တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။
သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ …
ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။
ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။
ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ကျက်စားတဲ့ ငှက်လေးတွေကလည်း ကျွဲ ခလောက်သံ တတောက်တောက်ကို မှတ်ထားတြတယ်။
ကျွဲလာရင် သူတို့အတွက် အန္တာရာယ်မရှိဘူးဆိုတာလည်း အတွေ့အကြုံအရ သိနေကြတယ်။ဒါကြောင့် ကျွဲလာတာမြင်ရင်၊ ကျွဲခလောက်သံကြားရင်၊ အစား မပျက်၊ အအိပ်မပျက်ဘဲ၊ နောက်ဆုံးခေါင်းတောင် ထောင်မကြည့် တော့ဘူး …။
အဲဒီအချက်က ငှက်ရဲ့အားနည်းချက်ဖြစ်သွားတာပေါ့ …။နိုင်ကြီးက ငှက်ရဲ့အားနည်းချက်ကို အသုံးချပြီး ငှက်ဖမ်း နည်း ထွင်လိုက်တာလည်းဖြစ်တယ်။
နောက်က မသီက ကျွဲလာတဲ့ ပုံသဏ္ဌာန်နှင့် ကျွဲခလောက်ကို ကိုင်ပြီး လှုပ်လာတယ်။ရှေ့က နိုင်ကြီးက ဘက်ထရီအိုးနှင့်ဆက်ထားတဲ့နဖူးကမီးရောင်နှင့်ကြည့်။ တုတ်တုတ်တောင်မလှုပ်ဘဲ အိပ်တန်းတက်နေတဲ့ စာလေးတွေကို အသာလက်နှင့်ဖမ်းပြီး ပလိုင်းထဲထည့်လိုက်ရုံပဲ။ မပိုင်လား။ စာကလေးကို ဖမ်းလိုက်တာနှင့် ကျွမ်းကျင်နေတဲ့ နိုင်ကြီးရဲ့ လက်ညှိုးနှင့်လက်မက စာကလေးတွေရဲ့ ဦးခေါင်းကို ဖျစ်ပြီး ဇိဝိန်ချုပ်ပေးပြီးပြီ။ ဒီရာသီက စပါးတွေမှည့်တဲ့ ဆောင်းဦးရာသီ ဖြစ်လို့ စာကလေးငှက်တွေပဲရတယ်။
ဆောင်းနှောင်းရာသီကနေ မိုးဦးကျအထိဆိုရင် ပျံလွှားလေး တွေပဲ ရတတ်တယ်လေ။ညက တဖြည်းဖြည်း နက်လာတယ်။အမှောင်ကလည်း ပိုပြီး သိပ်သည်းလာသလိုပဲ။နိုင်ကြီးဘေးမှာ လွယ်ထားတဲ့ ပလိုင်းထဲမှာလည်း စာကလေး
တွေ တော်တော်များများ ရနေပြီ …။အဲဒီအချိန်မှာ နိုင်ကြီးတို့ လင်မယားဟာ ဆွဲကြိုးချကုန်းက သစ်ညိုပင်မောင်နှမရဲ့ အောက်ဖက် အမှောင်ရိပ်ကြီးထဲမှာ ရောက်နေ
ဆွဲကြိုးချကုန်း
ရွာက သမီးရည်းစားနှစ်ယောက် မိဘတွေ သဘောမတူလို့ ဆိုပြီး သစ်ညိုပင်မောင်နှမမှာ ဆွဲကြိုးချ သေခဲ့ကြလို့ ့ ဆွဲကြိုးချ ကုန်းလို့ နာမည်တွင်သွားတာ။
အဲဒီကတည်းက ဒီကုန်းရဲ့ အရှိန်အဝါ ကြီးမားသွားခဲ့တာ
အသဲငယ်တဲ့သူဆို နေ့ခင်းကြောင်တောင်တောင် မလာရဲ ကြဘူး။ .ကုန်းကိုရှောင်ကွင်းပြီး သွားကြတယ်။ ညဆိုရင်တော့ ဝေးရောပဲ။ သရဲခြောက်တယ်၊ တစ္ဆေခြောက်တယ် …။ လျှာကြီးတွေထွက်၊ မျက်လုံးကြီးတွေပြူးပြီးဆွဲကြိုးချရက်တန်းလန်းကြီးတွေနှင့် တွေ့ရတယ်ဆိုတဲ့ သတင်း စကားတွေကလည်းဆွဲကြိုးချကုန်းအနီးရောက်လာတဲ့ လူတွေကို ကြက်သီး မွှေးညှင်း ထစေခဲ့တယ် …။
ကျောချမ်း၊ ကြောက်လန့်စေခဲ့တယ် …၊ နိုင်ကြီးကတော့ တစ္ဆေမကြောက်၊ သရဲမကြောက်သူမို့ ဒီကုန်းပေါ်တက်လာခဲ့တာ …။
သူအရောက်အပေါက်နည်းတော့ သစ်ပင်၊ ခြုံပင် ထူထပ်မယ် …။
သစ်ပင်ခြုံပင် ထူထပ်ရင် အိပ်တန်းတက် ငှက်တွေ ပိုပေါ်သူတွေးမိတာက ဒီလောက်ပဲ။
ဒါပေမယ့် ဆွဲကြိုးချကုန်းက ဇာတိပြလာတယ်။ ကုန်းပေါ်စတက်တာနှင့် ပုပ်အဲ့အဲ့အနံ့ ပေးတော့တာပဲ။ သစ်ညိုပင်မောင်နှမအောက်ရောက်တော့ အပုပ်နံ့က ဟောင်စော်နေပြီ …။ မသီဆီက ကျွဲခလောက်သံ မကြားရတော့ဘူး။ သူ့ အနားအတင်းကပ်ပြီး လက်ကိုဆွဲလာတယ်။
မသီကြောက်နေပြီ။
ဒီတော့မှ နိုင်ကြီး သူမှားသွားပြီဆိုတာ သိလိုက်တယ်။ မသိရဲ့ လက်ကို တင်းတင်းကိုင်ပြီး ဆွဲကြိုးချကုန်းပေါ်ကနေ ဆင်းတယ် …။
ဆွဲကြိုးချကုန်းရဲ့ အောက်ခြေကိုရောက်တော့ တင်းကျပ်နေတဲ့ စိတ်တွေ နည်းနည်းလျော့သွားသလို ခံစားလိုက်ရတယ်။ ”
“မကြောက်နှင့်တော့၊ တို့ အိမ်ပြန်ရင်းနှင့် တွေ့ တဲ့စာလေး တွေပဲ ဖမ်းသွားတော့မယ်
နိုင်ကြီးက မသီကို အားပေးစကားပြောရင်း အလုပ်ပြန်စဖို့ သတိပေးလိုက်တယ်။
ကုန်းအောက်ရောက်လာပြီဆိုတော့ မသိလည်း ကြောက်စိတ်နည်းနည်း ပြေသွားတယ်။နှလုံးခုန်သံကတော့ မြန်နေတုန်း။
နိုင်ကြီး၊ နဗူးကမီးကို တည့်အောင်ပြုပြင်ပြီး ကိုင်းတောထဲ တိုးဝင်လိုက်တယ်။မသီကလည်း ကျွဲခလောက်ကြီးကို ကိုင်ပြီး တတောက် တောက် မြည်အောင်လှုပ်ပြီး လိုက်သွားတယ်။ဒါပေမယ့် တစ်ခုတော့ သူတို့ မသိလိုက်ဘူး။ အဲဒါကတော့ဆွဲကြိုးချကုန်းက တစ္ဆေကြီးနှစ်ကောင် သူတို့ နောက်ကနေ တပ်ပြီး ပါလာတယ်ဆိုတာပါပဲ …။
တစ္ဆေကြီးနှစ်ကောင်က မသီရဲ့ ကျောနောက် အမှောင်ထဲကနေကပ်ပြီး လိုက်လာတယ်။နိုင်ကြီး ဘာမှ မခံစားရပေမယ့်၊မသိစိတ်ထဲမှာ တုန်တုန်ယင်ယင်နှင့် တစ်မျိုးကြီး ဖြစ်နေတယ်။
ကြက်သီးတဖြန်းဖြန်းထပြီး ကျောမလုံသလို ခံစားနေရတယ်။ နောက်ဘက်အမှောင်ထဲလည်း လှည့်မကြည့်ရဲဘူး …။ ရှေ့ကသွားနေတဲ့ နိုင်ကြီးရဲ့ ကျောမဲမဲကိုပဲ မျက်ခြေမပြတ် ကြည့်လိုက်နေရတယ် …။
တစ်နေရာရောက်တော့ သူတို့ရှေ့မှာ ခြုံကြီးတစ်ရံ ခံနေတာ တွေ့ရတယ်။ နိုင်ကြီး ခြုံကိုတွေ့ပြီး ဆက်သွားတာ မသီတွေ့ တယ်။
သူလည်း ကွေ့ လိုက်မယ်အလုပ်မှာ ရုတ်တရက် ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားတယ်။မျက်စိစုံမှိတ်၊ နဖူးကိုလက်ထောက်ပြီး ခဏရပ်နေမိတယ်။ ခဏမှ တကယ့်ခဏ၊ မျက်တောင်တစ်ခတ်လောက်ပဲ ကြာတယ်။
ချက်ချင်း မျက်လုံးပြန်ဖွင့်ပြီး ရှေ့တ နိုင်ကြီးရဲ့ နောက်က်ုခပ်သွက်သွက်လိုက်ရတယ်။နိုင်ကြီးတတော့ မသီ ဘာဖြစ်တယ်ဆိုတာ သိပုံမရဘူး။ စာကလေးတွေကိုပဲ အာရုံစိုက်ပြီး ဖမ်းနေတယ်။ မသီကလည်း တာဝန်မပျက် ကျွဲခလောက်ကြီးလှုပ်၊ နောက်ကလိုက်နေဆဲကိုး …။
တစ်အောင့်နေတော့ မသိနှာခေါင်းထဲမှာ ပုပ်အဲ့အဲ့အနံ့ တစ်ခု ရလိုက်တယ်။ဆွဲကြိုးချကုန်းပေါ် အတက်မှာရတဲ့ အပုပ်နံ့မျိုး၊ မသီကြောချမ်းသွားတယ်။သူ့ယောက်ျားနှင့်နီးအောင် ရှေ့ကိုပိုပြီး တိုးကပ်လိုက်တယ်။ အဲဒီမှာ မသင်္ကာစရာတစ်ခုကို စတွေ့လိုက်ရတာပဲ။ မသိ ရင်တွေ ပန်းတွေတုန်သွားတယ်။ရှေ့က သွားနေတဲ့ သူ့ယောက်ျားရဲ့ ကိုယ်မှာ ဘက်ထရီ ထည့်ထားတဲ့ လွယ်အိတ်မရှိတော့ဘူး။
ပြီးတော့ စာကလေးတွေထည့်တဲ့ ပလိုင်းလည်းမပါဘူး။ သူရဲ့ရှေ့မှာ ဓာတ်မီးအလင်းရောင်လည်း မရှိဘူး။ ဒါပေမယ့် စာကလေးတွေကိုတော့ ဖမ်းနေတယ်။
သေချာကြည့်လိုက်တော့ .. ကျောကုန်းမှာ အမွှေးအမျှင် တွေနှင့် …။မသီလက်က ကျွဲခလောက်ကြီးအောက်ကို လွတ်ကျသွား တယ် …။
ရှေ့ကလူက နောက်ကိုစောင်းလှည့်ကြည့်လိုက်တယ်။
မသိငယ်သံပါအောင် အော်ပစ်လိုက်တယ်။အော်တာမှ စူးစူးဝါးဝါး မရပ်မနားဘဲ၊မျက်နှစ်လုံးက နီရဲနေတယ်။
စောင်းပြီးလှည့်ကြည့်လိုက်တဲ့ အကောင်ကြီးရဲ့ မျက်လုံး
ပုံပျက်ပန်းပျက် တွန့်ရှုံ့နေတဲ့ မျက်နှာကြီးနှင့် မသီကို စိမ်းစိမ်းဝါးဝါး ကြည့်နေတယ်။ကြီးမားတဲ့ ပါးစပ်ကြီးထဲက သွားရည်တွေ တများများ ထွက်ကျလို့မသိ သတိမေ့ပြီး မြေကြီးပေါ် ပုံလဲကျသွားတယ်။
နိုင်ကြီး၊ ကြောက်လန့် တကြားနှင့် စူးစူးဝါးဝါး အော်လိုက်သံကို ကြားလိုက်ရတယ် …၊ခြေတွေရော၊ လက်တွေရော တုန့်ခနဲဖြစ်သွားတယ် …၊ အော်သံက လေး/ငါးခါ ဆတ်တိုက်အော်ပြီး ပျောက်သွား တယ် …။
“မသီ၊ အသံနှင့်တူလိုက်တာ …၊ ဒါပေမယ့် မသိက ငါ့နောက်မှာ ရှိနေတာပဲ …” နိုင်ကြီးက စိုးရိမ်စိတ်နှင့် မသီကို လှည့်ကြည့်လိုက်တယ်။ သူ့နောက်မှာ ရှိနေတာက နီကြင့်ကြင့် အမွှေးအမျှင်တွေ ဖုံးနေတဲ့ တစ္ဆေကြီး။
ဆံပင်ဖားလျားတွေက ရှုပ်ရှုပ်ထွေးထွေး မျက်နှာပေါ်ကို ဖုံးအုပ်ထားတယ်ဟထားတဲ့ပါးစပ်ထဲက အစွယ်နှစ်ချောင်းကို လှစ်ခနဲမြင်လိုတ် ရတယ် …။သူကြည့်နေတုန်း ခဏမှာပဲ တစ္ဆေကောင်ကြီးရဲ့ အရပ်က တဖြေးဖြေး ရှည်ထွက်နေတယ်။
နိုင်ကြီးခါးက ငါးဆစ်တုတ်ဖြုတ်ပြီး၊ ရိုက်ဖို့ ဟန်အပြင်မှာ တစ္ဆေကောင်ကြီးက ဖျတ်ခနဲ ပျောက်သွားတယ်။နိုင်ကြီး မသီအတွက် အရမ်းစိတ်ပူသွားတယ်။
“မသီ
အဆက်မပြတ်အော်ခေါ်ရင်း စောစောက အသံကြားရာကို ပြေးလာခဲ့တယ်။တော်တော်ကြာကြာ ရှာမိတော့မှ ဆွဲကြိုးချကုန်းအတက်
နားမှာ သတိလစ် လဲကျနေတဲ့ မသီကို တွေ့ လိုက်ရတယ် …၊ ဘယ်လိုဖြစ်ပြီး မသိ ဆွဲကြိုးချကုန်းကို ပြန်ရောက်သွားရ တာလည်း …!
ဘယ်လိုဖြစ်ပြီး သူ့နောက်ကို လိုက်နေရင်းကလည်း၊ ပျောက် သွားရတာလည်းရုတ်တရက် သူစဉ်းစားလို့ မရဘူး။ စဉ်းစားဖို့ အချိန်လည်း မရဘူး။
မသီကို ပခုံးပေါ်ကောက်ထမ်းပြီး နိုင်ကြီး၊ ကိုင်းတောကြီးထဲ ကနေ အမြန်ဆုံးပြေးထွက်လာခဲ့တယ် …။
ငှက်ဖမ်းမုဆိုးရဲ့ နှုတ်ဖျားမှာ နှလုံးသားက စီးကျလာတဲ့ မေတ္တာစိုးရိမ်စိတ်တွေ တစ်လမ်းလုံး ဖိတ်စဉ်ကျသွားတယ်“ …
“မသီ ဘာမှ မဖြစ်ပါစေနှင့် မသီ ဘာမှ မဖြစ်ပါစေနှင့်
ခုတော့ ပျော်ပျော်ပါးပါးနှင့် ရယ်မောနိုင်ကြပါပြီ။ အဘဆရာရဲ့ ပညာအစွမ်းနှင့် မသီလည်း ပုံမှန်သိစိတ် ပြန်ရနေပြီ
သတိလည်စအချိန်က ပြူးတူးကြောင်တောင် ဖြစ်နေသေး ပေမယ့် ခုတော့ လူကောင်းပကတိ ပြန်ဖြစ်နေပြီပေါ့ …။ နိုင်ကြီးက အဘဆရာကို ဖြစ်ကြောင်းကုန်စင်အားလုံး ပြော ပြတယ် ….။
“ကံကြီးပေလို့ပေါ့ကွာ၊မသီကို စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ကလည် အစွမ်းရှိလို့ ပေါ့ကွာ
နို့မို့ဆို မသိ ဒုက္ခကြီးကြီးမားမား ကြုံတွေ့ နိုင်တယ်။ နိုင်ကြီး မင်းလည်း တော်တော်မိုက်တဲ့ကောင်ပဲ။ မိန်းမကိုခေါ်ပြီး ညကြီးမင်းကြီး ဆွဲကြိုးချကုန်းပေါ် သွားရ တယ်လို့ကွာ …၊
မင်းပြောတဲ့အတိုင်းဆိုရင် ဆွဲကြိုးချကုန်းက တစ္ဆေနှစ်ကောင် လိုက်လာပြီး မသိကို ခွဲထုတ်သွားတာကွ။ သူတို့ပိုင်နက်ဖြစ်တဲ့ ဆွဲကြိုးချကုန်းပေါ်က သစ်ညိုပင် မောင်နှမထိရောက်သွားရင်တော့ မသီကို အလောင်းပဲ တွေ့ တော့ မယ်၊
ရုပ်နှင့်ခန္ဓာတွဲလျက်တွေ့ဖို့ မဖြစ်နိုင်ဘူးကွ” အဘဆရာရဲ့ ပြောစကားကြောင့် နိုင်ကြီးရော၊ မသီရော၊ လူပမာသတင်းမေးလာသူတွေရော ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွား ကြတယ်။
အချို့ ကတော့ စုတ်တသပ်သပ်နှင့် “ကံကြီးပေလို့၊ ကံကြီး ပေလို့”နှင့် ရေရွတ်နေကြတယ်။ဆွဲကြိုးချကုန်းနှင့် သစ်ညိုပင်မောင်နှမက ` တစ္ဆေတွေရဲ့ အကြောင်းကလည်း သူတို့ ရွာလေးမှာ ကြက်သီးတထထနှင့် ပြောစရာစကားဖြစ်လာခဲ့ပါတယ် …။ : ဘာပဲဖြစ်ဖြစ် …
့ နိုင်ကြီးနှင့်မသီတို့ လင်မယား ငှက်ဖမ်းပုဆိုးအလုပ်ကို စွန့်လွှတ် လိုက်ကြတာကတော့ ..အဆိုးထဲက အကောင်းလို့ ပြောရတော့ မှာပါပဲ။
မောင်မှိုင်းညို့(ချောင်းဦး)
Leave a Reply