ကလည်းဟိုမယ်လေ ပိုက်ဆံတွေ” “ဟာဒါကဘုရားအတွက် အလှူခံထားတဲ့ပိုက်ဆံတွေ ဘဘယူလို့မရဘူးသားရဲ့ ငရဲကြီးမှာပေါ့” “ဘဘကလည်းလုပ်ပါ သားစားချင်လို့ပါ လုပ်ပါနော် ဘဘ လုပ်ပါ” ဦးသာလှလည်းအလှူခံဖလား ထဲမှ၂၀၀တန်တစ်ရွက်အား ယူလိုက်သည်။ “အင်း…ဒီငွေ၂၀၀ကို ငါနောက်မှပြန်ထည့်လိုက်လည်းရတာပဲ၊ ငါ့မြေးကအခုရေခဲချောင်း တအားစားချင်နေတာဆိုတော့ ငါဝယ်ကျွေးလိုက်တာပဲ ကောင်းပါတယ်လေ။ ငါမဟုတ်တာလုပ်တာမှမဟုတ်ပဲ ပြီးရင်ဒီငွေ၂၀၀ကိုပြန်ထည့်လိုက်လည်း ဖြစ်တာပဲ” ဦးသာလှလည်းသူ့အတွေးနှင့်သူ တွေးတောပြီးမြေးဖြစ်သူခန့်ခန့်အား ငွေ၂၀၀ပေးလိုက်သည်။ “ရော့ ငါ့မြေးဟောဒီမှာ၂၀၀ ကျေနပ်တော့နော်မြေး” “ဟုတ်ဘဘ” “အေးသွားဝယ်ချေ သွားသွား ...
ကျောင်းဆောင်ပေါ် သို့ တက်သွားလေသည်။ ကျောင်းကြီးသည် ရှုပ်ပွနေလေ၏။လွန်ခဲ့သောအချိန်များ က တည်းကပင် မလှည်းမကျင်းပဲ ထားဟန်ရှိ၏။ဖုန်များ အတော်ပင် ထူထပ်နေလေသည်။ဆရာတော်သည် ထန်းပက်လက် ကုလားထိုင်လေးတွင် ထိုင်နေလေသည်။ဆရာတော်သည်လည်း အတော်ပင် စိတ်ညစ်နေဟန်ရှိ၏။ထို့နောက် ဦးဖိုးဝေတို့အား မျက်လုံးလှန်ကြည့်လိုက်ကာ အံ့ဩနေသည့်ဟန်နှင့် မိန့်တော်မူလေသည်။ “ဘယ်သူတွေများလဲ ဒီကိုလာခဲ့ပါ “ “အရှင်ဘုရား တပည့်တော် ဖိုးဝေပါ ဘုရား “ “ဖိုးဝေ ဟုတ်လား ကြားဖူးသလိုပဲ “ “လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က ဒီမှာ ...
” ထိုသို့ပြောလိုက်တော့မောင်စိုးက “အေးဗျာနွားခြေရာတွေနောက်လိုက်သွားရင် တနေရာရာမှာတော့တွေ့မှာပဲ” နှစ်ယောက်သားတိုင်ပင်လိုက်ကြပြီး နွားနှစ်ကောင်ကို လွှတ်ထားခဲ့သည့် တဲ့နောက်ဘက်အိုင့်လေးထဲသို့ဆင်းလာခဲ့တော့သည်။ ဒီလိုနဲ့သူတို့နှစ်ေယာက် အိုင့်ထဲကနေ ဖြည်းဖြည်းချင်းနွားခြေရာများကိုဟိုဟိုဒီဒီကြည့်ရင်းလာခဲ့ရာ တနေရာအရောက်မှာတော့ လယ်လျှိုအတိုင်းအောက်ဘက်ကိုဆင်းသွားသည့်နွားခြေရာမျာကိုတွေ့လိုက်ရသည်။ “ဒီကောင်တွေ လျှိုအောက်ဘက်ကို ဆင်းသွားတာကွ လာဒီခြေရာတွေအတိုင်းလိုက်ကြည့်ရအောင်” ကိုမြင့်ဆောင်မောင်စိုးအားခေါ်လိုက်ပြီးနွားခြေရာများအတိုင်းလိုက်လာခဲ့သည်။ သူတို့နှစ်ယောက်နွားခြေရာအတိုင်းလိုက်လာရင်း ဘေးဘီဝဲယာကိုလဲ လက်နှိပ်ဓာတ်မီးကိုယ်စီဖြစ်လိုက်ထိုးကြည့်သည်။ “ဦးမြင့်ဆောင် ခင်ဗျားနွားတွေမှာ ခလောက်ေတွပါလားဗျ” မောင်စိုးက ကိုမြင့်ဆောင်ကိုမေးလိုက်သည်။ “ခလောက်တော့မပါဘူးကွ ခြူလုံးတွေတော့ပါတယ်” ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်။ “အေးဗျာခလောက်တွေပါရင် ရှာရတာပိုလွယ်တာပေါ့ ခြူလုံးတွေဆိုတော့ အသံသိပ်မကြားရဘူး” ဒီလိုနဲ့သူတို့နှစ်ယောက် နွားခြေရာများအတိုင်းလိုက်လာခဲ့ရင်း ထိမ်ပင်ရွာသွားသည်လမ်းပေါ်သို့ရောက်လာသည်။ ညနေကမှ မိုးရွာထားသည်ဖြစ်တာကြောင့် ပြော့အိစိုစွတ်နေသောလမ်းပေါ်တွင် ထိမ်ပင်ရွာဘက်သို့သွားသည့်နွားခြေရာများကိုအထင်းသားတွေ့လိုက်ရသည်။ ...
၊ “ဒါနဲ့ ငါ့ညီမနာမည်က ဘာတဲ့လဲ” “ပန်းညိုပါရှင်” “ပန်းညိုတဲ့လား” ကျုပ်လည်း ရေရွတ်လိုက်မိတယ်ဗျ၊ နာမည်နဲ့လူနဲ့ကတော့ အံကိုက်ပါပဲဗျာ၊ ပန်းညှိုဆိုတဲ့အတိုင်း အသားက ညိုညိုကလေးဗျ၊ ကိုယ်လုံးကိုယ်ပေါက် တောင့််တောင့်တင်းတင်းနဲ့ ရုပ်ရည်ကလည်း ရွာက ကွမ်းတောင်ကိုင်ရုပ်ရည်ထက် မသာချင်နေမယ် လျော့တော့မလျော့ဘူးဗျို့၊ ချုံပြောရရင်တော့ မိန်းမချောတစ်ယောက်ပေါ့ဗျာ။ အမေက ပန်းညိုကိုကြည့်ရင်း “ငါ့တူမရယ်၊ ညည်းရုပ်ညည်းရေနဲ့ တစ်ရွာနဲ့တစ်ရွာကြား တစ်ယောက်ထဲသွားနေရသလား၊ ရွာဆက်ကလည်း ကျဲပါဘိနဲ့၊ မတော်တဲ့လူတွေနဲ့ တွေ့သွားလို့များကတော့ ညည်းဘ၀ ရေတိမ်နစ်သွားမယ်ဟဲ့၊ ငါက အကောင်းပြောတာ” “မတတ်နိုင်ဘူးလေ အဒေါ်ရယ်၊ တစ်ဝမ်းတစ်ခါးကလည်း ရှိသေးတာပဲကိုး၊ ...
တာကဉီးကြီးမောင်အတွက်ဆေးပစ္စည်းတွေသွားရှာတာပေါ့ဟုတ်လား” “ဟုတ်တယ်အမေဉီးကြီးမောင်သေရေးရှင်ရေးမို့တုံးတိုက်တိုက်ကျားကိုက်ကိုက်ဆိုပြီးဖိုးတုတ်တို့နဲ့ထွက်သွားခဲ့တာ အမေနဲ့အဖေပြီးရင် ဉီးကြီးမောင်ကျေးဇူးကြောင့်လည်းကျုပ်ခုချိန်ထိအသက်ရှင်နေတာ” “အေးပါအမေသားကိုဘာမှမပြောပါဘူးသားထွက်သွားတဲ့နေ့ကဆိုအိပ်လို့တောင်မပျော်ဘူး တောကြီးတောင်ကြီးထည်းမှာဘယ်လိုများအိပ်ပါ့မလည်းဆိုပြီးတွေးနေမိတာ” ကျုပ်ကလည်းအမေ့ရဲ့စိုးရိမ်နေပုံကိုတွေးကြည့်မိတော့လည်းဝမ်းနည်းမိတယ် “ဒါနဲ့အမေဘာဟင်းချက်လည်းကျုပ်ဗိုက်ဆာလို့ဗျ” “အော်ဒီနေ့တော့ မြေပဲငပိချက်ကလေးလုပ်ထားတယ်အမေတို့ကတော့စားပြီးပြီသားစားချင်ရင်ကြောင်အိမ်ထည်းမှာရှိတယ်” ကျုပ်ကလည်းအမေ့ပါးကိုနမ်းရှိုက်ပြီးတော့လည်း ထမင်းခူး မြေပဲငပိချက်နဲ့လည်းထမင်းစားတာပေါ့ ကျုပ်ကလည်းထမင်းစားပြီးတော့အငြိမ်နေလို့မရပြန်ဘူးလေ သကြီးအုန်း ခိုင်းထားတာကလည်းရှိနေသေးတယ် ကျုပ်ကလည်း ထမင်းစားပြီး တော့ရွာထည်းကိုထွက်လာခဲ့တယ် ကျုပ်ကလည်း ဘကြိီးလွန်းတင်အမိန့်အရလူ ၁၀ယောက်ကိုရှာခေါ်ပြီးတော့လည်း ဉီးကြီးမောင်အိမ်ကိုပြန် လာခဲ့တယ် “ကဲကဲအားလုံးကွပ်ပြစ်မှာခနထိုင်ကြအုံးအားလုံးကိုပြောစရာလေးရှိလို့ပါ..ပြောစရာဆိုတာထက်အကူညီတောင်းတာဆိုရင်တော့ပိုမှန်ပါလိမ့်မယ်” ဘကြီးလွန်းတင်ကလည်း ကျုပ်အပါအဝင်လူ၁၀ယောက်ကိုကွပ်ပြစ်မှာထိုင်ခိုင်းပြီးတော့လည်းစကားစတာပေါ့ “သူကြီးကဘာအကူညီလိုအပ်လို့လည်းပြောပါကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ်” တစ်ခါကမုဆိုးဟောင်းကြီး ဉီးစောထူးဝါးကပြောလိုက်ခြင်းလည်းဖြစ်ပါတယ် “တခြားတော့မဟုတ်ပါဘူးဉီးကြီးမောင်အတွက်ဒီတစ်ညလောက်ကာကွယ်ပေးစေချင်လို့ပါ” “” “နေပါအုံးဗျဉီးကြီးမောင်ကဘာဖြစ်လို့လည်း” “ဒါကဒီလိုရှိပါတယ် ဉီးကြီးမောင်ကမှော်ပညာတတ်တယ်ဆိုတာကိုကျုပ်တို့ပေါက်လှမှာမသိသူတစ်ဝက်လောက်ပဲရှိပါတယ် ဉီးကြီးမောင်ကရွာအတွက်အမြဲရှိနေသူဆိုတာလည်းသိကြမယ်ထင်ပါတယ် ခုတော့ဉီးကြီးမောင်ဒဏ္ရာပြင်းပြင်းထန်ထန်ရထားတယ် ပညာပြိုင်တဲ့အခါရတဲ့ဒဏ္ရာမို့သာမန်ဆေးတွေနဲ့မကုပဲညသန်းခေါင်မှာပြောင်ကင်းစေနို်င်တဲ့ဆေးနဲ့ကုမှာဖြစ်ပါတယ် ဒီတော့ဆေးကလည်း ပညာရပ်တွေအစီအမံတွေနဲ့လုပ်ထားတာမို့မကောင်းစိုးဝါးများကအချိန်မရွေးနှောက်ယှက်နိုင်တယ်ဒီအတွက်ကာကွယ်ပေးဖို့ပါ” ...
သွားလုကြလို့တုံး” “ဒီလို မယ်ခြုံရေ၊ နင့်တပည့်ရော၊ ငါ့တပည့်မရော လင်လိုချင်နေကြ တယ်။ ကောင်လေးတစ်ယောက်ကို တွေ့ပြီး လင်တော်ချင်လို့ အပြိုင်ဆွယ် ကြရာက နောက်ဆုံးပညာတွေထုတ်သုံးပြီး ဖြစ်ကြတာအေ” “ရည်းစားလုရင်းက …” “လင်တော်ချင်တော့ လင်လုတယ်ပဲ ပြောပါစို့အေ” “အဲဒီတော့ – ခု ဘယ်လိုဖြစ်ကြတုံး” “ကောင်လေးကိုယ့်ဘက်ပါအောင်လုပ်ရင်းက ပညာပြိုင်သလိုဖြစ်ပြီး သူ့ပညာသုံး၊ ကိုယ့်ပညာသုံးနဲ့ ကြာရင် သင်းတို့ အပျော်အပြက်နဲ့ နှာခေါင်း သွေးထွက်ကြလိမ့်မယ်။ ဒါကြောင့် – နင့်တပည့် မနော်ကိုလည်း နင် နိုင်နိုင် နင်းနင်း ဆုံးမပါ။ ...
” “ငါထွက်မပေးနိုင်ဘူး” “နင်ဘာလိုချင်လဲ။ဘာစားချင်လဲ။ငါတို့အကုန်လိုက်လျောပေးမယ်” ဦးမျိုးက ယင်းသို့ဆိုလာတော့ ယုသန္တာကိုယ်ထဲဝင်ပူးနေသည့်ဒေါ်ငွေရီက “ငါလိုချင်တာက ဒီကလေးမကိုဘာစာမှသင်မပေးဘဲအိမ်ပြန်လွှတ်ပေးစေချင်တယ်။ငါစားချင်တာကလည်း ဒီကလေးမရဲ့အသားပဲ” “ဘာ” ဦးမျိုးထိတ်လန့်ပြီး ထအော်မိသလို၊အနားမှGuideလည်းလန့်ဖျပ်သွားမိသည်။ ပြီးနောက် ဦးမျိုးက “နင်ဒီကလေးမကို ဒီလောက်စားချင်နေရင် စားလေ။ဘာလို့မစားတာလဲ” “ငါစားလို့မရသေးဘူး။အရင်တုန်းက ငါသူ့ကိုပြုစားခဲ့သေးတယ်။အဲဒီတုန်းက ဘုန်းကြီးနဲ့အခြားပယောဂဆရာတွေပြန်ကုပေးတာကြောင့်ငါ့ပယောဂကနည်းနည်းလေးပဲကျန်တော့တယ်။ဒါကြောင့်အခုငါဝင်ပူးတာနုနုလေးပဲပူးလို့ရတာ။တကယ်ဆိုတအား ကြမ်းကြမ်းပူးချင်တာ” ဒေါ်ငွေရီက ယင်းသို့ပြောနေခိုက်တွင် တိုင်ကပ်နာရီမှညဆယ့်တစ်နာရီထိုးသံမြည်လာသည်။ ‘ဒင် ဒင်.ဒင်’ ထိုအခိုက်မှာပင် မြသန္တာ၏မိဘနှစ်ပါးလည်း အဆောင်ပေါ်သို့ရောက်လာကြသည်။ ၎င်းတို့နေထိုင်သည့်ရွာနှင့်ဤကျောင်းအဆောင်သည် အလွန်ဝေးကွာသော်လည်း ဆင်းရဲလွန်းသဖြင့်လာစရာလှည်းမရှိဘဲ ဘုန်းကြီးကျောင်းမှကားဖြင့်သာလာခဲ့ကြရသည်။ ယင်းအခိုက်တွင် ယုသန္တာ၏ကိုယ်ထဲတွင်ဝင်ပူးနေသည့်ဒေါ်ငွေရီက မနားတမ်းတရစပ်ပြောနေပြန်သည်။ “ဒီကလေးမက ငါ့သမီးထက်စာတော်တယ်။ငါ့သမီးထက်ရုပ်ချောတယ်။ငါ့သမီးထက်သာသွားမှာကိုငါမလိုလားဘူး။ဒါကြောင့်ငါလုပ်တာ။ရွာကဘုန်းကြီးက..ဒီကလေးမနဲ့ဦးကြီးတော်စပ်တယ်။မိဘတွေကျောင်းမထားပေးနိုင်ပေမယ့် ဘုန်းကြီးက ကျောင်းထားပေးမှာ။ငါသူ့ကိုကျောင်းစာတွေကျက်ခွင့်မပေးနိုင်ဘူး။ငါ့သမီးထက်တော်သွားမှာ။ပြီးခဲ့တဲ့နှစ်က ...
သူခိုးခဲ့သည့် အကြောင်းများအား ပြောပြလာပါလေတော့သည်။ ◾အခန်း (၂) မြသာဟု အမည်ရသော ရွာကြီးသည် မြို့နှင့် နီးကပ်စွာ တည်ရှိပြီး မြို့နီးပါးလောက် စည်ကားလေသည်။ထိုရွာရှိ ရွာဦးစေတီတွင် နှစ်တိုင်းဘုရားပွဲ ပြုလုပ်လေ့ရှိသည်။မြသာဘုရားပွဲဟု အခေါ်ရှိကြလေသည်၊၊မြသာဘုရားပွဲသည် အတော်စည် ကားလှပေသည်။နာမည်ကျော် ဇာတ်လမ်းအား ပြဇာတ်အနေ ဖြင့် အခကြေးငွေမပါပဲ အလကားကပြသောကြောင့် ရွာနီး၀န်းကျင်တင်သာမက နယ်မြို့လေးများပါ မကျန် ပွဲချစ်သူများ လာရောက် အားပေးကြလေသည်။ထိုမြသာ ဘုရားပွဲတွင် နာမည် ကြီးနေသည်မှာ ဇာတ်တင်မဟုတ် ဇာတ်တွင်ပါသော အသံချဲ့ စက်ဓာတ်စက်ကြောင့်လည်း ဖြစ်သည်။ပွဲမကမှီ ...
ထပ်မံမှာလိုက်သည်။ “ကဲ မိတ်ဆွေ အကြော်က တကယ်ကောင်းပါပေတယ်။နောက်တပွဲလောက်ဗျာ “ “ရတာပေါ့ဗျာ ကဲ မိညိုရေ အကြော်နောက်ထပ်တပွဲ ယူသွားမယ်တဲ့ဟေ့ အပို ထည့်ပေးလိုက်ပါဦး “ “စိတ်ချပါတော် “ ဦးတင်အုန်းသည် သူ၏ ဇနီးသည်အား အကြော်အပိုထည့်ရန် ကူပြောပေးနေခြင်း ဖြစ်၏။တောသူတောင်သား လူရိုးများဖြစ်သည့်အတွက် စေတနာကောင်းပေသည်။မြို့နယ်အစုံရောက်ဖူးသော ဦးဖိုးဝေ နှင့် သူရိယသည် ယခု ဆိုင်မှ အကြော်သည် လိုတာထက်ပိုပြီး ဈေးသင့်နေသည်ကို သတိထားမိသည်။အကြော်တပွဲကို ငါးခုပါရာ ထိုအကြော်ငါးခုသည် ထမင်းစားပန်းကန် ...
ထိုလူ့အား မတွေ့ရတော့။ ချက်ချင်းကြီးပျောက်ကွယ်သွားသောကြောင့် ဆက်မပြေးတော့ဘဲ တွေ့နိုးနိုးဖြင့်ရှာလေသည်။ သို့သော် ထိုလူသည် ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားလေသည်။ ခင်ချို စိတ်ထဲ အတွေးတစစဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။ အိမ်ရောက်တော့… “သမီး…ညည်းလည်းကြာတာအေ… အမေကစိုးရိမ်နေတာအေ့…။ အဖော်လေးဘာလေးခေါ်သွားဦးမှပေါ့” “အဖော်တွေက လယ်ထဲပျိုးနုတ်လိုက်သွားကြတယ်အမေရဲ့… ဒါမို့ ကျုပ်တစ်ယောက်ထဲသွားလိုက်တာ…” “အေးပါအေ…” “ကဲ…အမေ ဒါဆို ကျုပ် အဝေရာရွက်တွေရေဆေးလိုက်ဦးမယ်။ပြီးရင် ငါးပိချက် ချက်မယ်…ငပိချက်ပြီးမှ အေဝရာကို ပြုတ်လိုက်မယ်နော်…” “ကောင်းသလိုသာလုပ်အေ…။အမေကတော့ ခါးနာလို့ မီးဖိုမဝင်နိုင်ဘူး …ငါ့သမီးပဲပင်ပန်းရဦးမှာ” “သားအမိချင်းပဲအမေရယ်…ကျုပ်ဘာများပင်ပန်းရတုန်း။ သူများတွေလို လယ်ထဲကောက်စိုက်ပျိုးနုတ်လည်းမလိုက်ရ… ဟောပေါင်းသင်လည်းမလိုက်ရ…ကျုပ်မှာအိမ်နဲ့ အမေ့ပဲပြုစုရတာ မပင်ပန်းပါဘူးတော်…” ...