ဖဲသမားအသုဘ

တစ်မျိုး၊ မဖဲဝါ
ကို ကြောက်ကြတာကတစ်မျိုးနဲ့ တစ်
ရွာလုံး ငိုင်ပြီး ခပ်တိတ်တိတ်ကြီးကို
ဖြစ်သွားတာဗျ။

တာတေတို့လို လူငယ်ပိုင်းကတော့ အိမ်
လယ်ခန်းမှာ ဝါးအလောင်းစင်နဲ့ ပြင်ထား
တဲ့ ကိုအောင်ချစ်အလောင်းကြီးကို ထိုင်
ပြီး ကြည့်နေလို့ ကိစ္စက ပြီးမှာ မဟုတ်
ဘူးလေဗျာ။ လက်သမား ခေါ်ရမယ်၊

ပျဉ်ပုတ်ဝယ်ရမယ်၊ ပျဉ်ပုတ်ဆိုတာ ခေါင်း
စပ်တဲ့ ပျဉ်ကို ခေါ်တာလေဗျာ။ နေ့ချင်းချ
မယ့် အသုဘဆိုရင် ခေါင်းကို ပုံမှန်စပ်လို့
ရပေမယ့် ရက်ထားမယ့် အသုဘဆိုရင်
ရွာပြင်ထုတ် ထားရမှာဆိုတော့ ခေါင်းကို
ခိုင်အောင် လုံအောင် စပ်ရမယ်ပေါ့ဗျာ။
ပြီးတော့ ရက်ထားမယ်ဆိုရင် ရွာပြင်မှာ
လေးတိုင်စင် ထိုးရမယ်။ ယာယီအမိုး
မိုးရမယ်ပေါ့ဗျာ။

ကိုအောင်ချစ်တို့ မိသားစုက ကိုအောင်
ချစ်အသုဘကို သုံးရက်ထားဖို့ ပြောတယ်
ဗျ။ ဒီတော့ ရွာပြင်မှာ ထုတ်ထားရမှာပေါ့
ဗျာ။ ကျုပ်တို့အညာဒေသက ပူတော့ ရွာ
ထဲမှာထားရင် အနံ့အသက်ထွက်မှာစိုးလို့
ရွာပြင်ထုတ်ရတာပေါ့ဗျာ။

ရွာအရှေ့ပိုင်းက လက်သမားဆရာ ဦး
လှကြည်ကို ကျုပ်ပဲ သွားခေါ်လာတာဗျ။
ပြီးတော့ သစ်ရောင်းတဲ့ ဘိုးမောင်သစ်ရဲ့
သစ်ဆိုင်မှာ ပျဉ်ပုတ်တစ်ခါတည်း ဝင်
ဝယ်ကြတယ်။ရွာက ကာလာသားတွေ
က ရွေဘော်ခုံကို ထမ်းတဲ့လူထမ်း၊ ပျဉ်
ပုတ်ထမ်းတဲ့လူထမ်း ဝိုင်းလုပ်ကြပါတယ်။

ပျဉ်ချပ်တွေ ဖြတ်တော့မယ်ဆိုတော့
လက်သမားဆရာ ဦးကြည်လှက ကျုပ်
ကို ပြောတယ်။

“ကဲ တာတေရေ ပျဉ်တွေ ဖြတ်ရအောင်၊
အလောင်းတွေ သွားတိုင်းကွာ”

ကျုပ်က ပေကြိုး ယူပြီး အလောင်းစင်
ပေါ်က ဆန့်ဆန့်ကြီးတောင့်နေတဲ့ ကို
အောင်ချစ်ရဲ့ အလောင်းကို ပေကြိုး
တိုင်းတယ်။ ငါးပေခုနှစ်လက်မ။ ပြီး
တော့ ပခုံးစွန်းနှစ်ဖက်ကို တိုင်းတယ်။

ကျုပ်တိုင်းထားတဲ့ အတိုင်းအတာတွေ
ကို ဦးကြည်လှကို ပြောလိုက်တယ်။ ဦး
ကြည်လှက ခေါင်းစပ်နေကျ လက်သ
မားဆိုတော့ အတိုင်းအတာကို ခန့်မှန်း
တယ်။ သုံးရက် ထားမှာဆိုတော့ ခေါင်း
ကို ဘယ်လောက်လုပ်ရမယ်ဆိုတာ သူ
သိတယ်ဗျ။

ကျုပ်တို့လူငယ်တွေက ဦးကြည်လှကို
ဝိုင်းပြီး ရွေဘော်ထိုးပေး၊ လွှဖြတ်ပေး
လုပ်ပေးကြတာပေါ့ဗျာ။ ခေါင်းတစ်လုံး
ကို သေသေချာချာ စပ်တော့လည်း အ
ကြာသားဗျ။ တစ်မနက်ကုန်ရော ဆိုပါ
တော့ဗျာ။ ခေါင်းစပ်ပြီးပြီဆိုတော့ အ
လောင်းကို ခေါင်းသွင်းဖို့ လုပ်ကြရတာ
ပေါ့လေ။ ကျုပ်တို့ စပ်ထားတဲ့ခေါင်းကို
မပြီး အိမ်ပေါ်ကို ယူလာကြတာပေါ့။
ကိုအောင်ချစ်ရဲ့အလောင်းဘေးမှာ
ခေါင်းကို ယှဉ်ပြီး ချလိုက်တယ်။

“မောင်လေး အောင်ချစ်ရေ၊ အစော
ကြီး ခွဲသွားပါရောလား”

ကိုအောင်ချစ်တို့က မောင်နှမသုံးယောက်
ဗျ။ အစ်မတစ်ယောက်၊ ညီတစ်ယောက်ရှိ
တယ်။ သူ့ညီက ကိုအောင်သစ်လေ။ သူ့
အစ်မက မစိန်တဲ့ဗျ။ ကိုအောင်ချစ်အစ်မ
က ခေါင်းသွင်းကာနီးမှာ အော်ငိုတော့
ကိုအောင်ချစ်ရဲ့ အမေလည်းငို။

သူတို့ ဆွေတွေ မျိုးတွေ၊ ကိုအောင်
ချစ်ကိုခင်တဲ့ ရွာထဲက လူတွေ ငိုကြ
တာ ကျွက်ကျွက်ကို ညံနေတာပေါ့ဗျာ။
သူတို့တွေအားရအောင် ငိုပါစေဆိုပြီး
ကျုပ်တို့လူငယ်တွေက ကိုအောင်ချစ်
ကို ခေါင်းမသွင်းသေးဘဲ ထားရသေး
တာဗျို့။ အားလုံး ငိုသံတွေ နည်းနည်း
စဲတော့မှ…

“ကဲ တာတေတို့ လုပ်ကြတော့၊ ခေါင်း
သွင်းတော့”

ဘိုးညီလေးက အိမ်ရှေ့ခန်းလူကြီးဝိုင်းက
နေလှမ်းပြောသဗျ။ ဒီမှာတင် ကျုပ်တို့လူ
ငယ်တွေ ကိုအောင်ချစ်အလောင်းကို ဝိုင်း
မပြီး ခေါင်းသွင်းကြတာပေါ့ဗျာ။

“ဟာ”

ကျုပ် အံ့သြပြီး ပါးစပ်က အော်လိုက်မိ
တယ်

“တာတေ၊ ဒါ ဘယ်လိုဖြစ်တာတုံး၊ မင်း
အတိုင်း မှားသလား”

ကျွက်စီ ကျွက်စီနဲ့ အသံတွေ ထွက်လာ
ရောဗျို့။

“ဟေ ဘာဖြစ်ကြလို့တုံး၊ တာတေ ဘာ
ဖြစ်တုံး”

ဘိုးညီလေးတို့ လူကြီးဝိုင်းက လှမ်းမေး
ကြပြီဗျို့။

“ခေါင်းသွင်းလို့ မရဘူး၊ ခြေထောက်ထွက်
နေတယ်၊ အတိုင်းမှားသွားပြီထင်တယ်”

ကျုပ်ပြောတာ မဟုတ်ဘူးဗျ။ လူကျော်
ပြောလိုက်တာ။

“ဟာ ဘယ်သူ တိုင်းတာတုံး၊ သေသေချာ
ချာ တိုင်းမှာပေါ့ကွ၊ ဒါမျိုးက လွဲလို့မရဘူး
လေ”

“ကျုပ် တိုင်းတာပါ ဘိုးရဲ့၊ မမှားပါဘူး”

ကျုပ်က ဘိုးညီလေးကို လှမ်းပြောတယ်

“ဒါဆိုရင် ကြည်လှ ခေါင်းပျဉ်ဖြတ်တာ
မှားသလားမှ မသိတာ”

“ဟာ ကျုပ်လည်း မမှားပါဘူး ဘိုးရဲ့၊
တာတေ တိုင်းတာ ငါးပေခုနှစ်လက်မ
ဆိုလို့ ကျုပ်က ခြောက်ပေအပြည့် စပ်
ထားတာပါ၊ ခေါင်းကို တိုင်းကြည့်လိုက်
လေ”

ဦးကြည်လှ ပြောလို့ ကျုပ်တို့က ကို
အောင်ချစ်ရဲ့အလောင်းကို အလောင်း
စင်ပေါ် ပြန်တင်ပြီး ခေါင်းကို တိုင်းကြည့်
တယ်။ ခေါင်းကို ဦးကြည်လှ စပ်ထားတာ
ခြောက်ပေအတိပဲဗျ။

“ဒါဆိုရင် အလောင်းကို ပြန်တိုင်းစမ်းကွာ”

ဘိုးညီလေးက စိတ်တိုတဲ့အသံနဲ့ ကျုပ်
တို့ကို လှမ်းပြောတာဗျို့။ ကျုပ်ကိုယ်တိုင်
အလောင်းကို တိုင်းလိုက်တယ်။

“ဟာ”

“ဟင် ဘာဖြစ်လို့တုံး တာတေ”

ကျုပ်ကို ဝိုင်းမေးကြတယ်ဗျ။

“အလောင်းက ခြောက်ပေခွဲတောင်
ရှိနေတယ်ဗျ”

“ဟာ ဒါဆို မင်းတိုင်းတာ မှားတာပေါ့”

“ဟာ မမှားပါဘူး ဘိုးရဲ့၊ စောစောက
ကျုပ် တိုင်းတာ ငါးပေခုနှစ်လက်မပါ၊
ဘိုး စဉ်းစားကြည့်လေဗျာ၊ ကိုအောင်
ချစ်အရပ်က ခြောက်ပေခွဲ ရှိပါ့မလား”

“ဟေ ဟုတ်သားပဲ၊အောင်ချစ် မပြောနဲ့၊
ဒီတိုင်းပြည်တစ်ပြည်လုံးမှာတောင် အ
ရပ်ခြောက်ပေခွဲရှိတဲ့လူ တစ်ယောက်မှ
မရှိဘူး”

“ဒါဆို ဘယ်လိုဖြစ်တာတုံး”

ကိုအောင်ချစ်ရဲ့ညီ ကိုအောင်သစ်က
ဝင်ပြီး မေးတယ်ဗျ။

“အလောင်းရှည်ထွက် လာတာဗျ”

“ဘာကွ၊ အလောင်းက ဘယ်လိုလုပ်ပြီး
ရှည်လာတာတုံး”

ကိုအောင်သစ်က နားမလည်တော့လို့
ထပ်မေးတာပေါ့ဗျာ။

“တစ်ခုခုတော့ ထူးနေတယ် ကိုအောင်
သစ်ရဲ့”

ကျုပ်က ပြောလိုက်တော့ လူကျော်က
ပြောတယ်ဗျ။

“ဒါဆိုရင် ခေါင်းတစ်လုံး ထပ်စပ်ကြ
တာပေါ့ဗျာ”

“ဟာ၊ ဟေ့ကောင် လူကျော်၊ ဘာနား
မလည် ညာနားမလည်နဲ့ ဘာတွေပြော
တာတုံး၊ ခေါင်းဆိုတာ ထပ်စပ်လို့ မရ
ဘူးကွ၊ ခေါင်းထပ်စပ်ရင် ရွာထဲမှာ အ
သုဘတွေ တန်းစီသွားလိမ့်မယ်”

“ဟာ ဟုတ်လား ဘိုး၊ ကျုပ်က မသိလို့
ပါဗျာ”

အားလုံး တစ်ယောက်မျက်နှာ တစ်
ယောက်ကြည့်ပြီး ဘာလုပ်ရမှန်း မသိ
ကြတော့ဘူးပေါ့ဗျာ။ တစ်ချို့ကတော့
ကြောက်ကုန်ကြတာပေါ့ဗျာ။

“ဒါဆိုရင်တော့ ဖျာနဲ့ပဲ လိပ်ပြီး ချရတော့
မှာပေါ့ဗျာ”

ကျုပ်သူငယ်ချင်း တိုးလှက ဝင်ပြောတာဗျ

“ဘာကွ တိုးလှ၊ ငါ့အစ်ကိုက ဖျာနဲ့ပတ်
ပြီး အသုဘချရမယ့်အစားလားကွာ၊ မင်း
စဉ်းစားလည်း ပြောပါတိုးလှရာ”

ကိုအောင်ချစ်ရဲ့ညီ ကိုအောင်သစ်က
ဝင်ပြောတာဗျို့။ စိတ်ဆိုးတဲ့အသံနဲ့ ပြော
တာဗျ။ တစ်ယောက် တစ်ပေါက်တွေ ဖြစ်
ကုန်တော့တာပေါ့ဗျာ။ကျုပ်တို့လည်း ဘာ
လုပ်ရမှန်း မသိ။ လူကြီးတွေလည်း ဘာ
လုပ်ရမှန်းမသိအောင် ဖြစ်ကုန်တော့တာ
ဗျို့။

ကျုပ်က ဘာမှ ဝင်မပြောဘဲ ကိုအောင်
ချစ် အလောင်းကို ကြည့်ပြီး စဉ်းစားနေ
တာဗျ။ အလောင်း ကြည့်နေတုန်း ကျုပ်
စိတ်ထဲမှာ သံသယ နည်းနည်း ဝင်လာ
တယ်ဗျို့။အလောင်းက စောစောကထက်
ပိုပြီး ရှည်နေတယ်လို့ ထင်လို့ ပေကြိုးကို
ကပျာကယာယူပြီး ကိုအောင်ချစ်အ
လောင်းကို ထပ်တိုင်းလိုက်တယ်။

“ဟာ”

ကျုပ်ပါးစပ်က ယောင်ပြီး အော်လိုက်
မိတာဗျ။

“တာတေ ဘာဖြစ်လို့တုံးကွ”

ဘိုးညီလေးက ကျုပ်ကို လှမ်းကြည့်ပြီး
မေးတယ်။

“ဘိုး ဘာမှ ပြောမနေနဲ့၊ အခု ချက်ချင်း
အသုဘချမှ ဖြစ်တော့မယ်”

“ဘာဖြစ်လို့တုံး တာတေရ”

“အလောင်းက ခုနှစ်ပေ ဖြစ်နေပြီ၊
တော်တော် ကြာရင် ဆယ်ပေလောက်
ဖြစ်သွားလိမ့်မယ်”

“ဟာ”

ဒီတော့မှ အကုန်လုံး လန့်ကုန်ကြတာ
ဗျာ။တစ်ခုခုတော့ ဖြစ်ပြီဆိုတာအားလုံး
သဘောပေါက်သွားပြီပေါ့ဗျာ။

“ဟေ့ ကြေးစည် မြန်မြန်သွားယူ၊ ဝါးဘိုး
လုံး ရှာကြစမ်း၊ ရွာထဲကလူတွေ မြန်မြန်
စုဟေ့၊ကျင်းတူးမယ့်လူတွေ ကြိုပြီး လွှတ်
လိုက်စမ်း၊စောစောက ငါပြောတဲ့ ထနောင်း
ပင်အောက်နားလေးမှာ တူးခိုင်းလိုက်”

ဘိုးညီလေး မတ်တတ်ထရပ်ပြီး ပုဆိုးတို
တိုဝတ်တော့တာပဲဗျို့။ အားလုံး ရုန်းရုန်း
ရုန်းရုန်းတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။အလောင်း
နားမှာ ကပ်နေတဲ့ လူတွေလည်း ထပြီးပြေး
ကြပြီဗျို့။ ကျုပ်တို့ရွာသားတွေက ညီကြပါ
ပေတယ်။

နာရီဝက်အတွင်းမှာ ကျုပ်တို့ ကိုအောင်
ချစ် အသုဘကို ချနိုင်တယ်ဗျ။ ဒါပေမဲ့
တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံကြီးနဲ့ပေါ့ဗျာ။
ကြေးစည်၊ ကန်တော့ပွဲ၊ ပြီးတော့ ကို
အောင်ချစ် အလောင်းနောက်က သူ့
အတွက် စပ်ထားတဲ့ ခေါင်းအခွံကြီးဗျ။

ကျုပ်တို့ ထနောင်းကုန်းသင်္ချိုင်းကို
ရောက်တော့ မြေကျင်းတူးတဲ့လူတွေ
က တူးတောင်ပြီးနေကြပြီ။ တော်သေး
တာပေါ့ဗျာ။ အိမ်မှာပဲ ဘုန်းကြီးပင့်ပြီး
သရဏဂုံတင်လာခဲ့ပေလို့ပေါ့။

“ဟေ ကျင်းတူးတဲ့ လူကျော်တို့အဖွဲ့
မင်းတို့ကျင်းက ဘယ်နှပေ တူးထား
တာတုံး”

ဘိုးညီလေးက မေးတာဗျ။ လူကျော်က
လက်ထဲက ပေါက်တူးကို ထနောင်းပင်
ကြီးမှာ မှီထောင်လိုက်ပြီးတော့ ပြော
တယ်ဗျ

“အရှည် ခုနှစ်ပေလေ ဘိုးရဲ့”

“အေး အေး ကဲ တာတေ အချိန်မဆွဲနဲ့
တော့ တစ်ခါတည်း သင်္ဂြု ိဟ်တော့”

ငိုသံတွေ ထွက်လာပြန်ပြီပေါ့ဗျာ။ မြေ
မြှုပ်တော့မှာကိုး။ အလောင်းက ဖျာနဲ့
သာပတ်လာပေမယ့် ခြေထောက်တွေ
က အပြင်ကို ထွက်လို့ပေါ့ဗျာ။ အရပ်
ခုနှစ်ပေကို ဖျာက ဘယ်လုံနိုင်ပါ့မလဲ၊
အားလုံးဝိုင်းမပြီး အလောင်းကို မြေချ
တယ်

“ဟာ ”

ကျုပ်ပါးစပ်က ယောင်ပြီး အော်မိပြန်
ပြီဗျို့။

“တာတေရေ ဘာဖြစ်ပြန်ပြီတုံး”

ကိုအောင်သစ်က စိုးရိမ်တဲ့ပုံစံနဲ့ ကျုပ်
ကို မေးပြီဗျို့။

“ကိုအောင်သစ်ရေ အလောင်းက ကျင်းနဲ့
မဆန့်ဘူးဗျ၊ ခြေထောက်ထည့်လို့ မရဘူး
ဖြစ်နေတယ်။ ကဲ လူကျော်ရေ အလောင်း
ကို ကျင်းဘေးမှာပဲ ချထားလိုက်တော့ကွာ”

ကျုပ်လက်ထဲမှာ ပါလာတဲ့ ပေကြိုးခွေနဲ့
အလောင်းကို ထပ်တိုင်းကြည့်တယ်။

“ဘိုးရေ အလောင်းက ရှစ်ပေတောင်
ရှည်နေပြီဗျ”

“ဟာ”

အသုဘ ပို့တဲ့လူတွေ အကုန်လုံး အံ့သြ
ကုန်ကြပြန်ရောပေါ့ဗျာ။

ဘိုးညီလေးက ကျုပ်ကို သူ့အနားခေါ်ပြီး
မေးတယ်ဗျ။

“တာတေ မင်းက အတွေ့အကြုံရှိတဲ့လူ
ပဲကွာ၊ ဒါ ဘယ်လို ဖြစ်တာလို့ ထင်သလဲ”

ကျုပ် သေသေချာချာ တွေးကြည့်ပြီး
သားပါဗျာ။ဒါ မဖဲဝါ မကျေနပ်တာဗျ။

“ဘိုး မဖဲဝါကို အမဲသား သုံးပိဿာကျွေး
မယ်လို့ ကိုအောင်ချစ် မသေခင်က ပြော
ခဲ့တာ၊ ကျုပ်ကို သက်သေထားပြီး ပြော
သွားတာ”

” ဟေ ဒါဆိုရင် ဘယ်လိုလုပ်မှာတုံး”

“တာတေ ဘန့်ဘွေးကုန်းကို လူလွှတ်
လိုက်၊ ဘန့်ဘွေးကုန်း အနောက်ပိုင်း
က ကျော်ထိန်တို့ဆီမှာ ဆုံသားရတယ်”

“ဟုတ်လား၊ ကဲ အောင်သစ် ငွေထုတ်
ပေးလိုက်၊ တစ်ယောက် မြန်မြန်လွှတ်စမ်း”

ကျုပ်တို့ရွာသားတွေကို ပြန်လွှတ်လိုက်ရ
တယ်။ ကိုအောင်ချစ် အလောင်းကြီးက
တော့ ဖျာကြီးနဲ့ ပတ်ပြီး မြေကျင်းဘေး
မှာ ဒီအတိုင်းကြီးပေါ့ဗျာ။

မှောင်လာတော့ ရွာက အောက်လမ်းဓါတ်
မီးတစ်လုံး လာထွန်းပေးတယ်။ တော်သေး
တာပေါ့ဗျာ။ အမဲသားသုံးပိဿာရလာတယ်
ရွာမှာ အားချင်း ချက်ကျပြုတ်ကြတယ်ဗျ။
ထမင်းက တစ်ပြည်ချက်။ ညကိုးနာရီထိုး
တော့ အမဲသားဟင်း နူးအိနေပြီ။

တိုးလှတို့အဖွဲ့က ထမင်းတောင်း ထမ်းလာ
တယ်။ ကျုပ်က ဘုန်းကြီးရဲ့မယ်တော်ကြီး
ကို ဖုတ်ထုတ်တုန်းက ဆရာကျော်လုပ်ကိုင်
သွားတာတွေ့လို့ မှတ်မိနေတော့ အဲဒီအ
တိုင်း လိုက်ပြီး လုပ်ရတာပေါ့ဗျာ။ ဂူကြီး
ကြီး တစ်လုံးပေါ်မှာ ငှက်ပျောဖက်ခင်းပြီး
ထမင်းပုံရတယ်။

ပြီးတော့ အပေါ်က အမဲသားသုံးပိဿာ
ကို အကုန်လောင်းထည့်လိုက်တယ်။ ဆ
ရာကျော်လုပ်သလို ကျုပ်က မဖဲဝါကို ပင့်
လိုက်တယ်။

မလှမ်းမကမ်းက ကျုပ်က စောင့်ကြည့်
နေတယ်။ ဟာ ထမင်းတွေရော ဟင်း
တွေရော ပြိုက်ကနဲ ပြိုက်ကနဲ ကုန်
သွားတာဗျို့။

“မဖဲဝါ ကိုအောင်ချစ်ရဲ့ မလိမ္မာမှုအ
တွက်ကျုပ်က တောင်းပန်ပါတယ်ဗျာ၊
ထနောင်းကုန်းရွာသားတွေ ကိုယ်စား
ကျုပ်က တောင်းပန်ပါတယ် မဖဲဝါ၊ ကို
အောင်ချစ် ကတိထားခဲ့တဲ့အတိုင်း အ
မဲသား သုံးပိဿာနဲ့ ထမင်းတစ်ပြည်
ချက်ကို ပင့်ဖိတ်ကျွေးမွေးတာပါဗျာ၊
ပျော်ပျော်ပါးပါး စားသောက်ပါ၊ ပြီးရင်
ကိုအောင်ချစ်ရဲ့အလောင်းကို ကျုပ်တို့
သင်္ဂြိုဟ်ခွင့်ပြုပါဗျာ။ မဖဲဝါပိုင်တဲ့ ဟော
ဒီမြေမှာ သင်္ဂြိုဟ်ခွင့်ပြုပါ”

ဟာ အမဲသား သုံးပိဿာရော ထမင်း
တွေရော အားလုံးပျောက်သွားပြီဗျို့။

“ကဲ ဖျာလိပ်ကြီး ဖြည်လိုက်စမ်းဗျာ၊
ကျုပ် ပေပြန်တိုင်း ကြည့်စမ်းမယ်”

ထနောင်းကုန်းရွာသားတွေက အလောင်း
ကို ပတ်ထားတဲ့ ဖျာလိပ်ကို ဖြည်ပေးကြ
တယ်။ ကျုပ်က ပေတိုင်းကြည့်တော့ အံ့
သြလိုက်တာဗျာ။

“ဟာ ငါးပေခုနှစ်လက်မဗျ၊ ပုံမှန်အတိုင်း
ပြန်ဖြစ်နေပြီဗျို့။ ဒါဆိုရင် ခေါင်းသွင်းလို့
ရပြီဗျ”

ကျုပ်တို့ ယူလာတဲ့ ခေါင်းထဲကို ကိုအောင်
ချစ်အလောင်ူ ထည့်လိုက်တယ်။ ချောင်
ချောင်ချိချိပါပဲဗျာ။ ခေါင်းကို အဖုံးဖုံးပြီး
သံရိုက်ပိတ်လိုက်တယ်။

ပြီးတော့ အလောင်းကို မြေချလိုက်တယ်
ကိစ္စအားလုံးပြီးတော့ ညဆယ့်တစ်နာရီ
တောင် ထိုးပြီဗျ။ ဒီတော့မှ ကိုအောင်ချစ်
ညီ ကိုအောင်သစ်ရော၊ သူ့မိသားစုတွေ၊
ဆွေမျိုး ညီအစ်ကို မောင်နှမတွေက စိတ်
ကျေနပ်သွားတော့တာပေါ့ဗျာ။

အဲဒီညကတော့ တာတေတို့ လူငယ်တွေ
ညသန်းခေါင်မှာမှ ရေချိုးကြရတာဗျ။

ကျုပ်တစ်သက်တော့ ဘယ်တော့မှ မမေ့
နိုင်တဲ့ မိတ်ဆွေကြီး ဖဲသမား ကိုအောင်
ချစ်ရဲ့ အသုဘပေါ့ဗျာ။

ပြီးပါပြီ