ဇာတ်လမ်းတွေ ဖတ်လို့ရတဲ့ ဂရုတွေမှာ စမ်းရေးကြည့်ရင်းနဲ့ အထိုက်လျောက် လူသိများလာတဲ့ သဘောပါ ။ စာရေးဆရာလို့ အမည်ခံထိုက်သူတော့ မဟုတ်ပါဘူးဗျာ။ ကားဆရာကို တစ်ခု တောင်းပန်ထားရဦးမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျနော့်ကို ဆရာလို့ မခေါ်ပါနဲ့လား ။ ကျနော့်နာမည်က ထက်နိုင် ၊ အွန်လိုင်းမှာတော့ ပီပီ(မန္တလေး)ဆိုတဲ့ အမည်နဲ့ စာရေးပါတယ်။” ကားဆရာက ဖော်ရွေသည် မှန်သော်လည်း ပွင့်လင်း၏။ ” အော် စိတ်မရှိပါနဲ့ဗျာ။ အဲ့ဒီနာမည်တော့ ကျနော် မဖတ်မိဘူး။ ကျနော်က တာတေတို့ မဖဲဝါတို့ အဖတ်များတယ်၊ ...

အထူးဂရုစိုက်တတ်ကြလေသည်။ ကိုပြည့်လည်းနွားများအား ဂရုတစိုက်အစာကျွေး၊ရေတိုက်နေသည့် အချိန်……… “ငပြည့်ရေ ငပြည့် ဟေ့ကောင်ငပြည့်” “ကျော်မောင်ပါလားဟဲ့ နင့်သူငယ်ချင်းငပြည့်က အိမ်နောက်မယ် နွားစာကျွေးနေတယ်ကွဲ့” “ဟုတ်အရီးမြရေ ဒါဆိုကျုပ်နောက်ဖေးလိုက်သွားလိုက် အုံးမယ်ဗျာ” “အေးအေး” ကိုကျော်မောင်လည်းအိမ်နောက်ဘေး သို့ဝင်လာခဲ့တော့သည်။ အိမ်နောက်ဘေးရောက်သည်နှင့် နွားများနှင့်အလုပ်ရှုပ်နေသော ကိုပြည့်အားမြင်တွေ့လိုက်ရသည်။ “ဟေ့ကောင်ငပြည့် အလုပ်ရှုပ်နေတာလားကွ ” “ဟာ ကျော်မောင် ငါ့ဆီလာလည်တာလားကွ ” “အေးဟုတ်တယ် သူငယ်ချင်း” “လာကွာ ဟိုပိတောက်ပင်အောက် သွားပြီးအေးဆေးစကားပြောကြတာ ပေါ့။ ကိုပြည့်နှင့်ကိုကျော်မောင်လည်း နွားတင်းကုတ်နှင့်မလှမ်းမကမ်းမှ ပိတောက်ပင်ကြီးအောက်သို့ ရောက်လာခဲ့ကြသည်။ “ထိုင်ကွာ သူငယ်ချင်း အကြမ်းရည်လေးလည်းသောက် ...

အိမ်ထဲသို့ဝင်လာခဲ့တော့သည်။ +++++++++++++++++++++++++ မြင့်ဌေးတွင် မိခင်ကြီး ဒေါ်သင်းခိုင်နှင့် စုပိုဟူသည့် ညီမတစ်ယောက်လည်း ရှိနေ ပါသေးသည်။ နှစ်ယောက်စလုံးကလည်း ဝမ်းရေးအတွက် လယ်ယာရှင်တွေထံတွင် နေ့စားခဖြင့် အလုပ်လုပ်နေကြရသည်။ ယခုမူ ကိုဗစ်ကာလဖြစ်သည်မို့ လယ်ယာထဲသို့သိပ်မဆင်းဖြစ်တော့ချေ။ သို့သော် မြင့်ဌေးပြန်ရောက်လာပြီး တက္ကစီမောင်း၍စုထားသည့်ငွေကြေးလေးတွေဖြင့် စတင်သုံးစွဲခွင့်ရနေပြီမို့ အနည်းငယ်တော့ပြေလည်နေပါသေးသည်။ ဒါလည်း ရောဂါပိုးက မည်မျှအထိကြာနေအုံးမည်ဆိုတာမသိရတော့ အနည်းငယ်တော့ စိုးရိမ်နေရသေးသည်။ ဒေါ်သင်းခိုင်စိုးရိမ်နေသည်ကိုသိတော့ မြင့်ဌေးက “အမေရာ ဘာမှစိုးရိမ်မနေစမ်းပါနဲ့။ညဘက်ကျွန်တော်တို့ ချိုး(ဂျိုး)ပစ်ရင် ပိုက်ဆံတွေရအုံးမှာပါ။ငွေကြေးအတွက်ပူမနေပါနဲ့”ဟု နှစ်သိမ့်သည်။ သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ သိန်းစိန်နှင့်ကျော်ဦးရောက်လာသည်။ ၎င်းတို့၏လက်ထဲတွင်လည်း လေးခွကိုယ်စီကိုယ်ဆောင်ထားသလိုလောက်စာလုံးများထည့်ထားသည့်လွယ်အိတ်ကိုလည်း ကိုယ်စီလွယ်ထားကြသည်။ ...

ဦးလေးခင်မြင့်ကိုသမီးကချစ်ပြီးသား” “ဒီကောင်မလေးတော်တော် စကားတတ်နေပါလားဟဲ့ ” “ဟီးဟီး” “ကဲကဲ ဦးလေးသွားပြီနော် သမီးပျင်းရင် ဦးလေးအိမ်ဘက် လာကစားလှည့်ပေါ့ကွယ်. “ဟုတ်ကဲ့ ဦး သမီးပျင်းရင် လာကစားလှည့်မယ်နော် ” “အေးအေး သမီး ဦးသွားပြီနော်” ဦးခင်မြင့်လည်း သုန်သုန်အား နှုတ်ဆက်ပြီးထွက်သွားလေသည်။ ဦးခင်မြင့်ကရပ်ကွက်ထဲ၌နေသော လူပျိုကြီးဘုရားတရားသမားကြီး တစ်ဦးပင်ဖြစ်သည်။ မသဇင်မေ၏သားနှင့်သမီးအား အလွန်ချစ်ခင်သူတစ်ယောက်ဖြစ်လေ သည်။ မနက်၁၁နာရီခန့် မသဇင်မေလည်း စျေးရောင်းရာမှပြန်လာခဲ့သည်။ “သမီးရေ သုန်သုန် အမေပြန်လာပြီ “ဟောတော် ဘယ်သူမှလည်းမရှိပါလား ဒီကလေးတွေဘယ်များသွားနေပါလိမ့်” မသဇင်မေလည်း စျေးတောင်အား ချပြီးအိမ်မှထွက်လာခဲ့သည်။ “မသိန်းရင် ...

ဘွားမယ်လှတို့ယာပေါ့ကွ” “အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ” “ဘာခြေရာတုံးကွ ကျောက်ခဲရ” “ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ ကျောက်ခဲရ” “ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။ ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့ တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ” “ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ” “ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့် ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့” “အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ” “သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။ မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ ...

တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။ သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ … ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။ ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ...

သူ့ကို တခြားသူတွေ အနိုင်ကျင့်ပြီး တခုခု ဖြစ်နေသလား ဒါမှ မဟုတ် ကျမကို ပဲ စိတ်ကုန်လို့ ထားသွားတာလား ကျမကတော့ နှစ်မျိုး လုံး စိတ်ပူနေရတယ် “     “ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ “     “အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ...

ဆန်စက်၊ဆီစက်ပိုင်ရှင်သူဌေးသူကြွယ်များဖြစ်ကြသည်။ ဇော်မိုးတွင်မွေးချင်းအစ်ကိုတယောက်၊အမတယောက်ရှိကာဇော်မိုးက အငယ်ဆုံးဖြစ်သည်။ ဇော်မိုးမိဘများမှာသားသမီးသုံးယောက်အိမ်ထောင်ကျသောအခါအမွေများကိုညီတူ၊ညီမျခွဲဝေပေးလာသည်။ သားသမီးသုံးယောက်တွင်ဇော်မိုးမှာ စီးပွားရေးအမြင်ရှိသူအဖြစ်အားလုံးသတ်မှတ်ချီးကျုးခံရသည်။ ရရှိလာသောအမွေများကိုအရင်းတည်ကာ မြေပဲဝယ်လှောင်၊စပါးဝယ်လှောင်ကာ ကိုယ်တိုင်ကြိတ်ခွဲပြီးကုန်သည်ပွဲစားများကိုရောင်းချရာ သူဝယ်လှောင်စဥ်စျေးထက်နှစ်ဆကျော်ခန့်အမြတ်ရပြီး စီးပွားရေးမှာတစ်နေ့တခြားတိုးတက်လာသည်။ သုံးလေးနှစ်ခန့်အတွင်း ကံဇာတာကလည်းကောင်း စည်းစနစ်ကျကျလည်းလုပ်ကိုင်တတ်သူမို့စီးပွားရေး တက်လာခြင်းဖြစ်သည်။ ဇော်မိုးဇနီးမယားအမည်မှာမေသူဟု အမည်ရပြီးသူတို့တွင်သားတယောက် သမီးတယောက်ရှိသည်။ ဇော်မိုးဇနီးမေသူမှာ မဲဇလီရွာသူမဟုတ်ပဲ ပဲခူးရိုးမတောင်ခြေအနီး ထန်းနှစ်ပင်ရွာသူတယောက်ဖြစ်သည်။ ဇော်မိုးမှာစီးပွားရေးလုပ်ငန်းကိုတိုးချဲ့ ရန်စဥ်းစားရာ ဇနီးမယားရွာတွင်စီးပွား ရေးလုပ်ငန်းတိုးချဲ့ရန်ကြံစည်စိတ်ကူး ရန်နေရာရှာရာ ဆီစက်၊ဆန်စက်တည်ထောင်သူမရှိသည့်ဇနီး​မယားရွာ ထန်းနှစ်ပင်တွင်တည်ထောင်ရန်စိတ်ကူးရှိနေသည်။ မေသူအမျိုးများကလည်းတရွာလုံး နီးပါးမို့ သူ့စီးပွားရေးကိုနှောင့်ယှက်ရန် ပြုမည့်သူအတွက်စိတ်ပူရန်မလိုသည့်အတွက်ပို၍အဆင်ပြေနေသည်။ ထို့ကြောင့် ထန်းနှစ်ပင်ရွာတွင်မြေနေရာတည်ရန်နေရာလိုက်ရှာရာ ကျယ်ဝန်းသောမြေနေရာတခုသွားတွေ့သည်။ စက်ရုံတည်ရန်၊ အလုပ်သမားတန်းလျားဆောက်ရန် ​၊ ကုန်ပစ္စည်းများ ...

မေးမြန်းခဲ့သော်လည်း ကလေးငယ်လေး၏မိဘများမှာ မည်သူမည်ဝါဟူ၍ မပေါ်ပေါက်ခဲ့ပေ။ ထို့ကြောင့် သားသမီးမထွန်းခဲ့သော် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သာလျင် ထိုကလေးငယ်လေးအား မွေးစားထားခဲ့ရပေတော့သည်။ မိမိတို့မှာမူ တစ်နေ့လုပ်မှ တစ်နေ့စားများဖြစ်သည်ကြောင့် မွေးစားထားခဲ့သော ကလေးလေးကိုပင် နို့မှုန့်ဟူ၍ မတိုက်ကျွေးနိုင်ပဲ၊ မိမိတို့မွေးမြူးထားခဲ့သည့် ဆိတ်မကြီးထံမှ ရရှိလာသော ဆိတ်နို့ကိုသာလျင် တိုက်ကျွေးနေခဲ့ရလေသည်။ “မငြိမ်း… ကလေးက ငိုလှချည်လားဟ။ နို့ရော တိုက်ရဲ့လား ဒီနေ့…။” “တိုက်ပါတယ်တော်…။ ရှင့်ကလေးက နို့ကုန်တာနဲ့ ငိုတော့တာပဲတော့… ကျွန်မလည်း အမျိုးမျိုးချော့တာပဲ ချော့လို့ကိုမရဘူး။’ “သွားပါဦးအေ… နို့ရှိသေးရင် နည်းနည်းလောက် နို့ဘူးထဲ ထည့်လာခဲ့ပါဦး။” ဦးကြွက်တစ်ယောက် ...

ဆွဲပြီးနှိပ်သွားတာဗျာ၊ ကျုပ်ဖြင့် အနှိပ်ခံလို့ကောင်းလို့ မျက်လုံးကလေးကိုစင်းနေတာပဲ၊ ဒီအချိန်မှာ အဖေက ကျုပ်ကိုကြည့်ပြီးတော့ မျက်စောင်းခဲပြတယ်ဗျ၊ သူလည်း တစ်လှည့်အနှိပ်ခံမယ်ပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်လည်း “ရပြီ၊ ရပြီ ဦးကြီး . . တော်လောက်ပြီ၊ ကျုပ်အဖေလည်း နှိပ်ပေးစမ်းပါဗျာ၊ ကျုပ်အဖေက ဒီရွာရဲ့သူကြီးဗျ၊ တစ်နေကုန်ရပ်အကျိုး ရွာအကျိုးတွေကို ဒီကွပ်ပျစ်ကနေ မနားတမ်းထမ်းဆောင်နေတာဆိုတော့ ညောင်းနေရောပေါ့ဗျာ” ကျုပ်စကားရှည်လိုက်တော့ အဖေကကျုပ်ကို မျက်စောင်းထိုးတယ်။ မောင်အေးကလည်း လူလည်ပါ၊ စကားပြောတာညက်တယ်။ “အို သူကြီးလား၊ သူကြီးမင်းအတွက်ဆိုရင်တော့ မောင်အေးတို့က စပါယ်ရှယ်ကို ပြုစုအုံးမှာ” မောင်အေးက ...