အမှားအယွင်းမရှိ
အောင်မြင်ခဲ့သည်။ သူ၏ လက်စွဲကိရိယာ
က တင်ဝါး၏ အကြောကို လွှာပြီး တဖက်
ကို လွှာထားသည့်အတိုင်းထားသည်။
ဓားသွားကဲ့သို့ ထက်လှသည်။ ဗျက်ကနှီးတစ်
ပြားသာသာရှိသည်။အရှည်က တစ်ထွာခန့်
ရှိသော ဝါးဖြင့် လုပ်ထားသည့် ကိုယ်ဝန်ဖျက်
ကိရိယာဖြစ်သည်။ တစ်ခုတော့ သူက ရှောင်
သည်။ ပြုလုပ်ပြီးသော ကိရိယာကို ဆက်
မသုံး အိမ်မှာပင် တင်းဝါးတစ်လုံးဝယ်ထား
သည်။
တစ်ယောက်အပ်လျှင် ဝါးကြောကို ခွာပြီး
ကိရိယာအသစ်လုပ်သည်။ ကိုယ်ဝန်ရှိသည်
ဆိုသော အမျိုးသမီးအိမ်ထဲသို့ ထိုဝါးသေး
သေးလေးကို ထည့်ပြီး သူတတ်ကျွမ်းနား
လည်သလို ထိုးမွှေသည်။
သူ့ကိရိယာလေးကို ထုတ်ပြီး ကြည့်လိုက်
သည်။ သွေးစလေးများ စိုပြီးကပ်နေလျှင်
သူ့လုပ်ငန်း အောင်မြင်ပြီဖြစ်သည်။ သူ့အ
လုပ်ကို သူစိတ်ချသည်။ စိတ်လှုပ်ရှားစရာ
မလို၊ လက်တုန်စရာမလို လက်ဆမှန်ကန်
စွာ လုပ်ကိုင်ခဲ့သည်။
သူ ထိုကဲ့သို့ လုပ်ကိုင်ပြီး တစ်ရက်နှစ်ရက်
အတွင်း သားလောင်းပျက်ကျသွားကာ
သူ၏လုပ်ငန်းလည်း ပြီးဆုံးခြင်းသို့ ရောက်
ခဲ့သည်။
သို့ကြောင့်ပင် မတင်အေးအား အမျိုးသမီး
အများစုက လက်မရွံ့တင်အေးဟု ကွယ်ရာ
မှ နာမည်ပေးထားကြသည်။ နောက်ပိုင်းကြ
တော့ သူတို့ပေးထားသော နာမည်ပြောင်ကို
သူကြားလာရသည်။
ထိုနာမည်ကိုပင် သူက ပြန်သဘောကျနေ
ခဲ့သည်။
တစ်ရက် လက်မရွံ့တင်အေးကို ရွာအနီး
ဂွေးချိုကုန်းရွာမှာ ပြဿာနာတစ်ခု ဖြစ်ပေါ်
နေသည်။
အပျိုမလေးတစ်ယောက် ကိုယ်ဝန်သုံးလခန့်
မှ လူကြီးများ သိပြီး ခေါင်းမီးတောက်နေကြ
သည်။ မဖုံးနိုင် မဖိနိုင်သည့် အခြေအနေ
ရောက်မှ လူကြီးများ သိသဖြင့် မည်သူနှင့်
ရသော ကိုယ်ဝန်လဲမေးရာ အဖြေလုံးဝမရခဲ့။
“ဟဲ့ ကောင်မ နင့်အကောင်က ဘယ်ကလဲ”
“မသိဘူး”
“မသိလို့ဖြစ်မလား။ နင်အခုလို ငြင်းတာ
နင့်အကောင်က တာဝန်မယူဘူးတဲ့လား”
ဘာအဖြေမှ မရခဲ့။
အစ်ကိုများကလည်း ဓားကြိမ်း ကြိမ်းသည်။
“ရှက်တယ်အမေရာ၊ အဲဒီကောင်မကို
အသေသာသတ်ပစ်လိုက်”
ဖခင်ကလည်း တောက်တခေါက်ခေါက်နှင့်
တုတ်စွဲ ဓားဆွဲဖြစ်နေသည်။ မိန်းကလေး
ကို မည်သို့မေးမေး အဖြေကမရ၊ အကြောက်
အကန်သာ ငြင်းနေသည်။
“နင် ဒီလိုငြင်းနေလို့ ဖြစ်မလား…နင့်ဗိုက်က
ဒီအတိုင်းနေမှာမဟုတ်ဘူး။ တစ်နေ့တခြား
ကြီးလာမှာ”
“ကျမ ဘယ်သူနဲ့မှ မဖြစ်ခဲ့ဘူး…ကျမရည်း
စားလည်း မရှိဘူး”
“တောက် ငါ သေသာ သေလိုက်ချင်တော့
တယ်။ ဟဲ့ လင်ကောင်မရှိဘဲ နင့်ဗိုက်က
ဘယ်လိုကြီးမှာလဲ ကဲဟယ် ကဲဟယ် ကဲ”
ဘုန်း…ဘုန်း…ဘုန်း….
“အမေ…ထုရိုက်မနေနဲ့ အသေသာသတ်ပစ်
လိုက်၊ ဘယ်သူနဲ့မှ မကြုံခဲ့ဘူးဆိုတာ မယုံ
ကြဘူး…ဟီး…ဟီး…ဟီး…ဟင့်…. ဟင့်…”
“ဟဲ့ကောင်မ…ငိုနေလို့ ပြီးမလား”
မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့က တစ်
ယောက်နှင့် တစ်ယောက် လက်ကုတ်ပြီး…
“ဟဲ့ မိကြည် နင့်သမီး ဒီလောက်ငြင်းနေရင်
အချိန်ဆိုင်းမနေနဲ့၊ ဟိုဘက်ရွာက လက်မရွံ့
တင်အေး လက်ထဲသာ အပ်လိုက်တော့”
“ဟုတ်တယ် အရှက်ရမယ့်အတူတူ အဲဒီ
ကလေး မကြီးလာခင် ဖျက်ချပစ်လိုက်
တာပဲ ကောင်းတယ်”
“ညည်း သမီးက သဘောတူပါ့မလား”
“အို သဘောတူတူ မတူတူ ဘယ်ကလေကဝနဲ့
ရခဲ့မှန်းမသိ ကျမကတော့ ဗိုက်အကြီးမခံနိုင်
ဘူး”
“အဲဒါဆို… ဘယ်လိုလုပ်မလဲ”
“အစ်မ သွားခေါ်လိုက်”
“မနက်ဖြန်…သူ့အစ်ကိုနဲ့ သူ့အဖေကို လယ်
ကွင်းထဲ လွှတ်လိုက်မယ်”
“အေး နင့်ဘက်က ကြိမ်းသေအောင် စီစဉ်
ထား ငါမနက်စာ စားပြီးတာနဲ့ လက်မရွံ့
တင်အေးတို့ ရွာကို သွားပြီး သူ့ကို ခေါ်
လာခဲ့မယ်”
xxxxxx
ဂွေးချိုကုန်းရွာရှိ ဒေါ်ကြည်အိမ်မှာ ယောက်ျား
သားများ ရှင်းနေသည်။ ဒေါ်ကြည်၏ညီမ
ဒေါ်သီက၊ ချောင်းကျိုးရွာမှ လက်မရွံ့တင်
အေးကို အိမ်သို့ ခေါ်လာခဲ့သည်။
လက်မရွံ့တင်အေးက မိန်းကလေးကို ကြည့်
ရှုစမ်းသပ်သည်။ ဗိုက်ကလေးက အပျိုဗိုက်
ပေမင့် သိသိသာသာလေး စူထွက်နေသည်။
“အင်း ဗိုက်ကတော့ အနည်းဆုံး သုံးလကျော်
ပြီ နည်းနည်းတော့ ခက်နိုင်တယ်။ ဒါပေမဲ့
မပူပါနဲ့ တင်အေးလက်က ပွဲတွေ့ပါ၊ အား
လုံးကျေနပ်စေရမယ်”
“မလုပ်ဘူး ကျမဘယ်သူနဲ့မှလည်း မဖြစ်ခဲ့ဘူး”
“ဟဲ့ ဒါ ရှက်စရာမဟုတ်ဘူး ဖြစ်ပြီးမှ
ရှက်မနေနဲ့”
“ဟိုသေနာက တာဝန်မယူမှတော့ ဘာအ
ကြောက်အကန် ငြင်းနေတာလဲ ဖျက်သာ
ချလိုက်…နောက်မှ နင့်ကို သင့်တော်တဲ့
ကောင်လေးတစ်ယောက်ရှာပြီး ပေးစား
မယ်၊ အဲဒီတော့မှ ငါ့သမီးတန်ဖိုးကို
အဲဒီနွား သိစေရမယ်”
“အမေတို့ မဟုတ်တာတွေ လျှောက်ပြောပြီး၊
မဟုတ်တာတွေ လိုက်လုပ်နေတာပဲ”
မိန်းကလေးက မော်လမြိုင်တက္ကသိုလ်မှာ
ပညာသင်နေသူဖြစ်သည်။ ကျောင်းပိတ်
၍ ပြန်လာစဉ် ဗိုက်ကို မိခင်က တွေ့သွား
သည်မှ ပြဿာနာစခဲ့ခြင်းဖြစ်သည်။
ရွာမှာမရှိခဲ့ခြင်းကြောင့် ရွာက၊ ကာလသား
များကို ထင်စရာမရှိ၊ လက်သည်တရားခံ
ပျောက်နေသည်။
“ကျမစာသွားသင်နေတာ ဘယ်ယောက်ျား
နဲ့မှ မနေခဲ့ဘူး။ ရည်းစားလည်း မရှိခဲ့ဘူး”
“ကဲ…အစ်မ လုပ်စရာရှိတာပဲ၊ လုပ်ကြရ
အောင် သူက အပျိုဆိုတော့ ဘယ်ဝန်ခံ
ပါ့မလဲ”
ကာယကံရှင်က အတင်းငြင်းသော်လည်း
ဖုံးဖိမရအောင် စူထွက်နေပြီဖြစ်သည့်
ကိုယ်ဝန်ကို ဖျက်ချရန် ခြေလက်များ
ဝိုင်းချုပ်ပေးကာ လက်မရွံ့တင်အေး
လုပ်ငန်းစပါတော့သည်။
ကလေးမက နာ၍ အော်ငိုသည်။ ခဏကြာ
တော့ လက်မရွံ့တင်အေး သူကရိယာကို
ထုတ်လိုက်ကာ စစ်ဆေးလိုက်သည်။
“ပြီးပြီအစ်မ တစ်ရက်နှစ်ရက် နေရင် မိမွေး
တိုင်း ဖမွေးတိုင်း ပြန်ဖြစ်ပြီး မှတ်လိုက်တော့”
မိန်းကလေးကတော့ နာ၍ အော်ငိုသည်။
“ဒီလိုပဲအစ်မ ခဏတော့နာတယ် နောက်ပိုင်း
သူဟာသူ ကြွေပြီး ကျသွားလိမ့်မယ်
စိတ်မပူကြနဲ့”
သို့ဖြင့် လက်မရွံ့တင်အေးကို ဆောင်ရွက်
ခ မြိုးမြိုးမြက်မြက် ပေးပြီး ပြန်လွှတ်
လိုက်သည်။
သို့ပေမဲ့ ကာယကံရှင် မိန်းကလေးကတော့
နာ၍ လူးလှိမ့်နေသည်။ မိန်းမကိုယ်က
သွေးများ စို့ထွက်နေသည်။
မခံမရပ်နိုင်အောင် နာကျင်လွန်းနေသဖြင့်
ရွာမှနေ၍ ညတွင်းချင်း လှည်းမောင်းကာ
မြို့ဆေးရုံသို့ ပို့လိုက်ရတော့သည်။
မြို့ဆေးရုံရောက်၍ ဆရာဝန်များ အရေး
ပေါ် စစ်ဆေးကြသည်။ ထိုအခါမှ သုံးလ
ဆိုသော ကိုယ်ဝန်၏ လက်သည်ပေါ်သွား
တော့သည်။
မိန်းကလေးမှာ ရေဖျဉ်းရောဂါဖြစ်နေသည့်
တဲ့ ရေဖျဉ်းရောဂါကြောင့် ဗိုက်ကြီးဖောင်း
လာရကြောင်း ရှင်းပြသည်။ ထိုအခါ သူတို့
က အပျိုမိန်းကလေး ဗိုက်ကြီးသည်ထင်၍
မေးစရာ ကာယကံရှင် ယောက်ျားလေး
ဘယ်သူဆိုသည်ကို မပြောခြင်းကြောင့်
အရှက်ရမှာ စိုးသည့်အတွက် ကိုယ်ဝန်ပျက်
ကျအောင် လုပ်ခဲ့မိခြင်းဟု ဝန်ခံကြသည်။
ဆရာဝန်က လူနာအသက်မထိခိုက်သေး၊
အချိန်မီ ကုသနိုင်ခြင်းကြောင့် ပြဿနာ
အကျယ်မချဲ့တော့။
အကယ်၍ သားအိမ်ထုတ်ပစ်ရခြင်း လူနာ
အသက် အန္တရယ်ကြုံတွေ့ရပါက ဖျက်ချ
သူရော ကြံရာပါများ အားလုံး လူသတ်မှု
နှင့် တရားစွဲဆိုခံရမည့်အကြောင်း ဆရာ
ဝန်မက ရှင်းပြပါသည်။
နောက်ကို ကိုယ်ဝန်ဖျက်ချခြင်း မလုပ်ရန်
လည်း အသေအချာ ရှင်းပြသည်။ ဆရာ
ဝန်မ သဘောကောင်းလွန်း၍ တရားစွဲ
မခံရခြင်းဖြစ်ပါသည်။
မေးခိုင်းပိုးဝင်လျှင် ဆေးကုမရဘဲ အသက်
ဆုံးရှုံးနိုင်ကြောင်းလည်း ရှင်းပြခဲ့သေးသည်။
သွေးထွက်လောက်အောင် ဒဏ်ရာရခဲ့
သော သားအိမ်အနာကျက်ရန် ဆေးထိုး
ဆေးတိုက်ပြီး စားဆေးများလည်း
ပေးပါသည်။
ရေဖျဉ်းရောဂါနှင့် သားအိမ်ဒဏ်ရာ ကုသရန်
ဆေးရုံမှာတင် ထားခဲ့ရမည်ဆို၍ မိန်းကလေး
အား ဆေးရုံတင်လိုက်ရတော့သည်။
ထိုအခါမှပင် သမီးဖြစ်သူက ရည်းစား
မရှိပါ။ မည်သူ့နှင့်မှ မဖြစ်ပါဟု အမှန်ပြော
သည်ကိုပင် မယုံကြည်ဘဲ လူသတ်သမား
လက်ဝတွင်း အပ်ခဲ့သော မိမိတို့အပြစ်ကို
မိမိတို့တွေးပြီး စိတ်မကောင်းဖြစ်ကြသည်။
နောက်ကို သားဖျက်ချခြင်း အလုပ်ကိုလည်း
အားမပေးတော့။ သူများကိုလည်း မလုပ်ကြ
ရန် ပြောမည်ဟု သမီးရဲ့ အဖြစ်ကို တွေ့ပြီး
ဒေါ်ကြည် ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်
တော့သည်။
xxxxx
လက်မရွံ့တင်အေးတစ်ယောက် ဂွေးချိုကုန်း
ရွာက ပြဿနာကို ကြားပြီး ကလေးဖျက်ချ
ခြင်းကို လက်လွှတ်စပယ် လိုက်မလုပ်တော့။
သို့ဖြင့် ရက်အတန်ကြာနေလာခဲ့ရာမှ၊ သူ့မှာ
မထင်မှတ်ဘဲ ကိုယ်ဝန်ရလာသည်။
ကိုယ်ဝန်လွယ်ထားရကြောင်း တစ်လကျော်
ကြာမှ ရိပ်မိလိုက်သည်။ ထိုအခါ မည်သူ့ကို
မှ လက်စွမ်းမပြရဘဲ ကိုယ်ဗိုက်ထဲက ကလေး
ကို ကိုယ်ပိုင်လက်စွမ်းပြရတော့မည်။
မည်သူကမှ ကန့်ကွက်စရာမရှိ၊ ယောက်ျား
ဖြစ်သူကတော့ ကန့်ကွက်သည်။ ဒါပေမဲ့
ယောက်ျားကန့်ကွက်သည့်ကြားမှ ကလေး
ဖျက်ချခြင်းကို ထမင်းစားရေသောက်လောက်
မခက်ဟု သဘောထားသော မတင်အေး
ယောက်ျားမသိခင် ဖျက်ချမည်ဟု ဆုံးဖြတ်
ထားသည်။
ကိုယ်ဝန်က တစ်လကျော်ကျော်သာရှိသေး
သဖြင့် နှစ်လခန့်အနေအထားရောက်ရန်
ခဏစောင့်နေသည်။
တစ်ညအိပ်မောကျနေစဉ် ဆံပင်ဖားလျားချ
ထမီအက်ျီအဝါရောင် ဝမ်းဆက်ဝတ်ထား
သော မျက်နှာခပ်ကြမ်းကြမ်း အမျိုးသမီး
တစ်ယောက်က သူ့ကို အိပ်ရာမှ ထရန်
လာနှိုးသည်။
“ဟဲ့ မိတင်အေး ထစမ်း”
“ဟာ…အိပ်လို့ကောင်းမှ အနှောင့်အယှက်က
ရောက်လာရသေးတယ်”
“ဟဲ့ကောင်မ ထစမ်း၊ မျက်လုံးဖွင့်ကြည့်စမ်း
နင်ငါ့ကိုသိလား”
“မသိဘူး…ဘယ်သူလဲ”
“နင်…မသိရင်… သေသေချာချာ မှတ်ထား၊
ငါသခ်ျိုင်းတွေကို စောင့်တဲ့ မဖဲဝါပဲ”
“ရှင်…ရှင်… ရှင်…မဖဲဝါ”
“ငါ့နာမည် ကြားဖူးလား”
“ဟုတ်ကဲ့ ကြားဖူးပါတယ်”
“ငါ အခု နင့်ဆီကို ဘာကြောင့် လာခဲ့လဲ
သိလား”
“မ…မသိပါဘူး”
“ဒီတစ်ခါတော့ နင့်အလှည့်ပဲ နင့်အတွက်
ငါ့သခ်ျိုင်းမှာ မြေတစ်နေရာ ချန်ထားတယ်”
“ရှင်….ရှင်….ကျမ ဘာအမှားလုပ်မိလို့လဲ”
“နင့်အမှားတွေ လုပ်နေတယ်ဆိုတာ မသိ
ဘူးလား၊ နင်လုပ်ခဲ့တာ မနည်းဘူးဆိုတာ
ရော မသိဘူးလား”
“မသိလို့ပါ”
“နင့်ရဲ့ရွာရော ဟို ဂွေးချိုကုန်းရွာရော၊ ရွာ
နီးနားပါမကျန် ကလေးတွေကို သတ်ပစ်နေ
တာ မဟုတ်လား”
“ဟုတ်…ဟုတ်ပါတယ်၊ သူ…သူတို့က
ခိုင်းလို့ပါ”
“သူတို့ခိုင်းပေမယ့် လုပ်ပေးတဲ့သူက
ပိုအပြစ်ကြီးတယ်၊ ဒါကြောင့် နင့်မှာ
အကုသိုလ်တွေ များနေပြီ။ အခု နင်
ထပ်ပြီး ကြံစည်နေပြန်ပြီ မဟုတ်လား”
“ဟို…ဟို…ဘာမှ မကြံစည်ပါဘူး”
“နင့်ဗိုက်ထဲက ကိုယ်ဝန် နှစ်လပြည့်ရင်
ဖျက်ချမလို့ မဟုတ်လား”
“ဟုတ်…ဟုတ်…ဟုတ်ပါတယ် ကြံမိပါတယ်”
“အေး…ဒီတစ်ခါ ကလေးကို ဖျက်ချလို့
ကလေးသေရင် နင့်ကိုပါ ကလေးနဲ့အတူ
သေအောင် ငါလုပ်ပစ်မယ် ပြီးတော့
ငါ့သခ်ျိုင်းထဲ ခေါ်သွားပြီး မြှုပ်ပစ်မယ်
နင့်ရဲ့ခန္ဓာကိုယ်ကို ငါ့သခ်ျိုင်းမှာထားပြီး
နင့်ရဲ့ဝိညာဉ်ကို အဝီစိငရဲသွားဖို့ ငါတစ်
ခါတည်း ပို့လိုက်မယ်”
“ကြောက်…ကြောက်ပါပြီ နောက်ကို ကိုယ်
ဝန်တွေကို မဖျက်ချပေးတော့ပါဘူး၊ ကျမ
ရဲ့ကိုယ်ဝန်ကိုလည်း မဖျက်ချတော့ပါဘူး”
“အေး…နင့်မိုက်ပစ်အတွက် နင်ခံရမှာပဲ။
အခုကြီးထွားလာမယ့် ကိုယ်ဝန်ကို မသတ်
ဘူးဆိုရင် နင့်ရဲ့အသက်ကို ဆက်ရှင်ခွင့်
ပေးလိုက်မယ်။ ငါ့စကား နားမထောင်ဘဲ
နင့်ကလေးကို ဖျက်ချတဲ့နေ့ဟာ နင်သေ
တဲ့နေ့ပဲ”
“ကြောက်… ကြောက်ပါပြီ၊ နောက်ကို
ဘယ်ကလေးမှ မဖျက်တော့ပါဘူး”
ထိုသို့ကတိပေးလိုက်မှ အိပ်မက်ထဲက
မဖဲဝါလည်း ပျောက်ကွယ်သွားသည်။
အိပ်မက်ထဲ မဖဲဝါ လာရောက် ခြိမ်းခြောက်
ပြောဆိုသွားပြီးနောက် ကိုယ်ဝန်ဖျက်ချရန်
လုံးဝမစဉ်းစားရဲတော့ဘဲ၊ ကိုယ်ဝန်ရင့်သည်
အထိ လွယ်ထားခဲ့သည်။
ထိုအခါ ရပ်ကွက်အတွင်း အမျိုးသမီးများ
က လက်မရွံ့တင်အေးအား တွေ့သည်နှင့်…
“ဘယ်လိုလဲ မိတင်အေးတို့ ထူးထူးခြားခြား
ကိုယ်ဝန်ကြီးနဲ့ပါလား”
“မွေးရတော့မယ် ဒေါ်လေးရေ၊ မွေးမှ ဖြစ်
တော့မယ်…ကလေးဖျက်ချမယ်ဆိုတဲ့ အ
ပြုအမူကို စိတ်နဲ့တောင် မပြစ်မှားဝံ့တော့
ပါဘူး”
“ဘယ်လိုများ ဖြစ်သွားရတာလဲကွယ်”
“ပြော…ပြောချင်တော့ပါဘူး ဒေါ်လေးရယ်
မပြောချင်ပေမယ့် ပြောရဦးမယ်”
လက်မရွံတင်အေးလည်း အသိအဒေါ်
ကြီး ဒေါ်အုံးစိန်အား မဖဲဝါ လာကြိမ်း
မောင်း ပြောဆိုသွားသည့်အကြောင်း
ရှင်းပြလိုက်သည်။
“အေး…နင့်လိုကောင်မကို ငါတို့ထိန်းချုပ်
လို့ မလွယ်နိုင်လို့ မဖဲဝါကိုယ်တိုင်လာပြီး
နှိပ်ကွပ်ရတာ…ဒါဆို…နင့်ကလေးက မဖဲ
ဝါပေးတဲ့အသက်ပဲရှိတော့တာပေါ့”
“နောက်ကို အဲဒီကလေးဖျက်ချတဲ့ အလုပ်
တွေ စိတ်ကုန်သွားပါပြီ၊ ဒီတစ်ခါသေရမယ့်
အလှည့်က ကျမတဲ့ ဒေါ်လေးရယ်၊ ပြော
ရင်း ကြက်သီးတောင် ထလာပြီ”
“အေး…အေး…ကလေးကိုလည်း ဂရုစိုက်ဦး
တော်ကြာ ကလေးတစ်ခုခုဖြစ်ရင် မဖဲဝါ
နင့်ကို အထင်မှားဦးမယ်”
“အခုမှ ကျမအတွက် အသွားကြပ်၊ အ
နေကြပ်၊ အစားကြပ် ဖြစ်နေရပြီ”
“နင့်ကိုနိုင်တဲ့ လူလည်း ရှိဦးမှ၊ ငါတောင်
မဖဲဝါကို ကျေးဇူးတင်ချင်နေပြီ”
သို့ဖြင့် မိတင်အေးတစ်ယောက် ကိုယ်ဝန်
မွေးဖွားရန် ရက်သို့ ရောက်သောအခါ
သားယောက်ျားလေးတစ်ယောက်ကို
လျောလျောရှုရှု မွေးနိုင်ခဲ့ပါသည်။
သူ့စိတ်ထဲမှာ သားလေး၏ မျက်နှာချိုချို
လေး မြင်လိုက်တိုင်း သားလေးအခုလို
လူဖြစ်လာရတာ အမေမဖဲဝါ ကျေးဇူး
မကင်းဘူးဟု တွေးမိခဲ့ရသလို နှုတ်က
လည်း….
ကျေးဇူးတင်လိုက်တာ မဖဲဝါရယ်ဟု
အခါခါ ပြောနေမိပါတော့သည်။
xxxxx
မူရင်းရေးသူ ဆရာ ဧကန်မင်း
credit
အငြိုးမပြေတဲ့တစ္ဆေနဲ့ မဖဲဝါ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
ပြီးပါပြီ
Leave a Reply