ဝဋ်ကြွေးကျေပါစေ


“ငါထွက်မပေးနိုင်ဘူး”
“နင်ဘာလိုချင်လဲ။ဘာစားချင်လဲ။ငါတို့အကုန်လိုက်လျောပေးမယ်”
ဦးမျိုးက ယင်းသို့ဆိုလာတော့ ယုသန္တာကိုယ်ထဲဝင်ပူးနေသည့်ဒေါ်ငွေရီက
“ငါလိုချင်တာက ဒီကလေးမကိုဘာစာမှသင်မပေးဘဲအိမ်ပြန်လွှတ်ပေးစေချင်တယ်။ငါစားချင်တာကလည်း ဒီကလေးမရဲ့အသားပဲ”
“ဘာ”
ဦးမျိုးထိတ်လန့်ပြီး ထအော်မိသလို၊အနားမှGuideလည်းလန့်ဖျပ်သွားမိသည်။
ပြီးနောက် ဦးမျိုးက
“နင်ဒီကလေးမကို ဒီလောက်စားချင်နေရင် စားလေ။ဘာလို့မစားတာလဲ”
“ငါစားလို့မရသေးဘူး။အရင်တုန်းက ငါသူ့ကိုပြုစားခဲ့သေးတယ်။အဲဒီတုန်းက ဘုန်းကြီးနဲ့အခြားပယောဂဆရာတွေပြန်ကုပေးတာကြောင့်ငါ့ပယောဂကနည်းနည်းလေးပဲကျန်တော့တယ်။ဒါကြောင့်အခုငါဝင်ပူးတာနုနုလေးပဲပူးလို့ရတာ။တကယ်ဆိုတအား ကြမ်းကြမ်းပူးချင်တာ”
ဒေါ်ငွေရီက ယင်းသို့ပြောနေခိုက်တွင် တိုင်ကပ်နာရီမှညဆယ့်တစ်နာရီထိုးသံမြည်လာသည်။
‘ဒင် ဒင်.ဒင်’
ထိုအခိုက်မှာပင် မြသန္တာ၏မိဘနှစ်ပါးလည်း အဆောင်ပေါ်သို့ရောက်လာကြသည်။
၎င်းတို့နေထိုင်သည့်ရွာနှင့်ဤကျောင်းအဆောင်သည် အလွန်ဝေးကွာသော်လည်း ဆင်းရဲလွန်းသဖြင့်လာစရာလှည်းမရှိဘဲ ဘုန်းကြီးကျောင်းမှကားဖြင့်သာလာခဲ့ကြရသည်။
ယင်းအခိုက်တွင် ယုသန္တာ၏ကိုယ်ထဲတွင်ဝင်ပူးနေသည့်ဒေါ်ငွေရီက မနားတမ်းတရစပ်ပြောနေပြန်သည်။
“ဒီကလေးမက ငါ့သမီးထက်စာတော်တယ်။ငါ့သမီးထက်ရုပ်ချောတယ်။ငါ့သမီးထက်သာသွားမှာကိုငါမလိုလားဘူး။ဒါကြောင့်ငါလုပ်တာ။ရွာကဘုန်းကြီးက..ဒီကလေးမနဲ့ဦးကြီးတော်စပ်တယ်။မိဘတွေကျောင်းမထားပေးနိုင်ပေမယ့် ဘုန်းကြီးက ကျောင်းထားပေးမှာ။ငါသူ့ကိုကျောင်းစာတွေကျက်ခွင့်မပေးနိုင်ဘူး။ငါ့သမီးထက်တော်သွားမှာ။ပြီးခဲ့တဲ့နှစ်က ဒီကလေးမကိုငါပြုစားခဲ့သေးတယ်..ဒါပေမယ့် ကုသိုလ်ကံကောင်းတော့ သေမလိုပဲဖြစ်ခဲ့ရတယ်”
ဦးမျိုး အကြီးအကျယ်စိတ်ပျက်ကာ ခေါင်းကိုတသွင်သွင်ခါရမ်းရင်း
“အ.ကုသိုလ်တွေ.. အ.ကုသိုလ်တွေ”
ဟုသာထပ်ခါထပ်ခါရေရွတ်ညည်းညူနေမိတော့သည်။
ယုသန္တာ၏မိဘနှစ်ပါးကလည်း တရှုံ့ရှုံ့နှင့်ငိုနေကြသည်။
ယင်းအခိုက်တွင် ဦးမျိုးက ယုသန္တာကိုစူးစူးစိုက်စိုက်ကြည့်လေရင်း
“နင်ဒါမျိုးတွေလုပ်လို့ ဘာအကျိုးထူးမှာလဲ။ဘာအဓိပ္ပါယ်ရှိမှာလဲပြော”
“ငါပြောပြီးပြီလေ။ငါ့အတွက်အကျိုးမရှိပေမယ့် ဒီကလေးမ ဒုက္ခရောက်တာကိုကျေနပ်တယ်လို့။နောင်ဖြစ်လာမယ့်ဝဋ်ကြွေးကိုလည်းငါခါးစည်းခံမယ်လို့။တကယ်တော့ဒီကလေးမကိုရော..သူ့မိဘတွေကိုရော ငါမေတ္တာထားပါတယ်။ဒါပေမယ့် ကလေးမက ငါ့သမီးထက်ပညာ၊ရုပ်ရည်နဲ့ဆံပင်ကအစသာနေတော့
သူ့ကို ဘယ်လိုမှမေတ္တာမထားနိုင်ဘူး”
ဦးမျိုး အံကြိတ်လိုက်သည်။
ပြီးနောက်
“ကဲ နင်ဒီလောက်တောင်ဖြစ်လှတာ”
ယင်းသို့ကြိမ်းရင်း ယုသန္တာ၏ကျောပြင်ကိုသိမ်ဝင်ပုတီးဖြင့် သုံးလေးကြိမ်ခန့်သပ်ချလိုက်သည်။
“အား အမလေးတော့”
ယုသန္တာလည်း ကြမ်းပြင်ပေါ်တွင်လူးလှိမ့်ပြီးအော်ငိုနေလေတော့သည်။
ထိုအခါ သူမ၏မိဘနှစ်ပါးနှင့် Guide ပါ လန့်ဖျပ်သွားမိကြသည်။
ဦးမျိုးက
“နင်သူ့ခန္ဓာကိုထဲက အခုထွက်ပေး။ဒါဆိုနင့်ကိုဘာမှမလုပ်တော့ဘူး”
“ဟင့်အင် ငါထွက်မပေးနိုင်သေးဘူး။ဆယ့်တစ်နာရီကျော်မှငါထွက်သွားမှာ။အခုနေ ငါထွက်သွားရင် ဒီကလေးမက စာပြန်
ကျက်မယ်။စာကျက်ရင် ငါ့သမီးထက် သာသွားလိမ့်မယ်။ဒါမျိုးကိုငါခွင့်မပြုနိုင်ဘူး”
ဦးမျိုးအလွန်အမင်းစိတ်ပျက်သွားမိပြန်သည်။
ထို့နောက်Guideကိုပြောလိုက်သည်။
“မြို့ထဲက ရွှေရင်ကျော်ဆရာကိုသွားပင့်ပေးစမ်းပါ။ငါနဲ့တော့အဆင်ပြေမှာမဟုတ်ဘူး”
“ဟုတ်”
Guide လည်း အဆောင်ပေါ်မှ ခပ်သွက်သွက်ဆင်းသွားသည်။
ယင်းအချိန်၌ ယုသန္တာ၏ခန္ဓာကိုယ်ထဲမှဒေါ်ငွေရီကလည်း ‘ဤကလေးမသူ့သမီးထက်လှပြီး စာတော်သည်ကိုမနာလိုပြီး လုပ်ရသည်ဟုသာထပ်ခါထပ်ခါပြောနေလေသည်။
မိနစ်အနည်းငယ်အကြာ၌Guideနှင့်အတူ ရွှေရင်ကျော်ဆရာလည်း အဆောင်ပေါ်သို့ရောက်လာသည်။
ပြီးနောက် ဦးမျိုးနည်းတူ
ယုသန္တာ၏ခန္ဓာကိုယ်ထဲမှ ဒေါ်ငွေရီကိုမေးပြန်လေရာ ဒေါ်ငွေရီကလည်း ပညာတွေမိခင်ဆီမှရခဲ့ပုံ၊ဤကလေးမကိုစားချင်သော်လည်း ကံမြင့်နေသေးသည်မို့စား၍မရသေးကြောင်းစသည်တို့ကို အကုန်ပြန်ဖြေသည်။
ထို့နောက် ရွှေရင်ကျော်ဆရာက
“ကဲ..နင်ဒီပညာတွေကိုတွေကိုလှူ
လိုက်ပါ။လူတွေအပေါ်ကိုလည်းမေတ္တာစိတ်ထားပါ”
ယင်းသို့ပြောတော့ ဒေါ်ငွေရီက
“မလှူနိုင်ဘူး။အခြားလူတွေကိုမေတ္တာထားလို့ရပေမယ့်ဒီကလေးမကိုတော့မေတ္တာလုံးဝမထားနိုင်ဘူး”
ထိုအခါရွှေရင်ကျော်ဆရာလည်း သူ့တွင် ပါလာသည့်အပ်ချည်ကိုဆွဲကြိုးသဖွယ်ပြုလုပ်ကာယုသန္တာ၏လည်ပင်းကိုစွပ်ပေးပြီး ဘုရားစင်ပေါ်ရှိကျောင်းဆောင်ကလေးရှေ့မှ အသင့်တင်ထားသည့်ပရိတ်ရေဘူးကိုခွက်သန့်သန့်တစ်ခွက်ထဲသို့ထည့်ကာ ယုသန္တာကိုမျက်နှာသစ်ပေးသည်။
ပြီးယင်းပရိတ်ရေဖြင့်မျက်စဉ်းခတ်ပေးရင်း ပါးစပ်မှ ‘ဥုံ’ခံကာ ဂါထာတစ်ပုဒ်ကိုရွတ်ဆိုနေသည်။
ထိုအခါယုသန္တာလည်း အော်ဟစ်နေလေတော့သည်။
“အမလေးတော့်။ပူလှပါပြီ။စပ်လှပါပြီ။မျက်လုံးတွေလည်းကန်းတော့မှာပါ။ကြောက်ပါပြီ”
ယင်းသို့တရစပ်အော်ရင်းကြမ်းပြင်ပေါ်တွင် လူးလှိမ့်၍နေလေသည်။
ထိုအခါမှ ရွှေရင်ကျော်ဆရာလည်း သူ၏လုပ်ငန်းစဉ်ကိုရပ်ထားလိုက်ပြီး’နောက်နောင် ဤကလေးမကိုဒုက္ခမပေးရန်ကတိတောင်းသလို၊အခြားသက်ရှိသတ္တဝာတွေကိုလည်း ဒုက္ခမပေးရန် ကတိတောင်းပြီးသစ္စာရေတိုက်ကာ ပြန်လွှတ်လိုက်သည်။
ဒေါ်ငွေရီထွက်သွားပြီး ပြီးချင်းမှာပင် ယုသန္တာလည်း ကြမ်းခင်းပေါ်သို့ပုံလဲကျသွားသည်။
ပြီးနောက် ခေတ္တ အကြာ၌မှာပင် သတိပြန်ရလာသည်။
ထို့နောက် သားအမိသုံးယောက်ဖက်ကာတရှုံ့ရှုံ့နှင့် ငိုကြလေတော့သည်။
ယင်းသို့ ငိုကြပြီးသည့်နောက် မိဘနှစ်ပါး
က ဦးမျိုးကိုအကျိုးအကြောင်းပြောပြပြီး ယုသန္တာအား ဆေးကုပေးရန်အတွက် ခေတ္တ ပြန်လည်ခေါ်သွားကြလေတော့သည်။
++++++++++++++++++++++
ယုသန္တာရွာသို့ပြန်ရောက်ပြီး ဆေးကုရာ ရက်အနည်းငယ်၌ပင်ပြန်လည်သက်သာလာသည်။
ထိုအခါဒေါ်ရီငွေ၏သားဖြစ်သူ ကြည်လွင်မှာမကျေမချမ်းဖြစ်လျက်ရှိနေသည်။
ပြီး..သူသည် ယုသန္တာအားမိခင်ဖြစ်သူက ပြုစားရာ၌ ဆရာက ဆုံးမပြီး ပြန်လည်
ကုပေးခဲ့သည့်အဖြစ်ကိုလည်း ကောင်းစွာသိရှိခဲ့ပြီးဖြစ်သည်။
ယုသန္တာတို့မိသားစုသည် လယ်ယာနှင့်အတူ ကော်ဖီလည်းစိုက်ကြသည်။
လယ်ယာစိုက်ပြီး နားချိန်၌ တပိုင်တနိုင်ကော်ဖီခြံအတွက် ပေါင်းရှင်းဆေးဖြန်းလုပ်ကြသည်။
တစ်ရက်တွင်နေ့လည်စား နားချိန်၌ ယုသန္တာက ဖခင်ဖြစ်သူကိုပြောသည်။
“ပါပါး။သမီး ဘုရားဘကျကိုသှားလိုကျဦးမယျ”
“သြော် အေးအေး သွားလေ။သိပ်တော့မကြာစေနဲ့နော်သမီး”
“ဟုတ် ”
ယုသန္တာခြံထဲမှထွက်သွားသည်။
ထိုစေတီဘုရာသည် ကော်ဖီခြံ၏မြောက်ဘက်ခပ်လှမ်းလှမ်းတွင်သာရှိနေသည်။
သို့သော်မိဘနှစ်ပါး ထမင်းစားနားပြီး ကော်ဖီခြံထဲအလုပ်ပြန်ဆင်းသည့်အချိန်ထိ ယုသန္တာက ပြန်မလာသေးချေ။
ယင်းလည်း ခပ်ပေါ့ပေါ့ ပင်နေလိုက်ကြသည်။
သို့သော် ညနေစောင်းအချိန်သို့ရောက်လာပြန်သော်လည်းယုသန္တာက ပေါ်မလာပြန်သေးချေ။
ထိုအခါ မိဘနှစ်ပါးလည်းစိတ်ပူပြီးလိုက်ကှာကြရာ စေတီ၏မြောက်ဘက်မလှမ်းမကမ်းတွင် စေတီဘက်သို့မျက်နှာမူကာ လက်အုပ်ချီ၍ ကန်တော့ဟန်ဖြင့်သေဆုံးနေသည့် ယုသန္တာကိုတွေ့လိုက်ရသည်။
ပြီးသူမ၏လည်ပင်းနှင့်ကျောပြင်တစ်ခုလုံးသည်လည်းဓားဒဏ်ရာတွေဖြင့်သွေးအလိမ်းလိမ်းဖြစ်ကာ ချီထားသည့်လက်အုပ်မှလက်ချောင်းကလေးများကလည်း ဓားဖြင့်အခုတ်ခံထားရသည်မို့ မြေပြင်ပေါ်သို့ပြတ်ကျလျက်ရှိနေသည်။
“သမီး ..အမလေး သမီးရဲ့ အဖြစ်ဆိုးလှချည်လားကွယ်”
မိဘနှစ်ပါးလည်း ယုသန္တာ၏အလောင်းကိုဖက်ကာ ရင်ကွဲမတတ်ငိုကြလေတော့သည်။
+++++++++++++++++++++++++
ရွာခံလူတွေလည်း ရဲစခန်းသို့အကြောင်းကြားရ၊ယုသန္တာ၏အလောင်းကို လည်းဆေးရုံသို့ပို့ကြရ၊တစ်ဖန် ဆေးရုံမှပြန်သယ်ပြီး သဂြိုလ် ဖို့လုပ်ကြ ရ..စသည်စသည်တို့အလုပ်ရှုပ်ကြရလေတော့သည်။
ထို့နောက် ယုသန္တာ၏အလောင်းကို သဂြိုလ် ပြီးသည့်နောက်တစ်နေ့တွင် ဒေါ်ငွေရီ၏သားဖြစ်သူ ကြည်လွင်လည်း အိမ်ထဲမှအိမ်အပြင်မထွက်တော့ဘဲ တစ်နေကုန် အရက်သောက်လိုက်၊ငိုလိုက်ဖြင့်လုပ်နေတော့သည်။
ပြီး ပါးစပ်မှလည်း
“ငါမှားတယ်၊သတ်မိတာငါမှားတယ်”
ဟုတစ်ကိုယ်တည်းရေရွတ်နေသည်။
တစ်ဖန်..လူကလည်း စိတ်တွေ ကယောင်ချောက်ချားဖြစ်လာသည်။
ထိုအခါ မူလကတည်းက ကြည်လွင်ကို
သင်္ကါမကင်းဖြစ်နေသည့်အုပ်ချုပ်ရေးမှူး
က ၎င်းကိုဖမ်းကာ သံသယတရားခံအဖြစ် ရဲစခန်းသို့ပို့လိုက်သည်။
ကြည်လွင်လည်း အချုပ်ထဲသို့ရောက်သွားသည်။
ထိုအခါ ဒေါ်ငွေရီလည်း သားဖြစ်သူကို ဖမ်းရကောင်းလားဟုဆိုကာ ကြိမ်းလားမောင်းလားဖြင့်သောင်းကျန်းနေလေရာ သူမကိုပါ အချုပ်ထဲသို့ထည့်ထားလိုက်ရလေတော့သည်။
+++++++++++++++++++
မှောင်ရီစသည်တဖြည်းဖြည်းပျိုးလာပြီဖြစ်သည်။
ထိုအခါယုသန္တာ၏မိဘနှစ်ပါးနှင့်အတူ သူမ၏အဒေါ်ဖြစ်သူဒေါ်နန်းဝေ
လည်း ထမင်းစားပြီး ဘုရားဝတ်ပြုရန်အတွက် ဘုရားစင်ရှေ့တွင်ထိုင်လိုက်ကြသည်။
ဘုရားစင်ပေါ်မှဆီမီးတိုင်တွေကလည်း တစ်ခန်းလုံးလင်းထိန်နေသလို၊အမွှေးတိုင်ရနံ့ကလည်းသင်းပျံ့လျက်ရှိနေသည်။
ထို့နောက် ဘုရားဂုဏ်တော်ကိုစတင်အာရုံပြုကြစဉ် ဒေါ်နန်းဝေက
“ပါပါး ပါပါးသမီးကိုကယ်ပါ”
ယင်းသို့အကူအညီတောင်းရှိုက်ကြီးတငင်ငိုကြွေးတော့မိဘနှစ်ပါးလည်းပျာယာခတ်သွားကြသည်။
ထို့နောက်
“ဟဲ့..ဘယ်လိုဖြစ်တာလဲ။နင်ဘယ်သူလဲ၊ဘယ်ကလဲ။ဘယ်သူလဲ”
ယင်းသို့ထပ်တလဲလဲမေးတော့ဒေါ်နန်းဝေကခပ်တိုးတိုးလေးပြန်ဖြေသည်။
“သမီးပါ”
“ဟေ”
“ဟယ်”
မိဘနှစ်ပါးမှာအံသြဝမ်းသာသွားကြသည်။
“သမီး သမီးအမေတို့ဆီပြန်လာတယ်နော်”
ဖခင်ဖြစ်သူကလည်း
သမီးဘယ်မှမသွားနဲ့နော်.ပါပါးတို့ဆီမှာပဲနေပါ။သမီးကိုဘယ်သူသတ်တာလဲပြောစမ်း။ပါပါးလက်စားချေပေးမယ်”
ထိုအခါ ယုသန္တာဝင်ပူးထားသည့်ဒေါ်နန်းဝေက ဖခင်ဖြစ်သူကို စိုက်ကြည့်ပြီး ရှိုက်ကြီးတငင်ငိုသည်။
“ခွင့်လွှတ်လိုက်ပါ..ပါပါးရယ်။သမီးလည်းခွင့်လွှတ်ပါတယ်။အတိတ်ဘဝက ဝဋ်ကြွေးပါခဲ့လို့ဒီဘဝမှာလာပေး
ဆပ်ရတယ်လို့ပဲသဘောထားလိုက်ပါ.သမီးဝဋ်ကြွေးကိုဒီမျှနဲ့ပဲကျေပါစေလို့ ပါပါး နဲ့မာမားဆုတောင်းပေးပြီး ကောင်းမှုကုသိုလ်တွေလုပ်ပေးပါ”
“သြော် သမီးရယ်..”
မမျှော်လင့်သည့်စကားတွေကြောင့် မိဘနှစ်ပါးမှာ မျက်ရည်မဆည်နိုင်အောင်ဖြစ်သွားကြရသည်။
“သမီးကြာကြာနေလို့မရဘူးပါပါး။သမီးမှာအဖော်တွေပါသေးတယ်။သမီးတို့နယ်ပြောင်းရတော့မယ်။အခုပါပါးတို့ကိုနှုတ်ဆက်ချင်လို့ ရွာစောင့်နတ်ကိုခွင့်တောင်းပြီးဝင်လာခဲ့ရတာ။ခဏပဲပါပါး”
မိဘနှစ်ပါး လည်းဝမ်းပန်းတနည်းဖြင့် ငိုကြရုံမှအပ.ဘာမှမတတ်နိုင်ချေ။
သမီးလေးကောင်းမွန်ရာဘဝသို့ရောက်အောင်ကုသိုလ်ကောင်းမှုပြု
လုပ်ပေးရုံမှတစ်ပါးအခြားမရှိတော့ပါ။
ထို့နောက် ယုသန္တာ၏ဝိဉာဉ်ထွက်သွားသည့်အခါ ဒေါ်နန်းဝေလည်းကြမ်းပြင်ပေါ်သို့ပုံလဲကျသွားတော့သည်။
ထိုအချိန်မှစ၍ ယုသန္တာ၏ဝိဉာဉ်သည် မိဘနှစ်ပါးအား..စကားလာပြောခြင်းမရှိတော့ပါ။
မိမိ၏အသက်ကိုမညှာမတာ သတ်ခဲ့သူကိုပင်ခွင့်လွှတ်စိတ်အပြည့်ရှိခဲ့သည့်သူမသည်.ကောင်းမွန်ရာဘဝသို့ ရောက်သွားလေပြီလားမပြောတတ်ချေ။
ရောက်ဖို့လည်းဆုတောင်းလိုက်ရပါသည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
အချိန်အခက်အခဲကြောင့်မန့်တွေကိုမပြန်နိုင်ရင်လည်းနားလည်ပေးကြပါ။