အသံချည်းမက်တာ၊ ရုပ်မပါဘူး။ အသံကတိုးတိုးလေးကနေ တဖြည်းဖြည်းကျယ်လာတာဗျို့။ ကျုပ်ကအသံကို သေသေချာချာ နားထောင်တယ်။ တစ်ခုခုတော့ပြောနေတာဗျ။ ဟောကြားလာရပြီ ကြားလာရပြီ။ “တာတေ ကိုယ်ပွားနဲ့လာ ရွှေတောင်ကုန်းဘုရားကို လာခဲ့” ဟာ ဒါဒါ လှယဉ်ဗျ။ လှယဉ်အသံ။ ကျုပ်လန့်နိုးသွားတယ်။ ဒါ အိပ်မက်လား။ ကျုပ်စိတ်စွဲတာလား။ တစ်နေ့လုံး လှယဉ်ကို သတိရနေလို့ အိပ်မက်မက်တာ ထင်ပါတယ်လို့ ကျုပ်တွေးပြီး ပြန်အ်ိပ်လိုက်တယ်။ “တာတေ ရွှေတောင်ကုန်းဘုရားကိုလာခဲ့၊ ကိုယ်ပွားနဲ့လာ ” မက်ပြန်ပြီဗျို့။ အိပ်လိုက်တိုင်း ဒီအိမ်မက်ကိုပဲ မက်နေတာဗျ။ ကျုပ်စဉ်းစားတယ်။တကယ်များလားလို့။ ကျုပ်သွားရင် ကောင်းမလား။ ...

ကျုပ်တူရဲ့မိန်းမခင်ဗျ…” “သြော်…အေး…အေး…” ဘွားမယ်စိန်က အမျိုးသမီးတစ်ဦးကို သေချာစူးစိုက်ကြည့်နေခဲ့၏။ ပြီးနောက်… “ကလေးမ…ညည်းနာမည်ဘယ်လိုခေါ်လဲ” ဟုမေးတော့… “ကျုပ်နာမည်က မတင်ကြည်ပါ…” “ညည်းမှာအမှောင်ဓာတ်တွေများနေတယ်… ညည်းကိုမကျေနပ်တဲ့သူရှိနေတယ်ကလေးမ…” “ကျုပ်တို့လည်းအဲ့တာကြောင့်လာကြတာပါခင်ဗျာ… ကျုပ်အစ်မ နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်​လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ...

ရွှေကျတ်ကျဆိုတဲ့ ဘုရားကလေးပဲရှိတယ်ဗျ၊ ရွာလယ်လောက်ရောက်တော့ ဦးလူဝက သူ့ခြံထဲကိုဝင်သွားတယ်၊ ဦးလူဝခြံကြီးက အကျယ်ကြီးပဲဗျာ၊ အိမ်ခြေရင်းမှာလည်း နွားတင်းကုပ်နဲ့ အိမ်ကြီးက လေးပင်ခန်းဖွဲ့ထားတဲ့ သစ်သားအိမ်ကြီးဗျ၊ ရေနံချေးတွေဝပြီးတော့ မည်းနက်နေတာပဲ။ “ကဲ ငါ့တူကြီးတို့ထိုင်ကြအုံး၊ ခြံထဲမှာက ဝါးရိပ်နဲ့ဆိုတော့ အေးသကွ” ဦးလူ၀ ခြံရှေ့နားမှာ ခင်းထားတဲ့ကွပ်ပျစ်ပေါ်မှာပဲ ထိုင်လိုက်ကြတာပေါ့ဗျာ၊ သူပြောတာလည်းဟုတ်တယ်ဗျ။ အိမ်ရှေ့မှာဝါးရုံတွေရှိတော့ အရိပ်ကောင်းတယ်ဗျာ၊ ဒါ့အပြင် ဝါးရုံပင်ကိုဖြတ်တိုက်လာတဲ့ လေကလေးကလည်း အေးမှအေးပဲဗျို့၊ ဦးလူဝက အိမ်အောက်ကိုဝင်သွားတယ်ဗျ၊ နာမည်နဲ့လူနဲ့လည်း လိုက်ပါတယ်၊ လူက ထွားထွားကျိုင်းကျိုင်း ၀၀ကြီးဗျာ၊ အဆီတွေတစ်နေတဲ့ ဗိုက်ကြီးကလည်းအရှေ့ကိုတွဲကျလို့ဗျ၊ လမ်းလျှောက်ရင်လည်း ...

အိပ်တဲ့အချိန်ဟာ ကာလသား ကာလသမီးတွေ့ဆုံပြီး ပိုးကြပန်းကြတဲ့ တရားဝင်အချိန်ပေါ့ဗျာ။ တော်ရုံတန်ရုံလူကြီးကတော့ ကိုယ့််သမီးကို သူများလာပိုးပန်းတာကို မတားမြစ်ကြပါဘူးဗျာ၊ တားလို့ကတော့ အပျိုကြီးဖြစ်မှာကိုးဗျ၊ ဒီလိုပဲ လူငယ်လူငယ်ချင်းဆိုပြီးတော့ လွှတ်ထားပေးကြတာပါပဲ၊ သူတို့လည်း ငယ်ရာကကြီးလာပြီး ဒီလိုပဲပိုးပန်းခဲ့ကြတာမဟုတ်လားဗျာ၊ ကျုပ်တို့ခေတ်ကလည်း ပိုးပန်းတယ်ဆိုရင် စကားပြောတာလောက်ကနေ အဆင့်မတက်ဘူးဗျ၊ ရည်းစားသညာဖြစ်ပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ ...

…အမေ မတွေ့တော့လို့ အေ့ “ ” ဟာ !! သမီး မစားပါဘူး… ညက ငါးပိ တို့စရာလေးနဲ့ပဲ ဖြစ်သလို စားလိုက်တာ… အမေ့သား မေးကြည့်လေ…အိမ်မှာ လူက သုံးယောက် ထဲရှိတာ… သမီး မစားတော့… အမေ့သားစားတာပဲ ဖြစ်မှာပေါ့ “ ” ဟဲ့ !! ငါးခြောက်က အစိမ်းတိုင်း ထား ထားတာ…နင့်မောင် ဆယ့်နှစ် နှစ်…ဆယ့်သုံးနှစ်အရွယ် ကလေးက ဒီငါးခြောက်တွေကို ဘယ်လိုမီး ဖုတ်ပီး စားတက်ဦးမှာလဲ “ ” ...

လွယ်တယ်လေကွာ” “ဒါဆိုရင် ဒီမှင်စာကလေးတွေထဲမှာ တစ်ယောက်ယောက်က ကဝေရှင်ကိုသိနေမှာပေါ့နော်” “အစစ်ပေါ့ကွာ၊ ကဲ လာလာ၊ ဒီကောင်တွေကိုသွားမေးရအောင်” ကျုပ်တို့လည်း မှင်စာကလေးတွေအနားကို လမ်းလျှောက်လာကြတယ်ဗျ၊ မှင်စာလေးတွေကို ကျုပ်တို့ကို ဂရုမထားပါဘူးဗျာ၊ အော်ကြဟစ်ကြ၊ ဆူညံကြနဲ့ ဆော့ကစားနေကြတာပေါ့၊ ဆူတာလည်း အတော်ဆူတာဗျ၊ အသံသေးသေးလေးတွေနဲ့ အော်ဟစ်နေတာပဲဗျာ။ ကျုပ်တို့နဲ့ တဖြည်းဖြည်းနီးလာတဲ့အခါ အဲဒီမှင်စာကလေးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပါပဲ၊ ဓါတ်တိုင်အောက်မှာ ဘာမှကိုမရှိတော့ဘူးဗျ။ “ဟော၊ ဘယ်ရောက်ကုန်တာလဲဗျာ” “လာစမ်းပါကွာ၊ သူတို့က လူတွေ့လို့ပုန်းနေတာကွ” ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီဓါတ်တိုင်အောက်ကိုရောက်တော့ ဦးဘသာက ဓါတ်တိုင်ကိုလက်နဲ့ပုတ်ရင်း “ဟေ့ကောင်လေးတွေ၊ ပုန်းမနေနဲ့ထွက်လာခဲ့ကြစမ်းဟေ့” ...

ဘဝကိုတိတ် ဆိတ်စွာ၊ ငြိမ်သက်စွာ၊ ခြောက်သွေ့စွာ၊ မှောင်မည်းစွာနဲ့ နောက်ထပ်ဆယ်နှစ်လောက် ဖြတ်သန်းနိုင်ခဲ့တယ်….။ ဒီကြားထဲမှာ ထူးခြားတာ တစ်ခုတော့ဖြစ်ခဲ့တယ်။ အမေကြီးဒေါ်မြင့် ဘာမီတွန်ဆေးပြားကိုးပြား သောက်လိုက်တယ်။လမ်းထဲမှာရှိတဲ့ အိမ်ဆိုင်လေးကနေ ဝယ်သောက်တာ။ အိမ်ဆိုင်ကလည်းရိုးရိုးသားသားပဲထင်တယ်၊ ပိုပိုလိုလိုဝယ်ထားတာဆိုပြီး ရောင်းလိုက်တာ။ နောက်နေ့မနက် နေတော်တော်မြင့်တဲ့အထိ အမေကြီး ဒေါ်မြင့် မထဘူး….။ နေ့တိုင်းနေ့တိုင်း အုန်းမောင်းခေါက်သံကြားတာနဲ့ ဓါတ် မီးတစ်လက်ဆွဲပြီး တကုပ်ကုပ်၊ တတောက်တောက် ဆွမ်းချက် နေကြပါ။ ““ဘာဖြစ်လို့ပါလိမ့်…””ဆိုပြီး ကပ်လျက်အိမ်က တတ်ကြည့်တယ်။ အိပ်နေတာတွေ့လို့ နှိုးတယ်။ ဘယ်လိုနှိုးနှိုးမရဘူး….။ အနီးမှာစက္ကူနဲ့ဘာမီတွန်ဆေးပြားတစ်ပြားတွေ့တယ်။ ဈေးဆိုင်သွားပေးကြည့်တော့ဆယ်ပြားဝယ်သွားတယ်။ ဒီတော့မှ ...

ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်ပျံသွားခဲ့လေသည်။ ထို့နောက် မိခင်ဖြစ်သူဒေါ်မြစ်အေးမှာ ကလေးမလေးအား နို့တိုက်ကျွေးလေခဲ့သည်။ နို့တိုက်နေခဲ့သည့် အချိန်တွင်းမှာပင် ဒေါ်မြစ်အေး၏ ညာဘက်ပုခုံးအပေါ်သို့ ထိုကျီးကန်းမှာ ရုတ်တရတ်တတ်ရောက်လာခဲ့၏။ သို့သော်လည်း ဒေါ်မြစ်အေးမှာ အဘယ့်ကြောင့် မောင်းနှင်ခြင်းများစွာ မပြုလုပ်ရလေသနည်း ဦးပေါ်ထွန်းသည်လည်း အဘယ့်ကြောင့် ထိုအတိုင်းပင်လျင် ကြည့်ရှု့နေခဲ့ရလေသနည်း။ ကျွန်ုပ်မှာမူ အံ့သြတကြီးကြည့်နေမိခဲ့၏။ ကျွန်ုပ်ကဲ့သို့ပင် ဖခင်ဖြစ်သူမှာလည်း စိတ်ဝင်တစားကြည့်ရှု့နေခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူမှာလည်း သိချင်စိတ်ကိုပင် ထိန်းချုပ်မရ၊ ထိုကဲ့သို့ပင်မေးမြန်းလိုက်စေ၏။ “ဒီကျီးကန်းက ဘာတုန်းဗျကိုပေါ်ထွန်းရ။ ကိုပေါ်ထွန်းတို့ မွေးထားတာလား” “မဟုတ်ပါဘူးဗျာ… သမီးလေး မမွေးခင်ကတည်းက ကျုပ်တို့အိမ်ကိုရောက်နေတာဗျ။” “ဟင်… ...

အင်းကြိးထဲသို့ ချင်းနင်းဝင်ရောက်နိုင်သည်ဖြစ်ရာ ယခုလည်း သက်စိုးတို့မှာ ချောင်းရိုးအတိုင်း လှော်ခတ်လာကြသည်။ ညနေမှောင်ရီဖြိုးဖျအချိန်မို့ ကောင်းကင်က ဖျော့တော့စွာလင်းနေသည်။ ချောင်းရိုးအတိုင်းစကားတပြောပြောနှင့် လှော်ခတ်လာခဲ့ရာ မကြာမီအချိန်တွင် ညည်းညူသံကြီးတစ်ခုကိုကြားလိုက်ရသည်။ သက်စိုးက ထိုညည်းသံကိုနားစိုက်ထောင်ပြီးနောက် မှုန်ကြီးအားလှမ်းပေးလိုက်သည်။ “ကိုကြီးမှုန်၊ ခင်ဗျားကြားလိုက်သလားဗျ” “ဟေ၊ ဘာကိုကြားရတာလဲ” “ညည်းသံကြီးလေဗျာ၊ တဟင်းဟင်းနဲ့ပဲ၊ တော်တော်ကြောက်စရာကောင်းတဲ့အသံကြီးပဲဗျ” “ဟာကွာ၊ ငါတော့မကြားမိပါဘူး” သူတို့နှစ်ယောက် ဆက်လက်လှော်ခတ်လာရင်း ချောင်းရိုးနံဘေး ကုက္ကိုပင်ကြီးတစ်ပင်အောက်အရောက်တွင်မူ ချောင်းရိုးကမ်းပေါ်တွင် မိန်းမကြီးတစ်ယောက်ဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ထိုမိန်းမကြီးမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင်ယှက်တင်ထားကာ တဟင်းဟင်းနှင့် ညည်းညူနေလေသည်။ သက်စိုးက လှေကိုရပ်လိုက်ပြီး ထိုမိန်းမကြီးကိုကြည့်ရင်း “အဒေါ်ကြီး ဘာဖြစ်နေတာလဲဗျ” ...

ဟိုလူကိုရိုက်ပြီကွ၊ တော်တော်နာမှာကွာ၊ ဆော်ထားဟေ့ အဲဒီလိုမျိုး ဘေးကနေ ရန်တိုက်ပေးကြတာဗျ။ အဖေကလည်း ဝင်မဆွဲရဲသလို၊ ရွာက ဘယ်သူမှ ဝင်မဆွဲရဲပါဘူးဗျာ၊ ရန်ဖြစ်နေတဲ့လူတွေကိုလည်း ကြည့်အုံးဗျ၊ ကျုပ်တို့ရွာက ဆိုးပေ့မိုက်ပေ့ဆိုတဲ့ လူသုံးယောက်ရယ်၊ ပေတောရွာက ထောင်ထွက်လူမိုက် သန်းတိုးတို့ သုံးယောက်ရယ် ရိုက်နေကြတာဗျ၊ ဒီလူတွေက လက်ယဉ်နေပြီ၊ ကျုပ်တို့သွားဆွဲလို့ ကျုပ်တို့ပါအရိုက်ခံရတော့ ဘယ်နှယ့်လုပ်မလဲ။ ရိုက်ရင်းနဲ့ ခေါင်းကိုရိုက်မိလို့ သွေးစိမ်းဖြာထွက်တဲ့လူကထွက်၊ လက်ဖျံကျိုးတဲ့လူက ကျိုးနဲ့ဖြစ်ကုန်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ဦးဘသာကြီးက ကြိမ်လုံးကြီးဝှေ့ပြီး လူမိုက်အုပ်ကြားကိုပြေးဝင်သွားတယ်ဗျ။ “ဟေ့ကောင်တွေ၊ ရပ်လိုက်ကြစမ်း” ဦးဘသာပြောတာနဲ့ ဟိုလူမိုက်ခုနစ်ယောက်က ငြိမ်ကျသွားတာဗျာ၊ ...