ပန်းတစ်ပွင့်ရဲ့ကြိမ်စာ

မှာပါ ဂျီးတော်ရယ်…ဒီကလေးမကအတော်စီးပွားရှာတာရယ်…”
” ဟဲ့မိစန်းရီ…လမ်းထိပ်သွားပြီး ညည်းညီမကိုသွားရှာကြည့်ပါဦးအေ….ငါဖြင့်သမီးလေးကိုစိတ်ပူလိုက်တာအေ…”
” အင်းပါဂျီးတော်ရဲ့…သိပ်လည်းစိတ်မပူပါနဲ့….စန်းရီ ညီမလေးကိုလမ်းထိပ်မှာသွားရှာကြည့်မယ် ဂျီးဒေါ်နေဝံ့တယ်မို့လား…”
” နေဝံ့ပါတယ်အေ…သြားသြား…ညည်းညီမကိုသွားရှာချေတော့…”
အပျိုကြီးစန်းရီက အမယ်ကြီးကိုစိတ်ချစွာထားခဲ့ပြီး လမ်းထိပ်သို့ထွက်လာခဲ့သည်။ ညမှောင်ရီဝိုးတဝါးအချိန်၌ အမှောင်ဘက်မှ တွန်းလှည်းတစ်စီးလာနေသည်ကို တွေ့ရသဖြင့် အပျိုကြီးစန်းရီဝမ်းသာသွား၏။ ထိုတွန်းလှည်းပိုင်ရှင်သည် ခက်ခက်မာမှလွဲ၍ တခြားလူမဖြစ်နိုင်။ စန်းရီကထိုအမှောင်ထဲရှိတွန်းလှည်းထံပြေးသွားလိုက်သည်။
” ဟော…နောက်ကျလှချေလားခက်မာ…မျက်နှာလည်းမကောင်းပါလား….ဘာဖြစ်လာတာလဲဟင်…ညည်းကိုကြည့်ရတာလဲမသက်သာလိုက်တာအေ…”
” ဟင့်…ဟင့်…”
အပျိုကြီးမစန်းရီ၏အမေးကြောင့်ခက်ခက်မာ ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ပုံစံမှာတကယ့်ကိုဖရိုဖရဲရှိလှပြီး ပါးမှာလည်းညိုမဲစွဲနေသည်။ သူမ၏မျက်လုံးအစုံမှာလည်း နာကျည်းသောအငွေ့အသက်တို့အထင်းသားပေါ်နေသည်။
” ညီမေလး စန်းရီမေးတာဖြေပါဦး…ညီမလေးဘာဖြစ်လာတာလဲ…”
” ခက်မာ ဘဝပျက်သွားပြီမကြီးစန်းရီ…ဟင့်ဟင့်ဟင့်….ခက်မာသေချင်တယ်မကြီးစန်းရီရယ်…ခက်မာသေချင်တယ်….”
” ဟင်…ဘယ်လိုပြောလိုက်တာခက်မာ…ညည်းကိုဘယ်သူစော်ကားလိုက်တာလဲပြောစမ်း….အဲလူကိုမကြီးအမှုန့်ချေပစ်မယ်…တောက်!”
ညီမဖြစ်သူ၏ဘဝကိုခြေတော်တင်သွားသော လူကိုမပျိုကြီးစန်းရီ ဒေါသတကြီးကြိမ်းဝါးလိုက်၏။ ခက်မာက အပျိုကြီးစန်းရီကို မှီရင်းတသိမ့်သိမ့်ငိုနေ၏။
” ညီမေလး…မကြီးကိုပြောစမ်းပါ အဲဒီလူကဘယ်သူလဲ… ပြောစမ်းပါဟာ…ငါ့ညီမဘဝပျက်သွားသလိုသူလည်း သေဒဏ်ကျစေရမယ်…ဘယ်သူလဲပြောစမ်းပါ….”
” ညီမလေးရှက်တယ်မကြီးရယ်…တစ်ရှက်ကနေနှစ်ရှက် ထပ်မဖြစ်ချင်တော့ဘူး ဒီကိစ္စကိုညီမလေးဘာသာဖြေရှင်းမယ်…ဒင်းငါ့လက်ကမလွတ်စေရဘူး…”
” အမယ်ကြီးကိုဘယ်လိုပြန်ပြောရမှာလဲခက်မာရယ်…ညီမလေးအပြန်ကိုသူမျှော်နေရှာတာ…ညီမလေးရဲ့ဒဏ်ရာကိုသူမြင်သွားရင် အကြောင်းစုံမေးမှာဘဲ…”
” ခလုတ်တိုက်ပြီး မှောက်လှဲတာလို့ ဖြေလိုက်မယ်မကြီး….ဒီကိစ္စကိုမကြီးဘဲသိပါစေ….”
” စိတ်ချပါအေ…လာအဲဆိုပြန်ကြမယ်…”
ညီအစ်မနှစ်ယောက် လူယုတ်မာကိုမကျေနပ်မှုကိုယ်စီဖြင့် အိမ်သို့ဟန်မပျက်ပြန်သွားကြ၏။
မဟူရာကျေးရွာ၏ အိမ်ကြီးတစ်အိမ်တွင်လူများစီကားနေသည်။ အကြောင်းမှာ ထိုအိမ်ကြီးထဲတွင်ထူးဆန်းသောလူနာရှိနေသောကြောင့်ဖြစ်သည်။ ထိုလူသည်အကောင်းပကတိနေရင်းကပင် ယခုကဲ့သို့အနာကြီးတစ်လုံးပြီးတစ်လုံးပေါက်လာခြင်းဖြစ်သည်။
” ဒေါ်လေး…. ဒေါ်လေးသားကဘာဖြစ်တာလဲ…တနေ့ကမှအကောင်းကြီးရှိနေသေးတာကို…”
” မသိပါဘူးအေ…ညကမူးပြီးပြန်လာတာ…အရက်သောက်တာများပြီး အဆိပ်တောက်တာလားမသိပါဘူးအေ…”
” သူ့ကို သေချာမေးကြည့်ပါလား…ကြည့်ပါဦး အနာစိမ်းတွေပေါက်နေလိုက်တာ မမြင်ရက်စရာဘဲ…”
လူနာ၏တကိုယ်လုံး၌ အနာဖုများပေါက်လာပြီး ထိုအနာဖုများကွဲကာ သွေးစိမ်းများ လျှံကျနေသည်။
” အား…အေမေရ…နာတယ်…သေတော့မယ်…အား…”
အနာတစ်လုံးပေါက်ပြဲတိုင်းထိုလူမှာအော်ဟစ်ညည်းညူနေရသည်။ အိပ်ယာခင်းမှာလည်းအနာမှထွက်လာသော သွေးတို့ကြောင့်ညစ်ပတ်နံဟောင်နေသည်။
” ဆေးမှူးတွေဘာတွေပင့်ပြီး ကုပေါ့အေ…အစားမှားတာဖြစ်မှာ…”
” ဆေးမှူးတော့ပြပြီးပြီ…ဆေးလည်းထိုးထားပေးတယ် မသက်သာသလိုပါဘဲအေ…အနာစိမ်းတွေပေါက်နေတုန်းဘဲ…”
ထိုလူငယ်၏မိဘနှစ်ပါးလည်းသားဖြစ်သူအတွက် စိတ်မချမ်းမသာဖြစ်နေရသည်။
အချိန်များတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေသည်။ လူနာမွာ မသက်သာဘဲတစ်နေ့တခြားအခြေအနေဆိုးလာသည်။ ထူးထူးဆန်းဆန်းပါပင် မဟူရာရွာထဲမှ လူများဘာရောဂါမှမရှိဘဲ တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြန်သည်။
” မနေ့က ရွာလယ်က ကိုစိန်ကြီးဆုံးသွားတာ ထူးဆန်းတယ်ဟ…”
” ဟင်ဘယ်လိုထူးဆန်းတာလဲ မြင့်အောင်ရ…”
” အဲလူကြီးကကျန်းမာရေးအရမ်းလိုက်စားတဲ့လူလေ…အကြောင်းမရှိဘဲ ဒီတိုင်းကြီးသေသွားတာကွ…”
” လူဘဲကြာ…ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီတဲ့ လက်တဖျစ်စာအချိန်အတွင်းမှာလည်း သေဖို့အချိန်ရောက်ရင် သေရတာဘဲကွ…”
” ဟုတ်တော့ဟုတ်တယ်လေ…ဒါပေမဲ့အကြောင်းမဲ့သေရတော့ ငါလက်မခံနိုင်ဘူးဖြစ်နေတာ…”
ရွာသားနှစ်ယောက်စကားလက်ဆုံကျနေခြင်းဖြစ်သည်။ တနေ့ကသေဆုံးသွားသော ကိုစိန်ကြီးအကြောင်းကိုပြောနေကြခြင်းဖြစ်သည်။ ထိုအချိန်သူတို့ထံသို့ လူတစ်ယောက် ကပြာကယာပြေးလာပြီး
” ငထူးနဲ့မြင့်အောင်ရေ…တို့အိမ်နားကအရီးသန်းမြင့်ဆုံးသွားလို့ဟေ့…”
” ဟင်…”
” ဟာ…အရီးသန်းမြင့် ဘာရောဂါကြောင့်ဆုံးတာတုံးဖိုးလုံးရ…”
” မသိပါဘူးဗ်ာ…ဒီတိုင်းအကောင်းကြီးကနေ ကောက်ကာငင်ကာဆုံးသွားတာဘဲဗျ…”
” ဟူး….တို့ရွာဘာတွေဖြစ်နေတာလဲကွာ…လာအရီးလေးသန်းမြင့်အိမ်သွားကြစို့…”
သူတို့သုံးယောက်လည်း အရီးလေးသန်းမြင့်အိမ်ရောက်သွားကြပြီး အရီးလေးသန်းမြင့်မှာ အိပ်ပျော်နေသယောင်ပင်။ အရီးလေးသန်းမြင့်၏ သားသမီးဆွေမျိုးများမှာ သွားလေသူအတွက် ဝမ်းနည်းပူဆွေးစွာ ငိုယိုနေကြသည်။
မဟူရာကျေးရွာတွင်ရွာသူရွာသားတို့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြသဖြင့် ဒေါ်ခင်အေးတို့လည်း မိမိ၏သားဖြစ်သူဆုံးသွားမည်စိုးသဖြင့် အထက်လမ်းဆရာတစ်ယောက်ကိုပင့်လိုက်သည်။ ထိုဆရာလည်းလူနာကိုမကယ်တင်နိုင်ဘဲ ပြန်ပြေးရလေသည်။ နောက်နေ့တွင်ထိုဆရာလည်း ဆုံးသွားရှာပြီဟုသတင်းကြားလိုက်ရသည်။
မဟူရာကျေးရွာသူကြီးသည် ရွာ၌ဖြစ်သွားသော အဆက်မပြတ်လူသေမှုများ၏ အခြေခံရင်းမြစ်ကိုသိရစေရန် ရွာလုံးကျွတ်အစည်းအဝေးခေါ်လိုက်သည်။ ရွာသူရွာသားများစုံလျှင်သူကြီးက မတ်တပ်ထပြီး
” အဟမ်း…အဟမ်း…လူစုံကြပြီလားကွဲ့…”
” စုံပါပြီသူကြီး…”
” အေးအေး…အဲဒါဆိုအစည်းအဝေးခေါ်ရတဲ့အကြောင်းပြောတော့မယ်…စဉ်းစားပြီးအဖြေထုတ်ကြပေါ့…တစ်ဦးတစ်ယောက်ချင်းစီရဲ့အဖြေမှာ ဖြစ်နိုင်ချေရှိရင် လိုက်လုပ်ကြတာပေါ့…”
” အကြောင်းအရာကတော့ ဒို့မဟူရာရွာမှာ နေ့စဉ်နေ့တိုင်း လူတွေအကြောင်းမရှိသေဆုံးကြရတာကို အားလုံးသိပြီးသားဖြစ်မှာပါ…”
” ဟုတ်သိပါတယ်သူကြီး…”
” အေးအဲဒါက အကြောင်းမဲ့သက်သက်တော့မဖြစ်နိူင်ဘူး…ရွာမှာအမှားလုပ်မိကြလို့ ရွာခိုက်တယ်ထင်တယ်…ဒီတော့ ဒီရွာမှာပထမဆုံးသေသွားတဲ့ မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက ပါတဲ့သူတွေမတ်တပ်ရပ်ကြ…”
ရွာသူရွာသားများမှာ သူကြီးပြောသည်ကိုနားမလည်သော်လည်း ကိုစိန်ကြီး၏အလောင်းကို မြုပ်ပေးရသူများကမတ်တပ်ရပ်လိုက်ကြ၏။ အားလုံးပေါင်းခုနှစ်ယောက်ရှိ၏။
” မင်းတို့တွေဘဲလား တခြားဘယ်သူတွေပါသေးလဲ ပါတဲ့သူတွေအကုန်ရပ်နော် အားလုံးနဲ့ဆိုင်တဲ့ကိစ္စမို့ပါ…”
” နားလည်ပါတယ်သူကြီး အဲနေ့ကကိုစိန်ကြီးရဲ့အလောင်းကိုမြုပ်ပေးတာကျွန်တော်တို့ ခုနှစ်ယောက်ထဲပါ…”
” အဲဆိုငါမေးမယ် မင်းတို့မကွယ်မဝှက်ဘဲအမှန်တိုင်းဖြေကြ…မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက မပြောသင့်တဲ့စကားတွေပြောမိကြသေးလား…စနောက်တဲ့သဘောနဲ့ပြောမိကြသေးလား…”
ထိုလူခုနှစ်ယောက်က သူကြီးစကားကြောင့် သူတို့၏အတွေးသည် လွန်ခဲ့သည့်ရက်များကသေဆုံးသူ မောင်စိန်ကြီး၏အလောင်းကိုမြုပ်နှံသည့်အချိန်သို့ ပြန်လည်ရောက်ရှိသွား၏။ ထိုနေ့တွင် သူတို့သည်စိန်ကြီး၏အလောင်းကို သေချာစွာမြေမြုပ်သဂြိုလ်ပေးကြသည်။ မပြောအပ်သောစကားလည်း တခွန်းမှမပြောမိကြချေ။
” အဲနေ့ကကျွန်တော်တို့ ဘာစကားမှမပြောမိကြဘူးသူကြီး…ဘာဖြစ်လို့လဲ ”
” သုသာန်မှာမပြောအပ်တွေစကားတွေရှိတယ်ကွ…အချင်းချင်း စနောက်ပြီး မင်းလိုက်သွားလေတို့၊ အလောင်းမြုပ်မဲ့တွင်းကိုအကျယ်ကြီးတူးပြီး ဒါမှများများဆန့်မှာတို့၊ သေဆုံးသွားသူကိုနှမြောပြီး မင်းဆီကိုငါတို့တွေနေ့တိုင်းလာမယ်တို့ စတဲ့စကားတွေမပြောရဘူးကွ…ပြောမိပြီဆိုတာနဲ့ နောက်နေ့လူတွေတစ်ယောက်ပြီးတစ်ယောက်သေကုန်တော့တာဘဲကွ…ဒါကြောင့်အဲလို့တွေဖြစ်နေမှာစိုးလို့မေးရတာ…မင်းတို့တွေသေချာစဉ်းစားပြီးဖြေကြ…”
” တကယ်ပါသူကြီး ကျွန်တော်တို့အဲဒီနေ့က ဘာမှမပြောရဘူး…စိတ်ထဲကနေတောင်မပြောမိဘူးဗျ…”
” ဒါဆိုစဉ်းစားရခက်နေပြီ…ဒါဆိုအလောင်းကိုမြုပ်တုန်းက အလောင်းရဲ့ခေါင်းကိုရွာဘက်လှည့်ခဲ့မိကြတာလား…”
” ဟာ…မလှည့်မိပါဘူးသူကြီးရာ…ကျွန်တော်တို့လည်း ရွာကိုခိုက်မဲ့အရာဘာမှအလုပ်မိခဲ့ကြဘူး…”
စိန်ကြီး၏အလောင်းကိုမြေမြုပ်သဂြိုလ်ပေးရသော လူခုနှစ်ယောက်၏အဖြေကြောင့် သူကြီးအပါ ရွာသူရွာသားများလည်း အဖြေမထုတ်တတ်ကြဘဲအကြံအိုက်နေကြ၏။
” ဘယ်လိုလုပ်ကြမလဲ ဒီတိုင်းဆို တစ်ရွာလုံးက သေရမဲ့နေ့ကိုစောင့်နေကြရတာနဲ့တူနေပြီ…”
” ဘယ်လိုလုပ်ကြမှာလဲသူကြီး ဒီတိုင်းဆို ရွာကပျက်မှာသေချာသလောက်ဖြစ်နေပြီဗျ…”
” အေးကွယ်…ငါလည်းမစဉ်းစားတတ်တော့ဘူး ဘယ်သူတွေအမှားလုပ်မိကြတာလဲမသိတော့ဘူး…”
” သူကြီး…ကျွန်တော်တင်ပြစရာရှိတယ်…တနေ့က ရွာကိုဆေးလာကုသွားတဲ့ဆရာလည်း ဆုံးပြီလို့သတင်းကြားရတယ်…အဲဒါဟိုရွာလယ်ကလူနာခင်မောင်နဲ့ ပတ်သက်နေမလား…”
” မဖြစ်နိုင်တာ…ခင်မောင်ကလူနာဘဲဥစ္စာ…သူကဘာလုပ်နိုင်မှာလဲ…”
” ဟုတ်တယ်လေ…သူကဖြင့်အိပ်ယာကမထနိုင်ဘဲ…”
ခင်မောင်၏ဆွေမျိုးများက ဆတ်ဆတ်ထိမခံပြန်လည်ချေပလိုက်၏။ သူကြီးလည်း ဖြစ်နိုင်မဖြစ်နိုင်သည်ကို အပထားပြီး လောလောဆည် ရွာတွင်ဖြစ်နေသော ပြဿနာကိုအရင်ဆုံး ဖြေရှင်းရမည်ဖြစ်သဖြင့် ရွာသားများတင်ပြသော ထိုအချက်ကိုပါထည့်သွင်းစဉ်းစားလိုက်၏။
” အဲဒီအချက်ကိုပါထည့်သွင်းစဉ်းစားရမယ်…ကဲ သေဆုံးသွားခဲ့တဲ့သူတွေမှာ မသေဆုံးခင်က ခင်မောင့်အိမ်ကိုလူနာသတင်းမေးသွားခဲ့ကြသေးလား…”
” ကိုစိန်မောင်ကသွားခဲ့တယ်ထင်တယ်…ငါ့တွေ့လိုက်သလိုဘဲ..”
” အေးဟုတ်သလိုလိုဟ…”
ရွာသူရွာသားများက မိမိတို့၏နီးစပ်ရာမှ သေဆုံးသွားကြသူတို့၏အကြောင်းကို ပြန်လည်စဉ်းစားကြရာ ထိုလူများမသေဆုံးမီအချိန်တွင် ခင်မောင်၏အိမ်၌လူနာသတင်းမေးသွားခဲ့ကြသေးသည်။ ထိုမှအပြန်ကောက်ကာငင်ကာသေဆုံးသွားကြခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။
” တွေးကြည့်တော့လည်း ဟုတ်သလိုလိုဘဲသူကြီးရ…ဒီလအတွင်းသေဆုံးသွားတဲ့သူတွေဟာ ခင်မောင့်ကိုလူနာသတင်းသွားမေးခဲ့ကြတဲ့လူတွေချည်းဘဲဗျ.. ”
” တဖက်သတ်မစွပ်စွဲကြနဲ့ဟဲ့….တိုက်ဆိုင်မှုလည်းဖြစ်နိူင်တာဘဲမလား…အစည်းအဝေးပြီးပြီဆို ငါတို့ပြန်ပြီ…အလကားအကြောင်းမရှိစွပ်စွဲတဲ့ဟာတွေ…”
ခင်မောင်၏ဒေါ်လေးတော်စပ်သူက ထိုသို့ပြောပြီးပြန်သွား၏။ ရွာသူရွာသားနှင့်သူကြီးက ထိုမိန်းမကြီးကိုကြည့်ပြီး ပါးစပ်အဟောင်းသားကျန်ခဲ့၏။
” သူကဘာဖြစ်နေတာလဲ…တို့ကပြဿနာရဲ့အရင်းမြစ်ကိုရှာနေတာလေ…”
” အေးလေ…ဒီအဖွားကြီးဘာဖြစ်သွား…”
ရွာသူရွာသားများ ရုတ်ရုတ်သဲသဲဖြစ်သွား၏။
” အဟမ်း…အဟမ်း…”
သူကြီးကချောင်းဟန့်လိုက်ရာ အားလုံးတိတ်ဆိတ်သွား၏။
” ကဲကဲ….ဟုတ်တယ်လို့တော့ ဘယ်သူမှအတတ်မပြောနိုင်ဘူး…ဒီတော့တကယ်ဟုတ်မဟုတ် ဒီရက်ပိုင်းအတွင်းခင်မောင်ရဲ့အိမ်ဖက် ဘယ်သူမှမသွားကြသေးနဲ့ပေါ့…တကယ်လို့ဟုတ်ခဲ့ရင်လည်း သေဆုံးခြင်းရဲ့အရင်းအမြစ်ကိုသိရတော့ တားလို့ရတာပေါ့…ခင်မောင်ကြောင့်မဟုတ်ခဲ့ရင်လည်း မျက်နှာပျက်စရာမဖြစ်ရလေအောင် ပြန်ပြီးတောင်းပန်ကြတာပေါ့ ကျုပ်ပြောတာသဘောတူကြလားဟေ့…”
” ဟုတ်သူကြီး…ကျုပ်တို့သဘောတူတယ်…”
အစည်းအဝေး၏ဆုံးဖြတ်ချက်အတိုင်းပင်ရွာသူရွာသားများအားလုံး ခင်မောင်၏အိမ်ဖက်သို့မသွားဘဲနေကြ၏။ သို့သော် ခင်မောင်၏ဒေါ်လေးတော်သူကား သူကြီးနှင့်ရွာသူရွာသားများကိုမကျေနပ်ချေ။ သူမ၏တူအား စွပ်စွဲရကောင်းလားဟူ၏။ တစ်ခုသောညနေတွင် ထိုမိန်းမကြီးသည် တူဖြစ်သူခင်မောင်အတွက် ကြက်သားစွပ်ပြုတ်လာပို့ပေး၏။ ခင်မောင်မှာရောဂါအခြေအနေဆိုးလာပြီး ငှက်ပျောရွက်ကိုခင်းကာ အိပ်ရသည့်ဘဝရောက်နေပေပြီ။ အရေပြားမှာလည်းအနာထပ်ပြီး ပေါက်စရာနေရာမရှိလောက်တော့အောင်ပင် အနာပေါ်အနာဆင့်နေချေပြီ။
” သား…ခင်မောင်…ထပါဦးကွဲ့…ဒေါ်လေးမင်းအတွက် အားရှိစေမဲ့ကြက်သားစွပ်ပြုတ်လေးချက်လာပေးတယ်ကွဲ့…”
” ဟင်း….ဟင်း….အီး….အီး….”
ခင်မောင်မှာတအီးအီးညည်းညူနေရှာသည်။ ပါးစပ်ကြီးဟလျက် ပြင်းစွာသောဝေဒနာကိုခံစားနေရရှာသည်။ ဆရာလည်းစုံ ဆေးလည်းစုံနေပေပြီ။ သို့သော်လူနာမှာအနည်းငယ်မျှပင် မသက်သာလာချေ။
” ဟူး…..”
ဒေါ်မာလာသည် တူဖြစ်သူကိုကြည့်ပြီး သက်ပြင်းမောတချက်ချလိုက်သည်။ ခင်မောင်မှာ ကမ္မဋ္ဌာန်းရုပ်ပေါက်နေပေပြီ။ မျက်လုံးနှစ်လုံးမှာလည်း ပြူးကျယ်ကာ ဂဏှာမငြိမ်ဖြစ်နေ၏။ ခင်မောင်၏အမေကသားဖြစ်သူကိုကြည့်ပြီး မျက်ရည်များစီးကျလာသည်။
” မမရယ်…တူလေးကဘာဖြစ်တာလဲ ဆေးဆရာတွေရဲ့အဖြေကရော…”
” မသိတော့ပါဘူးညီမလေးရယ်…ခုဆိုသူ့ကိုကုသပေးခဲ့တဲ့ဆေးဆရာတွေအကုန်သေကုန်လို့ ဘယ်ဆေးဆရာမှပင့်လို့မရတော့ဘူးကွယ်…”
” မမကလည်း ပေါက်ကရတွေပြောနေပြန်ပြီ…ငါ့တူကိုကုလို့သေတာမဟုတ်ဘူး သူတို့ဘာသာသေချိန်တန်လို့သေရတာပါ…မမတို့မပင့်ရင်နေ…မနက်ကျရင်ညီမကိုယ်တိုင်မြို့တက်ပြီး နာမည်ကျော်ဆေးဆရာကိုရအောင်ပင့်လာခဲ့မယ်…”
” ညည်းတူကိုကြည့်ရတာမရိုးဘူးထင်တယ် ညီမရယ်…ညဆိုတစ်ယောက်ယောက်ကိုတောင်းပန်နေတဲ့အသံတွေကြားရတယ်…နောက်မလုပ်တော့ပါဘူးတွေရော…အသက်ကိုချမ်းသာပေးပါတွေရောစုံနေတာဘဲအေ…”
” ဒါဆိုတူလေးပြုစားခံထားရတာနေမယ်…ဒီလောက်လိမ္မာတဲ့ငါ့တူလေးကို ဘယ်သူကများပြုစားဝံ့တာလဲဟဲ့…”
ဒေါ်မာလာတစ်ယောက်အဖြစ်မှန်ကိုမသိဘဲ ခင်မောင်အားပြုစားသူကိုမကျေမနပ်ဖြစ်နေ၏။
နောက်နေ့မနက်တွင်ကား ဒေါ်မာလာသေဆုံးသွားပြီဟူသောသတင်းသည် မဟူရာရွာလေးအတွင်းဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။
” ဘယ်လိုဖြစ်ရတာလဲညီမလေးရယ်…ညည်းတူကိုညည်းကိုယ်တိုင်ဆေးဆရာပင့်ကုပေးမယ်ဆို…ခုတော့ဘယ်လိုဖြစ်ရတာလဲကွဲ့…ဟီးဟီးဟီး… ”
ခင်မောင်၏မိခင်က ညီမဖြစ်သူသေဆုံးသွားသောကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ကာ ရင်ဘတ်စည်တီးငိုနေရှာ၏။
” အမေညကအိပ်နေရင်း မလာနဲ့…မလာနဲ့… မလိုက္ဘူး…ဆိုပြီးအော်နေတာဒေါ်ကြီးရယ်….သမီးတို့ဝင်သွားတော့ ကြမ်းပေါ်မှာ လျှာထွက်ပြီးသေနေပြီ…”
ဒေါ်မာလာသမီးဖြစ်သူ၏စကားကြောင့် အားလုံးအံ့ဩသွားရ၏။
” မနေ့က ခင်မောင့်အိမ်သူသွားခဲ့သေးတယ်တဲ့…အဲဒါကြောင့် နေမှာ…”
” ဟုတ်တယ်…ခင်မောင်ကသေမင်းတမန်လားဘဲ…ကြောက်ဖို့ကောင်းလိုက်တာ…”
” သူ့အိမ်မသွားတာအကောင်းဆုံးဘဲ…”
ဒေါ်မာလာ၏အသုဘတွင် ရွာသူရွာသားများ၏ထင်မြင်ချက်များတီးတိုးထွက်လာခဲ့၏။ ထူးဆန်းသောအဖြစ်ကြောင့် ခင်မောင့်အိမ်သို့ မည်သူတစ်ဦးတစ်ယောက်မှလူနာသတင်းလာမေးခြင်းမရှိတော့ချေ။ အယုတ်စွဆုံး ခင်မောင်၏မိသားစုဝင်များကိုပင် ရွာသူရွာသားများရှောင်ကြဉ်လာကြ၏။
ထိုသို့ဝိုင်းဝန်းဖယ်ကျဉ်ပြီးနောက်ပိုင်း ရွာထဲ၌မည်သူမျှသေဆုံးခြင်းမရှိတော့သည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။
ယခုမူကားခင်မောင်ဆိုသည့်အသံကြားသည်နှင့်လူများအားလုံးက စက်ဆုပ်မုန်းတီးဖွယ်ရာ နိမိတ်အဖြစ်ပင်မှတ်ယူနေကြပြီ။ ပတ်ဝန်းကျင်၏ဖယ်ကျဉ်ခြင်းကြောင့် ခင်မောင်၏မိသားစုဝင်များလည်း စီးပွားရေး၊လူမှုရေးများ ကျဆင်းကုန်၏။ ခင်မောင်လည်းရောဂါ၏နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရ၏။ သူပြုခဲ့သည့်မကောင်းမှုသည် သူ့ကိုအကျိုးပေးလေပြီတကား။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ကျိန်စာသင့်နေသည့်မဟူရာကျေးရွာသို့ရောက်လာခဲ့၏။ ရွာစောင့်နတ်သည်မောင်ရေခဲတို့ရောက်လာသည်ကိုမြင်လျှင် ကိုယ်ထင်ပြပြီး
” ရောက်လာကြပြီလားဆရာလေးတို့….”
” ဟုတ်တယ်ရွာစောင့်နတ်ကြီး…ဒီရွာမှာအင်မတန်အားပြင်းတဲ့လှိုင်းတစ်ခုရနေတယ်…ဘာကြောင့်လဲရွာစောင့်နတ်ကြီး…”
” ပညာသည်မိန်းကလေးတစ်ယောက်ရဲ့ ကျိန်စာတွေကြောင့်ပါဆရာလေး…သူ့ရဲ့ကျိန်းစာကြောင့် ပတ်သက်မိတဲ့လူတွေအကုန်လုံးမရဏခေါ်ရာနောက်ကောက်ကောက်လိုက်ပါခဲ့ကြရတယ်လေ…”
” အကြောင်းစုံရှင်းပြပါဦးရွာစောင့်နတ်ကြီး…”
” ပြောရရင်တော့မိဘကိုပြုစုလုပ်ကျွေးမေတဲ့မိန်းကလေးတစ်ယောက်ကနေစရမယ်ဆရာလေးတို့….”
ရွာစောင့်နတ်ကြီးသည် ဤသို့အစချီပြီး မဟူရာရွာ၏ ရွာနီးချင်းဖြစ်သည့် နှင်းဆီပင်ကျေးရွာရှိ ခက်ခက်မာအကြောင်းကိုပြောပြလိုက်၏။ ဆိုခဲ့သည့်အတိုင်းခက်ခက်မာသည် ကျန်းမာရေးမကောင်းလေသူမိခင်ကြီးကို ဈေးရောင်းပြီးလုပ်ကျွေးနေ၏။ တစ်နေ့သော် စာသင်ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် သစ်သီးသုပ်များရောင်းမကုန်ဖြစ်နေရာ ရွာနီးချင်းဖြစ်သော မဟူရာကျေးရွာသို့လာရောင်း၏။
တွန်းလှည်းလေးတွန်းပြီးမဟူရာကျေးရွာသို့ရောက်လာခဲ့သည်။ နေ့လယ်နေ့ခင်းဖြစ်သဖြင့် လူအများလုပ်ငန်းဆောင်တာဝင်နေချိန်ဖြစ်၍ ဘာမှပင်မရောင်းလိုက်ရချေ။
” အသုပ်သည်နေပါဦး…ဝယ်မလို့ဗျ…”
ထိုအသံကြောင့်သူမလှည့်ကြည့်ရာ ဈေးဝယ်လာသောယောကျာ်းတစ်ယောက်ဖြစ်နေ၏။
” ဘယ်လောက်ဖိုးယူမှာလဲအစ်ကို…”
” တစ်ထောင်ဖိုးထည့်ညီမလေး…ဒါနဲ့ညီမလေးကို ဒီရွာမှာတစ်ခါမှမတွေ့ဖူးဘူးနော်…ဒီရွာကမဟုတ်ဘူးထင်တယ်…”
” ညီမက နှင်းဆီပင်ရွာကပါ…ဒီနေ့ဈေးရောင်းမကုန်သေးတာနဲ့ဒီဖက်ရွာလာရောင်းကြည့်တာပါ…မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါဘူးအစ်ကိုရယ်…ဒီဖက်ရွာကလူတွေအကုန်လုပ်ငန်းထဲရောက်ကုန်လို့နဲ့တူတယ်…”
” ဘာမှမပူပါနဲ့ညီမလေးရော…အစ်ကိုအကုန်လုံးယူပေးမှာပေါ့…ဟဲဟဲ… ”
ထိုလူကြီးကခက်ခက်မာအားစားမတတ်ဝါးမတတ်ကြည့်နေ၏။ စကားပြောတိုင်းလည်း သူ၏အာခံတွင်းထဲမှ အရက်နံ့တို့ထောင်းခနဲထွက်လာ၏။ ထိုလူကိုခက်ခက်မာ သေဘာမက်လွေခ်။
” ရော့အသုပ်ရပြီအစ်ကို…”
ခက်မာကသစ်သီးစုံသုပ်ကိုလှမ်းပေးပြီး တစ်ထောင်တန်ရွက်ကိုယူကာတွန်းလှည်းတွန်းပြီး ခပ်သုတ်သုတ် ထြက္လာ၏။
” ညီမေလး…ဟေ့ညီမလေးနေဦးလေ…အစ်ကိုအကုန်ယူမှာ…ညီမလေးကိုလည်းယူမှာ…”
ဆိုပြီး အနောက်မှပြေးလိုက်လာ၏။ ခက်မာသည် ထိုလူကိုကြည့်ပြီးလန့်လာ၏။ ခြေလှမ်းကိုမြန်နိူင်သမျှမြန်အောင် လျှောက်၏။ မဟူရာရွာကိုလာခဲ့သည်မှာ မှားပြီထင်တယ်ဟုစိတ်ထဲတွေးနေမိ၏။
” ဟိတ်…စောင့်ပါဦးဆို…ညီမလေးရဲ့သီးစုံသုပ်လေးကအရမ်းအရသာရှိတာဘဲ…အစ်ကိုစားလို့မဝသေးဘူးလေ…ဘာလို့အလောတကြီးပြန်သွားရတာလဲ..”
ထိုသို့ပြောပြီး တွန်းလှည်းကိုဆွဲထား၏။
” ရှင်ဖယ်နော်…ကျွန်မအိမ်ကိုအချိန်မှီပြန်ဖို့လိုတယ်…”
” ပြန်ရမှာပေါ့ဗျာ…ပြန်ရမှာပေါ့…ဟဲဟဲ…”
ထိုလူ၏တဏှာရမက်ယစ်မူးနေသောမျက်နှာကြောင့် ခက်မာပို၍လန့်သွား၏။ သူမရောက်နေသောပတ်ဝန်းကျင်လည်း လူသွားလူလာပြတ်လပ်ပြီး ဘေးတစ်ဖက်စီတွင်လည်း ဝါးရုံတောကြီးကရှိနေသေး၏။
” ညီမေလး…ဘာတွေတွေးနေတာလဲ…အစ်ကိုညီမလေးကိုလိုက်ပို့ပေးမယ်လေ…”
ဆိုကာခက်ခက်မာ၏လက်အားဆွဲလိုက်၏။
” ရှင်လွှတ်နော်…ကျွန်မအော်လိုက်မှာ…”
” အော်လေ…ဒါငါ့ရွာ ဘယ်သူမှမရှိဘူး…ဟဲဟဲ…အစ်ကိုလိုက်ပို့တာအသာတကြည်လက်ခံစမ်းပါ…”
ဆိုပြီးခက်ခက်မာ၏ခန္ဓာကိုယ်အားပိုင်စိုးပိုင်နင်းသိုင်းဖက်လိုက်၏။ ထိုလူ့ထံမှ ခက်ခက်မာအတင်းရုန်းထွက်ပြီး လူသူရှိမည့်နေရာသို့ပြေးလေ၏။ ထိုလူလည်းအနောက်မှတရစပ်လိုက်ပြေးလာပြီး မှီလုလုဖြစ်လာ၏။
” ဒုတ်…”
” အင့်..”
ခလုတ်ကန်သင်းများကြားပြေးနေရသောကြောင့် ခက်ခက်မာ ခလုတ်တိုက်မိပြီး မှောက်လျက်လဲကျသွား၏။ ထိုလူကခက်ခက်မှာကိုမှီသွားပြီး ဒေါသထွက်လေဟန်ဖြင့်
” ဖျန်း…ဖျန်း…”
” အား…”
” ပြေးချင်ဦးကောင်မ…နင်ပြေးလည်းငါ့လက်ကမလွတ်ဘူး…ဟားဟားဟား…”
ထိုလူကခက်ခက်မာ၏ပါးပြင်အား ဖျန်းခနဲနှစ်ချက်ဆင့်ရိုက်လိုက်၏။ အားပါလှသောရိုက်ချက်ကြောင့် ခက်ခက်မာ၏ပါးပြင်မှာ ထူပူသြား၏။ ထို့နောက်ထိုလူသည်ခကခက်မာ၏ဆံပင်ကိုဆွဲပြီး လူရှင်းရာဝါးရုံအောက်သို့ ဒရွတ်တိုက်ဆွဲခေါ်သွား၏။
ခက်ခက်မာရုန်းသော်လည်း မရတော့ဘဲတဏှာသားကောင်၏ လက်အောက်၌ဘဝကိုစတေးလိုက်ရ၏။
ထိုလူသည်ဆန္ဒပြည့်သွားပြီး ထိုနေရာမှထွက်သွား၏။ ခက်ခက်မာသည်ထိုလူ၏ကြောပြင်ကိုကြည့်ပြီး နူတ်ခမ်းကိုသွေးစို့နေအောင်ကိုက်ကာ အရပ်ရှစ်မျက်နှာကိုတိုင်တည်ပြီး ကျိန်စာတိုက်လိုက်၏။
” ကျွန်မခက်ခက်မာသည် မိဘအပေါ်ငြိုငြင်စိတ်ကင်းမဲ့စွာ ပြုစုခဲ့ပါသည်…သူတစ်ပါးအပေါ်လည်း ဘယ်တော့မှယုတ်မာခဲ့ခြင်းမရှိ…ဤမှန်သောသစ္စစကားကြောင့်ကျွန်ုပ်၏ မွေးရာပါဝမ်းတွင်းပညာသည် အဆုံးအစမရှိ အစွမ်းထက်ပါစေသား….”
” ဝေါ…ဝေါ…ဝေါ….”
” ကျိန်း…ကျိန်း…ကျိန်း….”
ခက်ခက်မာသစ္စာဆိုပြီးချိန်၌အရပ်ရှစ်မျက်နှာသည် ချက်ချင်းဆိုသလိုမိုးသားမိုးရိပ်များတက်လာပြီး လေကြမ်းများလည်းတရစပ်တိုခတ်လာ၏။ မဲမှောင်နေသောတိမ်လိပ်ကြီးမှ မိုးစက်မိုးပေါက်တို့ကျလာပြီး လ်ွပ္စီးမ်ားလ်က္ကာ မျိုးချုန်းသံများလည်းထွက်ပေါ်လာ၏။ ခက်ခက်မာသည်ပတ်ဝန်းကျင်အနေအထားကိုကြည့်ပြီး နာကျည်းစွာပြုံးလိုက်ကာ
” ကျွန်မ၏ပညာအစွမ်းဖြင့် ကျွန်မ၏ဘဝကိုနင်းချေသွားသူအား ကျိန်စာတိုက်ပါမည်…ကျွန်မဘဝကို နင်းချေသွားသောလူသည် အရှင်လတ်လတ်အနာစိမ်းများပေါက်ပြီး သူလုပ်ခဲ့သောမကောင်းမှုကသူ့ကိုအခါမလပ် ခြောက်လှန့်နေစေ…ပူပြင်းသောမီးပုံထဲနေရသကဲ့သို့ အမြဲတစေသောကအပူတောက်လောင်နေစေ…ထိုလူနဲ့ပတ်သက်မိသောလူတိုင်း အသေဆိုးနဲ့သေကြပါစေ…ထိုလူ၏နာမည်ကိုကြားရုံနဲ့ လူတိူင်းမုန်းတီးရွံရှာပါစေ….လူအများ၏ဖယ်ကျဉ်ခြင်းကိုဧကန်ခံရပါစေ…ထိုလူ၏မိဘများလည်း စိတ်ဆင်းရဲရပါစေ….ဤကားကျွန်မ၏ကျိန်စာတည်း….ဤကျိန်စာကိုကျွန်မမှလွဲ၍မည်သူမျှမဖြေနိုင်စေရ…..”
” ဂျိန်း….ဂျိန်း…ဂျိန်း….”
” ဝေါ…ဝေါ…ဝေါ….”
ခက်ခက်မာ၏ကျိန်စာအဆုံး၌ မိုးသံလေသံတို့သည်လည်းတဆက်တည်း ထွက်ပေါ်လာ၏။ ထိုမိန်းကလေး၏ကျိန်စာကြောင့် မဟူရာကျေးရွာအတွင်းရှိခင်မောင်သည် အနာရောဂါပေါက်ပြီး အမြဲတစေပူလောင်နေရ၏။ သူနဲ့ပတ်သက်မိသူတိုင်း အသေဆိုးနဲ့သေကြေပျက်စီးရ၏။ ကျိန်စာထဲကအတိုင်း ခင်မောင်သည်လူအများ၏ဖယ်ကျဉ်ခြင်းကို ခံရ၏။
” အဖြစ်အပျက်က ဒါတွေဘဲဆရာလေးတို့…ဒီမိန်းကလေးရဲ့ကျိန်စာဟာတစ်ရွာလုံးအပေါ်သက်ရောက်နေတယ်…ခင်မောင်ဆိုတဲ့လူနဲ့ပတ်သက်မိတဲ့လူတိုင်း သေကြေပျက်စီးကြရတယ်…”
” အင်မတန်ကြောက်ဖို့ကောင်းတဲ့ကျိန်စာပါလား….ဒါကြောင့်မို့ ဟိုလူကိုဆေးကုသပေးတဲ့သူတွေအကုန်ဒုက္ခရောက်ရတာပေါ့…”
” မှန်ပါတယ်ဆရာလေး…သူ့ရဲ့ကျိန်စာကိုမေတ္တာတစ်ခုထဲနဲ့သာ ကျော်ဖြတ်နိုင်ပါတယ်…ဆရာလေးသူ့အပေါ်မေတ္တာထားပြီး ဆုံးမပေးပါ…”
” စိတ်ချပါအသင်ရွာစောင့်နတ်…အဖြစ်အပျက်တွေအလုံးစုံရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်…ခွင့်ပြုပါဦးဗျ…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ရွာစောင့်နတ်ကိုနူတ်ဆက်ပြီး ရွာထဲသို့ ဝင်လိုက်၏။ မောင်ရေခဲတို့က ခင်မောင်၏နေအိမ်ကိုမေးပြီးလာခဲ့ကြရာ ရွာသူရွာသားတို့ကအံ့ဩနေကြ၏။
” ဒီလူတွေငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်နေကြပြီထင်တယ်…”
” သူစိမ်းတွေဆိုတော့ ခင်မောင့်အကြောင်းမသိသေးလို့နေမှာ…”
” သူတိ့ုကံတရားအတိုင်းပေါ့ကွာ…”
ရွာသူရွာသားတို့၏စကားကြောင့်မောင်ရေခဲက ပြုံးလိုက်၏။ လမ်းညွှန်ချက်အတိုင်း လာခဲ့ကြရာ တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးရှေ့သို့ရောက်လျှင် ခြေစုံရပ်လိုက်ပြီး
” အိမ်ရှင်တို့…အိမ်ရှင်တို့…”
ဆိုပြီးအော်လိုက်၏။ အော်သံကြားသဖြင့် အိမ်ထဲရှိ ခင်မောင်၏မိခင်က အိမ်ပြင်သို့ကြည့်လိုက်၏။
” အလို…ထူးထူးဆန်းဆန်းအိမ်ကိုဧည့်သည်လာနေပါလား…”
ဟုတွေးမိပြီး အိမ်ပြင်ထွက်ကာခရီးဦးကျိုပြုလိုက်၏။
” လာကြသားတို့လာကြ…အပေါ်တက်ကြ…”
” ဟုတ်ဒေါ်လေး…”
သူတိုတစ်မိသားစုလုံးကိုလူအများရှောင်ကျဉ်ထားကြသဖြင့် ယခုကဲ့သို့အိမ်သို့ဧည့်သည်လာခြင်းကို ဒေါ်ကြီးမှာအလွန်သဘောကျလေဟန်ရှိသည်။
” လာသားတို့ဒီမှာထိုင်…အကြမ်းရည်တွေသောက်ကြ…ဒါနဲ့သားတို့က ဒီကိုဘာကိစ္စနဲ့လာကြတာလဲကွဲ့….”
” ဟောဒီအိမ်မှာရှိတဲ့ လူနာကြောင့်လာရတာပါဗျာ…”
” ရှင်…ဒီအိမ်မှာလူနာရှိတာသားတို့ဘယ်လိုသိကြတာလဲ…”
” အကြောင်းစုံသိပါတယ်…ဒီအိမ်ရဲ့လူနာက တစ်ပါးသူခွင့်မလွတ်နိုင်တဲ့အပြစ်မျိုးလုပ်ထားလို့ပါ…”
” ရှင်…”
မောင်ရေခဲ၏စကားကြောင့် အဒေါ်ကြီးခမျာမျက်လုံးမျက်ဆံပြူးသွား၏။
” ကဲအချိန်မရှိဘူး လူနာကိုဖေးမပြီးဘုရားခန်းထဲခေါ်လာခဲ့ပါ…”
မောင်ရေခဲကထိုသို့ပြောပြီး ဘုရားခန်းထဲသွားကာ ဘုရားဝတ်ပြုလိုက်၏။ ခဏအကြာ၌ သူ့ရှေ့သို့အနာဗရပွရှိလှသော လူနာရောက်လာ၏။
” နေသာသလိုထိုင်ပါညီ….ပြီးရင်ဘုရားကိုအာရုံပြုထား….”
” ဟုတ်ကဲ့…”
မောင်ရေခဲလည်း အထက်ကိုကုသမိန့်တောင်းပြီး ပြုစားသူကိုအမိန့်ပြန်ခေါ်လိုက်၏။ ပြီးသော်လူနာ၏အသက်ကိုသုံးကြိမ်သုံးခါပြည့်အောင်အပ်ခိုင်းပြီး
” ဤတနင်္လာသားကို၏အသက်နဲ့ခန္ဓာကိုငါပိုင်တယ်…တနင်္လာသားကိုပြုစားနှောင့်ယှက်သူ ငါ့အရှေ့မှောက်မကြာချက်ချင်းရောက်လာစေ….အနှောင့်အယှက်အတားအဆီးမရှိစေရ…အထက်ပုဂ္ဂိုလ်များရဲ့အမိန့်…ငါရေခဲ၏အမိန့်…”
ထိုသို့အမိန့်ပြန်လိုက်သည်နှင့်ယိုင်နဲ့နဲ့ဖြစ်နေသောလူနာသည် ဒူးတစ်ချောင်းထောင်၊တချောင်းကိုချထားသောပုံစံပြင် ထိုင်လိုက်ပြီး ချီထားသောလက်အုပ်ကိုချကာ
” ဟင်းဟင်းဟင်း…ငါ့အလုပ်ကိုလာရှုပ်တာ ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေလို့ထင်တယ်…”
ခင်မောင်၏နူတ်မှမိန်းကလေးအသံထွက်လာသဖြင့် ခင်မောင်၏မိသားစုဝင်များကအံ့ဩသွား၏။
” နှမငယ်…ရောက်ရင်ဘုရားကိုဦးတိုက်လိုက်ပါဦး…”
” ငါပြောတာမကြားဘူးလား…ဘာလို့ဒီလူယုတ်မာကိုကယ်တင်ချင်နေရတာလဲ…”
မိန်းကလေးကမောင်ရေခဲ၏စကားကိုနားမထောင်ဘဲ မောင်ရေခဲကိုပြန်ပြောနေ၏။
” ဘုရားကိုဦးတိုက်လိုက်…နှမငယ်ကိုမနာကျင်စေချင်ဘူး…”
” တိုက်မှာပါဟဲ့တိုက်မှာပါ…နင်ကလျှာစက်အာစက်ပါတဲ့သူမို့ နင်ပြောလိုက်တဲ့စကားတိုင်း ငါ့နားတွေအူတဲ့အထိဖြစ်တယ်ဟဲ့….”
ထိုသို့ပြောပြီး ဘုရားကိုဦးခ်၏။
” ကဲ…ငါသွားလို့ရပြီလား…”
” မရေသးပါဘူး…သင့်ကျိန်စာကိုပယ်ဖျက်ပြီးမှသွားရမယ်….”
” ဟားဟားဟား….ဟားဟားဟား…နင်ဘာသိလို့ငါ့ကိုကျိန်စာဖျက်ခိုင်းရတာလဲ…ဒီလူအကြောင်းနင်မသိလေရော့သလား….”
” သိပါတယ်…ဒါပေမဲ့ အပြစ်ကျူးလွန်သူကတစ်ယောက်ထဲလေ…နှမကလူတွေအများကြီးရဲ့အသက်ကိုသတ်မိနေပေပြီ…”
” ဒီလူယုတ်မာက ငါ့ဘဝကိုနင်းချေခဲ့တယ်…သူ့ဘဝလည်းအမြဲနောင်တတွေဒဏ်ရာတွေနဲ့နာကျင်နေစေရမယ်…”
” နှမကျိန်စာကြောင့် သူလည်းအရှင်လတ်လတ်ငရဲကျသလိုခံစားနေရပါပြီ… သူ့အပြစ်နဲ့သူခံယူသွားပါပြီ…နှမငယ်ထပ်ပြီးအပြစ်မလုပ်ဖို့ အစ်ကိုမေတ္တာရပ်ခံတယ်…”
” မရဘူး…ဒီလူယုတ်မာမိသားစု တစ်ခုလုံးစိတ်နှလုံးကွဲကြေပြီး ခံစားနေစေရမယ်…”
” သူ့ကိုကျိန်စာပယ်ဖျက်ပေးရင် နှမငယ်ရဲ့အမေခံစားရတဲ့ဝေဒနာကိုပျောက်ကင်းအောင်အစ်ကိုကုပေးမယ်ဘယ်လိုလဲ…”
မိန်းကလေးသည်မိခင်ကိုအလွန်ချစ်တတ်သူဖြစ်သဖြင့် မောင်ရေခဲကထိုသို့ပြောလိုက်ရာ တချက်မျှစဉ်းစားလိုက်ပြီး
” အစ်ကိုတကယ်ပြောတာလား…”
” နှမသာသူု့အပေါ်ကျိန်စာတွေဖျက်ပေးရင် အစ်ကိုလည်းဂတိမပျက်စေရပါဘူး…”
” အဲဒါဆိုလည်း အစ်ကိုပြောတဲ့အတိုင်းလုပ်မယ်…ကျွန်မသည်ဤတနင်္လာသားအပေါ်တိုက်ခဲ့သောကျိန်စာအား ယနေ့မှစ၍ ကျွန်မကိုယ်တိုင် ဖျက်သိမ်းလိုက်သည်…ယနေ့မှစ၍ ဤတနင်္လာသားအပေါ်၌ ကျိန်စာတစ်ခုမကျန်အကုန်ပျက်ပြယ်စေ…”
” ဖျောဖျောဖျော….”
” ဝုန်း…ဝုန့်း….”
သူမကျိန်စာတိုက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ပတ်ဝန်းကျင်တစ်ခွင်မှောင်မဲလာပြီး မိုးသီးမိုးပေါက်များကျလာခဲ့သည်။
” ကဲ..ကျွန်မကျိန်စာအားလုံးကိုဖျက်လိုက်ပြီ…အစ်ကို့ဂတိအတိုင်းအမေ့ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ…”
မောင်ရေခဲလည်းဂတိအတိုင်း နတ်ဘီလူးထံမှရသောနတ်ဆေးတော်ကို ရေစင်ဖြင့်ဖျော်ပြီးပေးလိုက်၏။
” ကဲ..ဘုရားဦးချပြီး နှမပြန်နိူင်ပြီ…ဒီဆေးတော်ကိုနှမရဲ့မိခင်ကိုတိုက်လိုက်ပါ ရောဂါဝေဒနာအားလုံးပျောက်ပြီး ကျန်းမာသက်ရှည်လိမ့်မယ်…”
ထိုမိန်းခလေးလည်းဘုရားကိုဦးချပြီးထွက်သွား၏။ ခင်မောင်လည်း ဘေးသို့လဲကျသွား၏။ မောင်ရေခဲက လူနာကိုရေစင်ဖြင့်တောက်လိုက်ပြီး
” ကဲ…ညီ့အပေါ်ကျရောက်နေတဲ့ကျိန်စာတွေအားလုံးကိုတော့ ဖျက်ပေးလိုက်ပြီ…နောက်ဖြစ်လာမဲ့အရာတွေကတော့ ညီရဲ့ကံတရားအတိုင်းဘဲ…အစ်ကိုလည်းမကယ်တင်နိုင်ဘူး….”
မောင်ရေခဲ ပြောသည့်စကားကိုမည်သူမျှနားမလည်နိုင်ချေ။ လူနာကိုကုသပေးပြီးနောက် အားလုံးကိုနူတ်ဆက်ပြီး မဟူရာကျေးရွာမှထွက်သွားခဲ့ကြ၏။
ခင်မောင်မှာကျိန်စာပျက်သွားပြီးသည့်နောက် လူအများရှေ့မှောက်သူ၏အမှားကို ဝန်ခံသွားပြီး နောင်တများစွာဖြင့် ညင်သာစွာသေဆုံးသွား၏။ ခင်မောင်၏အသုဘမှာမိဘဆွေမျိုးများဖြင့်သာ ခြောက်ကပ်စွာပြီးဆုံးသွား၏။ တစ်ဖက်ရွာမှခက်ခက်မာ၏မိခင်ကြီးသည်ကား ခံစားရသောရောဂါဝေဒနာများ ပျောက်ကင်းသွားပြီး ချစ်ရသည့်သမီးလေးနှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားတော့သည်။…….။
(ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ အားပေးဖတ်ရှုသူ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါသည်။ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)
# ပြီး
# ခွန်း