သန်းခေါင်ယံညတစ်ည

တာကဉီးကြီးမောင်အတွက်ဆေးပစ္စည်းတွေသွားရှာတာပေါ့ဟုတ်လား” “ဟုတ်တယ်အမေဉီးကြီးမောင်သေရေးရှင်ရေးမို့တုံးတိုက်တိုက်ကျားကိုက်ကိုက်ဆိုပြီးဖိုးတုတ်တို့နဲ့ထွက်သွားခဲ့တာ အမေနဲ့အဖေပြီးရင် ဉီးကြီးမောင်ကျေးဇူးကြောင့်လည်းကျုပ်ခုချိန်ထိအသက်ရှင်နေတာ” “အေးပါအမေသားကိုဘာမှမပြောပါဘူးသားထွက်သွားတဲ့နေ့ကဆိုအိပ်လို့တောင်မပျော်ဘူး တောကြီးတောင်ကြီးထည်းမှာဘယ်လိုများအိပ်ပါ့မလည်းဆိုပြီးတွေးနေမိတာ” ကျုပ်ကလည်းအမေ့ရဲ့စိုးရိမ်နေပုံကိုတွေးကြည့်မိတော့လည်းဝမ်းနည်းမိတယ် “ဒါနဲ့အမေဘာဟင်းချက်လည်းကျုပ်ဗိုက်ဆာလို့ဗျ” “အော်ဒီနေ့တော့ မြေပဲငပိချက်ကလေးလုပ်ထားတယ်အမေတို့ကတော့စားပြီးပြီသားစားချင်ရင်ကြောင်အိမ်ထည်းမှာရှိတယ်” ကျုပ်ကလည်းအမေ့ပါးကိုနမ်းရှိုက်ပြီးတော့လည်း ထမင်းခူး မြေပဲငပိချက်နဲ့လည်းထမင်းစားတာပေါ့ ကျုပ်ကလည်းထမင်းစားပြီးတော့အငြိမ်နေလို့မရပြန်ဘူးလေ သကြီးအုန်း ခိုင်းထားတာကလည်းရှိနေသေးတယ် ကျုပ်ကလည်း ထမင်းစားပြီး တော့ရွာထည်းကိုထွက်လာခဲ့တယ် ကျုပ်ကလည်း ဘကြိီးလွန်းတင်အမိန့်အရလူ ၁၀ယောက်ကိုရှာခေါ်ပြီးတော့လည်း ဉီးကြီးမောင်အိမ်ကိုပြန် လာခဲ့တယ်

“ကဲကဲအားလုံးကွပ်ပြစ်မှာခနထိုင်ကြအုံးအားလုံးကိုပြောစရာလေးရှိလို့ပါ..ပြောစရာဆိုတာထက်အကူညီတောင်းတာဆိုရင်တော့ပိုမှန်ပါလိမ့်မယ်” ဘကြီးလွန်းတင်ကလည်း ကျုပ်အပါအဝင်လူ၁၀ယောက်ကိုကွပ်ပြစ်မှာထိုင်ခိုင်းပြီးတော့လည်းစကားစတာပေါ့ “သူကြီးကဘာအကူညီလိုအပ်လို့လည်းပြောပါကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ်” တစ်ခါကမုဆိုးဟောင်းကြီး ဉီးစောထူးဝါးကပြောလိုက်ခြင်းလည်းဖြစ်ပါတယ်

“တခြားတော့မဟုတ်ပါဘူးဉီးကြီးမောင်အတွက်ဒီတစ်ညလောက်ကာကွယ်ပေးစေချင်လို့ပါ” “” “နေပါအုံးဗျဉီးကြီးမောင်ကဘာဖြစ်လို့လည်း” “ဒါကဒီလိုရှိပါတယ် ဉီးကြီးမောင်ကမှော်ပညာတတ်တယ်ဆိုတာကိုကျုပ်တို့ပေါက်လှမှာမသိသူတစ်ဝက်လောက်ပဲရှိပါတယ် ဉီးကြီးမောင်ကရွာအတွက်အမြဲရှိနေသူဆိုတာလည်းသိကြမယ်ထင်ပါတယ် ခုတော့ဉီးကြီးမောင်ဒဏ္ရာပြင်းပြင်းထန်ထန်ရထားတယ် ပညာပြိုင်တဲ့အခါရတဲ့ဒဏ္ရာမို့သာမန်ဆေးတွေနဲ့မကုပဲညသန်းခေါင်မှာပြောင်ကင်းစေနို်င်တဲ့ဆေးနဲ့ကုမှာဖြစ်ပါတယ် ဒီတော့ဆေးကလည်း ပညာရပ်တွေအစီအမံတွေနဲ့လုပ်ထားတာမို့မကောင်းစိုးဝါးများကအချိန်မရွေးနှောက်ယှက်နိုင်တယ်ဒီအတွက်ကာကွယ်ပေးဖို့ပါ” ဘကြီးလွန်းတင်ပြောလိုက်တော့မှလည်းအားလုံးကရှင်းသွားကြတယ်လေ “ဒီလိုဆိုရင်လည်းကောင်းပါပြီကျုပ်တို့ကာကွယ်ပေးမယ် ဉီးကြီးမောင်အတွက်ဒီလောက်ကလေးပြန်လုပ်ပေးရတာဘာမှမဖြစ်ပါဘူး” ရွာသားများကလည်းဉီးကြီးမောင်ကိုချစ်ကြခင်ကြတာကြောင့် ကျုပ်တို့ကိစ္စကလည်း အလုပ်ဖြစ်သွားတာပေါ့ “ဉီးလေးတက်ခါးဆေးကိုအဆင်သင့်လုပ်မထားဘုးလား” ကျုပ်ကလည်းလူများကြားမှထွက်ပြီးတော့လည်းဆေးဆရာဉီးတက်ခါးဆီကိုသွားမေးလိုက်တာပေါ့ “မရဘူးသာလှရဲ့..ဆေးကချက်ချင်းပဲသုံးလို့ရတာကြိုတင်စိီမံထားလို့မရဘူးဒါပေမယ့်ကျောက် ဓနိပင်ရဲ့ပင်စည်ကိုလက်နှစ်သစ်လောက်ဖြတ်ယူခဲ့ ဓနိပင်ကိုတော့ကြိုပြီးလုပ်ထားလို့ရတယ်” ကျုပ်ကည်းဉီးတက်ခါးဘေးမှခွာကျောက် ​ဓနိပင်ဆီကိုသွားပြီးတော့လည်း လက်နှစ်သစ်လောက်ဖြတ်လိုက်တာပေါ့ “ဉီးလေးတက်ခါးဒီမှာကျောက်ဓနိပင် ဗျ” ကျုပ်ကလည်း ကျောက်ဓနိပင်ရဲ့ပင်စည်ခုတ်ထားတာကိုဉီးတက်ခါးလက်ထည်းထည့်လိုက်တာပေါ့ ​ ကျောက်ဓနိပင် ရဲ့ပင်စည်မှာကပ်နေတဲ့ကျောက်များကတော့ရိုးရိုးကျောက်တွေနဲ့မတူ ခပ်ဆတ်ဆတ်ရှိတာကြောင့်ခုတ်ရတာလ​ွယ်ကူတယ်လေ ဉီးလေးတက်ခါးကတော့ကျောက်ဓနိပင်အတုံးလေးကိုကိုင်ပြီးဘုရားစင်ရှေ့မှာရပ်နေတယ်လေပါးစပ်ကလည်းပွစိပွစိနဲ့တစ်ခုခုကိုလည်းရွတ်နေတာပေါ့ “ကဲရပီသာလှကျောက်ဓနိပင်ကိုတော့ဂါထာအုပ်ပြီးပြီကျန်တဲ့အခန်းကဏ္ဍကတော့ညမှသိရမှာပေါ့ကွာ” ဉီးလေးတက်ခါးကလည်းပြောပြီးအိမ်ပေါ်ကိုတက်သွားတာပေါ့ကျုပ်ကလည်း အိမ်ပေါ်ကိုလိုက်တက်ခဲ့တယ် အိမ်ပေါ်မှာကလည်းဉီးကြီးမောင်က မလှုပ်မယှက်လေးရှိနေတာပေါ့

ကျုပ်ကလည်းဉီးကြီးမောင်ရဲ့လက်ချောင်းလေးများကိုဆုပ်ကိုင်ထားမိတာပေါ့ ဉီးကြီးမောင်ရဲ့လက်ချောင်းေလးများကလည်း အေးစက်နေတယ်လေ ကျုပ်ကလည်း ဉီးကြီးမောင်ကိုခနမျှငေးမောကြည့်ပြီးတော့လည်း ပြန်လာခဲ့တယ် အိမ်ရောက်တော့လည်း ရေမိုးချိုးညစာ စားကြတာပေါ့
“သာလှဉီးကြီးမောင်အိမ်သွားတယ်ဆို ဉီးကြီးမောင်အခြေနေဘယ်လိုရှိလည်း” ထမင်းစားနေရင်းနဲ့အမေကလည်းမေးတာပေါ့ ကျုပ်ကလည်း လက်ကိုထမင်းပန်းကန်ထည်းထည့်ရင်းနဲ့ “ဘာမှတော့ထူးခြားမူမရှိသေးဘူးအမေရဲ့ခုညတော့ထူးခြားမှာသေချာတယ် ဒါနဲ့အဖေနဲ့အမေကျုပ်ခုညဖိုးတုတ်တု့ိအိမ်မှာအိပ်မှာမို့ကျုပ်ကိုမစောင့်နဲ့နော်စောစောအိပ်နှင့်ကြ” ကျုပ်ကလည်းအမေ့အမေးကိုဖြေပြီးတော့လည်းထမင်းဆက်စားနေတာပေါ့ “နေပါအုံးသားရဲ့ခုညဘာလို့ဖိုးတုတ်အိမ်ကိုသွားအိပ်မှာလည်း” “အော်ခုညဉီးကြီးမောင်ကိုလည်းဆေးကုရမယ်လေ သာမန်ရောဂါမဟုတ်တော့အစီအမံတွေသုံးပြီးကုရမယ်ဒီတော့လည်းဘေးစီးရန်ကာသဘောနဲ့ရွာထည်းကယောက်ျားသားဆယ်ကိုး​ယောက်ကိုတောင်ခေါ်ထားသေးတယ်ကျုပ်လည်းပါတာပေါ့” အဖေမေးလာတာကိုလည်းကျုပ်ကပြန်ဖြေရတာပေါ့ “ဒါဆိုလည်းဂရုတော့စိုက်ကွာအဖေဒါပဲပြောချင်တယ်” ကျုပ်တို့ကလည်းထမင်းဆက်စားနေကြတာပေါ့ အချိန်ကလည်း ည၁၀နါရီခန့်ကိုရောက်လာခဲ့ပြီ ဉိးကြီးမောင်ရဲ့အိမ်မှာကလည်းယောက်ျားသားအချိ​ု့ကိုတွေ့ရတယ်လေအားလုံးကလည်းလှံများဓားများကိုင်ထားကြတယ် ဉီးစောထူးဝါးကတော့အထူးတစ်လည် မြှားကိုလည်းကိုင်ဆောင်ထားတာပေါ့ “ဉီးစောထူး မြှားမကိုင်ပဲနေတာကြာပြီးကာမှခုမှပြန်ကိုင်တော့ဘယ်လိုခံစားရလည်းဗျ” “ဟေ ဘယ်လိုပြောရမလည်း အသားမကျတော့ပေမယ်လို့ကောင်းကောင်းတော့ပြစ်တတ်ပါသေးတယ်ဒီမှာကြည့်” ကျုပ်မေးလို်က်တော့လည်ဉီးစောထူးကဖြေရင်းနဲ့သစ်ပင်တစ်ပင်ကိုလည်းမြှားနဲ့ပြစ်ပြတာပေါ့ ထိုအချိန် အိမ်ပေါ်ကလည်း ေဆးဆရာဉီးတက်ခါအပါအဝင် ရွာသား၄ဉီးကလည်းဆင်းလာတယ်လေ ဉိးကြီးမောင်ကိုချီပိုးလာကြပြီးတော့လည်းကွပ်ပြစ်ပေါ်တင်လိုက်တယ် “အားလုံးကိုမှာစရာရှိတယ် ခုညအနှောက်အယှက်တွေကတော့ကြိမ်းသေရောက်လာမှာပဲဒီတော့ကိုယ်ရတဲ့တရားစာတွေကိုရွတ်ဖတ်ကြငါတားထားတဲ့စည်းထည်းကဘယ်သူမှမထွက်ကြနဲ့” ဆေးဆရာဉီးတက်ခါးကလည်းအားလုံးကိုအော်ပြောရင်းနဲ့ ခြံရဲ့အလယ်မှာစည်းဝိုင်းတစ်ခုကိုခပ်ကျယ်ကျယ်ဆွဲတာပေါ့ “သာလှနဲ့စောထူး စည်းရဲ့အလယ်မှာဖျာတစ်ချပ်ထားပြီးဉီးကြီးမောင်ကိုဖျာပေါ်တင်လိုက်” ကျုပ်ကလည်းဖျာတစ်ချပ်ကိုအိမ်ထည်းသွားယူပြီးတော့လည်း စည်းရဲ့အလယ်မှာချလိုက်တယ် ဉီးကြီးမောင်ကိုလည်း ဖျားပေါ်တင်လိုက်တာပေါ့ အချိန်များကလည်းတဖြညိးဖြည်းကုန်ဆုံးညသန်းခေါ်ယံ၁၂နာရီကိုလည်းရောက်လာခဲ့ပြီဖြစ်တယ် ပတ်ဝန်းကျင်ကလည်းအပ်ကျလျှင်ပင်ကြားနိုင်လောက်အောင်တိတ်ဆိတ်နေတယ်လေ “ကဲကိုယ့်နေရာကိုယ်နေကြငါဆေးစကုတော့မယ်” ဆေးဆရာဉီးတက်ခါးရဲ့သတိပေးသံပေါ်လာတော့လည်းကျုပ်တို့က ဉီတက်ခါးနဲ့ဉီးကြီးမောင်ကိုဝိုင်းထားပြီးတော့လည်း ပတ်ဝန်းကျင်အခြေနေကိုအကဲခတ်နေမိတယ် ဉီးတက်ခါးကလည်း ဝံသွေးကို ဉီးကြီးမောင်ရဲ့ခြေထောက်မှာလိမ်းလိုက်ပြီးတော့လည်း ကျောက်ဓနိပင်အတုံးလေးကိုတော့ ချက်ပေါ်မှာတင်ထားတယ်လေ ကသစ်ပင်အခွံများနဲ့ နဖူးကနေခြေမအထိဆွဲသက်လိုက်ပြီးတော့လည်းဘေးမှာပြန်ချထားတယ်လေ “ဟာလုပ်ကြပါအုံးဟိုမှာဘာကောင်ကြီးလည်းမသိဘူး” ကျုပ်တို့အဖွဲ့ထည်းကယောက်ျားသားတစ်ယောက်ရဲ့အသံပေါ်ထွက်လာတယ်လေ ထိုသူကြည့်တဲ့နေရာကိုကြည့်လိုက်တော့လည်း အမွှေးအမျှင်မ​ျားဖုံးနေတဲ့ခန္ဓာကိုယ် နဲ့ သရဲကြီးကိုလည်းမြင်ရတာပေါ့ ထိုသရဲကြီးကလည်း ကျုပ်တို့ကိုအစွယ်ကြီးများထုတ်ပြလိုက် ဇောက်ထိုးကြီးလမ်းလျှောက်ပြလိုက်နဲ့အမျိုးမျိုးခြောက်လှန့်နေတယ်လေ “တော်တော်ခြောက်ချင်နေတဲ့သရဲသေစမ်းဟာ” ဉီးစောထူးကလည်းဘာမပြောညာမပြောနဲ့ မြှားနဲ့လည်း ထိုသရဲကြီးကိုလှမ်းပြစ်တာဗျ မြှားကလည်းပုံမှန်ဆိုသရဲကိုဖောက်ထွက်သွားမှာဖြစ်ပေမယ့်အခုတော့လည်း သရဲကြီးရင်ဘက်မှာစိုက်နေတာဗျ သရဲကြီးကလည်းအော်ဟစ်ရင်းနဲ့လည်း မြှားတံကိုဆွဲနှုတ်နေတာပေါ့ “ဉီးစောထူးမြှားတံကိုဘယ်လိုလုက်ထားတာလည်းဗျ” ကျုပ်မေးလိုက်တော့လည်း ဉီးစောထူးကပြုံးရင်းနဲ့ “ဒီကောင်တွေကိုရိုးရိုးပြစ်ရင်မထိမှာသိလို့ညနေကတည်းကမြှားထိပ်မှာပရိတ်ရေသုတ်ထားတာ” ဉီးစောထူးကလည်းပြောရင်းနဲ့ဒုတိယမြှားတံကိုလည်းမြှားကိုင်းမှာတပ်လိုက်တာပေါ့ “ဟာဟိုခြံစည်းရိုးနားမှာမကောင်းစိုးဝါးတွေအများကြီးပဲကွ” “ဟိုအပင်ပေါ်တွေမှာကောပဲကွလုပ်ကြပါအုံးငါတို့ကိုသရဲ​တွေ ဝိုင်းထားပြီ” ရွာသားများရဲ့အလန့်တကြားအော်သံတွေပေါ်ထွက်လာပြီးတော့လည်းနေရာတျုင်းမှသရဲများကိုတွေ့ရတာပေါ့ “အားလုံးမကြောက်ကြနဲ့ဒီကောင်တွေကကျုပ်တို့ကိုအဝေးကခြောက်နေကြတာကျုပ်တို့ဆီကိုမလာနိုင်ကြဘူး” ကျုပ်သတိပေးတော့မှပဲအားလုံးကသတိထားမိကြတာပေါ့ သရဲများကလည်းကျုပ်တို့ကိုစားမတတ်ဝါးမတတ်ကြည့်နေပြီးတော့လည်း သရက်ပင်ပေါ်ကအကောင်ကြီးကတော့ သရက်ပင်ပေါ်ကခုန်ချ ကျုပ်တို့ဆီကိုလည်းပြေးလာတာပေါ့ ထိုသရဲကြီးပြေးလာတော့လည်းကျန်တဲ့သရဲများရစုပုံပြီးကျုပ်တို့ဆီကိုပြေးလာတာပေါ့ “ကြာပါတယ်ကွာဒီလောက်ဖြစ်နေလည်းခုတ်ပြစ်လိုက်” ဉီးစောထူးအသံကလည်းပေါ်ထွက်လာတယ်လေ ကျုပ်တို့စည်းအနားကပ်လာတဲ့ သရဲများကိုလည်း ကျုပ်တို့ကဓားတွေနဲ့ခုတ်ကြတော့ အမဲငွေ့တွေအဖြစ်ပြောင်း ပြီးပြောက်ကွယ်သွားကြတယ်လေ

တစ်ချို့သရဲများကလည်း စည်းဝိုင်းနဲ့ထိပြီး အနောက်ကိုလွင့်အငွေ့တွေအဖြစ်ပြောင်းပြီးတော့လည်းပြောက်ကွယ်သွားကြတယ် “သာလှတို့စောထူးတို့အားတင်ထားကြအုံးအစီအမံကပြီးတော့မယ်” ဉီးတက်ခါးကလည်းကျုပ်တို့အလယ်ကအသံပေါ်လာတာပေါ့

“ရတယ်ဉီးတက်ခါး လုပ်စရာရှိတာလုပ်ဒီကောင်တွေကျုပ်တို့ကိုဘာမှမလုပ်နိုင်ဘူး” ကျုပ်ကလည်းဉီးတက်ခါးကိုပြောရင်းနဲ့ သရဲများဘယ်ကထွက်လာအုံးမလည်းကြည့်နေတာပေါ့ ရွာသာများကလည်းဓားများကိုကိုင်ပြီးရှိနေတာပေါ့ဉီးစောထူးကလည်းမြှားကြိုးကိုဆွဲထားတယ်လေ ကျယ်လောင်လှတဲ့မိုးခြိမ်းသံတစ်ခုထွက်ပေါ်လာပြီးတော့လည်း လျှပ်စီးတစ်ခုကဝင်းခနဲလက်သွားတာပေါ့ မှောင်မဲမဲကောင်းကင်မှာလည်း အနီရောင် အကွက်ကြီးတစ်ခုပေါ်လာ ထိုအနီရောင်အကွက်ထည်းမှလည်း စိမ်းဖန့်ဖန့်အလင်းရောင်တွေထွက်လာတယ်ဗျ ထိုစိမ်းဖန့်ဖန့်အလင်းစုအရောင်များကလည်း ကျုပ်တို့ဆီကိုပျံဝဲလာပြီးတော့လည်း ကျုပ်တို့ခေါင်းပေါ်ကကျော် ဉီးကြီးမောင်ရဲ့ကိုယ်ထည်းကိုလည်းဝင်ရောက်သွားကြတယ် “အောင်ပြီကွအောင်ပြီ..ဆေးကုတာအောင်မြင်ပြီကွ” ဆေးဆရာဉီးတက်ခါးကလည်း အားတက်သရောပြောတာဗျ ကောင်းကင်မှာရှိနေတဲ့ အနီကွက်ကြီးကလည်းပြောက် ကောင်းကင်ကလည်တဖန်မဲမှောင်သွားပြန်တာပေါ့ “ဉီးကြိီးမောင်သတိရလာပြီကွ….ဉီးကြီးမောင်သတိရလာပြီ” ဆေးဆရာဉီးတက်ခါးပြောလိုက်တော့လည်းကျုပ်အပါအဝင်အားလုံးကလည်း ဉီးကြီးမောင်အနားမှာထိုင်ချလိုက်တာပေါ့ “ဉီးကြီးမောင်သတိရလာပြီလား ဘယ်လိုကောနေသေးလည်း” “ငါအားမရှိသလိုခံစားနေရတယ်သာလှငါအနားယူချင်တယ်” “ဒါဆိုလည်းအိမ်ပေါ်ကိုသွားကြမယ်လေကျုပ်ချီပေးပါ့မယ်” ကျုပ်ကလည်းဉီးကြီးမောင်ကိုပွေ့ချီလိုက်ပြီးတော့လည်းအိမ်ပေါ်ကိုတက်လာတာပေါ့ ခန္ဓာကိုယ်ပိန်ပိန်ဉီးကြီးမောင်ကလည်းမလေးလှဘူးလေ ကျုပ်ကလည်း ဉီးကြီးမောင်ကိုအိပ်ယာပေါ်အသာအယာချလိုက်ပြီးတော့လည်း အနားမှာရှိနေတာပေါ့ “သာလှငါအဆင်ပြေပါတယ် မင်းတို့တွေအားလုံးပြန်ရင်ပြန်ကြပါအနားယူလိုက်ရင်ငါပြန်ကောင်းသွားမှာပါ” ဉီးကြီးမောင်ကလည်း သူအဆင်ပြေကြောင်းပြောတာပေါ့ ရွာသားများကတော့ဉီးကြီးမောင်ကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်လေ ကျုပ်ဉီးတက်ခါးနဲ့ဘကြီးလွန်းတင် ကတော့နောက်ဆုံးကျန်ခဲ့တာပေါ့ “ကဲသာလှ ဉီးကြီးမောင်လည်းသတိရလာပြီငါလည်းပြန်တော့မယ်အချိန်အတော် လင့်နေပြီ” ဆေးဆရာဉီးတက်ခါးကလည်း ပြောတာပေါ့ “ကျုပ်လိုက်ပို့ပေးရမလားဉီးလေးတက်ခါး” “ရပါတယ်ကွာ အော်ဒါနဲ့ငါပေးဖို့တစ်ခုမေ့နေတာ ရော့ မနက်ဖြန် ဒီသက်န်းစကိုတောအုပ်ထည်းသွားပြစ်ထားလိုက်ဒီအထည်းမှာဉီးကြီးမောင်ကိုထိထားတဲ့အောက်လမ်းအတိုက်တွေပါတယ်” ေဆးဆရာဉီးတက်ခါးကလည်းပြောရင်းနဲ့ကျုပ်လက်ထည်းကိုလည်း ကျုပ်တို့ယူလာတဲ့သက်န်းစလေးပေးတာပေါ့ သက်န်းစလေးကလည်း ကျုပ်ကလည်းဉီးတက်ခါးပေးတဲ့သက်န်းစလေးကိုယူလိုက်ပြီးတော့လည်း ကွပ်ပြစ်မှာတင်ထားလိုက်တယမယ် “ငါ့တူသာလှဉီးလေးလည်းပြန်လိုက်အုံးမယ်ကွာ” ဘကြီးလွန်းတင်ကလည်း ပြောရင်းနဲ့ မတ်တပ်ရပ်တာပေါ့ ကျုပ်ကလည်း ခေါင်းညိတ်ရင်း “လမ်းကိုသေချာကြည့်ပြန်အုံးနော်ဘကြီးလွန်းတင်ညဘက်ဆိုတော့မြွေတွေကင်းတွေကြောက်ရတယ်” ဘကြီးလွန်းတင်ကလည်း လက်နိုပ်ဓာတ်မီးလေးကိုထိုးပြီး ထွက်သွားတာပေါ့ ခုတော့လည်းကျုပ်ပဲကျန်တော့တယ်လေ ကျုပ်ကလည်း ဉီးကြီးမောင် ဘေးမှာ ဝင်လဲှဲပြီးတော့လည်းအိပ်လိုက်တာပေါ့ မနက်တောင်မိုးလင်းပြီဗျ မနက်ခင်းကလည်း စာကလေးများ ငှက်ကလေးများရဲ့အသံနဲ့ စတင်တာပေါ့ ေနရောင်ခြည်နုနုလေးကတော့ ပြတင်းပေါက်မှတစ်ဆင့် ကျုပ်မျက်နှာကိုလာထိုးမှကျုပ်ကလည်း နိုးလာခဲ့တယ် “အော်ငါ့ရဲ့ကယ်တင်ရှင်ကြီးနိုးလာပြီလား” ကျုပ်ကလည်းအသံတစ်ခုကိုကြားတော့ အိပ်ယာကထ ဘေးဘီကိုကြည့်လိုက်တော့လည်း ကျုပ်ကိုပြုံးပြုံးကြီးကြည့်နေတဲ့ဉီးကြီးမောင်ကိုလည်းတွေ့ရတာပေါ့ “ဟာဉီးကြီးမောင်သက်သာသွားပြီလားဗျ” “သက်သာသွားပါပြီကွာအိပ်ယာထည်းလှဲနေတဲ့ဉီးကြီးမောင်မဟုတ်တော့ပါဘူးကွ” ကျုပ်ကလည်းဝမ်းသာသွားတာပေါ့ ဉီးကြီးမောင်ကိုပြေးဖက်ထားလိုက်တယ် “ဉီးကြီးမောင်ခနနေအုံးဗျကျုပ်မျက်နှာသစ်ပြီးမနက်စာပြင်လိုက်အုံးမယ်” ကျုပ်ကလည်း အိမ်​အောက်ကိုဆင်း မျက်နှာသစ်လိုက်ပြီးတော့လည်း မနက်စာထမင်းအတွက်ထမင်းအိုးတည်တာပေါ့ ဉီးကြီးမောင်က​ေတာ့မျက်နှာသစ်ပြီးတော့လည်းတန်းလျားမှာထိုင်နေတာပေါ့ ထမင်းကျက်တော့လည်း ကျုပ်က အိမ်ကိုဟင်းပြန်ယူရတာပေါ့ “အမေ့မနက်စာစားဖို့ဟင်းလေးဘာလေးရှိသေးလား” “ရှိတယ်..ကြောင်အိမ်ထည်းမှာ ငါးလေးချက်နဲ့ငပိကြော်ရှိတယ်ငါတို့ကတော့စားပြီးပြီနင်ပဲရှိတော့တယ်” “အမေတို့ကစားပြီးပြီလားဒါဆိုလည်းကျန်တာကိုဉီးကြီးမောင်အိမ်ယူသွားလိုက်အုံးမယ်” “အိမ်မှာမစားဘူးလား ဉီးကြီးမောင်နဲ့သွားစားမှာလား” “ဟုတ်တယ်အမေရဲ့ထမင်းကတော့ချက်ပြီးပြိ ဟင်းကမချက်ရသေးလု့ိဟင်းပြန်ယူတာ” “အော်အေးအေးဒါဆိုလည်းယူသွားလေဒါနဲ့ဉီးကြီးမောင်ကောသက်သာသွားပြီလား” “သက်သာသွားပြီအမေရဲ့ခုမနက်ကျုပ်မနိုးခင်ကတည်းကတောင်နိုးနေတာ” “အေးလေဉီးကြီးမောင်နေမကောင်းဖြစ်တာကလည်းမသိတော့ ဆန်ပြုတ်လေးတောင်မပို့လိုက်ရဘူး” “အမေဆန်ပြုတ်ပို့လည်းဉီးကြီးမောင်သောက်နိုင်မှာမဟုတ်ဘူးအမေရဲ့” “ဟေဘာလို့လည်းဟဲ့” “ဉိးကြီးမောင်က မေ့နေတာလေအမေရဲ့ဒီတော့ဘယ်စားနိုင်မလည်း ကျုပ်သွားလိုက်အုံးမယ်အမေနေ့လည်လောက်မှပြန်လာခဲ့မယ်”

ကျုပ်ကလည်း ငါးလေးချက်နဲ့ ငပိကြော်ပန်းကန်ကိုယူပြိးတော့လည်း ဉီးကြီးမောင်အိမ်ကိုပြန်လာခဲ့တာပေါ့ “ကဲဗျာ ဟင်းကတော့ရပြီ ထမင်းစားကြစို့ဉီးကြီးမောင်” ကျုပ်ကလည်းဟင်းခွက်နှစ်ခွက်ကို စားပွဲပေါ်တင်လိုက်ရင်းလည်းပြောတာပေါ့ “အေးပေါ့ကွာစားကြတာပေါ့ငါလည်းဗိုက်ဆာနေပြီကွ” ကျုပ်တို့ကလည်းလက်ရေဆေး ထမင်းစားနေကြတာပေါ့ “ဉီးကြီးမောင်တို့နှစ်ယောက်တောင်ထမင်းစားနေပြီလား ကျုပ်ကဟင်းလာပို့တာဗျ” ကျုပ်တို့ထမင်းစားနေတုန်းလည်း ဖိုးတုတ်က စတီးချိုင့်လေးဆွဲပြီးဝင်လာရင်းနဲ့လည်းပြောတ​ာပေါ့ “အော်ငါတို့ကခုမှစားတာပါကွာမင်းဟင်းလာပို့တာနောက်မကျသေးပါဘူးကွဒါနဲ့ဘာဟင်းတွေတုန်း” “ခရမ်းချဉ်သီးအစပ်ထောင်းလေးရယ် ချဉ်ဟင်းလေးရယ် ဝက်သားရယ်ဗျ” ဖိုးတုတ်ကလည်းပြောရင်းနဲ့စတီးချိုင့်လေးကိုဖွင့်ဟင်းခွက်တွေကိုလည်းကျုပ်တို့ရှေ့ချပေးတာပေါ့ “ဟ.ဟင်းတွေကတယ်ကောင်းပါလားငါကတော့ဆွဲပီ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကရီရင်းနဲ့ “ဆွဲဆွဲအိမ်မှာဆွမ်းချက်တာနဲ့ဉီးကြီးမောင်တို့အတွက်လာပို့ပေးတာဒါနဲ့ ဉီးကြီးမောင်ပြန်ကောင်းသွားပြီဆိုတဲ့သတင်းကရွာထည်းမှာပျံ့နေတာဗျ” “ေဟ ဟုတ်လားကွငါလည်းပဉ္စရဲ့အောက်လမ်းအတိုက်ထိသွားတော့သတိမေ့နေတာ တော်သေးတာပေါ့သာလှနဲ့မင်းတို့ကျေးဇူးကြောင့်အသက်ရှင်ခွင့်ရတာ” “ကျုပ်တို့ကျေးဇူးကြောင့်ရယ်တော့မဟုတ်ပါဘူးအားလုံးရဲ့စည်းလုံးမူကြောင့်ပါ” “ဘာပဲဖြစ်ဖြစ်အားလုံးကိုကျေးဇုးတင်တယ်ကွာ” ကျုပ်တို့ကလည်း ထမင်းဆက်စားနေကြတာပေါ့ ထမင်းစားပြီးတော့လည်း ဉီးကြီးမောင်ရဲ့ အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာလည်း ထိုင်နေတာပေါ့ “သာလှ…ငါမင်းကိုတစ်ခုပြောစရာရှိလို့ကွ” ဖိုးတုတ်ကလည်း ကျုပ်ဘက်ကိုလှည့်စကားစလိုက်တာပေါ့ “ဟေပြောလေကွာဘာပြောစရာရှိလို့လည်း” ကျုပ်မေးလိုက်တော့လည်း ဖိုးတုတ်ကသွားဖြီးရင်း “ငါခုညရွေဉနဲ့သွားတွေ့မလို့ကွအဲ့တာမင်းလိုက်ခဲ့ပေးပါလား” “ဟေရွေဉဆိုတော့ဘကြီးလွန်းတင်မြေးရွေဉမဟုတ်လား” “အေးလေကွာတို့ရွာမှာရွေဉကဘယ်နှစ်ဉရှိလို့လည်း” “အေးပေါ့လိုက်ခဲ့ပေးရမှာပေါ့ကွာဒါနဲ့ဘယ်မှာတွေ့ကြမှာလည်း” “ဘကြီးလွန်းတင်ရဲ့ခြံအနောက်စည်းရိုးနားမှာပဲတွေ့မှာကွ” “ေအာ်ဒါနဲ့ခုတလောမင်းရဲ့ရွေဉကိုရွာမှာ မမြင်မိသလိုပဲ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကခေါင်းညိတ်ရင်းနဲ့ “အေးလေမတွေ့ဆိုသူ့အဒေါ်ရွာကိုလည်းအလည်သွားနေတာကိုကွ ငါ့အထင်၁ လောက်တော့ကြာပြီထင်တယ်ကွမနေ့ကမှပြန်ရောက်တာ ငါလည်းတစ်လလောက်ကြီးခွဲထားရတော့ ခုညတွေ့ချင်တာနဲ့ချိန်းလိုက်တာ” ဖိုးတုတ်ပြောလိုက်တော့လည်း ကျုပ်တို့ဘေးမှာထိုင်နေတဲ့ဉီးကြီးမောင်ကလည်း ကျုပ်တို့ဘက်ကိုလှည့်ပြိး “ဖိုးတုတ်ကတော့ဟုတ်တော့ဟုတ်သားကွဒါနဲ့မင်းဘကြီးလွန်းတင်သမီးရွေဉနဲ့တွေ့ရင်ခမောက်ထူထူဆောင်းထားကွ”

“ဘာဖြစ်လို့လည်းဉီး​ကြီးမောင်ရဲ့ဘာလို့ခမောက်ဆောင်းသွားရမှာလည်း” ဖိုးတုတ်ကလည်း ဉီးကြီးမောင်ရဲ့စကားကိုနားမလည်တာကြောင့်မေးတာပေါ့ “အော်တခြားတော့မဟုတ်ပါဘူးမင်းရဲ့ဘကြီးလွန်းတင်ရဲ့လေး စာ မိမှာဆိုးလို့ပြောတာကွဟားဟား” “ဟာဗျာဉီးကြီးမောင်ကတော့ပြောတော့မယ်တော်ပြီဗျာပြန်တော့မယ်ဒါနဲ့သာလှညကျဆက်ဆက်လိုက်ခဲ့နော်ငါလာခေါ်မယ်” ဖိုးတုတ်ကလည်းပြောရင်းနဲ့ကွပ်ပြစ်ကထ ကျုပ်ကိုပြောရင်းနဲ့လည်းခြံထည်းကထွက်သွားတာပေါ့ “ဉီးကြီးမောင်ရေကျုပ်ကတော့ကူညီစရာကိစ္စတစ်ခုပေါ်လာပြန်ပီဗျဉီးကြီးမောင်ပြောသလိုလေးစာမမိအောင်ခမောက်တော့ဆောင်းသွားရမယ်ထင်တယ်” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ရီတာပေါ့ “ကူညီကောင်းပါတယ်ကွာကူညီလိုက်ပါမင်းအလှည့်တုန်းကလည်းရိုးမထည်းလိုက်ပေးခဲ့​ကြသေးတာပဲကွဒီလောက်ကူညီရတာမပြောပလောက်ပါဘူး” “ကျုပ်သိပါတယ်ဗျာကျုပ်ကလည်းတမင်ပြောတာပါဒါနဲ့ဉီးကြီးမောင်အိမ်ထည်းဝင်ပြီးအနားယူတော့လေ ညစာအတွက်တော့အိမ်ကချက်ပြီးလာပို့ပေးမယ်” “အေးပါကွာအားတော့နာသားကွ” “အားနာစရာမလိုပါဘူးဗျာရပါတယ်ဒါဆိုကျုပ်လည်းပြန်တော့မယ်ဗျ” ကျုပ်တို့ထမင်းစားချိန်ကလည်း၉နာရီခွဲကျော်ကျော်ဖြစ်တာမိုလို့ နေ့လည်စာကိုလည်းမစားကြတော့ဘူးပေါ့ ကျုပ်ကလည်းဉီးကြီးမောင်အိမ်ကပြန်လာပြီးတော့လည်း အိမ်အလုပ်တွေလုပ်နေတာပေါ့ ဘာလိုလိုနဲ့ညနေ၅နာရီတောင်ကျော်ခဲ့ပြီဗျ အမေကလည်းထမင်းတွေကျက်သွားပြီမို့ ဉီးကြီးမောင်အတွက်လည်းခူးခပ်ပြီးကျုပ်ကတော့သွားပို့တာပေါ့ ဉီးကြီးမောင်နဲ့လည်း စကားဖောင်ဖွဲ့နေရင်းက၆နာရီကျော်လောက်မှပဲပြန်လာခဲ့တယ် “သာလှ…သာလှ” ကျုပ်ကလည်းထမင်းစားပြီးအိပ်နေတုန်းထရံအနားကပ်ခေါ်တဲ့အသံကိုလည်းကြားရတာပေါ့ “ဖိုးတုတ်လားအေးအေးခနငါလာပြီ” ကျုပ်ကလည်းလေသံလေးနဲ့ပြန်ပြောပြီးတော့လည်း ​ခြင်ထောင်ထည်းကထွက်အိမ်အောက်ကိုလည်းဆင်းလာခဲ့တယ် “သွားတော့မှာလားကွငါ့အထင်စောသေးသလားလို့” “မစောတော့ဘူးကွဒီအချိန်ချိန်းထားကြတာ” “အော်အေးလေဒါဆိုလည်းသွားကြမယ်မင်းရှေ့ကသွား” ကျုပ်နဲ့ဖိုးတုတ်ကလည်းဘကြီးလွန်းတင်အိမ်ကိုချီတက်ခဲ့တာပေါ့ “ဟကောင်ဘာလုပ်တာလည်းကွ” ဘကြီးလွန်းတင်ခြံအနောက်ရောက်တော့လည်းဖိုးတုတ်ကခွေးလိုအသံပြုနေတာကြောင့်ဖိုးတုတ်ကိုရိုက်ရင်း​မေးရတာပေါ့ “ဟာကွာနာလိုက်တာသာလှရာငါတို့ရွာကာလသားတွေကြားမှာဒီအချက်ပြတဲ့အသံကအလေ့အထလိုဖြစ်နေပြီမင်းအသာလေးစောင့်ကြည့်နေ” ဖိုးတုတ်ကလည်းနောက်ထပ်အသံပြုတယ်လေ ခနနေတော့လည်း အိမ်ပေါ်ကနေ မီးအိမ်တစ်လုံးလင်းလာပြီးတော့လည်း အိမ်ပေါ်ပြတင်းပေါက်နားကိုတဖြည်းဖြည်းကပ်လာတာပေါ့ပြတင်းပေါက်ရောက်တော့မှဘကြီးလွန်းတင်ဆိုတာသိရတယ်လေ ဘကြီးလွန်းတင်ကလည်းမီးအိမ်လေးကိုပြတင်းပေါက်ဘောင်ပေါ်တက်လိုက်ပြီးတော့လည်း “ဘယ်ကသေနာခွေးတွေလည်းမသိဘူးကွာကဲဟောင်ချင်အုံး” ဘကြီးလွန်းတင်ကလည်း ကိုင်ထားတဲ့လေးနဲ့လည်းအသံလာရာဖြစ်တဲ့ကျုပ်တို့ဘက်ကိုပြစ်တာပေါ့ “ဟသေပါပြီဟ အမလေး” လေးသီးတစ်လုံးကလည်းကျုပ်နဖူးတည့်တည့်ကိုလာမှန်တာကြောင့် နဖူးကလည်းအတော်နာသွားတာပေါ့ ကျုပ်ကလည်းနဖူးကိုပွတ်ပြီးတော့လညိး ခုန်ဆွခုန်ဆွနဲ့လာရာလမ်းအတိုင်းပြေးတာပေါ့ ဖိုးတုတ်ကတော့သူငယ်ချင်းကောင်းပိီသပါတယ်ကျုပ်အရှေ့ဝါးတစ်ပြန်လောက်ကလညိး ပြေးနေတယ်လေ “ဒီခွေးတွေကအထူးအဆန်းပါလားမတ်တပ်ရပ်ကြီးပြေးနေကြတယ်” ဘကြီးလွန်းတင်အသံကိုလည်းမပီ့တပီကြားရတာပေါ့ ကျုပ်ကလည်းဘာမှဂရုမစိုက်နိုင်ပဲနဖူးကိုပွတ်ပြေးနေရတာပေါ့ ကျုပ်ကလည်းအိမ်ရောက်တော့ အိပ်ယာထည်းဝင်လိုက်ပြီး နဖူးကဒဏ္ရာကိုလည်းစမ်းနေမိတာပေါ့ ကျုပ်နဖူးမှာကလည်းအာလူးသီး သီးသွားပြီလေ ဖိုးတုတ်ကလည်း ကျုပ်စိတ်ဆိုးနေမည်ကိုသိ၍လားမသိ နှုတ်တောင်မဆက်ပဲပြန်သွားတာပေါ့ နောက်မှသိရတာကလည်း အကိုတော်ဖိုးတုတ်ရဲ့ချစ်သူမရွေဉကလည်း ကြောင်လျှာသီးများချက်စားပြီး အစောကြီးအိပ်သွားတယ်တဲ့ဗျာ ကြားထည်းကကျုပ်ကတော့ ကြားထည်းကနဖူးအဖုပေါက်တာပေါ့ဗျာ ဉီးကြီးမောင်ရဲ့ခမောက်ဆောင်းသွားဆိုတဲ့စကားများလည်းနဖူးကိုပွတ်မိတိုငး်ကြားယောင်နေမိတာပေါ့ဗျာ