ကဝေပျိုအလွမ်း

အသံချည်းမက်တာ၊
ရုပ်မပါဘူး။
အသံကတိုးတိုးလေးကနေ တဖြည်းဖြည်းကျယ်လာတာဗျို့။
ကျုပ်ကအသံကို သေသေချာချာ နားထောင်တယ်။
တစ်ခုခုတော့ပြောနေတာဗျ။ ဟောကြားလာရပြီ ကြားလာရပြီ။
“တာတေ ကိုယ်ပွားနဲ့လာ ရွှေတောင်ကုန်းဘုရားကို လာခဲ့”
ဟာ ဒါဒါ လှယဉ်ဗျ။ လှယဉ်အသံ။ ကျုပ်လန့်နိုးသွားတယ်။
ဒါ အိပ်မက်လား။ ကျုပ်စိတ်စွဲတာလား။ တစ်နေ့လုံး လှယဉ်ကို
သတိရနေလို့ အိပ်မက်မက်တာ ထင်ပါတယ်လို့ ကျုပ်တွေးပြီး
ပြန်အ်ိပ်လိုက်တယ်။
“တာတေ ရွှေတောင်ကုန်းဘုရားကိုလာခဲ့၊ ကိုယ်ပွားနဲ့လာ ”
မက်ပြန်ပြီဗျို့။ အိပ်လိုက်တိုင်း ဒီအိမ်မက်ကိုပဲ မက်နေတာဗျ။
ကျုပ်စဉ်းစားတယ်။တကယ်များလားလို့။ ကျုပ်သွားရင်
ကောင်းမလား။ ကိုယ်ပွားမထုတ်တော့ပါဘူးလို့
အမေ့ကိုကတိပေးပြီးသားဗျ။
ကျုပ်ဘာလုပ်ရင်ကောင်းမလဲ။
အိုး…သွားကြည့်လိုက်တာကောင်းမယ်။ ဘာမှမဟုတ်တော့
လည်းချက်ချင်းပြန်လာတာပေါ့ဗျာ။ ကိုယ်ပွားထုတ်တာ
ဘယ်သူ မှသိတာမှမဟုတ်တာ။
ကျုပ်မလုပ်တာကြာနေပြီဖြစ်တဲ့ ကိုယ်ပွားထုတ်တဲ့အလုပ်ကို
ကျုပ်လုပ်လိုက်တယ်။ အိပ်ရာထဲမှာအိပ်နေတဲ့ ကျုပ်ကိုယ်ကို
ပြန်မြင်နေရတယ်။ ရွှေတောင်ကုန်းဘုရားကို
ကျုပ်အာရုံ ညွတ်လိုက်တယ်၊ရောက်ပြီ။
ဘုရား ရင်ပြင်မှာ ကျုပ်ရပ်နေတယ်။ လောကကြီး တစ်ခုလုံး
မှောင်လို့ ။ မိုးသားပါးပါးလေးကိုပေါက်ထွက်လာတဲ့ လရဲ့
အလင်းရောင် ဖျော့ဖျော့လေးက ဘုရားရင်ပြင်ပေါ်မှာ
ဖျော့ဖျော့လေးလင်းနေတယ်။
“တာတေ”
ကျုပ်ရင်ထဲမှာ လှပ်ကနဲဖစ်သွားတယ်။ဒါလှယဉ်အသံဗျ
ကျုပ်နောက်ကလာတာ ကျုပ်လှည့်ကြည့်လိုက်တယ် ။
“ဟာ လှယဉ် မင်းလား ၊မင်းဟုတ်ရဲ့လား။”
လှယဉ်ကဘာမှ ကျုပ်ကိုပြန်မပြောဘဲ ကျုပ်ကိုငေးကြည့်နေ
တယ်ဗျာ။လူတုန်းကပုံစံအတိုင်းပဲ။ ကျုပ်အံသြတယ်။
နာနာဘာ၀ဆိုတာကလည်း ကာမဇိဒ္ဓိရှိကြတာဗျ။ လှယဉ်ပုံစံ
ဆောင်ပြီး ရောက်လာတာများလား ကျုပ်လည်းဝေခွဲမရတာနဲ့
ငေးကြည့်နေမိတယ်ဗျ။
” တာတေ ၊အဲ့ဒါ နင့်ရည်းစား လှယဉ် ”
ဟာ အသံတစ်သံ ကျုပ်ကြားလိုက်ရတယ်။ ဟိုးအဝေးကြီးက
နေလွင့်လာတဲ့အသံဗျ။ ဒီအသံကိုတော့ ကျုပ်ကောင်းကောင်း
သိတာပေါ့ဗျာ။ ဆယ့်နှစ်ရာသီ အပင်အောက်မှာ ကျုပ်တွေ့
နေကျ မဖဲဝါရဲ့အသံလေဗျာ။
ဒီတော့မှ ကျုပ်ရင်တွေ တကယ်ခုန်တာ့တာဗျ။လှယဉ်လည်း
ကျုပ်ကို တော်တော်လွမ်းနေပုံပဲဗျ။ ကျုပ်လှယဉ်လက်ကလေး
တွေကို ကိုင်လိုက်တယ်။ ဟာ ကိုင်လို့ရတယ်ဗျ။ သြော်
ကျုပ်ကကိုယ်ပွားကိုး ။ ဒါကြောင့်ဝိညာဉ်ကို
ကိုင်လို့ရတာပေါ့ဗျာ။
လှယဉ် ကကျုပ်ရင်ခွင်ထဲ တိုး၀င်ပြီး ငိုတယ်။ကျုပ်စဉ်းစားတယ်
လှယဉ်အခုဘာဖြစ်နေတာတုံး။ ကျုပ်နဲ့တွေ့ဖို့ တမင်ဖန်ဆင်း
ထားတဲ့ ရုပ်များလား။ ကျုပ်စဉ်းစားလို့မရတော့မေးလိုက်တယ်။
“လှယဉ် မင်းအခု ဘယ်မှာနေတာတုံးဟင်။”
” မြောက်ဘက်ရှင်မရဲ့ ဗိမာန်မှာ နေရတယ် တာတေ”
“ဒါဆိုရင် နင်ကသရဲ ၊တစ္ဆေလား”
” ငါက အဲ့ဒါ ထက်အဆင့်မြင့်တယ် တာတေ”
“ဟင် ဟုတ်လား နင်ကဘယ်လိုအဆင့်မျိုးလဲဟ”
” မြောက်ဘက်ရှင်မ လက်ဝဲဘက်မှာနေရတဲ့ နတ်စုန်းဟ”
ဒါဆို နင်က နတ်မိစ္ဆာတစ်မျိုးပေါ့
“အေး အဲ့လိုမျိုးပေါ့။ ဒါပေမဲ့ မတူဘူးဟ ငါတို့က ပညာသယ်
နတ်တွေ ရှင်မ ခိုင်းတာတွေ လုပ်ပေးရတာ၊ရှင်မက ငါတို့မှာ
လိုနေတဲ့ ပညာအဆင့်တွေ ထပ်ထပ်ဖြည့်ပေးတယ်”
“လှယဉ် ငါနင့်ကို အရမ်းလွမ်းနေတာ သိလား”
သိတယ်တာတေ ငါကရှင်မနန်းမှာနေတော့ မဖဲဝါက သူလုပ်
ကိုင်ရတာတွေ အရှင်မကို ပြန်လာပြောတဲ့အခါ
နင့်အကြောင်းပါ ပါတယ်လေ ။ နတ်မိစ္ဆာကြီးကို ငရဲပို့တုန်းက
လည်း နင်ပါတယ်လေ အဲ့သတင်းကလည်းရှင်မဆီကို
ရောက်တာပဲဟဲ့”
“တာတေ ငါနင့်ဆီကို ကိစ္စရှိလို့လာတာ ရှင်မလွှတ်လိုက်တာ”
“ဟင် ဟုတ်လား ဘာကိစ္စလဲ လှယဉ်”
” ရော့ ဒီပစ္စည်းလေးက နင့်ကိုရှင်မကပေးခိုင်းလိုက်တာ။
တစ်နေ့အသုံး၀င်မယ်တဲ့။ဒါပေမဲ့ ဒီပစ္စည်းကို နင်နောက်ဆုံး
အချိန်ကျမှ သုံးရမယ်လို့ မှာလိုက်တယ်”
လှယဉ်ကပြောရင်း လက်ကိုဖြန့်လိုက်တယ်။ရွှေရောင်လက်
နေတဲ့ မြွေရုပ်ကလေးဗျ။ မျက်လုံးနှလုံးကရဲပြီးနီနေတယ်။
ပါးပျဉ်းထောင်ထားပြီး မာန်ဖီနေတဲ့ မြွေတစ်ကောင်ဗျ။
လျှာကလည်း နီရဲနေတာပဲ ။မြွေလေးက ငွေဒင်းဂါး
တစ်ကျပ်ဝိုင်းလောက်ပဲရှိ်တာ
ကျုပ်လှယဉ်ပေးတဲ့မြွေရုပ်ကိုယူလိုက်တယ်
“လှယဉ် ငါဒါကိုဘယ်တော့သုံး ရမှာလဲ”
“ဒါကိုသုံးဖို့ အချိန်ရောက်လာလ်ိမ့်မယ်နင်ယူသာထားလိုက်ပါ
ရော့ ဒီစာရွက်ထဲမှာ မန္တန်ပါတယ် ။အဲ့ဒီ့မန္တန်ကို ရွတ်ပြီးမှ
ဒီမြွေကို ပစ်ရမှာကြားလား။ ဒီမြွေနဲ့ပစ်ရင် ဘယ်ရန်သူမှမခံနိုင်
ဘူးလို့ ရှင်မက ပြောတယ်။ ဒါကို ‘မြွေစကြာ’လို့ခေါ်တယ်
တာတေ ”
“သြော်…နင်ငါ့ဆီကို ဒါလာပေးတာလား လှယဉ်”
“အေး…ဟုတ်တယ်၊နင်နဲ့ငါ လူ့ဘ၀တုန်းကအကြောင်းရှိတာ
ရှင်မသိတယ်”
” အဲ့ဒါ ကြောင့်ငါ့ကိုနင့်ဆီလွှတ်လိုက်တာ၊နင်နဲ့ငါ့ကိုလည်း
တွေ့ခွင့်ပေးတာပေါ့ဟယ်။
ဒါပေမဲ့ ဒီတိုင်းလွှတ်တာတော့မဟုတ်ဘူး။မဖဲဝါက တစ်နေရာ
ကနေ ငါ့တို့ကို စောင့်ကြည့်နေတာ။
ရှင်မက သူ့ကိုတာ၀န်ပေးထားတာ”
“သြော် လှယဉ်ရယ၊် ခုလိုငါအရမ်းလွမ်းနေတဲ့အချိန်မှာ
နင့်ကို တွေ့ခွင့်ရတာပဲ ငါကျေနပ်ပါပြီဟာ”
ကျုပ်ကလှယဉ်ကိုဖက်ထားလိုက်တယ်။
ခနနေတော့ လှယဉ် ကိုယ်လေး တွန့်ကနဲဖြစ်သွားတယ်။
တာတေ ငါပြန်ရတော့မယ် ငါ့ကိုပြန်ခေါ်နေပြီ။
ကျုပ်လှယဉ်ကို လွှတ်မပေးဘဲ အတင်းဖက်ထားလိုက်တယ်။
” တာတေ၊ လှယဉ်ကိုလွှတ်လိုက်တော့”
အမိန့်ပေးတာ မဟုတ်ပေမဲ့ သတိပေးတဲ့အသံဗျ။
မဖဲဝါရဲ့ အသံပေါ့ဗျာ ဒီတော့မှ ကျုပ်သတိရပြီး လှယဉ်ကို
လွှတ်လိုက်တယ် ။
ဟာပျောက်သွားပြီ။လှယဉ်ပျောက်သွားပြီ။
ကျုပ်’မြွေစကြာ’လေးကို တစ်ချက်ကြည့်ပြီး အိမ်ကို စိတ်ညွှတ်
လိုက်တယ် ။ကျုပ်အိပ်နေရာကလန့်နိုးသွားတယ်။
ဒါပေမဲ့ ကျုပ်ပြန်အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ညက အကြောင်းတွေကို ပြန်သတိရပြီး
ကျုပ်’မြွေစကြာ’လေးကို လိုက်ရှာတယ် ။ခေါင်းအုံးဘေးမှာဗျ။
ကျုပ်’မြွေစကြာ’လေးကို စက္ကူ နဲ့သေချာပတ်ပြီး
ဆေးလွယ်အိတ်ထဲထည့်လိုက်တယ်။
“တာတေ တစ်ယောက်ကတော့ မနေ့က သေသွားတဲ့လှယဉ်
ကို လွမ်းရတာနဲ့ အိမ်အလုပ်တွေလုပ်ရတာနဲ့
တော်တော်ပင်ပန်သွားတယ်ထင်တယ်။
ညကအိပ်လိုက်တာမှ လှုပ်သံတောင်မကြားဘူးတော်”
အမေကကျုပ်ကို ပြောတာဗျ။
“အမေညက ကျွန်တော်ဒီမှာ မရှိဘူးဗျ၊ ရွှေတောင်ကုန်းမှာ
လှယဉ်နဲ့သွားတွေ့တာ”
လို့တော့ ကျုပ်ပြောလို့ဘယ်ဖြစ်မလဲဗျာ။
ကျုပ်ကိုယ်ပွားမထုတ်တော့ပါဘူးလို့အမေ့ကို
ကတိပေးထားတယ်လေဗျာ။
ကျုပ်စဉ်းစားတယ်ဗျ ။မြောက်ဘက်ရှင်မက
ကျုပ်ဆီကိုမြွေစကြာ ရုပ်ကလေးပို့ပေးတာ။ဘာရည်ရွယ်ချက်
တုံးဆိုပေမဲ့ ကျုပ်စဉ်းစားတာမရဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကျုပ်ချစ်
သူ လှယဉ်ကို တွေ့လိုက်ရလို့ ကျုပ် လွှတ်ပျော်တယ်ဗျ။
သီတင်းကျွတ်တော့ ကျုပ်တို့နှမ်းနှုတ်တယ် ။
သီတင်းကျွတ်လ ကုန်ခါနီး နှုတ်တဲ့နှမ်းတွေက
တန်ဆောင်မုန်း ရောက်မှပြတ်တာပေါ့ဗျာ နှမ်းတွေအားလုံး
အိတ်ထဲသွတ်ပြီးတော့မှပဲ တန်ဆောင်တိုင်
ပွဲတောင်ရောက်နေပြီဗျ။
အလုပ်အားလုံးပြီးတော့လည်း ကျုပ်နားနေတာပေါ့ဗျာ။
အမေကတော့ ကျုပ်ကြိုက်တဲ့ ၀က်သား ကို ရိုးရိုးတစ်ခွက် ၊
ပုန်းရည်ကြီးနဲ့တစ်ခွက်၊ ကလီစာပါ ချက်ကျွေးတာဗျ၊
ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်လည်းပို့ရတာပေါ့ဗျာ ။
ကျုပ်ဆရာတော့ကျောင်းကို ဆွမ်းချိုင့်ပို့မှပြီးသတင်းကို ကြား
တာဗျ ။ကျုပ်နဲ့အဘလည်း မိုးလင်းမိုးချုပ် ရွာထဲမှာပဲ
အချိန်ကုန်နေတာလေဗျာ။ ဘယ်သူနဲ့မှ မတွေ့ဖြစ်တော့
ဘာသတင်းမှလည်းမကြားဘူးပေါ့ဗျာ။
“တာတေ”
“ဘုရား”
ကျုပ်က ဆွမ်းချိုင့်ကပ်နေတုန်း ဆရာတော်ကမိန့်တာဗျ။
“ဘာသတင်းထူးများကြားသေးတုံး”
တပည့်တော်ဘာမှမကြားဘူးဘုရား၊တစ်နေ့ကမှ
အလုပ်တွေကလည်းပြီးသွားတာဘုရား”
” အေးအေး ဟုတ်တာပေါ့ ၊မင်းအလုပ်တွေများနေတာကိုး။
ဒီအနီးနားမှာ အောက်လမ်းတွေခြေရှုပ်နေတယ် တာတေရဲ့”
” ဟာ ဟုတ်လား ဘုရား”

အေး အဲ့ဒါ ကိုမင်းနည်းနည်းလေ့လာဦး။အလုပ်တွေလည်းပြီး
သွားပြီ မို့လား ”
“တင်ပါ့ဘုရား၊တပည့်တော်စုံစမ်းလိုက်ပါ့မယ်”
“အေးအေး၊ ကိုယ့်ရပ် ကိုယ့်ရွာကို ဒီလိုမကောင်းတဲ့
အတတ်ပညာသယ်တွေ ၀င်တာ ထွက်တာကို သတိထားပြီး
စောင့်ကြည့်ရမယ်။ ဒီကောင်မျိုးတွေက ဘယ်သူ့ကိုမှ
ကောင်းကျိုးပေးမယ့် ကောင်တွေမဟုတ်ဘူး တာတေရဲ့ ”
” မှန်ပါတယ်ဘုရား တပည့်တော် စုံစမ်းလိုက်ပါ့မယ်
ဘုရား”
ကျုပ်ကဆရာတော်နဲ့ စကား ပြောဆိုပြီးတော့ ဆွမ်းချိုင့်လှယ်
တယ်။ ဆရာတော် နေ့ဆွမ်းဘုဉ်းမယ့် စားပွဲဝိုင်းပေါ်မှာ
ဆွမ်းဟင်းပွဲတွေကို သေသေချာချာ ပြင်ပေးခဲ့တယ်။
ဆွမ်းခံထွက်တဲ့ ကိုယ်ရင်တွေ ကျောင်းသားတွေ
ဆွမ်းခံမ၀င်ကြသေးဘူးဗျ။
ဆရာတော့်ကျောင်းက အိမ်ပြန်ရောက်တော့ ဆရာတော်
ပြောတဲ့ ကိစ္စ ကိုစုံစမ်းဖို့ ကျုပ် ကျောက်ခဲနဲ့သံမဏိကို
လူကြုံနဲ့မှာလိုက်တယ်။လူကြုံက တခြားမဟုတ်ဘူးဗျ။

ကျောက်ခဲတို့ ဝိုင်းနဲ့ ကပ်လျက် မြောက်ဘက်ဝိုင်းက
လက်မလို့ ခေါ်တဲ့ကောင်နဲ့ မှာလိုက်တာ။လက်မက ကျောက်ခဲ
ထက်နည်းနည်းကြီးတယ် ။ဒါပေမဲ့ လူကောင်က ညှက်စိလေး
ဆိုတော့ သူ့ကို ငလက်မ လို့ ကျုပ်တို့ရွာသားတွေက ခေါ်ကြ
တာ။ ကြီးလာတော့လည်း လက်မလို့ပဲ ခေါ်တော့တယ်။
သိပ်မကြာဘူးဗျ။ကျောက်ခဲနဲ့ သံမဏိ ကျုပ်ဆီကို ရောက်လာ
တယ်။ဒီကောင်နှစ်ကောင် ဝိုင်းထဲကို သုတ်သီးသုတ်ပျာ နဲ့
ကို ၀င်ချလာတာဗျို့ ။
ကျုပ်က မန်းကျည်းပင် အောက်က သစ်သားကွပ်ပစ်ပေါ်မှာထိုင်
ပြီး နဂါးဆေးပေါ့လိပ် ကို ဖွာနေတာဗျ။ ကျုပ်ဘေးမှာ ဒီကောင်
နှစ်ကောင်၀င်ထိုင်လိုက်ကြတယ် ။ကျုပ်မျက်နှာကိုလည်း
အကဲခတ်နေကြတာဗျ။
” ကိုကြီး တာတေ ဘာများအကြောင်းထူး ရှိလိုတုံး”
ကျောက်ခဲက အာသွက်တဲ့ကောင်ဆိုတော့ ဒီကောင်က
မေးတာဗျ။
“ငါစောစောက ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်သွားပို့တာကွ၊
ဆရာတော်က မေးတယ်၊ဒီအနီးတဝိုက်မှာ အောက်လမ်းတွေ
ခြေရှုပ်နေတယ်လို့ ကြားတယ်တဲ့ကွ။အဲ့ဒါ သိလားလို့ ငါ့ကို
ဆရာတော်က မေးလို့ကွ။ငါကလည်း နှမ်းသိမ်းနေရတာဆို
တော့ ဘာမှမကြားမိဘူး။ မင်းတို့ရော ကြားမိလား။”
ကျောက်ခဲက ခေါင်းညိမ့်ပြီးပြောတယ်ဗျ။
“ကျုပ်တို့တွေ့ခဲ့တယ်ဗျ ၊ကိုကြီးတာတေ”
” ဟေ…ဟုတ်လား ကျောက်ခဲ၊မင်းတို့ကိုယ်တိုင်
တွေ့တာလား”

“ကျုပ်ရော သံမဏိရော တွေ့တာဗျ။အခု ပြီးခဲ့တဲ့
ကြာသာပတေးနေ့ က ကျုပ်နဲ့သံမဏိ မီးလောင်ကုန်းကို
သွားကြတာဗျ။ သံမဏိအမေ ခိုင်းလိုက်လို့”
“ဟုတ်တယ်ဗျ ၊ကိုကြီး တာတေရေ၊မီးလောင်ကုန်းက
အရီးလေး မပုတို့ အိမ်သွားတာ ၊ ကျုပ်တို့ဆီက နှမ်းမျိုးယူထား
လို့ နှမ်းဖိုးသွားတောင်းတာဗျ။”
” အေး ဟုတ်ပြီ ။ပြောပါဦးကွ သံမဏိရ”
ကျုပ်က အင်မတန် စကားနည်းတဲ့ သံမဏိ
ကိုတမင်မေးတာဗျ။
” ပြောလိုက်လေကွာ ။ကိုကြီးတာတေက
မင်းပြောတာကို နားထောင်ချင်လို့ မင်းကိုပြောခိုင်းတာ
နေမှာပေါ့”
သံမဏိ ကဘာပြောရမလဲလို့ စဉ်းစားနေရောဗျ။
” ဒီလိုဗျ၊ကျုပ်နဲ့ ကျောက်ခဲနဲ့ မီးလောင်ကုန်းက
ပြန်လာတော့ ကျုပ်ရှေ့ကနေ လူနှစ်ယောက်လျှောက်
သွားတယ်။တစ်ယောက်က သျှောင်ထုံးနဲ့ဗျ၊ နောက်
တစ်ယောက်ကတော့ ကတုံးနဲ့ နှစ်ယောက်စလုံး
ခေါင်းမှာ ပဝါတွေပေါင်းလို့သူတို့ချင်းပြောတဲ့စကားကို
ကျုပ်တို့ကြားခဲ့တာဗျ။ မင်းလည်းကြားတယ်နော် ကျောက်ခဲ”
“အေးပါ ။ကြားပါတယ် ဆက်သာပြောပါ သံမဏိ ရဲ့”
“အေး ဟုတ်ပြီ။
သံမဏိ အဲ့လူနှစ်ယောက်က ဘာတွေပြောလို့တုန်းကွ”
ကျုပ်က သံမဏိ စကားကို ၀င်ပြီးထောက်ပေးတယ်။
သျှောင်ထုံးနဲ့လူကပြောတာဗျ။
” ဟေ့ကောင်ကတုံး၊ ဒီနေရာမှာ မြောက်ဘက်ရှင်မ ရဲ့
ပညာဗူး ထားတယ်ဆိုတာ ဟုတ်ပါ့မလားကွ ”
“ဟ သျှောင်ကြီးဗွေရာ၊ဆရာကြီးက မဟုတ်ပဲပြောပါ့မလားကွ။
ဟုတ်လို့ပြောတာပေါ့ ။ အသက်ဗူးရော ပညာဗူးရော
ထားတာတဲ့ဟေ့ ၊ အဲ့ဒီ မြောက်ဘက်ရှင်မ သိုက်ကိုမဖဲဝါ
စောင့်ရတာတဲ့ဗျာ ။ မဖဲဝါ ဆိုပေမဲ့ ပေါ့သေးသေး သရဲတော့
မထင်နဲ့ဟေ့၊မြောက်ဘက်ရှင်မက သူ့ကို ပညာရော စက်ရော
အပ်ထားတာတဲ့ကွ၊ ဒါမှသူ့ရဲ့ သိုက်ကို စောင့်လို့ရမှာလေကွာ”
“ဟေ…ဟုတ်လား အဲ့ဒီ သိုက်ထဲမှာ ရွှေတွေ ငွေတွေရော
ရှိသလား ကတုံးရဲ့”
“ဒီ သိုက်က ရတနာတွေရှိတဲ့ သိုက်မဟုတ်ဘူးလေကွာ၊
မြောက်ဘက်ရှင်မရဲ့ ပညာသိုက်ကွ သျှောင်ကြီးဗွေရ၊
ဘာတုံး၊ မင်းက ရွှေတွေလိုချင်လို့လား”
“ဟာကတုံးကလည်း မလိုချင်ပဲ ရှိပါ့မလားကွာ ၊မင်းရော
မလိုချင်ဘူးလား။ ”
“ငါက မင်းနဲ့ အတွေးချင်းမတူဘူးကွ ၊ငါကရွှေထက်
ပညာကို ပိုပြီးမက်တာ ”
“နေပါဦး ကတုံးရဲ့ ၊ အဲ့ ပညာဗူးကိုရရင် တို့ဆရာကြီးက
ဘာလုပ်မှာတုံး”
” ဟာ..မင်းကလည်း အ ချက်ကွာ ပညာဗူး ရရင်
ဘာလုပ်ရမှာတုံး။ မျိုချ လိုက်မှာပေါ့ဟ ၊ အဲ့ဒီ ပညာဗူး ၀မ်းထဲ
ရောက်သွားရင် တို့ဆရာကြီးက ဇမ္မူတလူ ဆိုတာမျိုး
ဖြစ်သွားပြီး ပညာမှာ ပြိုင်ဘက် ကင်းပြီပေါ့ကွ၊
မှော်စုံ၊မီးစုံ၊ကြိုးစုံ၊ရေစုံ အကုန်ပိုင်တဲ့လူ ဖြစ်ပြီပေါ့ကွ”
“ဟေ..ဒါဆိုရင် မြောက်ဘက်ရှင်မရဲ့ ပညာဗူးကိုရော
ဘာလုပ်မှာတုံးကွ”
“ဟာ..မင်းတ်ာတော်ကို အ တဲ့ကောင်ပဲကွ။အသက်ဗူးကို
ဆရာကြီးက သိမ်းထားလိုက်ရင် မြောက်ဘက်ရှင်မကို
တစ်သက်လုံး ခိုင်းစားလို့ ရပြီပေါ့ကွ။ မြောက်ဘက်ရှင်မ
ရဲ့လက်အောက်မှာ လိပ်ပြာ အင်မတန်လှတဲ့
ပညာသယ်လေးတွေ ရှိသေးတယ်တဲ့ကွ”
“ဟေ..ဟုတ်လား ၊သူတို့က လူတွေလား ကတုံး”
“ဘယ်က လူတွေရမှာတုံး၊ ပညာသယ်နတ်တွေ ကွ။
နတ်စုန်းလို့ ခေါ်တယ်ကွ”
“ဟ ကတုံး မင်းကတော်တော်ကို သိနေတာပါလား”
“သိဆို ဆရာကြီးပြောပြတာကိုးကွ ၊တို့ဆရာကြီးဆီမှာ
ပညာယူတဲ့အခါ အခြေခံ အဆင့်မှာ မင်းတို့လိုပဲ
သျှောင်တစောင်းတွေ ထားရတယ်။ ပညာအဆင့်မြင့် သွားပြီ
ဆိုရင် ငါတို့လို ကတုံးနဲ့ပဲ နေရတယ်။အေး ကတုံးအဆင့်
ပညာသယ် ဖြစ်ရင် ဆရာကြီးက ပြောသင့်တာတွေ
အကုန်ပြောပြ ထားတာကွ။
မင်းကိုလည်းနောက်တော့ ဆရာကြီး ပြောပြမှာပေါ့ကွ”
“ဒီလိုဖြင့် မြောက်ဘက်ရှင်မရဲ့ ပညာသယ်နတ်စုန်း
တွေက ဘယ်လောက်များနေမှန်းမှမသိတာ
ဆရာကြီး နိုင်ပါ့မလားကွ”
“ဟေ့ကောင် သျှောင်ကြီးဗွေ၊ မင်းပြောတဲ့စကားသာ
ဆရာကြီး ကြားရင် မင်းကို ပါးထရိုက်မှာ သေချာတယ်။
မင်းလို စိတ်လျော့တတ်တဲ့ လူမျိုးကို ဆရာကြီးက
သိပ်ဒေါသ ဖြစ်တာကွ ။တိုက်ပွဲဆ်ိုတာ နိုင်တာနဲ့ ရှုံးတာ
နှစ်မျိုးပဲရှိတယ် နိုင်ရင်နိုင်မယ် မနိုင်ရင် ရှုံးမယ် ။ တန်ဖိုးကြီးတဲ့
အရာတစ်ခုကို လိုချင်ရင်တော့ တန်ရာတန်ဖိုး ပေးရမှာပဲကွ ။
အဲ့ဒီလို အရေး ကြီးလို့လဲ မင်းတို့ငါတို့တွေကို ရှေ့ပြေးလွှတ်ပြီး
ရှင်းလင်း ခိုင်းတာပေါ့ကွ။
အခုဆိုရင် ဒီနားက ထနောင်းကုန်း၊ဘန့်ကွေ့ကုန်း၊
မီးလောင်ကုန်း၊ငွေတွင်းကုန်း၊ သံခနောက်၊ကျဟုန်းဆိုတဲ့
ရွာတွေ အားလုံးမှာ ငါတို့ လူတွေရောက်နေပြီး ကြိုတင်
ရှင်းလင်းနေကြတာ မဟုတ်လား
“အေး ဟုတ်ပါတယ် ဆရာကြီးတို့က ဘယ်တော
့ ရောက်မှာတုံး ”
“လကွယ်ည မတိုင်ခင် ရောက်မှာပေါ့ သျှောင်ကြီးဗွေရဲ့
တို့ဆရာကြီးက လကွယ်ညမှာ အလုပ်လုပ်မှာလေကွာ”
“သြော် ..သိပ်မလိုတော့ဘူးပဲကွ၊ရှေ့ပြေးလွှတ်ထားတဲ့
ငါတို့အဖွဲ့တွေက မင်းနဲ့ငါ လိုပဲ သချိုင်းကုန်း ဇရပ်တွေမှာပဲ
အိပ်ရတာလားကွ”
“အေး…ဟုတ်တယ်၊ငါတို့အားလုံး သချိုင်းကုန်း
ဇရပ်တွေမှာပဲ နေရတယ်။ဆရာကြီး မှာတဲ့အတိုင်း
အားလုံးကို ထောက်လှမ်းပြီး ရှင်းသင့်တာတွေအားလုံး
ရှင်းထားကြရတယ် ”
“ခုအချိနိထိတော့ ဘာမှထူးထူးခြားခြား မတွေ့သေးဘူးမလား
ကတုံး”
“အခုမင်းနဲ့ငါနဲ့ ထနောင်းကုန်း သချိုင်း ဇရပ်ကို သွားနေကြ
တာလေကွာ။ထူးလို့သွားရတာပေါ့၊ငါတို့တာ၀န်က
မီးလောင်ကုန်း ဇရပ်မို့လား ”
“ဟေ ထူးလို့ဟုတ်လား၊ဘယ်လိုများ ထူးလို့တုံးကွ”
” ထနောင်းကုန်းရွာကို ညဘက်ပတ်ပြီး စက်တွေလွှတ်ကြည့်
့တာ၊အဆင်ပြေတယ်တဲ့၊ဒါပေမဲ့ ရွာကိုကျော်ပြီး
စက်တွေလွှတ်ကြည့်တာ မရဘူးတဲ့ စက်တွေ
ပျက်ထွက်ကုန်တယ်တဲ့
” ဟေ..ဟုတ်လား ကွ”
” အေး..အဲ့ဒါ ဆရာကြီးဆီကို သတင်းပို့တော့
ဆရာကြီးကဒီည ငါသွားပြီး ပူးပေါင်းရမယ် ဆိုလို့ကွ ”
“သြော်အဲ့လိုလား၊ အဲ့ဒါ ဘယ်လိုဖြစ်တာတုံးကွ ”
“အင်း..ရွာထဲမှာ အထက်လမ်းဆရာ ရှိနေသလား ။
ဒါမှမဟုတ်ရင်လည်း အထက်ဆရာကြီးတွေက ရွာရဲ့
ထောင့်လေးထောင့်မှာ အစွမ်းထက်တဲ့ အထက်အင်းတွေ
မြှပ်ပေးထားလား ဆိုတာ လေ့လာ ကြည့်ရမှာပေါ့။
ဆရာရှိတယ်ဆိုရင်တော့ ရွာပြင်ကို ရအောင်ခေါ် ထုတ်ပြီး
ရှင်းပစ်သင့်ရင် ရှင်းပစ်ရမှာပေါ့ကွ။
အင်းတွေဘာတွေကြောင့် ဆိုရင်တော့ ဒီတိုင်းထား
လိုက်ရမှာပေါ့”
“မင်းတို့ ကတုံးတွေက တော်တော် အဆင့်မြင့်တာပဲနော်”
“အေး ကတုံးအဆင့်ရောက်ရင် အပေါ်မှာ သုံးဆင့်ပဲ
ကျန်တော့တယ်ကွ၊ဒါတောင် ထနောင်းကုန်းဇရပ်က
ကတုံးနဲ့ ငါနဲ့ နှစ်ယောက်ပေါင်း ပညာနဲ့ ဒီညရှာရမှာ။
ပြီးရင် မင်းနဲ့ငါ မီးလောင်ကုန်း ဇရပ်ကို
ပြန်အိပ်ကြတာပေါ့ကွာ”
“ဟာ မင်းတို့ဆရာကြီးဆီကို သတင်းသွားမပို့တော့ဘူးလား”
“ဟား၊ဟား၊ဟား၊ဟား မင်းကသိမှ မသ်ိသေးတာကိုး ၊
ငါတို့က ဆရာကြီးဆီကို လူကိုယ်တိုင် သွားပြီး သတင်းပို့ဖို့
မလိုဘူးကွ၊ဒီကနေ လှမ်းလျောက်လို့ ရတယ်”
” ဟေ…မင်းတို့ပညာက ဒီလောက်တောင် မြင့်နေပြီလား”
“ဟာ မြင့်ပါတယ်ဆိုမှကွာ”
သံမဏိ ကစကားကို ရပ်လိုက်တယ်။ကျုပ်သံမဏိ ပြောတာကို
စဉ်းစား နေတာဗျ။
ကဝေပျိုအလွမ်း
“အဲ့ဒါ ဘယ်နေ့က တွေ့ခဲ့တာတုန်းကွ ကျောက်ခဲရဲ့”
“တစ်နေ့ကဗျ၊နှစ်ရက်ရှိပြီပေါ့ ကိုကြီး တာတေ”
ဒီလူတွေ ကျုပ်တို့ ထနောင်းကုန်း မှာ ဘာတွေတွေ့သွားတုံး၊
ရွာပေါ်ကို စက်လွှတ်လို့မရတာ ကျုပ်ဆေးအိတ်ထဲက
ဆေးဝါးတွေ အင်းတွေကြောင့် ဖြစ်မယ်ထင်တယ် ဗျ။
“တို့ ထနောင်းကုန်း ဇရပ်မှာ ဒီလူတွေ ရှိနေသေးတုံးလားကွ”
” ဟာ ရှိတယ် ကိုကြီး တာတေ၊မနက်ကကျုပ် ရွာပြင်
ထွက်တော့ လူနှစ်ယောက် ထိုင်နေတာကို လှမ်းတွေ့ခဲ့တယ်”
“မင်းတို့ ဒီလူတွေကို တွေ့ခဲ့သားနဲ့ ငါ့ကို ဘာလို့
လာမပြောတာတုံး ဆရာတော်ပြောမှ ငါသိရတာ”
“ကျုပ်တို့လည်း ပြောမလို့ဗျ၊ဒီလိုပဲ အောက်လမ်းဆရာတွေ
လာလာတတ်သွားတာပဲလေ၊ပြီးတော့သူတို့ ပြောတဲ့
မြောက်ဘက် ရှင်မတို့ ဘာတို့ ဆိုတာ ကျုပ်တို့မှ နားမလည်
တာ ။ မဖဲဝါ ဆိုတာတော့သိတာပေါ့ဗျာ၊ပြီးတော့ ဒီလူတွေက
ကျုပ်တို့ရွာထဲကို ၀င်တာပြုတာမှ မဟုတ်တာ ၊ဒါကြောင့်ကျုပ်
က နောက်မှပြောတာပေါ့ဗျ၊ ပြီးတော့ ကိုကြီး
တာတေကလည်း ရွာထဲမှာပဲ အချိန်ကုန်နေတာကွလို့
သံမဏိ ကို ကျုပ်ကပြောထားတာ”
“အေး..မင်းပြောတာလည်းဟုတ်ပါတယ်၊ ငါကိုယ်တိုင်လည်း
ဒီလူတွေကိုဘာမှန်းမသိဘူးကွ။မင်းပြောပုံထောက်ရင်
ဒီလူတွေက အောက်လမ်းတွေ လား၊ကဝေတွေလား၊
တစ်ခုခုပဲကွ။ပြီးတော့မြောက်ဘက်ရှင်မရဲ့ ပညာဗူးတွေ
အသက်ဗူးတွေ ဒီမှာထားတယ်ဆိုတာ ငါတော့ကြားတောင်
မကြားမိပါဘူးကွာ။ ငါတို့သွားလာနေတာပဲဒီနေရာမှာ
အဆောက်ဦးတွေ ဘာတွေ ရှိတာမှ မဟုတ်တာ ။
ဒါပေမဲ့ ဒီလူတွေ အကြောင်းမဲ့တော့ လာနေမှာ မဟုတ်ဘူးကွ ၊
သတ်ိတော့ ထားရလ်ိမ်မယ်။မင်းတို့ ကြားခဲ့တဲ့ အတိုင်းဆိုရင်
လကွယ်ည ကျရင် တစ်ခုခု ထူးခြားလိမ့်မယ်ထင်တယ် ကွ”
“ဒါဆိုရင် ကိုကြီး တာတေ ဘာလုပ်မှာတုံး။ ”
“ဟ ကျောက်ခဲရ ငါကဆရာမှ မဟုတ်တာ
ဘာလုပ်တတ်မှာ တုံးဟ။ဒါပေမဲ့ ကိုယ့်ရွာကို မထိခိုက်
အောင်တော့ သတိထားရမှာပေါ့ကွာ ”
“ဒါပေါ့ ကိုကြီး တာတေရာ။ရွာထဲ ၀င်လာလို့ကတော့
ပညာချင်း မယှဉ်နိုင်ရင် ဓားနဲ့ ခုတ်ပစ်တာပေါ့ဗျာ”
ကျောက်ခဲက အာဂကောင်ဗျ နည်းနည်းမှ ကြောက်စိတ်ရှိတဲ့
ကောင် မဟုတ်ဘူး
” အေးအေး မင်းတို့လည်း မျက်စိရော နားရော ဖွင့်ထားကြ၊
ငါလည်း သတိအပြည့်ထားမယ်၊ တစ်ခုခု ထူးတာနဲ့ ငါ့ကို
ချက်ချင်း လာပြောကြကွာ၊ပြီးတော့ ဒီသတင်းကို ရွာထဲမှာ
မပြောနဲ့ ကြားလား။တို့ ရွာသားတွေ အကြောင်းကို မင်းတို့လဲ
သိသားနဲ့ တစ်ိတ်ဆိုရင်တအိတ်လုပ်ပြောကြတာ ၊
တော်ကြာ ရွာထဲမှာ အုန်းအုန်းကြွက်ကြွက်တွေ ဖြစ်ကုန်မယ်”
“စိတ်ချပါ ကိုကြီး တာတေ ဒီအကြောင်းကို
ကျုပ်တို့နှစ်ယောက်ရယ် ကိုကြီး တာတေရယ်ပဲ သိစေရမှာပါ။”
“အေးအေး မင်းတို့နှစ်ယောက် ကိုတော့ ငါက
စိတ်ချပြီးသား ပါကွာ၊ သတိပေးယုံ ပြောတာပါ။”
သိပ်တော့မကြာဘူးဗျ တန်ဆောင်မုန်း လကွယ်ည
ရောက်လာတယ်။ကြယ် ရောတွေနဲ့ မှုန်ပျပျတော့
လင်းတာပေါ့ဗျာ။ ညနေကတည်းက ကျောက်ခဲက
ကျုပ်ကို သတင်းပို့ပြီးပြီဗျ။
မီးလောင်ကုန်း သင်ချိုင်းထဲက ဇရပ်ပေါ်မှာ သျှောင်ထုံးနဲ့
လူတွေရော ကတုံးနဲ့ လူတွေရော အားလုံး
ဆယ်ယောက်လောက် စုနေကြတယ်တဲ့ဗျ။
ည ကိုးနာရီ ကျတော့ ကျောက်ခဲနဲ့ သံမဏိ က ကျုပ်ကို
လာခေါ်ကြတယ်။ ကျုပ်က တစ်ပတ်လောက်ကတည်းက
ကြိုပြီး ပြင်ဆင်ထားပြီးသားပါဗျာ ။
ဒီထဲမှာ လှယဉ်ပေးခဲ့တဲ့ မြွေစကြာရုပ်လေးလည်းပါတာ
ပေါ့ဗျာ။နောက်ဆုံး အချိန်ကြမှ ဒီမြွေစကြာရုပ်ကို
သုံးရမယ်လို့လည်းမှာသွားတယ်၊
ခုတော့ကျုပ်သဘောပေါက်ပြီပေါ့ဗျာ။အုံလိုက်ကျင်းလိုက်
ရောက်လာပြီး မြောက်ဘက်ရှင်မရဲ့
ပညာသိုက်ကိုဖော်ကြတော့မှာကိုး။
ဒီကိစ္စ ကကျုပ်နဲ့တော့ ဘာမှမဆိုင်ဘူး ဗျ၊ ဒါပေမဲ့ ကျုပ်ချစ်သူ
လှယဉ်နဲ့ ပက်သက်နေတာဆိုတော့ ကျုပ်သွားရမှာပေါ့ဗျာ။
ကျုပ်တို့က မီးလောင်ကုန်း သချိုင်း နောက်ကပတ်၀င်တယ် ။
အဲ့ဒီ ဘက်ကခြုံတွေထူတော့ ကျုပ်တို့ကို ဘယ်သူမ
ှ မြင်မှာမဟုတ်ဘူးလေ။
ဇရပ် ထဲက ကတုံးတွေရော သျှောင်ထုံးတွေရော
ငြိမ်နေကြလေရဲ့။ လူတစ်ယောက်ကို စောင့်နေပုံပဲ။
သူ တို့ဆရာကြီး ဆိုတဲ့လူကို စောင့်နေတာ ဖြစ်မယ်ဗျ။
“အောက်အီး အီး အွတ်”
မီးလောင်ကုန်း သချိုင်း ထဲက သန်းခေါင်ကြက်တွေ
တွန်သွားကြပြီ ။
” ဟာ ဟေ့ကောင် နှစ်ကောင် ငြ်ိမ်ငြိမ်နေ၊ လာနေကြပြီကွ ၊
တို့မြောက်ဘက်က လာတာ”

ရှေ့ဆုံးက လူက ဆံပင် ပွပွကြီးကို ဖားလျားလျထားတာဗျ၊
အရပ်ကလည်းတော်တော်ရှည်တယ်၊ လွယ်အိတ်ကြီးတစ်လုံး
ကို စလွယ်သိုင်းထားတယ်၊သူ့နောက်မှာလည်း လွယ်အိတ်
စလွယ် သိုင်းနဲ့လူငါးယောက်ဗျ။
ဒါအောက်လမ်းကြီးတွေဗျ၊ ဟောသွားကြပြီ။ ဇရပ်ထဲကို
၀င်သွားကြပြီဗျ။ ဒီလူစု လာတာကို ဇရပ်ပေါ်က
လူတွေမြင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး
မတ်တပ်ထရပ်ကြတယ်။
“အေး..မင်းတို့တွေ တော်တယ်။ဘာမှမရှိအောင် ရှင်းလင်း
ထားနိုင်ကြတယ်”
ငါလာခဲ့တဲ့ လမ်းတလျှောက်မှာ ဘာအထစ်အထောက်မှ
မရှိခဲ့ဘူး။ကဲ တပည့်တို့ နားထောင်ကြ၊ မကြာခင်
မြောက်ဘက်ရှင်မ ရဲ့ ပညာဗူးရှိတဲ့သိုက်ကို ငါဖော်တော့မယ်၊
ဆရာက မြောက်ဘက်ရှင်မ ရဲ့ ပညာဗူးကို မျိုချပြီးတာနဲ့
ဆရာ့ရဲ့မူလပညာဟာ အံမခန်းအောင် အရောင်တွေ
ထွက်လာလိမ့်မယ်။ အဲ့ဒီ နောက်တော့ဆရာဟာ
အသက်တွေ ထောင်ချီပြီးနေရမယ့် မှော် ဝိဇ္ဇာ ကြီးတစ်ယောက်
ဖြစ်ပြီကွဲ့။ အဲ့ဒီ အခါကြရင်လည်း ငါ့တပည့်တွေကို ဇမ္မူတလူ
ဖြစ်အောင် ဆရာက ပညာတွေ အဆင့်ဆင့် မြှင့်ပေးမယ်၊

အေးတစ်ခုပဲပြောချင်တယ်၊ သစ္စာ တော့ရှိကြပါ။
သစ္စာ ပျက်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော်။
ကဲ လာကြ၊ ဆရာ့ကို ဘေးက ဝိုင်းထားကြ၊ သျှောင်ကြီးဗွေ
တွေက ပညာအဆင့်နိမ့်သေးတော့ အနောက်မှာ နေကြ၊
အန္တရာယ်က ဘယ်လောက်ကြီးမယ်ဆိုတာ မသိနိုင်ဘူးကွဲ့။
ကတုံးတွေက ပညာအလယ်အလတ်ဆိုတော့ရှေ့ကနေကြ။
ငါရဲ့ လက်ဝဲ လက်ယာမှာ နှစ်ယောက်၊ ငါရှေ့မှာ သုံးယောက်၊
အေး ဟုတ်ပြီ၊ ငါစည်းတားတော့မယ်၊ စည်းဝိ်ုင်းထဲကနေအပြင်
ကိုခြေတစ်လှမ်းတောင် မထွက်နဲ့ ကြားလား။
စည်းပေါက်တာနဲ့ ငါတို့ရှုံးပြီသာ မှတ်ကြတော့ ကြားကြလား”
“ကြားပါတယ် ဆရာကြီး”
ဆံပင်ဖားလျားနဲ့ မှော်ဝိဇ္ဇာ ဖြစ်ဖို့ ကြိုးစား နေတဲ့
အောက်လမ်းကြီးက သူ့တပည့်တွေကို ပတ်ပြီး စည်းချတယ်၊
ပြီးတာနဲ့ သူ့နေရာမှာသူ ၀င်ရပ်တယ်။

ခြေထောက်နှစ်ဖက်ကို ကားရပ်ပြီး ခေါင်းကို
ကောင်းကင်ပေါ်မော့ထားတယ်။ ဟာ ရွတ်ပြီဗျို့၊
အသံအကျယ်ကြီးနဲ့ မန္တန်တွေ စပြီး ရွတ်ပြီဗျို့၊
သူ့တပည့်တွေကလည်း သူတို့ရဲ့ စက်တွေကို နှိုးနေကြတယ်။
သူတို့ကိုယ်ဘေးမှာ တစ်ချက်တစ်ချက် အရောင်လေးတွေ
လက်ကနဲ ဖြစ်သွားတယ်။
ကျုပ်ကတော့ လွယ်အိတ်ထဲက မြွေစကြာ ရုပ်ကလေးကို
လက်နဲ့ ဆုပ်ထားတယ်၊
မျက်ကွင်းဆေး ကွင်းပြီးသားဆိုတော့ အားလုံး ကို
ကျုပ်မြင်မှာပေါ့ဗျာ။
“ဝုန်း ဝုန်း၊ ဂျိမ်း ဂျိမ်း”
ဟာ မြေကြီး ထဲက မြည်တဲ့ အသံကြီးဗျ၊ ကျောက်ခဲနဲ့
သံမဏိတောင် လန့်သွားပြီး ကျုပ်လက်ကို ဆုပ်ထားကြတယ်။
“ကိုကြီး တာတေ၊ ဒီဆရာ တော်တော် စွမ်းပုံ ရတယ်ဗျ။”
“အေးကွ ကျောက်ခဲရ၊ ကြည့်ကြသေးတာပေါ့ကွာ”
အောက်လမ်းဆရာကြီးက မန္တန်တွေ အဆက်မပြတ်ရွတ်
တယ်။ ဟာ ပေါ်လာပြီဗျို့။ မြေကြီး ထဲက ပေါ်လာပြီ။
အုတ်နဲ့ ဆောက်ထားတဲ့ အဆောက်အဦး ဗျ။
ဆယ်ပေပတ်လည် လောက်ပဲရှိတယ်။
ရှေ့မှာ အုတ်လှေကားလေးပါတယ်။ ပိတ်ထားတဲ့
တံခါးတစ်ချပ်လည်း ပါတယ်၊ တံခါးက အနီရောင် ဗျ။
အောက်လမ်းဆရာကြီးက အားတက်သွားပြီး မန္တန်တွေ
အဆက်မပြတ် ရွတ်တယ်။မြောက်ဘက်ရှင်မ ရဲ့ ပညာသိုက်
က ပေါ်နေပြီဗျ။ဒါပေမဲ့ တံခါးက မပွင့်ဘူး။
အောက်လမ်းဆရာကြီးက ဒေါသဖြစ်လာပြီး
အသံနက်ကြီးနဲ့ ထအော်လိုက်တယ်။
“ဟဲ့ကောင်မတွေ နင်တို့တွေ ကိစ္စ တုံးမသွားချင်ရင်
တံခါးကို ခုချက်ချင်း ဖွင့်လိုက် ။ငါ့စက်နဲ့ ထိုးလိုက်လို့
ပွင့်သွားရင် နင်တို့ကိုငါ့ယား လုပ်ပစ်မယ်။
မြောက်ဘက်ရှင်မ ရဲ့အစေအပါးတွေ တံခါးဖွင့်ဆို ခုချက်ချင်း
ဖွင့်စမ်း”

တံခါးအနီ ကြီးက လှုပ်တောင်မလှုပ် ဘူးဗျ။
“ကဲတပည့်တို့ စက်တွေ ဆက်ကြစမ်းဟေ့”
ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာကြီးက သူ့တပည့်တွေ
ရဲ့ ရှေ့ဆုံး ကို ထွက်လိုက်တယ်။
သူ့တပည့်တွေက တစ်ယောက်နဲ့ တစ်ယောက် ပခုံးကိုင်ပြီး
စက်တွေစထုတ်ကြတယ်။ နောက်ဆုံး တစ်ယောက်က
သူတို့ဆရာကြီး ပခုံးကို လှမ်းကိုင်လိုက်တယ်။
အောက်လမ်းကြီးက သူတို့ရဲ့ အောက်လမ်း မန္တန်ကို
ရွတ်တယ်။ ဟော ထွက်လာပြီဗျို့။ စက်ရောင်စုံတွေ
ထွက်လာပြီ။ အောက်လမ်းကြီးက ထွက်လာတဲ့ စက်တွေကို
လက်ဝါးနဲ့ လုံးသလို လုပ်လိုက်တယ်။
ကဝေပျိုအလွမ်း
အပိုင်း ၄
���������������
ခနနေတော့
သူ့လက်ဝါးနှစ်ဖက်ကြားက စက်လုံးကြီးနဲ့ တံခါးအနီ ကြီးကို
ပစ်ပေါက်လိုက်တယ်။ အရောင်တွေ တလက်လက်
ထွက်နေတဲ့စက်လုံးကြီးက တံခါးကို သွားထိတယိ။
“ဝုန်း”
ဟာ ပွင့်သွားပြီဗျို့။တံခါးအနီကြီး ပွင့်သွားပြီ။
ဟာ အထဲမှာရွှေကလပ်နဲ့ တင်ထား တဲ့ အရာကလေး နှစ်ခုဗျ။
အရောင်တွေ ဖြာထွက်နေတယ်။
“ဟား ဟား ဟား ဟား အခုတော့ ဘာတတ်နိုင်သေးတုံးဟဲ့
မြောက်ဘက်ရှင်မ ရဲ့။ နင်ဖွက်ထားတဲ့ နင်ရဲ့ ပညာဗူးနဲ့
အသက်ဗူးကို ငါရတော့မယ်။
နင့်ကို တသက်လုံး ခိုင်းစားလို့ ရပြီဟဲ့ ။
မယ်တော်ဆိုတဲ့ ဟာမရဲ့
ဟား၊ဟား၊ဟား၊ဟား ”
ဟာ မဖဲဝါ ကြီးပြေးလာပြီဗျို့၊ကျုပ်တစ်သက်မှာ မဖဲဝါ ဒီလောက်
ကြမ်းကြမ်း တမ်းတမ်းနဲ့ပြေးတာ လွှားတာ တစ်ခါမှ
မမြင်ဖူးဘူးဗျာ။
ဟင် မဖဲဝါ ရဲ့ ပခုံးပေါ်မှာ ခေါင်းကြီးတစ်လုံး ထမ်းလာတာဗျို့။
မြောက်ဘက်ရှင်မ ရဲ့ ပညာသိုက်ရှေ့မှာ မဖဲဝါ ဘွားကနဲ
ပေါ်လာတယ်၊ မျက်လုံး ကြီးကလည်းနီရဲပီး ပြူးထွက်နေတာဗျ။
“ဟာ အောင်မလေး မဖဲဝါ ကြီးဗျ”
အောက်လမ်းကြီးကဲ့ တပည့်တွေထဲက သျှောင်ကြီးဗွေ
ငါးယောက်က ပညာကလည်း နုသေးတော့ မဖဲဝါကို
တအားလန့်သွားကြတာ။
ဒီမှာတင် ဒီလူငါးယောက် ထွက်ပြေးရောဗျို့
“ဟာ ဟေ့ကောင် တွေ ဟေ့ကောင် တွေ”

အောက်လမ်းကြီး စကားတောင် မဆုံးသေးဘူးဗျ။
မဖဲဝါ ကထွက်ပြေးတဲ့ သျှောင်ကြီးဗွေ ငါးယောက်ဆီကို
သူ့ပခုံးပေါ့မှာ ထမ်းထားတဲ့ ခေါင်းကြီးကိုလက်နှစ်ဖက်နဲ့
ကိုင်ပြီး ခေါင်းကြီးကို လေထဲမှာဝှေ့လိုက်တယ်။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ၊”
မဖဲဝါ လက်ထဲက ခေါင်းတလားကြီး လေထဲမှာ
“ဝီ၊ ဝီ၊ ဝီ၊ ” နဲ့ မြည်နေတာဗျ။
ဟာ ပစ်လိုက်ပြီဗျို့ ၊ ပစ်လိုက်ပီ။
လက်ထဲက ခေါင်းကြီးနဲ့ ပစ်လိုက်တာဗျာ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊”
ဟော မဖဲဝါ ရဲ့ ခေါင်းကြီးက လေထဲမှာ
“ဝီ၊ ဝီ၊ ဝီ ” နဲ့ အော်ပြီး ပြန်ထွက်သွားတယ်။
” ဘုန်း၊ ဘုန်း၊ အား၊ အား၊ ဘုန်း”
ထွက်ပြေး သွားတဲ့ သျှောင်ကြီးဗွေ တွေကို ဘုန်းကနဲ
ဘုန်းကနဲ ရိုက်ပစ်လိုက်တာ ငါးယောက်စလုံး
သင်းချိုင်း ကုန်း ထဲမှာ ၀မ်းလျားကြီးတွေ မှောက်သွားတာဗျို့ ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ၊”
ဟော လေထဲမှာပြန်နေတဲ့ ခေါင်းကြီးက မဖဲဝါ ဆီကို
ပြန်ရောက်သွားပြီဗျို့။
မဖဲဝါ ကခေါင်းကြီးကို လက်နှစ်ဖက်နဲ့ ဖမ်းယူပြီး ပခုံးပေါ်မှာ
ပြန်ထမ်းထားလိုက်တယ်။
“တောက် ၊ငါအတန်တန် ပြောထားရဲ့နဲ့ ဒီကောင်တွေကွာ”
“ဆရာကြီး စည်းပေါက်သွားပြီနော်”
“အေး ငါသိတယ် သာဂိ၊မကြောက်ကြနဲ့ အားလုံး
သတိထားပြီးနေကြ၊ကဲ စက်တွေ ဆွဲထုတ်လိုက် ၊
ဒီကောင်မဆီကို တစ်ယောက်ချင်း စက်လွှတ်ကြစမ်း”

အောက်လမ်းကြီးရဲ့ တပည့်တွေက မဖဲဝါ ဆီကို စက်တွေ
၀ိုင်းလွှတ်ကြတယ်ဗျ။
“ဝုန်း”

ဟောမဖဲဝါက ခေါင်းကြီး ထမ်းလျက်ထားနဲ့ ပျောက်သွားပြီ။
သတိထားကြဟေ့ ၊ သရဲမပျောက်သွားပြီ။
“ဝုန်း၊ ဘုန်း၊ဘုန်း၊ ဘုန်း၊ ခွပ်၊ အား ၊ အား၊ ”
မဖဲဝါ ကအောက်လမ်းတွေရဲ့နောက်ကနေ
ဘွားကနဲ ပေါ်လာပြီး ခေါင်းကြီးနဲ့ လွှဲပီး ရိုက်တယ်။
ကတုံးတွေ အကုန်လုံး ဟပ်ထိုးကြီးတွေ လဲကျသွားတာဗျို့။
အောက်လမ်းတွေ က နောက်ကို ဆတ်ကနဲ လှည့်ပြီး
မဖဲဝါ ကို စက်တွေနဲ့ ဝိုင်းပစ်ကြတယ်။
” ဝုန်း”
မဖဲဝါ ပျောက်သွားပြန်ပြီဗျို့။
အောက်လမ်းတွေ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေရောဗျို့။
ဘေးပတ်လည်ကို လှည့်ပြီး ကြည့်နေကြတယ်။
ဟာ မဖဲဝါ က ချုံပုတ် ထဲက ထွက်လာတာဗျ။အရွယ်က
တစ်တောင်လောက်ကလေး ရှိတယ်ဗျ။ ပခုံးမှာလည်း
ခေါင်းသေးသေးလေး တစ်လုံး ထမ်းလို့ဗျို့။
ဟောပြေးပြီ ၊ ပြေးပြီ။ မဖဲဝါ ပြေးပြီး ပခုံးပေါ်က ခေါင်းနဲ့
လွှဲပီး ရိုက်ပြီဗျို့။
” ဘုန်း ၊ ဘုန်း၊ အား ၊ အား ၊”
အောက်လမ်း ဆရာကြီးရဲ့ လက်ဝဲ ဘက်က
နှစ်ယောက် လဲကျ သွားပြန် ပြီ ဗျို့။
ဒီတော့ မှ အောက်လမ်းတွေက မဖဲဝါ ကို တွေ့သွားပြီ။
“ဟာ …ဟိုမှာ၊ ဟိုမှာ ”
ဆိုပြီး မြေကြီးပေါ်မှာ ပြေးနေတဲ့ နှစ်တောင်လောက်ရှိတဲ့
မဖဲဝါ ဆီကို စက်တွေ လွှတ်ကြပြန်ရောဗျာ။
“ဝုန်း”
မဖဲဝါ ပျောက်သွားပြန်ပြီဗျို့။ ဒီတစ်ခါ မဖဲဝါ
ပျောက်သွားတာ တော်တော် ကြာတယ်ဗျ။
“ဟို သရဲမ ဘယ်ရောက်သွားတုန်းကွ”

အောက်လမ်းဆရာတွေလည်း ဟိုကြည့် ဒီကြည့်
လုပ်နေကြရောဗျ။ ဒီတုန်းမှာ မဖဲဝါ က မြေကြီးထဲက
ခုန်ထွက် လာရောဗျာ။
“ဝုန်း၊ ဟာ ၊ ဘုန်း ၊ ခွပ် ၊ အား ၊ အား”
ရိုက်သံ အော်သံတွေက မီးလောင်ကုန်း သင်းချိုင်းထဲမှာ
ဆူညံ သွားတော့ တာပေါ့ဗျာ။
ကျောက်ခဲနဲ့ သံမဏိ ကဘာမှမမြင်တော့ အောက်လမ်းတွေ
လဲကျသွားပြီး သွေးတွေ အန်ကြတာတွေ၊ဆန့်ငင်
ဆန့်ငင် ဖြစ်ပြီး ငြိမ်သွား ကြတာတွေပဲ တွေ့ကြတာပေါ့ဗျာ။
“ကိုကြီး တာတေ ဟိုဆရာတွေ သေကုန်တာ
ဘာဖြစ်လို့တုန်းဗျ။”
လို့ကျောက်ခဲက ကျုပ်ကို အသံအုပ်အုပ်ကလေးနဲ့ မေးတာဗျ။
“မဖဲဝါ ကြီး ခေါင်းနဲ့ ရိုက်သတ်နေတာကွ ”
ကျုပ် ကျောက်ခဲကို လှည့်ပြောတုန်းမှာပဲ
အောက်လမ်းဆရာကြီးရဲ့ ညာဘက်က တပည့်နှစ်ယောက်
လဲကျသွားပြန်ပြီဗျာ။ ဆရာကြီးနဲ့ သူ့တပည့်တစ်ယောက်ပဲ
ကျန်တော့တာဗျာ။
ဟာ နောက်ကျသွားပြီဗျ။ ဒီတစ်ခါတော့မဖဲဝါ
ကိုယ်ဖျောက်တာ နောက်ကျသွားပြီဗျ။အောက်လမ်းဆရာကြီး
ရဲ့ စက်တွေက မဖဲဝါ တစ်ကိုယ်လုံးကို ပတ်သွားပြီဗျို့။
မဖဲဝါ ဒူးထောက်လျက်ကြီး ကျသွားပြီ။ ပခုံးပေါ်က
ခေါင်းကြီးလည်း ပြုတ်ကျသွားပြီဗျို့။ ဒီတုန်းမှာ ပဲ
အောက်လမ်းဆရာကြီးက တံခါးပွင့်နေတဲ့
ပညာသိုက်ထဲကို လှစ်ကနဲ ပြေး၀င်လိုက်တယ်။
ဒါပေမဲ့ အထဲကို မရောက်ဘူးဗျ။
“ဘုန္​း”
ဟာ အောက်လမ်းဆရာကြီးရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့
ကန်ထုတ်လိုက်တာဗျ။
“ဟာ ..ဆရာကြီး ”
သူ့တပည့်က ပြေးပွေ့တယ်။ အောက်လမ်းဆရာကြီးက
သူ့ရင်ဘတ်ကို ဆောင့်ကန်လိုက်တဲ့သူကို မျက်လုံးထဲက
မီးတွေ ၀င်း၀င်းတောက်ပြီး လှမ်းကြည့်လိုက်တယ်။
ဟာ ..လှယဉ် ၊ လှယဉ်ပါလား။ တစ်ကိုယ်လုံးမှာ
အနီရောင် ၀တ်ထားတာဗျ။ ကြယ်ရောင်တွေ အောက်မှာ
လှယဉ်ရဲ့ အလှက ထင်းနေအောင်ပေါ်နေတာဗျာ ။
” ဟား၊ဟား၊ဟား၊ဟား ငါ့မယားလေးက တယ်လှပါလား”
ပညာဗူးကို မျိုပြီးရင် နင့်ကို ငါ့မယားလေးအဖြစ်
သိမ်းပိုက်မယ် ကြားလား၊ ဟား၊ဟား၊ဟား၊ဟား
အဲ့ဒါ အောက်လမ်း ဆရာကြီးရဲ့ အမှားပဲဗျ။
လှယဉ်က အော်ရယ်နေတဲ့ အောက်လမ်း ဆရာကြီးရဲ့
ပါးစပ် ထဲကို စက်တွေ ပစ်ထည့်လိုက်တယ်။
ဟာ ..ဂျွမ်း ပြန်သွားပြီဗျို့၊ လှယဉ်ရဲ့ စက်တွေ ပါးစပ်ထဲ
ရောက်သွားတဲ့အချိန်မှာ အောက်လမ်းဆရာကြီး
ဂျွမ်းပြန်သွားတယ်။
ဒီမှာတင် သူ့တပည့်က လှယဉ်ဆီကို အစိမ်းရောင်
စက်တွေနဲ့ လှမ်းပစ်လိုက်တယ် ။ လှယဉ် က အနီရောင်စက်နဲ့
ပြန်ပစ်လိုက်တာ စက်လုံးကြီး နှစ်ခုတွေ့ပြီး
“အုန္​း”
ဆိုတဲ့ အသံကြီး ထွက်လာပြီး အောက်လမ်းကြီးရဲ့
တပည့်နောက်ကို ခြေတစ်လှမ်း ဆုတ်သွားတယ်။
ဒီမှာ တင် မထင်မှတ်တာ ဖြစ်တော့တာဗျို့။

မြေကြီးပေါ်ကို ဂျွမ်းပြန်ပြီး ကျသွားတဲ့ အောက်လမ်းဆရာကြီး
က လှယဉ်ရဲ့ စက်တွေကို ထိန်းလိုက်တယ်။
ပြီးတာနဲ့ ချက်ချင်းမတ်တပ်ရပ်ပြီး ပါးစပ်ထဲက
စက်တွေထုတ်လိုက်တယ်။
ထွက်လာတဲ့ စက်တွေက အရောင်တွေ တောက်လွန်းလို့
လှယဉ် ခမျာ ခုခံဖို့နေနေသာသာ ကြည့်တောင်မကြည့်နိုင်လို့
မျက်လုံးကို လက်နဲ့ ကာထားလိုက်ရတယ်။
သွားပြီပေါ့ဗျာ၊ အောက်လမ်းရဲ့ စက်တွေက လှယဉ်ကို
ချက်ချင်းပတ်တော့တာပဲဗျာ။ လှယဉ် လှုပ်ကို မလှုပ်
နိုင်တော့ ဘူးဗျာ။
“ဟား၊ ဟား၊ ဟား နင့်ရဲ့စက်က မြောက်ဘက်ရှင်မ ရဲ့
စက်မို့လား ငါကရအောင် ထိန်းလိုက်တော့
ချက်ချင်း တန်ပြန်လို့ ရသွားတာပေါ့။”
“ဟား ဟား ဟား လှလိုက်တာ ငါ့မယား လေးရယ် ၊
ဘယ်လိုဖြစ်လို့များ မြောက်ဘက်ရှင်မ ရဲ့အစေပါးဖြစ်နေရတာ
တုန်းကွယ် ၊အစ်ကိုကြီး ကယ်နိုင် ပါပြီကွယ် ဘာမှမပူနဲ့ ၊
နင့်သခင်မရဲ့ ပညာဗူးကိူ မြိုလိုက်ဦးမယ်။”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းကြီးနဲ့ သူ့တပည့်က
သိုက်ထဲကို ၀င်ဖို့ ပြင်ဆင်ကြတာပေါ့ဗျာ။
“တာတေ ပစ်တော့”
လှယဉ်အသံဗျ။ ဒီအသံကို သူ့မှာ မနည်းကို ဖျစ်ညှစ်
ပြောလိုက်ရတာဗျ။
“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ ကျောက်ခဲ”
ပြောပြောဆိုဆိုနဲ့ ကျုပ်က မီးလောင်ကုန်း သင်းချိုင်းထဲကို
ပြေး၀င်သွားပြီး လက်ထဲက “မြွေစကြာ ” ရုပ်လေးကို မန္တန
် ရွတ်ပေးလိုက်တယ်။
“ဝေါ ဝေါ ဝေါ”
ကျုပ်လက်ထဲက မြွေစကြာ ရုပ်လေး လေထဲကို ပြန်တက်
သွားပြီး မီးတောက်တွေ ထွက်လာတယ်ဗျို့။
ဟာ မြွေ မြွေ မြွေ ကြီးဖြစ်သွားပြီဗျို့။
ပါးပျဉ်းကြီး ထောင်လို့ဗျာ။
လူကြီး လက်မောင်း လုံးလောက်ရှိတယ်။
အရှည်က ငါးပေလောက်ရှိမယ်ဗျ။ မီးတွေတောက်ပြီး
လေထဲမှာ ပတ်ပျံနေတာဗျို့။

အောက်လမ်းဆရာကြီးနဲ့ သူ့တပည့်က
ကျောချင်းကပ်လိုက်ပြီး မြွေစကြာ ကို စက်တွေနဲ့
ပစ်ကြတယ်ဗျ။
ဒါပေမဲ့ သူတို့ ပစ်တဲ့ စက်က မြွေစကြာ ကို
ထိဖိုနေနေသာသာ အနားတောင် မရောက်ဘူးဗျ။
ဟာ လွှတ်ပြီဗျို့၊ မြွေစကြာ ရဲ့ပါးစပ်ထဲက မီးတန်းကြီး
လွှတ်လိုက်ပြီဗျို့။ ဟာ မီးတန်းကြီးက ကျောချင်းကပ်ပြီး
ရပ်နေတဲ့ အောက်လမ်းဆရာကြီးတို့ ဆရာ တပည့်
နှစ်ယောက်ကို ပတ်လိုက်ပြီဗျာ။
ပတ်တာမှ တစ်ကိုယ်လုံးကို ပတ်နေတော့တာဗျာ။
“အား အား အား အား အား ”
မြွေစကြာ က ပတ်ပျံရင်းကနေ မီးတန်းတွေ လွှတ်နေတုန်းဗျ။
“အောင်မလေး ဗျ ပူလှချည်ရဲ့ဗျာ ၊ ကြောက်ပါပြီဗျာ။”
အောက်လမ်းဆရာတပည့်ရဲ့ အော်သံကြီးက
ညအမှောင်ထဲမှာ လွှမ်းသွားတာပေါ့ဗျာ။
ဟော ဒူးကြီးတွေ ထောက်သွားကြပြီဗျို့။ ဟာ ခေါင်းကြီးတွေ
စိုက် သွားပြီဗျာ။
“ဝေါ့၊ ဝေါ့၊ ဝေါ့”
ဟာ သွေးတွေ ထိုးအန်ကြတာဗျာ။မြင်လို့တောင်
မကောင်းဘူးဗျာ။
ဟော လှယဉ် ကိုယ်ပေါ်က စက်တွေရော ၊မဖဲဝါ ရဲ့
ကိုယ်ပေါ်ကစက်တွေရော ပျောက်သွားပြီဗျို့။
“တာ​တေ ဖမ်းလိုက်​ ”
လှယဉ်က ကျုပ်ကို အော်ပြောလိုက်တာဗျ။အဲ့ဒီလိုပြောပြီး
ပျံနေတဲ့ မြွေစကြာ ကို သူ့လက်နဲ့ ရမ်းလိုက်တာ
မီးတွေတောက်နေတဲ့ မြွေစကြာ ကြီး ‘ ဝုန်း ‘ ကနဲမည်ပြီး
ပျောက်သွားတယ်။
ကျုပ်က လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး ဖြန့်ထားလိုက်ရောဗျ။
“ဖ်တ္​ ”
ဟော မြွေစကြာ ရုပ်ကလေးက လက်ဝါးပေါ်ကို ပြန်ရောက်
လာရောဗျို့ ။
ဒီအချိန် မှာပဲ မဖဲဝါ ကြီးကထလာပြီး ပြုတ်ကျသွားတဲ့
ခေါင်းကြီးကို ပြန်ကောက်တယ်။
ပြီးတော့ လေထဲမှာ ဝှေ့တယ်ဗျ။
“ဝီ ဝီ ဝီ ဝီ ”
ခေါင်းကြီးကို လေထဲမှာ ဝှေ့ပြီး အောက်လမ်းဆရာ
နှစ်ယောက်ကို လွှဲရိုက် လိုက်တာဗျို့။
“ဘုန်း ၊ ခွမ်း၊ အား၊ အား”
သွေးပွက်ပွက်အန်နေတဲ့ အောက်လမ်းနှစ်ယောက်
မြေကြီး ပေါ်ကို ဘုန်းကနဲ လဲကျသွားရောဗျာ။
သူတို့ကိုယ်ပေါ်က မီးတောက်တွေလည်း ငြိမ်းသွားရောဗျ။
မဖဲဝါ ကခေါင်းကြီးကို ပခုံးမှာ ထမ်းပြီး ဂူတွေပေါ်ကနေ
ရိပ်ကနဲ ပြန်ထွက်သွားတယ်။ လှယဉ်ကတော့
မြောက်ဘက်ရှင်မ ရဲ့ ပညာသိုက်ဘက်ကို လှည့်ပြီး
သူ့လက်တွေနဲ့ ရမ်းလိုက်တာ ပွင့်နေတဲ့ တံခါးအနီ ကြီး
ပိတ်သွားရောဗျို့။
” ဝုန်း” ဂျိမ်း၊ ဂျိမ်း ၊ ဂျိမ်း”
လှယဉ်က လက်နဲ့ ထပ်ရမ်းလိုက်တယ် ။ ပညာသိုက်က
မြေကြီး ထဲကို တဖြည်းဖြည်း မြှပ်ပြီး ပျောက်သွားတယ်။
ကျုပ်က တော့ ကျုပ်ချစ်သူ လှယဉ်လုပ်သမျှကို ငေးကြည့်နေမိ
တာပေါ့ဗျာ။
လှယဉ် ကကျုပ်ဘက်ကို လှည့်လိုက်ပြီး ..
“တာတေ၊ ရှင်မလွှတ်တဲ့ နေ့ကျရင် ငါလာယူမယ် ။

သေသေချာချာ သိမ်းထား”
လို့ပြောပြီးတာနဲ့ဖျတ်ကနဲ ပျောက်သွားတယ်။
ကျုပ်ကတော့ အတုံးအရုံး လဲသေနေတဲ့ အောက်လမ်းဆရာ
တွေကို ကြည့်ရင်း လှယဉ် ပြောသွားတဲ့ အသံလေးကိုပ
ဲ နားထဲမှာ ကြားနေတော့တာပေါ့ဗျာ။
ငိုင်ငိုင်ကြီး ရပ်နေတဲ့ ကျုပ်ကို ကျောက်ခဲကပုခုံး
လာပုတ်တယ်ဗျ။
“ကိုကြီး တာတေ နေကောင်းရဲ့လား”
“ဟာ အေး အေး ကောင်း ကောင်းပါတယ်ကွာ”
လို့ ပြောလိုက်ရပေမဲ့ ကျုပ်ရင်ထဲမှာ ကြိတ်ပြီး လွမ်းနေခဲ့ရတာ
ကိုတော့ ဘယ်သူသိမှာတုံးဗျာ။ ကျုပ်ကလက်ထဲက
မြွေစကြာ ရုပ်ကလေးကို ကြည့်လိုက်တယ်။
ဒီမြွေစကြာရုပ်ကို လှယဉ်လာပြန် ယူမှာတဲ့။
မြောက်ဘက်ရှင်မ လွှတ်တဲ့ နေ့ကို လှယဉ်လာမှာ ။
အဲ့ဒီ နေ့ကို ကျုပ်မျှော်ရတာပေါ့ဗျာ။
“လွမ်းလိုက်တာ လှယဉ်ရယ်”
လို့ ကျုပ်ပါးစပ်က တိုးတ်ိုးလေး ပြောလိုက်တာကိုတော့
ကျောက်ခဲရော သံမဏိ ရော မကြားလိုက်ဘူးဗျ။

  1. ပြီးပါပြီ