ထွန်းအိန္ဒြာဗို အသံ လွင့်ပျံနေတော့သည်။ “ဘယ်သူမှ သူ့လောက် ကိုယ်မချစ်ဘူး” ခင်ပြတ်တစ်ခုကို အဖြတ်တွင် တောင်ကောင်ခြေရာအသစ်များ တွေ့ရသည်။ ရွက်ခြောက်များအပေါ်မှ ဖြတ်နင်းသွားခြင်း ဖြစ်သည်။ သေသေချာချာ ကြည့်မိတော့ သားကောင်နင်းသွားသည်မှာ ကြာပြီ။ နံနက်စောစောပိုင်းက ဖြစ်မည်။ နင်းပြီးခါစဆိုလျှင် ခြေရာက ရွက်ခြောက်ပေါ်မှာ နစ်ဝင်ပြီး အရာမယွင်း ရှိတတ်သည်။ ကြာလာလျှင် ခြောက်သွားပြီး ကြွတက်လာတတ်သည်။ ခြေရာ လတ်လတ်ဆတ်ဆတ်နှင့် ခြေရာဟောင်းက ကြည့်တတ်လျှင် အတော်ကြီး ကွာသည်။ ပတ်ပတ်လည်ကို အတော်ကြာအောင် ကျွန်တော် လှည့်ရှာကြည့်သည်။ ထပ်မံ၍ မတွေ့ရတော့။ ...
တင်မောင် ဟဲ့ လို့တောင်ဆိုသူက ဆိုကြတာ မဟုတ်လား။ ( ၂ ) ” ကျွန်မတို့က မြင်းခြံနယ်ရွာတွေကဆိုတော့ အစ်မကြီးကို ငယ်ငယ်ကတည်းက ရင်းနှီးနေပြီ … ကျွန်မတို့ငယ်ငယ် ဘုန်းကြီးပျံပွဲဆိုရင် တည်းကျောင်းတကာ ရောက်တာပဲ … မဏ္ဍပ်က ဧည့်ခံတဲ့ဖျော်ရည် တွေ သောက်လိုက် ဂျင်းသုပ်တွေ ပလုပ်ပလောင်းစားလိုက် … မင်းသမီးတွေ ဧယဉ်ကျုးတာ ကြည့်လိုက်နဲ့ ပျော်ခဲ့ရတာကိုမမေ့ဘူး … တစ်မဏ္ဍပ်လုံးက ငိုတော့ ကျွန်မတို့ကလည်း လူကြီးတွေနဲ့ ရောငိုခဲ့ကြတာပဲ ” မင်းသမီးကြီး သာစည်ခိုင်ကို ...
လူကြီးကို ကြည့်လိုက်ပြီး “ဆရာကြီး ရောက်လာပြီလား မျှော်လိုက်ရတာဆရာကြီးရယ် ကျနော်တို့က မလာတော့ဘူးတောင် ထင်နေတာ “ “ပြောပြီးသားပဲ မလာလို့ဘယ်ဖြစ်ပါ့မလဲ ဒီမှာ ကျုပ်တပည့်နဲ့ မြင်းလှည်းဆရာပါ ပါတယ် နေဖို့ထိုင်ဖို့ အဆင်ပြေနိုင်မလား “ “မပြေစရာ ဘာမှမရှိပါဘူး ဆရာကြီးရယ် ခြံထဲကို မြင်း လှည်းမောင်း၀င်ခဲ့ပါ ခင်ဗျ” “ကောင်းပါပြီ ကဲ ငြိမ်းမောင်ရေ ခြံထဲမောင်းကွာ “ အိမ်ရှင်လင်မယားမှ ခွင့်ပြုလိုက်သည်နှင့် မြင်းလှည်းလေးသည် အိမ်ခြံဝင်းထဲသို့ ခြူသံတချွင်ချွင်နှင့် ...
သာဒင်ကိုပြဿနာရှာနေရတာတုန်း” “ဒီကိစ္စက ဒီလူကြီးရဲ့ ပယောဂနဲ့လည်းဆိုင်တယ် သူကြီး ကျုပ်ကတော့…” “ဟေ့ရောင် ဖိုးထူး … ငါဒီလောက်ပြောနေတာကို မင်းကရောင့်တက်နေတာလား ဟုတ်လား… ထိပ်တုံးစာမိချင်နေတာလား…ဟမ်…ပြောလေ ဟေ့ရောင်” “မဟုတ်ပါဘူး…သူကြီး” “မဟုတ်ရင် ပြန်တော့ သွား” သူကြီးက အော်ဟစ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည့်အခါမှ ဖိုးထူးသည် သာဒင်အားတစ်ချက်ကြည့်ကာ “တောက်!” ခေါက်ပြီး ထွက်သွားတော့လေ၏။ “မောင် သာဒင် ဒီကောင်တွေအစား ကျုပ်ကပဲ တောင်းပန်ပါတယ်ဗျာ …” “ရပါတယ်…ကျုပ်ဘဝနဲ့ကျုပ်ပေါ့” ရွာသူကြီးက သာဒင်အား တောင်းပန်လိုက်သည့်အခါ သာဒင်က ခပ်ပြတ်ပြတ်သာပြောပြီး တဲအိမ်ထဲသို့ဝင်သွားလေ၏။ ထိုအခါ ...
သားသမီးဖြစ်သည်။ ပထမသားကြီး၊ဒုတိယသားလတ် အိမ်ထောင်ကျပြီးနောက်ပိုင်းကိုယ်စီ ကိုယ်ငကိုယ့်အိမ်ထောင်နှင့်ကိုယ့်မိဘ များကို ထားရစ်ကာ ခွဲထွက်သွားကြ လေသည်၊ ဦးလှငွေမှာအငြိမ်၊စားဝန် ထမ်းတစ်ဦးဖြစ်ကာ အငြိမ်စားပင်စင် လစာလေးမှာလည်းအနည်းငယ်မျှပင် ဖြစ်သောကြောင့်ဦးလှငွေတို့မိသားစု၏ စားဝတ်နေရေးမှာ အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ကျောင်းထွက်ကာ မိသားစုစားဝတ်နေ ရေးအတွက် စက်ရုံတစ်ခု၌ အလုပ်ပင် လုပ်ခဲ့ရလေသည်၊ ...
။ “စားကြဗျာ၊ ဆိုင်းကလည်း သိပ်ကောင်း၊ ဦးလူလှသမီးကလည်း ကတာသိပ်ကောင်းတာပဲဗျာ၊ ကျုပ်တို့တော့ ဖြစ်နိုင်ရင် ဒီအငြိမ့်ကို မိုးလင်းပေါက်တောင်ကြည့်ချင်တာဗျ” “အင်းဗျာ၊ အလှူရှင်တွေ ကျေနပ်တယ်ဆိုတော့ ကျုပ်တို့လည်း ကျေနပ်ပါတယ်၊ ဒါနဲ့ အလှူရှင်က ဘယ်သူတုန်းဗျ” ရွာလူကြီး ဦးဖော့က ဟိုဟိုဒီဒီကြည့်ရင်း “အလှူရှင်တွေ ပြန်သွားပြီထင်ပါ့၊ အလှူရှင်နာမည်က ကိုချစ်ချောတဲ့ဗျ” “သြော်၊ ဒီလောက်အလှူကို လှူနိုင်တာ သာဓုခေါ်စရာပဲဗျာ” “ပြောရရင်တော့ ခင်ဗျားတို့ယုံချင်မှယုံမယ် ဦးလူလှရေ၊ ချစ်ချောဆိုတဲ့လူက တံငါသည်ဗျ၊ တစ်သက်လုံးငါးပဲဖမ်းစားလာတာ” ကျုပ်ဖြင့် ထမင်းစားရင်း အံ့သြသွားတယ်။ “ဗျာ၊ တံငါသည်က ...
” နှင်းမှုံစကားကြောင့် ကျော်သူကနှင်းမှုံလက်ကိုတွဲကာ လျင်မြန်သောခြေလှမ်းတွေနဲ့ ချစ်သူနှစ်ဦးအတူတူလျှောက်လှမ်းလာခဲ့တယ်။ ကံဆိုးချင်တော့ထန်းရည်ဆိုင်မှပြန်လာသော အကိုဖြစ်သူ မှတ်ကြီးညီဖြစ်သူကျော့တင်တို့အုပ်စုနဲ့ နှင်းမှုံကကျော်သူလက်ကိုဆွဲလျက်သားကိုတည့်တည့်တိုးသောကြောင့် ထန်းရည်မူးလာတဲ့ မှတ်ကြီးတို့အုပ်စုက တုတ်ကိုယ်စီဖြင့်ရိုက်ကာ ပြသာနာကိုဖြေရှင်းလေတယ်…..။ ဒါပေမဲ့…… မထင်မှတ်ပဲ ပြဿနာကပိုမိုကြီးထွားခဲ့လေ၏….။ ******* သွေးသံတရဲရဲဖြင့် အိမ်ပေါ်မှာသတိမေ့နေသော သားဖြစ်သူကို ဈေးမှအိမ်သို့ပြန်လာသော မယ်ခင်က တွေ့လိုက်ရသောကြောင့် စိုးရိမ်စိတ်တွေက ငယ်ထိတ်စီတက်ဆောင့်လာခဲ့တယ်။ “သား သားရေ သားလေး” မယ်ခင်တယောက်သားဖြစ်သူကိုခေါ်မရသောကြောင့် “လာကျပါအုံး လာကျပါအုံး” ပတ်ဝန်းကျင်ကို အကူအညီလှမ်းတောင်လိုက်တယ်။ မယ်ခင်အော်သံကြောင့် ခြေရင်းက ညီမဖြစ်သူနန်းခင်က “အစ်မမယ်ခင် အစ်မမယ်ခင် ဘာဖြစ်တာလည်း” ဆိုပြီး ...
နိုင်မလားစမ်းကြည့်လေ” “ကဲ…နင်တို့ငါ့ကိုနိုင်ရင်နင်တို့ကလေးကိုပြန်ရလိမ့်မယ်… ပြစမ်းဟဲ့ နင့်ပညာ…” စုန်းမ တွေကဒေါသတကြီးဖြင့် ဘိုးတော်ကြီးကို တိုက်ခိုက်ကြသည်။ မိုးရေထဲ၌တိုက်ပွဲကပြင်းထန်လှ၏။ နောက်ဆုံး၌ဘိုးတော်ကြီးကို သူတို့၏စက်များထုတ်၍ ပစ်ကြပြန်သည်။ ဘိုးတော်ကြီးကထိုစက်များကိုသူ၏ လက်တစ်ဖက်ဖြင့် ကာစီးပြီးနှုတ်မှဂါထာများရွှတ်နေသည်။ စုန်းမနှစ်ယောက်၏ စက်တန်းများကိုကာစီးထားရင်း ကျန်သောလက်တစ်ဖက်ကသူ၏အိတ်ကပ်ထဲရှိ အင်းချပ်ကိုဆွဲယူလိုက်ပြီး “ကဲ…လာရာလမ်းကို သွားကြ ပေတော့ဟဲ့…” ဟုပြောကာ စုန်းမနှစ်ယောက်ဆီကိုပစ်သွင်းလိုက်သည်။ “ဝုန်း…” “အားးး” အင်းချပ်ထိမှန်သွားသော စုန်းမနှစ်ယောက်မှာ အနောက်သို့လွှင့်စင်ကုန်ကြသည်။ မြေပြင်ပေါ်၌ အကြောများတဆတ်ဆတ်လှုပ်ခါနေကြပြီး “ဝေါ့…”ခနဲသွေးများကိုထိုးအန်ကြသည်။ ပြီးနောက်ဇတ်များကျိုပြီးငြိမ်သက်သွားကြတော့သည်။ ဘိုးတော်ကြီးသည် စုန်းမနှစ်ယောက်ကို စိတ်မကောင်းစွာတစ်ချက်ကြည့်ပြီး ဇရပ်ထဲသို့ဝင်လာခဲ့သည်။ ထိုစဥ်တဲအတွင်းမှရပ်ကြည့်နေသော သုဘရာဇာကြီး ထွက်လာခဲ့ပြီး… ...
ပေးပါလား” ဘွားမယ်စိန်ကမိတူးကိုကြည့်သည်။ “ကဲ… ဒီလိုဆိုအဲ့သည်မှာရပ်မနေနဲ့… ဒီမှာလာထိုင်အေ့…” “ဟုတ်ကဲ့ဘွား” “ခြေဆင်းထိုင်…ဆံပင်ထုံးကိုဖြည်ချလိုက်…” မိတူးကိုဘွားမယ်စိန်ရဲ့နံဘေး၌ခြေဆင်းထိုင်ခိုင်းသည်။ ဒါတင်မကသေး ထုံးထားသောဆံထုံးကိုပါဖြည်ချခိုင်း၏။ ပြီးနောက်ဘွားမယ်စိန်ကမိတူးရဲ့ဆံဖျားမှခြေဖျားအဆုံး အထိစစ်ဆေးပေးရှာသည်။ စစ်ဆေးလို့ပြီးချိန်၌… “ကဲ…မိတူး…” “ရှင်ဘွား…” “ညည်း ဘာဖြစ်နေတယ်လို့ထင်သလဲအေ့…” “ကျွန်မ…ကျွန်မဘာဖြစ်လို့လဲဘွားရယ်…” မိထူးကကြောင်အမ်းအမ်းလေးဖြင့်ပြန်မေးသည်။ “ညည်းဆံပင်တွေကိုပြန်စည်းလိုက်ပါတော့အေ…” “ဟုတ်…ဟုတ်ကဲ့…” မိထူးဆံပင်တွေကိုပြန်စုစည်းလိုက်သည်။ ပြီးနောက်ဘွားမယ်စိန်လာပြောလေမလဲအတွေးဖြင့် မျှော်နေခဲ့ရှာ၏။ “မိထူး…ညည်း စံပေါဆီကိုသွားအေ့…” “ရှင်…ကိုစံပေါဆီကို ကျုပ်က ဘာသွားလုပ်ရမှာလဲဘွားရဲ့” “အိုအေ…ညည်းအခုဖြစ်နေတာက အမျိုးသမီးရောဂါအေ့…ဘာပရောဂမှမဟုတ်ဘူး… ဒါကြောင့်ဆေးဆရာစံပေါဆီမှာ ဆေးသွားတောင်းဖို့ပြောနေတာ…” “သြော်…အဲ့သည်လိုလားတော့်… ဟီး…ကျုပ်ကသိမှမသိဘဲတော်…” မိတူးကရှက်ရယ်ရယ်လေသည်။ ဘွားမယ်စိန်ကဆေးလိပ်ကြီးကိုဖွာရှိုက်လိုက်တော့ မီးခိုးငွေ့များက လေထဲ၌ပျံ့လွှင့်နေခဲ့သည်။ မိတူးကလည်း… ...
“လာထိုင်ကွဲ့…” “ဟုတ်ကဲ့ခင်ဗျ…” “နေကပူပါဘိနဲ့ကွယ်… ဘယ်ကနေများလာခဲ့ရတာလဲ” “ကျုပ်က ပူကင်းရွာကလာတာပါ…” ဟုပြောရင်းဝါးခမောက်ကိုချွတ်လိုက်သည်။ “ဟူးး…” နဖူးမှချွေးများကိုလက်ဖြင့်သပ်ချရင်းဝါးခမောက်ကို ယပ်တောင်သဖွယ်ခတ်လေတော့… “မိဝင်း…ဒီကလေးကိုယပ်တောင်ပေးလိုက်စမ်းဟဲ့…” “ဟုတ်ကဲ့အမေ …ငါ့တူ…ဒီယပ်တောင်ယူပြီးခတ်” “ဟုတ်ကဲ့” ဒေါ်ဝင်းကသူကိုင်ထားသော နှီးယပ်တောင်လေးကို ပေးလိုက်သည်။ “ကဲ…ရေနွေးလေးလည်းသောက်ဦးကွဲ့… လာရင်းကိစ္စကနောက်မှပြော… အခုတော့အရင်အမောဖြေဦး…” “ဟုတ်ကဲ့” ဘွားမယ်စိန်က ဧည့်သည်ကိုရေနွေးပန်းကန်ပေးလိုက်သည်။ အညာသူ…အညာသားတို့၏ထုံးစံအတိုင်း နေပူထဲမှလာသူကိုရေအေးမတိုက်ဘဲ ရေနွေးပူပူကိုသောက်စေသည်။ ဒါမှလည်းနေသာထိုင်သာရှိကြပုံရ၏။ အမောဖြေပြီးလေတော့လည်း… “ပူလိုက်တာဗျာ…” ဟုငြီးတွားပြန်သည်။ “ပူတာကတော့ပြောမနေနဲ့ကွယ်… လယ်ကွက်တွေထဲမှာမြေကြီးတွေတောင်ခြောက်ပြီးကွဲတောင်နေပါပေါ့လား…” “ဟုတ်ပါ့ဗျာ…အယ်ဗျာ… အမောဖြေရင်းနဲ့လာရင်းကိစ္စကိုတောင်မေ့နေလိုက်တာ…” “အခုသတိရရင်ပြောပေါ့… ဘွားတို့ကမောင်ရင်အမောပြေတာကို စောင့်နေတာကွဲ့” “ဟုတ်ကဲ့…ကျုပ်နာမည်ကထွေးမောင်လို့ခေါ်ပါတယ်ခင်ဗျာ… အခုလာရတာကလည်းအရေးကြီးပါတယ်… ...