နွားပျောက်ရှာသည့်ည

ထိုသို့ပြောလိုက်တော့မောင်စိုးက

“အေးဗျာနွားခြေရာတွေနောက်လိုက်သွားရင် တနေရာရာမှ‌ာတော့တွေ့မှာပဲ”

နှစ်ယောက်သားတိုင်ပင်လိုက်ကြပြီး နွားနှစ်ကောင်ကို
လွှတ်ထားခဲ့သည့် တဲ့နောက်ဘက်အိုင့်လေးထဲသို့ဆင်းလာခဲ့တော့သည်။

ဒီလိုနဲ့သူတို့နှစ်‌ေယာက် အိုင့်ထဲကနေ ဖြည်းဖြည်းချင်းနွားခြေရာများကိုဟိုဟိုဒီဒီကြည့်ရင်းလာခဲ့ရာ တနေရာအရောက်မှာတော့

လယ်လျှိုအတိုင်းအောက်ဘက်ကိုဆင်းသွားသည့်နွားခြေရာမျာကိုတွေ့လိုက်ရသည်။

“ဒီကောင်တွေ လျှိုအောက်ဘက်ကို ဆင်းသွားတာကွ
လာဒီခြေရာတွေအတိုင်းလိုက်ကြည့်ရအောင်”

ကိုမြင့်ဆောင်မောင်စိုးအားခေါ်လိုက်ပြီးနွားခြေရာများအတိုင်းလိုက်လာခဲ့သည်။

သူတို့နှစ်ယောက်နွားခြေရာအတိုင်းလိုက်လာရင်း
ဘေးဘီဝဲယာကိုလဲ လက်နှိပ်ဓာတ်မီးကိုယ်စီဖြစ်လိုက်ထိုးကြည့်သည်။

“ဦးမြင့်ဆောင် ခင်ဗျားနွားတွေမှာ ခလောက်‌ေတွပါလားဗျ”

မောင်စိုးက ကိုမြင့်ဆောင်ကိုမေးလိုက်သည်။

“ခလောက်တော့မပါဘူးကွ ခြူလုံးတွေတော့ပါတယ်”

ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်။

“အေးဗျာခလောက်တွေပါရင် ရှာရတာပိုလွယ်တာပေါ့
ခြူလုံးတွေဆိုတော့ အသံသိပ်မကြားရဘူး”

ဒီလိုနဲ့သူတို့နှစ်ယောက် နွားခြေရာများအတိုင်းလိုက်လာခဲ့ရင်း ထိမ်ပင်ရွာသွားသည်လမ်းပေါ်သို့ရောက်လာသည်။

ညနေကမှ မိုးရွာထားသည်ဖြစ်တာကြောင့် ပြော့အိစိုစွတ်နေသော‌လမ်းပေါ်တွင် ထိမ်ပင်ရွာဘက်သို့သွားသည့်နွားခြေရာများကိုအထင်းသားတွေ့လိုက်ရသည်။

“ဒီကောင်ကြီးနှစ်ကောင် ထိမ်ပင်ရွာဘက်ကိုထွက်သွားတာကွ ”

ကိုမြင့်ဆောင်နွားခြေရာများကိုကြည့်ပြီးမောင်စိုးကို‌ေပြာလိုက်သည်။

“ဒါဆိုလဲ ထိမ်ပင်ရွာဘက်ကိုသွားကြည့်ကြတာပေါ့ဗျာ”

နှစ်ယောက်သားထိပ်ပင်ရွာဘက်ကိုဆက်လိုက်ခဲ့ကြသည်
“မောင်စိုးဘယ်နှစ်နာရီထိုးသွားပြီလဲကွ”

ကိုမြင့်ဆောင်မောင်စိုးအားမေးလိုက်သည် မောင်စိုး
သူလက်မှနာရီကိုကြည့်ပြီး

“ဆယ်နာရီတောင်ထိုးနေပြီဗျ”

“ဒါဆိုခပ်သွက်သွက်လျှောက်ကွာ သိပ်ညည့်နက်သွားရင်မကောင်းဘူး”

ကိုမြင့်ဆောင်မောင်စိုးကိုပြောပြီး သူကိုတိုင်လည်းခပ်သွက်သွက်ပင်လျှောက်လိုက်သည်။

သွားရင်းလာရင်း နွားကြီးနှစ်ကောင်၏ခြူလုံးသံကိုလဲ
အဆက်မပြတ်နားစွင့်နေရသည်။

“မောင်စိုး မင်းသရဲတစ္စေတွေကိုကြည့်ချင်လား”

ကိုမြင့်ဆောင်မောင်စိုးကိုမေးလိုက်သည်။

ကိုမြင့်ဆောင်၏အ‌မေးကို မောင်စိုးပြာပြာသလဲပင်ပြန်ဖြေသည်။

“ဟာဗျာ အလိုလိုမှကြောက်နေပါတယ်ဆို ဘာတွေလာပြောနေမှန်းမသိဘူး”

“မင်းကလည်းယောက်ျားဖြစ်ပြီး ကြောက်တတ်လိုက်တာ”

“ယောက္်ျားကယောက်ျားပဲကြောက်တာကကြောက်တာပဲဗျ”

“ကဲဒါဆိုလဲမင်းအိမ်ပြန်တော့ကွာ ငါတစ်ယောက်ထဲနွားတွေသွားရှာလိုက်တော့မယ်”

“ဒီလိုတော့ဘယ်ဖြစ်မလဲဗျ ကျုပ်မှတစ်ယောက်ထဲအိမ်မပြန်ရဲတာ”

ကိုမြင့်ဆောင်သည် လူပျိုပေါက်အရွယ်မောင်စိုးအားစနောက်ရင်းလာခဲ့သည်မှာ ထိမ်ပင်ရွာအရှေ့ဘက်ရှိ ရွာဦးစေတီလေးနားသို့ပင်ရောက်ခဲ့ပြီဖြစ်သည်။

ထိုစေတီလေးနားရောက်တော့ ကိုမြင့်ဆောင်ရပ်လိုက်ပြီး နွားခြေရာများအားကြည့်ကာ

“မောင်စိုး နွားတွေကရွာထဲဝင်သွားတာမဟုတ်ဘူးကွ
ဒီမှာကြည့်ဟိုဘက်ကိုသွားတာ”

ကိုမြင့်ဆောင်သည်မောင်စိုးအားခေါ်၍ နွားခြေရာများကိုကြည့်ရင်းနွားများသွားသည့်ဘက်သို့လက်ညှိုးထိုးပြလိုက်သည်။

ကိုမြင့်ဆောင်လက်ညှိုးထိုးပြသည့်နေရာသည် ထိမ်ပင်ရွာ၏ သရဲအလွန်ခြောက်သည်ဟုနာမည်ကြီးသည့် ထိမ်ပင်ကြီရှိရာနေရာသို့ပင်ဖြစ်သည်။

မောင်စိုး ထိုနေရာသို့သွားရမှာဝန်လေးနေမိသည်
ထိုနေရာသည်သရဲအလွန်ခြောက်သည့်နေရာ အခုလိုညမပြောနဲ့ နေ့လည်နေခင်းမှာပင် လူပြတ်လျှင်ခြောက်တတ်သောနေရာ

ထိုသို့နေရာကိုယခုသွားရမည်ဆိုတော့ မောင်းစိုးတ‌ေယာက် ကြက်သီးတွေတဖျန်းဖျန်းထလာပြီး အိမ်ကိုသာပြန်ချင်နေ‌ေတာ့သည်။

“ဦးမြင့်ဆောင် မနက်ဖြန်ကြမှလာရှာရအောင်ဗျာ”

ကိုမြင့်ဆောင်ကို သူပြောလိုက်သည်

“ရောက်မှိလက်စနဲ့တော့ မထူးတော့ပါဘူးကွာ တခါတည်းဝင်ကြည့်သွားရအောင်”

ကိုမြင့်ဆောင် ထို့သို့ပြောလိုက်တော့ မျက်နှာငယ်လေးနဲ့ဖြစ်သွားရှာသည် ဘာမပြန်မပြောတော့

ကိုမြင့်ဆောင်သည်မောင်စိုးကိုကြည့်ရင်းသနားစိတ်ပင်ဖြစ်သွားသည်။

“ကဲ မောင်စိုး ငါ့တူဦးလေးတစ်ယောက်လုံးရှိပါတယ်ကွာ ဘာမမကြောက်နဲ့”

ကိုမြင့်ဆောင်ဆက်၍ပြောသည်

“မင်းထိမ်ပင်ရွာထဲ သွားနေမလား ဦးလေးတယောက်ထဲနွားတွေရှာလိုက်မယ်”

မောင်စိုးထိမ်ပင်ရွာကိုလှမ်းကြည့်လိုက်တော့ တစ်ရွားလုံးမှောင်မဲနေပြီ မီးထွန်းထားသည့်အိမ် တအိမ်မှမရှိတော့
မောင်စိုးအတန်ကြာအောင်ရပ်ပြီးစဉ်းစားနေသည်

“ဘယ်လိုလဲ မင်းသွားချင်ရင် ဦးလေးလိုက်ပို့ပေးမယ်”

ကိုမြင့်ဆောင်မေးလိုက်တော့မောင်စိုးက

“ဦးလေးနဲ့ပဲလိုက်ခဲ့တော့မယ်”

တိုတိုတုတ်တုတ်သာပြန်ဖြေသည်

“ကဲဒါဆိုဦလေးနောက်မှာပဲနေ”

ကိုမြင့်ဆောင်ထိုသို့ပြောပြီး ထိမ်ပင်ကြီးရှိရာ သို့သွားလိုက်တော့သည် မောင်စိုးလည်းကိုမြင့်ဆောင်နောက်
မှလိုက်ပါသွားတော့သည်

(၃)

ထိမ်ပင်ရွာထဲမှခွေးဟောင်သံတွေကိုကြားနေရသည်

ကိုမြင့်ဆောင်တို့နှစ်ယောက်လည်းရွာတောင်ဘက်လယ်ကွင်း‌ေတွထဲသို့ ဓာတ်မီဖြစ်ထိုးကြည့်ကြရင်းနွားကြီး‌ေတွကိုလိုက်ရှာနေကြသည်။

ကိုမြင့်ဆောင်တစ်ယောက်နားကိုလဲအမြဲစွင့်ထားသည်

သိုမှသာနွားကြီတွေရဲ့ခြူလုံးသံကိုကြားရပြီး နွားကြီတွေရှိတဲ့နေရာကိုအနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ်သည်။

ဤသို့ဖြစ်ကိုမြင့်ဆောင်သည် နွားခြူလုံးသံကိုရပ်၍နားထောင်လိုက်
ဘေးဘီဝဲယာသို့ဓာတ်မီးဖြစ်ထိုးကြည့်လိုက်လုပ်ရင်း တဖြည်းဖြည်းလျှောက်လာခဲ့ရာ
ထိမ်ပင်ရွာတောင်ဘက်လယ်ကွင်း တော်တော်နှံ့သွားပြီဖြစ်သည်။
ကိုမြင့်ဆောင်သည်မောင်စိုးပါလာသဖြစ်ထိမ်ပင်ကြီးနားကိုမသွားလိုပေ
ထိုထိမ်ပင်ကြီးကိုမြင်ရသည်မှာလည်း ချေက်ခြားစရာပင်ကောင်း‌နေသည်။
ဝိုးတဝါးလရောင်အောက်မှာတစ္စေကြီးတစ်ကောင်မတ်တပ်ရပ်နေသလိုပင်ထင်မိသည်။

ကိုမြင့်ဆောင်သည် ထိမ်ပင်ကြီးကိုရပ်၍ကြည့်ရင်းအတန်ကြာစဉ်းစားနေမိသည်
မောင်စိုးလည်းလမ်းလျှောက်ရသည်မှာညောင်းလာပြီဖြစ်တာကြောင့် လယ်ကန်သင်းရိုးပေါ်တွင်ထိုင်ချလိုက်သည်။

ထိုသရဲအလွန်ခြောက်သောထိမ်ပင်ကြီးသည် ထိမ်ပင်ရွာလယ်ကွင်းနှင့်တောတန်းလေးအစပ်
တောသို့ဝင်သည့် လှည်းလမ်းဘေးကပ်လျှက်တွင်ရှိနေသည်။

“ကဲမောင်စိုးဒီနှစ်ကောာင် လယ်ကွင်းကိုဖြတ်ပြီး တောလမ်းအတိုင်းဝင်သွားတာကွ”

မောင်စိုး တောစပ်ကိုလှမ်းကြည့်နေသည် ဘာမှပြန်မပြောသေး
သူသည်တောထဲသို့ဝင်ရမှာတွေးကြောက်နေပုံရသည်

“ဦးမြင့်ဆောင် ခင်ဗျားလွယ်အိပ်ကျွန်တော်လွယ်ခဲ့မယ်”

မောင်စိုးရုတ်တရက်ပြောလိုက်သည်

မောင်စိုးသည်ကိုမြင့်ဆောင်၏လေးခွအားကိုင်ထားချင်ပုံရသည်
လူတို့၏ထုံးစံအတိုင်းကြောက်စိတ်ဝင်လာပြီဆိုလျှင်လက်နက်တစ်ခုခုကိုကိုင်ထားတတ်ကြသည်
သို့မှသာကြောက်စိတ်စိုးရိမ်စိတ်တို့အနည်းငယ်ပြေလျေ့ာသွားတတ်ကြသည်

နွားပျောက်ရှာထွက်လာသောသူတို့နှစ်ယောက်အလောတကြီးထွက်လာတာမို့ ဘာတုတ်ဓားလက်နက်မှယူဆောင်မလာခဲ့ကြ လက်နက်ဆို၍ကိုမြင့်ဆောင်၏
လေးဂွတစ်လက်သာပါလာခဲ့သည်။

သို့သော် မောင်စိုးကို သည်လေးဂွပေးကိုင်၍မဖြစ်
မမြင်အပ်သောပုဂ္ဂိုသတ္တဝါ‌ေတွကိုမြင်ရပြီး မောင်စိုးအကြောက်လွန်ကာဒုက္ခပင်ရောက်သွားနိုင်သည်

ကိုမြင့်ဆောင်သူကိုတိုင်ပင်လျှင်ဤလေးဂွအားထုတ်မကိုင်တော့

ယခင်အချိန်မျိုးဆိုလျှင်ယခုအခါမျိုးကြုံပါက ကိုမြင့်ဆောင်တစ်ယောက်လေးဂွကိုလက်ကချမည်မဟုတ်

အခုချိန်တွင်တော့အရေးကြုံရင်သုံးနိုင်ရန်အတွက်သာဆောင်ထားချင်းဖြစ်သည်

“ရပါတယ်ကွာ ငါပဲလွယ်ခဲ့လိုက်မယ်”

ကိုမြင့်ဆောင်လွယ်အိပ်လွယ်ခိုင်းရမှာ အားနာသည့်သဘောဖြစ်သာပြန်ပြောလိုက်သည်။

မောင်စိုးဘာမှပြန်မပြောတော့ သူ့စိတ်ထဲမှာတော့ဝမ်းနည်းသွားမည်မှာသေချာသည်

ကိုမြင့်ဆောင်လည်းမောင်စိုးကိုဖြေသိမ့်သည်သဘောဖြစ်

“ဘယ်သရဲတစ္စေမှငါ့အနားမကပ်နိုင်ဘူး မင်းဘာမှမဖြစ်စေရပါဘူးကွ”

ထိုသို့သရဲတစ္စေဆိုသည့်စကားပြောလိုက်မိမှပင် မောင်စိုးသည် သူ့နားပို၍ကပ်လာတော့သည်။

“ကဲလာမောင်စိုးသွားရအောင် ငါ့နောက်မှာပဲနေ”

ထိုသို့ပြောပြီး ကိုမြင့်ဆောင်သည်ရှေ့မှထွက်ခဲ့လိုက်ရာ

မောင်စိုးသည် သူ၏ဖနောင့်အား နင်းမိမတတ်ပင်ကပ်၍လိုက်ခဲ့တော့သည်။

(၄)

လှည်းလမ်းပေါ်အရောက် ဓါတ်မီးဖြစ်ထိုး၍နွားခြေရာများကိုရှာကြည့်လိုက်သည်

သူထင်သည့်အတိုင်း မိုးရွာပြီးမှသွားထားသည့် နွားခြေရာများကိုတွေ့လိုက်ရသည်။

နွားပြာ(နဗျာ)ကြီးနှစ်ကောင်သည် ဤလှည်းလမ်းအတိုင်း တောထဲသို့ဝင်သွားခြင်းဖြစ်သည်။

“ငါထင်တဲ့အတိုင်းပဲကွမောင်စိုး ဒီကောင်နှစ်ကောင်လှည်းလမ်းအတိုင်းတောထဲကိုဝင်သွားတာ”

ကိုမြင့်ဆောင်မောင်စိုးကို‌ပြောလိုက်သည်

“ဒါဆိုဦးလေးနွားတွေ ကျောက်အိုးကိုရောက်နေပြီထင်တယ်”

“အဲ့လောက်ထိ‌တော့မသွားလောက်ပါဘူးကွ”

ကိုမြင့်ဆောင်ပြန်ပြောလိုက်သည်

မောင်စိုးပြောသော ကျောက်အိုးဆိုသည်မှာ
ထိမ်ပင်ရွာ၏တောင်ဘက်တွင်ရှိပြီး ဤလှည်းလမ်းလေးအတိုင်လိုက်သွားပါကရောက်နိုင်သောနေရာဖြစ်သည်။

ကျောက်အိုးဆိုသည်မှာ ရွာမဟုတ် စမ်းရေများစိမ့်ထွက်နေသောလျှိုမြောင်တစ်ခုကို ခေါ်သောအမည်သာဖြစ်သည်။

ထိုလျှိုမြောင်အထက်ကမ်းပါးတွင် ခေါင်ကျိုးနေသောသစ်ပင်ကြီးတစ်ပင်ရှိသည် တောဇာပင်ကြီဖြစ်သောကြောင့် လုံးပတ်ကြီးမားပြီးဖြောင့်စင်းနေသည်။

ထိုလျှိုမြောင်နှင့်ထိုသစ်ပင်ကြီးသည် ဤနယ်တဝိုက်တွင်နာမည်အကြီးဆုံးသော သရဲခြောက်သည်ဆိုသည့်
နေရာဖြစ်သည်။

သရဲတစ္စေတွေသာမက ဥစ္စာစောင့် ကျတ် မှင်စာ မြေဖုတ်ဘီလူး စသည့်မကောင်းဆိုးဝါးနာနာဘာဝမှန်သမျှ ထိုလျှိုထဲမှာရှိသည် တွေ့ခဲ့ကြုံခဲ့သူများလည်းမနည်းမနောပင်ရှိသည်

ကိုမြင့်ဆောင် ရှေ့မှာမြင်နေရပြီဖြစ်သောထိမ်ပင်ကြီးကိုကြည့်ရင်း သက်ပြင်းချမိသည်။

မောင်စိုးကိုကြည့်လိုက်တော့ ထိမ်ပင်ရွာဘက်သို့ကြည့်နေပြီး သူတို့ဖြတ်လျှောက်သွားရမည့် တောစပ်ကထိမ်ပင်ကြီးကိုမကြည့်ရဲသလိုဖြစ်နေသည်။

ကိုမြင့်ဆောင်သူ့အတွက်ကိုမပူ အတူပါလာသောမောင်စိုးအတွက်သာစိုးရိမ်နေမိသည်

မောင်စိုးသည် မြို့ကျောင်၌ကျောင်းတက်နေသည့်ဆယ်ကျော်သက်အရွယ် လူပျိုပေါက်ကလေးတစ်ဦးဖြစ်သည်။

‌တောအတွေ့အကြုံဘာမမရှိ သူ့ရဲ့ဦးကြီးဦးဘိုခင်ကိုမလွန်ဆန်နိုင်၍သာ လိုက်လာခဲ့ရခြင်းဖြစ်သည်။

ကိုမြင့်ဆောင်တစ်ခုခုဆုံးဖြတ်ကာ လွယ်အိပ်ထဲမှလေးဂွကိုဆုပ်ကိုင်လိုက်သည်

ထို့နောက်မောင်စိုးကိုကြည့်လိုက်ပြီး

“ငါ့တူ ဦးလေးနောက်မှာပဲနေ ကြားလား”

ထိုသို့ပြောလိုက်တော့ မောင်စိုးက

“ဟုတ်ကဲဦးလေး”

ဟုဆိုပြီး‌အောက်သို့သာစိုက်ကြည့်နေသည်

ကိုမြင့်ဆောင်လေးဂွကိုဆုပ်ကိုင်ထားရင်း ထိမ်ပင်ကြီးကိုကြည့်လိုက်သည်
သူတို့သွားမည့်လမ်း၏အလယ် လှည်းလမ်းကိုအုပ်မိုးနေသောသစ်ကိုင်ကြီးပေါ်မှာ ခြေထောက်နှစ်ဘက်တွဲလောင်းချထိုင်နေသောသရဲကြီတစ်ကောင် သူတို့နှစ်ယောက်ကိုကြည့်‌နေတာ မြင်လိုက်ရသည်လိုက်ရသည်။

ထိုသရဲကြီး သူတို့နှစ်ယောက်ကို မည့်သည့်အချိန်ထဲကကြည့်နေသည်မသိ သူတို့နှစ်‌ေယာက် သည်လှည်းလမ်းမှလာမည်ကိုသိ၍ ကြိုစောင့်နေသလိုပင်ထင်ရသည်။

ထိုအချိန် ထိမ်ပင်ရွာသုဿန်ထဲမှ ခွေးအူသံတွေကိုကြားလိုက်ရသည်။ အချိန်သည်လည်းညဆယ်နှစ်နာရီကျော်မျှရှိပြီဖြစ်သည်။

ထိမ်ပင်ပေါ်မှသရဲကြီသည် သူတို့ကိုကြည့်နေရာမှသုဿန်ဘက်သို့လှမ်းကြည့်နေသည်ကိုလည်း ကိုမြင့်ဆောင်မြင်လိုက်ရသည်။

ထိုသို့ခွေးအူသံကြားလိုက်ရတော့ မောင်စိုးသည်နေစရာပင်‌ေနရာမရှိတော့

“ဦးလေးဘယ်ကိုသွားမှာလဲ”

မောင်စိုးသည် မိမိတို့ထိုလှည်းလမ်းမှသွားရမည်ကိုသိနေသော်လည်း အကြောက်လွန်ပြီးထပ်၍မေးနေခြင်းဖြစ်သည်။

ကိုမြင့်ဆောင်လည်း ဘာမှပြန်မပြောသေးပဲ ထိမ်ပေါ်ကိုင်း‌ေပါ်မှာ ခြေတွဲလောင်းချထိုင်နေသည့် သရဲကြီးကိုသာဆက်၍ကြည့်နေမိသည်။

ကိုမြင့်ဆောင်ထိုသို့ ကြည့်နေသည်ကိုထိမ်ပင်ပေါ်မှသရဲကြီးသည်သိနေပုံရသည်။

ထို့ကြောင့် သူထိုင်နေသောသစ်ကိုင်းကို လက်ဖြစ်အသာလှုပ်၍ပြသည်။

ထိုအခါထိုသစ်ကိုင်းကြီးသည်လေမတိုက်ပဲတဝေါဝေါလှုပ်၍လာတော့သည်။

တဗျောဗျောအသံကြီးကို ကြားလိုက်ရသောအခါမောင်စိုး မထင်မှတ်ပဲသစ်ပင်ကြီးကိုကြည့်လိုက်မိသည်။

လေမတိုက်ပဲ သစ်ကိုင်းကြီးလှုပ်နေတာမြင်လိုက်တော့မောင်စိုးတစ်ယောက် ကိုမြင့်‌ေဆာင်အနားကပ်လာပြီးလက်မောင်းတစ်ဘက်ကိုဆုပ်ကိုင်ထားမိသည်။

အဆက်မပြတ်လှုပ်ခတ်နေသော ထိုသစ်ကိုင်းကြီးကိုမကြည့်မိအောင်နေပေမဲ့လဲ ခဏခဏပင်ကြည့်မိနေသည်

ကိုမြင့်ဆောင်လဲအနားမှာရှိနေတဲ့မောင်စိုးကို ဂရုမစိုက်နိုင်သေးပဲ ထိုထိမ်ပင်သရဲကြီး ဘာဆက်လုပ်မလဲဆိုတာကိုသာ သေခြာကြည့်နေမိသည်။

မောင်စိုး ကိုမြင့်ဆောင်ဒီလိုသစ်ကိုင်းကြီးကို သေချာကြည့်နေတာမြင်တော့

“ကျွန်တော်တို့အိမ်ပြန်ရအောင်ဦလေး”

မောင်စိုး၏အသံသည်ငိုသံပင်ပါနေသည်

“လာဒို့ဒီဘက်ကသွားရအောင်”

ကိုမြင့်ဆောင်ထိုသို့ပြောပြီး လှည်းလမ်းအတိုင်းမသွားတော့ဘဲ လယ်ကွင်းနဲတောတန်းအစပ်အတိုင်း ထိုထိမ်ပင်ကြီကိုရှောင်ကွင်း၍သွားရန်ဆုံးဖြတ်လိုက်သည်။

ထို့သို့ဖြစ်ကိုမြင့်ဆောင်သည် ထိုထိမ်ပင်ကြီးကိုကွင်းရှောင်ရန် လမ်းဘေးလယ်ကွက်ထဲသို့ဆင်းလိုက်သည်

မောင်စိုးသည်ကိုမြင့်ဆောင်၏‌ဘေးမှနေ၍ လက်တစ်ဘက်ကိုကိုင်ကာ ထိမ်ပင်ကြီးအားကိုမြင့်ဆောင်၏ကိုယ်လုံးနှင့်ကွယ်၍လိုက်လာသည်။

ကိုမြင့်ဆောင်သည် ထိမ်ပင်ပေါ်မှသရဲကြီးကိုမြင်နေရသည်ဖြစ်၍ အလွတ်မပေးပဲဆောင်းငဲ့ကြည့်နေသည်

မောင်စိုးသည်လဲကိုမြင့်ဆောင်၏ကိုယ်လုံးနှင့်ကွယ်၍ထိမ်ပင်ကြီးကိုကြည့်ကြည့်နေမိသည်

ထိုသို့ကိုမြင့်ဆောင်နဲ့မောင်စိုးတို့နှစ်ယောက်လှည်းလမ်းအတိုင်းမလာပဲ လယ်ကွက်ထဲကိုဆင်းသွာတာမြင်သည်နှင့် ထိမ်ပင်ပေါ်မှသရဲကြီးသည်ဘုတ်ခနဲလှည်းလမ်းပေါ်သို့ခုန်ချလာသည်။

ထိုသို့ဘုတ်ခနဲခုန်ချလာသည့်အသံကိုသူတို့နှစ်ယောက်စလုံးကြားလိုက်ရသည်ဖြစ်သည်။

ကိုမြင့်ဆောင်သည်ထိုသရဲကြီးအားမြင်နေရသည်ဖြစ်၍ ထိုသရဲကြီးထိမ်ပင်ကိုင်းပေါ်််မှခုန်ချလာတာကိုရောသူတို့ထံပြေးလာနေတာကိုပါသိလိုက်သည်

ထို့ကြောင့်ကိုမြင့်ဆောင်သည် မောင်းစိုး၏လက်ကိုဆတ်ခနဲဖယ်ချလိုက်ပြီ ‌သူတို့ထံပြေးလာနေသောထိမ်ပင်သရဲကြီးကိုသူ၏လက်ထဲမှာကိုင်ထားသည်လေးဂွဖြစ်ပစ်ရန်ချိန်ရွယ်ထားလိုက်သည်

မောင်စိုးသည်လည်းတဘုတ်ဘုတ်နဲ့သူတို့ဘက်သို့ပြေးလာနေသော‌ခြေသံကြီးကြားလိုက်ရတည်းကတစ်ကိုယ်လုံးကြက်သီးမွှေးညင်း‌တွေထလာပြီးကိုယ်မြင့်ဆောင်၏လက်ကိုပို၍တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်
ထိုသို့ဆုပ်ကိုင်ထားကာမှကိုမြင့်ဆောင်၏ဆတ်ကနဲပုတ်ချခြင်းကိုခံလိုက်ရသဖြင့်လန့်ဖြတ်သွားပြီး
ကိုမြင့်ဆောင်၏အမူအယာကိုကြည့်ကာ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေသည်

ကိုမြင့်ဆောင်သည်သူတို့ပြေးလာနေသောထိမ်ပင်သရဲကြီးကိုလေးဂွဖြစ်ပစ်ရန်ချိန်ရွယ်ထားပြီအသင့်စောင့်နေသည်။

ထိမ်ပင်ကိုင်း‌ေပါ်မှခုန်ဆင်းလာ‌ေသာသရဲကြီးသည်ကိုမြင့်ဆောင်တို့ထံပြေးလာနေရင်းသူတို့ဆီရောက်ဖို့ပေငါးဆယ်လောက်အလိုမှာရပ်လိုက်သည်

ထိုသို့ရပ်လိုက်ပြီး သူတို့နှစ်ယောက်ကိုသေချာကြီးစိုက်ကြည့်နေတာ ကိုမြင့်ဆောင်မြင်လိုက်ရသည်‌။

ကိုမြင့်ဆောင်သည်သူတို့ကိုစိုက်ကြည့်နေသည်ထိမ်ပင်သရဲကြီကိုလေးဂွဖြစ်ချိန်ရွယ်ထားရင်း

“မောင်စိုး ဟိုရှေ့ကခရိုးလေးကနေလမ်းပေါ်ပြန်တက်ရှေ့ကသွား”

ကိုမြင့်ဆောင် လှည်းလမ်းပေါ်ပြန်တက်ရမည့်တောစပ်ခရိုးနေရာကိုမေးငေါ့ပြပြီးမောင်စိုးအားပြောလိုက်သည်

မောင်စိုးသည်ဤနေရာမှထွက်ခွာသွားရ‌‌ေတာ့မည်ဖြစ်သောကြောင့်ခပ်သွက်သွက်ပင်ကိုမြင်ဆောင်မေးငေါ့ပြသောနေရာသိုသွားသည်

ထိုသို့မောင်စိုးသွားသည်ကိုထိမ်ပင်သရဲကြီးသည်လိုက်ပြီးကြည့်နေသည်။

ဒါကိုသိသောကိုမြင့်ဆောင်က

“ဟေ့ကောင် မောင်စိုးဖြေးဖြေးသွားကွ”

မောင်စိုးကိုကြည့်ရသည်မှာစောစောကလောက်ကြောက်နေပုံမရတည်ညိမ်သွားတာလားဒါမဟုတ်သူမနေချင်သောဤနေရာမှထွက်ခွါသွားရတော့မည်ဖြစ်သောကြာင့်ဝမ်းသာသွားချင်းလည်းဖြစ်နိုင်‌ေပသည်

နောက်ပြီးကိုမြင့်ဆောင်ကိုလည်းသူယုံကြည်နေပုံရသည်

‌ကိုမြင့်ဆောင်သည်မောင်စိုး၏နောက်မှကပ်လိုက်ပြီးထိမ်ပင်သရဲကြီးကိုလည်းမျက်ခြေမပြတ်ကြည့်နေသည်

ကိုမြင့်‌ဆောင်သည်ထိမ်ပင်သရဲကြီး၏အခြေအနေကိုကြည့်ပြီသိပ်ဝေးဝေးလံလံမသွားလိုတော့ဒါကြောင့်သူနေသည့်ထိမ်ပင်ကြီးနှင့်မလှမ်းမကမ်းမှပင်ကွေ့ဝိုက်၍လှည်းလမ်းပေါ်ပြန်တက်ခဲ့ခြင်းဖြစ်သည်။
ထိမ်ပင်သရဲကြီးသည်သူတို့နှစ်ယောက်ကိုမျက်လုံးနီရဲရဲကြီးနဲ့လိုက်ကြည့်နေသည်

မောင်စိုးသည်ဘေးဘီဝဲယာကိုမကြည့်တော့ သူ့ရှေ့ကိုသာအာရုံစိုက်ပြီးလှည်းလမ်းပေါ်သို့ရေက်အောင်သွားနေသည်

ကိုမြင့်ဆောင်သည်လည်းသူတို့ကိုလိုက်ကြည့်နေသည့်ထိမ်ပင်သရဲကြီးကိုသာစောင်းငဲ့ကြည့်ရင်းမောင်စိုးနောက်မှကပ်လိုက်လာခဲ့သည်။

မောင်စိုးသည်ထိုထိမ်ပင်ကြီးအားကျော်လွန်လာသည်ကိုအလွန်ဝမ်းသာနေပုံရသည်

လှည်းလမ်းတလျှောက်ကိုမြင့်ဆောင်၏ရှေ့မှနေ၍ပေါ့ပေါ့ပါးပါးသွားနေသည်ကိုမြင်ရသည်

နောက်သို့လှည့်၍ကိုမြင့်ဆောင်ကိုကြည့်ပြီး

“ဦးလေးမြင့်ဆောင် ကျွန်တော်တို့နွားဆက်ရှာဦးမှာလား ကျွန်တော်အိပ်ချင်နေပြီ ”

မောင်စိုးပြောသည်မှာလည်းမလွန် မနက်တစ်နာရီခွဲအချိန်ပင်ဖြစ်‌နေပြီမို့သူအိပ်ချင်နေမှာပေါ့တစ်ညလုံးလဲလမ်းလျှောက်နေရတာဆိုတော့ပင်ပန်းနေပြီဖြစ်သည်

“ကဲကွာ ဒါဆိုလဲ ဒီကနေငါနေတဲ့တဲကိုဖြတ်ချလိုက်ရအောင် ဒါဆိုသိပ်မကြာဘူး တဲပြန်ရောက်ပြီ ဒီညမင်းလည်းတဲမှာပဲအိပ်လိုက်တော့ကွာ”

ကုိမြင့်ဆောင်ထိုသို့ပြောပြီး သူ၏တဲသို့
မောင်စိုးနဲ့အတူဖြတ်လမ်းမှပြန်ခဲ့လိုက်တော့သည်။

မောင်စိုးသည်တဲသို့ပြန်ရောက်သည်နှင့်တပြိုင်နက်
ခြေလက်ပင်မဆေးတော့ဘဲတဲစင်ပေါ်သို့တက်၍အိပ်‌ေလတော့သည်။

ကိုမြင့်ဆောင်သည် မှောင်မည်းနေသောတဲအတွင်း၌ မီးဖိုကိုမီးမွှေးလိုက်ပြီး မီးဖိုဘေးတွင်ကပ်ထိုင်ကာ
နွားကြီးနှစ်ကောင်ဘယ်များရောက်နေသလဲဟုစဉ်းစားရင်းတော်တော်နှင့်အိပ်မပျော်

နံနက်နှစ်နာရီခွဲအချိန်ရောက်မှ တဲစင်ပေါ်တက်ကာအိပ်ပျော်နေသောမောင်စိုး၏ဘေးတွင် အိပ်လိုက်တော့သည်

(၅)

ကိုမြင့်ဆောင်တစ်‌ေယာက် နံနက်နှစ်နာရီခွဲမှပင်အိပ်သော်လည်းလူကအကျင့်ဖြစ်နေပြီမို့ နံနက်လေးနာရီခွဲအချိန်လောက်မှာပင်ပြန်နိုးလာခဲ့သည်

အိပ်ရာမှနိုးနိုးချင်းတဲအတွင်းမြင်နေကြ နွားပြာ(နဗျာ)ကြီးနှစ်ကောင်ကိုမ‌မြင်လိုက်ရတော့ သူစိတ်ထဲရောင်ချာချာကြီးပင်ဖြစ်နေမိသည်။

အရင်‌နေ့တွေကဆိုလျှင် ဒီအချိန်ဆိုသူသည် နွားကြီးနှစ်ကောင်ကိုအစာကျွေးထားရင်း သူကိုယ်တိုင်လည်း
နံနက်စာအဆာပြေစား‌ကာ နွားကြီးနှစ်ကောင်ကိုထမ်းပိုတွင်တပ်ပြီးလယ်ကွက်တစ်ခုတွင်ထယ်ထိုးနေပြီဖြစ်သည်။

ယခုတော့သူဘာလုပ်ရမည်မသိ ယောင်ချာချာကြီးဖြစ်ကာတဲအပြင်လယ်ကွက်များကိုသာငေးငိုင်ကြည့်နေမိသည်။

မောင်စိုးကတော့တဲစင်ပေါ်တွင်အိပ်ပျော်နေဆဲဖြစ်သည်။

ကိုမြင့်ဆောင်လည်းတဲစင်ပေါ်တွင်ငုတ်ထိုင်းပြီးနွားကြီနှစ်ကောင်ဆက်ရှာရမည့်နေရာများကိုသာစဉ်းစားနေတော့သည်။

သည်လိုနဲ့မိုးလင်းလာပြီဖြစ်သည်

ကိုမြင့်ဆောင်လည်းမောင်စိုးနဲ့အတူရွာသို့ပြန်ခဲ့လိုက်သည်။

ရွာကိုပြန်ရောက်တော့ကိုမြင့်ဆောင်သည်နွားကြီးများကိုရှာ၍မတွေ့သေးကြောင်းဦးဘိုးခင်အားပြောပြလိုက်သည်

ထိုအခါဦးဘိုခင်သည်ကိုမြင့်ဆောင်နဲ့တိုင်ပင်ပြီးရွာသားများကိုပါအကူအညီတောင်ပြီးရှာဖွေကြရန်ဆုံးဖြတ်လိုက်ကြသည်။

သည်လိုနှင့်မကြာမီရွာသားငါးယောက် ရောက်လာပြီဖြစ်၍အဖွဲ့နှစ်ဖွဲ့ခွဲကာနွားကြီနှစ်‌ေကာင်ဆက်ရှာဖို့ ရွာမှထွက်ခဲ့လိုက်ကြ‌ေတာ့သည်။

မောင်စိုးကတော့ပြန်၍မလိုက်တော့အိမ်မှာပင်နေခဲ့သည်။

ကိုမြင့်ဆောင်သည်သူနဲ့အတူနွားကူရှာပေးမည် ကိုပြူးအားခေါ်ပြီးတဲသို့အရင်ပြန်ခဲ့လိုက်သည်

တဲသို့ရောက်‌တော့ကိုပြူးအားတဲပေါ်မှာခဏ‌နေခဲ့ရန်ပြောလိုက်သည်။

ထို့နောက်သူသည် တဲခေါင်းရင်းဘက်ရှိဥနှဲပင်ကြီးဆီသိုသွားကာအပင်ကြီးအားမော့ကြည့်ပြီးပြောလိုက်သည်

“ဦးဖိုးခေါင် နွားပြာ(နဗြာ)ကြီးနှစ်ကောင်ကိုရှာလို့မတွေ့သေးဘူး အဲ့ဒါခင်ဗျားလည်းကူရှာပေးဦး”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ ဥနှဲပင်းကြီး၏အရွက်များမသိမသာလှုပ်ခါလာတာကိုတွေ့လိုက်ရသည်။

ကိုမြင့်ဆောင်တဲပေါ်ပြန်ရောတော့ သူလုပ်သမျှကိုလှမ်းကြည့်နေတဲ့ကိုပြူးကမေးလိုက်သည်။

“မြင့်ဆောင်မင်း အဲ့ဒီအပင်ကြီနား ဘာသွားလုပ်တာတုန်း”

“ဘာမှမဟုတ်ပါဘူးကွာ အပေါ့အပါးသွားတာပါ”

ကိုမြင့်‌ေဆာင်ထိုသို့သာပြန်ပြောလိုက်သည်။

” မင်းကျောက်အိုးဘက်ကိုရောသွားကြည့်ပြီးပြီလား”

ကိုပြူးဆက်မေးပြန်သည်။ထိုအခါကိုမြင့်ဆောင်က

“ကျောက်အိုးဘက်တော့ မရောက်သေးဘူးကွ”
” မောင်စိုးကလည်း ညကအရမ်းကြောက်နေတာဆိုတော့ သွားမကြည့်ဖြစ်လိုက်ဘူး”

“ဒါဆိုလည်း အခုအဲ့ဒီဘက်သွားရှာရအောင်ကွာ”

သူတို့နှစ်ယောက်ထိုသို့ပြောဆိုနေတုန်းမှာပဲ တဲဘက်သို့
လူတစ်ယောက် မောကြီးပန်းကြီး လျှောက်လာနေသည်ကိုတွေ့လိုက်သည်။

ထိုသူအနားရောက်လာတော့

“ကိုမြင့်ဆောင် ကိုမြင့်ဆောင် မောင်စိုးဘာဖြစ်မှန်းမသိဘူးဗျ အဲ့ဒါဦးဘိုးခင်ကခင်ဗျားကိုလာခေါ်ခိုင်းလို့ ကျုပ်လိုက်လာတာ” အရေးတကြီးပင်‌ပြောသည်။

ကိုမြင့်ဆောင်ရုတ်တရက်ကြောင်အမ်အမ်ဖြစ်သွားသည်။ပြီးတော့မှ

“ဘာဖြစ်တာလဲကွ ငါတို့ထွက်လာတုန်းကမှအကောင်းကြီးရှိသေးတယ်အခုဘယ်လိုဖြစ်တာတုန်း”

“ကျုပ်လည်းမသိဘူးဗျအဲ့ဒါ မျက်ထောင့်နီကြီးနဲ့ကြည့်ပြီးတဝူးဝူးတဝါးဝါးတွေပဲလုပ်နေတာ”

“လာကွာအဲဒါဆိုသွားကြည့်ရအောင်”

ကိုမြင့်ဆောင်လည်းထိုသို့ပြောပြီးရှေ့မှထွက်ခဲ့လိုက်တော့သည်။

ကိုမြင့်ဆောင်တို့ရွာကိုပြန်ရောက်တော့ ဦးဘိုးခင်၏အိမ်တွင်လူတွေတရုန်းရုန်းနှင့်ဖြစ်နေကြပြီး မောင်စိုးကိုဝိုင်း၍ကြည့်နေကြသည်။

မောင်စိုးသည် ဦးဘိုးခင်၏အိမ်အောက် ကုတင်တစ်လုံးပေါ်မှာထိုင်နေပြီး မျက်ထောက်နီကြီးနှင်လူတွေကိုလိုက်ကြည့်နေသည်။

ပါးစပ်မှာလဲ မြင့်ဆောင် ဘယ်မှာတုန်မြင့်ဆောင်ကိုခေါ်ပေးဟူ၍သာပြောနေသည်။

ကိုမြင့်ဆောင်လည်းမောင်စိုးကိုကြည့်ပြီးရုတ်ရက်ဘာပြောရမှန်းမသိဖြစ်နေသည်။

ခဏ‌ေလာက်ကြာတော့မှ

“မင်းဘယ်သူတုံး မင်းမောင်စိုးမဟုတ်ဘူးလား”ဟု

မေးလိုက်သည်။

ထိုအခါမောင်စိုးက

“ငါမောင်စိုးမဟုတ်ဘူးကွ ထိမ်‌ပင်ပေါ်မှာနေတဲ့သရဲ
မင်းကိုမကြေနပ်လို့လိုက်လာတာ”

ကိုမြင့်ဆောင်ကိုမျက်ထောက်နီကြီးဖြင့်ကြည်၍ပြောသည်။ကိုမြင့်ဆောင်ဘာပြောရမှန်းမသိဘဲဖြစ်သွားပြန်သည်။

သူသည်ပယောဂဆရာလည်းမဟုတ်ရိုရိုးသာမန်လူသာဖြစ်သည်။ဒါကြောင့်ယခုလိုသရဲတစ္စေပူးကပ်နေသူနှင့်စကားပြောနေရသည်မှာ ကြောင်အမ်အမ်ကြီးဖြစ်နေသည်။

ကိုမြင့်ဆောင်အကြောင်း‌အရင်းကိုသာအမြန်ဆုံးသိချင်နေမိသည်ဒါကြောင့်

“မင်းကဘာဖြစ်လို့ ငါကိုမကြေနပ်ရတာလဲ”

“ငါကရော ဘာတွေလုပ်ခဲ့မိလို့တုန်”

ကိုမြင့်ဆောင်တိုတိုပြတ်ပြတ်ပင်မေးလိုက်သည်
ထိုအခါထိမ်ပင်သရဲဝင်ပူးနေသောမောင်စိုးက

“မင်းကငါနေတဲ့အပင်နားလည်းလာသေး ငါ့ကိုလည်းလေးဂွနဲ့ချိန်ပြီးပစ်မလိုလုပ်သေးတယ် အဲ့ဒါကိုငါမ‌ေကျနပ်ဘူး”

ထိုသို့သူတို့ပြောနေကြသည်ကိုဘေးနားမှလူများသည်စိတ်ဝင်တစားနားထောင်နေကြသည်။

ကိုမြင့်ဆောင်အတန်ကြာရပ်၍စဉ်းစားနေပြန်သည်
အတော်ကြာတော့မှ

“အဲဒါဆို ကျုပ်ကဘာလုပ်ပေးရမှာလဲ”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ထိမ်ပင်သရဲကြီးက

“မင်းငါ့ကိုတောင်းပန်ရမယ် ငါနေတဲ့ထိမ်ပင်အောက်မှာငါ့ကိုအမဲးသားကျွေးပြီးတောင်းပန်ရမယ်”
“ဒီလိုမှမဟုတ်ရင် ဒီကောင့်ကိုငါအသေလုပ်သတ်ပြစ်မယ်”

ထိမ်ပင်သရဲကြီးသည် သူပူးကပ်နေသောမောင်စိုးအားရည်ရွယ်ပြီးပြောနေခြင်းဖြစ်သည်။

ထိုသို့‌ပြောလိုက်တော့ကိုမြင့်‌ေဆာင်ကပြန်၍

“ဒါဆိုကျုပ် ခင်ဗျားပြောတဲ့အတိုင်းလုပ်ပေးမယ် မောင်စိုးကိုတော့ဘာမှမလုပ်နဲ့”ဟုပြောလိုက်သည်။

ထိုသို့ပြောလိုက်တော့မောင်စိုးငြိမ်သွားသည်
ခဏနေတော့တုံးလုံးလှဲပြီးအိပ်ပျော်သွားပြန်သည်

ထိုအခါကြမှကိုမြင့်ဆောင်လည်းဦးဘိုခင်နှင့်တိုင်ပင်ပြီးထိမ်ပင်သရဲအားအမဲသားကျွေးပြီးတောင်းပန်ရန်အတွက်လိုအပ်တာများကိုစီစဉ်ကြတော့သည်။

ထိုသို့ဖြစ်ညနေလေးနာရီခွဲအချိန်လောက်တွင် ကိုမြင်ဆောင်သည်လည်းအမဲသားတောင်းအားထမ်၍သလဲကုန်းရွာမှထွက်ခဲ့တော့သည်။

သူနဲ့အတူကိုပြူးလဲအဖော်အဖြစ်လိုက်လာသည်။

ကိုပြူးသည်သူနှင့်အတူနွားရှာရန်လိုက်လာသူဖြစ်ပြီး

မောင်စိုးသရဲပူးသည်ကိုလိုက်ကြည့်ရင်းအိမ်မပြန်ဖြစ်တော့ဘဲ ကိုမြင့်ဆောင်နှင့်တစ်ညခင်းလုံးအတူရှိနေသည်

သလဲကုန်းရွာနှင့်ထိမ်ပင်ရွာသည်တစ်နာရီကျော်ကျော်မျှလမ်းလျှောက်ရသည်ဖြစ်သည်

ထိုကြောင့်ကိုမြင့်ဆောင်လည်းခပ်စောစောထွက်ခဲ့ခြင်းဖြစ်သည် သည်အချိန်လောက်သွားမှသာထိမ်ပင်ရွာသို့နေဝင်ရီတရောအချိန်ရောက်မည်ဖြစ်သည်။

ထိုသို့ထိမ်ပင်ရွာသို့သွားနေသည် အခိုက်မှသာ
ကိုမြင့်ဆောင်သည်နွားကြီးနှစ်ကောင်ကိုသတိရမိတော့သည် သို့သော်သူသိပ်စိတ်မပူမိ
ဖိုးခေါင်ကြီးအားသတိပေးထားပြီးပြီဖြစ်၍ဖြစ်သည်

သူတို့နှစ်ယောက်လည်း ခန့်မှန်ထားသည်အတိုင်းပင်
ညနေအတော်ဆောင်းတော့ ထိမ်ပင်ရွာ ရွာဦးထုံးစေတီလေးနားသို့ရောက်လာပြီဖြစ်သည်

ထိုမှတဆင့် ညတုန်းကသူတို့ဖြတ်လျှောက်ခဲ့သည့် လယ်ကွင်းအတိုင်းဖြတ်၍လာကာထိမ်ပင်ကြီးဆီသိုရောက်လာခဲ့တော့သည်

ထိမ်ပင်ကြီးနာရောက်တော့သူသည် အသင့်ပါလာသောငှက်ပျောဖက်ကိုခင်းပြီး အမဲသားများကိုထိမ်ပင်ကြီး၏အောက်တွင်ပုံလိုက်သည်။

ထိုသို့ပုံလိုက်ပြီးကိုမြင့်ဆောင်သည်ပါးစပ်ကနေ၍

“ကဲ ထိမ်ပင်ပေါ်ကသရဲကြီး ခင်ဗျားကျွေးခိုင်းတဲ့အမဲသားဒီမှာပုံထားတယ် လာပြီးစားလို့ရပြီ”

ကိုမြင့်ဆောင်သည်သူ့အတွက်တော့ထိမ်ပင်သရဲကြီးကိုဂရုမစိုက် မောင်စိုးအတွက်သာစိတ်ပူပြီးလာကျွေးခြင်းဖြစ်သည် ထိုကြောင့်ပြောတတ်သလိုပြောပြီးလှည့်ထွက်ခဲ့တော့သည်။

ထို့နောက်သူလုပ်သမျှကိုရပ်ကြည့်နေသော ကိုပြူးအားခေါ်၍ ပြန်လာခဲ့တော့သည်။

ထိုသို့သူတို့နှစ်ယောက်ပြန်လာကြရင်း လမ်းတစ်ဝက်အရောက်မှာတော့ကိုမြင့်ဆောင်ကကိုပြူးအား

“ငပြူးငါတဲပြန်ပြီးနွားကြီတွေသွားကြည့်လိုက်ဦးမယ်
မင်းလိုက်ခဲ့ဦးမလား”

သူပြောလိုက်တော့ကိုပြူးက မလိုက်တော့ဟုပြောသည်။

ဒါနဲ့ကိုမြင့်ဆောင်လည်း သူတစ်ယောက်ထည်းတဲသို့ပြန်ခဲ့လိုက်သည်

သူတဲသို့ပြန်အရောက်မှာတော့ တဲနောက်ဘက်အိုင့်ထဲတွင်မြက်စားနေသောနွားကြီးနှစ်ကောင်အားပြန်တွေ့လိုက်ရ၍ အလွန်ပင်ဝမ်းသာသွားလေသည်။

အားလုံးကို လေးစားစ‌ွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။