရိမ်မနေကြနဲ့ ငါ့တူတို့ထင်သလိုတော့
ဖြစ်နိုင်မယ်မထင်ဘူး ဆရာကြီးစိတ်ထင်
အမှားတစ်ခုခုရှိနေသလိုပဲ”
“ရွာမှာငါးယောက်မြောက်သေပြီးတဲ့နေ့
ဘုန်းတော်ကြီးတွေ ပင့်ပြီးပရိတ်ရွတ် တရားနာကြသေးတယ် အားလုံးကအန္တရာယ်ဆိုးကြီးကနေလွတ်မြောက်
ကြပြီထင်ကြတယ်”
“ဒါပေမယ့်ပရိတ်ရွတ်ပြီးနောက်နေ့
ဆတ်တိုက်သေတာပဲ အဲဒါနဲ့ ဆင်ကူးရွာက
စုန်း တစ္ဆေ အောက်လမ်း ကဝေနိုင်တယ်ဆိုတဲ့
ဆရာမှက်ကိုပင့်ပြီး အစီရင်တွေလုပ်ခိုင်းကြသေးတယ်”
“သူလုပ်နေတဲ့ အချိန်မှာပဲ တစ်ယောက်သေသွားတယ် နောက်နေ့လည်းတစ်ယောက်သေတယ် တစ်နေ့တစ်ယောက်ပုံမှန်သေနေကြတယ်
ဘာရောဂါမှလည်းမဖြစ်ဘူး”
“အခုဆိုရွာသားတွေအားလုံးမနက်ဖြန်ဘယ်သူ
သေမလည်း သူလားကိုယ်လားဆိုပြီး အကြောက်လွန်နေကြပြီဆရာကြီး”
“ကျွန်တော်တို့ ရွာသားတစ်ယောက် ဒီရွာသား
ကိုကြွက်နီ နဲ့ဆုံမိပြီး ရွာမှာလူတွေတစ်နေ့တစ်ယောက်သေနေတဲ့
အကြောင်းပြောပြတော့
သူကဘာမှမပူနဲ့ ငါတို့ရွာကိုလာခဲ့ဆိုလို့
လာခဲ့တာပါ”
“သူကဆရာကြီးဆီကို လမ်းညွှန်ပြီးလွှတ်လိုက်လို့
လာခဲ့တာပါ”
“ဟင်း ဒီနေ့မနက်ပိုင်းလူသေသွားပြီဆိုတော့
မနက်ဖြန်ထပ်ပြီးမသေအောင် ဆရာကြီးတာဝန်ယူဖြေရှင်းပေးမယ်”
“အခု ၁၁နာရီကျော်ပြီဆိုတော့ ငါ့တူတို့ရွာကို
ညနေပိုင်းရောက်ရင် အချိန်မှီပါတယ်”
“ကျွန်တော်တို့မှာလှည်းပါပါတယ်ဆရာကြီး
ကိုကြွက်နီအိမ်မှာဖြုတ်ထားခဲ့တယ်
ကျွန်တော့်နာမည်က သန်းအောင်ပါ
သူ့နာမည်ကနေရောင်ပါ”
“ဒါနဲ့မောင်သန်းအောင်တို့ ထမင်းစားသောက်ပြီးပြီလား
မစားရသေးရင် ဆရာကြီးအိမ်မှာစားသွား
ဆရာကြီးကစောစောကပဲစားပြီးသွားတယ်”
“ကျွန်တော်တို့ကိုကြွက်နီတို့အိမ်က စားခဲ့ပြီးပါပြီ
သူ့အိမ်အရောက် ထမင်းဝိုင်းနဲ့တန်းတိုးလို့
တစ်ခါထဲဝင်စားခိုင်းတာနဲ့ အားမနာနိုင်ဘဲ
ဝင်စားခဲ့တယ် ဆရာကြီး”
“ကဲဒါဆို သွားလို့ဖြစ်ပြီပေါ့ မောင်သန်းအောင်တို့
လှည်း သည်ကိုသွားကောက်ခဲ့ ဆရာဒီမှာ
ယူစရာရှိတာယူလိုက်ဦးမယ်”
“ဟုတ်ကဲ့ ဆရာကြီးကျွန်တော်တို့လှည်းသွား
ကောက်ခဲ့ပါ့မယ်”
ဦးသန်းအောင်နှင့်ဦးနေရောင်တို့အိမ်ပေါ်ကဆင်းသွားသည်
၁၀မိနစ်ခန့်ကြာတော့ အိမ်ရှေ့ကိုလှည်းရောက်လာသဖြင့်
ဆရာကြီးဘိုးရှိုင်းလည်းအိမ်ပေါ်မှဆင်းလာပြီး
လှည်းပေါ်တက်ကာလိုက်ပါသွားတော့သည်
“ဆရာကြီးနေပူနေပြီ ထီးပေး ကျွန်တော်ဆောင်းပေးမယ်”
“နေနေ အခုလောက်အပူကိုတော့ ဆရာကြီးမမှုပါဘူး တစ်နာရီကျော်နှစ်နာရီဝန်းကျင်
ရောက်မှပဲဆောင်းတော့မယ်”
ဆရာကြီးဘိုးရှိုင်းက ဇနီးဖြစ်သူပေးလိုက်သော
ထီးကိုယူခဲ့ရသော်လည်း နေပူပူမှာဂုန်းဆွဲနေရသော နွားနှစ်ကောင်ကို
သနားစိတ်နှင့်ထီးမဆောင်းပဲနေခြင်းဖြစ်သည်။
“ကျွန်တော်တို့လည်း ရင်ထဲမှာရှိတဲ့အပူက
နေပူဒဏ်ထက်ပိုပူနေပြီး ဆရာကြီးနွားတွေနေပူနေမှန်းသိပေမယ့်
အချိန်မှီရွာမရောက်လို့မဖြစ်ဘူး ရွာကလူတွေလည်း တမျှော်မျှော်ဖြစ်နေလောက်ပြီ”
“အခုနေပြန်မှ ရွာကိုနေ့နှစ်နာရီကျော်ကျော်ပြန်ရောက်မှာ”
ပြာသိုလဆုတ်ရက်ဖြစ်၍ဆောင်းရာသီထဲဝင်နေပြီး
နေပြင်းပြင်းပူသော်လည်း နွေရာသီကဲ့သို့ချွေးတပြိုက်ပြိုက်မထွက်
အပူချိန်က လွန်လွန်ကဲကဲမပူလှ
နှစ်နာရီခွဲခန့်ရောက်မှ လေးအိမ်စုရွာသို့ရောက်ကြသည်
လမ်းမှာပေါက်ကုန်း ကျခတ်စု မအူတန်းရွာသုံးရွာ
ကိုဖြတ်ခဲ့ကြရသည်
လေးအိမ်စုရွာမှ အချို့မိသားစုများမိမိတို့ဆွေမျိုးသားချင်းများရှိရာသို့ ပြောင်းကြကုန်ပြီဟုပြောသည်
လေးအိမ်စုရွာမှာအိမ်ခြေလေးရာကျော်မျှ
ရှိပြီး လူဦးရေနှစ်ထောင်ကျော်မျှရှိသော
ရွာကြီးတစ်ရွာဖြစ်ကြောင်းဆရာကြီးအားပြောပြ
သည်
ရွာထဲဝင်တော့ သစ်ပင်အုပ်အုပ်နှင့်
ရွာသင်္ချိုင်းကိုဖြတ်လာရသည်
ဆရာကြီးဘိုးရှိုင်း သင်္ချိုင်း ကိုအကဲခတ်လိုက်သည်
သင်္ချိုင်းထဲရှိ သစ်ပင်များပေါ်မှ ကျီးကန်းအချို့
ဝေါကနဲထပျံသည်ကိုတွေ့လိုက်သည်
“အင်းငါလာတာကိုသိလို့အချက်ပြတာပဲ”
ဆရာကြီးစိတ်ထဲကမှတ်ချက်ချပြီးအသာအယာ
လိုက်ခဲ့သည်
အိမ်တစ်အိမ်ထဲလှည်းမောင်းဝင်ခဲ့သည်
“ကျွန်တော်တို့အိမ်ပဲ ဆရာကြီး”
ဦးနေရောင်ကဆရာကြီးအား အိမ်မှာနေထိုင်ရန်
စီစဉ်ထားကြောင်းပြောပြသည်
လှည်းရပ်ပြီး နွားဖြုတ်ရန်ပြင်ဆင်နေသဖြင့်
ဆရာကြီးဘိုးရှိုင်းလည်း လှည်းပေါ်မှ ဦးသန်းအောင်လက်ကိုမှေးကိုင်ရင်းဆင်းလိုက်
သည်။
“ကိုရင်သောင်းဟန် ဆရာကြီးကိုအိမ်ပေါ်ပင့်သွား”
အိမ်လှေခါးရင်းမှာရပ်ပြီးအခြေအနေကိုအကဲခတ်
ကြည့်ရှုနေသော လူတစ်ယောက်ကို ကိုသန်းအောင်
ကလှမ်းအော်လိုက်သည်။
“ကြွပါဆရာကြီး ဒါကိုနေရောင်တို့အိမ်ပါ ဆရာကြီး ဒီအိမ်မှာလွတ်လွတ်လပ်လပ်နေနိုင်ပါတယ်”
ကိုသန်းအောင်ကဆရာကြီးအနီးရောက်လာပြီး
“ဆရာကြီး အပေါ်ကြွပါ ကျွန်တော်အိမ်ခဏလေးပြန်ပြီး ပြန်လာခဲ့ပါ့မယ်
ကျွန်တော့်အိမ်က ဟိုမျက်စောင်းထိုးကအိမ်ပါ
ဆရာကြီး”
“အေးအေး သွားသွား ဒါနဲ့ဒီရွာမှာ တာဝန်ရှိတဲ့
လူကြီးပိုင်းတစ်ယောက်နှစ်ယောက်ခေါ်ပေး
ဒါမှသေသေချာချာ သိရမှာ”
“ကိုသန်းအောင်ရေ ဥက္ကဌကြီးနဲ့ ကိုပြုံးချိုတို့ကို
သွားခေါ်ခဲ့ ခင်ဗျားမသွားချင် တစ်ယောက်ယောက်ကိုခေါ်ခိုင်းလိုက်ဗျာ”
“ကိုရင်သောင်းဟန် ဥက္ကဌကြီးကိုလူခင်ကို
ခင်ဗျားသွားခေါ်လိုက် ကျုပ်ကအတွင်းရေးမှူး
ကိုပြုံးချို ကိုသွားခေါ်ခဲ့မယ်”
“နေနေ ကိုရင်သောင်းဟန် အဲဒီမှာ ဆရာကြီး
တို့ဖို့ ရေနွေးကြမ်းတို့ လက်ဖက်သုတ်တို့စီစဉ်ခိုင်း
အေးမိကိုခိုင်း ခင်ဗျားက ဆရာကြီးနဲ့စကားပြောနေတုန်းကျုပ်ပဲ
အတွင်းရေးမှူးအိမ်ကိုသွားလိုက်မယ်”
ကိုသန်းအောင်က ကိုရင်သောင်းဟန်အား
မခိုင်းတော့ဘဲသူကိုယ်တိုင်သွားခေါ်တော့မည်ဟုဆိုသည်
ဦးနေရောင်က နွားများကိုရေတိုက်အစာကျွေးခြင်းတို့ကို
နွားတင်းကုတ်ထဲမှာ အပြီးလုပ်ပြီး လက်ဆေးကာ
အိမ်ပေါ်တက်လာခဲ့သည်
ဦးသန်းအောင်ထွက်သွားပြီးမကြာခင်
အိမ်ထဲသို့အသက်ကြီးကြီးလူကြီးတစ်ယောက်နှင့်
အသက်၄၀ ဝန်းကျင်လူတစ်ယောက်ဝင်လာသည်
“ဟာ ကိုပြုံးချို လာ အတော်ပဲ ခင်ဗျားနဲ့
ဥက္ကဌကြီးတို့ကိုခေါ်မလို့ ကိုသန်းအောင်ထွက်သွားတယ်”
” ဒီလူနဲ့လွဲသွားပြီပေါ့ ကျုပ်တို့နာရေးအိမ်က
လာခဲ့တာ နာရေးကဆက်နေတော့ ဒီနေ့သေ
ဒီနေ့ချလုပ်နေရတယ် ဥက္ကဌကြီးကဘုန်းကြီး
ကျောင်းမှာလားမသိဘူး”
“စောစောက ကိုဝင်းဖေကပြောတယ်
နေရောင်တို့ လှည်းပြန်လာတာတွေ့လိုက်တယ်
လို့ပြောတာနဲ့ စကားဖြတ်ပြီးထွက်လာခဲ့ကြတာ
ဟိုပါလာရဲ့လား”
“ဆရာကြီးပါလာတယ် အိမ်ပေါ်တက်ပါဆရာကြီး”
“ဆရာကြီးဒီကိုပြုံးချိုက ဒီရွာရဲ့အတွင်းရေးမှူးလေ
ဒါကဒီရွာရဲ့ကျောင်းအုပ်ဆရာကြီးဦးလှကိုပဲ
ရွာမှာအလယ်တန်းကျောင်းရှိတယ်ဆရာကြီး”
“အခု ရွာမှဖိတ်စင်သွားတဲ့ လူ၁၅ယောက်က
ကလေးသူငယ်တွေရောပါသေးလား”
“ပါတယ်ဆရာကြီး ကိုးနှစ်သားတစ်ယောက်
ဆယ့်လေးနှစ်သမီးတစ်ယောက်ပါတယ်ကျန်တာကတော့ လူကြီးတပိုင်းတွေပဲ
ကလေးနှစ်ယောက်က ဒီဆရာကြီး တပည့်တွေ”
ထိုစဉ် ဦးသန်းအောင်နှင့်အတူ အသက်၇၀ဝန်းကျင်
လူကြီးတစ်ယောက်ပါလာသည်
ကျေးရွာကောင်စီဥက္ကဌ ကြီးဖြစ်ကြောင်း ဆရာကြီးအား ဦးနေရောင်ကရှင်းပြသည်
“ကိုလူခင် ဘုန်းကြီးကျောင်းရောက်နေတယ်ဆို”
“သက်ပျောက်ဆွမ်းကပ်ပြီး ကျောင်းလိုက်သွားတာ
ကျောင်းမှာသွားနေတော့ စိုးရိမ်စိတ်နည်းနည်းပေါ့သွားတယ်”
“ဥက္ကဌကြီးက ငယ်တဲ့လူတွေစိုးရိမ်ကြောက်လန့်ဖို့
ထားဦးမွေပါ့”
“ကြီးကြီးငယ်ငယ်ကြောက်တာပေါ့ကွ”
ဥက္ကဌကြီးကိုလူခင်က ဆရာကြီးအနီးမှာနေရာပေးသဖြင့်ဝင်ထိုင်လိုက်
သည်။
“ဆရာကြီးကျွန်တော်တို့ရွာအကြောင်းသိပြီး
ရောပေါ့”
“မောင်သန်းအောင်တို့မောင်နေရောင်တို့
ပြောပြထားလို့ သိတန်သလောက်သိပြီးပါပြီ
ညဘက်တွေမှာဘာထူးခြားတာရှိလဲ”
“ည ညဉ့်နက်ပြီဆိုခွေးအူသံပုံမှန်ကြားလာရတယ်
အခုလိုအဖြစ်ဆိုးမျိုးမကြုံခင်ကဆို
ခွေးအသံညစဉ်ကြားရတယ်
ခွေးအူသံက ညဦးပိုင်းဖြစ်ချင်ဖြစ်မယ်
ညဉ့်နက်သန်းကောင်ဖြစ်ချင်ဖြစ်မယ်”
“ပုံမှန်မဟုတ်ဘူး အခုလူတွေသေပြီးနောက်ပိုင်း
ည၁၁နာရီဝန်းကျင်ဆို ရွာသင်္ချိုင်းဘက်ကစပြီး
ခွေးအူသံကြားလာရတယ် ရွာဆုံးမှရပ်သွားပုံပဲ”
“ခွေးအူသံကို သိပြုမိပြီးနောက်ပိုင်းနေ့စဉ်
ရက်ဆက်တစ်ရက်တစ်ယောက်ပုံမှန်ပဲဆရာကြီး”
“ဆရာကြီးကျွန်တော်တို့ရွာကိုကယ်တင်ပေးပါ
ဆရာကြီးရဲ့လက်ကိုအပ်ပါတယ်”
ဥက္ကဌကြီးဘိုးလူခင်က ဆရာကြီးဘိုးရှိုင်းဟာ
အားကိုးတကြီးအကူအညီတောင်းနေသည်
ဆရာကြီးကဘာမှမပြောလက်ဝါးကာပြလိုက်ပြီး
ထိုင်နေရာမှထကာ ဘုရားစင်ရှေ့သွားရပ်သည်
“ဖယောင်းတိုင်ရှိလားကွဲ့”
“ဟယ် ကိုနေရောင် ရှင့်သားကိုဖယောင်းတိုင်
သွားဝယ်ခိုင်းဦး”
“နေနေ ဆရာကြီးလွယ်အိတ်ထဲမှာ ဘီစိုစီတစ်ထုပ်ပါတယ်ဝယ်မနေနဲ့တော့”
“အား အားနာလိုက်တာဆရာကြီး”
ဆရာကြီးကဘာမှပြန်မပြောလွယ်အိတ်ထဲမှ
ဖယောင်းတိုင်ထုတ်ကို ယူသွားပြီးဘုရားစင်မှာ
သုံးတိုင်ထွန်းကာမီးပူဇော်နေသည်
ဒေါ်အေးမိက သားဖြစ်သူအား ပိုက်ဆံထုတ်ပေးပြီး
ဖယောင်းတိုင်တစ်ထုတ်သွားဝယ်ခိုင်းနေသည်
“သောက်တော်ရေပြင်ပေးဦး”
ဘုရားစင်မှာဆက်ကပ်ထားသော
သောက်တော်ရေခွက်ကိုစွန့်ပြီး ဦးနေရောင်၏ဇနီးအားလှမ်း၍ပေးလိုက်သည်
ခဏနေသောက်တော်ရေခွက်ကမ်းပေးသဖြင့်
ဆရာကြီးကလှမ်းယူပြီးတစ်ခါတည်းဆက်ကပ
်လိုက်သည်
ဆရာကြီးဘုရားထိုင်ရှိခိုးနေသည်
အချိန်ကလေးနာရီကျော်ပြီးဆယ့်ငါးမိနစ်
ခန့်ကြတော့ ဘုရားကိုဦးချရှိခိုးလိုက်သည်
“ကဲ လူငယ်တချို့ ကို ပေါက်တူးယူခိုင်းလိုက်
ဆရာတို့သင်္ချိုင်းထဲ သွားကြမယ်
ပထမဆုံးဘယ်သူစပြီးသေတာလဲ”
“သံချောင်းပါဆရာကြီး”
“အေး အဲဒီသံချောင်းရဲ့ မြေပုံကိုသွားတူးဖော်ကြမယ်ဘာမှားထားလဲ
အဲဒီကြတော့ သိရမယ်”
ဦးသန်းအောင်က
“ဥက္ကဌကြီးလိုက်ဦးမလား”
“မလိုက်တော့ဘူး ငါဒီမှာပဲစောင့်နေမယ်
ပြုံးချို မင်းလိုက်သွား”
ဥက္ကဌကြီးက အတွင်းရေးမှူးပြုံးချိုအား
ထည့်လိုက်သည် ကျေးရွာခံလူကြီးခြောက်ယောက်
လူငယ်သုံးယောက်နှင့်ဆရာကြီးတို့လေးအိမ်စု
ရွာသင်္ချိုင်းသို့ ထွက်လာခဲ့ကြသည်
မိနစ်၂၀နီးပါးလျှောက်လိုက်ကြမှ ရွာပြင်သင်္ချိုင်း
သို့ရောက်ခဲ့ကြသည်
သင်္ချိုင်းအတွင်း ဂူများများစားစားမရှိ ဟိုနားတစ်ခု
သည်နားတစ်ခု အလုံး၂၀ဝန်းကျင်ခန့်သာရှိသည်
မြေပုံအသစ်တော်တော်များများတွေ့ရသည်
၁၅ရက်ခန့် လူများဆက်တိုက် သေဆုံးနေကြသည့်
အတွက် မြေပုံအသစ်များကိုအစုလိုက်
တွေ့ရခြင်းဖြစ်သည်။
“ဒီမြေပုံလား”
“မဟုတ်ဘူး ဦးလေးတို့ဒီဘက်ကိုလာ ကိုသံချောင်း
မြေပုံကဟိုမှာသူ့ကိုမြေချတုန်းက ကျွန်တော်တို့
ပါတယ်”
လူငယ်တစ်ယောက်ညွှန်ပြသောနေရာသို့ထွက်
လာကြသည်
” ဒီမြေပုံဟုတ်တယ် သံချောင်းရဲ့ အသုဘမြေချတော့ ကျုပ်လည်းပါတယ်
ဒီမြေပုံက သံချောင်းရဲ့မြေပုံပဲ”
“ဒါဆို စတူးတော့”
“နေကြဦး ဆရာကြီးပိုင်ရာဆိုင်ရာ တွေကို
ခွင့်တောင်းလိုက်ဦးမယ် ဆရာကြီးကတူးဆိုတာနဲ့
ပြေးတူးကြ”
ဦးသန်းအောင်က သူ့လူများကို မြေပုံတူးခိုင်းစဉ်ဆရာကြီးဘိုးရှိုင်းက ခေတ္တစောင့်
ခိုင်းထားပြီး မျက်လုံးမှိတ်ကာ ပါးစပ်မှ ခွင့်တောင်းသည့် စကားမျိုးပြောဆိုနေသည်
“ကဲ တူးကြတော့”
ဆရာကြီးကတူးခိုင်းသည်နှင့်လူငယ်နှစ်ယောက်
လည်းခြေရင်းဘက်နှင့်ခေါင်းရင်းဘက်တို့မှ
မြေများကိုပေါက်တူးဖြင့်ယက်ထုတ်နေသည်
လွန်ခဲ့သော၁၅ရက်ခန့်ကမှ မြေဖို့ထားသဖြင့်
ပေါက်စရာမလိုပဲ အလွယ်တကူယက်ထုတ်၍ရနေသည်
၁၅မိနစ်အတွင်းအခေါင်းပေါ်လာသည်
“မပုပ်နံ့တွေထွက်နေတယ်ဖွင့်လိုက်ရမလား”
“အေး ပေါက်တူးအသွားနဲ့ နည်းနည်းလောက်
ကလှပ်ကြည့်လိုက်”
လူငယ်တစ်ယောက်ကအခေါင်းနှင့်အဖုံးကြား
ပေါက်တူးအသွားထည့်ပြီးပေါက်တူးအရိုးကိုဖိချ
လိုက်သည်
“နေနေ ပိတ်လိုက်တော့ မလိုတော့ဘူး မြေပါပြန်ဖို့ပစ်လိုက်”
ဆရာကြီးကအပုပ်နံ့မခံနိုင်လားမသိ
အခေါင်းပေါ်မှမြေပြန်ဖို့ခိုင်းနေသည်
မကြာခင်ကျင်းပြည့်အောင်မြေဖို့ပြီးသွားပြီ
“ဒါပထမဆုံးသေတဲ့ အသုဘလား”
“ဟုတ်ပါတယ်ဆရာကြီး”
“မဖြစ်နိုင်ဘူးထင်တယ် သေသေချာချာစဉ်းစားစမ်းပါဦး
အားလုံးစဉ်းစားကြစမ်းပါ
ဆရာကြီးသိထားတာဘယ်တော့မှ မမှားနိုင်ဘူး
ဒါပထမဆုံးသေတဲ့မသာ မဖြစ်နိုင်ဘူး”
“ဟို ဟို ပယောဂနဲ့ သေတာမဟုတ်ပဲ သူ့ဟာသူမြွေကိုက်ပြီးသေတဲ့မသာရှိသေးတယ်လေ
“အဲဒါတော့ ငါတို့တစ်ရွာလုံးသိတယ်ပေါ့
ဟိုအသုဘနဲ့သံချောင်းအသုဘက လေးရက်ခြား
တယ်လေ သံချောင်းကစလို့ဆက်တိုက်သေတာ
ဘပုတို့ ဒေါ်အေးမြိုင်တို့ အေးနိုင်တို့
ဆက်တိုက်သေနေကြတာ”
“သံချောင်းကစသေတာမဟုတ်လား”
ရွာသားများတစ်ယောက်တစ်ခွန်းပြောဆိုနေသည့်
စကားသံကိုဆရာကြီးနားထောင်နေရင်းမှ
“နေပါဦး သံချောင်းမသေခင် ရှေ့မှာမြွေကိုက်လို့
သေတဲ့အသုဘရှိသေးတယ်မလား”
‘”ရှိပါတယ် သူကလယ်ကွင်းထဲမှာ ကောက်လှိုင်း
သယ်ရင်းပိုးထိတာပါ”
“အင်း ဟုတ်ပြီ အဲဒီအသုဘကို ဘယ်သူတွေ
သဂြိုလ်တာလဲ”
“ခင်မြိုင်ရယ် အောင်စိုးရယ် မဲကြီးဆိုတဲ့ အရက်သမားသုံးယောက်ကိုတာဝန်ပေးပြီး
မြေချခိုင်းတာတော့သိတယ် ဆရာကြီးအခုခင်မြိုင်
ရယ် မဲကြီးရယ် ကသေကုန်ပြီ အောင်စိုးတစ်ယောက်ပဲကျန်ခဲ့တယ်”
“အဲဒီပိုးထိတဲ့အလောင်းကို ဘယ်နားမှာမြှပ်ထားလဲ
“အမှတ်တမဲ့ပဲဆရာကြီး”
“ဒါဆိုမသေပဲကျန်သေးတဲ့ အောင်စိုးကိုသွားခေါ်မှဖြစ်မယ် ခေါ်လို့ဖြစ်မလား
“ဖြစ်ပါတယ် ဆရာကြီးဒီကောင်အခုအချိန်ဆို
သင်္ချိုင်းအထွက်လမ်းဘေးက အရက်ဆိုင်မှာ
ရောက်နေလောက်ပြီ ကျင်မောင် မြန်မြန်လေးသွား
ပြီးအောင်စိုးကိုခေါ်လာခဲ့”
ကျင်မောင်ဆိုသောလူရွယ်ထွက်သွားသဖြင့်
အောင်စိုးရောက်လာမည့်အချိန်ထိ ရပ်စောင့်နေကြရတော့သည်
“ပိုးထိလို့သေသွားတဲ့လူက အသက်၄၀စွန်းရုံပဲ
ရှိသေးတယ် ဆရာကြီး”
“သူ့နာမည်က ကိုပုတင်တဲ့”
“ရွာပြင်မှာသေသွားတဲ့အတွက် သင်္ချိုင်း နဲ့ရွာအစပ်မှာ အလောင်းစင်ပြင်ထားတယ်
သုံးရက်မြောက် နေ့တစ်နာရီလောက် အသုဘချ
မယ်လို့စီစဉ်ထားတယ်”
“အသုဘချမယ့်နေ့ ၁၁နာရီလောက်မှာ
အသုဘအိမ်ရဲ့ ခြေရင်းအိမ်ကစပြီး
မီးလောင်ပါလေရော လူများပေမယ့်
ရေကအသင့်မရှိ လောင်စာကကောင်းတာနဲ့
လေးအိမ်ဆက်လောင်သွားတယ်”
“အသုဘအိမ်လည်းပါသွားတာပေါ့
အသုဘပို့မယ့် လူတွေရော ကိုယ့်အိမ်ကိုပြန်ပြီး
အထုတ်ဆွဲနေရတယ် ကိုပုတင်မှာမိဘမရှိ မိန်းမက
မီးလောင်ရာမှာ ဒဏ်ရာရသွားလို့
ဆေးရုံပို့လိုက်ရတယ်”
“အဲဒီနေ့က မှတ်မှတ်ရရ ပြာသိုလပြည့်နေ့
အဲ့ဒါနဲ့ဥက္ကဌကြီးက အလောင်းမြေချဖို့ တာဝန်ယူ
ရတော့တာပေါ့ အောင်စိုးတို့မဲကြီးတို့ကို အရက်ဖိုးပေးပြီးနောက်ရက်မကူးစေပဲ
သဂြိုလ်ပေးဖို့ တာဝန်ပေးလိုက်တာပေါ့ဆရာကြီး”
“ဒီအရက်သမားသုံးကောင် ဘာတွေလုပ်ခဲ့လည်း
တော့ မသိဘူးသူတို့ကိုမေးတော့ ညမိုးမချုပ်
ခင်မြေကျပြီးသွားပြီလို့ပြောတာပဲ”
“သုံးရက်နဲ့မြေချလိုက်တာပေါ့”
“ဟုတ်ပါတယ်ဆရာကြီး”
ထျုအခြိနျသှားခေါျသောလူငယျနှငျ့ အတူအရက်မူးနေသောလူတစ်ယောက်ပါလာသည်
“အောင်စိုးတို့ကတော့ မနက်ညမှန်နေတာပဲ
“မနက်ညမှန်ပေမယ့် ဘယ်နေ့ကိုယ်အလှည့်
ရောက်လာမလည်းကြောက်နေလို့ကောင်းကောင်း
လည်းမမူးနိုင်ပါဘူးအတွင်းရေးမှူးကြီးရယ်”
“ကဲ အောင်စိုး မူးတာမမူးတာထားလိုက်
မင်းတို့မြေမြှပ်ခဲ့တဲ့ ပုတင်မြေပုံကဘယ်မှာလဲ”
“ဟိုရှေ့နားမှာ သင်္ချိုင်းအစပ်မှာ ဘာလုပ်မလို့လဲ
“ဘာလုပ်လုပ် မေးမနေနဲ့ အဲဒီမြေပုံကိုလိုက်ပြ
မှောင်လာရင်မကောင်းဘူး
ဆောင်းကာလဖြစ်၍ ငါးနာရီကျော်ကတည်းက
မှောင်ချင်နေပြီ ခြောက်နာရီဆိုမှောင်ရိပ်သန်းပြီ
ယခုငါးနာရီခွဲပြီ
“ဒီမြေပုံပဲ”
“အင်း မြေပုံတူးထားတဲ့အနေအထားကြည့်ရတာ
သိပ်မဟုတ်ဘူး သင်္ချိုင်းအတွင်းဆို အကြောင်း
မဟုတ်ဘူး အခုသင်္ချိုင်းအစပ်လည်းဖြစ်နေတယ်”
“ကဲ ကဲ မမှောင်ခင်တူးကြ မကြာခင် အဖြေမှန်သိ
ရတော့မှာပဲ”
ဆရာကြီးစကားကြောင့် အားလုံးစိတ်ဝင်စားနေကြသည်
အထဲကသရဲ တစ္ဆေကောင်ကြီးများထွက်လာမည်လားဟု
ဦးနေရောင်စိုးရိမ်ပိုသွားသည်
သင်္ချိုင်းထဲရောက်နေသော လူများအားလုံးထဲမှာ
သူနှင့်ကျောင်းအုပ်ဆရာကြီးဦးလှတို့က
ဝဝဖိုင့်ဖိုင့်ဗိုက်ကြီးတွေ ရှေ့ပစ်ထားသူများဖြစ်သည်
အရေးအကြောင်းရှိသူတို့နှင့်အတူယှဉ်ပြေးရန်မ
လွယ်
လူငယ်နှစ်ယောက်ကတော့ ပေါက်တူးနှစ်လက်နှင့်
ခြေရင်းခေါင်းရင်းမှစ၍ ယက်ထုတ်ကြသည်
၁၀မိနစ်ခန့်ကြာတော့ အခေါင်းကိုစတူးမိသည်
“ဟင် အခေါင်းကမှောက်ရက်ကြီး”
“အင်း ပုံမမှန်တာစတွေ့ရပြီ အခေါင်းအပေါ်က
မြေကြီးခဲတွေဟာ အားလုံးယက်ထုတ်ပြီး
အခေါင်းကိုမတင်လိုက်ကြ”
ယခုအခေါင်းကိုစတင်ဖော်နေချိန်က အပုပ်နံ့
ဟူ၍ လုံးဝမရ သံချောင်းရဲ့အခေါင်းတူးစဉ်က
အခေါင်းကို ဖော်ရုံရှိသေးသည်အ
့ပုပ်နံ့တွေလှိုင်နေပြီ အားလုံးစိတ်ထဲမှာထူးဆန်းသည်ဟု
အထင်ရှိလာကြသည်
“နံလည်းမနံဘူးနော်”
“ဟုတ်တယ် အခေါင်းကပွင့်ကျနေပုံပဲ နည်းနည်းလေးမှ မနံဘူး”
မြေကိုယက်ထုတ်ပြီးသည်နှင့် လူရွယ်တစ်ယောက်ကပေါက်တူးအသွားနှင့်
ချိတ်ပြီးအခေါင်းကိုမလိုက်သည်
“ဟင်”
အခေါင်းဟသွားပြီး အလောင်းကောင်ကိုမြင်လိုက်
သည် အပုပ်နံ့လုံးဝထွက်မလာ
“ကဲ အခေါင်းကိုအပေါ်ရောက်အောင် မတင်လိုက်ကြဦးဝိုင်းကူကြ”
ဆရာကြီးစကားဆုံးသည်နှင့်ပေါက်တူးနှစ်လက်နှင့်
ချိတ်ပြီးအလောင်းပေါ်မှ အခေါင်းကိုဆွဲတင်လိုက်ကြသည်
“ဘယ်လိုဖြစ်တာလဲဟ”
သူတို့မြင်လိုက်ရသည်က အခေါင်းမှောက်နေသဖြင့်
အလောင်းကောင်ကမှောက်ရက်ကျမနေပဲ
ပက်လက်လည်းမဟုတ်စောင်းလျက်အနေထားဖြစ်
သည်
လွန်ခဲ့သောရက် နှစ်ဆယ်နီးပါးကသေဆုံး
ထားသောအလောင်း၏ ခန္တာကိုယ်က
ပုပ်ပွယောက်ကိုင်ခြင်းမရှိနံစော်ခြင်းမရှိသည်ကို
ပါ တွေ့လိုက်ကြရသည်
“ကဲ အားလုံးနောက်ဆုတ်ကြ”
ဆရာကြီးလွယ်အိတ်ထဲမှ လက်တစ်မိုက်အရွယ်ခန့်ရှိ ပုလင်းလေးကို
ထုတ်ယူလိုက်သည်
“ကဲ မောင်ပုတင်ဝဋ်ကြွေးရှိလို့ သေခဲ့ပြီးပြီ
အကုသိုလ်တွေ ဆက်ပြီးမများရအောင် အခုအချိန်ကစပြီးရပ်တော့ မင်းလမ်းမင်းဖြောင့်
ဖြောင့်သွားပါ တောပိုင် တောင်ပိုင်နဲ့တကွ
သင်္ချိုင်းစောင့်မဖဲဝါအစ ဤရုပ်ဤခန္ဓာအား
နှောင်ဖွဲ့ထားခြင်းမရှိစေရ ငါဆရာအမိန့်ပေးတယ်’
“မင်းရုပ်ခန္ဓာကိုထားခဲ့ပြီး မင်းလမ်းမင်းသွားပေတော့ သွားတော့”
ပုလင်းထဲမှရေအချို့ ကိုလက်ဝါးပေါ်လောင်းချပြီး
အလောင်းကောင်ပေါ်တောက်လိုက်စဉ်
“ဝေါ”
သင်္ချိုင်းဝန်းကျင်လေမတိုက်ပါပဲ ရုတ်တရက်
လှုပ်လှုပ်ရှားရှား အသံများထွက်လာသည်
ကျင်းထဲမှ ဘေးသို့စောင်းနေသော
အလောင်းကောင် ပက်လက်ပြန်လန်ကျသွားသည်
ထို့နောက် ချက်ချင်းအင်လွန်ခဲ့သော ရက်၂၀ခန့်က
သေထားသော အလောင်းကောင်များအတိုင်း
ချက်ချင်းအပုပ်နံ့များထွက်လာကာ
တင်းရင်းနေသော အသားအရေများအောက်သို့
တွဲကျကုန်တော့သည် အနီးကလူများပျို့တက်ကုန်သည်
“ဝေါ့ ”
“အခေါင်းပြန်ချပြီး မြေဖို့လိုက်တော့”
ဆရာကြီးကထိုမျှပြောပြီး အပုပ်နံ့လွတ်ရာသို့
ထွက်သွားသဖြင့် နောက်မှလူတချို့ လိုက်သွားသည်
အောင်စိုးနှင့်လူငယ်များအလောင်းပေါ်သို့
မြေကြီးများပြန်ယက်ချနေကြသည်
“ကဲ မနက်ဖြန်ကစပြီး ဘယ်သူမှမသေတော့ဘူး
စိတ်ချလက်ချသာနေကြပေတော့”
“ဟိုသူငယ်တွေအလောင်းမြေချတာ အသာထားဦး
မြေကျင်းတူးကတည်းကစပြီးမှားနေတာ”
“ဘယ်လိုမှားတာလဲဆရာကြီး”
“အမှတ်တမဲ့မှားတာပါ အလောင်းကိုမြှပ်ဖို့
ကျင်းတူးတာ ရွာနဲ့အပြိုင်တူးထားတာမဟုတ်လား
ရွာကိုခြေဦးတိုက်ဆိုတော်သေးတာပေါ့
ကျင်းကသင်္ချိုင်းအလယ်ထဲမှာဆိုရင်
အကြောင်းမဟုတ်ဘူး အခုရွာဘေး
သင်္ချိုင်းအစပ်မှာဘေးတိုက်တူးထားတယ်
အလောင်းမြေချတော့ ရွာဘက်မျက်နာလှည့်ရက်စောင်းပြီးကျသွားတယ်
အခုဖြစ်ပုံက ကျင်းကိုရွာနဲ့အလျားလိုက်တူး
ထားသလို ကျင်းထဲမှောက်ကျသွားတဲ့အလောင်းက
ပက်လက်လည်းမကျ မှောက်လျက်လည်းမကျပဲ
ရွာဘက်ကိုတည့်တည့်စောင်းပြီးကျနေတော့
ရွာကိုဒါရိုက် ခိုက်တော့တာပေါ့”
“ရှေးလူကြီးတွေကအသုဘချတဲ့အခါ သတိထားရမှာတွေရှောင်ရမှာတွေ
မလုပ်ကောင်းတဲ့အရာတွေ ချန်ထားခဲ့တယ်
အစုဘချတုန်းအလောင်းကစားရင်းမြေမကျစေနဲ့
ကျရင်ရွာခိုက်တယ် ရွာထဲမှာကျရင်ပြောတာ
သင်္ချိုင်းမှာဆို ကျတဲ့နေရာမြှပ်မှ အလောင်းစင်ကို
မဖျက်ပဲရွာထဲပြန်မယူရဘူး ပြန်ယူလာရင်ရွာခိုက်တယ်
အဲဒါတွေသတိထားကြရမယ်ကွဲ့”
“အခုအလောင်းကျင်းထဲအချမှာ ရွာဘက်ကိုစောင်း
ကျသွားပြီးဖုတ်ကောင်ကဝက်ကပ်သွားတယ်
အဲဒီဖုတ်ကောင်က ညဘက်ထွက်ပြီး
ွှရွာထဲကလူတွေကို တစ်ညတစ်ယောက်စားနေတာပဲ”
“ချက်ချင်းသေ ချက်ချင်းချနေကြလို့ လူတွေမသိကြတာ”
“သေသူတွေမှာ ဘာထူးခြားလို့လဲဆရာကြီး”
‘” အဲဒီသေသွားတဲ့ အလောင်းတွေမှာ
အူတွေ အသည်းတွေ ကလီစာတွေမရှိတော့ဘူး
ဖုတ်တစ္ဆေစားသွားလို့သေတာ”
“ဟိုကောင် အောင်စိုးကိုမေးရဦးမယ် အခေါင်းကြောင့် မှောက်နေတာလဲ
ဒီကောင်သုံးကောင်မူးမူးရူးရူးနဲ့ လူပ်ချင်ရာလုပ်လိုက်တာ အခုလူဆယ့်ငါးယောက်
ရဲ့ အသက်တွေဆုံးရှုံးသွားရပြီ သူတို့မိသားစုတွေသိရင် ဒီကောင့်ကိုအရေခွံစုပ်ပစ်မလားပဲ”
“ဖြစ်ပြီးတာလည်းပြီးပါပြီ နောက်ထပ်ဘယ်သူမှ
မဖြစ်ကြစေနဲ့သူတို့လည်းသိလို့ တမင်လုပ်တာ
မှမဟုတ်ပဲ”
ထိုအချိန်အောင်စိုးနှင့်လူငယ်နှစ်ယောက်ရောက်လာသည်
“ဟာ ဦးနေရောင်ကလည်း တမင်လုပ်တာမဟုတ်ဘူး အဖြစ်ကဒီလို”
“ဟကောင် မှောင်နေပြီ ရပ်ပြီးပြောမနေနဲ့
လမ်းလျှောက်ရင်းပြောပြသွား”
“အဖြစ်ကဒီလိုဗျာ ရွာထဲမှာလည်း မီးလောင်
ကျုပ်တို့ကလည်းစိတ်ညစ်ညစ်နဲ့
အရက်တွေသောက်နေတာ ညနေ၄နာရီလောက်
ဥက္ကဌကြီးက အရက်ဖိုးတွေရှင်းပေးပြီး ကိုပုတင်ရဲ့
အလောင်းကို မြေချခိုင်းတယ်”
“အလောင်းမြေချပြီးရင်သောက်ဖို့ပါ
ပိုက်ဆံပေးသွားသေးတယ် ကျုပ်ရယ်
မဲကြီးရယ် ခင်မြိုင်ရယ် ဆောင်းတင်ရယ်
လေးယောက် အသုဘကိုသင်္ချိုင်းထဲထမ်းသွားကြတယ်
ဆောင်းတင်က သင်္ချိုင်းထဲကို အခေါင်းထမ်းပိုးပေးပြီး မှောင်လာရင် သရဲကြောက်တယ်ဆိုပြီးပြန်သွားတယ်
သင်္ချိုင်းထဲအခေါင်းရောက်တော့ ငါးနာရီကျော်နေပြီ ဆောက်းတင်ပြန်မယ်
ဆိုတာနဲ့ ကျုပ်တို့အားလုံးအခေါင်းကို ထားခဲ့ပြီး
အရက်ပြန်သောက်ကြတယ်
အရက်သောက်လို့ဝမှ ပေါက်တူးနှစ်လက်အရက်ဆိုင်ကငှားပြီး
သင်္ချိုင်းထဲပြန်သွားကြတယ် အဲဒီအချိန်ည၈နာရီ
လောက်ရှိပြီထင်တယ်
ကျုပ်နဲ့မဲကြီးလည်းမူးမူးနဲ့ ကျင်းကိုသုံးပေလောက်ပဲနက်အောင်တူးပြီး
အလောင်းမြေချဖို့ပြင်ကြတယ်
အဲဒျီမှာပွူနာစပေါျတယျ ကျုပ်တို့လည်း
တစ်ခါမှ အလောငျးေ့မမခဘြူးတော့ ဘာယူရမယ်
ဘာပါရမယ်မသိဘူး အလောင်းမြေချရင်မပါမဖြစ်ယူလာရမယ့်
ကြိုးကိုယူမလာမိဘူး
ကြိုးနဲ့ထိန်းပြီးတဖြည်းဖြည်းချင်းချမှ မြေကျင်းထဲ
တည့်တည့်မတ်မတ်ကျမှာ အခုကြိုးမပါတော့
အခက်တွေ့နေတာပေါ့ ကြိုးပြန်ယူရင်လည်း
အရက်ဆိုင်ရောက်ဦးမယ် အချိန်ကလည်း
သန်းခေါင်ထက်ပိုမလွန်မှဖြစ်မှာ
သန်းခေါင်ကျော်ရင်လေးရက်ဖြစ်သွားပြီ
ဥက္ကဌကြီးကအသေအချာမှာသွားတာ တစ်ခုတောင်းတာက အချိန်က၈နာရီ
ကျော်ဆိုပေမယ့် ပြာသိူလပြည့်ညက ပတ်ဝန်းကျင်မှာ လင်းထိန်နေတာပဲ
ဖြစ်လိုရာဖြစ် အခေါင်းကို ကျင်းထဲတွနါးချပစ်လိုက်တယ်
အခေါင်းပွင့်သွားပြီး အလောင်းကောင်ထွက်ကျသွားတာ
သိလိုက်တယ်
စောင်းပြီးကျလား ဘယ်လိုကျလည်းမသိဘူး
မြေဖို့ပြီးပြန်ခဲ့ကြတယ်
ဒီလောက်ပဲကျုပ်မှတ်မိသလောက်ပြောပြတာ
“အဲဒီညက လပြည့်ညဖြစ်နေတော့ ဖုတ်ကောင်အသက်ဝင်လို့လွယ်သွားတာပေါ့
ဖုတ်တွေကလပြည့်လကွယ် လကြတ် နေကြတ်ချိန်
ဆိုအသက်ဝင်လှုပ်ရှားကြတယ်
စွမ်းအားတွေပြည့်လာကြတယ်ကွဲ့”
“အေး မင်းတို့ ဖြစ်သလို လုပ်ခဲ့လို့
အလောင်းကို ဖုတ်ဝင်သွားပြီး ရွာကမင်းသူငယ်ချင်းတွေရော အခြားလူတွေပါသေကုန်ပြီမင်းပါ ပါသွားရမှာ”
“ကျုပ်ကအရက်သောက်ပြီး အရက်နဲ့သေမှာ
အခြားဘာနဲ့မှ သေမှာမဟုတ်ဘူး”
“အရက်နဲ့သေမှာကိုသိရက်နဲ့ အရက်ကိုဖိသောက်
နေရတယ်လို့ အရက်ဖြတ်လိုက်ပါလား”
“ဟေ့အေး အိမ်ကမိန်းမကိုဖြတ်ဆိုရင်ဖြတ်မယ်
အရက်ကိုတော့သေမှပဲဖြတ်မယ်”
“တောက် ဒီကောက်ငါဆောင့်ကန်လိုက်လို့
သင်္ချိုင်းထဲတစ်ခါတည်း သေကျန်ခဲ့မယ်”
ဆရာကြီးတို့ကျောင်းအုပ်ကြီးတို့ ဦးပြုံးချိုတို့
ရှေ့က သွားနှင့်သည် အောင်စိုးနှင့်အတူ
ရွာသားအချို့ နောက်မှကျန်ခဲ့ရင်း
အောင်စိုးအား တပြစ်တောက်တောက် ဝိုင်းပြောနေကြသည်
မကြာခင်ရွာထဲပြန်ရောက်လာကြသည်
သင်္ချိုင်းထဲမှ သုံးနာရီခန့်ကြာသွားသည်
ညခုနှစ်နာရီထိုးကာနီးမှ ပြန်ရောက်ကြသည်
ဦးသန်းအောင်က ဥက္ကဌကြီးဦးလူခင်အား
အကျိုးအကြောင်းရှင်းပြလိုက်သည်
“တောက် ဒီအရက်သမားသုံးကောင်ကို
အားကိုးမိမှ ရွာဒုက္ခရောက်ရတယ်
ဒီငမူးတော့သေတဲ့အထဲပါမသွားဘူး
သူ့ကိုပါခေါ်သွားရမှာ”
“မင်းတို့ပုတင်အခေါင်းမြေပြန်ဖို့ရင်း
ဒီကောင့်ကိုပါ တစ်ခါတည်းမြှပ်ခဲ့ရမှာ”
” ဟာဥက္ကဌကြီး ကျွန်တော်ကဘယ်သူ
သက်သက်သေမှာမဟုတ်ဘူး”
“ဒီကောင်အရက်အဝသောက်ပြီး သေမှာတဲ့ ဥက္ကဌကြီးရေ”
“ဒါဆိုရင်လည်း မနက်ဖြန်တစ်ဆိုင်လုံးရှိသမျှ
အရက်တွေသွားသောက်တစ်ခါတည်း သေအောင်သောက် အရက်ဖိုးငါရှင်းမယ်”
****
အားလုံးအောင်စိုးအားကြည့်ပြီးပြုံးနေကြသည်
တစ်ရွာလုံးထိတ်လန့်နေကြရသော သေခြင်းတရား
ကိုကျော်လွှားနိုင်ခဲ့ပြီမှန်းသိကြသဖြင့်
အားလုံးရင်မှာ အပူလုံးကျကာ ပြုံးနိုင်ရယ်နိုင်
ကြတော့သည်
သင်္ချိုင်းထဲလိုက်လာသူများ ရွာသားတွေဝိုင်းမေးနေကြသည်မှာ
ဦးနေရောင်ခြံထဲ လူစည်ကားနေတော့သည်
အားလုံးပါးစပ်အဟောင်းသားနှင့်နားစွင့်နေကြ
သည်။
“အမယ်လေး ကြားရတာနဲ့တင် ကြက်သီးထလိုက်တာ
“ဖုတ်ကောင်ကြီးသေသွားလို့တော်သေးတယ်
ဆရာကြီးလည်း ထိုည ဦးနေရောင်၏အိမ်မှာ
အိပ်သည်မနက်ရွာထဲမှာ သတင်းဆိုးမကြားကြရတော့
ဦးနေရောင်နှင့်ဦးသန်းအောင် တို့လည်း
နေမပူခင်ဆရာကြီးနေထိုင်သော အောက်စုရွာ
သို့ပြန်ပို့ပေးရန် လှည်းပြင်ဆင်နေတော့သည်
သေသူတို့၏ ဆွေမျိုးသားချင်းများ ရွာသားများ
ဆရာကြီးအား ကျေးဇူးတင်စွာ ဝိုင်းဝန်းကန်တော့ကြသည်
ထို့နောက်မနက်ရှစ်နာရီ ခန့် လေးအိမ်စုရွာ
လေးမှ လှည်းမောင်း၍ ဆရာကြီးအားပြန်ပို့
ပေးကြလေတော့သည်။
ပြီးပါပြီ။
လာလေ့မဖဲဝါ နှင့် သရဲတစ္ဆေဇာက်လမ်းများ
စာအုပ်မှ ကောက်နှုတ်တင်ပြသည်။
Leave a Reply