သည့်အနီး၌ လူများ ဝိုင်းအုံကာကြည့်နေကြသည်။ အများဆုံးရှိနေသည်က ရွာသားများဖြစ်ပြီး ထိုထဲမှ ကလေးများနှင့်မိန်းမငယ်များကလည်းစိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ကြ၏။ အသားညိုညို….ထောင်ထောင်းမောင်းရှိလှသည့်လူမှာ ခန္ဓာကိုယ်၌အင်းကွက်များက အပ်ချစရာမရှိအောင်ပြည့်နှက်နေပေသည်။ ထိုလူနှင့်သူ၏နံဘေး၌ တပည့်ဖြစ်သူနှစ်ဦးကို လူများကဝိုင်းဖွဲ့ကြည့်နေခြင်းဖြစ်၏။ “လာရောက်ကြည့်ရှု့နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ… ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်… ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ… အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်… ဒီကောင်တွေနဲ့ကျုပ်… သူတပြန်… ငါတပြန် ပညာပြိုင်ကြည့်ကြမယ်ဗျာ… ကျုပ်ကစရင်သူကပေါက်မယ်… သူကပေါက်ရင်ကျုပ်ကလည်းကျေကျေနပ်နပ်ကြီးအကိုက်ခံမယ်ဗျာ…အဲ့သည်လိုအဆိပ်ပြင်းတဲ့အကောင်ကို ကျုပ်ဘယ်လိုယှဉ်မလဲဆိုတာ အားလုံးမျက်မြင်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ….။ နောက်ပြီးကြိုပြီး သတိပေးစရာလေးရှိပါတယ်… အဲ့တာကတော့ ကျုပ်မြွေနိုင်ဆရာခိုင်ရဲ့ပညာကို စမ်းချင်တဲ့ စုန်း၊တစ္ဆေ၊ကဝေ၊မြေဖုတ်၊သရဲ၊ကျတ်၊အသူရကာယ်ဘာကောင်ကိုမှကျုပ်ကဂရုမစိုက်ပါဘူး… ပညာပြိုင်ချင်ရင်ချက်ချင်းကျုပ်ကိုပြောပါ… အကယ်၍ဟောသည်ရွာမှာပြုစား၊ခြောက်စားခံထားရသူများရှိရင်လည်းကျုပ်ဆီကိုလာပါ… ပြုထား…ခြောက်ထားတဲ့ပညာသည်ကျုပ်ရှေ့မှာ ...
နေထိုင်လုပ်ကိုင်ရသည်။ ထိုအခါ တောသူတောင်သားတို့၏သဘာဝ မိမိဟင်းစားရရန် ငှက်ပစ် ငါးဖမ်း ဖားရိုက် စသည်ဖြစ် သူတပါးအသက်ကို သိသိလျှက်နှင့်သတ်ဖြတ်မိခဲ့သည်။ ယခုတော့ ကပ္ပိယကြီး၏ဆုံမစကားများကို ပြန်လည်ကြားယောင်လာရင်း ထိုသို့အလုပ်များကိုမလုပ်တော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ကိုမြင့်ဆောင်သည် ထို့သို့စဉ်းစားနေခိုက်မှာပင် ဦးဖိုးခေါင်ကြီး တဲဘက်သို့လာနေသည်ကိုမြင်လိုက်ရသည်။ ကိုမြင့်ဆောင်တစ်ယောက် ဦးဖိုးခေါင်ကြီးကိုမြင်လိုက်တော့ ဝမ်းသာသွားသည် သူ့ကိုကျေးဇူးတင်စကားလဲပြောချင်နေမိသည်။ နွားပြာ(နဗျာ)ကြီးနှစ်ကောင် ဘယ်မှာရှာတွေ့ခဲ့လဲဆိုတာကို မေးချင်နေမိသည်။ ဦးဖိုးခေါင်ကြီးသည် တဲပေါ်ကိုတန်းပြီးတက်မလာသေးပဲ တဲကုန်းဆောင်းလေးမှ ရပ်ပြီးကြည့်နေေသးသည်။ “ဦးဖိုးခေါင် တဲပေါ်တက်ခဲ့လေဗျာ” ကိုမြင့်ဆောင် လှမ်းခေါ်လိုက်မှ တဲပေါ်တက်လာပြီး တဲအိပ်စင်လေးပေါ်မှာ ထိုင်လိုက်သည်။ တဲအိပ်စင်လေးသည် တဲအတွင်းပိုင်းမှာ ဆောက်ထားသဖြင့် ...
ဆာလို့တောင်ခေါ်ကြတယ်” ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်ပြီး “လယ်တန်ဆာတဲ့လားဗျာ” “တင်စားပြီးခေါ်တာ ငါ့တူရ၊ ပြည့်တန်ဆာဆိုတာ ဟိုလူနဲ့ပျော်လိုက်၊ ဒီလူနဲ့ပျော်လိုက် အချိန်ခဏပဲပျော်ရသလို၊ ဒီလယ်တွေကိုလည်း ဟိုလူကဝယ်လိုက်၊ မလုပ်ရဲလို့ ပြန်ရောင်းလိုက်နဲ့ လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ” “နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ” “အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ” “ဘယ်လိုဗျ” ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ “စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့” “ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား” “မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် အလှူအတန်းတွေလုပ်၊ အမျှတွေဝေပေးခဲ့တာပဲ၊ ဒါပေမယ့် ...
တာကို ချောက်တွန်းမည့်သူမဟုတ်။ “အမေ့ ပြောကြည့်ဦးမယ်” “အဒေါ့်ကိုတော့ ပြောပြထားပေါ့၊ မေမေဦးကိုတော့ မပြောနဲ့၊ နင့်အစ်မက ဘွဲ့လေးရတာနဲ့ ဟုတ်လှပြီ ထင်နေတာ၊ သူက ဒီအလုပ်ကို ကန့်ကွက်ချင် ကန့်ကွက်နေမှာ” “အိုး .. ဘာလို့ ကန့်ကွက်ရမှာလဲ၊ သူကန့်ကွက်လည်း ဂရုမစိုက်ပါဘူး၊ ငါက မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ သူ့လခကလည်း သူ့အ၀တ်အစားဖိုးတောင် အနိုင်နိုင်ရယ်၊ ငါ အမေ့ကို ရအောင်ပြောမယ်၊ မရလည်း ဇွတ်လုပ်မယ်ဟာ” “အေးလေ၊ ငါက နင့်စိတ်ကို သိပါတယ်၊ ဒါကြောင့်လည်း တိုက်တွန်းတာ၊ အလုပ်ရအောင်တော့ ...
။ “ကိုဖိုးမောင်…” “ပြောလေမြ” “တော်တကယ်ပဲတောလိုက်တော့မလို့လား…” “ဟုတ်တယ်လေ မြရဲ့… ဒါမှ မြအဖေပြောသလို ကျုပ်ကမြကိုတင်တောင်းနိုင်မှာပေါ့လို့…” “တင်တောင်းမယ့်ကိစ္စကို ကျုပ်မမက်ပါဘူးကိုဖိုးမောင်ရယ်… တော်ကလယ်အလုပ်ပဲလုပ်ဖူးတာလေ… တောထဲ သစ်ခုတ်လိုက်ရင်တော်အဆင်ပြေပါ့မလား” “မြရယ်…ကျုပ်ကတောသားပါမြရဲ့… မလုပ်တတ်လည်းသင်ရင်းနဲ့တတ်သွားမှာပါ… မြစိတ်မပူနဲ့နော်…” “အင်းပါ…ကျုပ်စိတ်ပူအောင်တော့မလုပ်ပါနဲ့နော်… အစစအရာရာဂရုစိုက်ပါ ကိုဖိုးမောင်ရယ်…” “စိတ်ချပါမြ…ကျုပ်ဂရုစိုက်ပါ့မယ်…” မြခင်ကလည်းဖိုးမောင်ကိုတောတက်မည့်ကိစ္စ စိတ်မချဖြစ်နေသည်။ သို့သော်အတွေ့အကြုံရှိသော ငပြုံးတို့အဖွဲ့နဲ့အတူ လိုက်မည်ဖြစ်တာကြောင့် လိုက်ဖို့ခွင့်ပြုရှာသည်။ ငပြုံးတို့နဲ့ဖိုးမောင်တောတက်သွား၏။ “ဖိုးမောင်…တစ်ခုခုဆိုငါ့ကိုအရင်ပြောနော်… ဒီတောက အမှားလုပ်လို့မရဘူးဆိုတာသေချာမှတ်ထား ငါ့ကောင်…” “အေးပါ ငပြုံးရာငါ့ကိုစိတ်ချစမ်းပါ…” တောထဲသို့ရောက်ပြီး နှစ်ရက်လောက်ထိက ဖိုးမောင်အဆင်ပြေသေးသည်။ သုံးရက်မြောက်နေ့ည၌ ဖိုးမောင်တစ်ယောက်တောထဲတွင် ပျောက်ဆုံး၍သွားလေသည်။ ...
မယ်။” သာထွန်းတို့ထွက်သွားမှဘဲ မိနှင်းတို့တစ်သိုက် ကောင်းကောင်း ဇာတ်ပဲဲြကည့်ရတော့တယ်။ ဇာတ်ပွဲ ပြီးမှ ပြန် လာခဲ့ကြပြီး နှုတ်ဆက်ကာ ကိုယ်အိမ်ကို ပြန်လာခဲ့ကြတော့တယ်။ နောက်တစ်နေ့မနက် မှာ ထွန်းလှ မနေ့ညက. အဖြစ်ပျက်ကို အခဲမကျေ ဖြစ်နေတယ်။ “ထွီ ရာရာစစ ငါလိုသူကြီးသားရဲ့ ပါးကို အဲကောင်မ ကရိုက်တယ်ပေါ့ မိနှင်း မိနှင်း ငါအကြောင်းကောင်းကောင်းသိစေရမယ်။ “ဟုတ်တယ်ဗျာ ကိုကြီးထွန်းလှ လိုသူကြီးသားကို ကိုယ်ထိလက်ရောက် လုပ်တာငြိမ်မခံနဲ့ မှတ်လောက်သားလောက်အောင် ပညာပြန်ပြ ကိုကြီးသာထွန်း” “ထွန်းလှဘာကောင်လဲ မကြာခင်သိရတော့မှာပါ” သူတို့အဖွဲ့သောက်စားပြီး ရွာရဲ့ ...
။ ” မင်း ခနနေကြရင် သိလာရလိမ့်မယ်ကွ ” ခန အကြာမှာတော့ ကျုပ်တို့ရှိတဲ့ ဇရပ် အနားကို လူနှစ်ယောက် ရောက်လာတယ်ဗျ။ ခန ဝင်နားကြတာထင်တယ်ဗျ။ အဲ့ဒီလူနှစ်ဦးထဲ က လှသောင်း ဆိုတဲ့ သူက စကား စပြောတယ် “ဟျောင့် သာကျော် မင်းဆရာတွေ ကရှိတာရော သေချာလို့လားကွ” “ငါကြားတာ မှန်ရင် ဒီရွာမှာ ဆရာတွေ ရှိသေးတယ်ကွ” “မင်းကသာ ရှိတယ်ပြောတာ အခု ဘယ်သူမှ ကိုမတွေ့ရပါလားကွ” ” အမောလဲပြေပြီဆိုတော့ ငါတို့ ...
၏။ “ဘွား…ကျုပ်ဒီရုက္ခစိုးကို မကျေနပ်ဘူးဗျာ……” ကိုဖိုးမောင်သည် ဘွားမယ်စိန်ကိုကြည့်၍ပြောလေသည်။ ဘွားမယ်စိန်မှမပြောသေးခင် သူကြီးဦးနောင်ချိုမှ… “ဟ…တောင်ပိုင်းက ညောင်ပင်က ဘာလို့ပါလာရတာလဲ ဖိုးမောင်…” ဟုမေးလေတော် ကိုဖိုးမောင်သည်… “ကျုပ်သားသူငယ်ချင်း ငပေကပြောတယ်… ကျုပ်သားတနေ့ကအဲ့အပင်နားမှာ အပေါ့ မထိန်းနိုင်တာနဲ့ စွန့်ခဲ့မိတယ်ပြောတယ်…တကယ်ဆိုဗျာ…ကလေးတွေကို ဒီလောက်ထိတော့မလုပ်သင့်ပါဘူးဗျာ…” ကိုဖိုးမောင်၏အဖြေကြောင့် သူကြီးဦးနောင်ချိုတို့မှာ ဘွားမယ်စိန်ကိုကြည့်မိကြတော့သည်။ ဘွားမယ်စိန်သည်က တည်ငြိမ်စွာဖြင့် ရေနွေးပန်းကန်းလုံးအတွင်းမှ လက်ကျန်ရေနွေးများကိုမော့သောက်နေ၏။ ပြီးလေမှ ကိုဖိုးမောင်ကိုကြည့်၍… “ကလေးရဲ့အသုဘကိုသာသေချာလုပ်ပေးလိုက်ပါကွယ်… ကျန်ကိစ္စကဘွားကိုယ်တိုင်ဖြေရှင်းပေးပါ့မယ်… ဒါပေမယ့်တစ်ခုတော့ပြောထားမယ်ကွဲ့… ဘယ်ကိစ္စကိုမှ ဆုံးဖြတ်ချက်တခု…ထင်မြင်ချက်တခုကိုအလျင်စလိုမချမှတ်လေနဲ့……….” ဟုသာပြောလိုက်လေတော့ ကိုဖိုးမောင်သည် ခေါင်းကိုညိတ်၍… “ဟုတ်ကဲ့ပါဘွား…ကျုပ်တို့…ကျုပ်တို့သားအတွက် တခုခုတော့လုပ်ပေးပါဗျာ…” ဟု ...
မှာပါ ဂျီးတော်ရယ်…ဒီကလေးမကအတော်စီးပွားရှာတာရယ်…” ” ဟဲ့မိစန်းရီ…လမ်းထိပ်သွားပြီး ညည်းညီမကိုသွားရှာကြည့်ပါဦးအေ….ငါဖြင့်သမီးလေးကိုစိတ်ပူလိုက်တာအေ…” ” အင်းပါဂျီးတော်ရဲ့…သိပ်လည်းစိတ်မပူပါနဲ့….စန်းရီ ညီမလေးကိုလမ်းထိပ်မှာသွားရှာကြည့်မယ် ဂျီးဒေါ်နေဝံ့တယ်မို့လား…” ” နေဝံ့ပါတယ်အေ…သြားသြား…ညည်းညီမကိုသွားရှာချေတော့…” အပျိုကြီးစန်းရီက အမယ်ကြီးကိုစိတ်ချစွာထားခဲ့ပြီး လမ်းထိပ်သို့ထွက်လာခဲ့သည်။ ညမှောင်ရီဝိုးတဝါးအချိန်၌ အမှောင်ဘက်မှ တွန်းလှည်းတစ်စီးလာနေသည်ကို တွေ့ရသဖြင့် အပျိုကြီးစန်းရီဝမ်းသာသွား၏။ ထိုတွန်းလှည်းပိုင်ရှင်သည် ခက်ခက်မာမှလွဲ၍ တခြားလူမဖြစ်နိုင်။ စန်းရီကထိုအမှောင်ထဲရှိတွန်းလှည်းထံပြေးသွားလိုက်သည်။ ” ဟော…နောက်ကျလှချေလားခက်မာ…မျက်နှာလည်းမကောင်းပါလား….ဘာဖြစ်လာတာလဲဟင်…ညည်းကိုကြည့်ရတာလဲမသက်သာလိုက်တာအေ…” ” ဟင့်…ဟင့်…” အပျိုကြီးမစန်းရီ၏အမေးကြောင့်ခက်ခက်မာ ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ပုံစံမှာတကယ့်ကိုဖရိုဖရဲရှိလှပြီး ပါးမှာလည်းညိုမဲစွဲနေသည်။ သူမ၏မျက်လုံးအစုံမှာလည်း နာကျည်းသောအငွေ့အသက်တို့အထင်းသားပေါ်နေသည်။ ” ညီမေလး စန်းရီမေးတာဖြေပါဦး…ညီမလေးဘာဖြစ်လာတာလဲ…” ” ခက်မာ ဘဝပျက်သွားပြီမကြီးစန်းရီ…ဟင့်ဟင့်ဟင့်….ခက်မာသေချင်တယ်မကြီးစန်းရီရယ်…ခက်မာသေချင်တယ်….” ” ...
ဆေးမြစ်ကိုလည်း သူပဲပေးခဲ့တာ” “အခုရော အဲ့ဒီမှာရှိသေးလားဗျ” ကိုမြင့်ဆောင်မေးလိုက်တော့ “အခုတော့ မရှိတော့ဘူ သူသရဲဘဝကနေ ကျွတ်သွားပြီ” ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ် “ဘာလို့ ကျုပ်ကို ဆေးမြစ်ပေးတာတုန်” ကိုမြင့်ဆောင်အမေးကို ဦးဖိုခေါင်ကြီးက ပြန်ဖြေလိုက်သည် “အေး အဲ့ဒီဆေးမြစ်မင်းဆီမှာ ရှိနေတော့ အခုလို လွယ်လွယ်ကူကူ လာလို့ရတယ် အခက်အခဲ မရှိတော့ဘူး” ဦးဖိုးခေါင်ဆက်၍ “ဒါပေမဲ့ မင်းကိုသတိပေးစရာတခုတော့ရှိတယ် အဲ့ဒီဆေးမြစ်ကို မင်းရဲ့ လက်နဲ့ဆုပ်ကိုင်ထားရင်တော့ ငါတို့လိုနာနာဘာဝ မကောင်းဆိုးဝါးတွေကို သူတို့ရဲ့ပုံပန်းသဏ္ဍန်အစစ်အမှန်အတိုင်း မြင်နေရလိမ့်မယ် ငါနဲ့ ငလူးကြီးကိုမင်းတွေ့ရသလိုပေါ့” ကိုမြင့်ဆောင်၏ လေးဂွလွယ်အိပ်ထောင့်လေးမှာ ဦးဖိုးခေါင်ပေးခဲ့သော ...