အမောပြေ ဆေးပေါ့လိပ်တွေ ဖွာကြတာပေါ့ဗျာ။ ဆေးလိပ်ဖွာရင်း အိမ်နဲ့ဝိုင်းကို အကဲခတ်ကြည့်နေကြတယ်။ “နို့ ဘယ်ကလှည့်ဝင်လာကြတာတုံး” ကျုပ်က မေးလိုက်တော့ သူတို့နှစ်ယောက် မျက်နှာကို ပြင်လိုက်ကြတယ်။ “ဘယ်ကမှ လှည့်ဝင်တာ မဟုတ်ဘူးဟေ့ မင်းဆီကိုပဲ တည့်တည့်လာခဲ့တာကွ တာတေရ” ဘာကိစ္စများရှိလိုပါလိမ့်လို့ ကျုပ် တွေးလိုက်မိတယ် “ဟုတ်လား ပြောပါဦး ကိုကြီးကျောက်နီရဲ့ ဘာကိစ္စများတုံး” ကိုကျောက်နီက မျက်မှောက်ကြီးကြုတ်လိုက်တယ် ကိုပေါ်လာကတော့ ခေါင်းတညိတ်ညိတ် လုပ်နေတယ်ဗျ။ “ဒီလို တာတေရေ။ ငါတို့ရွာမှာ ထူးထူးဆန်းဆန်းကလေးတွေ ဖြစ်နေတယ်ကွ” “ဟင် ဟုတ်လား ။ ဘာတွေဖြစ်လို့တုန်းဗျ။ကိုကြီးကျောက်နီရ။ ...
ကျုပ်တို့ကြောင် ကို မသင်းဝံ့ပါဘူးဗျာ။ “ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း” ” ဟဲ့ ဟဲ့ တာတေ၊ ဒါ ကြောင်မဟုတ် လောက်ဘူး၊ ကြောင်ထက် အပုံကြီး ကြီးတယ်” “ဟဲ့ ငွေစိန်၊ ကြောင်မဟုတ်ရင် ဆင် တွေ ဘာတွေလားမှ မသိတာ” “တော်စမ်း ကိုဥာဏ်၊ပေါက်ကရပြော ဖို့ပဲ သိတယ်၊ ရှင် မကြားဘူးလား အသံတွေ” “ကြားပါတယ် ငွေစိန်ရဲ့၊ ငါလည်း နားထောင်နေတာပါဟဲ့ “ “ဒေါင်၊ ဒေါင်၊ ဒေါင်၊ ...
တစ်မျိုး၊ မဖဲဝါ ကို ကြောက်ကြတာကတစ်မျိုးနဲ့ တစ် ရွာလုံး ငိုင်ပြီး ခပ်တိတ်တိတ်ကြီးကို ဖြစ်သွားတာဗျ။ တာတေတို့လို လူငယ်ပိုင်းကတော့ အိမ် လယ်ခန်းမှာ ဝါးအလောင်းစင်နဲ့ ပြင်ထား တဲ့ ကိုအောင်ချစ်အလောင်းကြီးကို ထိုင် ပြီး ကြည့်နေလို့ ကိစ္စက ပြီးမှာ မဟုတ် ဘူးလေဗျာ။ လက်သမား ခေါ်ရမယ်၊ ပျဉ်ပုတ်ဝယ်ရမယ်၊ ပျဉ်ပုတ်ဆိုတာ ခေါင်း စပ်တဲ့ ပျဉ်ကို ခေါ်တာလေဗျာ။ နေ့ချင်းချ မယ့် အသုဘဆိုရင် ခေါင်းကို ပုံမှန်စပ်လို့ ရပေမယ့် ရက်ထားမယ့် အသုဘဆိုရင် ...
ဟုတ်,မဟုတ်ဆိုတာ တော့ ကျုပ်သေသေချာချာ မသိဘူးပါဘူးဗျာ။ ဒါပေမဲ့ အဲဒီပညာကို ဆရာတော်က သင်ပေးတယ်ဆိုတာ တော့ မကြားမိပါဘူးဗျာ၊ ကျုပ်ကိုလည်း တစ်ခါမှ လုပ်ပြတာမျိုး မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်… “ထားခဲ့တော့ တာတေ၊ ရပြီ၊ ရပြီ” လို့ပြောပြီး ကျုပ်ကို ပြန်လွှတ်ပြီးမှ ဆရာတော်တစ်ပါးတည်း ခွဲတာဗျ။ ဘယ်သူမှ ကြည့်ရတာ မဟုတ်ဘူး။ ကျုပ်ရော ကျုပ်တို့ရွာသားတွေရောလွှတ်စည်းရှိတာဗျ။ ကျုပ်တို့ဆရာတော်က မမေးစေချင်ရင် ဘယ်သူမှ မကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆရာတော် ခေါ်ခိုင်းလို့ လိုက်သွားပြီးဖိုဆွဲပေးရတယ်။ တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့ သုံးလုံထိုးပေးခဲ့ရတယ်။ ...
လစ်ဟာသွားခဲ့တာလို့ဆိုရမယ်…. ကံဆိုးမှုတွေစတင်ခဲ့တဲ့အချိန်က မြင့်မြင့်စန်း ဈေးကနေခါတိုင်း ဈေးပတ်ချိန်မှ ပြန်လာနေကျကိုအဲ့နေ့ကျမှနေပြင်းလို့ထင်တယ် ခေါင်းထဲနည်းနည်းမူးသလိုဖြစ်နေတာနဲ့ ပြန်နေကျအချိန်မဟုတ်ဘဲ ဈေးသိမ်းလိုက်ပြီး ငါးခြင်းတောင်းလေးကိုသယ်ရင်း အိမ်အပြန်မှာ ဈေးဘယ်ဘက်အခြမ်းမှာ ဈေးထဲကထွက်ထွက်ခြင်း လမ်းကျဉ်းလေးတစ်ခုအရောက်…. ၊ လမ်းရှင်းနေတဲ့အချိန်မို့အရှိန်ခပ်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်ထွက်လာတဲ့ ဟိုင်းလက် ကားတစ်စီးနဲ့ ပစ်တိုက်မိသွားပါလေရော… ကားကအရှိန်နဲ့တိုက်လိုက်မိလို့ မြင့်မြင့်စန်း သတိလစ် ပစ်လဲကျသွားတုန်း ခုနကအရှိန်နဲ့မောင်းလာတဲ့ကားက မြင့်မြင့်စန်းကို တိုက်မိသည့်တိုင်အောင်အရှိန်ချက်ချင်းမသေသေးဘဲ လမ်းမပေါ်မှာ လွင့်စင်ပြီး ပစ်လဲသွားတဲ့ မြင့်မြင့်စန်းကိုယ်လုံးပေါ်ကိုတက်ကြိတ်သွားသေးတယ် ၊ အဲ့ဒီ့နောက်မှ ကားက ထိုးရပ်သွားတယ် …. “ ကျွီ……………..ဝုန်း………………. ” ...
အလှူလုပ်တာ သိတယ်မဟုတ်လား” “သိတယ်လေ သူ့မြေးရှင်ပြုပွဲလေ” “အဲ့ဒါ ဘာဖြစ်လို့လဲ” “အဲ့မှာ ဘာကျွေးလဲ” “ဝက်သားပုန်းရည်ကြီး၊ သနပ်ချဉ်သုပ်၊ မှန်ရောင်ဟင်းချို၊ ကြက်ကြော်လေ” “စားလို့ကောင်းချက်ကကွာ ဗိုက်ခွေးနမ်းပဲဟေ့” “မီးခိုးတိတ်လေကွာ မင်းတောင် အဲ့မှာ တဝကြိတ်ခဲ့တယ်မဟုတ်လား” “အေး အဲ့အလှူမှာပဲ ငါ ဒီရောဂါရလာတာ” “ဘယ်လို အဲ့အလှူမှာ ဟုတ်လား တို့တစ်ရွာလုံးစားတာပါကွာ မင်းတစ်ယောက်တည်းပဲ အဲ့ရောဂါရရသလားဟ” “မင်း မေးပုံကြီးကလည်း တို့တွေပါ ရောဂါရရမလိုဖြစ်နေပြီ” “သာတူညီမျှလေကွာ” “တော်ကြပါတော့ကွာ ရောဂါအရင်းအမြစ်ကို ငါပြောရမှာလား မပြောရဘူးလား။ တောက် ငါတော့ သေတောင်ကျွတ်မယ်မထင်တော့ဘူးကွာ။” ...
အမှားအယွင်းမရှိ အောင်မြင်ခဲ့သည်။ သူ၏ လက်စွဲကိရိယာ က တင်ဝါး၏ အကြောကို လွှာပြီး တဖက် ကို လွှာထားသည့်အတိုင်းထားသည်။ ဓားသွားကဲ့သို့ ထက်လှသည်။ ဗျက်ကနှီးတစ် ပြားသာသာရှိသည်။အရှည်က တစ်ထွာခန့် ရှိသော ဝါးဖြင့် လုပ်ထားသည့် ကိုယ်ဝန်ဖျက် ကိရိယာဖြစ်သည်။ တစ်ခုတော့ သူက ရှောင် သည်။ ပြုလုပ်ပြီးသော ကိရိယာကို ဆက် မသုံး အိမ်မှာပင် တင်းဝါးတစ်လုံးဝယ်ထား သည်။ တစ်ယောက်အပ်လျှင် ဝါးကြောကို ခွာပြီး ကိရိယာအသစ်လုပ်သည်။ ကိုယ်ဝန်ရှိသည် ဆိုသော အမျိုးသမီးအိမ်ထဲသို့ ထိုဝါးသေး ...
ကြိုတင်၍ လက်ခံသုံးစွဲထားခဲ့သည်ကြောင့် မိုးစွေရွာသားများအဘို့ သုံးစွဲထားခဲ့သည့်ငွေကိုကျေအောင်မတန်တဆ ဈေးနှိမ်၍ ဝယ်ယူနေသည့် ငွေရှင် ကိုကုလား၏ မျှစ်ချဉ်ဖိုးကို မနားမနေ ပေးဆပ် ထည့်သွင်းနေရပေ၏။ သက်ကယ်မိုးထားသည့် တဲပေါ်မှ ဟန်ရပန်ရထိုင်ပြီး လဖက်ရည်ကြမ်းကျကျကို ဇိမ်နှင့်သောက်နေသော ကိုကုလားသည် ဦးရွှေသီးတို့ မျှစ်သွင်းသူများကို တချက် လှမ်း၍ကြည့်လိုက်ပြီး… “ခင်ဗျားတို့ မျှစ်သွင်းတာ တခေါက်နဲ့ တခေါက် သိပ်ကြာလှချည့်ကလား။ ခပ်သွက်သွက်ပို့ကြမှပေါ့ဗျ” ဆီးကြို၍ အပြစ်တင်လိုက်သည်။ ဤတွင် ဦးရွှေသီးက … “ရွာနားနီးနီးမှာ မျှစ်တွေ မရှိဘူးဗျ။ ခပ်ဝေးဝေးထွက်ရှာပြီး ချောင်းရေမကျမီ အရောက်ပြန်လာခဲ့ရတာ ...
အိပ်ပြီးတော့ကို စောင့်တာတဲ့ဟေ့၊ညသန်းခေါင်ကျော်လောက်ရောက်တော့ မီးဖိုခန်းထဲက အိုးသံခွက်သံတွေကြား လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့” “ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊ အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင် မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့ ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊ ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ” “ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး” “ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ အိမ်သားတွေတင်မကဘူး၊ ...
ပြုံးပြုံးရယ်ရယ်ပဲကွ သူကြီးကိုနှုတ်ဆတ်တာ ပြီးတော့ ပြောသကွ ” သူကြီး ကြားဖူးလား ဒီထနောင်းကုန်းမှာ ကလေးတစ်ယောက် နွားကျောင်းရင် ပျောက်သွားတယ် ဆိုတာလေ” သူကြီးက မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ စဉ်းစားတယ် ကွ ပြီးတော့မှ…… “ကျုပ်အဘ သူကြီး ဦးဘိုးဆင် မသေခင်ကတော့တစ်ခါ ပြော ဖူးတယ်ဗျ။ သူနဲ့ကစားဖက် သူငယ်ချင်း မောင်ထိန်ဆိုတာ သူနဲ့ အသက်အတူတူတဲ့။ ဆယ်နှစ် ဆယ့်တစ်နှစ်သား လောက်ပဲ ရှိသေးတာတဲ့ တောစပ်မှာ နွားကျောင်းသွားရင်း ပျောက်သွားတာ ဘယ်မှကို အစရှာမရတော့ဘူးတဲ့” ” ...