စွဲလန်းစိတ်ဝေဒနာ

ဘဝကိုတိတ် ဆိတ်စွာ၊ ငြိမ်သက်စွာ၊ ခြောက်သွေ့စွာ၊ မှောင်မည်းစွာနဲ့ နောက်ထပ်ဆယ်နှစ်လောက် ဖြတ်သန်းနိုင်ခဲ့တယ်….။

ဒီကြားထဲမှာ ထူးခြားတာ တစ်ခုတော့ဖြစ်ခဲ့တယ်။ အမေကြီးဒေါ်မြင့် ဘာမီတွန်ဆေးပြားကိုးပြား သောက်လိုက်တယ်။လမ်းထဲမှာရှိတဲ့ အိမ်ဆိုင်လေးကနေ ဝယ်သောက်တာ။ အိမ်ဆိုင်ကလည်းရိုးရိုးသားသားပဲထင်တယ်၊ ပိုပိုလိုလိုဝယ်ထားတာဆိုပြီး ရောင်းလိုက်တာ။ နောက်နေ့မနက် နေတော်တော်မြင့်တဲ့အထိ အမေကြီး ဒေါ်မြင့် မထဘူး….။

နေ့တိုင်းနေ့တိုင်း အုန်းမောင်းခေါက်သံကြားတာနဲ့ ဓါတ် မီးတစ်လက်ဆွဲပြီး တကုပ်ကုပ်၊ တတောက်တောက် ဆွမ်းချက် နေကြပါ။

““ဘာဖြစ်လို့ပါလိမ့်…””ဆိုပြီး ကပ်လျက်အိမ်က တတ်ကြည့်တယ်။ အိပ်နေတာတွေ့လို့ နှိုးတယ်။ ဘယ်လိုနှိုးနှိုးမရဘူး….။ အနီးမှာစက္ကူနဲ့ဘာမီတွန်ဆေးပြားတစ်ပြားတွေ့တယ်။ ဈေးဆိုင်သွားပေးကြည့်တော့ဆယ်ပြားဝယ်သွားတယ်။ ဒီတော့မှ ဘာမီတွန်တွေသောက်လိုက်တယ်ဆိုတာ သိ သွားကြတယ်။

သမီးတွေဆီ အကြောင်းကြားတယ်၊ ဆေးရုံပို့တယ်။ အဲဒီတုန်းက အမေကြီးဒေါ်မြင့်တစ်ယောက် သုံးရက်တိတိ စကားမေးမရဘူး။

လေးရက်မြောက်နေ့မှ သတိပြန်လည်လာခဲ့တယ်။ ဒီအဖြစ်အပျက်က အမေကြီးဒေါ်မြင့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာ ပြသွားတာပဲ။

ဆေးရုံကဆင်းတော့ ဆရာမက သူ့အိမ်ကိုအတင်းခေါ် သွားတယ်၊ တစ်လလောက်ကြာသွားတယ်။

တစ်လလောက်လည်းပြည့်ရော သူ့အိမ်လေးနဲ့ သူ့ခြံလေးဆီကို တောင်ဝှေးတစ်တောက်တောက် ထောက်ပြီး ပြန်ရောက်လာပြန်တယ်။

တစ်ရက်မှာတော့ သားအငယ်ကောင် ပြန်ရောက်လာတယ်။ နည်းနည်းပိန်သွားတာကလွဲလို့ အရင်အတိုင်းပါပဲ။ သူပြန်လာတော့ ခရီးဆောင်အိတ် မပါဘူး။ငွေလည်း တစ်ပြားမှပါမလာဘူး။ ထွက်သွားတုန်းကအတိုင်း အဝတ်အထည်၊ ကိုယ်တစ်ခုနဲ့ပဲ….။

“ယိုးဒယားသွားပြီး အလုပ်လုပ်တာအမေ…၊ ဟိုမှာ ရောင်းစားခံရတယ်။ ထွက်ပြေးတော့ အဖမ်းခံရပြီး ထောင်ကျတယ်။ အခု ထောင်ကလွတ်လို့ ပြန်လာတာတဲ့…” ဘာပဲဖြစ်ဖြစ် သားလေးပြန်လာတဲ့အတွက် အမေကြီးဒေါ်မြင့် ပျော်နေတာသေချာတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့အမေကြီးဒေါ်မြင့်ရဲ့အပျော်၊ အ ပြုံး။ အရယ်၊ အမောတွေကို အဲဒီတော့မှ တွေ့ ကြရတယ်။ ဒါပေမဲ့ အမေကြီးဒေါ်မြင့်ဟာ သူ့သားလေးကိုတွေ့ရာ လို့ သူ့အသက်ကို ဆွဲဆန့်နေခဲ့တာနဲ့တူရဲ့….။ သူ့သားငယ်လည်း တွေ့ပြီးရော၊ စိတ်ကို လျော့ချလိုက်တယ်။

လအနည်းငယ်အကြာမှ ကွယ်လွန်သွားရှာတယ်။ အစ်မတွေက မိဘအမွေ သည်အိမ်နှင့် သည် လေးက မောင်ငယ်လက်ထဲကို ပေးလိုက်ကြတယ်..။မိခင်ကြီး လလည်ဆွမ်းကျွေးပြီး နောက်တစ်နေ့မှာပဲ ဆင်ငယ် အိမ်ကထွက်သွားပြန်တယ်။ ထုံးစံအတိုင်း အဝတ်အထည်၊ ကိုယ်တစ်ခုနဲ့ပဲ…။ အဲဒီကတည်းက သည်အိမ်လေးနဲ့ သည်ခြံလေးကို သည်အတိုင်း ပစ်ထားခဲ့ကြတာဖြစ်တယ်။

သည်အိမ်လေးကို ငှားနေမယ့်သူတွေက အတာတို့လင်မယား…..။
လင်ရောမယားရောတစ်ရပ်ကွက်ထဲသားတွေချည်းပဲ။ အမေကြီးဒေါ်မြင့်အိမ်နဲ့ မလှမ်းမကမ်းမှာနေကြတဲ့ ကလေးတွေ။သမီးရည်းစားတွေဖြစ်၊ ခိုးရာလိုက်၊ အိမ်ထောင်ကျပြီး အိုးခွဲနေဖို့ ငှားနေတာ။

အလတ်မကလည်း မောင်ငယ်ပစ်ထားတဲ့အိမ်ကို ဒီအ တိုင်းထားတာထက် အိမ်ငှားထားလိုက်ရင် ပြုပြုပြင်ပြင်ရှိမယ်။ အိမ်ငှားခနဲ့ သက်ငယ်ဝယ်ပြီး အိမ်မိုးနိုင်တယ်လို့ တွေးတယ်။

ဒါ့ကြောင့် အတာတို့လင်မယားကို အိမ်ငှားလိုက်တယ်။ “တဲ့ အတာ၊ ကြည့်လည်းလုပ်ဦးနော်.. အမေကြီးဒေါ်မြင့်က ကျွတ်မှာမဟုတ်ဘူး။ သူ့အိမ်ထဲကနေ တောင်ဝှေး တစ်တောက်တောက်နဲ့ သွားနေတာ ခဏခဏကြားရတယ်…. ကပ်လျက်အိမ်က ဒေါ်ပဲလုံးကပြောတယ်။ အတာ စိုးရိမ်သွားတယ်၊ သူ့မိန်းမငွေမိက ကြောက် တတ်တာကိုး၊ ဒါ့ကြောင့် သူ့မိန်းမနဲ့ တိုင်ပင်တယ်။ “မတတ်နိုင်ဘူးဟာ၊ နေရမှာပဲ အတာ၊ အမေကြီးဒေါ်မြင့်ကတော့ တို့ကိုခြောက်မှာ မဟုတ်ဘူး…
အတာ့မိန်းမ ငွေမိက မိကပြောတယ်။ ဒီလိုနဲ့ အတာတို့လင်မယား၊ အမေကြီးဒေါ်မြင့်အိမ်ကို ပြောင်းလာကြတယ်။

ကြမ်းခင်းတွေကို ရေဆေးချ၊ ကြမ်းတိုက်၊ တံမြက်စည်း လှည်းကျင်း၊ သန့်ရှင်းရေးလုပ်လိုက်မှ လူနေတဲ့အိမ်နဲ့ တူသွား တယ်။
အိမ်အမိုးကတော့ ကြယ်မြင် လမြင်၊ သည့်အတိုင်းပဲထားလိုက်တယ်။
အလတ်မက တစ်ပတ်အတွင်း အိပ်မိုးပေးမယ် ပြောထားတယ်။

ညရောက်တော့ တစ်နေကုန်ပင်ပန်းထားတာကြောင့် မငွေမိ အစောကြီးအိပ်ရာဝင်သွားတယ်။

အတာကတော့ ဒေါ်ပဲလုံးပြောသလို အမေကြီးဒေါ်မြင့်ရဲ့ တောင်ဝှေးထောက်သံ တစ်ဟောက်တောက်ကိုကြားရပလား…၊ အမေကြီးဒေါ်မြင့်ရဲ့ ရုပ်သွင်ကိုပဲ မြင်ရလေမလားဆိုတဲ့ စိုးရိမ်အတွေးတွေကြောင့် တော်တော်နဲ့အိပ်မရဘူး။

ဟိုနေရာက ““ချောက်”ခနဲကြားလိုက် လန့်လိုက်။

ဒီနေရာက “ဖျောက်”ခနဲကြားလိုက်၊ ရင်တုန်သွား လိုက်နဲ့ ညသန်းခေါင်လောက်မှ အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ မသိဘူး။

အိမ်ထရံကို လက်ငါးနဲ့ပုဟ်လိုက်သလို အသံသုံးချက်ကြောင့် အတာ ဖြုတ်ခနဲလန့်နိုးသွားတယ်။ မလှုပ်မယှက်၊ အိပ်ရာထဲက နားစွင့်တယ်။ နောက်ထပ် ဘာသံမှမကြားရတော့ဘူး။နာနာဘာဝတွေဟာ ပဋ္ဌာန်းဒေသနာတော်ကို ကြောက် တယ်။၂၄ ပစ္စည်းရွတ်နေရင် ဘယ်လိုနာနာဘာဝမှ မကပ် ရောက်နိုင်ဘူးဆိုတာ ကြားဖူးတယ်။

ဒါ့ကြောင့် အတာ ၂၄ ပစ္စည်းကိုတိုးတိုးရွတ်တယ်။ ခဏနေတော့ “တောက်” ခတ်သံကြီးတစ်ချက် ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်။တောက်ခတ်သံက မကျေမနပ်ဖြစ်ပြီး ခတ်လိုက်တဲ့အသံကြီးကိုတာ အတာ နားလည်လိုက်တယ်။ ချက်ချင်းဆိုသလိုပါပဲ၊ တဒုန်းဒုန်း ခြေထောက်ဆောင့်နင်းသွားတဲ့ အသံကြားရတယ်။

ခြေသံက တံခါးမကြီးဆီ သွားနေတယ်။ ပြီးတော့ လှေကားကနေ တဒုန်းဒုန်းခြေဆောင့် ဆင်းသွားတယ်။

ဆင်းရင်းနဲ့ လှေကားလက်တန်းကို ဖြန်းခနဲ ခပ်ပြင်း ပြင်းတစ်ချက် ရိုက်သွားတယ်။ အဲဒီနောက်မှာတော့ ညက ပြန်ပြီးတိတ်ဆိတ်သွား တယ်၊ ငြိမ်သက်သွားတယ်။လေတိုက်တာကြောင့် သရက်ပင်ကိုင်းအချို့က ခေါင်မိုးတိုက်ပြီး ဂျစ်ဂျစ်ဂျစ်ဂျစ် မြည်နေတယ်။

ခေါင်မိုးအပေါက်တွေကြားကနေ ကြယ်ပွင့်အချို့ အ မှောင်ထဲမှာ ဖျတ်ဖျတ်လက်နေတာ တွေ့ရတယ်။

စစချင်း၊ ဆောက်နဲ့ထွင်းသလို ပထမဆုံးအိပ်တဲ့ ကနဦးညမှာပဲ အတာတစ်ယောက် သရဲခြောက်ခံလိုက်ရပြီ ဖြစ်ပါ တယ်။

ဒုတိယမြောက်ညက ပထမညထက်ဆိုးတယ်..။
“အမလေး… သရဲ… သရဲ”
မငွေမိရဲ့ ငယ်သံပါအောင်အော်လိုက်သံကြောင့် အတာလန့်နိုးသွားတယ်..။

မငွေမိက ခြေရင်းဘက်လက်ညှိုးထိုးပြီး၊ မျက်စိ စုံမှိတ် အော်နေတယ်။
အတာ လှမ်းကြည့်လိုက်တော့ ဖြူဖြူကြီးကို တွေ့ရ တိမ်တွေလိုလို၊ မီးခိုးငွေ့သဏ္ဍာန်လိုလို ဖြူဖြူကြီး… တယ်။

ထင်ထင်ရှားရှားမဟုတ်ပေမဲ့ လူပုံသဏ္ဍာန်ကတော့ သ​ဲသဲကွဲကွဲရှိတယ်။

နာနာဘာဝ တစ်ကောင်မှန်းသိသာတယ်။ အတာကြည့်နေတုန်းမှာ ဖြူဖြူကောင်က တံခါးကို တိုးဖြတ်ပြီး အပြင်ဘက်ထွက်သွားတာ တွေ့ရတယ်…

“ခြေ… ခြေ…. ခြေထောက်ကို လာဆွဲတယ်…။ ကြောက်လိုက်တာ…..” မငွေမိ အကြောက်လွန်နေတဲ့အသံနဲ့ တုန်တုန်ရီရီပြော

“နှစ်ညအိပ်တာ၊ နှစ်ညစလုံး သရဲခြောက်တယ်…. ဆက်နေလို့ ဖြစ်ပါ့မလား…” အတာ တွေးရတော့တယ်။ ဟုတ်တယ်၊ တွေးရတယ်။ မတော်တဆ မငွေမိ တစ်ခုခုဖြစ်သွားရင် ဒုက္ခ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကိစ္စ နောက်နေ့မှဆက်တွေးမယ်။ လောလောဆယ် အရေးကြီးတာက မငွေမိကိုအားဖို့၊ ဖျောင်းဖျ…။

မငွေမိကို ရေတစ်ခွက် ခပ်တိုက်တယ်။
တယ်။သူလည်း တစ်ခွက်ခပ်သောက်လိုက်တယ်။ ““မကြောက်နဲ့ငွေမိ၊ ကိုတစ်ယောက်လုံး ရှိတယ်..”
အတာမငွေမိကို ကြင်ကြင်နာနာ ဖတ်ပြီးအားပေးတယ်။

အားသာ ပေးနေရတယ်၊ သူလည်း ကြောက်နေတယ်။ မီးခိုးငွေ့လိုလို၊ ဖြူဖြူအကောင်ကြီးကို မျက်စိထဲ တ ဖျောက်ဖျက်လို့မရအောင် မြင်နေတယ်။ နောက်ပြီး သူ့တစ်ကိုယ်လုံးမှာလည်း ကြောက်စိတ် ကြောင့် ချွေးတွေရွှဲနစ်နေတယ်။

“ဒေါ်ပဲလုံးရေ ခင်ဗျားပြောတာက အမေကြီးဒေါ်မြင့် မကျွတ်ဘူးဆို၊ သူ့အိမ်မှာ ရှိတယ်ဆို..။ အခု သရဲခြောက်တာ နှစ်ညရှိပြီ….။ အမေကြီးဒေါ်မြင့် မဟုတ်ဘူး။ အခြား သရဲတွေ….” “တေ… အဟုတ်လား..” 66 ဒေါ်ပဲလုံး အံ့အားသင့်သွားတယ်။ သူ ဒီဘက်အိမ်ကနေ ကြားနေတဲ့အသံက တောင်လှေ။

ထောက်သံ တတောက်တောက်မို့ အမေကြီးဒေါ်မြင့် သူ့အိမ်ထဲ လျှောက်သွားနေတာပဲလို့ တွေးမိတယ်။အခု အတာတို့လင်မယား ကွေ့တဲ့သရဲက အခြားသရဲ တွေဆိုတော့ ဒေါ်ပဲလုံး မျက်စိပါလည်သွားတယ်။

“လူမနေဘဲ ပစ်ထားဟာကြာပြီဆိုတော့ အခြားသရဲ တွေပါလာနေကြတာဖြစ်မှာပေါ ” ဟုဒေါ်ပဲလုံးကသူထင်သလို ပြောတယ်….။

ဘယ်လိုပင်ဖြစ်စေ၊ တတိယမြောက်ညမှာတော့ အမေ ကြီးဒေါ်မြင့်တစ်ယောက် အတာတို့ဆီ ရောက်လာခဲ့ပါတယ်။ အဲဒီနေ့က အတာ အလုပ်ပြန်နောက်ကျတယ်။ သူတို့ပန်းရံအဖွဲ့ ဒီနေ့ အခြားမြို့မှာ သွားဆင်းရတယ်။ အလုပ်သိမ်းချိန်က ညနေလေးနာရီခွဲပေမယ့် အပြန်မှာကားစောင့်ရ၊ ကားစီးရနှင့် ညမှောင်ရီပျိုးမှ အိမ်ရောက်လာ တယ်….

မငွေမိက မျက်စောင်းထိုး ခပ်လှမ်းလှမ်းမှာရှိတဲ့ သူ့အ မေအိမ်ကနေ အတာ့ကိုစောင့်နေတယ်။သရဲခြောက်မှန်းသိတာကြောင့် အတာမရှိရင် နေ့နေ့ ညည သူမနေရဲဘူး။

ဒါ့ကြောင့် အမေ့အိမ်မှာနေ၊ အမေ့အိမ်မှာ စားတယ်၊ ညနေစာကိုလည်း အမေ့အိမ်မှာပဲ ချက်ထားလိုက်တယ်။ အတာပြန်လာတော့ ညနေစာစားတယ်၊ စားပြီးမှ ငှား နေတဲ့အိမ်ကို လာခဲ့တယ်။

အဲဒီညကတော့ သူတို့လင်မယား ကောင်းကောင်းမွန် မွန် အိပ်ကြရတယ်။

ဖြူဖြူသဏ္ဍာန် နာနာဘာဝကောင်ကြီးလည်း မလာဘူး၊ သူတို့ရောက်လာတာကို မကျေမနပ်ဖြစ်ပြီး တောက် ခတ်လိုခတ်၊ ခြေဆောင့်နင်းလိုနင်းလုပ်တတ်တဲ့ သရဲလည်းမခြောက်ဘူး…။အနှောင့်အယှက်မရှိတာကြောင့် တိတ်ဆိတ်နေတဲ့ ည ခင်းက သာယာနေတယ်။

ညအမှောင်ထဲမှာ အစွမ်းကုန်လင်းလက်နေတဲ့ ကြယ် ပွင့်အများအပြားကို ခေါင်မိုးပေါက်တွေကြားက မြင်နေရတယ်။ ညတော်တော်နက်မှ အတာတို့လင်မယား အိပ်ပျော် သွားကြတယ်။

“ဟဲ့… ကလေးတွေ… ထကြ.. ထကြ….။ မိုးရွာတော့မယ်….သွား သွား…….၊ ငွေမိအမေအိမ် သွားကြ..” နှိုးနေတဲ့အသံကြောင့် အတာရော၊ မငွေမိပါ နိုးသွားတယ်။

နှစ်ရှည်လများ လက်ပွန်းတတီးရှိခဲ့တဲ့အသံ၊ ရင်းနှီးခဲ့ တဲ့အသံ..။ဒီအသံပိုင်ရှင်ဟာ အမေကြီးဒေါ်မြင့်ဆိုတာ အတာတို့နှစ် ယောက်စလုံး သိတယ်။

အိပ်ရာထဲကလူးလဲပြီးအထမှာကြမ်းပြင်ပေါ်တောင်ဝှေး ထောက်တဲ့အသံ တတောက်တောက်ကို တစ်ချက်နှစ်ချက်ကြား လိုက်ရသလို ရှိတယ်….။

နှစ်ယောက်စလုံး အပေါ်ကိုမော့ကြည့်မိတယ်။ ဟုတ်တယ်၊ ကြယ်တွေ တစ်ပွင့်မှ မရှိတော့ဘူး။ ပျောက် ခြင်းမလှ ပျောက်ကုန်ကြပြီ..။
ကောင်းကင်ကြီးပေါ်မှာ မိုးသားမိုးရိပ်တွေနဲ့ မည်းမှောင် အုံခဲနေတယ်။

အဲဒီတုန်းမှာ လေပြေတစ်ချက် ဝှေ့တိုက်လာတယ်။ အေးစိမ့်နေတဲ့လေ၊ မိုးနံ့ပါတဲ့လေ….။ သူတို့လင်မယား အိပ်ရာတွေအပြန်သိမ်း၊ ပုခုံးပေါ်ထမ်းပြီး မငွေမိအမေအိပ် ပြေးသွားကြတယ်။

မငွေမိအမေ အိမ်တံခါးဖွင့်ပေးလိုက်ချိန်မှာပဲ ကြောက်ဧရာ ဖြန်းခနဲအသံကြီးနဲ့ ဝင်းခနဲဝင်းခနဲ လျှပ်စီးကြောင်းကြီး လက်သွားတယ်။ချက်ချင်းပဲ မိုးကြီးသဲသဲမဲမဲ၊ ဝုန်းဝုန်းဒိုင်းဒိုင်း၊ ရွာချလိုက်တယ်…။

“ကံကောင်းလို့ ငွေမိရေ….။ အမေကြီးဒေါ်မြင့် နှိုးလို့သာပေါ့….။ နို့မို့ဆို တို့နှစ်ယောက်စလုံး မိုးမိလို့ ကြွက်စုတ်ဖြစ်နေတယ်။

အတာက အမေကြီးဒေါ်မြင့်ကို ကျေးဇူးတင်သံနဲ့ ပြော““တုတ်ပါ့တော်…..။ အမေကြီးဒေါ်မြင့် နှိုးလို့သာပေါ့…..” မငွေမိတအံ့တဩနဲ့အတာ့စကားကိုထောက်ခံရင်းပြန် ပြောလိုက်တယ်။

“ကျွန်မတို့ အန္တရာယ်ကင်း ပရိတ်တရားနာရင် ကောင်းမလား အမေ….”မငွေမိ သူ့အမေနဲ့တိုင်ပင်တယ်။ “မလုပ်ပါနဲ့အေ…။ ကိုယ်က အိမ်ငှားဘဝနဲ့နေပြီး အိမ် ရှင်ကို နှင်ထုတ်သလိုဖြစ်နေမှာပေါ့..” အန္တရာယ်ကင်း ပရိတ်တရားနာရင် ဆရာတော်သံဃာ တော်တွေက အိမ်ဝင်း။ ခြံဝင်းထဲမှာနေထိုင်တဲ့ မကောင်းဆိုးပါ နာနာဘာဝအပေါင်းကို ရတနာသုံးပါးအမိန့်နဲ့ နှင်ထုတ်ရတယ်။ ဒါကိုရည်ညွှန်းပြီး မငွေမိအမေက တားတာပါ။

“သူတို့အားလုံး မြင့်မြတ်တဲ့ဘုံဘဝရောက်အေား ကောင်းမှုကုသိုလ်လုပ်ပြီး အမျှအတန်းပေးဝေရင်ရော…” အတာက သူ့ယောက္ခမကိုထပ်ပြီး မေးတယ်။ သတ္တဝါဆိုတာက ကိုယ့်ကိုယ်ကို ခင်တွယ်ကြတယ်။ လက်ရှိဘဝကိုပဲ တွယ်တာ တပ်မက်နေတတ်တယ်။ သာယာနေတတ်တယ်။

“အမေ ပြောပြမယ်၊ သေချာနားထောင်…၊ ဗုဒ္ဓမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ တော်မှာ သီတင်းသုံးနေစဉ်က….၊ ရဟန်းငါးရာဟာ မြတ်စွာဘုရားဆီက ကမ္မဋ္ဌာန်း၊ ကမ္မဋ္ဌာန်းတရား များကိုသင်ယူပြီး .. ဟိမဝန္တာအနီးမှာရှိတဲ့ တောအုပ်ကြီးတစ် ခုထဲသွားပြီး တရားအားထုတ်ကြတယ်။

ဒီလိုရဟန်းတွေတရားအားထုတ်နေတော့သူတို့ရဲ့သီလ တန်ခိုးကြောင့် တောထဲမှာရှိတဲ့ရုက္ခစိုးတွေဟာ သူတို့ဘုံဗိမာန် သစ်ပင်တွေပေါ်မှာ နေလို့မရတော့ဘူး၊ မနေနိုင်ကြဘူး။

ရုက္ခစိုးဆိုတာက သစ်ပင်ကိုစောင့်ရှောက်တဲ့ နတ်ပေါ့။ သူလည်း ပြိတ္တာဘုံသား။ နာနာဘာဝတစ်မျိုးပဲ။ ရုက္ခစိုးတွေက ရဟန်းတွေ တောထဲမှာမနေရဲအောင်၊ ထွက်ပြေးအောင် လုပ်တယ်။

ဘယ်လိုလုပ်လဲဆိုတော့ ထိတ်လန့်ကြောက်ရွံ့ဖွယ် ရုပ် ဆင်းသဏ္ဍာန်တွေကို အမျိုးမျိုးဖန်ဆင်းပြတယ်၊ ခြောက်လှန့် ကြတယ်။

ရဟန်းတွေလည်း စိတ်ချောက်ချားတာပေါ့…။ စိတ်အနှောင့်အယှက်ဖြစ်ပြီးတရားကို ကောင်းကောင်း မွန်မွန်၊ ဖြောင့်ဖြောင့်တန်းတန်း တရားအားမထုတ်နိုင်ကြတော့ ။
ဒါ့ကြောင့် သာဝတ္ထိပြည်ကို ပြန်သွားကြတယ်။

ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံ..။ မြတ်စွာဘုရားကို လျှောက်ထားတယ်။

မြတ်စွာဘုရားက ရဟန်းတို့ကို “လက်နက်အဆောင် အယောင်၊ အရံအတား မဆောင်သွားကြပဲကိုး” လို့ မိန့်တော် မူတယ်။
ရဟန်းတို့ကို မေတ္တာသုတ် ပရိတ်အရံအတားကို သင် ကြားပေးတယ်။
ရဟန်းငါးရာလည်း မေတ္တာသုတ်ကို နာယူကျက်မှတ် ကြတယ်။
ပြီးတာနဲ့ တောအုပ်ကြီးထဲကို ပြန်ပြီးဝင်ခဲ့ကြသတဲ့..။ တောအုပ်ကို စပြီးဝင်ကတည်းက မေတ္တာသုတ်ကိုရွတ် ဆိုကြတယ်၊ နောက် ကမ္မဋ္ဌာန်းတရားကို အားထုတ်တယ်။ အဲဒီနောက်ပိုင်း ကြောက်အောင်လန့်အောင် မခြောက်တော့ဘူး၊

ရှိတာကတော့ ရှိနေတုန်းပဲ။ ဖြူဖြူ အရိပ်အငွေ့လိုအရာတွေ တစ်ခါတစ်ခါတွေ့တယ်။ အမေကြီးဒေါ်မြင့်ရဲ့ တောင်ဝှေးထောက်သံ တတောက် တောက်ကိုလည်း ရံဖန်ရံခါ ကြားရတယ်။ ဒီနေ့ထိလည်း ရှိနေသေးတယ်။ ဒါပေမဲ့ အတာရော၊ ငွေမိရော ကြောက်စိတ်လန့်စိတ် မဖြစ်တော့ပါဘူးတဲ့…။

(၁၄.၄.၂၀၁၆)နေ့က စာရေးသူ ကညွတ်ကွင်းမြို့ ရောက်ရှိစဉ် အတာနှင့် ငွေမိတို့ပြောပြတဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်

မောင်မှိုင်းညို့(ချောင်းဦး)