ထူးဆန်းသောဖုတ်ကောင်

…အမေ မတွေ့တော့လို့ အေ့ “

” ဟာ !! သမီး မစားပါဘူး… ညက ငါးပိ တို့စရာလေးနဲ့ပဲ ဖြစ်သလို
စားလိုက်တာ… အမေ့သား မေးကြည့်လေ…အိမ်မှာ လူက သုံးယောက်
ထဲရှိတာ… သမီး မစားတော့… အမေ့သားစားတာပဲ ဖြစ်မှာပေါ့ “

” ဟဲ့ !! ငါးခြောက်က အစိမ်းတိုင်း ထား ထားတာ…နင့်မောင် ဆယ့်နှစ်
နှစ်…ဆယ့်သုံးနှစ်အရွယ် ကလေးက ဒီငါးခြောက်တွေကို ဘယ်လိုမီး
ဖုတ်ပီး စားတက်ဦးမှာလဲ “

” ဟာ !! ဒါဆို သမီးလည်း မသိတော့ဘူး အမေရာ…အမေ အထားမှား
တာပဲဖြစ်မှာပေါ့…သေချာပြန်ရှာကြည့်လိုက်ဦး “

သမီးဖြစ်သူရဲ့အိပ်ချင်မူးတူးနဲ့ ပြောလိုက်တဲ့စကားကြောင့် ဒေါ်အေးမေ
လည်း ဇဝေဇဝါဖြစ်ပီး နောက်ဖေးမီးဖိုချောင် အနှံ့ကို သေချာပြန်ရှာ
ကြည့်လိုက်သေးတယ်။ ဒါပေမဲ့ သူထား ထားတဲ့ ငါးခြောက်တွေကို
အစနလေးတောင် မတွေ့တော့တာပါဗျာ။

အဲ … တစ်ခု ထူးခြားတာလေးတော့ရှိတယ်။ အဲဒီတစ်နေ့လုံး ဒေါ်အေးမေ ရဲ့ သား ဇော်ဇော်တစ်ယောက်…သူ့ အခန်းထဲ က
နေ အပြင်ကို လုံးဝ ထွက်မလာတော့တာပဲဗျ။ ခါတိုင်းဆို မိုးလင်း
လို့ အိပ်ယာ နိုးတာနဲ့ ရပ်ကွက်ထဲ တစ်နေကုန် ဗြောင်းဆန်အောင်
ဆော့ကစား တတ်တဲ့ ကလေး…ထမင်းစားချိန်လောက်ပဲ အိမ်ကိုပြန်
လာတတ်တဲ့ ကလေးလေဗျာ။ ဒီတော့ ထူးဆန်းမနေဘူးလားဗျ။
ဒါပေမဲ့ ဒေါ်အေးမေကတော့ ဇော်ဇော် နေမကောင်းလို့လား ဆိုတဲ့
သာမန်ရိုးကျ အတွေးနဲ့ အခန်းထဲဝင်ပီး အခြေနေ မေးလိုက်တယ်။

” သား !! ဇော်ဇော်… တစ်နေကုန်လည်း အိပ်ယာထဲက မထပါလား…
နေများ မကောင်းလို့လား သား “

” အင်း !! ဟင်း…ဟင်း… ကောင်း…ကောင်းတယ်…ခေါင်းထဲ မူး
နောက်နောက်ဖြစ်နေလို့ မထတာ “

” ဟင် !! နင့်အသံကဘယ်လိုဖြစ်နေတာလည်း…တစ်မျိုးကြီးပါလား…
ဖျားချင်ပီနဲ့တူတယ်…ဒီတိုင်းမနေနဲ့တစ်ခုခုစားပီး ဆေးသောက်လိုက်”

” ဟင့်အင်း !! ဘာ ဆေးမှ မသောက်ချင်ဘူး…ဗိုက်ပဲဆာတယ်…
ထမင်းပဲစားမယ်… ကျုပ်ကို ထမင်းပဲကျွေးပါ “

” ဟဲ့ !! ဆေးမသောက်ချင်လို့တော့ ဘယ်ရမလဲ…နေဦး…နင့်ဖို့ ထမင်း ခူးခဲ့ပေးပီး ဆေးသွားဝယ်ဦးမယ် “

ဒေါ်အေးမေ ကစကားဆုံးတာနဲ့ ဇော်ဇော့် အတွက် ထမင်းနဲ့ဟင်း
တွေခူးခပ်ထည့်ပေးပီး ဆေးသွားဝယ်ဖို့ပြင်လိုက်တယ်။

” အမေ !! မသွားနဲ့ဦး…ကျုပ်ကို ထမင်းထပ်ထည့်ပေးစမ်းပါ “

     ” ဟဲ့ !! ဗုဒ္ဓေါ “

ဒေါ်အေးမေ လွှတ်ခနဲ ယောင်အော်မိတာဗျ။ ဘယ်နဲ့…အခုတင်ပဲ
ဇလုံကြီးတစ်လုံးအပြည့် အမောက် ထမင်းနဲ့ကြက်သားဟင်းတွေ
ခူးခပ်ထည့်ပေးထားတာ…သူတောင် အိမ်ပေါ်က မဆင်းရသေးဘူး
…ချက်ချင်းကြီး ကုန်ပီဆိုပီး ထပ်တောင်းနေတော့… ခင်များတို့ပဲ
စဉ်းစားကြည့်ပေါ့။ ဘယ်သူမဆို မအံ့သြပဲ ခံနိုင်ရိုးလားဗျာ။

ဒါပေမဲ့ ဒေါ်အေးမေ စိတ်ထဲ ဒီကောင်လေး မနက်ထဲက ခုထိ ဘာမှ
မစားရသေးလို့ နေမှာပါလေလို့ သာမန်ပဲတွေးလိုက်ပီး… ထမင်းနဲ့
ဟင်းတွေ ထပ်ခူးထည့်ပေးလိုက်တယ်။ ဒီတစ်ခါတော့ ဒေါ်အေးမေက
သားဖြစ်သူ စားနေပုံကို အသေချာကြည့်လို့နေတာဗျို့။

ဇော်ဇော်ကတော့ ဒေါ်အေးမေ အဲဒီလိုစောင့်ကြည့်နေတာကို သတိ
ထားမိပုံလည်းမရဘူး…ဂရုစိုက်တဲ့ပုံလည်း မရဘူးဗျ။ ပန်းကန်ထဲက
ထမင်းတွေ…ဟင်းတွေကိုပဲ အငမ်းမရ လက်နဲ့ ကြုံးကြုံးပီးပါးစပ်ထဲ
ပလုတ်ပလောင်း အတင်းထိုးထည့်နေတာ…ဘာကြာလို့လဲ … ဒေါ်
အေးမေ ကြည့်နေတုန်း တခဏတွင်းမှာပဲ ပြိုက်ခနဲ ကုန်သွားပါလေ
ယော။

ဇော်ဇော်စားနေတာကိုကြည့်ပီး ဒေါ်အေးမေ ဖျားချင်သွားတယ်။ ဇော်
ဇော်က ဇလုံကြီးထဲက ထမင်း…ဟင်းတွေကို သူ့လက်နဲ့ လေး…ငါး
ဆုပ်ပဲ နိုက်ပီး ကုန်အောင်စားပစ်လိုက်တာလေဗျာ။ ကြက်ရိုးတွေ ဆို
ထွေးတောင် မထွေးထုတ်ဘူး…အရိုးတွေပါ တဂျွတ်ဂျွတ် မြည်အောင်
ဝါးစားပစ်နေတာဗျို့။ သားဖြစ်သူ အခုလောက်အစားပက်စက်တာ ကို
လည်း သူ့တစ်သက်နဲ့ တစ်ကိုယ်ဒီတစ်ခါပဲ မြင်ဖူးသေးတာဗျ။ ဒေါ်အေးမေအဲဒီလို အံ့သြနေတုန်းမှာပဲဇော်ဇော်က ထမင်းထပ်
တောင်း နေပြန်ပီဗျို့။

” အမေ !! ရှိသေးရင် ထည့်ပေးဦး… မဝသေးဘူး “

” ဟဲ့ !! နင် လူကောဟုတ်သေးရဲ့လား…ဆန်လေးလုံး ချက်က
နင့်တစ်ယောက်ထဲနဲ့ တင်ကုန်တော့မယ် “

” ဟာ !! စကားတွေ များတယ်ဗျာ…ထည့်ပေးဆို ထည့်ပေးလိုက်ပေါ့ “

ဇော်ဇော်က ဒေါသထွက်သွားတဲ့လေသံနဲ့ ပန်းကန်ကို အတင်းထိုး
ပေးပီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြောလိုက်တာဗျို့။ ဒါနဲ့ ဒေါ်အေးမေလည်း အထွေထူးပြန်မပြောတော့ပဲ ထမင်းအိုးထဲမှာ
ရှိသမျှ ထမင်းတွေ အကုန်ခြစ်ထည့်လို့ ကြက်သားဟင်းတွေကို
လည်း အရွဲ့တိုက်ပီး အကုန် လောင်းထည့်ပေးလိုက်တယ်။

ဒီတစ်ကြိမ်လည်း ဇော်ဇော်က ချက်ချင်းယူပီး တခဏတွင်း စားပစ်
လိုက်တာပဲဗျို့။ ဇော်ဇော်ရဲ့ပုံစံဟာ ခါတိုင်းနဲ့မတူ တမူထူးခြားနေ
တာတော့ အမှန်ပဲဗျာ။ ဒီတော့ ဒေါ်အေးမေလည်း အံ့သြစိတ်…စဉ်း
စားဝေခွဲမရတဲ့ အတွေးတွေပေါင်းစုံနဲ့ ဇော်ဇော်ရဲ့အနားက ထွက်
လာခဲ့လိုက်တယ်။

                 ⏰⏰⏰⏰

အဲဒီနောက်ပိုင်းကစလို့ နောက်ရက်တွေမှာ ဇော်ဇော့်ရဲ့ အစား
အသောက် အပြုမူ အနေထိုင်တွေဟာ အင်မတန်မှ ရိုင်းစိုင်း
ကြမ်းကြုတ်လို့ လာတာဗျ။ အိမ်ထဲကနေ အိမ်ပြင်ကိုလည်း
လုံးဝ မထွက်တော့သလို…ကစားနေကျ ကစားဖော်တွေလာ
ခေါ်ရင်လည်း ကြမ်းကြမ်း တမ်းတမ်း ပြောဆိုနှင်လွှတ်ပစ်တာ
ဗျို့။

နေ့ဘက်ဆိုရင်လည်း တစ်နေကုန်ခွေပီး အိပ်ပီ။ အဲ !! ညဘက်
ရောက်ပီ ဆိုရင်တော့ဖြင့် ထူထူထောင်ထောင် လန်းလန်း ဆန်း
ဆန်းနဲ့… အိမ်မှာရှိသမျှ အစားအသောက်ကို အကုန်လှန်ပြန်ပီး
စားတော့တာဗျ။ ဒေါ်အေးမေ ခမျာ မှာလည်း အိမ်မှာ ဘယ်လောက်
ပဲ ချက်ထား ချက်ထား လောက်ဌ တယ်လို့မရှိပါဘူးဗျာ။ ချက်ပြုတ်
သမျှက ဇော်ဇော်နဲ့တင်ကုန်တာပါပဲ။ ဒါတောင် တစ်ခါတစ်လေ ဗိုက်
မဝဘူး ဆိုပီး ဒေါ်အေးမေတို့ကို ရန်လုပ်ချင်သေးတာဗျ။

သမီးဖြစ်သူ ထမင်းချိုင့်အတွက် အိမ်မှာ ငါးခြောက်…ငါးခြမ်း…သားစိမ်း
ငါးစိမ်းလေးတွေ ကြိုဝယ်ထားရင်…မိုးလင်းတာနဲ့ ဘယ်သူ ဘယ်ဝါ
ရဲ့ လက်ချက်မှန်းမသိရပဲ ဘဲဥအစရှာမရသလို ပျောက်ချင်းမလှ
ပျောက်ယောဗျို့။ အဲဒီလို လက်သည်မပေါ်ပဲ ပျောက်ပါများလာတော့
ဒေါ်အေးမေလည်း ဘာမှကို ကြိုဝယ်မထားတော့ဘူး။ အဲဒီလို မဝယ်
ထားတဲ့ နေ့ကစပီး ညဘက်ရောက်ပီဆိုရင် ဇော်ဇော်က သူ့အခန်းထဲ
ကနေ တောက်တခေါက် ခေါက် … အံ့တကြိတ်ကြိတ်နဲ့ပေါ့ဗျာ။

ဒေါ်အေးမေက ” ဟဲ့ !! နင်ဘာဖြစ်နေတာလဲလို့ ” ဟောက်လိုက်ရင်
” ယောင်နေတာပါ လို့ ” ပြန်ဖြေပီး ငြိမ်သွားယော။ ပိုပီးထူးဆန်းတာ
ကတော့… အဲဒီလို ချိန်ကစလို့…ဒေါ်အေးမေနဲ့ သူ့သမီးဖြစ်သူတို့
ဟာ…ဘာကြောင့်မှန်း မသိပဲ ရက်ပိုင်းအတွင်း သိသိသာသာကို ပိန်ချုံး
လို့လာတာပဲဗျ။ သမီးဖြစ်သူဆိုရင် အားနည်းလွန်းလို့ အလုပ်ထဲမှာ
မူးမေ့လဲ တဲ့အထိ ပါပဲဗျာ။

                   ⏰⏰⏰⏰

   ” အေးမေ … ဟဲ့ !! အေးမေ “

ဒီမနက် ထုံးစံတိုင်း ဒေါ်အေးမေတစ်ယောက် စျေးသွားဖို့ အိမ်ပေါ်က
ဆင်းပီး အိမ်ရှေ့ လမ်းမပေါ် ရောက်ရုံရှိသေးတာ…နောက်က ခေါ်
သံကြားလို့ လှည့်ကြည့်လိုက်တော့…ခေါင်းရင်း သုံးအိမ်ကျော်မှာ
နေတဲ့ ဒေါ်ပု ဖြစ်နေတာဗျ။ ဒါနဲ့ ဒေါ်အေးမေလည်း ပြန်ပီး နူတ်ဆက်
လိုက်ရတယ်။

” အော် !! မပုပါလား… ဘယ်သွားမလို့တုန်းတော့ “

” ဘယ်မှ မသွားပါဘူး အေးမေ… ညည်းနဲ့ စကားပြောချင်လို့ တမင်
အိမ်ရှေ့ ထွက်စောင့်နေတာ “

” ဟင် !! ဘာများပြောစရာရှိလို့လဲ မပုရဲ့ “

ဒေါ်အေးမေ အဲဒီလိုပြန်မေးလိုက်တော့…ဒေါ်ပုက ချက်ချင်းပြန်မဖြေ
သေးပဲ…ဒေါ်အေးမေရဲ့အိမ်ထဲကို စိတ်မချသလို တစ်ချက်လှမ်းကြည့်
လိုက်သေးတယ်။ ပီးတော့မှ လေသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်တာ
ဗျို့။

” တခြားမဟုတ်ဘူး…တော့်သား ဇော်ဇော်ရဲ့ အကြောင်းကိုပြောချင်
လို့ပါ…လာ အေ… ကျုပ်အိမ်ကိုသွားရအောင် “

ဒေါ်ပုက ပြောပြောဆိုဆိုနဲ့ လက်ကိုအတင်းဆွဲခေါ်သွားတော့…ဒေါ်
အေးမေလည်း ယောင်နန နဲ့ပါသွားတာပေါ့။

” ကဲ !! ပြော မပု…ကျမ သားဇော်ဇော်က ဘာများဖြစ်နေလို့
တုန်းတော့”

ဒေါ်ပု အိမ်ကိုရောက်တယ်ဆိုရင်ပဲ… ဒေါ်အေးမေက သိချင်စိတ်တွေ
ထိန်းမရဖြစ်ပီး စမေးလိုက်တာဗျ။ ဒီတော့မှ ဒေါ်ပုက ဒေါ်အေးမေကို
လေးလေးနက်နက် စိုက်ကြည့်ပီး တစ်လုံးချင်းပြန်ပြောတယ်။

” အေးမေ !! ညည်းသား ညက သန်းခေါင်ကျော် လောက်ကြီး ကျုပ်
တို့ ခြံထဲရောက်လာတယ်တော့ “

” ဟင် !! ဘယ်လို…ဘယ်လို … ကျမ သားက ရှင့်ခြံထဲ အချိန်မတော်
ဝင်လာတယ်ဟုတ်လား…ရှင် လူများမှားမြင်မိတာလား… ကျမ သား
က ဖတဆိုးလေးမို့ အလိုလိုက်ထားလို့ ဆိုးနေပေမဲ့…အဲဒီလို သူ
များ ခြံထဲဝင်ပီး ခိုးဝှက် တက်တဲ့ အကျင့်ဆိုးမျိုးတော့ မရှိပါဘူး ရှင်”

ဒေါ်အေးမေက မကျေနပ်တဲ့လေသံနဲ့ ခွန်းတုံ့ပြန်လိုက်တာဗျ။ ဒေါ်ပု
ကလည်း ဒေါ်အေးမေ အထင်လွဲသွားမှန်းသိတော့…ချက်ချင်းပဲ လက်
ဝါးကာပြလိုက်ပီး ပြန်ပြောတယ်။

” ဟဲ့ !! မဟုတ်ဘူး အေးမေ…ငါ အဲဒီလိုသဘောမျိုးပြောချင်တာ
မဟုတ်ဘူး…ညည်း ငါပြောတာကိုသာ အရင် ဆုံးအောင် နားထောင်
ပါဦးအေ “

ဒေါ်ပုရဲ့စကားကြောင့် ဒေါ်အေးမေလည်း အောင့်သက်သက်နဲ့ငြိမ်နေ
လိုက်ရတယ်။ ဒါပေမဲ့ အကြောင်းပြချက် မခိုင်လုံပဲ ငါ့သားကို စွပ်စွပ်
စွဲစွဲ လုပ်လို့ကတော့ ငါနဲ့ အတွေ့ပဲ ဆိုပီး စိတ်ထဲ ကြိမ်းဝါးထားတာ
ဗျို့။ အဲဒီချိန်မှာပဲ ဒေါ်ပုက သူ့စကားကို ပြန်ဆက်တယ်ဗျ။

” ဒီလို အေးမေ !! ညက သန်းခေါင်ကျော်လောက်ကြီး ငါတို့အိမ်အ
နောက်ဖေးက ကြက်တန်းမှာ မွေးထားတဲ့ ကြက်တွေ အလန့်တကြား
ထအော်ကြတယ်။ ငါက အအိပ်ဆတ်တဲ့သူဆိုတော့…ကြက်တွေအော်
သံကြားတာနဲ့ ဆတ်ခနဲ နိုးတာပေါ့…အစတော့ ငါ့စိတ်ထဲ ကြက်တွေ
ဒီလောက် အော်ပုံထောက်ရင် မြွေ ဒါမှမဟုတ်…တခြားအဆိပ်ရှိတဲ့
အကောင်ဗလောင်များ ဝင်လို့လားထင်ပီး ထကြည့်တာဟဲ့…အဲဒီ
မှာ ညည်းသား ဇော်ဇော့်ကို တွေ့လိုက်ရတော့တာပါပဲဟယ် “

ဒေါ်ပု အဲဒီလို ပြောလိုက်တော့ ဒေါ်အေးမေလည်း အတော်လေးအံ့သြ
သွားပီး ချက်ချင်းပြန်မေးလိုက်တာပေါ့ “

” ဟင် !! ကျမ သားက အဲဒီမှာ ဘာလုပ်နေတာလဲ “

” အမလေး !! ဘာလုပ်ရမလဲတော်…ကြက်တွေကို တစ်ကောင်ပီး
တစ်ကောင် လည်လိမ်ချိုးပီး တဂျွတ် ဂျွတ်မြည်အောင် စားနေတာ
တော်ရေ…ပါးစပ်မှာဆို ကြက်မွှေးတွေနဲ့ ကြက်သွေးတွေ ပေလူး
နေတာ…ပီးတော့ သူ့မျက်လုံးကြီးတွေဆိုတာ ကျောချမ်းစရာကောင်း
အောင် ရဲရဲ နီနေပီး အပြင်ကို ကျွတ်ထွက် ကျမတတ် အဆမတန်
ပြူးထွက်နေတာအေ့… အမလေး…လေး !! ငါ ညည်းကို ခုလိုပြောပြ
နေရ တာတောင် ကြက်သီးတွေ တစ်ကိုယ်လုံးထလာပီတော့ “

ဒေါ်အေးမေလည်း ဒေါ်ပုစကားကိုမယုံနိုင်အောင်ဖြစ်ပီး ရင်ဘတ်လေး
ကို လက်နဲ့ဖိလို့ သေချာအောင် ပြန်မေးလိုက်မိတယ်။

” ဘုရား…ဘုရား !! ဒါ…ဒါ တကယ်ပဲလား ဟင် … မပု “

” အမလေး … ဟဲ့ !! အေးမေ… ကျားပါဆိုမှ ပါးစပ်ဖြဲ ကြည့်သလိုဖြစ်
နေပီ…ညည်း သား အဲဒီလို ကြက်တွေ သတ်ပီး အစိမ်းစားနေတာကို
ငါ့ ယောကျာ်းပါ မြင်တယ်…ငါ့ ယောကျာ်းဆို အဲဒီမြင်ကွင်းကိုမြင်ပီး
ဒူးနှစ်လုံးတောင် တဂွပ်ဂွပ်ရိုက်တယ်… ညည်း မယုံဘူးဆိုလည်း
ငါ့တို့ နောက်ဖေးက ကြက်ခြံကို သွားကြည့်…ကြက်မွှေးတွေနဲ့ သွေး
စ သွေးနတွေက အခုထိရှိသေးတယ် “

” ဟင် !! ဒါဟာ အမှန်ပဲဆိုရင်… ကျ…ကျ…ကျမ သား…သားက “

ဒေါ်အေးမေ တစ်ယောက် အံ့သြ ထိတ်လန့်စိတ်တွေနဲ့ စကား
တောင်ဆုံးအောင် ဆက်မပြောနိုင်တော့ဘူး။ ဒီတော့ ဒေါ်ပုကပဲ
စကားကို ဆက်ပေးလိုက်ရတယ်။

” အမှန်ပဲ အေးမေ … ညည်း သား က လုံးဝ မူမမှန်တော့ဘူး…တစ်ခု
ခုတော့ ပြောင်းလဲနေပီ…နင် သိလား… မသိလားတော့ မသိဘူး…
မနေ့ညက ငါတို့ အိမ်မှာ အဲဒီလို မဖြစ်ခင်…ဟိုး အရင် အရင် ရက်
တွေတုန်းကလည်း ရပ်ကွက်ထဲမှာ…ခွေးပျောက်တဲ့သူ…ဆိတ်ပျောက်
တဲ့သူ…ကြက်/ဘဲ ပျောက်တဲ့သူနဲ့ စုံနေတာပဲဟဲ့…အဲဒါတွေလည်း
မဟုတ်မှ လွဲယော …ညည်း သား လက်ချက်ပဲ ဖြစ်မှာပါအေ “

” ဟင် !! ဟုတ်လား မပု…ကျမက အိမ်ထဲပဲ အနေများတော့…အဲ့ဒီ
အကြောင်းတွေလည်း မကြားမိပါဘူးရှင်…ဒုက္ခပါပဲ…ကျ…ကျမ ဘာ
လုပ်ရမလဲဟင် “

” ဘာလုပ်ရမှာလဲ အေးမေရယ် … ဒီကိစ္စကို တစ်နည်းနည်းနဲ့ တိုးတိုး
တိတ်တိတ်ဖြေရှင်းရ မှာပေါ့ဟဲ့…ဒီအကြောင်းကို အရပ်ထဲက လူတွေ
သိသွားရင်…အားလုံးက နင်တို့ သားအမိတွေကို ပြသနာရှာကြမှာ “

” အမလေးး !! ကျမတော့…ဘာဆက်လုပ်ရမှန်းကိုမသိတော့ပါဘူး…
မပုရယျ…အီးးး…ဟီးးး…ဟီးးး “

ဒေါ်အေးမေ တစ်ယောက် ပြောရင်းနဲ့ စိတ်မထိန်းနိုင်ဖြစ်ပီး ချုံးပွဲချ
ငို ချလိုက်တာဗျ။ ဒီတော့ ဒေါ်ပုလည်း စိတ်မသက်သာစွာနဲ့ ဒေါ်အေး
မေရဲ့ ပခုံးကို ပုတ်ပီး အားပေးလိုက်ရတယ်။

အခုမှတော့ ငိုနေလည်း မထူးဘူး အေးမေ…ဒို့လုပ်ရမှာက ညည်း သား
ဘယ်လိုကြောင့် ခုလိုတွေဖြစ်နေလဲ ဆိုတဲ့ အကြောင်းရင်းကို သိအောင်
လုပ်ရမှာဟဲ့…ငါ တွေးမိတာတော့့ ညည်းသားဟာ အပ ဝင်နေတယ်
ထင်တယ်…ပိုပီး သေချာအောင် ရှေ့မှီ နောက်မှီ လူကြီးတစ်ယောက်
ယောက်ကို တိုးတိုး တိတ်တိတ် ဖွင့်ပြောပီး တိုင်ပင်သင့်တယ်…ထင်
တာပဲ “

” ဟင် !! မပုက ဘယ်သူ့ကို စဉ်းစားမိလို့လဲ “

” ငါတော့ … ဒို့ တစ်လမ်းကျော်က အရီးလေး ဖွားမြကို စဉ်းစားမိတာ
ပဲ အေးမေ “

” ဟာ !! ဖြစ်ပါ့လား မပု “

” ဘာလို့ မဖြစ်ရမှာလဲ ဟယ် … သူ့ဆီသွားရင် ငါတို့ တစ်ခုခုတော့
သိရမှာပါ “

ဒေါ်အေးမေ လည်း မတတ်သာတဲ့ အဆုံး သက်ပြင်းချပီး သဘာတူ
လိုက်ရတယ်။ ဒီလိုနဲ့ ဒေါ်အေးမေနဲ့ ဒေါ်ပုတို့ ဖွားမြအိမ်ကိုထွက်
လာခဲ့ကြတယ်ဗျ။

ဖွားမြ ဆိုလို့ သူ့အကြောင်းကို နည်းနည်းတော့ပြောပြဦးမယ်။ အသက်
က…ရှယ်ဆယ်ကျော်… ကိုးဆယ်ထဲတောင်ဝင်နေပီဗျ။ ဒါပေမဲ့ သန်
တုန်း…ဖျတ်လတ် တုန်းပဲဗျို့။ ရှေးကုသိုလ်ကံ ကောင်းတယ်ပဲ ပြော
ရမလားတော့ မသိဘူး။ အခုချိန်ထိ သွားတစ်ချောင်း မကျိုးသေးသလို
…မျက်စိလည်းကောင်း…နားလည်းပါးတုန်းဗျ။ ဗဟုသုတလည်း တ
အားကြွယ်တယ်…ပီးတော့ ဘုရား…တရားကလည်း ဘာလုပ်သလဲ မမေးနဲ့… အရပ်ထဲ ကြေးစည်သံ တဝေဝေ ကြားရင် အဲဒါ ဖွားမြ အိမ်ကမှန်း လူတိုင်းသိတယ်။ ဒါ့ကြောင့်လည်း ဒေါ်ပုက ဒေါ်အေးမေ
ကို ဖွားမြဆီ ခေါ်သွားတာပေါ့ဗျာ။

ဖွားမြ ဆီရောက်တော့ အကြောင်းသင့်ဆိုသလိုပဲ… အိမ်ထဲမှာ ဖွားမြ
တစ်ယောက်ထဲရှိနေတာတွေ့လိုက်ရတယ်။ ဒါနဲ့ ဒေါ်ပုကပဲ ဖွားမြ
ကို အရင်ဆုံးနူတ်ဆက်လိုက်တာဗျ။

” အရီး နေကောင်းလား…ကျန်တဲ့သူတွေကော အိမ်မှာ မရှိကြဘူး
လားဟင် “

” အော် !! အပုတို့…အေးမေတို့ပါလား…လာလေ… ထိုင်ကြ…
ထိုင်ကြ…ရေနွေးကြမ်းလည်း သောက်ဦးဟဲ့ “

ဖွားမြက ဦးဆုံးနေရာထိုင်ခင်းပေးပီးမှ … ဒေါ်ပုခုနကမေးလိုက်တာ
ကိုပြန်ဖြေတာ။

” အိမ်မှာ အရီးတစ်ယောက်ထဲကွဲ့…ကျန်တဲ့သူတွေက အလုပ်သွား
တဲ့သူ သွား…စျေးသွားတဲ့သူ သွားနဲ့ပေါ့ကွယ် “

ဖွားမြ အဲဒီလိုပြောတော့…ဒေါ်ပုက လည်း ဒေါ်အေးမေကို အသာမျက်
ရိပ်ပြလိုက်တယ်။ ဒါနဲ့ ဒေါ်အေးမေလည်း သားဖြစ်သူ ဇော်ဇော် ဖြစ်
ပျက်နေသမျှ အကြောင်းစုံကို အစဆုံး သေချာပြောပြလိုက်တယ်။
ဖွားမြက ဒေါ်အေးမေ စကားဆုံးတဲ့ထိ အာရုံစိုက်ပီး နားထောင်တယ်
ဗျ။ ဒေါ်အေးမေ ရဲ့စကားဆုံးသွားတော့မှ ခေါင်းလေးတဆတ်ဆတ်
ညိမ့်ပီး လေးနက်တဲ့ အမူရာနဲ့ပြန်ပြောတယ်။

” အော် !! လတ်စသတ်တော့ ဒီရက်ပိုင်းတွေထဲ …ရပ်ကွက်ထဲက အိမ်
တွေမှာ ဟိုအကောင်ပျောက်…ဒီအကောင်ပျောက်ဖြစ်နေတာ ဒီလို
ကြောင့်ကိုး…ငါ့အိမ်က ကြောင်ကြီးတောင်ပါသွားသေးတယ်…အေးမေ
ရဲ့… ငါက ငါ့ကြောင်ကြီး အလည် လွန်သွားတယ်ထင်တာ…အခုမှပဲ
အဖြေရှာလို့ရတော့တယ် အေ “

” ဟုတ်ပါတယ် အရီးရယ်…အေးမေ ကိုကူညီပေးပါဦး…အရီးက ဘာမ
ဆို ဗဟုသုတ ကြွယ်တော့… ခုကိစ္စမှာ လည်း အဖြေတစ်ခုခုပေးနိုင်
မလားဆိုပီး အားကိုးတကြီးနဲ့ လာတိုင်ပင်တာပါ “

ဒေါ်ပုကပါ ကူညီပီး ဖွားမြကိုပြောလိုက်တာဗျ။ ဒါနဲ့ ဖွားမြက သက်ပြင်း
တစ်ချက်ကို ချလိုက်ရင်း ဒေါ်အေးမေ ဘက်ကို လှည့်ပီးပြောလိုက်
တယ်။

” ဟဲ့ !! အေးအေ…ညည်းပြောပုံအရနဲ့ အရပ်ထဲဖြစ်နေတာကိုကြည့်ပီး
ငါ့အတွေ့ကြုံအရ အနီးစပ်ဆုံးပြောရမယ် ဆိုရင်… ညည်းသားဟာ
ဖုတ်ဝင် နေတာပဲ ဖြစ်ဖို့များတယ် “

” ရှင် !! ကျ…ကျမသားက ဖုတ်ဝင်နေတာ ဟုတ်လား အရီး “

” ဟုတ်တယ်…အေးမေ… ကျိန်းသေပေါက် အဲဒီလိုပြောလို့ရတယ်…
ဒါပေမဲ့ ငါစဉ်းစားလို့ မရတာလေးတစ်ခုတော့ ရှိတယ် အေ “

” ဟင် !! ဘာများလဲ အရီး “

” အေး !! ငါကြုံဖူး…တွေ့ဖူးတဲ့ ဖုတ်ဝင်နေတယ် ဆိုတာမျိုးတွေက…လူတစ်ယောက် သေပီး သွားတော့မှ…ဒါမှ မဟုတ် အဲဒီလူ အတော်
လေး နာမကျန်းဖြစ်ပီး လိပ်ပြာငယ်နေတဲ့ အချိန်မျိုးမှ သူ့ရဲ့ရုပ်ခန္ဓာကို အခွင့်အခါသင့်တဲ့ချိန်နဲ့ကြုံကြိုက်လို့ ဖုတ်/တစ္ဆေတွေက အလျင်အမြန်
ဝင်ရောက် ပူးကပ်လိုက်တာမျိုးဟဲ့…အခု နင့်သားက နာမကျန်းဖြစ်နေ
တဲ့ သူလည်း မဟုတ်…သေသွားတဲ့ သူလည်းမဟုတ်ပဲ အကောင်းကြီး
ကနေ ရုတ်တရက်ကြီး ဖုတ်ဝင်သွားတာကိုပဲ ငါဘယ်လိုမှတွေးတော
လို့ မရတာ…ကဲ !! အေးမေ … နင့်အိမ်မှာ အဲဒီလို နင့်သားအစား
အသောက်တွေ သောက်ကျန်းပီး…နင့် အိမ်မှာ ထား ထားတဲ့ သားစိမ်း
…ငါးစိမ်းတွေ ပျောက်တာအပြင် တခြားဘာထူးခြားမူတွေ ရှိသေးလဲ…
သေချာစဉ်းစားပီး ငါ့ကို ပြောပြစမ်းအေ “

ဖွားမြ အဲဒီလိုပြောလိုက်တော့…ဒေါ်အေးမေလည်း မျက်မှောင်တစ်
ကုပ်ပီး စဉ်းစားလိုက်တယ်။ ခဏနေတော့ တစ်စုံတစ်ခုကို တွေးမိ
သွားတဲ့ပုံနဲ့ ပြောလိုက်တာဗျ။

” ဟာ !! ရှိတယ်…ရှိတယ် အရီး… ကျမ သား အဲဒီလိုပြောင်းလဲ သွား
တဲ့ ညကစလို့…ကျမနဲ့ ကျမ သမီး အိမ်မှာ ဘုရားရှိခိုးရင် သူက အသံ
နက်ကြီးနဲ့ မရှိခိုးနဲ့…မရှိခိုးနဲ့ ဆိုပီး အော် အော် ပြောတာ အရီးရဲ့…
နောက်ပီး အိမ်မှာ ဘုရားပန်းလဲပီ ဆိုရင်လည်း အသစ်လဲလိုက်တဲ့…
ပန်း တွေဟာ…ဘာကြောင့်ရယ် မသိပဲ…နေ့တစ်ဝက်လောက်မှာတင်
ချက်ချင်းကြီးကို ညိုးနွမ်း ခြောက်သွေ့သွားတာပဲ “

” ဟင် !! ဒါဆို သေချာပါပီ ဟယ်…နင်ပြောတဲ့ လက္ခဏာတွေ အရဆို
နင့်သားက ဖုတ်ဝင်နေတာမှ … ဖုတ်ဝင်နေတာအစစ်ပဲ… အင်း !! ရက်
တွေတောင် အတော်လေးကြာနေပီ…ဒီတိုင်းဆိုမဖြစ်ချေဘူး…ကြာရင်
လူတွေကိုပါ အန္တာရာယ် ပေးတော့မှာ ဟဲ့…အေးမေရဲ့ “

” ဒါ…ဒါဆို ကျမ ဘာလုပ်ရမလဲ ဟင် အရီး “

” ဟဲ့ !! ငါလည်း ဆရာ မဟုတ်တော့ ဘယ်သိမှာတုန်းအေ…ဒါပေမဲ့
ငါ့ အဖေ ရှိစဉ်က မကြာခဏ ပြောပြတတ်တဲ့ နည်းလမ်းလေးတစ်ခု
တော့ရှိတယ်…ညည်း လုပ်ကြည့်ပေါ့ အေ “

” ဟုတ် !! ပြောပြပါ အရီး…ကျမ လုပ်ကြည့်ပါ့မယ် “

” အေး !! လုပ်ချင်သပ ဆို လုပ်ကြည့်ပေါ့… အဲဒီ နည်းက ဒီလိုအေ့…
သြဇာရွက် တစ်ရွက်ကိုခူး… ရေစင်အောင်ဆေး…ပီးရင် အဲဒီသြဇာရွက်
ကို ပရိတ်ရေထဲမှာ စိမ်ပီး ပဋ္ဌာန်း ဒေသနာတော်ကြီးကို နှစ်ဆယ့်လေး
ခေါက်ပြည့်အောင်ရွတ်…ပီးတာနဲ့ အဲဒီ သြဇာရွက်ကို နင့်သား အိပ်တဲ့ အိပ်ယာအောက်ထဲ သူ မသိအောင် ထား ထားလိုက်ပေတော့ “

” ဟင် !! အရီး … ကျမလည်း အဲဒါမျိုးတွေ ကြားဖူးနားဝ တော့ရှိပါ
တယ်…ဖုတ်ဝင်နေတဲ့သူကို ဖုတ်ထုတ်ချင်ရင် သိမ်ဝင်ပုတီးတို့…
သိမ်ဝင် သပိတ်ကွဲစတို့…သြဇာရွက်တို့ကို အိပ်ယာအောက်မှာ
ထားရတယ် ဆိုတာကိုပေါ့… အဲဒီမှာ သြဇာရွက်ဆိုတာက ဒီတိုင်း
ပဲ ဖုတ်ဝင်တဲ့ သူရဲ့ အိပ်ယာအောက် မှာ ထားရတာမဟုတ်ဘူးလား
… အရီး ပြောသလို ပဋ္ဌာန်းရွတ်တာကော…မှန်တွေကော လိုသေး
လို့လား “

တစ်ချိန်လုံး ဘေးမှာ အသာလေးညိမ်ပီး နားထောင်နေတဲ့ ဒေါ်ပုက
သူ့စိတ်ထဲ မရှင်းတာကို အားချင်း ထမေးလိုက်တာဗျ။ ဖွားမြက
လည်း သေချာပြန်ရှင်းပြတယ်။

” ဟဲ့ !! အပုရဲ့ … ညည်းပြောသလို ဒီတိုင်းထားလည်း မရဘူး…
မဟုတ်ဘူး…ရပါတယ်…ဒါပေမဲ့ သိပ်မစွမ်းဘူး… ထိရောက်ပုံချင်း
က အများကြီး ကွာခြားတယ်…အခု ငါပြောတဲ့ နည်းက ငါ့အဖေ
ကိုယ်တွေ့ဟဲ့ … ငါ့ အဖေရဲ့ ညီဝမ်းကွဲ တစ်ယောက်လည်း ဖုတ်
ဝင် ဖူးတယ်…နင်ပြောသလို သိမ်ဝင် ပုတီးတွေ…သိမ်ဝင် သပိတ်
ကွဲစတွေ…သြဇာရွက်တွေကို သူ့ အိပ်ယာအောက်မှာ ထား တာပဲ
…ဒါပေမဲ့ ဖုတ်က အကောင်ကြီးနေတော့ မထွက်ဘူးလေ…နောက်
တော့ ရှမ်းပြည်ကလာတဲ့ ရှမ်းတရုတ် ဆရာ တစ်ယောက်နဲ့ တွေ့
တော့မှ…အဲဒီ ဆရာက ခုနက နည်းနဲ့ ထုတ်လိုက်မှ…ဖုတ်ထွက်
သွားတာဟဲ့ … အဲဒီ နည်းကို ငါ့အဖေက သေချာမှတ်ထားပီး ငါတို့
သားသမီးတွေကို ဗဟုသုတအနေနဲ့ လက်ဆင့်ကမ်းပြောပြခဲ့တာပေါ့ “

” အော် !! အဲသလိုကိုး “

” ဟုတ်တယ် … အပုရဲ့ … နောက်ပီး ဒို့အဖေက ပြောသေးတယ်…
အဲဒီ ဆရာက အဲဒီနည်းကို ရှင်းပြခဲ့သေးတယ်တဲ့…ငါတို့မြန်မာလူ
မျိုးတွေရဲ့ ထုံးတမ်းစဉ်လာမှာ ဆိုရင် မှန်ဆိုတာ ကြည့်ဖို့အတွက်
နဲ့ စျေးတွေဘာတွေ ရောင်းရင် လာဘ်ခေါ်တဲ့ နေရာမှာ သုံးဖို့
အတွက်ပေါ့ဟယ်… အေး !! သူတို့ တရုတ်လူမျိုးတွေရဲ့ အယူဆ
မှာတော့ မှန်ဆိုတာ သရဲ/တစ္ဆေ …မကောင်းဆိုးဝါးတွေကို နှိမ်နင်း
တဲ့ နေရာမှာလည်း သုံးတယ်တဲ့…ဒါ့ကြောင့်လည်း သူတို့တရုတ်
လူမျိုးတွေရဲ့ အိမ်တိုင်း…အိမ်တိုင်း ရဲ့ မျက်နှာစာအရှေ့မှာ မကြီး
လွန်း မသေးလွန်းတဲ့ မှန်တစ်ချပ်ကို အမြဲချိတ် ဆွဲထားကြတာ
ဆိုပဲ… အကြောင်းကတော့ တော်ရုံ မကောင်းဆိုးဝါး/ နာနာဘာဝ
တွေ အလွယ်တကူ အိမ်ထဲဝင်ပီး လူတွေကို ပူးကပ် မခြောက်လှန့်
နိုင်အောင်လို့ပေါ့ အေ “

” ဟာ !! ဒါဆို အဲဒီနည်းက တကယ်စွမ်းလို့ပေါ့ အရီး ရဲ့ “

” အေးလေ !! ဒါ့ကြောင့်လည်း နင့်ကို အဲဒီနည်းအတိုင်းလုပ် ခိုင်းတာ
ပေါ့ အေးမေရယ် … ငါလည်း ဆရာ မဟုတ်တော့ နင့်သား ကိုယ်ထဲ
ဝင်နေတဲ့ ဖုတ်က အကောင်ဘယ်လောက်တောင် ကြီးလဲ မသိနိုင်ဘူး
လေအေ…ဒါ့ကြောင့် တစ်ခါထဲနဲ့ ထိရောက်မဲ့ နည်းကို ငါကပေးလိုက်
တာ… နို့ဆို သူ့ကို သွားဆွသလို ဖြစ်ပီး…အဲဒီတော့မှ နင်တို့ကိုကော
…တခြားလူတွေကိုပါ ချက်ချင်း အန္တာရာယ်ပြုလိမ့်မယ်ဟဲ့ “

” ဟုတ်…ဟုတ်ကဲ့ပါ အရီး…ကျမ အရီးပြောတဲ့ အတိုင်း လုပ်လိုက်
ပါ့မယ် “

” အေး…အေး !! ကောင်းတယ် အေးမေ “

ဒီလိုနဲ့ ဒေါ်အေးမေနဲ့ ဒေါ်ပုတို့ နှစ်ယောက်သား ဖွားမြကို ကျေးဇူး
တင်စကားပြောပီး ပြန်လာခဲ့ကြတယ်။

ဖွားမြပြောတဲ့ အစီရင်ကို ဒေါ်ပုရဲ့ အိမ်မှာပဲလုပ်ဖို့ လမ်းမှာတိုင်ပင်
လာကြတာဗျ။ ဘာလို့လဲဆိုတော့ဖုတ်ဝင်နေတဲ့ ဇော်ဇော်မသိအောင်
လုပ်ရမှာကိုး။

            ~~~~~~~~~~~~~~~~~~~~~~

ဒေါ်ပုနဲ့ ဒေါ်အေးမေ နှစ်ယောက်သား ဖွားမြနဲ့ တိုင်ပင်ပြောဆိုပီး ထွက်လာတော့…ညနေ စောင်းနေပီလေဗျာ။ ဒီတော့ ညဘက်ဆို
နေ့ဘက်ထက် ပိုပီး အစားကြူးတဲ့ ဇော်ဇော် စားဖို့သောက်ဖို့အ
တွက် ချက်ပြုတ်ပြင်ဆင်ရတယ်။ သူ့ကို အစားဝအောင် ကျွေးမွေး
ထားမှ လူကို ရန်မရှာမှာလေ။

ဒါကို ဒေါ်အေးမေလည်း ရိပ်မိတာပေါ့…ဒါပေမဲ့ သူ့ခမျာ ချက်သာ
ချက်နေရတာ… ကျောကမလုံချင်ဘူး…ဘယ်အချိန်များ နောက်က
တိတ်တဆိတ်ရောက်လာပီး ဂုတ် ချိူးသတ်လေမလဲဆိုတဲ့ အတွေး
နဲ့ အသဲတယားယား ရင်တထိတ်ထိတ်ဖြစ်နေတာဗျို့။

ဒီတော့ ဒေါ်အေးမေ ခမျာ အားလုံးချက်ပြုတ်ပီးတော့ အိမ်ထဲကနေ
မယောင်မလည်နဲ့ လစ်ထွက်လာတယ်။ သူ့ သား ဇော်ဇော်က လူ
မဟုတ်တော့ပဲ ဖုတ်ဝင်နေမှန်းသိတော့ တစ်အိမ်ထဲမှာ နှစ်ယောက်ထဲ
အတူမနေရဲတော့တာ ဟာ မဆန်းတော့ပါဘူးဗျာ။

အခုလည်း အားလုံးချက်ပြုတ်ထားခဲ့ပီဆိုတော့…သူမရှိလည်း ဇော်ဇော်
ကိုယ်တိုင် သူ့ဘာသာ လှန်လော စားသောက်ပစ်မှာ အသေချာပဲဗျို့။
ဒေါ်အေးမေ တစ်ယောက် အိမ်ပြင်ကို ရောက်ပီဆိုတာနဲ့ အလုပ်ကပြန်
လာမဲ့ သမီးဖြစ်သူကို လမ်းထိပ်မှာ သွားစောင့်နေလိုက်တယ်။ သမီး
ဖြစ်သူနဲ့တွေ့တော့ အခြေနေ အဖြစ်ပျက်အားလုံးကိုရှင်းပြလိုက်တယ်
ဗျ။ ဒီတော့မှ သမီးဖြစ်သူလည်း လန့်ဖျန့်ပီး အိမ်မပြန်ရဲတော့ဘူး ဖြစ်
ကုန်ပါလေယော။

ဒါနဲ့ ဒေါ်အေးမေလည်း မနည်းဖြောင်းဖျပီး ခေါ်လာခဲ့ရတယ်။
ညရောက်တော့ ခြင်ထောင် တစ်ခြင်ထောင်ထဲ သားအမိတွေ
ကြောက်ကြောက် လန့်လန့်နဲ့ပူးကပ်ပီး နေရတာဗျို့။ စိတ်ချ
လက်ချလည်း မအိပ်ရဲဘူးလေဗျာ။ ဇော်ဇော်ရဲ့ အခန်းထဲက
တစ်ညလုံး ချိုးချိုး ချွတ်ချွတ်နဲ့ အသံတွေကြားနေရတာကိုး။
သူတို့ သားအမိတွေ မအိပ်တာကို ဇော်ဇော်ကလည်း သိနေ
လား မသိဘူး… အခန်းထဲကနေ လှုပ်ရှားသံပေးရုံကလွဲပီး အပြင်
ကို လုံးဝထွက်မလာဘူးဗျ။

                         ⏰⏰⏰⏰

နောက်တစ်နေ့ မိုးလင်းတော့ ဇော်ဇော်က ထုံးစံအတိုင်း အခန်းထဲမှာ
ခွေခေါက် နေပီပေါ့ဗျာ။ ဒီတော့ ဒေါ်အေးမေလည်း အချိန်ဆွဲမနေ
တော့ပဲ…ဒေါ်ပုရဲ့ အိမ်မှာ ဖွားမြပြောတဲ့ ဖုတ်ထုတ်အစီအစဉ်ကို
စတင်အကောင်အထည် ဖော်တော့တယ်။ သမီးဖြစ်သူလည်းအလုပ်
မသွားတော့ပဲ ဒေါ်အေးမေကို ကူညီလုပ်ကိုင်ပေးတယ်ဗျ။

ဒေါ်အေးမေ မှာလည်း သားဖြစ်သူ ဇော်ဇော်ရဲ့ အသက်အန္တရာယ်
ကို စိတ်ပူနေသလို…ဇော်ဇော်ရဲ့ ကိုယ်ထဲ ဝင်ရောက်နေတဲ့ ဖုတ်
ကိုလည်း အမြန်ဆုံး ထွက်စေချင်နေပီလေဗျာ။

နေ့တစ်ဝက် မကျိုးခင်မှာပဲ ဖွားမြ ပြောတဲ့ သြဇာရွက်အစီစဉ်က ပီး
သွားတယ်ဗျ။ ဒါနဲ့ အဲဒီသြဇာရွက်ကို အသင့်ဝယ်ထားပီးပီ ဖြစ်တဲ့
ကြည့်မှန် တစ်ချက်ပေါ် တင်လိုက်တယ်။ ပီးတာနဲ့ ဇော်ဇော့် ရဲ့
အိပ်ယာအောက်မှာ ထားဖို့ အိမ်ကို ပြန်လာခဲ့လိုက်တာပေါ့ဗျာ။

ပြောမဲ့သာပြောရတာ…တကယ့်…တကယ်တန်း ကျတော့ ဇော်ဇော့်
အခန်းထဲကို ဝင်ဖို့အတွက် ဒေါ်အေးမေတစ်ယောက် ကြောက်ဒူး
တဆတ်ဆတ်တုန်နေယောပဲဗျို့။ ဒါပေမဲ့ သားဖြစ်သူ ဇော်ဇော်ကို
ပြန်လိုချင်တဲ့ စိတ်ကပိုပီး အလေးသာနေတော့ အားတင်းပီးလာခဲ့
ရတာဗ်။

အိမ်ကို ရောက်တော့ ဇော်ဇော်ရှိနေတဲ့ အခန်းထဲကို တစ်ချက်လှမ်း
ပြီး အခြေနေ ကြည့်လိုက်တော့ ဇော်ဇော်က တစ်ဖက်ကို ကျောပေး
ပီး အိပ်နေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ဒေါ်အေးမေလည်း စိတ်
ကိုတင်းလိုက်ပီး…အသက်ဝအောင်ရှုလိုက်တယ်။ ပီးတာနဲ့ ခြေကို
အသာဖော့ နင်းပီး အခန်းထဲကို လှစ်ခနဲ လှမ်းဝင်လိုက်တာပေါ့။
နောက်တော့ ဇော်ဇော် အိပ်နေတဲ့ အိပ်ယာအောက်ထဲကို ယူလာတဲ့
သြဇာရွက်နဲ့ မှန်ကို အသာလေးထိုးထည့်လိုက်တာဗျ။

ပီးတော့မှ နောက်ကို ဖြေးဖြေးချင်းဆုတ်ပီး အခန်းပြင်ရောက်တာနဲ့
အိမ်ပြင်ကို တစ်ချိုးထဲ သုတ်ချေတင်တော့တာဗျို့။ အဲဒီနေ့တစ်နေ့
ခင်းလုံး ဒေါ်အေးမေနဲ့ သမီးဖြစ်သူဟာ ဒေါ်ပုအိမ်မှာပဲနေပီး…သူတို့
အိမ်ရဲ့ အခြေနေကို နားစွင့်နေကြတာပေါ့ဗျာ။

ဒါပေမဲ့ သူတို့ အိမ်က တစ်ချိန်လုံး ကြောက်စရာကောင်းလောက်
အောင် တိတ်ဆိတ်ငြိမ်သက်လို့ပဲနေတာဗျို့။ နေ့လည် သုံးချက်
တီး လောက်ကျတော့ ဒေါ်ပုက…ဒေါ်အေးမေကို ဇော်ဇော့်ရဲ့အခြေ
နေကို သွားကြည့်ဖို့ စတင်တိုက်တွန်းတော့တာဗျ။

” ဟဲ့ !! အေးမေ… နင် အိမ်ကိုပြန်ပီး အခြေနေသွားကြည့်ပါလား “

” ဟင် !! ဖြစ်…ဖြစ်ပါ့မလား မပုရယ်…တော်ကြာ ကျမသား ကိုယ်
ထဲ ဝင်နေတဲ့ ဖုတ်ကမထွက်သေးရင် ဘယ်နဲ့လုပ်မလဲ “

” ခုလောက်ကြာပီဆို … ထွက်ရောပေါ့ဟ “

” မပု ပြောသလို ဖြစ်ရင်တော့ ကောင်းတာပေါ့…တော်ကြာ ဖုတ်က
မထွက်သေးပဲ… ကျမ သူ့ကို အစီရင်တွေနဲ့ လုပ်ထားတာကိုသိပီး
မကျေနပ်လို့ ရန်မူရင် ဘယ်နဲ့လုပ်မလဲ “

ဒေါ်အေးမေ အဲဒီလို ပြောလိုက်တော့ ဒေါ်ပုလည်း အနည်းငယ်တွေ
ဝေသွားတယ်။ နောက်တော့ အကြံရသွားဟန်နဲ့ပြန်ပြောလိုက်တာဗျ။

” ငါ အကြံရပီ အေးမေ…ဒီလိုလုပ်ဟဲ့…ညည်းအိမ်ကို ဒီတိုင်းမသွားနဲ့
…ဝက်သားတစ်ပိသာ လောက်ဝယ်ပီး ဖွက်ယူသွား…နင့်သားကိုယ်
မှာ ဝင်နေတဲ့ ဖုတ်က မထွက်သေးဘူးဆိုရင်…နင်ဖွက်ယူလာတဲ့
ဝက်သားနံ့ကို ရပီး တောင်းမှာပဲ…အဲဒီခါကျရင် ဝက်သားကိုပစ်
ပေးပီး အမြန်ပြန်ပြေးလာလိုက်ပေါ့ဟာ…နင် တစ်ယောက်ထဲ မသွား
ရဲရင် နင့်သမီးကိုပါ အဖော်ခေါ်သွားပေါ့…ငါကတော့ နင်သိတဲ့ အတိုင်း
နဂိုထဲက ဒါမျိုးတွေဆို သေအောင်ကြောက်တာဟ…ဒါ့ကြောင့် မလိုက်
ရဲဘူး အေ “

ဒေါ်ပုရဲ့ အကြံကြောင့် ဒေါ်အေးမေလည်း တွေဝေသွားတယ်။ နောက်
တော့ ဒီထက်ကောင်းတဲ့ အကြံလည်း စဉ်းစားမရတာနဲ့ ဒေါ်ပုပြော
သလို လုပ်ဖို့ပဲ ရှိတော့တာပေါ့။ ဒါနဲ့ပဲ စျေးထဲမှာ ဝက်သားတစ်ပိသာ
ပြေးဝယ်ပီး သမီးကြီးဖြစ်သူကို ခေါ်လို့ အိမ်ကို မဝံ့မရဲ ပြန်သွားလိုက်
တယ်။ အိမ်ပေါ်တက်ပီဆိုတာနဲ့ ဖွက်ယူလာတဲ့ ဝက်သားတွေကို အိမ်
ရှေ့ ကြမ်းပြင်မှာ အသင့်တွေ့ရတဲ့ ဒန်အိုးတစ်လုံးထဲမှာထည့်လိုက်တာ
ဗျ။ အဲဒီချိန်မှာပဲ အခန်းထဲမှာရှိနေတဲ့ ဇော်ဇော်က ကြောက်စရာကောင်း
တဲ့ အသံနက်ကြီးနဲ့ ထအော်လိုက်တော့တာပဲဗျို့။

” ဟဲ့ !! ကောင် မ … ဖွက်မနေနဲ့ … နင်ဘာယူလာလဲ ငါသိတယ်…
အခု ချက်ချင်း ငါ့ကိုလာပေးစမ်း “

” အောင်မလေး !! အ…အမေ လုပ်… လုပ်ပါဦး “

ဇော်ဇော့်ရဲ့ အသံနက်ကြီးကို ကြားလိုက်ရတဲ့ သမီးဖြစ်သူက လန့်ဖျန့်
ပီး… ဒေါ်အေးမေရဲ့ လက်မောင်းကို ဖျစ်ညှစ်ရင်း ပြောလိုက်တာဗျ။
ဒေါ်အေးမေ ကိုယ်တိုင်လည်း အတိုင်းမသိတုန်လှုပ် ခြောက်ခြားသွား
ပီး ခြေဖျားလက်ဖျားတွေပါ ရေခဲတုံး တစ်တုံးလို အေးစက်သွားတာ
ဗျို့။

ဒါပေမဲ့ သမီး ဖြစ်သူတစ်ခုခုဖြစ်မှာ စိုးတာနဲ့ အပြင်ကို အမြန်ဆုံး ပြန်
ထွက်ဖို့ အချက်ပြလိုက်ပီး…သူကိုယ်တိုင်ကတော့ ဝက်သားတွဲကို
ဆွဲလို့ ဇော်ဇော်ရဲ့ အခန်းရှေ့ကို ကြောက်ကြောက် ရွံ့ရွံ့နဲ့ တိုး
သွားလိုက်တာဗျ။

အခန်းရှေ့ ရောက်တော့ သားဖြစ်သူ ဇော်ဇော်က အိပ်ယာပေါ်မှာ ငုတ်
တုတ်ကြီး ထိုင်နေတာကို တွေ့ လိုက်ရတယ်။ ဇော်ဇော်ကလည်း
အခန်းရှေ့ ရောက်လာတဲ့ ဒေါ်အေးမေကိုမြင်တော့ ပါးစပ်ကိုဖြဲပြ
လိုက်ရင်းက အသံနက်ကြီးနဲ့ပြောတယ်ဗျ။

” ဟဲ့ !! ကောင်မ … နင်က ငါဘာကောင်လဲဆိုတာသိသွားပီး အစီရင်
တွေနဲ့ လုပ်ထား တယ်ပေါ့…ကောင်းတယ်…အဲဒီတော့ ငါလည်း နင့်
သားလို ဟန်ဆောင်နေစရာ မလိုတော့ဘူးပေါ့ကွာ…ဟင်း…ဟင်း…
ဟင်း… အေး … ဟောဒီမှာ ကြည့်လိုက်စမ်း “

ဖုတ်ဝင်နေတဲ့ ဇော်ဇော်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ အရာကို
ဒေါ်အေးမေ မြင်သာအောင် မြှောက်ပြလိုက်တယ်။ ဒေါ်အေးမေ
လည်း ကြောက်ကြောက်နဲ့ ကြည့်လိုက်တော့…ဇော်ဇော်လက်ထဲ
မှာ ကိုင်ထားတဲ့ ဟာက … သူ လုပ်ထားတဲ့ မှန်နဲ့ သြဇာရွက်ဖြစ်
နေတာကို တွေ့လိုက်ရတာဗျို့။ အဲဒီချိန်မှာပဲ ဇော်ဇော်က နက်ကြော
တဲ့ အသံပြတ်ကြီးနဲ့ ဆက်ပြောလိုက်တာဗျ။

” ဒီလောက် အရာနဲ့ ငါ့ကို နှင်လို့ ရမယ် ထင်နေလား…ကိုင်းကွာ !!
ဟီးးး…ဟီးးး…ဟားးး…ဟားးး “

” ခွမ်းးးး … ခွမ်းးးး… ဂွမ်းးး… ဂျလွမ်းးး !! “

ဟာ !! အောင်မလေးဗျာ… ကြည့်…ကြည့် စမ်းပါဦးဗျို့။ ဇော်ဇော်က
စကားဆုံးတော့ လက်ထဲမှာကိုင်ထားတဲ့ သြဇာရွက်နဲ့ မှန်ကို သွား
တွေနဲ့ ကိုက်ချိုး…ကိုက်ဖဲ့ပီး တခွမ်း…ခွမ်း…တဂျွမ်း…ဂျွမ်းမြည်
အောင် ဝါးစားပစ်လိုက်တာဗျ။ အဲဒီလို စားနေရင်း ပါးစပ်ကလည်း
ကျောချမ်းစရာကောင်းတဲ့ အသံနက်ကြီးနဲ့ တဟီးဟီး…တဟားဟား
ရီလို့ပေါ့ဗျာ။

အလိုလေးဗျာ !! ဒေါ်အေးမေရဲ့ နေရာမှာ အဲဒီလို မြင်ကွင်းမျိုး…
ခင်များတို့ မြင်ရရင် ဘယ်လိုနေမယ်မသိဘူး…ကျုပ်သာဆို ငယ်
သံပါအောင် အော်ပီး အမောဆို့ သေတဲ့ထိ မရပ်မနားထွက်ပြေး
မိမှာ အသေချာပဲဗျာ။

ဒါပေမဲ့ ဒေါ်အေးမေကတော့…အဲဒီချိန်တုန်းက လုံးဝထွက်မပြေးခဲ့ဘူး
ဗျ။ အကြောက်လွန်ပီး ပြေးဖို့ မေ့နေတာလည်း ဖြစ်ကောင်းဖြစ်မှာ
ပေါ့ဗျာ။

ဒေါ်အေးမေ အဲဒီလို ရပ်ပီးကြည့်နေတုန်းမှာပဲ ဇော်ဇော်က သွားကြား
ထဲက ထွက်လာတဲ့ လေသံမျိုးနဲ့ ပြောတယ်။ အသံကလည်း အသက်
အလွန်ကြီးတဲ့ လူတစ်ယောက်ရဲ့ လေသံမျိုး ချက်ချင်းပြောင်းသွားခဲ့
တာဗျို့။

” ဟဲ့ !! ကောင်မ… အဲဒီမှာပဲ ဒီတိုင်းကြီးရပ်မနေနဲ့…နင့် လက်ထဲက
ဝက်သားတွဲကို … ငါ့ကို လာပေးစမ်း … မပေးရင် နင့်ကို အရင်ဆုံး
သတ်ပီး သွေးစုပ်ပစ်မယ်… နင်တို့ သားအမိတွေ အခုတလော ပိန်
သွားတယ် မဟုတ်လား… အေး !! အဲဒါ ငါ့လက်ချက်ပဲ ဟဲ့… နင်တို့
ညဘက် အိပ်မောကျ နေတဲ့ အချိန်…နင်တို့အသားကို ထိပီး သွေးစုပ်
ပစ်ခဲ့တာ ဟေ့… ဟားးး…ဟားးး…ဟားးး “

ဇော်ဇော် အဲဒီလို ပြောလိုက်တော့…ဒေါ်အေးမေလည်း လန့်ဖျန့်ပီး
အော်တော့တာပေါ့။

” အောင်မလေး !! မ…မလုပ်ပါနဲ့…ပေးဆိုပေးပါ့မယ် “

ဒေါ်အေးမေလည်း စကားဆုံးတာနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဝက်
သားတွဲကို ဇော်ဇော့်ဆီ ပစ်ပေးလိုက်တာဗျ။ ပီးတာနဲ့ နောက်ကို
လှည့်မကြည့်တော့ပဲ အိမ်ပေါ်က သုတ်ချေတင် ဆင်းပြေးတော့
တာပဲဗျိုး။

ဒေါ်အေးမေ တစ်ယောက် ဒေါ်ပုအိမ်ကို အပြေးတစ်ပိုင်းပြန်ရောက်လာ
တော့ ခုထိ အကြောက်ပြေသေးပုံမရတဲ့ သမီးဖြစ်သူကို တွေ့လိုက်ရ
တယ်။ ဒေါ်ပုကလည်း ဒေါ်အေးမေကို အကျိုးအကြောင်းမေးတယ်ဗျ။
ဒေါ်အေးမေ အကြောင်းစုံရှင်းပြတာကို ဆုံးအောင်နားထောင်ပီးမှ
ဒေါ်ပုက ရင်ဘတ်လေးကို လက်နဲ့ဖိပီးပြန်ပြောတာဗျို့။

” ဘုရား…ဘုရား !! ကံကြီးပေလို့ပေါ့ အေးမေရယ်… နင် ဝယ်သွား
တဲ့ ဝက်သားကြောင့်သာ မဟုတ်ရင်…ခုလောက်ဆို နင်အသက်
ပျောက်နေပီ ဟဲ့ “

” အဟုတ်ပဲ မပုရေ…ရှင့် အကြံကောင်းလို့သာ ကျမ လွတ်လာခဲ့တာ
တော့ “

” လာဟာ  အေးမေ …ဒီတိုင်းဆို မဖြစ်တော့ဘူး…ဖွားမြကို အကြောင်း
စုံပြန်သွားပြောမှ ဖြစ်တော့မယ် “

ဒေါ်ပု စကားကို ဒေါ်အေးမေကလည်း ခေါင်းညိမ့် သဘောတူလိုက်
တယ်။ သမီးဖြစ်သူကိုတော့ ဒေါ်ပုရဲ့ အိမ်မှာပဲ ထားခဲ့လိုက်တာပေါ့
ဗျာ။

                          ⏰⏰⏰⏰

” ဘာ … ဘာပြောတယ် အေးမေ … ညည်း သားက ကျုပ်လုပ်ခိုင်း
တဲ့ မှန်နဲ့ သြဇာရွက် အစီရင်ကိုတောင် ဝါးစားလိုက်တယ် ဟုတ်
လား “

” ဟုတ်… ဟုတ်ပါတယ် အရီးရယ် “

ဖွားမြဆီ ရောက်တော့ ဒေါ်အေးမေက အဖြစ်ပျက်ကို ပြောပြလိုက်တာ
ဗျ။ ဖွားမြတောင် ကြားလိုက်ရတဲ့ စကားကို နားမှာ မယုံနိုင်ဖြစ်ပီး ခုလို
ပြန်မေးရတဲ့ အထိပေါ့ဗျာ။ ဖွားမြက စဉ်းစားရကြပ် သွားဟန်နဲ့ ခေါင်း
ကို တဗြင်းဗြင်းကုပ် လိုက်တယ်။ ပီးတော့မှ သက်ပြင်းမောကြီးကို ချပီး
ပြန်ပြောလိုက်တာဗျို့။

” အေး … ဒါဆိုရင်တော့ နင့်သား ကိုယ်မှာ ကပ်နေတဲ့ ဖုတ်က နယ်
နယ်ရရ တော့ မဟုတ်လောက်တော့ဘူး…အတော် နှစ်ချို့နေတဲ့
အကောင်အကြီးစား ပဲ ဖြစ်ရမယ်… ခုမှတော့ ဘာမှမတတ်နိုင်တော့
ဘူး အေးမေ…သူ့ကို သွားဆွသလို လုပ်မိပီဆိုတော့ သောင်းကျန်း
တော့မှာ သေချာတယ်… ဒီတော့ အရပ်လူကြီးတွေကို ဖွင့်ပြောရ
တော့မှာ ပဲဟဲ့ “

” ဟင် !! အဲလို လုပ်လို့ ဖြစ်ပါ့မလား အရီး “

” ဟဲ့ !! အဲလို မလုပ်လို့… ညည်းက ဘယ်လို လုပ်ချင်သေးလို့တုန်း
… ဒီလိုမှ မလုပ်ရင် နင်တို့သားအမိ တွေတင်မကဘူး…တစ်ရပ်ကွက်
လုံး အလောင်းတွေ ထပ်ကုန်လိမ့်မယ် ဟဲ့ “

ဖွားမြ ပြောတဲ့စကားကြောင့် ဒေါ်အေးမေလည်း ဘာစကားမှပြန်မပြော
နိုင်အောင် ဆွံ့အ လို့ သွားတယ်။ ဒါနဲ့ ဖွားမြကပဲ အားပေးစကား
ပြောလိုက်ရတာဗျ။

” ကဲ … ကဲ !! ဘာမှ ကြောက်မနေနဲ့ အေးမေ… ငါကိုယ်တိုင်လိုက်
ပီး လူကြီးကို အကျိူးအကြောင်းပြောပေးမယ် “

” ဟုတ်ကဲ့ အရီး !! အရီး ပါလိုက်မယ်ဆိုရင်တော့ ကျမလည်း အား
ရှိတာပေါ့ “

” အေး…အေး !! ဒါဖြင့်လည်း လာ…လာ… ခုပဲ သွားကြတာပေါ့ “

ဒီလိုနဲ့ အရပ်လူကြီး ဦးမောင်ဆီကို ရောက်တော့ ဖွားမြကပဲ ဦးဆောင်
ပီး…အကျိုးအကြောင်း ပြောပြလိုက်တာပေါ့ဗျာ။ အရပ်လူကြီးလည်း
အဲဒီကြောင်းတွေ သိတော့ လန့်ဖျန့်သွားတာဗျ။

” ဟ !! ဒါပေါ့လို့ မရဘူးဗျ… ကျုပ်တစ်ယောက်ထဲလည်း ဆုံးဖြတ်
လို့မရဘူး…အများနဲ့ဆိုင်တယ်… ဒီတော့ ကျုပ်ဆန္ဒအရဆို ရပ်ကွက်
ထဲက အိမ်ပေါက်စေ့ … တစ်အိမ် တစ်ယောက်နှုန်း ခေါ်ပီး အသိပေး
တိုင်ပင် ချင်တယ် အဖွားရ “

” အေးလေ !! မင်းကလူကြီးပဲ… သင့်တော်သလို စီမံပေါ့ကွယ် “

ဖွားမြက အရပ်လူကြီး ဦးမောင်ရဲ့ စကားကို ခေါင်းညိမ့် ထောက်ခံ
လိုက်တာဗျ။ ဒါနဲ့ ဦးမောင်ကလည်း ဆယ်အိမ်ခေါင်း တစ်ယောက်
ကိုလွှတ်… အရပ်ထဲကလူတွေ သူ့အိမ်မှာ လာစုဝေးဖို့ အမိန့်ပေး
လိုက်တာပေါ့ဗျာ။ ထမင်းတစ်အိုးချက်လောက်ကြာတော့…လူစုံပီပေါ့
ဗျာ။ လူစုံပီ ဆိုတာနဲ့ အရပ်လူကြီး ဦးမောင်က စကား စလိုက်တယ်။

” ကဲ !! မင်းတို့ အားလုံးကို ခုလို အရေးပေါ်စုဝေးခိုင်းလိုက်ရတာက
အသိပေးစရာနဲ့ တိုင်ပင်စရာလေးရှိလို့ပဲ…အချိန်ကုန် သက်သာ
အောင် လိုရင်း တိုရှင်းပဲ ပြောမယ်ကွာ…ငါ့တို့ ရပ်ကွက်ထဲမှာ ဖုတ်
ဝင်နေတဲ့ သူ တစ်ယောက်ရှိတယ်…အဲဒီလူကလည်း တခြားမဟုတ်
ဘူး…မင်းတို့… ငါတို့ ရှေ့မှာ ထိုင်နေတဲ့ ဟောဒီ ဒေါ်အေးမေရဲ့သား
ဇော်ဇော် ဆိုတဲ့ ကောင်လေးပဲကွ “

         ” ဟင် !! “

          ” အို !! “

” အလို !! ဘယ်လိုဖြစ်ရတာလဲ… ဒေါ်အေးမေသား ဖုတ်ဝင်နေ
တယ်ဆိုပါလား “

” ဟာ !! ဒါဆို ဟိုးနေ့တွေက ဒို့ရပ်ကွက်ထဲ ကြက်တွေပျောက်လိုက်
… ဘဲတွေ ပျောက်လိုက် … ဆိတ်တွေ ပျောက်လိုက်နဲ့ ဖြစ်နေတာ
အဲဒီ ဖုတ်ဝင်နေတဲ့ ကောင်လေး လက်ချက်ပဲ ဖြစ်မှာပေါ့ “

” ဟုတ်မှာပေါ့ဟ … ငါကြားဖူးတာတော့ ဖုတ်ဝင်နေတဲ့ သူဟာ
သူ့အိမ်မှာ ဘာမှ စားစရာမရှိရင် အရပ်ထဲ လှည့်ပတ်ပီး…တွေ့
တဲ့ အကောင်ဗလောင်မှန်သမျှ သတ်စားတတ်တာဆိုပဲ “

အရပ်လူကြီး ဦးမောင် ပြောလိုက်တဲ့ စကားကြောင့်…အကုန်ပွက်
လောရိုက်ကုန်ပီး … တစ်ယောက် တစ်ပေါက်နဲ့ ပြောဆိုနေကြတာ
ပေါ့ဗျာ။ ဒီတော့ ဆူညံနေတဲ့ လူတွေကို ဦးမောင်က လှမ်းငေါက်
လိုက်ရတယ်။

” ဟေ့ !! အားလုံး တိတ်ကြစမ်း…မင်းတို့ကို ခုလိုခေါ်ပီး အသိပေး
တယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ထင်ကြေးပေးပီး ငြင်းခုန်
နေဖို့ မဟုတ်ဘူး … ဘာလုပ်သင့်တယ်…ဘာလုပ်ရမလဲဆိုတာကို
အားလုံး ဝိုင်းပီး အကြံပေး နိုင်အောင် ခေါ်တာကွ…အခု ဖြစ်နေတဲ့
ပြသနာကို ပေါ့ပေါ့လေး ထင်မနေကြနဲ့…ဒါဟာ ဒေါ်အေးမေရဲ့ သား
ဖြစ်သူ သေရေး ရှင်ရေး ကိစ္စဖြစ်သလို…ငါတို့ အားလုံးရဲ့ သေရေး
ရှင်ရေး ကိစ္စဆိုလည်း ဟုတ်တယ်ကွ…မင်းတို့ အားလုံး ကြားဖူးနား
ဝတော့ ရှိမှာပေါ့…ဖုတ် ဆိုတာ အစားအသောက် အရမ်းကြူးတယ်…
နောက်ဆို သူစားဖို့ မလုံလောက်တာပဲဖြစ်ဖြစ်…သူစားစရာ ဘာကောင်
ညာကောင်မှ မရှိတော့တဲ့ အခါမျိုးပဲ ဖြစ်ဖြစ်… အဲဒီလို အရေးနဲ့ကြုံ
လာရင် လူတွေကိုပါ သတ်စားလာတဲ့ အဆင့်ထိ ရောက်သွားမှာကွ…
ဒါ့ကြောင့် အားလုံးပဲ ဘာလုပ်သင့်တယ် ဆိုတာပဲ ဝိုင်းပီး တွေးပေး
ကြပါ…ဒီလိုကိစ္စနဲ့ ပတ်သတ်ပီး အတွေ့ကြုံရှိတဲ့သူ… အကြံရတဲ့
သူရှိရင် ငါ့ကို ချက်ချင်း တင်ပြ … ဒါပဲ “

အရပ်လူကြီးရဲ့ တစ်ချက်လွှတ် အမိန့်ဆိုတော့ ရောက်လာကြတဲ့
လူတွေ အကုန်လုံး တစ်ယောက်မှ စောဒက မတတ်ရဲတော့ပဲ …
လုပ်သင့် … လုပ်ထိုက်တာကို ဝိုင်းစဉ်းစားကြတော့တာဗျ။

အတော်လေးကြာတော့… လူအုပ်ထဲကနေ ကျော်သောင်းဆိုတဲ့ လူ
တစ်ယောက်က အကြံတစ်ခုရသွားဟန်နဲ့ ထပြောတယ်။

” ကျနော် စဉ်းစားမိပီ … အရပ်လူကြီး… အခု အဲဒီ ဖုတ်ဝင်နေတဲ့
ကောင်လေးက ဘယ်မှာလဲ “

” ဟ !! ဘယ်မှာရမလဲ…သူ့အိမ်မှာပဲပေါ့ကွ… စောနလေးတင် သူ့
အမေ ဒေါ်အေးမေကို အတင်း သတ်မယ်…ဖြတ်မယ် လုပ်နေလို့
ဒေါ်အေးမေ ခမျာ… အိမ်ပေါ်က မနည်း ဆင်းပြေးလာရတယ် “

” ဟာ !! ဒါဆို အတော်ပဲ… ဒီလိုလုပ်မယ် လူကြီး “

” ဘယ်လိုလဲ ကွ “

” အခုက နေရောင်ရှိနေသေးတယ်… ကျနော်ကြားဖူးတာ ရှိတယ်…
ဖုတ်ဆိုတာ နေ့ဘက်ဆိုရင် အားနည်းပီး ခွေနေတတ်ကြတာတဲ့ဗျ
… အဲ !! ညဘက်ရောက်ပီဆိုရင်တော့ အားအင်ပြည့်ဝ လန်းဆန်း
လာပီး သူတို့ ဗိုက်မပြည့် မချင်း အစာထစား…ထရှာကြတာတဲ့ဗျာ
…ဒီတော့ ကျနော့် သဘောကို ပြောရရင် ခုနေ အချိန် ရှိတုန်းလေး
သတ္တိ ကောင်းတဲ့ လူတစ်ချို့ကို ခေါ်ပီး ဒေါ်အေးမေရဲ့ အိမ်ကို သွား
မယ်…ပီးရင် အိမ်တံခါး…ခြံတခါးနဲ့…ပြတင်းပေါက်တွေကို သံကြိုး
တွေ…သော့ခလောက်တွေနဲ့ချည်နှောင် ပိတ်ခတ်ထားလိုက်မယ်ဗျာ”

” ဟ !! အဲဒီလို လုပ်တော့ …ဘာထူးမှာ မို့လဲ မောင်ကျော်သောင်းရ”

” ဟာ !! ထူးပါဘိကော ဦးမောင်ရာ…အဲဒီလိုလုပ်ထားတော့ ဒီကောင်
ညဘက်တွေ အလွယ်တကူ အပြင်ကို ထွက်ပီး ရပ်ကွက်ထဲ သောင်း
ကျန်းချင်တိုင်း သောင်ကျန်းလို့ မရတော့ဘူးပေါ့… ဒီတော့ လူတွေ
ကိုလည်း ရန်ပြုဖို့ အခွင့်လမ်း နည်းပါးသွားပီလေဗျာ “

” ဟ !! မင်းကောင်က လူမဟုတ်ဘူးနော်…ဖုတ်ကွ…ဖုတ် … တံခါး
တွေ…ဘာတွေ ချိုးဖျက်ပီး ထွက်မလာနိုင်ဘူးလို့ပြောလို့ရမလား “

” ဦးမောင် ရယ် … ဖုတ်ပဲ ဖြစ်ဖြစ်…သရဲပဲ ဖြစ်ဖြစ် သူတို့ကို ဗိုက်ဝ
နေအောင် ကျွေးမွေးထားရင် လူကို ချက်ချင်းကြီး အန္တာရာယ် မပေး
သေးပါဘူးဗျ…အဓိက ဦးစားပေးက လူတွေဘေးကင်းဖို့ပဲ မို့လား
…ဒီတော့ ကျနော်ပြောချင်တာက အဲဒီလို အိမ်ကို အလုံပိတ်ထားတဲ့
အချိန်… ဒီကောင့်ကို နေ့တိုင်း ဗိုက်ဝအောင်ကျွေးမွေးထားမယ်…
ပီးတော့ တစ်ဖက်ကလည်း ဒီကောင်ကို နိုင်မဲ့ ဆရာကို ရှာမယ်လေ
ဗျာ… ဒါမျိုးက ကျနော်တို့လို့ သာမန်လူတွေ ဘာမှ လုပ်လို့မရဘူး
…ပယောဂ နှင်တဲ့ ဆရာတွေပဲ ရမှာဗျ… အဲ !! တစ်ခုတော့ရှိတာပေါ့
ဗျာ … ဒီကောင့်ကို ကျွေးမွေးဖို့ကိုတော့ ရပ်ကွက်ထဲမှာ အတော်
အသင့် ပိုက်ဆံရှိတဲ့ သူတွေ အလှည့်ကျ တာဝန်ယူကြပေါ့…
ဒေါ်အေးမေ က သူ့သမီးလုပ်စာကို မှီခိုနေရတာ…သူ့ သမီးကလည်း
သာမန် လခစားဆိုတော့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး “

ကျော်သောင်းဆိုတဲ့ လူရဲ့ စကားက အကျိုးအကြောင်း အတော်လေး
ဆီလျော်နေတော့ အရပ်လူကြီး ဦးမောင်လည်း ကာယကံရှင်ဖြစ်တဲ့
ဒေါ်အေးမေကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ အဲဒီချိန်မှာပဲ တစ်
ချိန်လုံး ဘာမှ ဝင်မပြောတဲ့ ဖွားမြက ကြားကနေဝင်ပြောလိုက်တာဗျ။

” ကောင်းတယ် … အဲဒီ ကောင်လေး ပြောသွားတဲ့ နည်းလမ်းက
အသင့်တော်ဆုံးပဲ ငမောင် “

” အေးလေ !! အဖွားလို အတွေ့ကြုံရှိတဲ့ လူကတောင် ထောက်ခံ
နေပီဆိုတော့ အဲဒီတိုင်းပဲ လုပ်ကြတော့တာပေါ့ “

အဲဒီနောက်တော့ အရပ်လူကြီး ဦးမောင်ကိုယ်တိုင် ဦးဆောင်ပီး
သတ္တိကောင်းတဲ့ လူတစ်ချို့နဲ့ ဒေါ်အေးမေရဲ့ အိမ်ကို သွားလို့
အိမ် တံခါး … ခြံတံခါးပေါက် တွေကို သော့တွေခတ်… သံကြိုးတွေ
နဲ့ အထပ်ထပ် ချည်နှောင် လိုက်ကြတော့တယ်။ အဲဒီလိုချိန်မှာပဲ
ဖုတ်ဝင်နေတဲ့ ဇော်ဇော်က အိမ်ထဲကနေ အသံနက်ကြီးနဲ့အဆက်
မပြတ် အော်နေယောပဲဗျို့။

” ဟီးးးဟီးးးဟီးးး…ဟားးးးဟားးးဟားးး …မင်းတို့ကောင်တွေ ဒီနည်း
နဲ့ ငါ့ကိုတားနိုင်မယ် ထင်နေလား…စောင့်ကြည့်လိုက်… မှောင်လာ
ရင် ငါ့အကြောင်း သိရမှာပေါ့ကွာ…ငါဘာမှ မစားရရင်တွေ့တာအကုန်
သတ်စား ပစ်မယ်ဟေ့ … ဟီးးးးဟီးးးးဟီးးးး “

ဖုတ်ကောင်က အဲဒီလိုအဆက်မပြတ် အော်နေတော့ လူကြီး ဦးမောင်
အပါအဝင် အတူပါလာကြတဲ့ သတ္တိကောင်းပါးတယ်ဆိုတဲ့ လူတွေ
တောင် ဒူးတွေ မသိမသာတုန်လာကြတာယောဗျို့။ ဒါနဲ့ပဲ အရပ်
လူကြီး ဦးမောင်က လူတစ်ယောက်ကို စျေးလွှတ်ပီး အမဲသား ငါး
ပိသာကို သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီလူ ပြန်လာတာနဲ့ အစာကျွေး
ဖို့ အတွက် သီးသန့်ဖောက်ထားတဲ့ အပေါက်လေးကနေ ဝယ်လာတဲ့
အမဲ သား ငါးပိသာကို ထည့်ပေးလိုက်တာဗျ။

ဒီတော့မှ အဆက်မပြတ်အော်နေတဲ့ ဇော်ဇော်က အမဲသားနံ့ကိုရပီး
အသံတိတ်သွားတာဗျို့။ ဒါနဲ့ အရပ်လူကြီး ဦးမောင်လည်း ကျန်တဲ့
သူတွေကို မျက်ရိပ်ပြပီး အိမ်နားကနေ ခွာလာခဲ့လိုက်ကြတာပေါ့ဗျာ။

                   ⏰⏰⏰⏰

အဲဒီလိုနဲ့ ဖုတ်ဝင်နေတဲ့ ဇော်ဇော့်ကို အိမ်ထဲ လှောင်ပိတ်ထားပီး
မနက်… နေ့လည် … ည အစာကျွေးလာခဲ့ကြတာ…ဒီနေ့နဲ့ဆို
သုံးရက် တင်းတင်း ပြည့်ခဲ့ပီဗျ။ ဖုတ်ဝင်နေတဲ့ ဇော်ဇော်ကလည်း
နေ့တိုင်း အစာတွေ တဝတပြဲ စားနေရလို့လားတော့ မသိဘူး…
သောင်းကျန်းတာတွေ…ခြောက်လှန့် အော်ဟစ်နေတာမျိုးတွေ
မလုပ်ပဲ အိမ်ထဲမှာ ညိမ်ချက်သားကောင်းနေယောပဲဗျို့။

ဟော !! လေးရက်မြောက်တဲ့ နေ့မှာတော့ ရပ်ကွက်ထဲက လူတစ်
ယောက်ရဲ့ အဆက်သွယ်နဲ့ ပယောဂကုတဲ့ ဆရာတစ်ယောက်
ရောက်လာလေရဲ့ဗျာ။ နံမည်က ယက္ခ တဲ့… နံမည်နဲ့ လူ လိုက်
ဖက်လွန်းပါပေ့… မျက်နှာက ကျောက်ပေါက်ရာ ဗရပွနဲ့ ဒီကြားထဲ
မျက်လုံးကစွေ… သွားတွေက ကျိုးတိုးကျဲတဲနဲ့ပေါ့။ လူ … လူချင်း
တောင်မပြောနဲ့ … သရဲ / တစ္ဆေတွေ တောင် သူ့ကို ပြန်လန့်ရမဲ့
ရုပ်ရည်မျိုးဗျ။

ခန္ဓာကိုယ်ကလည်း ဝက်ဝံကြီး တစ်ကောင်လို တုတ်ခိုင်နေတာပဲ။
ဆရာ ယက္ခရဲ့ အသက်က ငါးဆယ်ကျော်လောက်တော့ ရှိမယ်လို့
ထင်ရတာပဲဗျ။ ကရင် လွယ်အိတ် ဖောင်းဖောင်းကြီးကို စလွယ်သိုင်း
ထားတယ်။ မျက်နှာထားက တင်းမာလွန်းသလို… ဂိုက်ကလည်း
တကယ့်ဆရာကြီး ဂိုက်ဗျ။

ဒါနဲ့ အရပ်လူကြီး ဦးမောင်က ဆရာ ရောက်ပီဆိုတော့…ကာယကံ
ရှင်တွေ ဖြစ်တဲ့ ဒေါ်အေးမေတို့ သားအမိကို ခေါ်ပီး ဆရာယက္ခနဲ့
ပေးတွေ့ဖို့ ခေါ်ခိုင်းရတော့တာပေါ့။ ဒေါ်အေးမေနဲ့ သမီးဖြစ်သူတို့
ဟာ လောလောဆယ် ဒေါ်ပုတို့ အိမ်မှာပဲ နေကြရတာလေ။

ဒေါ်အေးမေက ဆရာယက္ခနဲ့တွေ့တော့…ဆရာကြိုက်သလိုကုပါ
… ကျမ သားလေး ကို အသက်ရှင်လျက်ပြန်ရ ရင်တော်ပါပီ ဆိုပီး
ခွင့်ပြုလိုက်တာဗျို့။

ဒေါ်အေးမ ဆီက ခွင့်ပြုချက်ရပီဆိုတော့ ဆရာယက္ခက အချိန်ဆိုင်း
မနေတော့ဘူးဗျို့။ ပယောဂပွဲ တစ်ပွဲကို အားချင်းထိုးပီး… အဲဒီပွဲနဲ့
အတူ အရပ်လူကြီး ဦးမောင် ဦးဆောင်တဲ့ လူတစ်စုနဲ့ ဇော်ဇော့်ကို
လှောင်ပိတ်ထားတဲ့ အိမ်ကို ထွက်လာလိုက်တယ်။

ဆရာယက္ခ ဖုတ်ထုတ်မှာကို ကြည့်ချင်တဲ့ တခြား ပွဲကြည့်ပရိတ်သတ်
တွေလည်း အများကြီး လိုက်လာကြသေးတယ်ဗျ။ အားလုံးကတော့
ပွဲကြီး ပွဲကောင်းတစ်ပွဲ ကြည့်ရပီလို့ ထင်နေကြတာဗျိုး။

” ဟားးးဟားးးဟားး !! မလောက်လေး မလောက်စားကို ခေါ်လာ
တယ်… ကိုယ့်အသက်ကို မနှမြောတက်ရင် လာခဲ့ပေါ့ကွာ “

အလိုလေးဗျာ !! ဆရာယက္ခ တို့အဖွဲ့ အိမ်ရှေ့ကို ခြေချတယ်ဆိုရုံ
လေး ရှိသေးတာ။ အိမ်ထဲမှာရှိတဲ့ ဖုတ်ကောင်က ဘယ်လိုသိသွား
တယ် မပြောတက်ဘူး…ဝမ်းခေါင်းသံကြီးနဲ့ ဆီးကြို နူတ်ဆက်လိုက်
တော့တာပဲဗျို့။ ဆရာယက္ခက လွဲပီး အတူပါလာကြတဲ့သူတွေ အား
လုံး ကျောထဲ စိမ့်တက်သွားတာဗျ။ ဆရာယက္ခကလည်း ထည်ဝါတဲ့
အသံနဲ့ အရပ်လူကြီး ဦးမောင်တို့ အဖွဲ့ ကို အားပေးလိုက်တယ်။

” ဟေ့ !! ကျုပ် တစ်ယောက်လုံး ပါလာနေပီပဲ… ဘာတွေ စိုးရွံ့နေ
ကြတာတုန်း… တံခါးတွေကို ဖွင့်လိုက်…အထဲဝင်ကြမယ် “

အရပ်လူကြီး ဦးမောင်လည်း ဆရာယက္ခစကားတိုင်း သူ့လူတွေကို
ခြံတံခါး…အိမ်တံခါးတွေ ဖွင့်ခိုင်းလိုက်တယ်ဗျ။ တံခါးတွေ ဖွင့်ပီးတာ
နဲ့ ဆရာယက္ခက ပယောဂပွဲကို ယူပီး အိမ်ပေါ် တစ်ယောက်ထဲ
တက်သွားတယ်။ အိမ်ပေါ် ရောက်တယ်ဆိုရင်ပဲ ဘုရားခန်းမှာ
မိန့် မိန့်ကြီး ထိုင်ပီး ကန်တော့ပွဲကို ချလိုက်တယ်။ ပီးတာနဲ့ အင်း
စမ တွေရေးထိုးထားတဲ့ ညာလက်ဝါးကို ကြမ်းပြင်မှာ သုံးချက်ဆင့်
ပီး ရိုက်ချရင်း အမိန့်ပေးလိုက်တာဗျို့။

” ဟေ့ကောင် !! ငါခေါ်နေတယ်…အခန်းထဲက ထွက်ပီး ငါဆရာ
ရှေ့ကို အခစား ဝင်စမ်း “

” ဟားးဟားးဟားး !! မင်းက ဆရာပဲ … ငါ့ကို ရအောင်ခေါ်နိုင်ရင်
ခေါ်လေကွာ “

ဟာ !! ဖုတ်ဝင်နေတဲ့ ဇော်ဇော်က အခန်းထဲကနေ မခိုးမခန့်ရီမော
ရင်း ပြန်ပြောလိုက်တာဗျ။ ဒီတော့ ဆရာယက္ခ လည်း ဒေါသပုန်ထ
သွားတာပေါ့ဗျာ။

” တောက် !! မင်းက ဒီလိုလား… ဒါဖြင့်လည်း သိကြသေးတာပေါ့ “

” ဟဲ့ !! ငါ ဆရာယက္ခ … ထိပ်မှာဘုရား…ပါးစပ်မှာဗြဟ္မာ…လည်မှာ
သိကြား… ကျောကဘီလူး…ဒူးကခြင်္သေ့…ကိုယ်ကဂဋုန်…ခြေမှာ
နဂါး…အစောင့်ထားသည့် ငါဆရာအမိန့်အာဏာ … အစောင့်ရှောက်
တွေ…အဲဒီ ဖုတ်ကောင်ကို ငါ၏ရှေ့မှောက် ဒူးထောက်ခစား ရောက်
အောင် ဆွဲခေါ် လာခဲ့စေ “

” ဝုန်းးးး… ဝုန်းးးးး… အုန်းးး !! “

အလို !! ထူးဆန်းလိုက်ပါဘိ…ဆရာ ယက္ခရဲ့ နူတ်ကနေ အမိန့်ပေး
သံလည်း ဆုံးကော ဇော်ဇော်ရှိနေတဲ့ အခန်းထဲကနေ လူအများနဲ့တစ်
ယောက် အကြိတ်အနယ်…လုံးထွေး သတ်ပုတ်နေတဲ့ အသံမျိုးတွေ
ပေါ်လာတာဗျ။ အတော်လေးကြာတော့ အသံဗလံတွေ တိတ်ဆိတ်
သွားပီး ဇော်ဇော့်ရဲ့ ဟားတိုက်ရီမော လှောင်ပြောင်လိုက်တဲ့ အသံ
ကြီး ထွက်လာတယ်။

” ဟားးးးဟားးးဟားးး !! ဟေ့ … ဆရာ ယက္ဓ ဆိုတဲ့ အကောင်…
မင်းရဲ့ အစောင့်ရှောက်တွေက မစွံပါလားကွာ…ဟီးးးဟီးးဟီးး…
ဟိုးးးဟိုးးဟိုးး !! “

ဖုတ်ဝင်နေတဲ့ ဇော်ဇော့်ဆီက အဲဒီလို လှောင်ပြောင်သံကိုကြားရတော့
ဆရာ ယက္ခရဲ့ မျက်နှာမှာ ရှက်သွေး တစ်ချို့နဲ့ အတူ ဒေါသပုန်ထ
သွားတဲ့ အမူအယာမျိုး ပေါ်လာတယ်။ ဒါပေမဲ့ ဝိုင်းအုံကြည့်နေတဲ့
ပရိတ်သတ်ကလည်း အများကြီးဆိုတော့ အိနြေ္ဒ ဆည်ရင်း ဟန်မ
ပျက် ပြန်ပြောလိုက်တာဗျ။

” ဟေ့ !! မင်း အဲလောက် စွမ်းနေရင် …ငါနဲ့ မျက်နှာချင်းဆိုင်လာ
တွေ့လိုက်လေ…ဘာကို ကြောက်နေတာလဲ “

ဆရာ ယက္ခ အဲဒီလိုပြောလိုက်တော့ ဇော်ဇော်ကလည်း အားချင်း ခွန်း
တုံ့ပြန်လိုက်တာဗျ။

” အောင်မာ !! ခုထိ ကိုယ့်အခြေနေ ကိုယ်မသိပဲ မာန်တက်နေသေး
တယ်ပေါ့… ဒါဖြင့်လည်း ငါလာပီဟေ့ “

ဟာ !! ဇော်ဇော်က စကားဆုံးတာနဲ့ အခန်းထဲကနေ ခြေသံပြင်းပြင်း
နင်းပီး ထွက်လာပီဗျ။ ပီးတာနဲ့ ဆရာ ယက္ခ ရှေ့မှာ ပမာမခန့်အမူ
အရာမျိုးနဲ့ ထိုင်ချပီး ဒူးတောင် နန့်ပြလိုက်သေးတာဗျို့။ ဆရာ ယက္ခ
လည်း မျက်နှာထား ခပ်တည်တည်နဲ့ ဟန်မပျက် ပြောလိုက်တယ်။

” ဟေ့ကောင် !! မင်းကဘာလဲ…ဘာကိစ္စနဲ့ ဒီကလေးရဲ့ ခန္ဓာကိုယ်
မှာ ပူးကပ်နှောင့်ယှက် နေရတာလဲကွ “

” မဖြေနိုင်ဘူး … မင်း ပညာစွမ်းနဲ့ သိအောင်လုပ်လေကွာ “

ဇော်ဇော့်ရဲ့ စကားကြောင့် ဆရာယက္ခရဲ့ မျက်နှာက ချက်ချင်းပဲ တင်း
မာခက်ထန်သွားပီပေါ့ဗျာ။ ပီးတော့ အသင့်ဆောင်ထားပုံရတဲ့ ဆန်စေ့
တွေကို လွယ်အိတ်ထဲက ထုတ်ပီး ပါးစပ်နားတေ့လို့ မန်းမူတ်နေတာ
ဗျို့။

” ဟေ့ !! ငါ ဆရာရဲ့ စ သုံး လုံး အမိန့် !! အပကောင် အခုချက်ချင်း
ငါ ဆရာကို အခုချက်ချင်း ဦးညွှတ် ရိုကျိုးစမ်းဟဲ့ “

ဟော !! ဆရာ ယက္ခက အဲဒီလို အမိန့်ပြန်ရင်း ပါးစပ်နားမှာ တေ့ပီး
မန်းမူတ်နေတဲ့ ဆန်မန်းတွေနဲ့ ဖုတ်ဝင်နေတဲ့ ဇော်ဇော့်ကို ပစ်ပေါက်
လိုက်ပီဗျ။ ဒါပေမဲ့ ဇော်ဇော်က အပြုံးတောင် ပျက်မသွားပါဘူးဗျာ။
အဲဒါကို မြင်တော့ ဆရာ ယက္ခရဲ့ မျက်နှာဟာ သိသိ သာသာကို
ပျက်ယွင်းသွားတာဗျ။

” တောက် !! မင်း တော်တော်စွမ်းနေတယ်ပေါ့ … ဒီတစ်ခါ ခံနိုင်ရင်
ခံပေတော့ကွာ “

ဆရာယက္ခက လွယ်အိတ်ထဲကနေ ဖယောင်းတိုင် တစ်တိုင်…ဒယ်အိုး
သေးသေးလေး တစ်ခု…ယောင်းမ သေးသေးလေးတစ်ချောင်းနဲ့ အင်း
ကွက်တွေ ချရေးထားတဲ့ ကြေးပြားလေးတစ်ပြားကို ထပ်ပီးနိုက်ထုတ်
လိုက်တယ်။ ပီးတော့ ဒယ်အိုးထဲမှာ အင်းပြားကို ထည့်ပီး အောက်က
နေ  ဖယောင်းတိုင်နဲ့ မီးမြိုက်လိုက်တာဗျို့။ ပါးစပ်ကလည်း ပွစိ ပွစိ
လုပ်ရင်း…ဒယ်အိုးထဲက အင်းချပ်ကို ယောင်းမနဲ့ ကြက်ဥကြော်သလို
ဟိုလှန် သည်လှန်လုပ်နေတာဗျ။ အဲဒီလို လုပ်နေရင်း ဇော်ဇော့်ရဲ့
အခြေနေကိုလည်း လှမ်းကြည့်လိုက်သေးတယ်။

ဇော်ဇော်ကတော့ အေးအေးလူလူ အမူအရာနဲ့ ဟန်မပျက် ထိုင်ပီး
ကျောချမ်းစရာကောင်းတဲ့ အပြုံးကြီးနဲ့ ပြုံးပြုံးကြီး ကြည့်နေတုန်း
ပေါ့ဗျာ။ အောင်မာ !! တစ်ချက်…တစ်ချက် ပျင်းရိဟန်နဲ့ ပါးစပ်ကို
တောင် ဖြဲပီး သန်းဝေလိုက်သေးတယ်။ နောက်တော့ ဇော်ဇော်က
သည်းမခံနိုင်တော့တဲ့ ပုံစံမျိုးနဲ့ မတ်တပ် ထရပ်လိုက်တာဗျ။

” တောက် !! မင်းလို အဆင့်လောက်နဲ့ ဘာမှ မဟုတ်ပဲ ငါ့အချိန်တွေ
လာဖြုန်းနေတယ်… ဒီလောင်တောင် ဖြစ်လာတာ … သွားစမ်းဟာ “

  ” ဝုန်းးးး … ဒုန်းးးးး … ခွမ်းးး !! “

ဟာ !! ဇော်ဇော်က ဆရာယက္ခရဲ့ ကန်တော့ပွဲနဲ့ သူရှေ့က ဒယ်အိုး
တွေ… ဖယောင်းတိုင်တွေကို ဆောင့်ကန်ပစ်လိုက်ပီဗျို့။ ဆရာယက္ခ
ဒီတစ်ကြိမ်တော့ ယမ်းမီး ပုံကျ ပေါက်ကွဲသွားပီဗျ။

” ဟာ !! မင်းးးး … မင်းးးး “

ဘာပြောကောင်းမှာလဲဗျာ…လူပုံအလယ်မှာ အရှက်ကွဲသွားတဲ့ ဆရာ
ယက္ခ တစ်ယောက် အသားတွေ တဆတ်ဆတ်တုန်ပီး ခါးတောင်ကို
မြှောင်နေအောင် ကျိုက်လိုက်တယ်။ ပီးတာနဲ့ ဇော်ဇော့်ကို အတင်း
ဝင်လုံးပီး ထိုးကြိတ်တော့တာပေါ့။

   ” ဝုန်းးးးး … ဝုန်းးးး !! “

   ” ဒုန်းးးး … အုန်းးးး !! “

ဟာ !! ဇော်ဇော်ကလည်း အတင်း ပြန်လုံးတယ်… ဘယ်လိုမှ ထင်
မှတ်မထားတဲ့ အဖြစ်ကြောင့် အိမ်အောက်မှာ ဝိုင်းအုံကြည့်နေတဲ့
လူတွေလည်း ကြက်သေ သေကုန်တာပေါ့ဗျာ။

ဆရာယက္ခက ဇော်ဇော့်ကို အတင်းဝင်လုံးပီး သူ့လက်သီးကြီးနဲ့
တရစပ် ထိုးတော့တာဗျ။ ဇော်ဇော်ကလည်း အတင်းပြန်လုံးတယ်…
ကလေးနဲ့ လူကြီး လူကောင်ချင်း ဆင်နဲ့ဆိတ်လို ကွာနေပေမဲ့
ဇော်ဇော်ရဲ့ လက်ချက်နဲ့ပဲ ဆရာယက္ခ ခံနေရတော့တာဗျို့။
ဆရာ ယက္ခရဲ့ မျက်နှာဆိုတာ တခဏလေးအတွင်းမှာတင် သွေး
ချင်းချင်းနီပါလေယော။ ကြာရင် ဆရာယက္ခပဲ သေဖွယ်ရာ ရှိတော့
တယ်။

အဲဒီတော့မှ ဝိုင်းအုံကြည့်နေကြတဲ့ ပွဲကြည့်ပရိတ်သတ်တွေ သတိဝင်
လာပီး ဆရာယက္ခကို သဲကြီး မဲကြီး ဖိထိုးနေတဲ့ ဇော်ဇော့်ကို အင်အား
သုံးလို့ ဝိုင်းချုပ် ရတာပေါ့ဗျာ။ ဒီတော့မှ ဆရာယက္ခ တစ်ယောက်
သက်သာရာ ရသွားပီး အိမ်အောက်ကို အတင်းဆင်းပြေးလာတယ်။
ဇော်ဇော့်ရဲ့ လက်ချက်နဲ့ မျက်နှာ တစ်ခုလုံးလည်း  မြင်မကောင်း
အောင် ဖူးယောင် စုတ်ပြတ်ပီး မျက်လုံးတွေတောင် ပိတ်နေပီ။

” အောင်…အောင်မလေး !! သေ…သေပါပီ…အား…ကျွတ်…ကျွတ်…
ကျွတ်…ဒီကောင့်ကို ကျုပ်…ဘယ်…ဘယ်လိုမှ မနိုင်တော့ဘူး…ဒီ
ကောင်တအား ကြမ်းတယ်…တ…တခြား ဆရာတစ်ယောက်သာ
ရှာလိုက်ကြပေတော့ “

ဟာ !! ဆရာယက္ခတစ်ယောက် အိမ်အောက်ကို ရောက်တယ်ဆိုရင်ပဲ
အရပ်လူကြီး ဦးမောင်ကို အဲဒီလိုပြောရင်း သတိလစ်ပီး ပစ်လဲကျသွား
တော့တာပဲ ဗျို့။

ဒီတော့ အရပ်လူကြီး ဦးမောင်လည်း ထုံးစံ အတိုင်း အမဲသား ငါး
ပိသာကို လူလွှတ်ပြေး ဝယ်ခိုင်းပီး…အိမ်ပေါ်မှာ အခုထိ သောင်း
ကျန်း နေဆဲဖြစ်တဲ့ ဇော်ဇော့်ကို ကျေးမွေးဖို့ ပြင်ဆင်လိုက်ရတော့
တာပေါ့။

                      ⏰⏰⏰⏰⏰

အဲဒီနောက်ပိုင်း ဇော်ဇော့်ကို အရင်လိုပဲ အိမ်ထဲမှာ ပိတ်ထားပီး အစာ
ဝအောင် ပြန်ကျွေးထားရတယ်။ တစ်ဖက်ကလည်း စွမ်းပါတယ်ဆို
တဲ့ ဆရာတွေကို စုံစမ်းပင့် ဖိတ်ရတာပေါ့ဗျာ။ ဒါပေမဲ့ တစ်ယောက်မှ
မစွံကြပါဘူး။

ဆရာယက္ခ တုန်းကမှ ဇော်ဇော်နဲ့ အပြန်အလှန် နပန်းလုံး ထိုးကြိတ်
သတ်ပုတ်ရဲသေးတာဗျ။ ကျန်တဲ့ ဆရာတွေကတော့ ဇော်ဇော်လုပ်
သမျှကို အလူးအလဲ ခံရပီး ပြေးကြယောပဲ။ အဲဒီထဲမှာ ယောပြန်
ဆရာ မာန် ဆိုတဲ့ လူဆို … စစ လာချင်းတုန်းကတော့ အလွန်ကိန်း
ကြီး ခန်းကြီး နိုင်တဲ့ ပုံနဲ့ ဇော်ဇော်နဲ့လည်း တွေ့ကော ဒင်းခမျာ
ပုဆိုးတောင် မကပ်နိုင်ပဲ ပြေးရတော့တာဗျို့။

ဇော်ဇော့်ရဲ့ ကိုယ်မှာဝင်နေတဲ့ ဖုတ်ကလည်း အတော်လေးကို ဆန်း
ပြားတယ်လို့ ဆိုရမယ်။ သူ့ကို နိမ်နင်းဖို့ လာတဲ့ ဆရာမှန်သမျှရဲ့
အစီရင် နဲ့ ပညာရပ်တွေကို နည်းနည်းလေးမှ မဖြုံတာပါဗျာ။

အခုလည်း ဇော်ဇော့်ကိုနှိမ်နင်းဖို့အတွက် ဆရာ တစ်ယောက် ရောက်
နေပြန်လေရဲ့။ နယ်ဘက်ကလာတာဆိုပဲ…နံမည်က ဆရာ မောင်စွမ်း
တဲ့ဗျ။ အသားဖြူဖြူ ပိန်ပိန် ပါးပါးနဲ့…အသက်က လေးဆယ် စွန်းရုံ
လေးရှိသေးတာ။ အရင် ဆရာကြီးတွေလို ဘာဟိတ်ဟန်မှလည်း မရှိ
ဘူး။ ကြည့်လိုက်ရင် ဘာတစ်ခုမှ အထင်ကြီးစရာကို မရှိတာဗျ။

ဒီတော့ အားလုံးရဲ့ စိတ်ထဲမှာ ဒီဆရာလည်း အရင် ဆရာတွေလိုပဲ
ပြန်ပြေးရမှာပါလေလို့ပဲ ကြိုတွေးထား ကြတာ မဆန်းပါဘူးဗျာ။

ဒါပေမဲ့ ဆရာ မောင်စွမ်းက တခြားဆရာတွေနဲ့တော့မတူဘူး…
ဇော်ဇော့်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးမေကို ဖြစ်စဉ်အစဆုံး သေချာ
မေးမြန်းတယ်။ အကြောင်းစုံ နားထောင်ပီးတော့မှ ဆရာ မောင်စွမ်း
က ခေါင်းလေး တဆတ်ဆတ်ညိမ့်ပီး အားလုံးကြားလောက်မဲ့ လေသံ
အေးအေးလေးနဲ့ ပြောလိုက်တာဗျ။

” အော် !! လတ်စသတ်တော့ … ခင်များတို့ ကြုံတွေ့နေရတာ နယ်
နယ်ရရ မှမဟုတ်တာ… ဖုတ်တကာ့ ဖုတ်ထဲမှာ အကြီးမားဆုံးလို့ဆို
ရမဲ့ သွေးလည်းစုတ်…အင်မတန်မှလည်း အသားစား ကြူးတဲ့ ဖုတ်
ဘုရင် ဖြစ်နေတာကိုး…ဒီတော့ တော်ရုံ ဆရာ… တော်ရုံ အစီရင်တွေ
နဲ့ မတိုးတာ မထူးဆန်းတော့ပါဘူးလေ “

    ” ဟာ … ဟင် … အလို !! “

ဆရာ မောင်စွမ်းရဲ့ စကားကို ကြားလိုက်ရသူအပေါင်း… ဟင် တွေ
…ဟာတွေ ဖြစ်ကုန်တာဗျို့။ ဆရာ မောင်စွမ်း ကလည်း အဲဒီလို
အံ့သြကုန်ကြတဲ့ လူတွေကို ကြည့်ပီး ဆက်ပြောတယ်။

” အဟုတ်ပဲဗျ … ဒီလို ဖုတ်ဘုရင် ဆိုတာမျိုးတွေက ဝင်ပီးရင် ပြန်
ထုတ်ရတာ အားကြီး ခက်တယ်။ တစ်ချို့ သာမန်ဖုတ်တွေက လူ
တစ်ယောက်သေသွားရင်…ဒါမှ မဟုတ် လိပ်ပြာငယ်ပီး အားနည်း
နေတဲ့ ချိန်ကို ဝင်ကပ်လိုက်တယ်…ဒါပေမဲ့ အဲဒီလို ကောင်မျိုးတွေ
ကို ဖုတ်ထွက်အောင် ဘာနဲ့မှ အထွေအထူး နှင်နေစရာမလိုဘူးဗျ
… သူ့ရဲ့ လူ့ဘဝက နံမည် အမှန်ကို သိအောင်သာလုပ်…ပီးတာနဲ့
အဲဒီ နံမည်ကိုသာ သူရှေ့…သူကြားအောင် ခေါ်လိုက်ပေတော့…
ချက်ချင်း ခေါက်ခနဲ လဲကျပီး ထွက်သွားယောပဲ…အဲ !! ဖုတ်ဘုရင်
ဆိုတာမျိုးတွေကတော့ … အဲဒီလို မရဘူးဗျ…သူတို့ကို နိုင်အောင်
တိုက်နိုင်တဲ့ ဆရာ… ဦးကျိူးအောင် နိုင်နင်းနိုင်တဲ့ ဆရာမျိုးတွေနဲ့
တွေ့မှသာ ဖုတ်သက် ထွက်ပေးကြတဲ့ ကောင်တွေပေါ့ဗျာ “

ဆရာ မောင်စွမ်းက ပြောလက်စ စကားကို ရပ်ပီး ဒေါ်အေးမေရဲ့
မျက်နှာကို တစ်ချက်ကြည့်လိုက်သေးတယ်။ ပီးတော့မှ စိတ်မ
ကောင်းတဲ့ မျက်နှာ အမူအရာနဲ့ ပြောလိုက်တာဗျ။

” ကဲ !! ဒေါ်ဒေါ်… အဒေါ့်သားရဲ့ ကိုယ်မှာ ဝင်ရောက်ပူးကပ်နေတဲ့
ဖုတ်ဘုရင်ကို ဖုတ်သက် ထွက်သွားအောင် ကျနော့်ဘက်က အစွမ်း
ကုန် ကြိုးစားပေးပါ့မယ်…ဒါပေမဲ့ အဒေါ့်သား အသက်ပြန်ရှင်ဖို့ကို
တော့ ကျနော်လည်း မတက်နိုင်တော့ဘူးဗျ “

” ဟင် !! ဘာ…ဘာလို့လဲ …ကျမသားက ဘာလို့ သေရမှာလဲ
ဟင် … ဆရာလေး “

ဒေါ်အေးမေ အလန့်တကြား ချက်ချင်းပြန်မေးလိုက်တာဗျ။ ဆရာ
မောင်စွမ်းကလည်း ဒေါ်အေးမေ နားလည်အောင် သေချာပြန်ရှင်း
ပြတယ်။

” ဟုတ်ကဲ့ !! ဒီလိုပါ ဒေါ်ဒေါ်… တိတိ ကျကျ ပြောရရင် အဒေါ့်သား
ဟာ ဖုတ်သက်ဝင်တာ အတော်ကြာသွားလို့ပါပဲ…ဘယ်လိုအကြောင်း
နဲ့ပဲ ဖြစ်ဖြစ် ဖုတ်ဝင်ပီ ဆိုရင် အဝင်ခံရတဲ့ လူရဲ့ ခန္ဓာကိုယ်ဟာ သာမန်လူတွေလို သွေးလေ မလည်ပတ်တော့ဘူးဗျ။ အချိန်တွေ
ရက်တွေ အတော်ကြာအောင် သွေးလေ မလည်ပတ်မှတော့ အဲ့ဒီ ခန္ဓာကိုယ်ဟာလည်း ဖုတ်သက်ထွက်တာနဲ့ယိုယွင်းပျက်စီး သွားမှာ အသေချာပဲဗျ…အဲဒီချိန် လွတ်ထွက်သွားတဲ့ အဒေါ့်သားရဲ့ ဝိဥာဉ် လိပ်ပြာက အနားမှာ ရှိနေပစေဦးတော့…ပျက်စီးနေတဲ့ ရုပ်ခန္ဓာကိုယ် ထဲ ပြန်ဝင်ခိုင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ ပါဘူး “

” အောင်မလေးတော် !! ဒီတိုင်းဆို ကျမ သားလေးတော့ ကိုယ်ကျိူး
နည်းပီပေါ့… အီးးး ဟီးးး ဟီးးး !! “

ဒေါ်အေးမေ ခမျာ ဘယ်လိုမှ စိတ်မထိန်းနိုင်ပဲ လူပုံအလယ်မှာ လူး
လိမ့်နေအောင်ကို ငိုတော့တာဗျ။ ပီးတော့ ဆရာ မောင်စွမ်းကိုလည်း
လက်အုပ်လေး အခါခါချီပီး…သူ့သားကို အသက်ရှင်အောင်လုပ်ပေး
ဖို့ အမျိုးမျိုး တောင်းပန် တိုးလျှိုးနေတာဗျို့။ ဆရာ မောင်စွမ်းလည်း
စိတ်မကောင်းစွာနဲ့ ခေါင်းကို တွင်တွင် ခါရမ်းနေရုံကလွဲလို့ တခြား
မရှိတော့ ဘူးပေါ့ဗျာ။

အဲဒီနောက်တော့ ဆရာ မောင်စွမ်းလည်း အရပ်လူကြီး ဦးမောင်တို့
လူစုနဲ့ ဒေါ်အေးမေရဲ့ အိမ်ကို သွားပီး… ဇော်ဇော့်ကိုယ်ထဲမှာ ရှိနေ
တဲ့ ဖုတ်ကို ထုတ်ဖို့ အားချင်းစီစဉ်ကြတယ်။ အထွေအထူးတော့
မဟုတ်ပေဘူးဗျ။ ဆရာမောင်စွမ်းက ဇော်ဇော့် ကိုယ်ထဲက ဖုတ်ကို
ထုတ်ဖို့ အတွက် ရွှေထီးကြီး တစ်လက်ပဲ အရပ်လူကြီး ဦးမောင်
ဆီက တောင်းတာဗျို့။

ဦးမောင် စီစဉ်ပေးတဲ့ ရွှေထီးရပီဆိုတာနဲ့ ဒေါ်အေးမေရဲ့ အိမ်ကို
သွားကြပီပေါ့ဗျာ။ အရပ်ထဲကလူတွေလည်း ပွဲကောင်းတစ်ပွဲ ထပ်
ကြည့်ရပြန်ပီ ဆိုတဲ့ အတွေးနဲ့ ဆရာမောင်စွမ်းတို့ လူအုပ်နောက်
ကနေ တပြုံ တမကြီးလိုက်ချလာတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း
ဘယ်သူမှ အိမ်ပေါ် တက်ရဲမှာ မဟုတ်ဘူး…ခြံပြင်နဲ့ အိမ်အောက်
မှာပဲ ရပ်ကြည့် ရဲကြမှာ သေချာတယ်ဗျို့။

ဆရာ မောင်စွမ်း ကလည်း အိမ်ရှေ့ကို ရောက်တာနဲ့ အိမ်ထဲ တန်း
မဝင်သေးဘူး…တစ်အိမ်လုံး အနှံ့ စူးစူးရဲရဲစိုက်ကြည့်ပီး တစ်ခုခုကို
စိတ်ထဲမသန့် သလိုလိုနဲ့ အာရုံခံသလို လုပ်လိုက်သေးတာဗျ။

နောက်တော့ နူတ်ကနေ မန္တန်တစ်ပုဒ်ကို တီးတိုးလေးရွတ်ရင်း အိမ်
ရဲ့ အရှေ့…အနောက်…တောင်…မြောက် ပတ်ပတ်လည်ကို လက်
ညိုးနဲ့ စက်ဝိုင်း ဝိုင်းသလို ညွှန်ပီး စည်းချလိုက်တာဗျို့။ ပီးတော့
မြေပြင်ကိုလည်း ဖနောင့်နဲ့ တစ်ချက်ပေါက်ပီး အမိန့်ပြန်လိုက်သေး
တယ်။

” ဤ အမိန့် သည် စတုမဟာရာဇ် နတ်မင်းကြီးများအပေါင်းတို့၏
ကိုယ်စား ငါဆရာ မောင်စွမ်းရဲ့ အမိန့် ဖြစ်သည်…ငါ ဆရာ ချမှတ်
ထားသော စည်းအတွင်း၌ ဖုတ်ဘုရင်က လွဲ၍ မည်သည့် အပ
လောက သား မှ မနေနိုင်စေရ… ဝင်လာခြင်းလည်း မရှိနိုင်စေရ…
အိမ်ထဲမှာ ရှိနေတဲ့ အပကောင်ကို လှမ်းပီး အကူညီပေးတာမျိုး
တွေလည်း မလုပ်နိုင်စေရ… မည်သည့် အပ / နာနာဘာဘာဝမဆို
ငါ ဆရာ အမိန့်ကို မထီမဲ့မြင် ပြုပီး အားခံ ကျူးကျော်ခဲ့သည် ရှိ
သော် လောင်မီးကျပီး ဦးခေါင်း ရှစ်စိတ် ကွဲစေ “

” အီးး…ဟီးးး…ဟီးးး…အူးးး !! “

” ဝုန်းးး !! အုန်းးး !! ဒုန်းးးး !! “

ဟာ !! အလိုလေးဗျာ… ဆရာ မောင်စွမ်း အဲဒီလို နူတ်မိန့်ပြန်ပီးတာ
နဲ့ အိမ်ထဲကနေ ကြားရသူအပေါင်း ကြက်သီးမွှေးညှင်း ထစေလောက်
တဲ့ ညည်းသံ အော်သံကြီးတွေ…ခုန်လွှား ထွက်ပြေးကြတဲ့  အသံမျိုး
တွေ ထွက်လာတာဗျို့။ အသံတွေက တစ်ဦး တစ်ယောက်ထဲက အော်ဟစ် ပြေးလွှားနေကြတာနဲ့ မတူဘူး… အကောင် ရေ အများ
ကြီး က အော်ဟစ် ပြေးလွှားနေကြတဲ့ အသံဗလံ မျိုးတွေဗျ။

ကွမ်းတစ်ယာ ညှက်လောက် ကြာအောင် ဆူညံ ဝုန်းဒိုင်းကျဲနေပီးမှ
အဲဒီအသံတွေ အကုန်တိတ်ဆိတ်သွားတာဗျို့။ ဒီတော့မှ ဆရာ
မောင်စွမ်း က သူနဲ့ အတူပါလာတဲ့ သူတွေ နားလည်အောင်ရှင်း
ပြ လိုက်တယ်။

” ကျုပ် ဒီအိမ်ကို မြင်မြင်ချင်း စိတ်ထဲ မသိုးမသန့်ဖြစ်တာနဲ့အာရုံခံ
ကြည့်လိုက်တော့…အထဲမှာ ဖုတ်ဘုရင်တင်မကဘူး…တခြားအပ
လောကသားတွေ အများကြီးရှိနေတာ သိလိုက်ရတယ်… ဒီကောင်
က ဖုတ်ဘုရင် ဆိုတော့ သူ့တပည့် အစေအပါးတွေကိုပါ ခေါ်ထား
တာဗျ…ဒီလောက် အပလောက ကောင်တွေ များနေတာကို ဆရာ
တော်တော်များများ က သတိမထားမိတော့…ဖုတ်ဘုရင်ကို မနိုင်ပဲ
ပြန်ချည်း ပြေးနေရတာ မထူးဆန်းတော့ပါဘူးလေ…ခုတော့ ပူစရာ
မရှိတော့ပါဘူး…ကျုပ်ချမှတ် ထားတဲ့ နတ်ကြီးကိုးပါး စည်းဝိုင်းထဲ
မှာ ဖုတ်ဘုရင် ကလွဲရင် … အခြား ဘယ် အပလောကသားမှ မနေ
နိုင်လို့ ပြေးကုန်ကြပါပီ … ကဲ … ကဲ …အချိန်ရှိတုန်းလေး သော့
တွေ ဖွင့်… သံကြိုးတွေ ဖြုတ်ပီး အိမ်ထဲ ဝင်ကြရအောင် “

ဆရာ မောင်စွမ်း စကားကြောင့် အရပ်လူကြီး ဦးမောင်လည်း သူ့
လူတွေကို အိမ်တံခါး…ခြံတံခါးမှာ ပိတ်ထားတဲ့ သော့ တွေ ကို
ဖွင့်ခိုင်းလိုက်တယ်။ တံခါးသော့တွေ ဖွင့်ပီးတော့ ဆရာမောင်စွမ်း
က အရပ်လူကြီး ဦးမောင်ကို မေတ္တာ ရပ်ခံတဲ့ စကားတစ်ခွန်းပြော
တယ်ဗျ။

” ကဲ !! ဦးကြီး… ကျုပ်ကို ရွှေထီးစောင်း ပေးဖို့ မကြောက်တက်တဲ့
လူတစ်ယောက်လောက် ထည့်ပေးပါ… မှဲ့ တစ်ပေါက် မစွန်းစေရ
ဘူး… ကျုပ် ရဲရဲ ကြီး အာမခံပါတယ်ဗျာ “

ဒါနဲ့ အရပ်လူကြီးလည်း သူနဲ့ပါလာတဲ့ လူတွေထဲကအကြောက်လန့် မရှိတဲ့ လူတစ်ယောက်ကို ရွေးထုတ်လို့ ရွှေထီးကိုင်ပီး အိမ်ပေါ်လိုက်
တက်ခိုင်းတယ်။ အိမ်ပေါ် ရောက်တယ်ဆိုရင်ပဲ ဆရာမောင်စွမ်းက
အခန်းထဲမှာ ရှိနေတဲ့ ဖုတ်ကောင်ကို သြဇာအာဏာ အပြည့်ပါတဲ့
လေသံနဲ့ ခပ်မာမာ ခေါ်လိုက်တာဗျို့။

” ဟေ့ကောင် !! ဖုတ်ဘုရင် … အခုချက်ချင်း အခန်းထဲက ထွက်လာခဲ့
စမ်း… အာခံရင် မီးပဲ… တန်ပြန်ရင် မီးပဲ ကွာ “

” ဒုန်းးး !! ဒုန်းးးး !! ဒုန်းးး !! “

ဟော !! ဆရာ မောင်စွမ်း အဲဒီလို ခေါ်လိုက်တော့ ဖုတ်ဝင်နေတဲ့
ဇော်ဇော်တစ်ယောက် ခေါင်းမ မာနိုင်တော့ပဲ အိမ်ကြီး တစ်ခုလုံး
တသိမ့်သိမ့် တုန်စေတဲ့ ခြေသံကြီးနဲ့ ထွက်လာတယ်ဗျ။ ပီးတော့
သူ့ရဲ့ ပုံစံအတိုင်း ဆရာ မောင်စွမ်းရဲ့ ရှေ့မှာ ပမာမခန့် ဒူးထောင်
ပေါင်ကား ထိုင်ချလိုက်ပီး မထီလေးစားတဲ့လေသံနဲ့ ပြောလိုက်တယ်။

” မင်းက ငါ ဘာကောင်ဆိုတာ တန်းသိနေပါလား… မဆိုးဘူးပဲ…
ဒါပေမဲ့ ငါလို ဘုရင်တစ်ပါးကို မင်းပညာနဲ့ နိုင်ပါ့မလား “

” ဟေ့ကောင် ဖုတ်ဘုရင် !! မင်းထက် အများကြီး ဆိုးတဲ့ ကောင်
တွေတောင် ငါဆုံးမလာခဲ့တာကွ…မင်းကိုနိုင်တဲ့ ဆေးဝါးအစုံလင်
ငါ့မှာ ပါပီးသား… မင်းတို့လိုကောင်တွေကို မေတ္တာနဲ့ ဆက်ဆံလို့ မရမှန်းငါသိတယ်…အပိုတွေ မပြောတော့ဘူး… နှစ်လမ်းထဲက ကြိုက်
ရာ ရွေးကွာ… ခုလို လူတွေကို နှောင့်ယှက်နေတာ မင်း ဘာ့သာရပ်
တန်းက ရပ်မလား… ငါ့ပညာ နဲ့ ရပ်ရမလား “

” အောင်မာ !! တော်တော် လေကျယ်တဲ့ ကောင် သိကြယောပေါ့ “

ဟာ !! ဖုတ်ဝင်နေတဲ့ ဇော်ဇော်က ရုတ်တရက် ထပီး ဆရာမောင်စွမ်း
ရဲ့ လည်ပင်းကို ထညှစ်ဖို့ လုပ်တာဗျို့။

ပြီးပါပြီ