ဝိညာဥ်စေခိုင်းရာ

သားသမီးဖြစ်သည်။
ပထမသားကြီး၊ဒုတိယသားလတ်
အိမ်ထောင်ကျပြီးနောက်ပိုင်းကိုယ်စီ
ကိုယ်ငကိုယ့်အိမ်ထောင်နှင့်ကိုယ့်မိဘ
များကို ထားရစ်ကာ ခွဲထွက်သွားကြ
လေသည်၊ ဦးလှငွေမှာအငြိမ်၊စားဝန်
ထမ်းတစ်ဦးဖြစ်ကာ အငြိမ်စားပင်စင်
လစာလေးမှာလည်းအနည်းငယ်မျှပင်
ဖြစ်သောကြောင့်ဦးလှငွေတို့မိသားစု၏
စားဝတ်နေရေးမှာ အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊
သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။
မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ
များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ
တတ်သူဖြစ်သည်။ အသက်ပင်ငယ်
သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ
ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။
တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊
ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့်
သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ
ကျောင်းထွက်ကာ မိသားစုစားဝတ်နေ
ရေးအတွက် စက်ရုံတစ်ခု၌ အလုပ်ပင်
လုပ်ခဲ့ရလေသည်၊ ဝတ်ချင်စားချင်လှပ
ချင်သော အရွယ်ဖြစ်သော်လည်း ဝတ်
ချင်စားချင်စိတ်ကို ဘေးဖယ်ကာ မိဘ
နှစ်ပါးနှင့် မောင်ငယ်လေးကိုသာ ဦးစား
ပေ၊ဂရုစိုက်ခဲ့လေသည်။ မောင်ငယ်
လေးအား ခေတ်ပညာတတ်တစ်
ယောက် ဖြစ်စေချင်သည်မှာလည်း
မစန်းဌေး၏ စေတနာဆန္ဒဖြစ်သည်။
ထို့ကြောင့် မစန်းဌေ၊မနားမနေ အလုပ်ကို ကြိုးစားလုပ်ခဲ့သည်။
မစန်;ဌေးလုပ်ကိုင်ရသည့်အလုပ်မှာလည်း
အထည်ချုပ်စက်ရုံတွင် လုပ်ရသည့်
အလုပ်ဖြစ်၍ တစ်နေကုန်စက်ထိုင်ချုပ်
ရသည်။ ထို့အတွက် တစ်နေကုန် အညောင်းမိသည်။
သို့သော် မစန်းဌေးမှာ အညောင်းမိသည်ကို ဂရုမစိုက်အား
ငွေပို့ရရေးအတွက်အချိန်ပိုကိုပါဆက်၍ဆင်းသည်။
တစ်ခါတစ်ရံညလုံးပေါက် အချိန်ပိုကိုပါ
ဆက်၍ဆင်းသည်။ဤကဲ့သို့နေ့မအားညမအားပင်
ပန်းကြီးစွာအလုပ်လုပ်နေရသော်ငြားလည်း
တစ်ခါဖူးမျှပင်ပန်းသည်ဟုမစန်း
ဌေး မညည်းညူခဲ့။ အိမ်ပြန်ရောက်လာ
သည့်အခါတိုင်း မိဘများကိုပြုံး၍ပျော်
၍သာ ပြခဲ့သည်။ လစာထုတ်ရက်နေ့
များတွင် လစာငွေထဲမှမိဘများစားရန်
ချိုချိုချဉ်ချဉ်စားစရာလေးများကို ဦးဦး
ဖျားဖျားဝယ်လာကာ လစာနှင့်အတူ
မိဘများကိုထိုင်ကန်တော့လေ့ရှိသည်။
ဤသို့မစန်၊ဌေ၊မိသာ၊ပုဝတ္တရားများကို
ထမ်းဆောင်ခဲ့သည်မှာ မစန်းဌေး၏
မောင်လေးပင်ဆယ်တန်းအောင်မြင်ခဲ့ပြီဖြစ်သည်။
ထို့နောက်တွင် မစန်းဌေး ဆယ်
တန်းကျောင်းသူဘဝက ချစ်ခဲ့ရသော
ချစ်ဦးသူကိုတင့်နိုင်နှင့် လက်ထပ်ခဲ့သည်။
မစန်းဌေးအိမ်ထောင်ပြုသော် လည်းမိဘများနဲ့
ခွဲ၍ မသွားခဲ့ပေ။သူ၏ အိမ်ထောင်ရှင်အပေါ်တွင် မယားဝတ္တ
ရား ကျေပွန်အောင် ဆောင်ရွက်သကဲ့
သို့မိဘများအပေါ်၌လည်းတာဝန်မပျက်
ခဲ့သူဖြစ်သောကြောင့် မစန်းဌေး အိမ်
ထောင်ရှင်ကောင်းတစ်ယောက်ကို ရရှိ
ခဲ့သည်။ဤနှယ်လိမ္မာရေးခြားရှိသော
သမီးလေးမပန်းဌေး၏ အိမ် ထောင်
သက်တမ်းပင် တစ်နှစ်မှမပြည့်သေးခင်
အဘယ်ဝဋ်ကြွေးက ဖန်လာလေသည်မသိ။
တစ်နေ့ မစန်းဌေး အလုပ်မှညအချိန်ပိုဆင်း၍
ပြန်လာတာ တစ်ရေး ဘမောအိပ်လိုက်ရာမှ
နိုးသောအခါ လမ်းထလျှောက်၍ မရတော့ပေ။
သူ့ ကိုယ်သူ အံ့ဩကြီးစွာ ဖြစ်လျက်ငိုကြီး
ချက်မငိုကြွေးတော့သည်။ သူမ၏ငိုသံ
ကြောင့် တစ်အိမ်သားလုံးလည်းပျာယာ
ခက်ကာသူမ၏အနီးသို့ ရောက်သွား ကြသည်။
သူမ၏ဖြစ်အင်ကိုကြည့်ကာ တစ်အိမ်သားလုံး
ဝမ်းနည်းပက်လက်ဖြစ်ကြရလေတော့သည်။
ထိုအချိန်မှစ၍ ဆရာဝန်ပင့်ကာ
မစန်းဌေး၏ ရောဂါကို ကုသကြသည်။
မထက်သာ၊ နောက် ဆရာဂန်တစ်ဦး
ပြောင်းကာကုသကြပြန်သည်။
ထူးခြား မလာ၊ ထိုအခါတိုင်းရင်းဆေး
ဆရာပင့် ၍ကုသကြပြန်သည်။မည်သို့သောဆေး
ဆရာတို့နှင့် ကုသသော်လည်း သူမ၏
ရောဂါက သက်သာလာသည်မရှိ၊ သူမ
၏ရောဂါက မည်မည်ရရအမည်မတတ်
နိုင်သော်လည်း အိပ်ရာထဲလဲသည့် အဆင့်ထိ ရောက်လာသည်။
သူ မအိပ်ရာထဲလဲနေသည်မှာ
တစ်လကျော်သွားပြီဖြစ်သည်။ အစာ၊
မစားနိုင်သည်မှာတစ်ပတ်ခန့်ရှိပြီမို့သူမ
တစ်ကိုယ်လုံးအားအင်ချည့်နဲ့နေကာ
စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့၊
အလေးအပေါ့များကို မိခင်ဖြစ်သူဒေါ်
အုန်းမြင့်နှင့် ခင်ပွန်းဖြစ်သူတို့၏ သုတ်
သင်ရှင်းလင်းပေးနေရသည်။
“ကိုလှငွေကိုလှငွေ သမီးကိုကြည့်ပါဦ။
ရုတ်တရက်ကြားလိုက်ရသော
ဇနီးသည် ဒေါ်အုန်းမြင့်၏စကားသံ
ကြောင့် ဦးလှငွေ၏ အတွေးစပြတ်
တောက်သွားသည်။ ထိုအခါမှ သူ၏
အတွေးစကိုရပ်ကာ သမီးအနီးကိုတိုး
ကပ်ကာ ကြည့်လိုက်သည်။ မစန်းဌေး
နှုတ်ခမ်းကို ဖွင့်သည့် ဆိုရုံမျှဖွင့်ကာ
လှုပ်လှုပ်ရွရွ ပြောနေသည်။ အသံမှာထွက်မလာ။
“ဟဲ့ မောင်နိုင် – မင်းမိန်းမစကား
တွေ ပြောနေတယ်၊ ဘာတွေပြောနေ
သလဲ မသိဘူး။ ဒီကို မြန်မြန်လာနားထောင်စမ်းပါ
ဒေါ်အုန်းမြင့်၏ခေါ်လိုက်သံကြောင့်
မစန်းဌေးအနီးသို့ မောင်တင့်နိုင် ချက်
ချင်၊ထလကာ သုံးဦးသားခေါင်းချင်း
ဆိုင်လျက် မစန်းဌေးပြောသမျှကိုအာရုံ
စိုက်၍ နားထောင်နေကြသည်။ထိုခဏ
မစန်းဌေးတစ်ယောက် ပြန်၍ ငြိမ်သက်
သွားပြန်သည်။ မောင်တင့်နိုင်က ဦးလှ
ငွေနှင့် ဒေါ်အုန်းမြင့်ကို လက်တို့ခေါ်ယူ
ကာအခန်းပြင်သို့ ထွက်လိုက်သည်။
ဦးလှငွေနှင့် ဒေါ်အုန်းမြင့်မှာလည်း
မောင်တင် နိုင် လက်တို့ ခေါ်ယူရာနောက်သို့
လိုက်ပါသွားသည်။ “အဖေနဲ့အမေ
ကျွန်တော်သူ့ကိကြည့်ရတာအားမရဘူ။ ကျွန်တော်
သူ့ကိုဆေးရုံတင်လိုက်ချင်တယ်”
“ဟဲ့မောင်နိုင်-မင်းမိန်းမကဆေးရုံ
မတက်ချင်ဘူးလို့ပြောနေတဲ့ဟာကို”
“အို…အုန်းမြင့်ကလည်း သမီးက
ဘယ်လောက်ပဲဆေးရုံမတက်ချင်ပါဘူး
လို့ ပြောနေနေ မောင်နိုင်ပြောတာ ငါလက်ခံတယ်”
မောင်တင့်နိုင်၏စကားကို ဦးလှငွေ
က ဝင်ထောက်ခံလျက် မစန်းဌေး၏
အခြေအနေကိုကြည့်ကာ သုံးဦးသား
နားလည်မှုယူလိုက်ကြသည်။
မကြာမီ ကားစီစဉ်၍ ပစန်းဌေးနှင့်
အတူသုံးဦးသား ဆေးရုံသို့လိုက်ပါသွား
ကြသည်။ညသည် မှောင်မိုက်ခြင်းအတိ
ရှိနေသော်လည်း မစန်းဌေးတို့မိသားစု၏
လှုပ်ရှားမှုမှာ ပြေးလွှားလှုပ်ရှားလျက်ရှိနေသည်။
မစန်းဌေးဆေးရုံရှိအထူးကြပ်မတ်
ဆောင်အခန်းတွင်းသို့ ရောက်ရှိနေ
သည်မှာ နှစ်ရက်ရှိပြီးဖြစ်သည်။ ဆေးရုံ
ရှိဆရာဝန်ဆရာမများကမစန်းဌေးအား
ဂရုစိုက်ကာကုသပေ၊နေသော်လည်း
မစန်းဌေးမှာ လုံးဝ သတိမရသေးချေ။
သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းရှိနေသေး၍
သာ မစန်းဌေ၊အသက်ရှိနေသေးသည် ဟု သိရမည်။
သို့သော် ဆေးရုံခုတင် ပေါ်၌ မလှုပ်မယှက်ငြိမ်သက်လျက်ရှိ သည်။
မစန်းဌေး ခုတင်ဘေး၌ ခင်ပွန်း ဖြစ်သူ မောင်တင့်နိုင်က စိုးရိမ်ပူပန်စွာ
ဖြင့်ကြည့်နေသည်။မိခင်ဖြစ်သူ ဒေါ်အုန်း မြင့်ကတော့
သမီးဖြစ်အင်ကိုကြည့်ကာ တရှုံ့ကာ ငိုကြွေးလျက်ရှိ သည်။
တာဝန်ကျ ဆရာ၊ ဆရာမများစွာ မစန်းဌေးထံ
မကြာခဏလာရောက်စမ်းသပ် ကြည့်ရှုနေကြသည်။
မည်သို့ပင် စမ်း သပ်စစ်ဆေးနေကြသော်လည်း
မစန်းငွေ၊ကိုယ်ခန္ဓာမှာလှုပ်ရှားလာခြင်းမရှိ။
သို့သော် မစန်းဌေး၏စိတ်အစဉ်
မှာ ပေါ့ပါးလန်းဆန်းစွာ ပျံ့လွင့်လျက်ရှိ သည်။ ထိုစိတ်အစဉ်သည် ပိုင်ပေါင်၊
များစွာပြေးထွက်သွားရန် တာစူလျက်
ရှိသည်။ မကြာခင်မှာပင် ကိုယ်ခန္ဓာမှ
ရုတ်ခြည်း စထွက်လိုက်သည်။ ထိုခဏ
သူမရှေ့၌ အမေငိုနေသည်ကို တွေ့မြင်
ရသည်။အမေဘာကြောင့်ငိုနေသည်ကို
သိချင်စိတ်ဖြင့် သူမအမေကို ပေးလိုက်မိသည်။
“အမေ..အမေဘာဖြစ်လို့လဲဟင်၊
ဘာကြောင့် ငိုနေရတာလဲ”
သူမကအမေငိုနေသည်ကို သိချင်
စိတ်ဖြင့် မေးသော်လည်း အမေက
မကြားသကဲ့သို့ သူမကို ဘာမှပြန်မဖြေ၊
အမေရဲ့ ရှေ့တစ်ဖက်မှာလည်း သူမ၏
ခင်ပွန်းကိုတင့်နိုင် ရပ်နေသည်ကို သူမ
တွေ့ရသည်။ သူမ ဝမ်းသာအားရလှမ်း
ခေါ်လိုက်သည်။ “ကိုနိုင်ကိုနိုင်”
ကိုတင့်နိုင်ကလည်း သူမခေါ်နေသည်ကို
မကြားသကဲ့ သို့ ပြန်မထူး။
ကိုတင့်နိုင် စိုးရိမ်ကြောင့်ကြမှုအပြည့်နဲ့
ဘာကို ကြည့် နေပါလိမ့်၊ ကိုတင့်နိုင်
ကြည့်နေရာသို့ သူမ လိုက်ကြည့်လိုက်
သည်၊ ဟောဟိုမှာ သူမရတင်ပေါ်အိပ်
နေပါလာ။ ဘာတွေပါလိမ့်၊ သူမ နား
မလည်စွာ ကိုတင့်နိုင်ကိုတပ်မေ။လိုက်သည်။
“ကိုနိုင်-ဘာတွေဖြစ်နေကြတာလဲဟင်”
ကိုတင့်နိုင်ကလည်း မေးနေသည် ကို ကြားပုံမရ၊
မြင်ပုံလည်း မပေါ်။ ထို့ ကြောင့် သူမ မိခင်နှင့်
ခင်ပွန်းကို ထပ် ခေါ်လိုက်သည်။
“အမေ..အမေ..ကိုနိုင်…ကိုနိုင်” မိခင်ကြီးနှင့်
ခင်ပွန်းဖြစ်သူက သူမ ခေါ်နေသည်ကို ကြားပုံမရ၊
မြင်ပုံလည်း မပေါ်၊ သူမ စိတ်ညစ်သွားသည်။ သူမ
ထပ်မံ၍ စိတ်ရှိလက်ရှိ အော်ခေါ်လိုက်ပြန်သည်။
“အမေ..ကိုနိုင်”
သူမ ဘယ်လောက်ပင် အော်ခေါ်သော်လည်း
မိခင်ကြီးနှင့် ကိုတင့်နိုင်က
ကြားလည်း မကြား၊ ပြင်လည်းမမြင်၊
သူမဝမ်းနည်းကြေကွဲမိသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။
သူမအဖေကို သတိရ လိုက်သည်။ အဖေ ဘယ်မှာပါလိမ့်။
သည်နေရာကသူမတို့အိမ်မဟုတ်သည်
ကတော့ အမှန်ပင်ဖြစ်ပေလိမ့်မည်။
သူအိမ်ကိုပြန်မည့်အိမ်၌ အဖေရှိနေ လိမ့်မည်။
သူမအိမ်ကိုပြန်ခဲ့သည်၊ သူမထင်ထားသည်အတိုင်းပင်
အဖေက ထမင်းချိုင့်ကို လှမ်းယူလိုက်သည်။
သူမ ဝမ်းသာအားရအဖေကိုခေါ် ကာလက်ထဲမှ
ထမင်းချိုင့်ကို လှမ်းယူလိုက်သည်။
“အဖေ… အဖေ ထမင်းချိုင့်ကြီးနဲ့
ဘယ်သွားမလို့လဲဟင်၊ ထမင်းချိုင့်ကို သမီးပေးလေ။
သမီးလိုက်ပို့ပေးမယ်” သူမကအဖေကိုမေးပေးပြောပြော
နှင့် ထမင်းချိုင့်က လှုပ်ခါသွားသော
ကြောင့်အဖေကထမင်းချိုင့်ကို ငုံ့ကြည့်
နေသည်။ သူမမေးသည်ပြောသည်ကို
လည်း မြင်ပုံမရပေ။ သူမ ထိုအဖြစ်ကို
ဝမ်းနည်းကြေကွဲရသည်။သူမဒုက္ခလှလှ ကြီး ဖြစ်နေရသည်။
ထိုဒုက္ခအတွက် သူမစဉ်းစားလိုက်
တော့မှအမေ့ညီမဒေါ်ဗလးဒေါ်အုန်းတင့်
ကို သတိရလိုက်မိသည်။ သူမ ဒေါ်လ၊
ဒေါ်အုန်းတင့်ကို သတိရလိုက်သည်နှင့်
အိမ်သို့ရောက်သွားသည်။ ဒေါ်လေးဒေါ်
တစ်မဟုတ်ချင်းဒေါ်လေးဒေါ်အုံးတင့်၏
အုန်းတင့်တို့မိသားစု စကားဝိုင်းဖွဲ့ပြော
နေကြသည်ကို သူမ မြင်တွေ့ရသည်။
သူတို့မိသားစု ပြောဆိုနေကြသော
စကားသံများကိုလည်း အတိုင်းသားကြားနေရသည်။
“စန်းဌေးတစ်ယောက် ဝေးရုံမှာ သတိလစ်နေတာ
နှစ်ရက်ရှိသွားပြီ၊ ရှင် ဖို့ထက် သေဖို့ကများတယ်လို့
ပြောတယ်၊ငါ့တူမလေးသနားပါတယ်။လိမ္မာ
တဲ့ကလေးမှ ရှင်သေမင်းကစောစောစီးစီးခေါ်
တော့မှာလား…ဟင့်..ဟင့်” ဒေါ်လေးဒေါအုန်းတင့်
ကပြောရင်း ငိုနေသည်။ကြားရသည့်စကားအားလုံး
မှာ သူမအတွက်အံ့ဩစရာကြီးဖြစ်နေ သည်။
သူမကို အားလုံးကသေလှဟုသဘောထား
နေကြသည်ကို သူမ စိတ် မကောင်းဖြစ်ရသည်။
သူမ ဘာမှမဖြစ်
ပါ။ ထို့ကြောင့် သူမကို မြင်တွေ့စေရန်
ဒေါ်လေးဒေါ်အုန်းတင့်အနီးသို့ အပြေ၊
အလွှားသွားလိုက်သည်။ ထိုစဉ်သူမ ခုံ
တစ်လုံးနှင့် ဝင်တိုက်မိရက်သားဖြစ်သွားသည်။
“ဝုန်း”
“ဟဲ့- ဘာဖြစ်ပါလိမ့်၊စုံကသူ့အလို
အလျှောက်လဲကျသွားတယ်။ မဟုတ်မှ
လွဲရောစန်းဌေးများရောက်လာသလားမသိဘူး”
ဒေါ်လေးတို့မိသားစုကထိတ်လန့်
တုန်လှုပ်စွာ သူမရှိရာဘက်ကို လှမ်း
ကြည့်ပြီး ပြောနေသော်လည်း သူမကို
မြင်တွေ့ပုံမရ။လဲကျသွားသည့်ပုံကိုသာ
ပြန်ထောင်၍ထိတ်လန့်သောမျက်လုံး
တို့ဖြင့်ဟိုဒီကြည့်ကာနေကြသည်။ သူမ
မှာဝမ်းနည်းအားငယ်ကာ ကြေကွဲမဆုံး
ဖြစ်ရသည်။ထို့ကြောင့်ဒေါ်လေးဒေါ်အုန်း
တင့်အိမ်မှသူမပြေးထွက်ခဲ့သည်။
သူ့စိတ်အစဉ်သည် လေမုန်တိုင်း နှင့်ယှဉ်၍
ပါနေသကဲ့သို့အလွန်လျင်မြန်
စွာပြေးလွှားနေမိသည်။တဟီးဟီးတဟဲ
ဟဲနှင့် လွင်တီးခေါင်ကြီးကိုလည်း ဖြတ် ကျော်ရသည်။
နိမ့်ချည်မြင့်ချည်ရှိနေသောတောင်စဉ်
တောင်တန်းတို့ကို လည်းဖြတ်ကျော်နေရသည်။
သူမမောပန်းစပြုလာသည်။အနား
ယူချင်စိတ်ဖြစ်ပေါ်သည်။ တစ်ခဏမှာ
ပင်ညောင်ပင်ကြီးတစ်ပင်အောက် ရုတ်
ခြည်း သူမ ရောက်သွားသည်၊ သူ့တစ်
ကိုယ်လုံးတုန်ယင်နေသည်။ မောပန်း
လွန်းသဖြင့်အားအင်ကုန်ခန်းကာမလှုပ်
ရှားချင်တော့လောက်အောင် နွမ်းနယ်နေသည်။
ထိုစဉ် ဝတ်ဖြူဝင်ကြယ်ဖြင့် အဘ
တစ်ဦး သူမအနီးသို့ရောက်လာသည်။
ထိုအဘမှ သူမအား အသေအချာငုံ့
ကြည့်၍ သူမအား ဆေးလုံးလေးတစ်လုံးလှမ်းကာ
“သမီး-အရမ်းမောလား၊ ရော့
ဒီဆေးလုံးလေးကိုမျိုချလိုက်”
သူမ ဘာမျှ ပြန်မပြောမိ၊ ထိုအဘ
စေခိုင်းသည့်အတိုင်းထိုအဘဆီမှဝေး
လုံးလေးကို လှမ်းယူ၍ ပါးစပ်တွင်၊သို့
ပစ်ထည့်ကာ မျိုချလိုက်သည်။ သူမ
ဆေးမျိုချပြီးသည်နှင့် ထိုအဘက
“သမီး အမောပြေသွားပြီလား”ဟု
ပေးသောကြောင့်အမောဖြေသွားပြီဖြစ်
ကြောင်းကို သူမ ခေါင်းညိတ်အဖြေပေ;မိသည်။
ဟုတ်ပါသည်။ ထိုအဘပေ;
သောဆေးလုံးကိုသောက်ပြီးမှပင် သူမ
အမောများပြေကာလန်းဆန်းတက်ကြွ
လာသည်။ ထို့အတူ သူမ အဖေ၊ အမေ၊
ခင်ပွန်။ ဒေါ်လေးတို့ကတစ်ယောက်မှ
မမြင်မတွေ့ကြ။ သူတို့အားလုံးကို သူမ
ခေါ်သော်လည်း ကြားခြင်း မရှိကြ၊
ထိုအဘကတော့သူမကိုမြင်တွေ့သည်။
ပြောသည်၊ ဘယ်လိုများပါလိမ့်၊ သူမ
ဆေးလုံးပင်တိုက်သေးသည်။စကားလုံး
စဉ်းစားမရဖြစ်နေစဉ်-
“သမိး ဒိကို ရောက် မလာခင်
ကုသိုလ်ကောင်းမှုတွေ ဘာတွေလုပ်ခဲ့သလဲ”
ထိုအဘအပေးစကားကို သူမ ရုတ်တရက်
ပြန်မဖြေနိုင်။ အတန်ကြာ
စဉ်းစားပြီးမှဖြည်းလေးစွာပြန်ဖြေလိုက်သည်။
“အဘရယ် သမီ၊က အသက်ငယ်သေးတာမို့
ကြီးကျယ်တဲ့ ကုသိုလ် ကောင်းမှုတော့
မပြနိုင်ခဲ့သေးပါဘူး” “ဒါဆိုရင် ရတနာသုံးပါးကိုရော ဆည်ကပ်ရဲ့လား။
မိဘနစ်ပါးကိုရော အလုပ်အကျွေးမပြုနိုင်ခဲ့သေးပါဘူး”
“ဒါဆိုရင် ရတနာသုံးပါးကိုရော ဆည်းကပ်ရဲ့လား။
မိဘနစ်ပါးကိုရော အလုပ်အကျွေးပြုခဲ့ရဲ့လား”
“အဘရယ်သမီးရဲ့မိဘတွေက မိအို
အိုဖြစ်နေကြပြီမို့ဘာကိုမှမည်မည်ရရ
မလုပ်နိုင်ကြတော့ပါဘူး။ သမီးကပဲ
အလုပ်အကျွေးပြုနေတာပါ။ ရတနာ
သုံးပါးကိုတော့ အိပ်ရာဝင်
အိပ်ရာထအမြဲဆည်းကပ်ပါတယ်အဘ”
“ဒါဆိုရင် ရတနာသုံးပါးကိုရော
ဆည်းကပ်ရဲ့လား။ မိဘနှစ်ပါးကိုရော
အလုပ်အကျွေးပြုခဲ့ရဲ့လာ”
“အဘရယ် သမီးရဲ့ မိဘတွေက
မိအိုဗအိုဖြစ်နေကြပြီမို့ ဘာကိုမှ မည်
မည်ရရ မလုပ်နိုင်ကြတော့ပါဘူး။ သမီး
ကပဲအလုပ်အကျွေးပြုနေတာပါ၊
ရတနာသုံးပါးကိုတော့ အိပ်ရာဝင်
အိပ်ရာထအမြဲဆည်းကပ်ပါတယ်အဘ”
“ဒါဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရှင်
ဟောကြားခဲ့တဲ့တရားတော်တွေ၊
သုတ် တော်တွေ့ကိုရော ရွတ်ဆိုပွားများသလား”
“သမီးက နှစ်ဆယ့်လေးပစ္စည်း
ပဋ္ဌာန်းဒေသနာကို နေ့စဉ်အာစိဏ္ဏကံ
ကုသိုလ်အဖြစ် ရွတ်ဆိုဖြစ်ပါတယ်
“အေ၊ကွယ် – ကောင်းလေစွ၊
ကောင်းလေစွ၊ သမီက ရတနာမြတ်
သုံးပါးကိုလည်း ရိုသေကိုင်းရှိုင်းတယ်၊
မိဘနှစ်ပါးကိုလည်း အလုပ်အကျွေးပြု
နေသူဆိုတော့ငါ့သမီး ဘေးမသီရန်မခ
ကျန်းမာခြင်းနဲ့ ပြည့်စုံအောင်အဘက
ကူညီစောင့်ရှောက်ရပေဦးမှာပေါ့။ ကဲ
ကဲ- ရတနာမြတ်သုံးပါးကို အာရုံပြုပြီး
သမီးရွတ်နေကျ နှစ်ဆယ့်လေးပစ္စည်း ကိုသာ
ရွတ်ဆိုနေပေတော့” ထိုအဘညွှန်ကြားသည့်အတိုင်းသူမ
ရတနာမြတ်သုံးပါးကိုအာရုံပြုကာ နှစ်ဆယ့်လေးပစ္စည်း
ပဋ္ဌာန်းဒေသနာ တော်မြတ်ကိုရွတ်ဆိုပွားများနေမိသည်။
ထိုခဏ သူမ၏ပခုံးကို တွန်းလွှတ်လိုက်
သကဲ့သို့ ခံစားလိုက်ရသည်နှင့် သူမ၏
စိတ်အစဉ်မှာ ဆေးရုံခုတင်ပေါ်၌ လှဲ
အိပ်နေသည့် ခန္ဓာကိုယ်အနီးသို့ ပြန်
လည်ရောက်ရှိလာကာ သူမ၏စိတ်မှာ
ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်မိရက်သား
ဖြစ်သွားသည်။
“ဟော… သမီးလေးလှုပ်လာ တယ်၊
သမီးလေးလှုပ်နေတာ၊ကိုလှငွေ
ကျွန်မသမီ။လေးကိုကြည့်ပါဦး”
“ဟုတ်တယ်-သမီးသတိရလာပြီ။
ဟောမျက်လုံးလေးပွင့်လာပြီ” “အဌေး-အဌေး
သတိရလာပြီ နော်။ အဖေရော အမေရောကိုနိုင်ပါ
ဘေးမှာရှိတယ်၊ ဘာလဲ အဌေး –
ရေ သောက်ချင်တယ်ဟုတ်လား၊
ကိုနိုင် တိုက်မယ်နော် ပါးစပ်ဟထားပေးနော်”
မစန်းဌေးနားထဲမှာအသံတွေက
ဆူညံစွာအတိုင်းသားကြားနေရသည်။
ယူဖွင့်ကြည့်လိုက်သည်။ အစပထမ
ထို့ကြောင့် မစန်းဌေးမျက်လုံးကို အား
သူမ၏အမြင်အာရုံမှာ မှုန်ဝါးဝါးဖြစ်နေ
ပြီးနောက် တဖြည်းဖြည်း ကြည်လင် လာသည်။
ရုပ်သဏ္ဌာန်များကိုထင်ရှား စွာတွေ့မြင်ရပြီးဖြစ်သည်။
အ အဝအမေ ပြီးတော့ ခင်ပွန်းဖြစ်သူကို သူ့ဘေးမှာ
မတ်တတ်ရပ်၍ သူ့အား ကြည့်နေကြသည်။
ခင်ပွန်းဖြစ်သူ ကိုတင့်နိုင်ကရေ
တစ်ခွက်ကိုလက်တစ်ဖက်မှကိုင်လျက်
တစ်ဖက်က လက်ဖက်ရည်ဇွန်းတစ်
ချောင်းကိုင်ကာ သူ၏နှုတ်ခမ်းဝ၌
တေ့လျက်ရေစက်များလောင်းချပေးနေ
သည်။ သူ၏ပါးစပ်အတွင်းကျလာသည့်
ရေစက်တို့ကို သူ့ရင်တွင်းသို့ မျိုချလိုက်
သည်။ ချက်ချင်၊ဆို သလို သူ့ခန္ဓာ
ကိုယ်မှာအားအင်ပြည့်ဖြိုးလာသည့်နယ်
သူမ ခံစားလိုက်ရသည်။ထို့ကြောင့် သူ
လှဲအိပ်နေရာမှထထိုင်ရန်အားယူလိုက်
သည်။ သူမ၏အပြုအမှုကြောင့် အဖေ၊
အမေနှင့် ခင်ပွန်းဖြစ်သူတို့ကအံ့ဩ
ကြောက်ရွံ့စွာ သူ့ခန္ဓာကိုယ်အား ဖေးမ
ကိုင်တွယ်ရင်းမှ –
“သမီး…သမီ၊ ဗြုန်းစားကြီးမထနဲ့
လေ၊မူးလဲသွားမှာပေါ့”
“ဟုတ်တယ်အဌေ။ အဌေးနေ
မကောင်၊နေတာတစ်လကျော်ပြီလေ၊
သတိလစ်သွားတာတောင် နှစ်ရက်ရှိပြီ
“သမီး ဘာမှမဖြစ်တော့ပါဘူး။
နေကောင်းသွားပါပြီ၊ ဘာမှ မပိုးရိမ် ကြပါနဲ့တော့”
“မစန်းဌေး စကားပြောသံကလူ
မမာလေသံမဟုတ်၊ လူကောင်းပကတိ
တစ်ယောက်၏ ကြည်လင်သည့်စကာ၊
ပြောသံမျိုးဖြစ်၍ အားလုံးက မယုံရဲ
ယုံရဲဖြစ်ကာ သူမကို ငေးကြောင်ကြည့်နေကြသဖြင့်
“တကယ်ပြောတာပါ သမီးနေ ကောင်းသွားပါပြီ။
သမီး ဗိုက်ထဲမှာ ဆာ နေတယ်။ သမီး တစ်ခုခု
စားချင်တယ်” မစန်းဌေးထပ်ပြောနေသည့်တိုင်
အားလုံးက လှုပ်လှုပ်ရှားရှားမရှိ၊ တစ်
ယောက်မျက်နှာတစ်ယောက် ကြည်
လျက် ခေါင်းချင်းဆိုင် တီးတိုးပြောနေကြသည်။
“သူပြောတာ ဟုတ်ရဲ့လားကိုလှ
ငွေ၊ အမှောင့်ပယောဂများဝင်နေသလားလို့”
“သူ့ကြည့်ရတာအမှောင့်ပယောဂဝင်တာတော့
မဖြစ်နိုင်ပါဘူးအမေရယ်၊ သူ တကယ်နေကောင်းလာတာပဲဖြစ်မယ်
“ကဲ – ကဲ ဘာပဲဖြစ်ဖြစ်- တို့ထက် ဆရာဝန်ကပို့နားလည်တယ်၊
အဲဒီတော့ မင်းက စာရာဝန်ကို သွားခေါ်လိုက်ပါ၊ လူနာသတိရလာပြီလို့”
ဖခင်ဖြစ်သူ၏စကားကြောင့်မစန်း ဌေး၏ခင်ပွန်း
ကိုတင့်နိုင်က နေရာမှချက်ချင်းထွက်သွားသည်။မကြာမီ
ဆရာဝန်တစ်ဦးနှင့်အတူ ပြန်ရောက် လာသည်။
ဆရာဝန်က မစန်းဌေးကို စမ်းသပ်စစ်ဆေးကြည့်သည်။
“အင်၊ သူ့အခြေအနေက တော် တော်လေးကို
ကောင်းလာတာပဲ၊ သူ စားချင်တာ ကျွေးလို့ရပါပြီ”
ဆရာဝန်က မစန်းဌေးကို စမ်းသပ် စစ်ဆေး၍
ညွှန်ကြားပြောဆိုကာ ပြန် လည်ထွက်သွားသည်။
ထိုအခါမှ မိဘများနှင့် ခင်ပွန်းသည်တို့မှာဝမ်းသာအား
ရရွှင်ရွှင်ပြုံးပြုံးဖြစ်သွားကြသည်။ မစန်း
ဌေးစားချင်သောအစားအစာများကို ဝယ်ကျွေးကြသည်။
မစန်းဌေးမှာလူမမာတစ်ယောက် ကဲ့သို့
မဟုတ်တော့ဘဲလူကောင်းတစ် ယောက်ပမာ
အစားအစာများကို အား ပါးတရ စားသောက်ကာ
စကားများကိုပြုံးပြုံးရွှင်ရွှင်ပြောနိုင်လာသည်။
ထိုအချိန်ထိ မစန်းဌေး၏မိဘနှစ်ပါးက
မစန်းဌေးကို မယုံမရဲရှိနေကြသည်။
မစန်းဌေးက အစားအစာများ စား
သောက်ပြီးပြီးသောအခါ သူ တွေ့ကြုံ
ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံတို့ကို ပြန်
လည်ပြောပြလှေ သူ့ကို စိတ်ချလက်ချ ယုံကြည်သွားကြသည်။
မစန်းဌေးမှာ ထိုအချိန်မှစ၍ တစ်လကျော်ခံစားခဲ့ရသော
ရောဂါဝေဒနာ တို့ကယူပစ်လိုက်သကဲ့သို့ သက်သာ
သွားခဲ့လေသည်။ မစန်းဌေး ဆေးရုံ၌
နောက်သုံးရက်ထက်နေပြီ၊ ဆေးရုံမှ ပြန်ဆင်းခဲ့သည်။
ယခင်က ကမ္မဋ္ဌာန်းရုပ်ပေါက်၍
လမ်းမလျှောက်နိုင်ဖြစ်ခဲ့သောမစန်းဌေး
၏ နာတာရှည်ရောဂါဝေဒနာမှာ ပြော
မယုံနိုင်လောက်အောင်ပင် ဘယ်သို့
လွင့်စဉ်ပျောက်ကွယ်သွားသည်မှာသူမ
ကိုယ်တိုင်ပင်ဝေဝါးနေမိသည်။
သို့သော် သူမမှာ အာစိဏ္ဏကံ ကုသိုလ်အဖြစ်
နှစ်ဆယ့်လေးပစ္စည်း ပဋ္ဌာန်းဒေသနာတော်မြတ်ကို
အမြဲ ရွတ်ဆိုပွားများနေသူဖြစ်သဖြင့် ပိတ်ဖြူ
စင်ကြယ်နှင့် သူတော်စင်အဘကြီးမှ
သူမအာ၊ ဆေ။တစ်ခွက်တိုက်ကာ မိမိ
နေရာဌာနသို့ ပြန်လွှတ်ပေးလိုက်သည့်
အဖြစ်အပျက်ကို မစန်းဌေးရင်ထဲတွင်
စွဲမြဲစွာမှတ်မိနေသည်ဖြစ်သောကြောင့်
မိမိ၏ဘဝတစ်သက်တာအတွက် မေ့ ပျောက်၍ ရတော့မည်မဟုတ်ပါချေ။