အနိုပ်သည်ဒေါ်သောင်း

နေရတာအဆင်ပြေ
ရဲ့လား ”

” ပြေပါတယ် ဒီလိုနေလာတာကြာပါပြီကွယ်”

” ဟုတ်ကဲ့ဒေါ်သောင်း”

ဒေါ်သောင်းကကျုပ်ကို…ညနေတိုင်းလာလာ နှိပ်ပေး
နေကျလေ…အသက်ကကြီးပေမဲ့…အတော်သန်တယ်ဗျ..
ခုလိုသမ္မာအာဇီဝ..လုပ်စားတော့လူတိုင်းကချစ်ကြခင်ကြ
လေးစားကြပေါ့ဗျာ…တစ်နေ့…ကျုပ်တောထဲကနေ…
ဆိတ်ကျောင်းပြန်လာတော့…မကြားချင်တဲ့သတင်းဆိုးကြီး
ကြားလိုက်ရတယ်ဗျာ….

” ဒေါ်သောင်းဆုံးပြီးတဲ့ ဆူးလေကုန်းရွာကအပြန်မှာ…
မြွေပေါက်ခံရတာတဲ့ စိတ်မကောင်းလိုက်တာကွာ”

” ဟာ.. ”
ဒီတစ်လုံးတည်းသာပြောနိုင်တော့တယ်ဗျာ…ကျုပ်
ကဒေါ်သောင်းကိုအတော်သံယောဇဉ်ကြီးတာလေဗျာ…
ကျုပ်မျက်ရည်တောင်ကျမိတယ်…ကျုပ်အဖွားတစ်ယောက်
ဆုံးရှုံးသွားသလိုပါပဲဗျာ…လူတွေဆိုတာ…အိုရမယ်…နာရ
မယ်…သေရအုံးမယ်မဟုတ်လား…ကျုပ်တို့အားလုံးလည်း

တစ်နေ့ဒီလမ်းကိုသွားကြရမှာပဲ…မနက်တုန်းကတောင်..
ဒေါ်သောင်းကိုမြင်လိုက်ရသေးတာ…နေ့မြင်ညပျောက်ဆို
တဲ့စကားက…ဒေါ်သောင်းအတွက်များဖြစ်နေလေသလားဗျာ….ကျုပ်တို့

သူငယ်ချင်းတွေလည်းဒေါ်သောင်းနေအိမ်ကို
သွားပြီညတိုင်း…စောင့်အိပ်ပေးရတာပေါ့….
“ဒေါ်သောင်းရေ ကျုပ်ကိုလာခြောက်ပါအုံးဗျာ”

စိတ်ထဲကရွတ်နေမိတယ်…ဒါပေမဲ့ညတိုင်းအရိပ်အယောင်
လေးတောင်မတွေ့ရမမြင်ရပါဘူး…ဒီလိုနဲ့ရက်လည်တဲ့ည
ရောက်လာတော့…ကျုပ်ဆုတောင်းတာလေးပြည့်ဝသွား
တယ်…ကျုပ်အိပ်နေတုန်း…ကျုပ်ခြေထောက်လေးကို…

တစ်စုံတစ်ယောက်က…နှိပ်ပေးနေသလိုခံစားရတော့…
ချက်ချင်းလန့်နိုးသဖြင့်…အောက်ကိုငုံ့ကြည့်လိုက်ရာ…
ဒေါ်သောင်းဖြစ်နေတာဗျ..

” ဒေါ်သောင်း ကျုပ်ခင်ဗျားကိုတွေ့ချင်နေတာဗျ”

” ငါ့သား ဒေါ်သောင်းကဒီတစ်ခါနောက်ဆုံးနှိပ်ပေးရတာ
သက်သက်သာသာနေ ပါ”

” ဟုတ်ကဲ့ပါဗျာ”

ဒေါ်သောင်းလက်ကအရမ်းနှိပ်တာတော်တာလေဗျာ..
ကျုပ်မှေးခနဲကိုအိပ်ပျော်သွားတာ…ကျုပ်တစ်ရေးနိုးတဲ့
အချိန်ကြည့်လိုက်တော့…ဒေါ်သောင်းမရှိတော့ဘူး…
ကျုပ်အတော်ဝမ်းနည်းသွားတယ်…ဒေါ်သောင်းရေ…
နောက်ဘဝမှာဒီလိုအဖြစ်ဆိုးမှကင်းဝေးပါစေ…..

ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်
ဝိုင်စီရဲ