လင်လုစုန်း

သွားလုကြလို့တုံး”
“ဒီလို မယ်ခြုံရေ၊ နင့်တပည့်ရော၊ ငါ့တပည့်မရော လင်လိုချင်နေကြ တယ်။ ကောင်လေးတစ်ယောက်ကို တွေ့ပြီး လင်တော်ချင်လို့ အပြိုင်ဆွယ် ကြရာက နောက်ဆုံးပညာတွေထုတ်သုံးပြီး ဖြစ်ကြတာအေ”
“ရည်းစားလုရင်းက …”
“လင်တော်ချင်တော့ လင်လုတယ်ပဲ ပြောပါစို့အေ” “အဲဒီတော့ – ခု ဘယ်လိုဖြစ်ကြတုံး”
“ကောင်လေးကိုယ့်ဘက်ပါအောင်လုပ်ရင်းက ပညာပြိုင်သလိုဖြစ်ပြီး သူ့ပညာသုံး၊ ကိုယ့်ပညာသုံးနဲ့ ကြာရင် သင်းတို့ အပျော်အပြက်နဲ့ နှာခေါင်း သွေးထွက်ကြလိမ့်မယ်။ ဒါကြောင့် – နင့်တပည့် မနော်ကိုလည်း နင် နိုင်နိုင် နင်းနင်း ဆုံးမပါ။ ငါလည်း ငါ့တပည့် မယ်မုန့်ကို ဆုံးမပါ့မယ်အေ။ ကြာရင် ငါတို့ လူကြီးချင်း စကားပြောရရင် မကောင်းဘူး ဟုတ်ရဲ့လား”
“အေးပေါ့-ငါ မနော်ကိုခေါ်မေးကြည့်မယ်အေ”
“ဒါဆို – ငါပြန်မယ်နော်”
“ပြန်ပြန် – သူငယ်ချင်းပြန်”

မိအုန်းကငါ့အိမ်ပေါ်ကဆင်းသွားတယ်။ သူမမရှိတော့ငါစဉ်းစားတယ်
ရည်စားလုကြတာတဲ့။
တစ်နည်းက လင်လုတာတဲ့။
လင်တော်ချင်လို့ ….။
လင်လုရင်း ပညာတွေ ထုတ်သုံးကြရင်း “ထိ”ကုန်ကြတာတဲ့။ နေပါဦး

ပညာတွေထုတ်သုံးပြီးပြိုင်ကြရလောက်အောင် သင်းတို့ လင်လောင်း ဆိုတဲ့ ကောင်လေးက ဘယ်လိုအစားထဲက မို့လို့တုံး။
သူဌေးသားလား l ဝန်ကြီးသားလား ….။ ဓာတ်ရှင်မင်းသားလား …။
ဇာတ်မင်းသားလား..။
ငါ့တပည့် မနော်ကို ခေါ်မေးရမယ်။ ပြီးရင် – သင်းတို့ လင်အလောင်း အလျာကို ခေါ်တွေ့တန် တွေ့ရမှာပဲ။
ဒါနဲ့ – မိပြာဆိုတဲ့ ကလေးမကိုလွှတ်ပြီး မနော်ကို သွားခေါ်ခိုင်းရတော့
စာရေးဆရာကို ကြိုရှင်းပြထားမှ သင့်မတင့် ထင်ပါရဲ့ကွယ်။
စာရေးဆရာရေ…
မယ်အုန်းဇာလည်း ပညာသည် ကဝေပဲ။
ငါကလည်း ပညာသည်ကဝေပဲ …။
မယ်အုန်းဇာကလည်း ပညာမသေးဘူးကွယ်…။
ကဝေအကြီးစားပဲ…။
အိမ့်တလိမ့်စုန်းအတတ်၊ မောက်လုံးအတတ်၊ ခေါင်းစုန်း၊ ခြေစုန်း အတတ်၊ မောက်ပြားစုန်းအတတ် အားလုံးတတ်တယ်။ အဲဒီ စုန်းအတတ် တွေ တတ်မြောက်ပြီး အဲဒီစုန်းတွေကို နိုင်တယ်။
ငါကလည်း နတ်ကဝေ မြောက်စုန်းပဲ။
ကဝေကြီး ခေါ်တာပေါ့ကွယ်။
ဖမ်းစားပြုစားတဲ့အတတ်ကို ကျွမ်းသူတွေပေါ့။

ငါတို့ ကဝေမြောက်စုန်းနဲ့ အိမ့်တလိမ့်စုန်းတွေဟာ “နဝမသညာ”ကို သိတယ်။ ဆိုလိုတာက ငါတို့အောက်က စုန်းတွေရဲ့အကြံအစည်ကို သိနိုင် တယ်။ လိုအပ်မှ သိတာပေါ့။ မလိုရင် အမှုမဲ့ပဲ ရှိတယ်။
ကဝေစုန်း၊ ခြေစုန်း၊ လက်စုန်း၊ အိမ့်တလိမ့်စုန်း၊ မှော်ဝင်စုန်း၊ ဇော်ဂနီ စုန်း၊ သားစားစုန်းတွေဟာအမဲသားငါးကနေလူ့အသွေးအသားထိနှစ်သက် ကြတယ်။
ဒါကြောင့် – သားစားစုန်းလို့လည်း ခေါ်တယ်။ ကဝေပျံဆိုတာ ရှိသေးတယ်ဟေ့။
အလွန့်ကိုစွမ်းတာပဲ။ ကိုယ်မနှစ်မသက်တဲ့သူကိုစိတ်ရှိတိုင်း ညှဉ်းပန်း နှိပ်စက်နိုင်တယ်ကွယ်။
ပြီး − မှော်စုန်းဆိုတာ ရှိသေးသဟေ့။
မှော်ဝင်စုန်း၊ စုန်းမှော်၊ နတ်စုန်း၊ သိုးမှော်စုန်း၊ မှော်စုံစုန်း၊ စုန်းဘီလူး၊ မှော်သိမ်းစုန်း၊ မှော်ပါစုန်း၊ မှော်စဉ်စုန်းဆိုတာ ရှိသေးတယ်။
အဲဒီစုန်းတွေက နာနာရုပ်အမျိုးမျိုး ဖန်ဆင်းနိုင်တယ်။ မင်းတို့ ဆရာ မနိုင် နှစ်ဆောင်ပြိုင် ရုပ်ရှင်ကြည့်ဖူးလား – စာရေးဆရာ” “ကြည့်ဖူးပါတယ် – အမေ”
“အဲဒီရုပ်ရှင်မှာ ဒေါ်မြလေးက ပညာသည်စုန်းမကြီးပဲ။ သူတပည့် စုန်း တွေက ရုပ်အမျိုးမျိုး ဖန်ဆင်းပြီး ဇရပ်ပေါ်မှာ အိပ်နေတာလေ”
မင်းသမီးကို မျောက်ကလေး ဖြစ်သွားအောင် ပြုစားလိုက်တာ ကြည့်ရ မဟုတ်လား။
ကဝေမကြီးဒေါ်မြလေးကသူ့သမီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ညားစေချင်လို့ အိမ်ရှေ့မင်းသားရဲ့ချစ်သူကို နာနာရုပ်ပြောင်းသွားအောင် ပြုစားလိုက်တာ။ အဲဒါ – အမှန်ပဲ။ အဲဒီပညာတွေ ရှိခဲ့ဖူးတယ်။ သို့သော်- ရှားပါးသွားပြီကွယ်။

ပညာဆက်ပြတ်သွားတာလည်း ပါတာပေါ့…။ အထက်ဂိုဏ်းဆရာကြီးတွေရဲ့သုတ်သင်ဖယ်ရှားပညာအာဏာ သိသွားတာလည်း ပါတာပေါ့။
အချို့အထက်လမ်း ဆရာကြီးများက ပညာသိမ်းပြီး ပညာပြတ်အော
လုပ်ခဲ့လို့ သစ္စာရေတိုက်
ကျိန်ဆိုခဲ့ရလို့ပညာကန်းသွားတာလည်းရှိတယ်။
အချို့စုန်းကဝေ ပညာသည်များကျတော့လည်း ပညာပြိုင်ရင်း အ နိမ့်လို့ အသက်ဆုံး ပညာဆုံးသွားတာလည်း ရှိတာပေါ့။
အချို့ကျတော့လည်းနောင်တရလို့၊ အသိတရားရလို့ ဘုရားရှေ့မှ သ
ဆိုပြီး ယုတ်ညံ့တွေကို စွန့်ပယ်သစ္စာပြုပြီးရတနာသုံးပါး မြဲမြံသွားတာလည် ရှိတာပေါ့…။ “အမေခြုံကရော”
“အမေလည်း အဲဒီလိုလုပ်ခဲ့တာပေါ့”
စုန်းကဝေ၊ ပညာသည်တွေအကြောင်းပြောရင် ဆုံးနိုင်ဖွယ် မရှိ
စာရေးဆရာ။
စုန်းအမျိုးပေါင်း (၆ဝ)ခြောက်ဆယ်ကျော်ရှိတယ်။ ထားတော့ကွယ်၊ စောစောက ဇာတ်လမ်းကို ဆက်ကြရအောင်ဟေ့။
ငါ့ခေါ်ခိုင်းလိုက်တဲ့ တပည့်မ မိပြာပြန်ရောက်လာတယ်။
“မိပြာ ..”
“ရှင် – အမေရံ”
“မနော်ပါလာလား”
“မပါဘူး အမရေံ”
“ငါခေါ်တာကို မလာရအောင် သင်းက ဘာကောင်မ မို့လို့လဲ”
“အမရေံ”
“ငါမေးတာ အလျင်ပြော -တယ်လေ-”
“မ-မနော်-မ-မထနိုင်ဘူး။ ဒါကြောင့် “”
“ဘာ-ဘာ-ဘာဖြစ်လို့- သင်းက မထနိုင်ရတဲ့တုံး – မိပြာ” “ခံလိုက်ရလို့တဲ့”
“ဟင်”
ခံလိုက်ရလို့တဲ့။ ဒါနဲ့ – ငါလည်း မနော်တို့အိမ် ရောက်သွားရော။ မနော် ကို မြင်လိုက်ရတော့တာပဲ။ ထိချက်က ပြင်းသဟေ့။
မနော်ရဲ့ခြေနှစ်ချောင်းဟာယောင်ကိုင်းကြီးထွားနေတယ်။ ခြေထောက်
နှစ်ချောင်းဟာ ပြည်တောင်းတစ်လုံးမက ကြီးထွားတင်းပြောင်ပြီး လှုပ်လို့ မရဖြစ်နေတာကြောင့် မနော်ဟာ မျက်ရည်တွေကျပြီး ငိုနေတာကို ငါ မြင် လိုက်ရတော့တယ်။
မြင်တာနဲ့ ငါ သိလိုက်ပြီလေ .. ။
ငါ့တပည့်မ ခံလိုက်ရပြီ..။
ဒါ – ခြေစုန်းတွေ ပြုစားလိုက်တဲ့ လက်ရာပဲ ..
ငါတို့လောကမှာခြေစုန်း၊ ကိုယ်စုန်း၊ ခေါင်းစုန်း၊ မောက်စုန်း၊ မောက်ပြား၊ အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းဆိုတာ အသီးသီးရှိတယ်ကွယ်။ ပညာကြီးတာက အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်ပဲ။
ကဝေမြောက်ဆိုတာ အဆင့်မြင့်တယ်။ ဒီစုန်းနှစ်မျိုးစလုံးက ကတော် ကြီးတွေကို အားကိုးအားထားပြုတယ်။
အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းကြီးတို့ဟာ အဲဒီကတော် (မယ် တော်ကြီး)များနဲ့ ကဝေနတ်၊ ဥရူနတ်၊ ဥရူနတ်ဆိုတာ အိမ်တွင်းနတ်ကိုပြော တာ။ ဇော်ဂနီ၊ ဇော်ဂနက်တို့ကို အကြောင်းပြုခိုင်းစေပြီး ဖမ်းစားနိုင်ကြ တယ်။
ကိုယ်တိုင် သွားထိကိုင်လုပ်စရာ မလိုဘူး။
ခိုင်းစားလို့ ရတယ်။
ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံး၊ မောက်ပြားတို့က အောက် နတ်တွေကို ခိုင်းလို့၊ စေလို့၊ ပြောလို့၊ ပတ်ဖွဲ့လို့ မရဘူး။

သူတို့ကိုယ်တိုင် ပညာအစွမ်းနဲ့ ပယောဂကို သွင်းရ ဖွဲ့ရတာ။ မနော်ကငါ့တပည့် ခေါင်းစုန်းပဲ။
မနော်ကလည်း ရန်သူရဲ့ခြေရာ၊ အရိပ်ကို မြင်ရရုံနဲ့ ပယောဂသွင်းလို့
ရတဲ့ စုန်းပဲ။
ငါတို့နေတဲ့အရပ်မှာ တောင်ရွာနဲ့ မြောက်ရွာဆိုတာ ရှိတယ် စာရေး
ဆရာရေ ။
နှစ်ရွာစလုံး ပညာသည်တွေချည်းပဲ။
ဟိုးမြန်မာ ရှင်ဘုရင်လက်ထက်ကတည်းက ရှိခဲ့၊ တည်ခဲ့တဲ့စုန်းကဝေ ရိုးရာမျိုးရိုးအရပ်ပဲဟေ့။
တာပဲ။
ကလေးကအစ လူကြီးအဆုံး ထမင်းစားရေသောက်တော့ တတ်ကြ
ကြီးတဲ့သူကတော့ ကြီးတဲ့အလျောက်ပေါ့။
တစ်ခါတစ်ခါ သူတို့ချင်း ပညာစမ်း ပညာပြိုင်၊ ပညာတက်၊ ပညာလက် ဆင့်ကမ်း လုပ်ကြတယ်။
ပညာနုတာနဲ့ ရင့်တာပဲ ကွာတယ်။
ပညာပြချင်တဲ့ သူနဲ့ ပညာမပြချင်သူပဲ ကွာတယ်။ သုံးတဲ့သူနဲ့ မသုံးတဲ့
သူပဲ ကွာတယ်။ အကုန်တတ်တာချည်းပဲ။
ငါက တောင်ရွာမှာ အကြီးအမှူးကဝေ (စုန်း)။
မယ်အုန်းဇာကမြောက်ရွာကအကြီးအမှူးပညာသည်ပေါ့။ နှစ်ရွာစလုံး
မယ်ဇာနဲ့ ငါရဲ့လက်ထွက်တပည့်တွေ ဆိုပါစို့ကွယ်။
ယောက်ျားတွေထက်စာရင် မိန်းမတွေက ပိုပြီးပညာသွက်တယ်ဟေ့။
အနိမ့်ဆုံးတော့ ချေးစားစုန်းပဲ။
နတ်တော်လရောက်ရင် ငါတို့ပညာကန်တော့ပွဲ လုပ်ကြရတယ်။ ပညာ တတ်တဲ့သူတိုင်း တက်ရတယ်။
အဲဒီမှာ ကြည့်ပြီး အဆင့်တက်ပေးရတာပဲ။

ယောက်ျားသားတွေက ကြာတော့ ဒီစုန်းကဝေပညာကို မသုံးချင်ဘူး။ မတက်ချင်ဘူး။ မိန်းမသား သူစိမ်းတွေ အထင်သေးမှာ၊ ရွံ့မှာ၊ ရှောင်မှာစိုး လို့တဲ့။
ငါတို့ပညာသည် လူကြီးချင်းမှာ ပြဿနာမရှိဘူး။ အောက်လက်ငယ် သားတွေမှာတော့ ပြဿနာရှိကြတယ်။
တစ်ရွာနဲ့တစ်ရွာ အကြောင်းကြီးငယ် သာမှုနာမှုရှိရင် ကူးလူးဆက်ဆံ
သွားကြရတာ။
အဲဒီမှာ လူငယ်တွေပေါ့…။
အထူးသဖြင့် စုန်းပညာတတ်ခါစ မိန်းမရွယ်တွေ မိန်းမကြီးတွေပေါ့။ တစ်ရွာသူကို ပညာစမ်းလိုက်တာပဲ။
ငါတို့တောင်ရွာကပညာသည်မိန်းမရွယ် ညံ့ရင်ခံရောပဲ။ ဒီလိုပဲ- သူတို့ မြောက်ရွာသူတွေ ညံ့ရင်ခံပဲ။
ပက်ပက်စက်စက်ခံရရင် ငါတို့ အကြီးအမှူး ပညာသည်ကြီးတွေက ကုသဆုံးမ တားမြစ်ရတာပေါ့။
အခု-မနော် ဒီလိုမျိုးခံရပုံပဲ။
ဒါ- မြောက်ရွာသူ လက်ချက်ပဲနေမှာ။
ကိုယ့်ရွာသူအချင်းချင်းတော့ လုပ်ခဲပါတယ်ကွယ်။
“မနော်…”
“အမရေံ”
“ပြော – နင် ဘယ်လိုဖြစ်ခဲ့ရတာတုံး”
ဒီမှာပဲ မနော်က ငိုသံပါနဲ့ နောက်ကြောင်းပြန်ပါရောဟေ့..
“ခြေထောက် မြှောက်လို့ရရဲ့လား”
“မ-ရ-ဘူး”
“လှုပ်လို့ရော ရလား”
“မ-ရ-ဘူး”
“နင်ခံရတာ ဘယ်နှရက်ရှိပတုံး” “နှစ်ရက်-ရှိ-ရှိ-ရှိသွားပြီ -အ-အ”
“နင့်ကို ဘယ်သူ လုပ်လိုက်တာလဲ မနော်” “မယ်-မယ် – မုန့်”
“မိဇာကြီးရဲ့တပည့်မ မယ်မုန့်လား”
“ဟုတ်-ဟုတ်”
“တောက် – ငါ့တပည့်ဖြစ်ပြီး ခံရတယ်လို့အေ – ဖွီး” “သင်း – သင်းလည်း ခံရမှာပဲအေ”
“ဘာလဲ – ညည်းက ပြန်လုပ်ခဲ့လို့လား”
“အင်း”

“သေနိုင်လား” “ဟင့်အင်း သိသာရုံပါ” “အခု- နင်ခံနေရပြီလေ” “ကျွန်မကို ကယ်ပါဦး အမေရယ်”
ဒါနဲ့ – ငါကပေါင်ရင်းကနေလက်နဲ့သပ်ချပြီးဝင်နေတဲ့ပယောဂတွေကို ထုတ်ပြီး ရွာပြင်လွှတ်ပစ်လိုက်တယ်။
ပြီး – ရောင်ကိုင်းနေတဲ့ နေရာတွေကို ငါ့လက်ဝါးစောင်းနဲ့ ခုတ်ခုတ်ချ ပေးလိုက်ရော …။
ရောင်ကိုင်းနေတဲ့ခြေနှစ်ဖက်ပေါ်ကနေအခိုးအငွေ့တွေ ရုတ်ခြည်းပေါ်
လာပြီး အိမ်ထဲကနေ ရွာပြင်ကို ဝေ့ဝဲပျံသန်းသွားတာ အားလုံးမြင်လိုက်ရ တယ်။
“ခြေထောက်ကို လှုပ်ကြည့်စမ်း”
“လှုပ်လို့ရပြီ – အမေရံ”
“မြှောက်ကြည့်”
“ရပြီ-အမေ”

“မြှောက်လို့ရရင် ထရပ်-လမ်းလျှောက်” မနော်ထရပ်ပြီးလမ်းလျှောက်တယ်။ သင်းမျက်နှာပေါ်မှာ ဝမ်းသာရိပ်
တွေ သန်းလို့ …။
“မနော်”
“ရှင် – အမေရံ”
“နင်တို့ ဘယ်လိုဖြစ်ကြတာလဲ-ပြော” “ဒီလိုပါ-အမေ”
ကျွန်မက မြောက်ရွာက မိစန်းတို့အိမ် သွားလည်တာပါ – အမေ။ မိစန်း က ပညာမတတ်ဘူး။ ရိုးရိုးသားသားပါပဲ – အမေ။
မိစန်းတို့အိမ်မှာ မြို့သားဧည့်သည်တစ်ဦးရောက်နေတယ်။ နာမည်က ကိုလရောင်မြို့တဲ့။
ချောမှချောပဲ။ အရွယ်ကလည်း ကျွန်မတို့နဲ့ ရွယ်တူပဲ။ မြို့ပေါ်ကမြို့ပိုင်ရဲ့ သားထွေးတဲ့။ သူ့အဘ မြို့ပိုင်ကတော့ ရွာကိုစစ်ဆေးပြီး ပြန်သွားပြီ။ သူက မိစန်းအစ်ကိုနဲ့ ကျောင်းနေဖက်မို့ ကျန်ရစ်တာ။
ရွာထဲမှာလူရွယ်လူချောတစ်ဦးရောက်နေတယ်။ ကြားတော့-ရွာထဲက မိန်းမတွေဝိုင်းလာကြ၊ ကြည့်ကြ၊ မိတ်ဆက်ကြ၊ ဟင်းခွက်တွေပို့ကြ၊ အိမ် အလည်ခေါ်ကြပေါ့။
အဲဒီမှာ မိရှင်မုန့်လည်း ရောက်လာတာပဲ…။
ရှင်မုန့်ကလည်း ကျွန်မလိုပဲ လုံးကြီးပေါက်လှပဲ။
ကျွန်မက အသားဖြူတယ်၊ ရှင်မုန့်က အသားညိုစိမ့်လေ။ ကိုလရောင် မြို့နဲ့ ကျွန်မတို့နှစ်ယောက်စလုံးနဲ့ ခင်မင်သွားကြတယ်။
“မရှင်နော်တဲ့လား” “ဟုတ်ကဲ့ပါ – ရှင့်”
“ချောလိုက်တာဗျာ” “ဟင်း-ဟင်း-ဟင်း- မမြှောက်ပါနဲ့ရှင်”
“ဒီက နှမက မရှင်မုန့်နော်” “ဟုတ်ပတော်” “ညိုချောပဲကို” “ခစ် – ခစ် – ခစ်”
ဒီမှာ မိစန်းရဲ့အစ်ကို ကိုသိန်းချစ်က ပြောရော..
“မောင်မြို့
“ဘာလဲ-ကိုချစ်”
“အချောတွေကြားထဲ ညှပ်နေဦးမယ်ဟေ့”
“ဟာဗျာ- ကိုချစ်ကလည်း” “ခစ် – ခစ် – ခစ် – ခစ်”
“ဟင်း-ဟင်း-ဟင်း-ဟင်း- အဟတ် – အဟတ်”
တိုတိုပြောရရင် ကျွန်မရော၊ မယ်ရှင်မုန့်ရော ကိုလရောင်မြို့ကို အပြိုင်
ပိုးကြတယ်။
ကျွန်မ ကိုလရောင်မြို့ကို မြင်မြင်ချင်း ချစ်သွားပြီလေ …။ ကိုလရောင်မြို့နဲ့ အစ်ကိုသိန်းချစ်တို့က အိမ်လွတ်ကြီးတစ်လုံးမှာ လွတ်လွတ်လပ်လပ် အတူနေကြတယ်။
ကျွန်မကလည်း မိစန်းတို့အိမ်မှာ တစ်ပတ်နေဖို့ စီစဉ်ထားတော့ ကိုလရောင်မြို့တို့ စားဖို့ ဟင်း၊ ထမင်းကို ကျွန်မနဲ့ မိစန်း သွားသွားပို့ရတယ်။ အဲဒီမှာ မိရှင်မုန့်ကလည်း စားကောင်းစားဖွယ်တွေလာပို့တယ်။ ထမင်း စားရင် ရှင်မုန့်နဲ့ ကျွန်မက ကိုလရောင်မြို့ကို အနားကယပ်ခပ်ပေး၊ ဟင်း ထည့်ပေး၊ ရေနွေးကမ်းပေး။
တစ်ယောက်အထာ တစ်ယောက် သိနေကြတော့ …။ သိပ်မကြည်ကြဘူး..။
ကျွန်မနဲ့ မိစန်း မပြန်မချင်း ရှင်မုန့်ကလည်း မပြန်ဘူး။ ဒီအကြောင်းကို ကိုသိန်းချစ်တို့လည်း ရိပ်မိကြတယ်။ ကျွန်မကလည်း ရှင်မုန့်ပြန်မှ ပြန်
ရေ”
တော့ …။
အကြောင်းသိချင်း ငြိကြတာပေါ့- အမေ။
“မနော်”
“ဘာလဲ – ရှင်မုန့်”
“နင် – တောင်ရွာကို မပြန်သေးဘူးလား”
ကျွန်မ ရွဲ့ပြီး ပြောလိုက်တယ်။
“ကိုမြို့နဲ့ မြောက်ရွာမှာ မင်္ဂလာဆောင်ပြီးမှ ငါ့ရွာကို ပြန်မယ် ရှင်မုန့်

“ဟုတ်လား” “ဟုတ်တယ်ဟေ့”
“အသေတွက်ပေါ့အေ”
“ဟဲ့ကောင်မ – နင် ဘာပြောလိုက်တယ်ဟေ့-ဟေ့”
မရှင်နော် ပြန်မပြောဘူး။ သုတ်သုတ် သုတ်သုတ် ပြန်သွားခဲ့တယ်။
နောက်နေ့မှာ
ရှင်မုန့်ကကိုလရောင်မြို့ကိုလက်ဖက်ကျွေးပြီးပြန်တယ်။
လက်ဖက်စားပြီး မကြာဘူး ဝမ်းဗိုက်အောင့်လို့ အော်နေရပါရော..။
ဆေးတိုက်လည်း မရဘူး၊ လူးလှိမ့်နေတယ်။
ကျွန်မ ရောက်သွားလို့ ကြည့်လိုက်တော့ မရိုးမှန်းသိလိုက်ပြီ.. ဒါနဲ့ စစ်ဆေးလိုက်တော့..
ရှင်မုန့်က စားမည့်လက်ဖက်ထဲ ပညာနဲ့ စီရင်လိုက်တာ သိရော။ အဲဒီလက်ဖက်ကို ပြန်နုတ်လွှင့်ပစ်ကုပေးလိုက်တော့ ကိုလရောင်မြို့ အောင့်တာ ပျောက်သွားတော့တယ်။
“ကိုမြို့”
“ကျေးဇူးတင်လိုက်တာ – မနော်ရယ်”
“နောင်ကို ရှင်မုန့်ကျွေးတိုင်း မစားနဲ့” “ဗျာ – ဘာဖြစ်လို့လဲဟင်” “မစားနဲ့ဆို နားလည်မှပေါ့ရှင်”
အစ်ကိုသိန်းချစ်ကတော့ သဘောပေါက်တယ်။ ဒါပေမဲ့ – ကိုမြို့ကို ဖွင့်မပြောဘူး။ ကျွန်မ ပညာတတ်မှန်းလည်း အစ်ကိုချစ်က သိတာပဲလေ။ ဒါပေမဲ့- သူက ကြောက်တတ်တယ်လေ။ မပြောဘူး။
ဒါနဲ့ – ကြာရင် ရှင်မုန့်ပြုစားလို့ ရှင်မုန့်နောက်ပါမှာစိုးတာနဲ့ ကျွန်မလည်း ကွမ်းယာစီရင်ပြီး ကိုမြို့ကို ကျွေးလိုက်တယ်။
အရေးကြီးတာ ကိုမြို့ကျွန်မကို အာရုံစိုက် မျက်နှာသာပေးပြီး ကျွန်မ ခေါ်ရာကို လိုက်ခဲ့ဖို့ပဲ။
ကျွန်မ စီရင်လိုက်တဲ့ ကွမ်းယာစားပြီးနောက်ပိုင်း ကိုမြို့က ကျွန်မကို မမြင်ရရင် မနေနိုင်တော့ဘူး။
ပါးစပ်ဖျားကလည်း ရှင်နော် – ရှင်နော် မေးနေတာပဲ။
ဒီလိုနဲ့ ကျွန်မနေတဲ့ တောင်ရွာကို အလည်ခေါ်ဖို့ လုပ်နေတုန်း ကျွန်မ ခြေထောက်တွေ လေးနေတာကို သိလိုက်တယ်။
ခြေသလုံးရိုးတွေကလည်း မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်နေ တယ်။ သိလိုက်ပြီ။ ကျွန်မကို ရှင်မုန့် ပညာပြလိုက်ပြီ…။
ဒီမှာပဲ ရှင်မုန့်လာပေးသွားတဲ့ ကြက်သားနဲ့ ဖရုံသီးဟင်းထဲမှာ ဆံပင် ချည်တစ်ချောင်းတွေ့လိုက်လို့ ယူပြီး ပညာနဲ့ ပြန်စီရင်လိုက်တယ်။ ကျွန်မက ခေါင်းစုန်းပဲလေ…။
သင်းရှင်မုန့် မကြာခင် သိရတော့မှာပါ။
ညဘက်လည်းရောက်ရော၊ ကျွန်မခြေနှစ်ချောင်းလှုပ်လို့မရတော့ဘူး။ ကျွန်မ ခံလိုက်ရပြီ။ ဒီရွာမှာ ဆက်နေရင် ကျွန်မ သေလိမ့်မယ်။
ဒါကြောင့် – ရွာကလူတွေမသိအောင် လှည်းတစ်စီးနဲ့ တောင်ရွာကိုပြန် ခဲ့ပေမယ့် စောစောက အမေခြုံမြင်ရတဲ့အတိုင်း ကျွန်မ ခြေလှုပ်လို့မရ ဖြစ် ခဲ့ရတာပဲ- အမေ”
“အော်- မိရှင်မုန့်က ခြေစုန်းကိုးအေ့။ ညည်းတို့ သံသရာမရှည်သင့်ဘူး အေ။ ဒါ-ဟိုကောင်လေးကြောင့် ဖြစ်တာပဲ”
“ကိုမြို့က ဘာမှမသိဘူး – အမေရံ”
“ကောင်လေးသဘောကရော ဘယ်သူ့ကို ကြိုက်တုံး” “မပြောတတ်ဘူး၊ ကျွန်မတို့ ကြံစည်ကြိုးစားကြတုန်းပဲ” “ညည်း – အခု ကောင်လေးကို ကြိုက်တုန်းပဲလား”
ရှင်နော် ပါးစပ်က မပြောဘူး၊ ခေါင်းငုံ့နေတယ်။ “လင်ရှားလို့လား “ ရှင်နော်”

“လင်တစ်ယောက်ကြောင့် နှစ်ရွာ ပညာပြိုင်ရရင် ဘယ်လိုလုပ်မတုံး –
နောက်နေ့ငါမြောက်ရွာကိုသွားပြီးမြောက်ရွာသူမကြီးမယ်အုန်းဇာကို
ခေါ်ပြီး ရှင်မုန့် အိမ်ကို ရောက်သွားခဲ့တယ်။ ရှင်မုန့်လည်း ခုမှ နေကောင်းခါစတဲ့ …
…ll
“ညည်းတို့ ဘယ်လိုဖြစ်ကြတာတုံး- မယ်မုန့်ရယ်” ရှင်မယ်မုန့်ကလည်း အမှန်အတိုင်း ပြောပြတယ်။
“ကျွန်မလည်း ကိုမြို့ကို ကြိုက်တယ်-ကြီးတော်ခြုံ။ ရှင်နော်ကလည်း ကိုမြို့ကို ကြိုက်နေတာပဲ။ ရှင်းအောင်ပြောရရင် ရည်းစားလု၊ လင်လုရင်း ကိုယ့်ဘက်ပါအောင် ပညာသုံးကြတယ်။ ကျွန်မ လက်ဖက်သုံးတာကို ရှင်နော်က သိသွားပြီး ကွမ်းယာစီရင်ကျွေးလိုက်တော့ ကိုမြို့က ရှင်နော်မှ ရှင်နော် ဖြစ်နေပါရော။ ကျွန်မ သိတာပေါ့။ ကိုမြို့ကို ရှင်နော် အပါခေါ်သွား တော့မယ်။ ဒီတုန်းက ကျွန်မ ပိုင်းဖြတ်ထားတယ်။ ကိုမြို့ကို ကျွန်မ အရယူ မယ်။ ရှင်နော် ဘဝပျက်ရမယ်။ ဒါကြောင့် – ရှင်နော်ရဲ့ခြေရာကို ထောက်ပြီး ပြုစားလိုက်တာ။ ရှင်နော်လဲရော။ ရှင်နော်ကိုခြေစုန်းအတတ်နဲ့ ပြုစားပြီးမှပဲ ကျွန်မလည်း ခေါင်းလုံးဝမထူနိုင်ပဲခေါင်းကိုက်လို့လူးလှိမ့်အော်ဟစ်နေတာ သေမတတ်ပဲ။ အဲဒါ- အမေကြီး ဒေါ်အုန်းက လာပြီး လက်နဲ့ သပ်ချဖယ်ရှား ကုသပေးမှ ခေါင်းထူလို့ရတော့တယ် ကြီးတော်ရံ”
“မယ်ခြုံ” “ဘာတုံး- မယ်ဇာ”
“နင့်တပည့်မလည်း ပညာမသေးဘူးအေ့”

“ညည်း – သိမှာပေါ့”
“ခေါင်းစုန်းပဲအေ့၊ ဒါကြောင့် – ငါ့တပည့်မယ်မုန့် ခေါင်းမထောင်နိုင်
“တော်ကြတော့အေ – လင်လုမနေကြနဲ့၊ ညည်းတို့ လင်လုတဲ့ကိစ္စမှာ ငါတို့ကန့်လန့်ကန့်လန့် ဝင်မပါချင်ဘူး။ ညည်းတို့ကောင်လေးကိုမေး။ သူက ညည်းကို ကြိုက်တယ်၊ ယူမယ်၊ လက်ထပ်မယ်ဆို ငါ့တပည့် မနှောင့်ယှက် စေရဘူး။ ကဲ-ညည်းကိုရော ကောင်လေးက ကြိုက်သတဲ့လား ရှင်မုန့်” “မ-မ-သိဘူးရှင့်”
“ငါသိပါတယ်၊ ညည်းတို့နှစ်ယောက်စလုံး မိန်းမနောက်ပိုးတွေ” ဒီမှာ-ဒေါ်ဇာက ..
“ဘယ်လိုလုပ်ရင် ကောင်းမတုံး”
“ကောင်လေး – မြို့ပေါ်ပြန်ရင် ကိစ္စပြီးပြီ”
“သူတို့က မြို့ပေါ်လိုက်သွားရင်ရော”
“ကောင်လေးက သင်းတို့ကို ချစ်မှာ၊ ကြိုက်မှာလား”
“မပြောတတ်ဘူးလေ”
“ပွင့်ပွင့်လင်းလင်း မေးရင်ကော”
“အဲလိုပဲ လုပ်ရမှာပဲ။ နို့မို့ – ဒီလင်လုဘက်တွေကြောင့် ငါ့ကိုပါ ဒုက္ခ
ရောက်မယ်”
တယ်။
“ကြာတယ်အေ -ကောင်လေးကို သွားမေးကြမယ်ဟေ့”
ငါတို့ မောင်လရောင်မြို့နေတဲ့အိမ်ကိုရောက်တော့ သိန်းချစ်ကို တွေ့ရ
“သိန်းချစ်”
“ခင်ဗျာ – ကြီးတော် ဘာကိစ္စရှိလို့ပါလဲ – ခင်ဗျ”
“ဧည့်သည်မောင်ရင်လေးရှိလားဟေ့”
“မရှိဘူး-ကြီးတော်”
“ဘယ်သွားလို့တုံး၊ ငါတို့က သူနဲ့ စကားပြောစရာ ရှိလို့ပါကွယ့်” “ကိုမြို့- မြို့ပေါ်ခဏပြန်တယ် ကြီးတော်”
“ဘယ်တော့ ပြန်လာမတဲ့တုံး”
“တစ်ပတ်နေရင် ပြန်လာမယ်လို့ ပြောတယ်ခင်ဗျ”
ဒါနဲ့ – ငါတို့နှစ်ဦး သိန်းချစ်ကို စိုက်ကြည့်ပြီး ပြောရရော –
“သိန်းချစ်”
“ခင်ဗျာ”
“ငါတို့ကို နင် သိတယ်နော်- သိန်းချစ်”
“သိ-သိ-ပါတယ် – အမေ”
“ငါတို့ကို မညာနဲ့”
“မဝံ့ပါဘူး – ကြီးတော်တို့ရယ်၊ မယုံရင် အိမ်ပေါ်တက်ကြည့်ကြပါဗျာ” “ကောင်လေးပြန်လာရင် ငါတို့ကိုလာပြော”
“ဟုတ် – ဟုတ်ကဲ့”
ငါတို့နှစ်ဦး ပြန်လာခဲ့လိုက်ကြတယ်။ ကောင်လေးကိုတွေ့ရင် ပွင့်ပွင့်
လင်းလင်း မေးရမယ်လေ။
ရှင်နော်ကို ကြိုက်လား။
ရှင်မုန့်ကို ကြိုက်လား၊ ချစ်လား…။
ကောင်လေး ချစ်တဲ့သူနဲ့ ပေးစားရမှာပဲ။
ကောင်လေးက ဘယ်သူ့မှ မကြိုက်ဘူးဆိုရင် ငါတို့တာဝန်ပြီးပြီ။ သို့ သော်-ကောင်လေးအတွက်တော့ စိုးရိမ်ရတာပေါ့။ ဟိုကောင်မနှစ်ယောက် က ပြောလို့မရဘူးလေ။ အမြင်ကတ်ပြီး ပြုစားလိုက်ရင် …
ကောင်လေးဘဝ ရေစုန်မျောပြီ..။

ဒီလို (၈) ရက်မြောက်တဲ့မနက်မှာ သိန်းချစ် ငါတို့တောင်ရွာကိုရောက် လာတယ်။
“ကြီးတော်ရံ- ပျို့- ကြီးတော်ရံ”
“ဟဲ့- ဘယ်သူတုံး”
“ကျွန်တော် သိန်းချစ်ပါ – ကြီးတော်ခြုံ”
“သိန်းချစ် – ဘာကိစ္စတုံး”
“မောင်မြို့ရွာကို ပြန်ရောက်လာပါပြီ – ကြီးတော်ခြုံ” “ဟုတ်လား- ဒါဆို လာခဲ့မယ်ဟေ့”
မောင်မြို့ပြန်ရောက်ပြီ ကြားရော ငါတပည့်ရှင်နော်လည်း လှလှပပ ဝတ်စားပြီး ငါနဲ့တောင်ရွာကို လာခဲ့ကြတယ်။ သွက်နေတာပဲဟေ့။ ရှင်နော်လည်း ကောင်လေးကို တွေ့ရမှာမို့ ပျော်လို့။ ဟော-ဟိုမှာ မယ်ဇာတို့ ဆရာတပည့် မဟုတ်လား။ အံမယ် ..။
သူ့တပည့်ရှင်မုန့်ကလည်း ခြယ်သထားတာ ပျံနေတာပဲ။ ကောင်မ နှစ်ယောက် ပြန်ဆုံကြတော့ မျက်စောင်းတခဲခဲနှင့်။
ခင်ဗျ
တယ်။
“သိန်းချစ်…”
“ဟေ့ – သိန်းချစ်”
“ဗျာ”
“ငါတို့ လာပြီဟေ့”
“လာကြပါ- ကြီးတော်တို့၊ နှမတို့အိမ်ပေါ်ကို ကြွကြပါခင်ဗျ။ ထိုင်ကြပါ
ဒါနဲ့ – ငါတို့အားလုံး အိမ်ပေါ်ကို တက်ခဲ့ကြတော့..
ခေါင်းရင်းမှာ သင်္ကန်းဝတ်တစ်ပါး ငါတို့ကို ကျောပေးပြီး ပုတီးစိပ်နေ
ရဟန်းပုတီးစိပ်နေတဲ့အိမ်ငါတို့ရောက်သွားတော့တစ်ကိုယ်လုံးယားယံ
ပြီး နေရထိုင်ရခက်နေပါရော။ ငါတို့နဲ့ ရဟန်းနဲ့အပ်စပ်တာ မဟုတ်ဘူးလေ။ လူကိုလူးလွန့်နေတယ်ကွယ့်။ ဒါ – သိန်းချစ် စနက်နေမှာပဲ။
နေနှင့်ဦးပေါ့ – သိန်းချစ်ရယ်။ ဒါနဲ့ – ကိစ္စပြီးအောင် မေးရမယ်။
“သိန်းချစ်”
“ဗျာ”
“မောင်လရောင်မြို့ရော”
“ရှိပါတယ် “ ကြီးတော်”
“ငါတို့ တွေ့ချင်တယ်၊ ခေါ်လိုက်ပါ သိန်းချစ်”
“ဟုတ်ကဲ့ – ဦးဇင်းဘုရား- ရပ်တော်မူပြီး တပည့်တော်တို့ဘက်ကို
လှည့်တော်မူပါ – ဘုရား”
သိန်းချစ်က ဒီလို လျှောက်လိုက်ရော …
သင်္ကန်းဝတ်က ပုတီးစိပ်နေတာရပ်ပြီး ဖြည်းဖြည်းချင်း လှည့်လိုက်
တယ် …။
“ဟင်”
“အို”
“အလို”
“ဒါ-ဒါ-ကို-ကိုမြို့-ကိုမြို့- မဟုတ်လားဟင်”
“ကိုမြို့- မဟုတ်ပါဘူး – ဒကာမလေး။ ရှင်ဝိမလလို့ ခေါ်ပါတယ်”
“အို”
သူတို့ အခုမြင်နေရတာ မြို့ပိုင်သား ကိုလရောင်မြို့မဟုတ်တော့ဘူး။ သင်္ကန်းဝတ် ရှင်ဝိမလ …။ ဦးဇင်း ရှင်ဝိမလ ..။
ဒေါ်ကြုံ၊ ဒေါ်ဇာ၊ ရှင်နော်နဲ့ ရှင်မုန့်တို့ အံ့အားသင့်ပြီး အသံတိတ်ကုန်ကြ တယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
သူတို့ တွေ့ချင်တာ မောင်မြို့..။
မေးချင်တာက ရှင်နော်နဲ့ ရှင်မုန့် နှစ်ဦးအနက် ဘယ်သူ့ကို ချစ်လဲ၊
ကြိုက်လဲ …။
ချစ်ရင်၊ ကြိုက်ရင် ဒီရွာမှာ လက်ထပ်ပေးမလို့။

ပြီးရင် – သူတို့ရဲ့ ပညာသည်
(စုန်းကဝေ)ဇာတ်ထဲသွင်းမလို့။ ရှင်မုန့်နဲ့
ရှင်နော်ကို ငြိမ်းချမ်းရေး လုပ်ပေးမလို့၊ ဒါကြောင့် – လာတွေ့တာ။
ခုတွေ့နေရတာ မောင်မြို့မဟုတ်။
ရှင်ဝိမလတဲ့။ တည်ငြိမ်တဲ့ ဣန္ဒြေနဲ့ ရဟန်းပျို။
“ဒကာမကြီးတို့-ဒကာမလေးတို့ …”
“ဦးမချတော့ဘူးလားဟင်”
ဦးဇင်းလေး ဝိမလက နှုတ်ခမ်းတွန့်ရှုံ့လေး ပြုံးတယ်ဆိုရုံလေး။ ဒီမှာငါကလည်း စ.ပြောရတော့တယ်။
“သိန်းချစ် …”
“ဗျာ”
“ငါတို့ ပြန်မယ်”
“ဟို-ဟို-စ-စကား-ပြော- ပြောကြဦးလေ”
“လာဟေ့ ပြန်ကြစို့”

ငါတို့အားလုံး ခြေဆောင့်ပြီး အိမ်ပေါ်က ဆင်းခဲ့ကြတယ်။ ခြံပြင်ကို ရောက်တော့မှ ငါတို့အားလုံး တစ်ကိုယ်လုံး ယားယံနေတာ ပျောက်တော့ တယ်။
ဟိုကောင်မနှစ်ယောက်က သံယောဇဉ် မျက်လုံးတွေနဲ့ လှည့်ကြည့် လို့ ဟိုက သင်းတို့ကို ယောင်လို့တောင် မော့မကြည့်။ လှည့်မကြည့်။ သူတို့လည်း ခြေဆောင့်ပြီး ပြန်ခဲ့ကြတယ်။
ကောင်လေးမောင်မြို့ကံကောင်းပါတယ် – စာရေးဆရာ။ လူဝတ်နဲ့သာ
ဖြစ်နေရင် …။
ဒီကောင်လေးရဲ့ဝိညာဉ်ဟာ ငါတို့ရွာမှာ ရွာစောင့်သရဲအဖြစ် ကျန်နေ ရစ်ရမှာ။ ငါတို့ သူ့အသက်ကို နုတ်ရမှာလေ။
အခု
သင်္ကန်းဝတ်နဲ့ဆိုတော့ … ငါတို့ ဘာမှလုပ်လို့မရဘူး။
ဒီရဟန်းကိုမျှ မဟုတ်ဘူး။
သိန်းချစ်တို့ မိသားစုကိုလည်း ပယောဂနဲ့ တိုက်ဖို့မလွယ်တော့ဘူး။
သူတို့က ဘုရားလူတွေ။
ငါတို့နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သွားပြီလေ
ဒီပွဲမှာ ငါတို့ နာသာခံခက်နဲ့ ရှုံးခဲ့ရပေါ့။