အောက်လမ်းမယ်မြ


” မင်း ခနနေကြရင် သိလာရလိမ့်မယ်ကွ ”

ခန အကြာမှာတော့ ကျုပ်တို့ရှိတဲ့ ဇရပ် အနားကို လူနှစ်ယောက် ရောက်လာတယ်ဗျ။
ခန ဝင်နားကြတာထင်တယ်ဗျ။
အဲ့ဒီလူနှစ်ဦးထဲ က လှသောင်း ဆိုတဲ့ သူက စကား စပြောတယ်
“ဟျောင့် သာကျော် မင်းဆရာတွေ ကရှိတာရော သေချာလို့လားကွ”
“ငါကြားတာ မှန်ရင် ဒီရွာမှာ ဆရာတွေ ရှိသေးတယ်ကွ”
“မင်းကသာ ရှိတယ်ပြောတာ အခု ဘယ်သူမှ ကိုမတွေ့ရပါလားကွ”
” အမောလဲပြေပြီဆိုတော့ ငါတို့ ဆက်ရှာကြရအောင်”
“ဒီက အကိုတွေ ကဘာအရေးကြောင်ရှိလို့ ဆရာရှာနေကြတာလဲ ဗျ”
“ဒီလိုပါ ညီငယ် အကိုတို့ရွာ က အရင်တုန်းကဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ရွာလေးတစ်ရွှာပေါ့ ဆိုတာကနေစပြီး သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခ တွေကိုပြောပြတယ်။”

“တော်တော်လေး ယုတ်မာတဲ့သူဘဲနော်”
အဲဒီအချိန် ကျုပ် နားထဲ ကို သူတစ်ဦးရဲ့ခေါ်သံကြားလိုက်ရတယ်။”
” ဆရာလေး ဆရာလေး”
ကျုပ် ကြားကြာချင်း ဆရာ့ကို ကြည့်တော့ ခေါင်းညိမ့်ပြတာနဲ့
အနီးနား က သန့်ရှင်းတဲ့ နေရာ တစ်ခုမှာ ထိုင်လိုက်ပြီး သမထ ကို ရှုမှတ်နေတယ်။
နောက်ပြီးမှ အာရုံတွေကို စုပြီး ကြည့်လိုက်တော့ ကျုပ်တို့ အနားမှာ မက်တပ်ရပ်နေတဲ့ အဘိုးအိုတစ်ဦးကိုမြင်တှေ့လိုက်ရတယ်။

“ဟုတ်ကဲ့ အဘိုး ဘာများပြော စရာရှိလို့ပါလဲဗျ”
“ဒီလူလေး နှစ်ယောက် က တစ်ယောက်က သာကျော် ဖြစ်ပြီးနောက်တစ်ယောက်က လှသောင်းပါ”
“ဟုတ်ကဲ့ အဘိုး ”
“ဒီလူလေးနှစ်ယောက် ရဲ့ အခတ်ခဲတွေ ကို ဆရာလေးတို့ သိပြီလောက်ပြီထင်ပါတယ်”
“ဟုတ်ကဲ့ အဘိုး ကျွန်တော် တို့ သိပြီးပါပြီ ”
“ဟုတ်တယ် ဆရာလေး အဘိုးအနေနဲ့ ဆရာလေးတို့ ဒီက လူလေးတို့ကို ကူညီပေးပါလို့ တောင်းတိုပါရစေ”
“ဟုတ်ကဲ့ အဘိုး ကျွန်တော်တို့ ကူညီပေးမှာပါ”
“ေအးကွယ် သာဓုသာဓုသာဓု ပါကွယ်” ဆိုပြီး ပျောက်ကွယ်သွားတယ်။

ကျုပ် တရားထိုင်ရာကနေ ထလာတော့ အားလုံးက သွားဖို့ ကျုပ်ကိုစောင့်နေကြတာကို တွေ့လိုက်ရတယ်ဗျ။
ကျုပ် လဲ ကြောင်ကြည့်နေမိတယ်။ မောင်ဘုန်းကနေ စကားလာပြောမှ အသိပြန်ဝင်လာတယ်။
” ဆရာ လပြည့် ကျွန်တော် တို့ သွားဖို့ အသင့်ဖြစ်နေတာကြာပြီဗျ ဆရာလပြည့် က တရားထိုင်နေတာ မပြီးသေးလို့ အားလုံးစောင့်နေကြတာ”
” အေး အေး အဲ့ ဒါဆိုလဲ သွားကြမယ်လေ ဆို ပြီး အားလုံးထွက်လာခဲ့လိုက်ကြတယ်။

“ဆရာ ေစာနက အဘိုးက ဘယ်သူလဲ ဗျ။”
“အဲ့ဒါက. သူတို့တောကုန်းရွာရဲ့ ရွာတော်ရှင်လေ”
“အဲ့ဒါဆို အောက်လမ်းမယ်မြ က ရွာတော်ရှင်ကို ဘာမှ မလုပ်ဘူးလားဆရာ”
“မလုပ်ဘဲ နေမလားကွ အောက်လမ်းမယ်မြ က ရွာတော်ရှင်ကို ရွာကနေနှင်ထုတ်လိုက်တာလေ”
” အဲ့ဒါဆို အောက်လမ်းမယ်မြက တော်တော်လေး အဆင့်မြင့်မှာဘဲနော် ဆရာ”
“ဒါပေါ့ကွ မင်းတို့လဲ အသင်ပြင်ထားကြ”
“ဟုတ်ဆရာ”

ကျုပ်တို့တွေ ခရီးဆက်လာကြတာ ညနေပိုင်းလောက်ကြတော့ ရွာရဲ့ ဇရပ် အနားရောက်တော့ ဇရပ် အပေါ်ကနေ အရပ်မဲမဲ တွေ ခုန်ဆင်းလာတာကို မြင်တွေရတယ်။ သာကျော်နဲ့ လှသောင်းတိုလ ဆိုရင် အကောင်မဲမဲ ကြီးတွေကို မြင်ပြီး လန့်သွားကြတာ မက္ရပ္ကြီးကြောင်ပြီး ကြည့်နေတယ်ဗျ။

“ဒီရွာကို လာရဲတဲ့ ဆရာအစုတ်ပလုတ် တွေ မင်းတို့လာရာ လမ်းအတိုင်း ပြန်တာတာကောင်းမယ်နော် မင်းတို့အသက်တွေကို တန်ဖိုးထားတင်ရင်ပေါ့ကွာ ဟားးးး ဟားးးး ဟားးး”
“မင်းတို့လိုကောင်တွေကို ငါနဲ့ မဟုတ်ဘူး ဒီက ရွာသားနှစ်ယောက်နဲ့တင် ပြီးတယ်ကွ ဆိုပြီး လှသောင်းနဲ့ သာကျော် ရဲ့ နောက်ကျော ကို အင်းပြားလေးတွေ ကပ်လိုက်ပြီး အင်း ကို အသက်သွင်းလိုက်တယ်ဗျ။”

ခန နေတော့ သာကျော်နဲ့လှသောင်း သူတို့ရဲ့အသိစိတ်တွေပြောက်သွားပြီး ရှေ့ကမြင်နေရတဲ့ အရိပ်မဲမဲ ကြီးတွေဆီပြေးသွားပြီး ၀င်လုံးတယ်ဗျ။

အရပ်မဲမဲကြီးတွေကလဲ သူတို့ဆီ ပြေးလာတဲ့သာကျော်နဲ့ လှသောင်း ကို ဝိုင်းပြီး လက်ဝါးကြီးတွေနဲ့ ရိုက်ကြတယ်။

ကျုပ်နဲ့ မောင်ဘုန်း ဆိုရင် ကြည်နေရင် သာကျော်တို့ အတွက်စိတ်ပူသွားတယ်။
ဒါပေမဲ့ ဆရာက စိတ်မပူကြဖို့ပြောတယ်ဗျ။
အရိပ်မဲမဲအကောင်ကြီးတွေရိုက်ချက်တွေ က ပြင်းထန် တယ်ဗျ တစ်ချက်တစ်ချက်ဆို မြေကြီးတောင် တုန်ခါသွားတယ်။
သာကျော်နဲ့လှသောင်း ကတော့ လက်ဝါးကြီးတွေနဲ့ ရိုက်ခံရပြီး ကိုယ်ခန္ဓာ တွေက တစ်ဖြေးဖြေးကြီး လာတယ်။ ခနွာကိုယ်ကြီးက ထန်းပင် တစ်ရပ်စာလောက် ရှိသွားတော့မှ အရိပ်မဲမဲ ကောင်ကြီးတွေကို ပြန်လည် ပြီးလက်၀ါးကြီးတွေနဲ့ ပြန်ရိုက်တယ်။

အရိပ်မဲမဲ အကောင်ကြီးတွေကရိုက်လိုက်ရင် သာကျော်တို့ရဲ့ခန္ဓာကိုယ် တွေက ကြီးကြီးလာပြီ သာကျော်တို့ကရိုက်လိုက်ရင် အရိပ်မဲမဲ အ​ကောင်ကြီးတွေ က ​ပျောက်ပျော်သွားကြတယ်။ အဲ့ဒီလိုနဲ့ လက်၀ါးကြီးတွေနဲ့ အပြန်အလှန်ရိုက်နေကြတာ အရိပ်မဲမဲ ကြီးတွေ အကုန်​ပျောက်သွားတော့မှဘဲ သာကျော်တို့က တစ်ဖြေးဖြေးပြန်လဲ သေးလာပြီး မူလ ခန္ဓာကိုယ် ကို ပြန်လဲရောက်ရှိလာပြီး မေ့လဲသွားတယ်။
မေ့လဲသွားတဲ့ သာကျော်တို့ကို ကျုပ်နဲ့ မောင်ဘုန်းက အနီးနက ဇရပ်ပေါ်ကို ဆွဲတင်လိုက်ကြတယ်။

ကွမ်းနှစ်ယာညှပ်လောက်အကြာမှာတော့ သာကျော်တို့ ပြန်လည် သတိရလာတယ်ဗျ။
“ကိုသာကျော်တို့ သတိရလာပြီလား”လို့ကျုပ်က မေးလိုက်တယ်။
” ဟုတ်ကဲ့ ဆရာလေး ကျုပ်တို့ သတိရလာပါဘူး နောက်ပြီး ကျုပ်တို့ဘာဖြစ်သွားတာလဲ ဟိုအရိပ်မဲမဲ ကိုတွေကရော ဘယ်ရောက်သွားတာလဲ”
“စောနကတောင် ကိုသာကျော်တို့နှစ်ယောက်နဲ့ အဲ့ဒီအရိပ်မဲမဲအကောင်ကြီးတွေတိုက်ခိုက်နေကြတာလေ”
“ဗျာ မဟုတ်တာ ဆရာလေး ကျုပ်တို့ အဲ့ဒီအရိပ်မဲမဲ အကောင်ကြီးတွေမြင်ပြီး ကျန်တာ ဘာမှ မသိတာ”

” အဲ့ဒါတွေ ထားလိုက်ပါတော့ အခု ကျုပ်တို့ ရွာထဲကို ၀င်ကြရအောင် ကိုသာကျော် “လို့ ဆရာက ၀င်ပြောတယ်တယ်။
အဲ့ဒါနဲ့ ကျုပ်တို့ အလုံးရွာထဲ ကိုအလာ ပြင်းထန်တဲ့ အပူလိှုင်းတစ်ခုကို ကျုပ်ခံစားမိနေတယ်ဗျ။
ကိုသာကျော်နဲ့ ကိုလှသောင်း ကတော့ ဘာမှမသိပုံဘဲဗျ။
ကျုပ် ဆရာနဲ့မောင်ဘုန်းကို ကြည့်လိုက်တော့ ဆရာတိုကလဲ ခံစားမိတယ်ဆိုပြီး ခေါင်းညိမ့် ပြတယ်။
တစ်နေရာ အရောက် မှာကျုပ်တိုအရှေ့တည့်တည့်ကနေ
၀င်းလဲ့၀င်းလဲ့ နဲ့ အရာတစ်ခု ကို ကျုပ်လှမ်းမြင်လိုက်ရတယ် ။
အနီးနားရောက် မှ အောက်လမ်းပညာစက် ဆိုတာ ကျုပ်သိလိုက်တော့ ကျုပ်ရဲ့ အကာ အင်းကို ထုတ်သုံးလိုက်တယ်။

ကျုပ် အကာအင်းသုံးလိုက်တဲ့ အချိန်နဲ့ အောက်လမ်းစက်တွေ ထိသွားတယ်။
အောက်လမ်းစက် က အားပြင်းတော့ ကျုပ်ရဲ့ အကာအင်းတောင် ​ အက်ကွဲကြောင်းလေးတွေ ထလာတယ်ဗျ။ အဲ့ဒါကို ဆရာက သိတော့ လက်ဝါးနဲ့ ရိုက်ချလိုက်တာ အောက်လမ်းစက်တွေ ကျိုးထွက်ကုန်တယ်။
“ဆရာ ဒီအောက်လမ်းစက် က အတော်လေး အားပြင်းတာဘဲ ကျွန်တော် ရဲ့ အကာအင်းတောင် အက်ကြောင်းတွေ ထ သွားတယ်။
“အဲ့ဒါ အောက်လမ်းမယ်မြရဲ့ စက်တွေဘဲ အဲ့ဒါကြောင့်
အားပြင်းနေတာ ”

ကျုပ်တို့ ရွာထဲ ကို စတင်ပြီးတော့ ဝင်ရောက်ခဲ့ ကြတယ်။ ရွာထဲ ရောက်တာနဲ့ အောက်လမ်းမယ်မြရဲ့ တပည့်တွေနဲ့ ထိပ်တိုက်တွေကြတာပေါ့ဗျာ။

“ဆရာစုတ် တွေ အသက် မသေချင်ရင် အခုကတည်းက လှည့်ပြန် လိုက်ကြ နောက် မှငါတို့ အဆိုးမဆိုနဲ့နော်”
“ဟေ့လူ မကောင်းတဲ့မညာတွေကို ခံယူပြီး မကောင်းတာတွေဘဲ လုပ်နေကြတဲ့ ခင်များတို့ ကို ဆုံးမပြီး မှပြန်မယ်” လို့ ကျုပ်က ဝင်ပြောတယ်ဗျ။
“တယ်လဲ လေလုံးကြီးနေပါလား ကလေး သာသာနဲ့ ကောင်လေးက ”
“ကျုပ်တို့ ကအသက်ငယ်ပေမဲ့ ခင်များတို့ထက် မြင့်မြတ်တယ်”လို့ မောင်ဘုန်းက ထက်ပြောတယ်။

“ကဲ လပြည့်နဲ့မောင်ဘုန်း မင်းတို့နှစ်ယောက်ဘဲ သူတို့ကိုဆုံးမလိုက်ကြ”
“ဟုတ်ကဲ့ပါဆရာ”

“ခင်များတို​ပညာဘယ်လောက်ထက်လဲ ကျုပ်တို့ကြည့်မယ် ”
အောက်လမ်းပညာစက်တွေကိုထုတ်ပြီး ကျုပ်တို်ကိုတိုက်ခိုက်ဖို့ပြင်နေတယ်ဗျ ။
ကျုပ်တို့ကလဲ ရှေ့ထွက်လာပြီး အသင့်အနေထားနဲ့ အဆင့်အနေထား နေလိုက်ကြတယ်။
အောက်လမ်းပညာသည်တစ်ယောက် က. ကျုပ်ဆီကို သူရဲ့ ပညာစက်တွေနဲ့ ပြစ်တယ်။
ကျုပ်က အကာအင်းနဲ့ကာလိုက်တယ်။
သူတို့ပညာစက်က အသင့်အတင့်ဘဲ ပြင်းတော့ ကျုပ်
အကာအင်း ကိုမထိုးဖောက်နိုင်ဘူးဗျ။

သူတို့တက်ထားတဲ့ ပညာတွေနဲ့ ကျုပ်တို့ကို တိုက်ခိုက်တယ်။ သူတို့တိုက်ခိုက်သမျှ ကျုပ်တိုကို မထိ ဘူး ကျုပ်တို့ပြစ်လိုက်တဲ့ အင်းတွေ က သူတို့ကို ထိတယ်ဗျ။
ကျုပ်တို့လဲ မကောင်းတဲ့အောက်လမ်းပညာ တွေကိုနှုတ်တဲ့ ပညာနှုတ် အင်းနဲ့ ပစ်လိုက်တော့ သူတို့ ပညာတွေ အကုန်ပြတ်စီးကုန်တယ်။

ကျုပ်တို်ရှေ့ဆက်လာရင်း သူကြီးအိမ်ကို အရင်ဝင်ကြတယ်။ သူကြကတော့ ဝမ်းသာအားရတဲ့ကြိုဆိုတယ်ဗျ။

“ဗျုိ့သူကြီး သူကြီးရှိလား”
“အေးရှိတယ်ကွ ဝင်ခဲ့ကြလေ ဘယ်သူတွေလဲ”
“ကျုပ်တို့ သာကျော်ပါဗျ ”
“မင်းတို့ မနက်ကဘဲ ဆရာသွားပင့်တာ အဆင်ပြေခဲ့ရဲ့လား”
“အဆင်ပြေတယ်သူကြီး အခု ဆရာတွေလဲ ပါလာတယ်”
“ဟုတ်လား အဲ့ဒါဆို အထဲကိုခေါ်ခဲ့လေကွာ”
“လာကြ ဆရာလေး တို့ ဒီမှာထိုင်ကြပါ”
ဆရာကတော့သူကြီးပြတဲ့ နေရာမှာဝင်ထိုင်ပြီး ကျူပ်နဲ့ မောင်ဘုန်းကတော့ ဆရာရဲ့နောက် မှာ နေရာဝင်ယူလိုက်ကြတယ်။
“အနောက် ကဆရာလေးတိုလဲ ဒီမှာဝင်ထိုင်ကြပါ”
“ရပါတယ် သူကြီး ကျွန်တော် တို့က ဆရာနဲ့ တန်းတူမထိုင်ရပါဘူးဗျ တန်းတူထိုင်မိရင် ဆရာကို မလေးစားရာ ရောက်လို့ပါ”

“ဟုတ်ကဲ့ပါ ဆရာလေးတို်”
သူကြီးအိမ်မှာအလုပ် လုပ်ပေးနေတဲ့ သူရဲ့တူလေးတွေက ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်လေး လာချပေးတယ်။
ဲကျူပ်တို့သူကြီးအိမ်မှာ ခန နားပြီး ကျုပ်တို့
အောက်လမ်းမယ်မြဆီကို ထွက်လာခဲ့ကြတယ်။
“လပြည့်နဲ့မောင်ဘုန်း အခုဆို မယ်မြက ငါတို့လာတာသိနေလောက်ပြီ အဲ့တော့ သတိနဲ့နေကြ အသင့်ပြင်ထားကြ”
“ဟုတ်ကဲ့ ဆရာ ”
ကျုပ်တို့ဆရာတပည့် သုံးယောက် အောက်လမ်းမယ်မြရဲ့ အိမ်ဝိုင်းအရှေ့ရောက်တော့ သူတို့ဝိုင်းအတွင်းလူစုထား​ြကပြီအဲ့ဒ​လူ​ေွေေကနေ စက်အတန်းလိုက်ကြီးနဲ့ ပစ်တယ်ဗျ။ ဆရာက အရှေ့ကနေပြီး စက်တန်းကြီးကို လက်ဝါးနဲရိုက်ချလိုက်တယ်။စက်တန်းကြီးက ဖြောက့် ဆိုပြီး အကုန်ကျိုးထွက်သွားတယ်။

ကျုပ်တို့ကလဲ အသင့်ပြင်ထားတဲ့ အချုပ်အင်းနဲ့ ပစ်လိုက်တော့ အားလုံးက အချုပ်အင်းမှာမိသွားတယ်။ ကျုပ်တို့လဲသူတို​ရှိရာ ကိုအသွား အိမ်အဝင်စကနေတစ်ခုခု က တားထားသလိုခံစားလိုက်ရတယ်ဗျ။ အာယုံ ခံကြည့်လိုက်တော့ အရမ်းကို ပြင်းထန်တဲ့ စက်တန်းတစ်ခုက ကာထားတာကိုတွေ့ရတယ်။
ကျုပ်တိုဆရာတပည့် သုံးယောက်လဲ စက်ပြတ်အင်းတွေကို အသက်သွင်းပြီး တစ်ဦးချဥ်းစီပစ်လိုက်ကြတယ်။
အင်းချပ်လေးသုံးချပ်ကအထပ်လိုက်လေးတစ်နေမှာသွားချိတ်နေပြီး ချိတ်နေတဲ့နေရာကေနေပြီး အပ်ကွဲလာပြီး လူတစ်ယောက်ဝင်သွားလို့ရနိုင်နဲ့အပေါက်တစ်ခုဖြစ်လာတယ်။
ကျုပ်တို့လဲ ပေါ်လာတဲ့အပေါက်ကနေဝင်လာပြီး မယ်မြတို့အိမ်ထဲရောက်လာတော့တယ်။

“ကဲ အထဲက အဘွားမယ်မြ အဘွားကိုတိုင်ထွက်မလားကျုပ်ခေါ်ရမလား “လို​့ ဆရာက လှမ်းပြောတယ်။
အိမ်ထဲက ဘာသံမှမကြားရဘူးဗျ ။
အဘွားက ပေးကပ်ကပ်လုပ်တော့လဲ ကျုပ်က မရရင်ခေါ်ရတာပေါ့ ဆိုပြီး အမိန့်ပြန်လိုကိတယ်။
“အထက်ဆရာကြီးများရဲ့ အမိန့် ကျုပ် အမိန်နဲ့ ဆင့်ခေါ်လိုက်တယ် အိမ်ထဲက အောက်လမ်းအဘွားမယ်မြ ရှိရင် အခုချက်ချင်းကျူပ်ရှေ့ရောက်စေ အမိန့်သံကိုကြာရပြီးပေကပ်ကပ်လုပ်နေရင် ငရဲမီးနဲ့ မြိုက့် ေစ” လို့ ဆရာကအမိန့်ပြန်လိုက်တယ်။
မိန့်ပြန်ပြီးပြီးချင်မှာ ဘာမှမထူးခြားဘူးဗျ။ တစ်အောင့်လောက်ကြာမှ အထဲကနေ အပြေးတစ်ပိုင်းထွက်လာတဲ့ အဘွားအိုတစ်ဦး ထွက်လာတယ်။
“ကဲ အဘွားမယ်မြ ကျွန်တော် အဘွားနဲ့ ပညာတွေ ကို အလှူခံပါတယ် အဘွားကြည်ကြည့်ဖြူဖြူ ပေးပါ” ဆရာကလှမ်းပြောတယ်။

“ဒိမယ်ကောင်လေးတို့ ငါ့ရဲ့ပညာတွေကိုလိုချင်ရင် ငါကိုနိုင်အောင်တိုက်” လို့အောက်လမ်းမယ်မြ က ပြန်ပြောတယ်။
“ကောင်းပြီလေ အဘွားနဲ့ကျုပ်ပညာပြိုင်ကြတာပေါ့”
“အောက်လမ်းမယ်မြ က သူတက်ထားတဲ့ ပညာတွေနဲ့တိုက်တယ်ဗျ။
ဆရာတစ်လှည့်အောက်လမ်းမယ်မြ ကတစ်လှည့် တစ်လှည့်စီ တိုက်နေကြတာ ဘေးက ရပ်ကြကြည့်နေဲ့ ကျုပ်တို့ အတော်လေးကိုကြည့်ကောင်းနေတယ်ဗျ။
အောက်လမ်းမယ်မြက သူရဲ့နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးဖို့ သူရဲ့ ပညာတွေက လက် မှာစုနေတယ်။သူ့ရဲ့နောက်ဆုံးတိုက်ကွက်က သူပညာနဲ့ ထိရင်တစ်ကိုယ်လုံးမီးလောင်ပြာဖြစ်သွားမှာဗျ။.
ဆရာကလဲ ကဝေလည်ပြတ် အင်းတော်ကြီးကိုအသက်သွင်းပြီး အသင့်စောင့်နေတယ်ဗျ။

အောက်လမ်းမယ်မြက သူရဲ့ပညာတွေစုလို့ပြီးသွားတဲ့ အချိန် ဆရာကို သူရဲ့အစွမ်းပညာတွေနဲ့ လှမ်းပစ်လိုက်တယ်။
ဆရာကလဲ ကဝေလည်ပြတ် အင်းတော်ကြီးကိုလှမ်းပစ်လိုက်တယ်။ အင်းနဲ့ ပညာစက်တွေ့ ထိပ်တိုက်ထိတွေ ဟိုဘက်သာဒီဘက်သာအားပြိုင်းနေကြတယ်။
တစ်အောင့် လောက်ကြာတော့ အောက်လမ်းမယ်မြ အားပြက်ပြီဆက် မထိန်းထားနိုင်တော့တဲ့အချိန် အင်းတော်ကြီး က. အောက်လမ်းမယ်မြရဲ့ ပညာတွေကိုထက်ပိုင်းကျိုးသွားပြီး အောက်လမ်းမယ်မြကိုသွားထိတယ်။

အဘွားမယ်မြ ချက်ချင်းသွေးတွေအန်လာတယ် ပြီးတော့ ရှေ့ကိုပြစ်လဲ ကျသွားတယ်။
ချက်ချင်းဘဲ မီးတော့ ထတောက်လာတယ်ပြ အပူရှိန် ဘယ်လောက် မြှင်သလဲ ဆိုရင် ေဘးနားက. သစ်ပင်ကြီးငယ်လေးတွေ အရွက်တွေ ခြောက်သွေ့သွားတယ်ဗျ။

အားလုံးပြီးစီးသွားတော့ ရွာက် ပရိတ်ပဌာန်း ရွက်ဖက်ဖို့ မှာကြားပြီး ကျုပ်တို့ ခရီးဆက်ခဲ့ကြတယ်။

ဒီစာမူက ဒီမှာတာင်ပြီးပါပြီ
နောက်လာမဲ့ စာမူ ကတော့
မောင်လပြည့်နဲ့ မန်းလေးတောင် အဓိဌာန် ဆိုတဲ့ စာမူမှာစောင့်ဖက်ပေးကြပါဗျ။

ဖက်ပေးခဲ့ကြတဲ့ စာဖက်ပရိတ်သတ်တစ်ဦးချင်းစီတိုင်းကို ကျွန်တော် မောင်လပြည့်က အထူးကျေးဇူးတင်ရှိပါတယ်ဗျ။

ရေးသားသူ= လပြည်(မန်းမြေ)