ငလုံးငပြူး

နေထိုင်လုပ်ကိုင်ရသည်။

ထိုအခါ တောသူတောင်သားတို့၏သဘာဝ
မိမိဟင်းစားရရန် ငှက်ပစ် ငါးဖမ်း ဖားရိုက် စသည်ဖြစ်
သူတပါးအသက်ကို သိသိလျှက်နှင့်သတ်ဖြတ်မိခဲ့သည်။

ယခုတော့ ကပ္ပိယကြီး၏ဆုံမစကားများကို ပြန်လည်ကြားယောင်လာရင်း ထိုသို့အလုပ်များကိုမလုပ်တော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ကိုမြင့်ဆောင်သည် ထို့သို့စဉ်းစားနေခိုက်မှာပင် ဦးဖိုးခေါင်ကြီး တဲဘက်သို့လာနေသည်ကိုမြင်လိုက်ရသည်။
ကိုမြင့်ဆောင်တစ်ယောက် ဦးဖိုးခေါင်ကြီးကိုမြင်လိုက်တော့ ဝမ်းသာသွားသည် သူ့ကိုကျေးဇူးတင်စကားလဲပြောချင်နေမိသည်။

နွားပြာ(နဗျာ)ကြီးနှစ်ကောင် ဘယ်မှာရှာတွေ့ခဲ့လဲဆိုတာကို မေးချင်နေမိသည်။

ဦးဖိုးခေါင်ကြီးသည် တဲပေါ်ကိုတန်းပြီးတက်မလာသေးပဲ တဲကုန်းဆောင်းလေးမှ ရပ်ပြီးကြည့်နေ‌ေသးသည်။

“ဦးဖိုးခေါင် တဲပေါ်တက်ခဲ့လေဗျာ”

ကိုမြင့်ဆောင် လှမ်းခေါ်လိုက်မှ တဲပေါ်တက်လာပြီး
တဲအိပ်စင်လေးပေါ်မှာ ထိုင်လိုက်သည်။

တဲအိပ်စင်လေးသည် တဲအတွင်းပိုင်းမှာ ဆောက်ထားသဖြင့် အမိုးအကာများကြောင့် မှောင်နေသည်။

ကိုမြင့်ဆောင်သည် ယနေ့ညမိုးတိမ်ကင်းပြီး လသာသည်ဖြစ်တာကြောင့် တဲအတွင်း မီးထွန်းမထားပေ

သူကိုတိုင်လည်းတဲအပြင်ဘက် လရောင်လင်းနေသော နွားစာကျွေးသည့်စင်လေးပေါ်တွင် ထိုင်နေချင်းဖြစ်သည်။

နွားကြီးများ ပျောက်သွားသည့်တစ်ရက်လံုးကိုမြင့်‌ေဆာင် အလုပ်ပျက်ခဲ့‌ရသည်

ထိုနေ့အတွက် နောက်နေ့တွေမှာ အလုက်ပိုလုပ်နေရသဖြင့် ကိုမြင့်ဆောင်တစ်ယောက် မအားလပ်နိုင်ပဲဖြစ်နေရသည်။

တစ်နေ့လုံးပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့်အတွက်လည်း ညဆိုစောစောစီးစီးပင်အိပ်ပျော်သွားတတ်သည်။

ထိုနေ့တွေအတွင်း ဦးဖိုးခေါင်ကြီးသည်လည်း သူထံသို့ရောက်မလာ

ယနေ့‌မှသာ အိပ်မပျော်သေးပဲ လရောင်အောက်တွင်ထိုင်နေသောသူ့ကိုမြင်၍ ယောက်လာချင်းဖြစ်မည်
မိမိကိုလည်းတစ်ခုခုပြောချင်နေပုံရသည်။

“ဦးဖိုးခေါင် နွားကြီးတွေကိုဘယ်ကရှာတွေ့ခဲ့တာတုန်းဗျ”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ ဖိုးခေါင်ကြီးက

“ငလူးအိုင်နားကလျှိုထဲမှာပဲကွ သိပ်ဝေးဝေးလံလံကြီးမဟုတ်ဘူး ငါလည်းမင်းလာပြောလို့ နွားလိုက်ရှာနေတုန်း ငလူးနဲ့တွေ့ပြီး သူပြောလို့သိလိုက်ရတာ”

ဦးဖိုးခေါင်ကြီးစကားကြားတော့ ကိုမြင့်ဆောင်တစ်ယောက်စဉ်းစားကြည့်လိုက်မိသည်

လူ့ဘဝတုန်းကတည်းက သူငယ်ချင်းဖြစ်ခဲ့ကြသော ဦးဖိုးခေါင်နှင့်ငလူးကြီးတို့သည် ယခုတစ္စေသရဲဘဝရောက်သည့်တိုင်အောင်ပင် တစ်ဦးနှင့်တစ်ဦးအခင်အမင်မပြက် ရှိနေကြ‌ေသးသည်။

ဦးဖိုးခေါင်ကြီးကဆက်၍ ပြောပြန်သည်

“ပြီးတော့ ငလူးမင်းဆီကနေပြီး အကူအညီတစ်ခု
တောင်းခိုင်းလိုက်သေးတယ်”

ဦးဖိုးခေါင်ကြီးစကားကြောင့် ကိုမြင့်ဆောင်အံ့ဩသွား‌သည်။

ငလူးကြီးသည်သူ့ဆီက ဘာများအကူအညီတောင်းစရာ ရှိနေတာကိုလည်း မတွေးတတ်ပဲဖြစ်နေသည်။

ဒါ့ကြောင့်သူဦးဖိုးခေါင်ကြီးကို ပြန်ပြီးမေးလိုက်သည်

“ငလူးကြီးက ကျုပ်ဆီက‌ေနဘာများအကူအညီတောင်းခိုင်းလိုက်တာတုန်းဗျ”

သူထိုသို့မေးလိုက်တော့ ဖိုးခေါင်ကြီးက

“သူပိုင်တဲ့အိုင်ထဲကငါးတွေကိုဖမ်းခိုင်းပြီး
ရောင်းလို့ရတဲ့ငွေနဲ့ သူ့ကိုအမဲသားဝယ်‌ေကျွးဖို့
မင်းဆီကအကူအညီတောင်းခိုင်တာ”

ဦးဖိုးခေါင်ကြီး ထိုသို့ပြော‌ေတာ့ကိုမြင့်ဆောင် တစ်ခုခုကိုသတိရလိုက်မိသည်။

ဥုစ္စာစောင့် သိုက်စောင့်တို့သည် မိမိတို့သိုက်ထဲမှ ရွှေငွေ အချို့ကိုယူ၍လူတွေကိုပေးပြီး
မိမိတို့လိုအပ်သည်များကို လူသားတွေအကူအညီနဲ့ဝယ်ခိုင်းတတ်ကြသည်
ထိုသို့သောအဖြစ်အပြက်များ ရှိသည်ဆိုတာကို ကိုမြင့်ဆောင်ကြားဘူးသည်။

သရဲကြီးငလူးသည် သိုက်စောင့် ဥုစ္စာစောင့် သရဲမဟုတ်

သူကိုယ်တိုင် လယ်လုပ်ရန်ခုတ်ထွင်ခဲ့သော မြေနေရာကို စွဲလမ်း၍ မကျွတ်မလွတ်ဖြစ်ကာတစ္စေသရဲဘဝရောက်နေရသူဖြစ်သည်။

ထို့ကြောင့်သူထံ၌ရွှေငွေဥုစ္စာမရှိ သူပိုင်သောအိုင်ထဲမှငါးများသာရှိသည်။

ထိုငါးများကိုဖမ်းရောင်းခိုင်ပြီး သူစားချင်သောအမဲးသားကိုဝယ်‌ေပးရန် ကိုမြင့်ဆောင်ကို အကူအညီတောင်းခြင်းဖြစ်သည်။

ကိုမြင့်ဆောင်စဉ်းစားရကြပ်သွားသည် ယခုပင်သူသည် ထိုသို့သောအလုပ်များကို မလုပ်တော့ရန်ဆုံးဖြတ်ထားပြီဖြစ်သည်။

ဒါ့ကြောင့်သူရုတ်တရက် ဘာပြန်ပြောရမှန်းမသိသေးပဲဖြစ်သွားသည်။

ဤအလုပ်သည်သူ့အတွက်အပန်းကြီးလှသည်မဟုတ်

ယခင်အချိန်တုန်းကများဆိုရင် သူသည်
ယခုချက်ချင်းပင်ထ၍လုပ်မည်ဖြစ်သည်။

သို့သော် ယခုကိုမြင့်ဆောင်ထိုသို့သော အလုပ်များကို
မလုပ်ချင်တော့

ဒါပေမဲ့ ငလူးကြီးကိုလည်းသနားမိသည်
ငလူးကြီးသည် သူ၏အိုင်ထဲမှငါးများကို မည်သူလာဖမ်းဖမ်း မကြိုက်

လာဖမ်းတဲ့သူမှန်သမျှကိုခြောက်လှန့်လွှတ်တတ်သည်

ယခုသူ အမဲသားစားချင်လွန်း၍သာ သူ့၏ငါးများကိုဖမ်းခွင့်ပေးချင်းဖြစ်သည်။

ကိုမြင့်ဆောင် သူကိုတိုင်လည်းမလုပ်ချင် ငလူးကြီးကိုလည်းကူညီချင်သည်

ဒါ့ကြောင့်သူဘာလုပ်ရမလဲစဉ်းစားရင်း ကိုပြူးကိုသတိရလိုက်မိသည်။

ကိုပြူးသည် ဖားငါးရှာပြီးအသက်မွေးသူဖြစ်သည်

ရွာနီးချုပ်စပ်ရှိ ချောင်း မြောင်း အိုင် ဟူသမျှ ဤလူးအိုင်မှလွဲ၍ သူငါးမရှာဘူသည့်နေရာမရှိ

ဖားရှာငါးရှာအလွန်တော်သူဖြစ်ပြီး ဤလူးအိုင်ကိုပင်မျက်စောင်းထိုးနေသူဖြစ်သည်။

ကိုပြူးသည် တချိန်က သူနှင့်အတူနွာကူရှာပေးရန် တဲသို့လိုက်လာခဲ့သူဖြစ်သည်

မောင်စိုးအတွက် ထိမ်ပင်သရဲကို အမဲသားကျွေးတော့လည်း ကိုပြူးပါလာသည်။

ဒါကြောင့် ကိုပြူးကို ပြန်လည်ကူညီသည့်သဘောလဲဖြစ်
ငလူးကြီးအကူအညီတောင်းတာကိုလည်း ပေးပြီးသားဖြစ်သွားအောင်

ကိုပြူးထံသွား၍ ဒီအကြောင်းကိုပြောပြရန်ဆုံးဖြတ်လိုက်သည်။

ကိုပြူးသည်လည်း ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမည်အဟုတ်

ဒါ့ကြောင့် သူသည် ဦးဖိုးခေါင်ကြီအား ပြန်၍ပြောလိုက်သည်။

“ဦးဖိုးခေါင် ကျုပ်ကတော့ငလူးကြီးကို ကိုတိုင်မကူညီနိုင်ဘူး ဒါပေမဲ့ ရွာထဲကကိုပြူးကို‌ပြောပြီး ဖြစ်အောင်လုပ်ပေးမယ်လို့ပြောလိုက်ဗျာ”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ ဦးဖိုးခေါင်ကြီးလည်းကျေနပ်သွားပြီး ငလူးကြီးကို‌ပြောပြရန်ထွက်သွားတော့သည်။

(၂)

နောက်နေ့မနက်အရောက် ကိုမြင့်ဆောင်လည်းလုပ်စရာရှိသည်များကိုလုပ်ကိုင်လိုက်သည်

နေ့ခင်းဘက် ထမင်းစားသောက်ပြီးချိန်ရောက်တော့ ဖိုးခေါင်ကြီးကို လွှတ်ကျောင်းထားသောနွားကြီးများကို ကြည့်ထားရန်မှာခဲ့ပြီး ကိုပြူးထံသို့ထွက်လာခဲ့သည်

သူရောက်တော့ ကိုပြူးကို သူ၏အိမ်တွင်အခန့်သင့်ပင်
တွေ့လိုက်ရသည်။

ကိုပြူးကသူကိုမြင်တော့

“ဟကောင် မြင့်ဆောင် မလာစဘူး အလာထူးလှချည်လား လာထိုင်ကွာ”

ကိုမြင့်ဆောင်လည်း တန်းလျှားပေါ်တွင်ဝင်ထိုင်လိုက်သည်

ထို့နောက် သူနှင့်ဖိုးခေါင်ကြီးပြောခဲ့သည်များကို ပြန်ပြီး‌ပြောပြလိုက်သည်။

သူထိုသို့ပြောပြလိုက်တော့ ကိုပြူးအလန့်တကြားဖြစ်သွားပြီး

“ဟ မင်းဟာ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟ”

“ဖြစ်နိုင် မဖြစ်နိုင် အသာထား မင်းလုပ်နိုင်လား
မလုပ်နိုင်ဘူးလားသာ အရင်ပြောကွာ”

သူတို့နှစ်ယောက် ထိုသို့စကားပြောနေကြသည်ကို ကိုပြူး၏ဇနီးမယ်သင်သည်လည်း ရပ်၍နား‌ေထာင်‌‌ေနသည်။

သူတို့နှစ်ယောက်သည် ငယ်သူငယ်ချင်းများဖြစ်သောကြောင့် စကားပြောရာတွင်ဝေ့ဝိုက်မနေပဲ တိုတိုနှင့်လိုရင်းကိုသာ ပြောတတ်ကြသည်။

သူထိုသို့ပြောလိုက်တော့ ကိုပြူးစဉ်းစားနေသည်

အတန်ကြာတော့မှ

“ငါးဖမ်းတာ ငါးရောင်းတာတော့ ငါလုပ်လို့ရပါတယ်
ဒါပေမဲ့ ကျွေးဖို့ မွေးဖို့ ကိစ္စကြတော့ဘယ်လိုလုပ်ကြမတုန်းကွ”

ထိုသို့ ကိုပြူးမေးလိုက်တော့ ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်။

“အဲ့ဒီကိစ္စအတွက်‌ေတာ့မပူနဲ့ ငါ့ဖာသာငါလုပ်လိုက်မယ်

“ကဲဒါဆိုလဲ ဘယ်နေ့ဖမ်းရမလဲသာပြောကွာ”

ကိုပြူးဒီလိုမေးလိုက်တော့ ကိုမြင့်ဆောင်က

“မင်းအားရင် မနက်ဖြန်ပဲသွားဖမ်းချေ ငါတဲပြန်ရောက်ရင် မင်းငါးလာဖမ်းမဲ့အကြောင်း ဖိုးခေါင်ကြီးကို
ကြိုပြောခိုင်းထားလိုက်မယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ ကိုပြူးဘာမှဆက်မပြောတော့ပဲ ခေါင်းညိတ်၍သာနေသည်။

ကိုမြင့်ဆောင်လည်း ကိုပြူးနှင့်မယ်သင်အားနှုတ်ဆက်ကာ တဲသို့ပြန်ခဲ့လိုက်တော့သည်။

တဲကိုပြန်ရောက်တော့ ဖိုးခေါင်ကြီးကို အကျိုးအကြောင်းပြောပြလိုက်သည် ထို့နောက်မိမိလုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်နေရင်း နေဝင်၍
မိုးပင်ချုပ်ခဲ့ပြီဖြစ်သည်။

(၃)

နောက်တနေ့မနက်အရောက်၌ ကိုမြင့်ဆောင်တစ်‌ေယာက်အလုပ်လုပ်နေစဉ် ကိုပြူးနှင့်မယ်သင်တို့နှစ်ယောက် ငါးဖမ်းပစ္စည်းများကိုကိုင်ဆောင်လျှက် တဲသို့ရောက်လာကြသည်။

ကိုမြင့်ဆောင်သည်လုပ်လက်စအလုပ်များကို ခနရပ်ကာ သူတို့နှစ်ယောက်နှင့်အတူ လူးအိုင်ဆီသို့လိုက်ခဲ့လိုက်သည်။
မကြာမီသူတို့သုံးယောက် လူးအိုင်ကြီရှိရာသို့ရောက်ရှိခဲ့ကြသည်။

အိုင်ထဲ၌ငါးများပွက်နေသည်ကို မြင်ရသည်

လူးအိုင်ခေါ်ငလူးအိုင်သည် ရေသိပ်နက်လှသည်မဟုတ် လူကြီးတစ်ယောက်၏ ခါးစောင်းလောက်သာရှိသည်။
ကိုပြူးလည်း အိုင်စပ်တနေရာတွင် သူ၏ငါးဖမ်း
ပစ္စည်းများကိုချလိုက်ပြီး အိုင်ကြီးကိုကြည့်နေသည်

ကိုပြူး၏ဇနီးမယ်သင်သည်လည်း သူတို့၏ဘေးမှာရပ်နေသည်

မယ်သင်သည် စိုးရွံ့စိတ် သိပ်ဖြစ်သည့်ပုံမပေါ်

ငလူးကြီးကလည်း ခွင့်ပြုထားသည်ဖြစ်

သူ့ယောက်ျား ကိုပြူးအားကိုးကလည်းရှိနေ၍ ဖြစ်မည်ထင်သည်။

“မြင့်ဆောင် မင်းရောဒီမှာနေဦးမှာ မဟုတ်လား”

ကိုပြူးမေးလိုက်တော့ ကိုမြင့်ဆောင်က

“ငါမနေတော့ဘူးလေကွာ လုပ်စရာတွေရှိသေးလိုပြန်လိုက်ဦးမယ်”

“မင်းတို့ ဖာသာမင်းတို့ ကြည့်ဖမ်းလိုက်ကြပေါ့”

ကိုမြင့်ဆောင် ဆိုလိုသည်မှာ ငါးအနည်းအများအား
ချင့်ချိန်၍ဖမ်းရန် ဖြစ်သည်။

“အေး အေး ဒါဆိုလဲပြီးတာပဲ မင်းပြန်ရင်ပြန်တော့လေကွာ”
ကိုပြူးလည်းသူနားလည်သည့်သဘောဖြစ်ပြန်ပြောလိုက်သည်။

ထိုသို့တစ်ယောက်နှင့်တစ်ယောက်ပြောပြီး ကိုမြင့်ဆောင်တဲသို့ပြန်ခဲ့လိုက်တော့သည်။

ကိုမြင့်ဆောင်ပြန်သွားသည်နှင့် ကိုပြူးတို့လင်မယားနှစ်ယောက်လည်းငါးဖမ်းရန်ပြင်တော့သည်။

သူတို့လင်မယားနှစ်ယောက်သည် ငါးဖမ်းရာတွင်အသုံးပြုသည့် ရှည်မျောမျောအကွက်စိပ်စိပ်ပိုက်ကြီး၏ အစွန်းနှစ်ဘက်ကို တစ်ယောက်တစ်စစီကိုင်ကာ ရင်ပေါင်တန်းလိုက်ပြီး ရေအိုင်၏သည်ဖက်နှုတ်ခမ်းမှဟိုဘက်နှုတ်ခမ်းသို့ ရေထဲမှသွားလိုက်သည်။

ဤသည်ကိုလင်းပက်တိုက်သည်ဟုခေါ်သည်။

ကိုပြူးတို့လင်းမယားနှစ်ယောက် ဤသို့လင်းပက်တစ်ခါတိုက်လိုင်းတိုင်း ပါလာသောငါးများမှာနည်းသည်မဟုတ်
ငါးအကောင်အကြီးကြီးတွေပင်ဖြစ်သည်။
သူတို့လင်မယားနှစ်ယောက်လည်း လင်းပက်တစ်ခါတိုက်လိုက် ပါလာသောငါးကြီများကိုပလိုင်းထဲထည့်လိုက်ဖြစ် သူတို့တွင်ပါလာသောငါးထည့်သည့်ပလိုင်းကြီးပြည့်ယုံတင်မကဘဲ ကိုပြူး၏လုံချည်ကိုပါ အိပ်သဖွယ်လုပ်၍ငါးများကိုထည့်နေရသည်။

ဤသိုဖြစ် မကြာမီကိုပြူး၏အိပ်လုံချည်လည်း ငါးများဖြစ်ပြည့်၍သွားတော့သည်။

မယ်သင်သည်ထိုငါးများကိုကြည့်ရင်း ဝမ်းသာနေသည်

ကိုပြူး၏မျက်နှာသည်လည်း ပြုံးရွှင်နေသည်

သူတို့သည်ဤမျှလောက်တခါမှငါးမရဘူးကြ

ကိုပြူးသည်ငါးများကိုကြည့်ရင်းကြည့်ရင်းနဲ့လောဘတက်လာသည်

ထို့ကြောင့်အိုင်ထဲရှိငါးများကိုအကုန်ဖမ်းရန်ရည်ရွယ်တော့သည်။

“မယ်သင် ငါးထည့်ဖို့မြင့်ဆောင့်တဲကတစ်ခုခုသွားယူလိုက်ဦး”

ကိုပြူးသူ့မိန်းမမယ်သင်ကိုခိုင်းလိုက်သည်
ဒီတော့မယ်သင်က

“ကျုပ်တစ်ယောက်ထည်းတော့သွားမယူရဲဘူးတော်ပါလိုက်ခဲ့”

မယ်သင်သည်ကိုပြူးအနားမှာရှိနေ၍သာ စိတ်မလှုပ်ရှားချင်းဖြစ်သည်
ယခုသူတစ်ယောက်တည်းသွားရမည်ဆိုတော့ ဤလမ်းခရီးကိုသူမသွားရဲဒါ့ကြောင့်ကိုပြူးကိုပြန်‌ေခါ်လို‌က်ချင်းဖြစ်သည်။
ထိုအခါကိုပြူးကလည်း
“ဒါဆိုရင်ဒီငါးတွေကိုယူသွားပြီး မြင့်ဆောင်တဲမှာ ထားခဲ့လိုက်မယ် ပြီးတော့မှ ကျန်တဲ့ငါးတွေဆက်ဖမ်းဖို့သူ့တဲက‌ေနတခုခုပြန်ယူခဲ့လိုက်မယ်”

ထိုသို့ပြောပြီးလင်မယားနှစ်ယောက်သား ပလိုင်းထဲ၌ပြည့်နေပြီဖြစ်သောငါးများကိုမယ်သင်ကရွက်
အိပ်လုံချည်ထဲ၌ပြည့်နေပြီဖြစ်သောငါးများကို ကိုပြူးကထမ်းပြီ တဲသို့ပြန်လာခဲ့ကြသည်။

ကိုမြင့်ဆောင်တစ်ယောက် ထယ်ထိုးနေရာမှ ငါးဖမ်းပြီးပြန်လာသည့် ကိုပြူးတို့လင်မယားနှစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။

ထို့ကြောင့်သူလည်းအလုပ်ခဏရပ်ကာ တဲပေါ်သို့တက်ခဲ့သည်။

တဲပေါ်ရောက်တော့ ငါးဖမ်းရာမှပြန်လာသောကိုပြူးအားကြည့်၍မေးလိုက်သည်။

“မင်းတို့ဘာမမဖြစ်ကြဘူးမဟုတ်လား”

ထိုအခါကိုပြူက

“အေး ဘာမှတော့မဖြစ်ဘူးကွ အားလုံးအဆင်ပြေတယ်”

“အဲ့ဒါဆိုလည်းပြီးတာပါပဲကွာ ငါကမင်းတို့တခုခုဖြစ်မှာစိုးရိမ်နေတာ”

“ဒါနဲ့မင်းတို့ ငါးတွေရောဘယ်လောက်များရခဲ့တုန်း”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးက သူတို့ဖမ်းလာသောငါးများကိုပြ၍

“ငါးတွေကတော့ပေါမှပေါပဲ ဒါတောင်အကုန်မဟုတ်သေးဘူး နည်းနည်းပဲဖမ်းရသေးတယ်”

မယ်သင်ကအနားမှာရပ်၍ကြည့်နေသည်

“ဒါဆိုမင်းတို့ပြန်တော့မှာပေါ့ဟုတ်လား”

ကိုမြင့်ဆောင်မေးလိုက်တော့ကိုပြူးကပြန်၍ပြောသည်

“ပြန်တော့မပြန်သေးဘူးကွ နည်းနည်းလောက်ထပ်ဖမ်းလိုက်ဦးမယ် ဒါမှဒို့အတွက်ကျန်မှာ”

“အေးလေမင်းတို့အဆင်ပြေရင်ပြီးတာပါပဲ ဒါနဲ့မင်းတို့မှာငါးထည့်ဖို့ပလိုင်းရောပါသေးလို့လား”

“ပါတော့ဘူးကွ အဲ့ဒါမင်းဆီကတခုခုလာယူတာ”

“ငါးထည့်စရာဆိုလို့ ဟိုနွားစာထည့်တဲ့ခြင်းတွေပဲရှိတယ် ယူချင်ယူသွားလေ”

ထိုအခါကိုပြူးက

“အေး ဒါလည်းငါးထည့်လို့ရတာပဲ ငါခဏယူသွားဦးမယ်ကွာ”

ပြောပြောဆိုဆိုနွားစာထည့်သည့်ခြင်းအားကောက်ကိုင်၍ လူးအိုင်သို့ငါးဆက်ဖမ်းရန် ပြန်ထွက်သွားသည်

မယ်သင်လည်းကိုပြူးနောက်မှလိုက်သွားပြန်သည်

ပြောမဲ့သာပြောရတာသူတို့အခုဖမ်းလာတဲ့ငါးတွေပင် တော်တော်များနေပြီဖြစ်သည်။

သူတို့နှစ်ယောက်ထွက်သွားသည်နှင့် ကိုမြင့်ဆောင်သည်လည်း လုပ်လက်စအလုပ်များကိုဆက်၍လုပ်နေလိုက်သည်။

ငလူးကြီး သူ့ရေအိုင်ဆီသို့ငါးဖမ်းရန်ပြန်လာသော ကိုပြူးတို့လင်မယားနှစ်ယောက်ကို သေချာစိုက်ကြည့်နေသည်

သူတို့နှစ်ယောက် စောစောကပင်
မိမိအိုင်ထဲမှငါးများကို မနိုင်မနင်းသယ်သွားကြသည်

ထိုစဉ်ကတည်းကပင်သူတို့နှစ်ယောက်ကိုမကျေနပ်
သို့သော် ဖိုးခေါင်ကြီးပြောပြထား၍ သူ့ကိုကူညီနေသူတွေမှန်းသိကာဘာမှမလုပ်

ယခုထိုနှစ်ယောက်ပြန်လာပြန်ပြီ ဘာဆက်လုပ်ဦးမလဲဆိုတာငလူးကြီးစောင့်ကြည့်နေသည်

မကြာမှီထိုသူနှစ်ယောက်သည် သူ၏အိုင်ထဲမှငါးများကိုဖမ်းနေပြန်သည်

သူတို့ကိုကြည့်ရသည်မှာ သည်အိုင်ထဲမှငါးများကိုအကုန်ဖမ်းမည့်သဘော
ဒါကိုငလူးကြီးသိပြီးဒေါသထွက်လာသည်
ငလူကြီးရေအိုင်ထဲကိုသူ၏လက်ဝါးကြီးဖြစ်ရိုက်လိုက်သည်
ဗျန်းကနဲမြည်ကာရေပွက်ကြီးတစ်ခုဖြစ်လာပြီရေမှုန်ရေမွှားတို့လွင့်စဉ်ကုန်သည်။

ထိုအသံကိုမယ်သင်ကြားတော့လန့်ဖြန့်သွားသည်

“ကိုပြူး တော်အသံကြီးကြားလိုက်လာ ကျုပ်တို့နောက်
ကပေါ်လာတာ”

လင်းပက်ဆက်မတိုက်တော့ပဲ ကိုပြူးနားကပ်၍သွားသည် မယ်သင်လန့်ဖျန့်ပြီးသူ့နားကပ်လာတာမြင်တော့ကိုပြူးက

“ဘာသံမှမဟုတ်ပါဘူးဟ နင်နားကြားလွဲတာနေမှာပါ”

“ဘယ်ကသာနားကြားလွဲရမှာလဲ တော်မကြားမိဘူးလား ကျုပ်တို့နောက်ကပေါ်လာတာ သရဲခြောက်တာများလားမသိဘူး”

“ဘယ်ကလာသရဲခြောက်ရမှာလဲဟာ နေ့ခင်းကြောင်တောင်ကြီး ဘယ်သရဲမှလာမခြောက်ဘူး
သွား ကိုလုပ်ဆရာရှိတာသာလုပ်”

ကိုပြူးသည် နောက်ထပ်ငါးများများရဖို့သာ လောဘတက်နေသည် သရဲခြောက်လို့ခြောက်မှန်းပင်မသိတော့

ထို့ကြောင့်မယ်သင်အားလုပ်လက်စအလုပ်ကိုဆက်လုပ်ဖို့သာပြောနေသည်

မယ်သင်လည်းကိုပြူးအားပြောမရသဖြစ် လင်းပက်စတစ်စကိုကိုင်ကာရှေ့သိုပင်ဆက်သွားနေလိုက်သည်
ထိုသို့သူတို့သွားနေရင်းရေလယ်ခေါင်မရောက်တရောက်၌ သူတို၏မျက်နှာချင်ဆိုင်မှ ရေလုံးကြီးတစ်ခုသည် လေမတိုက်ပါဘဲသူတို့ထံပြေးလာနေသည်

ဒါကိုမြင်လိုက်တဲ့ကိုပြူးသည် ဝုန်းကနဲနောက်သို့လှည့်ကာပြေးလေသည်
မယ်သင်သည်လည်းကိုပြူးပြေးတာမြင်တော့
ဆတ်ကနဲ‌ေနာက်သို့အလှည့် ရေထဲ၌လဲကြသွားသည်

ကိုပြူးလည်းမယ်သင်၏လက်ကိုကိုင်ကာရေထဲ၌ဒရွတ်တိုက်ဆွဲလာလေသည်
ကုန်းပေါ်ရောက်တော့ကိုပြူးသည်ရှေ့မှနေ၍ ပြေးသည်
မယ်သင်ကလည်းနောက်ကနေလိုက်ပြီး

ထမီမနိုင်ပဝါမနိုင်ဖြစ်‌ေအာ်လေသည်
ကိုပြူးလည်းနောက်ကလိုက်နေတဲ့မယ်သင်ကိုရပ်စောင့်လိုက် ရှေ့ကနေပြီးပြေးလိုက်ဖြစ် ကျူတောဖောင်းတောမျာကိုတဖျောင်းဖျောင်းတိုးကာတဲဆီသို့ပြေးလာနေသည်
ပါးစပ်ကလည်း
“မြင့်ဆောင်ရေ လုပ်ပါဦးဟ လာပါဦးဟ”
သံကုန်အော်ရင်းပြေးလာနေသည်။

ကိုမြင့်ဆောင်သည် ထယ်ထိုးနေရာမှာ ကိုပြူး၏‌ေကြာက်လန့တကြား‌ေအာ်သံကိုကြားလိုက်ရပြီး တဲအနောက်ဘက်ယာခင်းခရိုးလေးပေါ်သို့ ကသောကမြောပြေးလာနေသည်။
သူ၏စိတ်ထဲတွင်လည်းတစ်ခုခုဖြစ်ပြီဆိုတာသိလိုက်သည်
ဒါ့‌ေကြာ့်သူ၏လက်ထဲတွင်လည်း လေးဂွကိုဆုပ်ကိုင်ထားလိုက်သည်
သူဤသို ကိုပြူးအော်သံကြားလိုက်ရသည့်ယာခင်းခရိုးပေါ်သို့ပြေးလာနေစဉ် သူ၏ဘေးခပ်လှမ်းလှမ်းမှ‌ ဖိုးခေါင်ကြီး ယာခင်းခရိုးဘက်သို့ပြေးသွားသည်ကိုလည်းမြင်လိုက်ရသည်။
သူမြင်လိုက်ရသည့်ဖိုးခေါင်ကြီးက တစ္စေသရဲတစ်ကောင်၏ရုပ်သွင်သဏ္ဍန်ဖြင့်ဖြစ်သည်။

ဒါကြောင့်ကိုမြင့်ဆောင်သည်ဖိုးခေါင်ကြီးကို ကိုပြူးမြင်ပြီးပို၍ထိတ့်လန့်သွားမှာစိုးရိမ်မိလိုက်သည်

နောက်မှအားကုန်ပြေးလိုက်လာသည်

ယာခင်းခရိုးပေါ်ရောက်တော့ ကျူတောများကိုဖြတ်၍ပြေးလာနေသော ကိုပြူးကိုဘောင်းဘီတိုဖြင့်မြင်လိုက်ရသည် သူ၏နောက်မှမယ်သင်သည် အလဲလဲအပြိုပြိုဖြစ် ထမီမနိုင်ပဝါမနိုင်ပြေးလိုက်လာနေသည်ကိုလည်းတွေ့လိုက်ရသည်
သူတို့နှစ်‌‌ေယာက်သည်ကုန်းပေါ်ကသွားရသည့်လမ်းကပင်မလာနိုင်တော့ပဲ လမ်းမရှိသည့်ကျူးတောကြီကိုဖြတ်၍ ကသောကမြောပြေးလာနေခြင်းဖြစ်သည်။

ဦးဖိုးခေါင်ကြီးသည် သူနှင့်ခပ်လှမ်းလှမ်းမှနေပြီး ငလူးကြီးရှိသည့်နေရာသို့ခါးကြီထောက်လျှက်လှမ်းကြည့်နေသည် ။
သူသည်ငလူးကြီးနောက်ကလိုက်လာပါက တားစီးပေးရန်ဖြစ်သည်
ကိုမြင့်ဆောင်သည် ကိုပြူးတို့နှစ်ယောက်ဖိုးခေါင်ကြီးကိုမြင်သွားမှာစိုးရိမ်နေမိသည်

မိမိလက်ထဲ၌လေးဂွကိုဆုပ်ကိုင်ထား၍သာ ဖိုးခေါင်ကြီးကိုမြင်နေရမှန်းပင်သတိမရ

“မြင့်ဆောင်လုပ်ပါဦးပါကွ ငါတို့ကိုသရဲခြောက်လို့”

ကျူတောများကိုဖြတ်၍ပြေးလာသောကိုပြူးက ကိုမြင့်ဆောင်ကိုကြည့်၍ပြောသည်

ဖိုးခေါင်ကြီကိုတော့သူမမြင် မယ်သင်ကလည်းနောက်မှ ကျူတောများကိုဖြတ်ရင်းမျက်နှာကြီးပျက်လျှက်ကိုမြင့်ဆောင်ကိုကြည့်နေသည်။

ကိုမြင့်ဆောင်လည်းသူတို့နှစ်ယောက်ကိုကြည့်ပြီး

“ငပြူး မင်းတို့နှစ်ယောက်တဲကိုပြန်နှင့် ငါအိုင်ထဲကိုသွားကြည့်လိုက်မယ်”

‌ပြောပြောဆိုဆို သူတို့နှစ်ယောက်ကိူဖြတ်၍ သူတို့တိုးဝေ့လာခဲ့သည့်လမ်းအတိုင်း လူးအိုင်ဆီသို့လာခဲ့လိုက်သည်။

ငလူးကြီးသည် ရေအိုင်ထဲကိုသူ၏လက်ဝါးကြီးဖြစ်ရိုက်ပြီး ကိုပြူးတို့နောက်မှနေ၍ခြောက်လှန့်လိုက်ခြင်းဖြစ်သည်

ဒါကိုလောဘတက်‌ေနသောကိုပြူးက ဂရုမစိုက်‌ေသးပဲငါးများကိုလင်းပက်ဖြစ်ဆက်၍တိုက်နေသည်

ဤသည်ကိုကြည့်ပြီးပို၍ဒေါသဖြစ်လာသောငလူးကြီးက သူတို့ရှေ့မှနေ၍ လက်ဝါးကြီးဖြစ်ရေများကိုသူတို့ဘက်သို့ရိုက်ထုတ်လိုက်ခြင်းဖြစ်သည်

ထိုသို့လေမတိုက်ပဲနှင့်ရေတွေအလုံးလိုက်ကြီးသူတို့ဘက်လာတာမြင်တော့မှ ကိုပြူးလည်းကြောက်လန့်တကြားနောက်လှည့်ပြေးခြင်းဖြစ်သည်။

သူအိုင်စပ်သိုရောက်တော့ ငလူးကြီသည်သူကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရသည်

ကိုမြင့်ဆောင်လညိးငလူးကြီကိုကြည့်ပြီး

“ငလူးကြီး သူတို့နှစ်ယောက်အတွက်ကျုပ်တောင်းပန်ပါတယ်”
“သူတို့နှစ်ယောက်ကလည်း ခင်ဗျားကိုကူညီကြတဲ့သူတွေပဲ ဆက်ပြီးဒုက္ခ မပေးပါနဲ့”
ငလူးကြီကိုမြင့်ဆောင်ကိုကြည့်နေသည် သူသည်ကိုမြင့်ဆောင် အကြောင်းကိုလည်းသိသည်

ဒါကြောင့်နောက်ပြန်လှည့်ကာ သူနေတဲ့သစ်ပင်ကြီးပေါ်ပြန်တက်သွားသည်

ကိုမြင့်ဆောင်လည်းငလူးကြီပြန်တက်သွားတော့မှ ကိုပြူးတို့ကျန်နေခဲ့သော သူ၏နွားစာထည့်သည့်ခြင်းတောင်ကိုယူပြီးတဲသို့ပြန်ခဲသည်

ရေထဲမြုပ်‌နေသောကိုပြူးတို၏လင်းပက်ကိုတော့ သူမမြင်နိုင်

ကိုမြင့်ဆောင်တဲသို့ပြန်လာတော့ ဖိုးခေါင်ကြီးသည်
ခရိုးစပ်၌ ခါးကြီးထောက်လျှက် ရပ်ကြည့်နေတုန်းပင်ရှိသေးသည် ကိုမြင့်ဆောင်ပြန်လာတာမြင်တော့မှ သူနေသည့်ဥနှဲပင်ကြီးဆီသိုပြန်သွားတော့သည်။

ထိုအခါမှကိုမြင့်ဆောင်လည်း လေးဂွကိုလွယ်အိပ်ထဲပြန်ထည့်လိုက်ပြီး တဲသို့လာခဲ့လိုက်တော့သည်

တဲသို့ရောက်တော့ နှစ်ယောက်သားကပ်၍ကုပ်ကုပ်ကလေးထိုင်နေကြသောကိုပြူးတို့လင်နယားနှစ်ယောက်ကိုတွေ့လိုက်ရသည်

သူတို့နှစ်ယောက်သည်မျက်နှာငယ်လေးတွေနဲ့ဖြစ်ပြီး
သူတို့ဖမ်းလာသည့်ငါးများကိုပင် သိပ်မကြည့်ရဲတော့သလိုဖြစ်နေသည်

ကိုမြင့်ဆောင်လည်းသူတို့နှစ်ယောက်ကိုကြည့်ပြီ

“မင်းတို့နှစ်ယောက်ကသူ့ငါးတွေ အကုန်ဖမ်းဖို့လုပ်တာကိုကွ”

ကိုမြင့်ဆောင်ပြောလိုက်တော့သူတို့နှစ်ယောက်ဘာမှပြန်မပြော

ကိုမြင့်ဆောင်ဆက်၍

“နေဦးငါနွားတွေသွားဖြုတ်လိုက်ဦးမယ်”

ထိုသို့ပြောပြီး သူလည်းထယ်ခေါင်း၌တပ်ထားသောနွားကြီးနှစ်ကောင်ကိုထမ်းပိုမှဖြုတ်ရန် အောက်ဖက်ရှိလယ်ကွက်ထဲသို့ဆင်းသွားလိုက်သည်။
ကိုပြူးတို့လင်မယားနှစ်ယောက်လည်း ကိုမြင့်ဆောင်ကိုကြည့်၍တဲပေါ်မှာပင် ငုတ်တုတ်ကလေးထိုင်ကာကျန်‌ေနခဲ့ကြသည်။

ကိုမြင့်ဆောင်လည်းနွားကြီနှစ်ကောင်ကိုထယ်‌ေခါင်းမှဖြုတ်၍ လှည်းရှိရာသို့ဆွဲသွားပြီးလှည်းထမ်းပိုးမှာခဏချည်ထားလိုက်သည်

ထို့နောက်တဲပေါ်ပြန်တက်လာပြီး

“ကဲ မင်းတို့နှစ်ယောက်ဒီအတိုင်းပြန်လို့တော့မဖြစ်ဘူး
ငါလှည်းနဲ့လိုက်ပို့မယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့သူတို့နှစ်ယောက်ကိုမြင့်ဆောငိကိုမော့ကြည့်ကြသည် ဘာမှတော့ပြန်မပြော ယခုအချိန်ထိကြောက်စိတ်မပြေကြသေး

ကိုမြင့်ဆောင်လည်းသူတို့နှစ်ယောက်ဖမ်းထားသော
ပုဆိုးနှင့်ထုပ်ထားသောငါးအိပ်ကြီးကိုမ၍လှည်းပေါ်သို့သွားပြီးတင်လိုက်သည်

ထိုအခါကြမှကိုပြူးလည်း ငါးပလိုင်းကြီကိုထမ်းကာကို့မြင့်ဆောင်နောက်မှလိုက်လာသည်
မယ်သင်လည်းနောက်ကကပ်လိုက်လာသည်

ထိုနောက်နွားကြီးနှစ်ကောင်းလှည်း၌တပ်ကာ ကိုပြူးတို့လင်မယားနှစ်ယောက်ကိုရွာသို့လိုက်ပို့ရတော့သည်

လမ်းတလျှောက်လှည်းပေါ်မှာလည်း ဘာစကားမှမပြောနိုင်ကြ

ကိုမြင့်ဆောင်လည်းငါးတင်ထားသည့်လှည်းကြီးကို ကိုပြူးတို့အိမ်သို့မောင်းခဲ့လိုက်သည်။

အိမ်ကိုရောက်‌လို့လှည်းဖြုတ်ပြီးတာနဲ့တပြိုင်နက်

မယ်သင်သည်အိမ်ပေါ်သို့တက်သွားတော့သည် ပြန်၍ဆင်းမလာတော့

ကိုပြူးသည် ယောက်ျားသားလည်းဖြစ်အိမ်သို့ပြန်‌ေရာက်နေပြီလည်းဖြစ်တာကြောင့်

ကိုမြင့်ဆောင်ကိုကူညီလုပ်ကိုင်ပေးနေသည်

ထို့‌နောက်ကိုမြင့်ဆောင်သည် အိမ်ပေါ်တက်သွားသောမယ်သင့်ကိုငါးမရောင်းခိုင်း‌ေတာ့ပဲ ကိုယ်တိုင်ပင် ငါးများကိုရောင်းချလိုက်သည်။

ငါးရောင်းရသည်ငွေဖြစ်အမဲးသားသုံးပိဿာဝယ်လိုက်ပြီး ပိုသည့်ငွေကို ကိုပြူးအားပေးခဲ့လိုက်သည်။

ကိုပြူးသည်ထိုငွေကိုယူရမှာပင် စိုးရွံ့နေပုံရသည်။

ကိုမြင့်ဆောင်လည်းလှည်းမောင်း၍တဲသို့ပြန်ခဲ့လိုက်သည်။

ထိုနောက်‌ေရာက်‌ေရာက်ခြင်းလှည်းပေါ်တွင်ပါလာ‌သောအမဲးသားသုံးပိဿာထဲမှတစ်ပိဿာကိုချက်လိုက်သည် နောက်ထမင်းအိုးတစ်လုံးလဲထပ်ချက်လိုက်ပြန်သည်

ကျန်နှစ်ပိဿာကိုတော့ မချက်မပြုတ်ပဲဒီအတိုင်းပင်အစိမ်းထားလိုက်သည်။

ထို့နောက်ကိုမြင့်ဆောင်လည်း နေဝင်ချိန်ကိုစောင့်၍နေလိုက်သည်။

ညနေ နေဝင်ရီတရောအချိန်ရောက်သည်နှင့်ကိုမြင့်ဆောင်သည် အမဲသားအစိမ်းနှစ်ပိဿာကိုယူ၍
ငလူးကြီးရှိရာလူးအိုင်ဘက်သို့ထွက်ခဲ့လိုက်သည်
ထိုနောက်ငလူးကြီနေသည့်သစ်ပင်အောက်တွင်အမဲသားများကိုငှက်ပျောရွက်ပေါ်၌ပုံလိုက်ပြီး

“ငလူးကြီးဒီမှာခင်ဗျားစားချင်တဲ့အမဲသား အပင်အောက်မှာပုံထားတယ် ကိုပြူးနဲ့မယ်သင်ကိုတော့
ဘာမှထပ်မနှောက်ရှက်ပါနဲ့တော့”
ကိုမြင့်ဆောင်ဒီလို‌ပြောလိုက်တော့ ငလူးကြီးကသူနေသည့်အပင်ကြီးကိုလှုပ်ပြသည်

ကိုမြင့်ဆောင်လည်း‌လေးဂွကိုကိုင်ကာနောက်သို့ဆုတ်လိုက်သည် သို့မှသာငလူးကြီးအပင်အောက်သို့ဆင်းလာနိုင်မည်ဖြစ်သည်

အပင်‌အောက်မှာသူဆက်ရှိနေပါက ငလူးကြီသည်ဆင်းလာလို့ရမည်မဟုတ်ပေ

ကိုမြင့်ဆောင်လည်းသစ်ပင်ကြီ၏ခပ်လှမ်းလှမ်းသို့သွားကာ ငလူးကြီးကိုရပ်ကြည့်နေလိုက်သည်

ငလူးကြီးသည်သစ်ပင်ကြီးအောက်သို့ကြည့်ကာ
အမဲသားများကိုမြင်လျှင် သူနေထိုင်သောသစ်ပင်ကြီးပေါ်မှအောက်သို့ ဇောက်ထိုးကြီးဆင်းလာသည်
ထို့နောက်အမဲသားပုံထားသည့်နေရာသို့သွားကာ
ဆောင့်ကြောင့်ကြီးထိုင်၍ အမဲသားစိမ်းများကိုအားရပါးရစား‌‌ေနတော့သည်။

ငလူးကြီးသည်အမဲသားစိမ်းများကိုစားနေရင်းသူ့ဘက်ကိုလည်းလှည့်ကြည့်နေသည်။

ကိုမြင့်ဆောင်လည်းငလူးကြီးအမဲသားစိမ်းများစားနေသည်ကိုခနရပ်ကြည့်ပြီးတဲသို့ပြန်ခဲ့လိုက်တော့သည်။

တဲသို့ပြန်ရောက်သည်နှင့်ကိုမြင့်ဆောင်သည် သူစော‌စောကချက်ပြုတ်ထားခဲ့သည့်အမဲသားဟင်းနှင့်ထမင်းတစ်အိုးချက်ကိုတောင်းတစ်လုံး၌ထည့်လိုက်သည်။
အရန်သင့်ခူးထားသောငှက်ပျောရွက်ကြီးတရွက်ကိုယူကာ ဖိုးခေါင်ကြီးရှိရာဥနှဲပင်းကြီသို့လာခဲ့လိုက်သည်ထို့နောက်ငှက်ပြောရွက်ပေါ်၌ထမင်းနှင့်အမဲသားဟင်းများကိုပုံ၍

“ဦးဖိုးခေါင်ကြီး ဒါခင်ဗျားအတွက်ကျွန်‌ေတာ်စေတနာနဲ့ချက်ကျွေးတာ နွားရှာပေးတဲ့အတွက်လည်ကျေးဇူးတင်ပါတယ် ဦးဖိုးခေါင်လာစားလို့ရပါပြီ”

ထိုသို့ပြောပြီးတဲပေါ်သို့ပြန်တက်ခဲ့လိုက်သည်

ကိုမြင့်ဆောင်တဲပေါ်ကနေ ဦးဖိုးခေါင်ကြီးကိုလှမ်းကြည့်လိုက်တော့ ဦးဖိုးခေါင်ကြီးသည်သူ၏စေတနာကိုနားလည်သည့်သဘောဖြစ်သူ့ကိုလှမ်းကြည့်နေတာမြင်လိုက်ရသည်။

ကိုမြင့်ဆောင်လည်းဦးဖိုးခေါင်ကြီးကိုကြည့်နေရင်း
လက်မှဆုပ်ကိုင်ထားသောလေးဂွကိုလွှတ်လိုက်သောအခါ ဦးဖိုးခေါင်ကြီးသည် သူ၏မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။

အားလုံးကို လေးစားစ‌ွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။