ကြေးစားပညာသည်

မယ်။”
သာထွန်းတို့ထွက်သွားမှဘဲ မိနှင်းတို့တစ်သိုက် ကောင်းကောင်း ဇာတ်ပဲဲ​ြက​ည့်ရတော့တယ်။
ဇာတ်ပွဲ ပြီးမှ ပြန် လာခဲ့ကြပြီး နှုတ်ဆက်ကာ ကိုယ်အိမ်ကို ပြန်လာခဲ့ကြတော့တယ်။

နောက်တစ်နေ့မနက် မှာ ထွန်းလှ မနေ့ညက. အဖြစ်ပျက်ကို အခဲမကျေ ဖြစ်နေတယ်။
“ထွီ ရာရာစစ ငါလိုသူကြီးသားရဲ့ ပါးကို အဲကောင်မ ကရိုက်တယ်ပေါ့ မိနှင်း မိနှင်း ငါအကြောင်းကောင်းကောင်းသိစေရမယ်။
“ဟုတ်တယ်ဗျာ ကိုကြီးထွန်းလှ လိုသူကြီးသားကို ကိုယ်ထိလက်ရောက် လုပ်တာငြိမ်မခံနဲ့ မှတ်လောက်သားလောက်အောင် ပညာပြန်ပြ ကိုကြီးသာထွန်း”
“ထွန်းလှဘာကောင်လဲ မကြာခင်သိရတော့မှာပါ”
သူတို့အဖွဲ့သောက်စားပြီး ရွာရဲ့ သုသာန် ဘက်ထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ လူနှစ်ယောက် တစ်ခုခုကိုအာရုံ ခံနေတယ်။ သုသာန်မှ လူနှစ်ယောက်ရဲ့ ရှေ့မှာ အရိုးခေါင်း ကြီးတစ်ခုကိုချထားပြီး အရိုးခေါင်းရဲ့အပေါ်မှာလဲ ဖယောင်းတိုင် တစ်တိုင်ထွန်းထားပြီး ပါးစပ်ကလဲ တီးတိုးဂါထားတွေရွတ်နေကြတယ်။
ထွန်းလှ တို့လဲ မရောင်မလည်နဲ့ လုပ်နေတုန်း လူနှစ်ယောက်ထဲက. တစ်ယောက်က ထလာပြီး ထွန်းလှတို့ကိုလှမ်းခေါ်တယ်။

ထွန်းလှတို့ အဖွဲ့လဲ ထိုလူတွေနားရောက် သွားတော့ ကျန်တဲ့တစ်ယောက်က ထွန်းလှတို့ဘက် လှည့်လာပြီး သူတို့ကိုစကားပြောတယ်။
“ထွန်းလှ မင်းက ကောင်မလေး တစ်ယောက် ကိုမကျေနပ်နေတာမဟုတ်လား ”
“ဟုတ်တယ် ကျုပ်ကိုလူလည်ခေါင်မှာ ပါးရိုက်ခဲ့တဲ့ အဲ့ကောင်မ ကို မကျေနပ်ဘူး”။

” မင်းတကယ်သူကိုလက်စားချေချင်လား”
“ကျုပ်သူကို အသေပါသတ်ချင်နေတာ”
” ကောင်းပြီလေ အဲ့ဒါဆို မင်းကို ငါကူညီလို့ရတယ်”
” ခင်များတကယ်ပြောတာလားခင်များကူညီရင် ခများတောင်းသလောက် ငွေ ကျုပ်ပေးမယ်”
“ကောင်းပြီလေ မင်းစကားမင်းတည်ပါစေ”
“ခင်များ တာ သူကို အသေသတ်ပေး သေပြီဆိုတာ နဲ့ ကျုပ်ဘက်က ငွေကျပေးမယ်ဟုတ်ပြီလား”
“မင်း အဲ့သတင်း ကို မြန်မြန်ကြားချင်လား ကြာမှ ကြားချင်လား”
” တစ်လ အတွင်း သေတာကျုပ်ကြားချင်တယ်”
“ကောင်းပြီ လေ မင်းကြားချင်တဲ့ သတင်း တစ်လအတွင်းကြားစေရမယ်”

ထွန်းလှ နဲ့ သူစိမ်း စကားပြောပြီးသွားတော့ သာထွန်း တို့ ရွာထဲပြန်၀င်လာခဲ့ကြတယ်။ သာထွန်းကို သူစိမ်းက ဆေးအမှုန့် လေးတွေထည့်ထားတဲ့ ဖန်ပုလင်းလေးတစ်ဘူး ကို ထည့်ပေးလိုက်ပြီး မိနှင်း နဲ့တွေ့ရင် ထိုဆေးမှုန့်နဲ့ ထိခိုင်းတယ်။
ထွန်းလှ ကတော့ ကြိတ်ပြုံးပြုံး ပြီး ထွက်သွားကြတော့တယ်။
ထွန်းလှရဲ့ အတွေးထဲမှာတော့တော့ ” မိနှင်းမိနှင်း နင်ငါ့အကြောင်းကောင်းကောင်းသိရတော့မှာ”

 

နောက်နှစ်ရက်လောက်ကြာတဲ့အထိ မိနှင်း နဲ့ ထွန်းလှ တို့ မတွေ့ ကြဘူး နောက် ရက် ညနေခင်းပိုင်း မိနှင်းတို့ သူငယ်ချင်း တစ်စု ရွာပြင်အနားက ချောင်းစပ်လေးမှာ
သောက်ရေသုံးရေ ခတ်ပြီး ရွာဆီကို အပြန် ရွာထိပ်က ထန်းတောမှာ ထွန်းလှ တို့နဲ့ တွေ့ပါရော။

” ကိုထွန်းလှ ဟိုမှာ မိနှင်း တို့မဟုတ်လား”
“ဟုတ်တယ် ဗျ ကိုထွန်းလှ လက်စားချေ လို့ရပြီ”
“ဟားးးး ထွန်းလှအကြောင်း ကောင်းကောင်း သိရပေါ့ ကွာ”

ထွန်းလှ တို့အဖွဲ့က မိနှင်းတို့ တစ်စုရှေ့မှာ ပိတ်ရပ်ပြီး နှောက်ယှက် တယ်။
” မိနှင်း နင်ရွာဘုရားပွဲတုန်းက ငါရဲ့ပါးကို ရိုက်ခဲ့တာ မှတ်မိသေးလား”
” ထွန်းလှ နင်တို့ မူးနေရင် ကိုလမ်းကိုအေးဆေးသွားကြ ငါတို့ကိုမနှောက်ယှက်နဲ့ ”
အဲ့လိုနဲ့ ထွန်းလှက မိနှင်းကို ဆွဲလားရမ်းလား လုပ်ပြီး ဆေးမှုန့်နဲ့မသိမသာထိ လိုက်တယ်။
အဲ့လိုနဲ့ မိနှင်းရဲ့စိတ်ကို အရာတစ်ခုက ထိန်းချုပ်လိုက်သလို ဖြစ်သွားတယ်။

အဲ့နောက် မှာ တော့ မိနှင်းဟာ အရင်လို ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘဲ ငူငူငိုင်ငိုင် ကြီး ဖြစ်နေတော့တယ်။ ထွန်းလှတို့လဲ သုသာန်က လူစိမ်းနှစ်ယောက်ဆီပြန်သွားပြီး အကြိုးကြောင်းပြောလိုက်တယ်။
“ကျုပ် ခင်များ ပြောခဲ့တဲ့အတိုင်း လုပ်ခဲ့ပြီးပြီ ခင်များဘက်က သူကို အပြတ်ရှင်းလိုက်တော့”
“မလော နဲ့ ကောင်လေး အချိန်တန်ရင် မင်း ဖြစ်ချင်တာ ဖြစ်လာစေရမယ် အခုလောလောဆယ် ငါ သူကို ကောင်းကောင်းကြီး အသုံးချရဦးမယ်ကွ ဟားးးဟားး”

လူစိမ်​းပြောတာ ထွန်းလှတို့ နားမလည်ဘဲ ရွာထဲကို ပြန်လာခဲ့ကြတယ်။

လူစိမ်းက ပိုက်ဆံရဖို့ အတွက် သူများအသက်တွေကို ပညာတွေနဲ့လိုက်ပြီးသတ်ဖြတ်နေတဲ့ ကြေးစားအောက်လမ်းဆရာ တစ်ယောက်ဖြစ်တယ်။

ကျုပ်နဲ့မောင်ဘုန်းက ဆရာရဲ့ ညွန်ကြားမှုနဲ့ ကုက္ကိုတန်း ရွာကို ရောက်ရှိလို့လာတယ်။
“မောင်ဘုန်း ငါတို့ရွာထဲကို အရင်၀င်ကြရလိမ့်မယ် ပြီးတော့မှ ပြဿနာကို ဖြေရှင်းရမယ်။”
“ဟုတ်ကဲ့ ဆရာလပြည့် ဆရာညွန်ပြတဲ့အတိုင်း လိုက်ပြီးဆောင်ရွက်ပါ့မယ်”
ကျုပ်နဲ့မောင်ဘုန်း ကုက္ကိုတန်း ရွာရဲ့ ရွာဦးဘုန်းကြီးကျောင်း ဆီကို ဦးတည်ပြီလာတဲ့လမ်းမှာ အောက်လမ်းဆရာရဲ့ တပည့်ဖြစ်သူနဲ့ လမ်းမှာ ထိပ်တိုက်တွေ့တယ် ကျုပ်တို့ မသိဟန်ဆောင်သွားတော့ ကျုပ်တို့ကို လှည့်ကြည့်လှည့်ကြည့်လုပ်ပြီး ခမ်သွပ်သွပ် သွားနေတယ်။

” ဆရာ စောနကလူက ကျွန်တော်တို့ ကို လှည့်ကြည့်လှည့်နဲ့ လုပ်သွားတယ် ပြီးတော့ သူရဲ့ခန္ဒာကိုယ်ကလဲ အမဲရောင် အခိုးအငွေ့တွေထွက်နေတယ်။”
“အေး အဲ့ဒီလူက ငါတို့ဖြေရှင်းရမဲ့ပြဿနာ ကို ဖန်တီးထားတဲ့ သူဘဲ အဲ့ဒါတွေထားလိုက်ပါ အခု ငါတို့ ဘုန်းကြီးကျောင်းကို အရင်ရောက်အောင်သွားရမယ်”

ကျုပ်နဲ့မောင်ဘုန်း ဘုန်းကြီးကျောင်းကို ရောက်တော့ ဆရာတော် ကို အကြိုးကြောင်း လျှောက်တင်ပြီး နှစ်ရက်သုံးရက် နားခိုခွင့်တောင်းခဲ့တယ်။ ဆရာတော်ကလဲ ခွင့်ပြုပါပြောပြီး ဘုရားခန်းထဲ ၀င်ပြီး ဘုရားကန်တော့ ဖို့ ကြွသွားခဲ့တယ်။ ကျုပ်တို့ကိုတော့ ကိုရင်ငယ်လေးနှစ်ပါးက နားနေဆောင်ကို လိုက်ပြတယ်။ ကျုပ်တို့ကို လိုက်ပြတဲ့ ကိုရင်ငယ်လေးနှစ်ပါးကို ကျုပ်လွယ်အိတ်ထဲကနေ သကြားလုံးတွေကို ထုတ်ပေးတော့ ကိုရင်ငယ်လေးတွေ ကျုပ်ပေးတဲ့သကြားလုံးတွေကိုယူကြပြီး ပျော်ပျော်ရွှင်ရွှင် နဲ့ ထွက်သွားကြတော့တယ်။

အချိန်က ညနေ ခြောက်နာရီလောက် ရှိပြီ
” ငါရှေ့ကဖယ်ငါရွာအနောက်ဖတ်ကို သွားမလို့ ငါရှေ့ကဖယ်စမ်း ငါ့ကိုခေါ်နေပြီ”
“သမီး မိနှင်း သတိထားပါဦးကွယ် အမေလေ သမီးရဲ့”
“ဘယ်က အမေလဲ မသိဘူးဘယ်သူမှ မသိဘူး”
” သမီး သတိထားပါဦးကွယ်”
သားမိ နှစ်ယောက်ဖြစ်နေတာကို ဘေးအိမ်က အိမ်နီးနားချင်းတွေက ကြာမိပြီး မိနှင်းတို့ အိမ်ကို စုပြီ ရောက်လာကြတယ်။
“ဗျို့ အရီ မိနှင်းက ဘာဖြစ်တာလဲဗျ”
” မသိပါဘူးကွယ် ရွာနောက်ဘက်ကို သွားမယ်ဆိုတာဘဲပြောနေတယ်”
” အရီး သမီး အပမှီတာလား မသိဘူး အိမ်မှာရေမန်းရှိရင် ရေမန်းနဲ့ တောက်ကြည့်လိုက်ပါလား” လို့ အိမ်နီးချင်းလူတစ်ယောက်က ပြောနေတယ်။
” အရီးသွားယူလိုက်ဦးမယ် သူကို ခနထိန်းပေးထားပါဦး”

ရေမန်းလို့ ပြောလိုက်တာနဲ့ မိနှင်းတစ်ယောက် အိမ်ပေါ်ကနေ အတင်းရုံးပြီး ထွက်ပြေးမလိုပြင်နေတယ်။ အိမ်နီးနားချင်းတွေက အိမ်ပေါက်၀ ကို အတင်း ပိတ်ထားလား ထွက် မရဖြစ်နေတဲ့အချိန် အမေဖြစ်သူက ရေမန်းနဲ့ တောက်လိုက်တယ်။
” အားပူတယ် ပူတယ်” လို့အော်ပြီ မေ့လဲသွားတယ်။
အဲ့ဒီညကထက် ဖြစ်မလာတော့ဘူး မနက်ရောက်တော့လဲ ငူငူငိုင်ငိုင်နဲ့ တစ်ငိုငိုတစ်ရီရီ ဖြစ်နေတယ်။

ကျုပ်တို့က ကျောင်းကဦးဇင်းတွေ နဲ့ ဆွမ်းခံ လာတာ မိနှင်းတို့ အိမ်ရှေ့ကို ရောက်တော့ မောင်ဘုန်းက စကားဆို လာတယ်။
” ဆရာ ဒီအိမ်ထဲမှာ မကောင်းတဲ့ အနံ့အသက် တွေရနေတယ် နော် ဆရာ”
“ဟုတ်တယ် ငါတို့ ဒီရွာကို ရောက်လာတာလဲ အဲ့ဒါကြောင်ဘဲ အခုကိုသွားစရာ ရှိတာဘဲ သွား ”
ကျုပ်တို့ ကျောင်းပြန်ရောက်တော့ ဆရာတော်ကို ဆွမ်းကပ် ပြီးရင် တခြားဦးဇင်းတွေကိုရင်လေးတွေကိုလဲ ဆွမ်းကပ်ပြီး
အားလုံးပြီးစီမှ ကျုပ်တို့ ၀င်စားတယ်။ ကျုပ်တို့ စားပြီးလို့ ပိုကျန်တဲ့ ထမင်းဟင်းတွေကို ကျောင်းမှာရှိတဲ့ ခွေးတွေကို ကျွေးတယ်။ ကျွေးပြီး ကုန်သွားတော့မှ ကျုပ်တို့ ဆွမ်းဟင်းခွက်တွေ သပိတ်တွေ ကိုဆေးကျောပြီး ကျုပ်တို့နားတဲ့အဆောင်ကို ပြန်လာခဲ့ကြတယ်။ အချိန်က အလွန်ဆုံးရှိမှ နေ့လယ် နှစ်နာရီလောက်ရှိဦးမှာ ဆိုတော့ မောင်ဘုန်း ကို အင်းဆွဲခိုင်းပြီး ကျုပ်က တရားထိုင်ပြီး စိတ်ထဲမှာ ဆရာ့ကိုတ လိုက်တယ်။ကျုပ်စိတ်တွေတည်ငြိမ်လာပြီး အပေါ်ပျံတက်သွားသလို ခံစားလိုကရတယ်။
” ငါတပည့် မျက်လုံးဖွင့်လို့ရပြီ” လို့ ဆရာအသံ ကိုကြားလိုက်ရတယ်။
” ဆရာ အခုဖြေရှင်းရမဲ့ ပြဿနာရဲ့ အဓိက သူ ကဘယ်သူများဖြစ်မလဲ ဆရာ”
” ငါတပည့် ဒီပြဿနာရဲ့ အဓီက သူကတော့ ထွန်းလှ ဘဲ သူက လူလည်ခေါင်မှာ နှောက်ယှက်ပြီး သူကိုတုံ့ပြန်တော့ အညိုးတည်းထားနေတာ အဲ့လိုနဲ့ ရွာမှာရောက်နေတဲ့ အောက်လမ်းကောင် ကို ပိုက်ဆံပေးပြီး အသေသတ်ခိုင်းထားတာ နောက်နှစ်ရက်လောက်ဆိုရင် သူတို့ အပြီးသတ်ကြလိမ့်မယ်
ငါ့တပည့် က ဒီညမှောင်တာနဲ့ မနက်က မင်းတို့တွေ့ခဲ့တဲ့ အိမ်ကိုသွားပြီးပြီး ဖြေရှင်းပေးလိုက် ပြီးရင် အောက်လမ်းကောင်နဲ့ ပညာပြိုင်ပြီးရင် ပညာသိမ်းခဲ့”
“ဟုတ်ကဲ့ပါဆရာ ”
“အေးကွယ် သာဓု သာဓု သာဓု”
ဆိုပြီး ကျုပ်ခေါင်းလေးကိုပုတ်လိုက်တဲ့အချိန် ဆရာကပျောက်ကွယ်သွားတယ်။
ကျုပ်တရားဖြုတ်တော့ ညနေမှောင်ရီတောင်ပျိုးနေပြီ ကျုပ်လဲ အချိန်မဆွဲချင်တော့တာနဲ့ မောင်ဘုန်းကိုခေါ်ပြီး မိနှင်းတို့အိမ်ဘက်ထွက်လာခဲ့တယ်။

” အရီး ဗျို့ အရီး ရှိလားဗျ ”
“ရှိပါတယ်ကွယ် မောင်ရင် တို့က ဘယ်သူတွေလဲ ကွဲ့”
“ကျွန်တော်တို့က နယ်လှည့်ပြီး ဆေးကုနေတဲ့ ဆေးဆရာတွေပါ ဒီအိမ်မှာလူနာရှိတယ်ဆိုလို့ လာကြည်ပေးတာပါ” လို့ ကျုပ်က ပြန်ပြောလိုက်တယ်။

အရီးက ကျုပ် တို့ကို မယုံသလိုကြည့်နေတယ်ဗျ။
” အရီကျွန်တော်တို့ကို မယုံဘူးဖြစ်နေတာထင်တယ် ကျွန်တော် တို့က တစ်ဖတ်သားသူကို စိတ်နဲ့တောင် မပစ်မှားပါဘူးဗျ ”
“အရီးက မောင်ရင်တို့ ကို မယုံလို့ မဟုတ်ပါဘူးကွယ် အခုဖြစ်နေတာက အရီးရဲ့ သမီးလေးပါ မောင်ရင်တို့ကြည့်တက်ရင်ကြည့်ပေးကြပါကွယ်”။
ကျုပ်တို့ အရီး တို့အိမ်ပေါ်တက်ပြီးဘုရားခန်းမှာထိုင်လိုက်တယ်ဗျ။
” အရီး ကျွန်တော်တို့ကို မယုံလို့ အရီးရဲ့ အိမ်နီးနားချင်းတွေ ခေါ်ထားပေးပါတယ်”။
“ဟင် မောင်ရင်ကဘယ်လိုခါ်လိုက် လဲ”
“အဲ့ဒါတွေထားပါ ခနနေသူတို့ရောက်လိမ့်မယ်။”
တအောင့်ကြာတော့ အိမ်နီးနာချင်းတွေ ရောက်လာကြတယ်။
“အရီးသူတို့လဲ ရောက်လာပြီဆိုတော့ ကျွန်တော်စကုတော့မယ်ဗျ မောင်ဘုန်း သောက်ရေသန့်သန့်တစ်ခွက်ခတ်ခဲ့”
“ဟုတ်ရပါပြီ ဆရာ”

” အရီးရဲ့သမီး ကိုခေါ်ပေးပါဦး”
“အေး အေးပါကွယ် အရီး ခေါ်လိုက်ပါ့မယ်”
“ဟေ့ သမီးရေ မိနှင်း သမီးမိနှင်း အပြင်ခဏလောက်ထွက်ခဲ့ပါဦးတယ်။”
မိနှင်းအခန်းထဲက အသံပြန်မပေးတော့ တံခါးကို သွားဖွင့်တော့အထဲကနေ ပိတ်ထားတော့ဖွင့်မရဘူးဖြစ်နေတယ်။
“လာလာ အရီးမလာချင်တာကို ကျွန်တော်ဒီကနေဘဲ ခေါ်လိုက်တော့မယ်”ကျုပ်စပြီးအမိန့်ပြန်လိုက်တယ်။”
“အခန်းထဲက မနှင်း ကိုပြုစားထားရင် ကျုပ်ရှေ့အခုရောက်စေ မရောက်လာခဲ့ပါက ဆိုင်ရာတွေက အရောက်ပို့လိုက်စမ်း”

ကျုပ်အမိန့်ပြန်ပြန်ပြီးချင်း အခနထဲကနေ ပြေးထွက်လာတဲ့ အသံကြားလိုက်ရတယ်။
“ရောက်ရင်ဘုရားကို ဦးတိုက်စမ်း”
“မတိုက်နိုင်ဘူး “ဆိုပြီး မိနှင်းအသံကနေ ယောကျာ်းတစ်ယောက်ရဲ့ အသံဩဩကြီးဖြစ်သွားတယ်။
လာကြည့်ကြတဲ့သူတွေ အားလုံး အံ့ဩသွားကြပြီး မိနှင်းရဲ့ အမေဖြစ်သူကိုယ်တိုင်လဲ အံ့ဩ သွားတယ်။

“ကဲ မင်းက ဘုရားကိုဦးမတိုက်နိုင်ဘူးဆိုတော့လဲ ဘယ်လောက်ထိ ဦးမတိုက်ဘဲ နေနိုင်မလဲ ကျုပ် ကြည့်မယ် ဆိုင်ရာတွေလာကြ ဒီကောင့်ရဲ့ ခေါင်းကိုကိုင်ပြီး ကြမ်းပြင်နဲ့ ထိနဲ့အထိ ဘုရားကို ဦးတိုက်လိုက်ကြစမ်း”
“ဟားးဟားးဟား ခေါ်စမ် မင်းရဲ့ဆိုင်ရာဆိုတဲ့ ကောင်တွေကို ဟားး”
ဆိုင်ရာတွေက ဘာမှမလုပ်နိုင်တာကို ကျုပ်အံ့ဩ သွားတယ်။
” ကြိုးပိုင် ရောက်စေ မဟာအ၀ီ၀ိ ငရဲ မှာ သံကြိုးများဖြစ် ချည်နှောင်စေ မလှုပ်စေနဲ့ လှုပ်တာနဲ့ ငရဲပြည်ကသံရည်ပူများနဲ့ လောင်းစေ ခန္ဓာကိုယ်ပိုင်ရှင်လုံး၀မထိစေရ”

အောက်လမ်းကောင်က မသိသလိုနေပြီး ကျုပ်တို့ကို မထီမဲ့မြင် ပြုနေတယ်။
ခန အကြာမှာတော့ သူဘယ်လိုမှ မခံစားနိုင်တော့လောက်အောင် ပူလောင်လာတော့တယ်။
” အားပူတယ် ပူတယ် ငါ့ရဲ့အသားတွေ မီးလောင်ကုန်ပြီ အခု ချွတ်ပေးစမ်း မင်းခိုင်းတာ ငါလုပ်မယ်”
“မင်းစကားမင်းတည်ပါစေ ကြိုးပိုင် ရပ်မယ် သူညာခဲ့တယ်ဆိုရင် ဒီထက် နှစ်ဆပိုပြင်းတာနဲ့ ချည်နှောင်စေ”
အဲ့နောက္မှာ အောက်လမ်းကောင်က ဘုရားကို ဦးတိုက်တော့တယ်။
” မင်းဘာကြောင့်သူမ ကိုအခုလိုပြုစားတာလဲ ”
” ငါလုပ်တာမဟုတ်ဘူး ဒီရွာထဲကကောင်က သူကို သတ်ခိုင်းတာ ငါကခြားထဲကနေ ပိုက်ဆံယူပြီး သတ်ပေးရမှာ အခုတော့မင်းတို့ရောက်လာလို့ ငါသတ်မရတော့ဘူး”
“လက်စသတ်တော့ မင်းက ပိုက်ဆံယူပြီးသူများကို အလုပ်လုပ်ပေးတဲ့ ကြေးစားပညာသည်ဘဲ”
“ဟုတ်တယ် ငါက ကြေးစားပညာသည်ဘဲ”
” မင်းအခုသူကို ဘာတွေနဲ့ပြုစားထားလဲ”
“တို့ဆေး နဲ့ တို့ထားတာ ကျန်တာ ဘာမှ မလုပ်ထားဘူး”
“မင်းပြောတာသေချာလားငါစစ်ကြည့်လို့ တစ်ခုခု တွေ့ရင် မင်းမလွယ်ဘူးမှတ်”

ကျုပ်စစ်ကြည့်တော့ ဘာတစ်ခုမရှိတာနဲ့ သူကို နောက်ဘယ်သူမှ မပြုစားတော့ပါဘူးဆိုတာကို သစ္စာဆိုခိုင်းပြီး ရွာကနေနှင်ထုတ်ခဲ့တယ်။
သူကမထွသွားခင် သူဆရာနဲ့ ပညာပြိုင်ဖို့စိန်ခေါ်တာကို ကျုပ်လက်ခံပြီး သူကို ခန္ဒာကိုယ်ထဲကနေထုတ်ခဲ့တယ်။
သူထွက်သွားတော့ မနှင်းကို ကျုပ်ရေတစ်ခွက်ထဲ အင်းပြာမှုန့်လေးတွေထည့်ပြီး တိုက်ခဲ့တယ်။ ရေမန်းကိုသောက်ပြီး သူကိုဆေးနဲ့တို့ခဲ့တဲ့နေရာကနေ ယားလာတယ်ပြောလို့ အဲ့နေရာကို ကျုပ်လွယ်အိတ်ထဲက အဖြူရောင် ပု၀ါလေးနဲ့ သုပ်ပေးလိုက်တော့ အဖြူရောင်ပု၀ါလေး မှာ အမဲရောင်တွေစွန်းသွားတာတွေအားလုံးမြင်တွေ့ကြရပြီ ကျုပ်လွယ်အိတ်ထဲပြန်ထည့်ခဲ့တယ်။

ဆေးနဲ့တို့ခဲ့တာကိုလဲ စိတ်ထဲမထားဖို့ မှာကြားခဲ့ပြီး ကျုပ်တို့ ဘုန်းကြီးကျောင်းကို ပြန်လာခဲ့ကြတယ်။ ရောက်ရောက်ချင်း ဆရာတော်ကို ဦးတိုက်ပြီး ကျုပ်တို့ ရွာအပြင် ကို ထွက်လာခဲ့တယ် ။

ရေးသားသူ = လပြည့်(မန်းမြေ)