ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်ပျံသွားခဲ့လေသည်။ ထို့နောက် မိခင်ဖြစ်သူဒေါ်မြစ်အေးမှာ ကလေးမလေးအား နို့တိုက်ကျွေးလေခဲ့သည်။
နို့တိုက်နေခဲ့သည့် အချိန်တွင်းမှာပင် ဒေါ်မြစ်အေး၏ ညာဘက်ပုခုံးအပေါ်သို့ ထိုကျီးကန်းမှာ ရုတ်တရတ်တတ်ရောက်လာခဲ့၏။ သို့သော်လည်း ဒေါ်မြစ်အေးမှာ အဘယ့်ကြောင့် မောင်းနှင်ခြင်းများစွာ မပြုလုပ်ရလေသနည်း ဦးပေါ်ထွန်းသည်လည်း အဘယ့်ကြောင့် ထိုအတိုင်းပင်လျင် ကြည့်ရှု့နေခဲ့ရလေသနည်း။ ကျွန်ုပ်မှာမူ အံ့သြတကြီးကြည့်နေမိခဲ့၏။ ကျွန်ုပ်ကဲ့သို့ပင် ဖခင်ဖြစ်သူမှာလည်း စိတ်ဝင်တစားကြည့်ရှု့နေခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူမှာလည်း သိချင်စိတ်ကိုပင် ထိန်းချုပ်မရ၊ ထိုကဲ့သို့ပင်မေးမြန်းလိုက်စေ၏။
“ဒီကျီးကန်းက ဘာတုန်းဗျကိုပေါ်ထွန်းရ။ ကိုပေါ်ထွန်းတို့ မွေးထားတာလား”
“မဟုတ်ပါဘူးဗျာ… သမီးလေး မမွေးခင်ကတည်းက ကျုပ်တို့အိမ်ကိုရောက်နေတာဗျ။”
“ဟင်… ဒါဆိုကလေးအနားမှာ မထားနဲ့လေဗျ။ တော်ကြာ ကလေးမျက်လုံးတွေဘာတွေကို ဆိတ်သွားမှဒုက္ခဖြစ်နေဦးမယ်’
ထိုကဲ့သို့စိုးရိမ်တကြီး ပြောဆိုလိုက်သော် ဖခင်ဖြစ်သူ၏ပြောစကားများအဆုံးတွင် ဦးပေါ်ထွန်းမှာ ခပ်ပြုံးပြုံးအမူယာများသို့ ပြောင်းလဲသွားခဲ့ပြီး၊ ထိုကဲ့သို့ပင်ပြောဆိုလာခဲ့လေသည်။
“မဟုတ်ဘူးဗျကိုသိန်းမြင့်ရ။ ကျုပ်သမီးလေး လက်မှာဝတ်ထားတဲ့ ကြေးလက်ကောက်လေးတွေ တွေ့လား”
“အင်း”
“အဲ့ဒါ အဲ့ကျီးကန်း ချီလာပေးတာဗျ”
“ဟင်… ကျီးကန်းချီလာတာနဲ့ပဲ ခင်ဗျားတို့က ကလေးကိုဝတ်ပေးထားလိုက်ရောလား”
“ဘယ်ဟုတ်ပါ့မလဲဗျာ… အစကတော့ ကျုပ်တို့လည်းမသိဘူးဗျ။ သမီးလေး(၅)လလောက်တုန်းက ချီလာတာ။ ချီလာပြီးတော့ သမီးလေးခြင်ထောင်အပေါ်မှာ လာတင်ထားတယ်။ ကျွန်တော်တို့်လည်း ဘယ်ကပစ္စည်းကြီးမှန်းမသိတာနဲ့ လွှင့်ပစ်လိုက်တယ်။ မရဘူးဗျ။ ပြန်ချီလာတာပဲ၊ ပြီးရင် သမီးလေးအနားမှာ အဲ့ဒီကြေးလက်ကောက်ကြီးကို နှုတ်သီးနဲ့ချီပြီး လှည့်ပတ်နေတယ်။ သူဘာဖြစ်ချင်နေမှန်းကို မသိဘူး။ ကျုပ်တို့ကလည်း ကလေးကိုဆိတ်စပ်သွားမှာဆိုးလို့ သူ့ကိုအနားကိုး အကပ်မခံတာ။ နောက်တော့ ကျုပ်မိန်းမက သူ့ဆီက အဲ့ဒီလက်ကောက်ကိုယူပြီး သမီးလေးကိုဝတ်ပေးလိုက်တော့မှပဲ ကျေနပ်သွားခဲ့တာ။”
“ဟင်…ဒါဆို ဒီကျီးကန်းက ကလေးဝတ်ဖို့အတွက် ကြေးလက်ကောက်လေး ချီလာပေးတဲ့သဘောပေ့ါဟုတ်လား…။ ဒါနဲ့နေပါဦးဗျ ဒီကျီးကန်းနဲ့ကလေးနဲ့က ဘယ်လိုပတ်သတ်မှု့တွေ ရှိနေတာတုန်း”
“အေးဗျ… ဒါတော့ကျုပ်တို့လည်း သေချာတော့မသိဘူး”
‘သမီးလေး.. ကိုယ်ဝန်ခုနှစ်လလောက်ကနေစပြီး၊ အိမ်ကိုရောက်လာတာ။ အခုချိန်ထိပဲဆိုပါတော့… မွေးပြီးသွားတော့လည်း သမီးလေးခေါင်းရင်းမှာပဲ တစ်ချိန်လုံးနေတယ်။ ကျုပ်တို့ကလည်း ကလေးကိုဆိတ်လိုက်မှာဆိုးလို့ ဝိုင်းမောင်းကြ၊ မောင်းရင်လည်း ခဏတော့ ပြန်သွားတယ်။ ပြီးရင် ပြန်လာတာပဲ၊ ကလေးငိုသံများမကြားလိုက်နဲ့.. ကြားလိုက်ပြီဆိုတာနဲ့ တအားအားအော်ပြီး ရောက်လာတယ်။”
“အင်းဗျ… ဒါဆို ဒီကျီးကန်းနဲ့ ခင်ဗျားကလေးက ပတ်သတ်မှု့တော့ တစ်ခုခုရှိမယ်ထင်တယ်”
“ပတ်သတ်တာကတော့ ဘယ်လိုပတ်သတ်လဲမသိဘူးဗျို့…. ကျုပ်သမီးကလည်း သူငိုလို့ မိဘတွေဘယ်လောက်ချော့ချော့ မတိတ်ဘူး။ အဲ့ဒီကျီးကန်းများ အသံပေးပြီးရောက်လာပြီဆိုတာနဲ့ ချက်ချင်းတိတ်သွားတော့တာပဲ။ အရင်တုန်းကတော့ ကျုပ်တို့လည်း ကလေးနားကနေ တဖဝါးမှမခွာရဘူး။ ကျီးကန်းဆိတ်လိုက်မှာဆိုးလို့ နောက်တော့လည်း တဖြည်းဖြည်းနဲ့ကျီးကန်းကို နားလည်လာတယ်။ သမီးလေးရေချိုးချိန်ဆိုရင် သူလည်း အုတ်ကန်ထဲဝင်ပြီး ရေလိုက်ချိုးတယ်။ ပြီးရင်တော့ ခဏပျောက်သွားတယ်။ နောက် မကြာဘူးပြန်ရောက်လာတယ်။ ကျုပ်တို့တစ်အိမ်သားလုံးနဲ့လည်း ဒီကျီးကန်းက ရင်းနှီးနေတယ်ဗျ။ တစ်အိမ်သားလုံးအဖမ်းခံတယ်။ သူစိမ်းဆိုရင်တော့ သူ့အနားကို နည်းနည်းလေးတောင် ကပ်လို့မရဘူး။”
“အေးဗျာ… စိတ်ဝင်စားဖို့တော့ ကောင်းသားဗျ။ ကျီးကန်းနဲ့ကလေး ဘယ်လိုပတ်သတ်မှု့တွေ ရှိနေသလဲဆိုတာ ခင်ဗျားတို့မိဘတွေက အိပ်မက်တွေဘာတွေ မတောင်းကြည့်ဘူးလား’
ထိုကဲ့သို့ဖခင်ဖြစ်သူ၏ အမေးစကားများအဆုံးတွင်မူ ဦးပေါ်ထွန်းမှာ ဇနီးဖြစ်သူ ဒေါ်မြစ်အေးဘက်သို့ လှည့်ကြည့်လိုက်လေး၏။ ကျီးကန်းမှာလည်း ပတ်ဝန်းကျင်ကိုပင် တဆတ်ဆတ်ကြည့်ရှု့လျက် ပြတင်းပေါက်မှနေ၍ ရုတ်တရတ် ပျံသန်းသွားခဲ့လေသည်။ ကျီးကန်းပျံသန်းသွားသည်နှင့် ဒေါ်မြစ်အေးသည်လည်း အိပ်ပျော်သွားခဲ့သည့် ကလေးလေးကိုပင် အိပ်ယာခင်းအတွင်းသို့ အသာအယာ ချလိုက်ရင်း ဖခင်ဖြစ်သူဘက်သို့ လှည့်လိုက်စေ၏။
“ကြည့်… တွေ့လား၊ ကလေးအိပ်သွားပြီးဆိုတာ သူသိနေတဲ့အတိုင်းပဲ။ ပြန်သွားပြီး။ နေ့ခင်းဘက်တွေကြရင်တော့ ပျောက်ပျောက်သွားတယ်တော့… ဒါပေမယ့် ကလေးငိုသံကြားရင်တော့ ဘယ်ကနေဘယ်လို ပြန်ရောက်လာမှန်းမသိဘူး။ ညကြရင်လည်း တစ်ညလုံး ခြင်ထောင်ဘေးမှာ သူလည်းလာအိပ်တတ်တယ်။ သြော်…ကိုသိန်းမြင့်ပြောလို့ တစ်ခုသတိရမိတယ်။ အိပ်မက်မက်ဖူးတယ်။ သမီးလေးကိုယ်ဝန်သုံးလလောက်တုန်းကပေါ့… အိပ်မက်ထဲမှာ အင်္ဂလိပ်နှစ်ယောက်ကိုတွေ့တယ်။ တစ်ယောက်က မိန်းမ၊ အသက်(၂၀)ကျော်ကျော်လောက်ရှိပြီး၊ တစ်ယောက်က ယောက်ျား၊ အသက်(၂၅)ဝန်းကျင်လောက်ရှိမယ်။ သူတို့နှစ်ယောက် ကျွန်မဆီရောက်လာပြီးတော့ သူတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ၊ လေယာဉ်ပျက်ကျလို့ သေသွားခဲ့ရတာ၊ သူတို့လေယာဉ်ပျက်ကျခဲ့တာက မောင်းတီး(ရေကျော်ကျေးရွာ၏ တစ်ရွာကျော် ကျေးရွာ) ဘက်မှာလို့ပြောတယ်။ ပြီးတော့ သူ့ချစ်သူကို စောင့်ရှောက်ပေးပါ။ သူလည်း သူချစ်သူဘေးမှာရှိနေမှာပါဆိုပြီး အင်္ဂလိပ်ယောက်ျားလေးက ပြောတယ်။ ကျွန်မလည်း သူတို့ပြောတဲ့စကားတွေကို နားလည်ဘူး။ အိပ်မက်ထဲမှာ ကြောင်တောင်တောင်ပဲ။ နောက်တော့ သမီးလေးကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။ သူတို့ပြောလို့ မောင်းတီးရွာဘက်ကို စုံစမ်းကြည့်တော့ လွန်ခဲ့တဲ့နှစ်(၆၀)လောက်တုန်းက မောင်းတီးဘက်မှာ အပျော်တမ်းဆီလေယာဉ်တစ်စီး ပျက်ကျခဲ့ဘူးတယ်လို့… ကျွန်မတို့ ကြီးတော်ပြောပြတယ်။ အဲ့ဒီအချိန်းတုန်းက ကျွန်မကြီးတော်က ကလေးဘဝပေါ့.. လေယာဉ်ထဲမှာ ဆံပင်ဖြူဖြူ၊ အင်္ဂလိပ်နှစ်ယောက်က မထွက်နိုင်ပဲ မီးလောင်သေခဲ့ရတယ်လို့ ကြီးတော်ပြောပြလို့ သိခဲ့ရတော့တယ်။ နောက်တော့မှ သက်ဆိုင်ရာလူကြီးတွေ ရောက်လာပြီး သူတို့ဆီက သိရတာ…. မင်္ဂလာဆောင်ပြီး၊ ဟန်နီးမွန်းအပျော်စီးလေယာဉ်ပျံနဲ့ ထွက်လာကြတဲ့ နိုင်ငံခြားသားတွေလို့သိလိုက်ရတယ်တဲ့”
“ဟင်… ဒါဆိုရင် သေသွားတဲ့ နိုင်ငံခြားသူလေးက မမြစ်အေးဆီမှာ ဝင်စားပြီး၊ ယောက်ျားလေးက ကျီးကန်းဘဝရောက်နေတယ်လို့ ဆိုနိုင်တာပေါ့ဗျ”
“မပြောတတ်ပါဘူးတော်”
“ကြီးတော်ပြောတာတော့… သူတို့မောင်းတီးမှာ လွန်ခဲ့တဲ့နှစ်(၂၀)ဝန်းကျင်တုန်းကလည်း အမွှာပူးကလေးနှစ်ယောက် မွေးခဲ့ဘူးသေးတယ်…တဲ့၊ မွေးတဲ့အမွှားပူးလေးတွေကလည်း ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ ဆံပင်လေးတွေကလည်း ဖွေးပြီး၊ အင်္ဂလိပ်ပုံစံမျိုးလေးတွေလို့ပြောတယ်။ နောက်တော့… အဲ့ဒီကလေးနှစ်ယောက်လည်း ခုနှစ်နှစ်လောက်မှာပဲ နှစ်ယောက်စလုံးရေနစ်ပြီးသေခဲ့ရတယ်လို့ ကြီးတော်ပြောဘူးတယ်တော့”
“အေးဗျ… ဒါဆိုရင်… သူတို့က နှစ်ဘဝ၊သုံးဘဝလောက် ပြောင်းပြီးနေလောက်ပြီထင်တယ်။ သြော်…. သံသရာ…သံသရာ။”
ဖခင်ဖြစ်သူအား ရှင်းပြပြောဆိုနေခဲ့သည့် ဒေါ်မြစ်အေး၏ပြောစကားများမှာ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ကျွန်ုပ်နှင့်ဖခင်ဖြစ်သူသည်လည်း စိတ်ဝင်တစားနားထောင်စေခဲ့ပြီး၊ ညနေဆောင်းသည်နှင့် ဦးကြီး၏နေအိမ်ဆီသို့သာ ပြန်လည်ဦးတည်ခဲ့ကြရလေသည်။ ထို့နောက် ဦးကြီး၏နေအိမ်တွင် (၁၄)ရက်၊နှစ်ပတ်တိတိနေထိုင်လာခဲ့ပြီး၊ စိတ်ဝင်စားဖွယ်ကောင်းလှသော ကျီးကန်းကြီးကိုပင် လေ့လာနေခဲ့မိသည်။
ဦးပေါ်ထွန်းနှင့်ဇနီးဖြစ်သူ ဒေါ်မြစ်အေးတို့နှစ်ဦးသား ပြောဆိုခဲ့ကြသည့်အတိုင်းပါပဲ၊ မိခင်ဖြစ်သူမှ ကလေးမလေးအား ရေချိုးပေးသည့် အချိန်တိုင်းတွင်လည်း ကျီးကန်းကြီးမှာ အုတ်ကန်ဘောင်အပေါ်မှနေ၍ သူသည်လည်း ရေချိုးနေလေ့ရှိပေသည်။ ကလေးမလေး အိပ်နေသည့် အချိန်များတွင်လည်း ကလေးမလေး၏နံဘေးပတ်ပတ်လည်တွင် လှည့်ပတ်သွားနေခဲ့သည်က အိပ်ပျော်နေခဲ့သော ကလေးလေးကိုပင် စောင့်ရှောက်ပေးနေခဲ့သည်က ထင်ပေါ်စေလှသည်။
ကျွန်ုပ်တို့သည်လည်း နှစ်ပတ်တိတိ ဦးကြီး၏နေအိမ်အတွင်း၌ နေရစ်ခဲ့ကြပြီး၊ နှစ်ပတ်မြောက်နေ့တွင်မူ ဝါးခယ်မမှရန်ကုန်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။ ရန်ကုန်ဆီသို့ ပြန်လည်ရောက်ရှ်ိလာခဲ့သည့်အထိ ထိုကျီးကန်းအကြောင်းကိုပင် စဉ်းစားနေခဲ့မိသည်။ ထိုအချိန်က ကျွန်ုပ်သည် စာရေးသားခြင်းများ မရှိသေးသည်ကြောင့် ထိုအကြောင်းအရာကိုပင် နှလုံးသားအတွင်း၌ သိမ်းဆည်းထားခဲ့ရပေသည်။
ယခုစာမူများရေးနေခဲ့သည့် အချိန်တွင်းမှာပင် ထိုအကြောင်းအရာအား ပြန်လည်သတိရလျက် ရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစာမူ မရေးသားခင်အချိန်မှ ဦးပေါ်ထွန်းနှင့်ဒေါ်မြစ်အေးတို့ထံသို့ ကျွန်ုပ်သည်ဖုန်းအဆက်သွယ်ဖြစ် ထိုကျီးကန်းကြီးကိုပင် သတိတရမေးမြန်းမိလိုက်ပါသေးသည်။ ယခုကျွန်ုပ်မေးမြန်းလိုက်သည့်အချိန်နှင့် ထိုကျီးကန်းကိုပင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည့်အချိန်၊ ကြားတွင် သုံးနှစ်ကျော်ကျော် ကွာဟနေခဲ့ပြီဖြစ်သည်။
ယခုသုံးနှစ်အချိန်ကာလမှ သတိပြန်လည်ရရှိမိလေရင်း ဦးပေါ်ထွန်းအား ကျီးကန်းအကြောင်း ပြန်လည်မေးမြန်းမိသည့်အခါတွင် ကျီးကန်းကြီးမှာ ကလေးမလေး နှစ်နှစ်အရွယ်မှစတင်၍ ထိုသူတို့၏နေအိမ်ဆီသို့ ရောက်ရှိလာခြင်းမရှိတော့ပေဟု သိရှိလိုက်ရလေတော့သည်။ ။
ပြီး….
(ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာတွင် ကလေးမလေးမှာ အမည်အားဖြင့်အိအိဝင်းဟုခေါ်တွင်လျက် (၃)နှစ်သမီးလေးအဖြစ် ယနေ့တိုင်ထိ ရှိနေပါသေးသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)ကျီးကန်းစောင့်သော ကလေးငယ်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
(ဖြစ်ရပ်ဆန်းကြယ်)
ဖြစ်ရပ်မှန်အကြောင်းလေးတစ်ခုပင်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော် အဖြစ်အပျက်များမှာ ဘဝအခြေအနေ ကွဲပြားနေခဲ့သော်လည်း ဖြစ်ရပ်များမှာ စာဖတ်သူများကြားဖူးလေ့ရှိခဲ့သော် အဖြစ်အပျက်များထဲမှ တစ်ခုပင်ဖြစ်လိမ့်မည်ဖြစ်သည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာတွင်ဖြစ်၏။ ထိုကျေးရွာလေးတွင် ကျွန်ုပ်ဖခင်၏အစ်ကိုဖြစ်သူ ကျွန်ုပ်၏ဦးကြီးတော်စပ်သူ မိသားစုဝင်များနေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့မိသားစုများသည် နွေရာသီသို့ရောက်ရှိလာပါက ဝါးခယ်မမြို့့ရှိ ဦးလေးထံသို့ သွားရောက်လည်ပတ်လေ့ရှိပါသည်။
ဦးကြီး၏ဇနီးဖြစ်သူ ကျွန်ုပ်၏ကြီးကြီးတွင် ညီမတစ်ဦးရှိပြီး၊ ထိုအဒေါ်ကြီး၏ အမည်မှာ ဒေါ်မြစ်အေးပင်ဖြစ်သည်။ ထိုအချိန် ကျွန်ုပ်နှင့်ဖခင်ဖြစ်သူတို့ သွားရောက်လည်ပတ်သည့် နွေရာသီတွင် ဒေါ်မြစ်အေးမှာ ကလေးငယ်လေးတစ်ဦး မွေးဖွားထားခဲ့ပြီးဖြစ်၏။ ဒေါ်မြစ်အေးနှင့် ကျွန်ုပ်၏ဖခင်ဖြစ်တို့သည်လည်း ငယ်စဉ်အခါက နွားကျောင်းဖော်၊ နွားကျောင်းဖတ် သူငယ်ချင်းများ၍ အလွန်ပင်ရင်းနှီးကြပေသည်။
ကလေးမလေးမှာ (၆)လအရွယ်သာလျင် ရှိသေး၏။ ကျွန်ုပ်တို့သည်လည်း ဦးကြီးအိမ်သို့ရောက်ရှိလာခဲ့ပြီး တစ်ရက်အကြာ၌ အလည်သဘောမျိုးဖြင့် ဒေါ်မြစ်အေး၏နေအိမ်ဘက်သို့ ကလေးမလေးကိုပင် သွားရောက်ကြည့်ရှု့လေခဲ့သည်။ ကလေးမလေး၏ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးများဖြစ်သော်လည်း (၆)လအရွယ်ကလေးမလေးမှာ မျက်ခုံးနက်နက်၊ နှာတံချွန်ချွန်၊ ကုလားစင်ပုံစံလေးပင်ဖြစ်လေသည်။
ဖခင်ဖြစ်သူသည်လည်း ယခင်က ဝါးခယ်မမြို့၊ ရေကျော်ရွာသားစစ်စစ်ပင်ဖြစ်သည်ကြောင့် ဖခင်ဖြစ်သူ ထိုရွာလေးဆီသို့ ရောက်ရှိလာခဲ့ပြီဆိုလျင် သူ၏ငယ်ပေါင်းများဖြင့် ပြောဆိုနေကြသော စကားများမှာ ပျက်သည်ဟူ၍မရှိ၊ ပြောမဆုံးပေါင် တောသုံးထောင်ဟုပင် သတ်မှတ်စေလောက်သည်။ ယခုတွင်လည်း ဒေါ်မြစ်အေး၏လင်ယောက်ျားဖြစ်သူ ဦးပေါ်ထွန်းမှာ ဖခင်ဖြစ်သူ၏ ငယ်ပေါင်းသူငယ်ချင်းတစ်ဦးပင်ဖြစ်လေသည်။
ကလေးမလေးအား လာရောက်ကြည့်ရှု့ခဲ့ရာမှ ဖခင်ဖြစ်သူနှင့်ဦးပေါ်ထွန်းတို့သည်လည်း မဆုံဖြစ်ခဲ့သည်မှာ နှစ်ကာလကြာမြင့်နေကြပြီးဖြစ်သော်ကြောင့် စကားဝိုင်းကြီးမှာ အဆုံးမသတ်၍ပင်မရနိုင်ခဲ့ချေ။ ကျွန်ုပ်သည်လည်း ဖခင်ဖြစ်သူနှင့် သူ၏ငယ်သူငယ်ချင်းများ ပြောဆိုနေကြသည့် စကားများကိုပင် နားထောင်နေခဲ့လေ၏။ ထိုအခါ အိမ်ရှေ့ခန်းလေးတွင် အုပ်ခြင်ထောင်လေးဖြင့် အုပ်ထားစေခဲ့ပြီး၊ အိပ်ပျော်နေခဲ့သည့် (၆)လသမီးလေးမှာ နိုးထလာခဲ့လေသည်။
ကလေးတို့၏သဘာဝအရ ကလေးမလေးမှာ နိုးထလာသည်နှင့် ငိုသံသည်လည်း တပြိုင်နက်ထွက်ပေါ်လာခဲ့၏။ မိခင်ဖြစ်သူ ဒေါ်မြစ်အေးသည်လည်း သမီးလေးနိုးထလာခဲ့ပြီဖြစ်သောကြောင့်၊ နို့ချိုတိုက်ကျွေးရန်အတွက် အပြေးဦးတည်လာခဲ့လေသည်။ ထိုအချိန်တွင်းမှာပင် ဖွင့်လစ်ထားခဲ့သော ပြတင်းပေါက်အတွင်းမှနေ၍ အုပ်ခြင်ထောင်လေးအပေါ်သို့ ကျီးကန်းကြီးတစ်ကောင်မှာ အပြင်မှပြန်သန်းလာခဲ့ပြီး ရုတ်တရက် ဝင်ရောက်နားခိုလိုက်ချေသည်။
ဖခင်ဖြစ်သူနှင့် သူ၏သူငယ်ချင်းများသည်လည်း ကလေးလေး၏ငိုသံကြောင့် စကားဝိုင်းမှာပင် ခေတ္တရပ်တန့်သွားခဲ့လေ၏။ မိခင်ဖြစ်သူ ရောက်ရှိမလာသေးခင်မှာပင် ကျီးကန်းမှာ ကလေးခြင်ထောင်အပေါ်သို့ လာရောက်နားခိုလိုက်သော်လည်း အိမ်သားများမှာ တုန့်တုန့်မှမလှုပ် အမူယာများစွာပင်လျင် မပျက်ပျယ်၊ သို့သော် ကျွန်ုပ်နှင့်ဖခင်ဖြစ်သူတို့မှာ ထိုကျီးကန်ကိုပင် မြင်တွေ့လိုက်ရပြီး လွန်စွာအံ့အားသင့်နေလေခဲ့သည်။ မည်သည့်နေရာဆီမှ ပျံသန်းလာခဲ့ပြီး၊ အဘယ့်ကြောင့် အိမ်ရှင်များမှာလည်း မောင်းနှင်ခြင်းများမပြုလုပ်ရလေသနည်းဟု ကျွန်ုပ်တို့၏စိတ်ထဲတွင် တွေးမိနေခဲ့ခြင်းဖြစ်ပေသည်။
ထို့နောက် ဒေါ်မြစ်အေးသည်လည်း ကလေးလေးအနားသို့ ခပ်သုတ်သုတ်ရောက်ရှိလာခဲ့ပြီး၊ ကျီးကန်းကိုပင် အသာအယာ မောင်းနှင်လျက်၊ အုပ်ခြင်ထောင်ကိုပင် ဖွင့်လိုက်စေ၏။ ကျီးကန်းကြီးမှာလည်း ဒေါ်မြစ်အေး၏မောင်းနှင်မှု့များကြောင့် ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်ပျံသွားခဲ့လေသည်။ ထို့နောက် မိခင်ဖြစ်သူဒေါ်မြစ်အေးမှာ ကလေးမလေးအား နို့တိုက်ကျွေးလေခဲ့သည်။

Leave a Reply