ထွက်ရမဲ့ ပုံဗျ ဘကြီး ဇတ်လမ်းလေး ကျုပ်တို့ကို ပြောပြပါလား “ “အေး ငါပြောပြမယ် ဒီဇတ် လမ်းမှာ မင်းနောင်က မင်းသားကွ သူက သူရင်းငှား ဖိုးထွေးက သူဌေးသားလူကြမ်း သူက မင်းနောင် ရဲ့ ကောင်မလေးကို တဖက်သက်ကြိုက်ပြီး အမြဲ ဆွဲလားရမ်းလား လုပ်နေတာကွ သာရက မင်းနောင်ရဲ့ သူငယ်ချင်း သူက မင်းနောင်ကို အမြဲတန်း ကူညီနေတဲ့ ကောင်ကွ လူကြမ်း ဖိုးထွေး ရဲ့ အဖေက မြကြီး မြကြီးကလည်း ...
တာတွေကို ကြားလိုက်ရသည်။ “ဟေ့ကောင် အနိစ္စ ရွာထဲကလူတွေက ငါ့အကြောင်းတော့ တော်တော်ပြောတယ်ကွသိလား ဘယ်သူဖြစ်ဖြစ် ဪ ဒုက္ခဒုက္ခ နဲ့နေတယ်” “အဲ့ဒါ မင်းအကြောင်းပြောနေတာ မဟုတ်ဘူးကွ သူတို့ဒုက္ခရောက်နေလို့ ညည်းနေကြတာ” “ဟုတ်လောက်ပါဘူးကွ ငါ့ကိုခင်လို့မင်လို့ ငါ့နာမည်ကို တမ်းတနေတာဖြစ်မှာပါ” “ဒုက္ခကိုခင်စရာလားကွ ဒုက္ခေရာင်တယ်ဆိုတာမင်းမသိဘူးလား” “သိတယ်လေကွာ ဒုက္ခဆိုတာငါပဲလေ ဒုက္ခရောက်တယ်ဆိုတာ ငါရောက်တာကိုပြောတာ” “ဟာကွာ မင်းကိုရှင်းပြရတာလဲ ဒုက္ခပဲ” “အမယ် မင်းေရာပါငါ့နာမည်ကို တမ်းတလို့ပါလား ဒါကြောင့်ပြောတာပေါ့ကွာ ရွာထဲကလူတွေက ငါ့ကိုခင်မင်ကြပါတယ်ဆို” ဒုက္ခ ထိုသို့ပြောလိုက်ချိန် ကျောင်းပေါ်ကဆင်းလာသော ကပ္ပိယကြီး ဦးသင်္ခါရက ...
လူးလိမ့်ပြီး သွေးပွက်ပွက်အန်ကာ သေသည်။ ဘာဆေးမှ ကုချိန်မရှိ။ သွေးပွက်ပွက်အန်ကာ၊ လူးလှိမ့်ရင်း ဆန့်ငင် ဆန့်ငင် ဖြစ်ကာ၊ သေသွားသူကို ကြည့်ရင်းမှ ရှေးလူကြီးသူမများ၏ စကားကို ငတော ပိုသဘောပေါက်သည်။ အချို့မြွေက ဆေးမမီ။ အချို့မြွေက ကုသခွင့်မပေး။ အချို့ မြွေက ဆေးမီသည်။ အချို့မြွေက ကုသခွင့်ပေးသည်။ သည်အချက်ကို လက်တွေ့မျက်မြင် ငတော သင်ခန်းစာ ရခဲ့၏။ သင်ခန်းစာရခဲ့သောကြောင့် ငတော မြွေမဖမ်းဘဲ နေခဲ့သလား၊ နေမရပါ။ မြွေဖမ်းသမားဟူသည် ကြာကြာဝါးမှ ခါးမှန်းသိလာသူ မဟုတ်။ ခါးမှန်းသိပါလျက်နှင့် ...
။ အားလုံးပေါင်းမှ ဆယ်လုံးထဲရယ်။ အဲဒီ စကားဆယ်လုံးရဲ့ အဓိပ္ပာယ်ကို ဖွင့်ကြစို့ဟေ့ ဆိုရင် ဆယ်ညပြောလို့ အဓိပ္ပာယ်ပြည့်စုံမတဲ့လား။ ဆယ်လပြောလို့ကော ပြောစရာ ကုန်ပြီဘဝ ရောက်မတဲ့လား။ ဆယ်နှစ်ပြောလို့ကော ပြီးပြည့်စုံပြီလို့ သတ်မှတ်နိုင်ပါ့မလား။ ဘယ်ပြည့်စုံပါ့မလဲ ဆရာဝမ်းရယ်။ ပြည့်စုံတယ်လို့ ဘယ်သတ်မှတ်ရမလဲ။ အိမ်ထောင်တစ်ခုလုံးရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှဟာ အိမ်ထောင်ဦးစီးမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော၊ တာဝန်ရှိနေတာပဲ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုတာ ပုံသေကားချပ် တရားသေနည်းနဲ့ ဇယားချထားလို့ ရတာလည်း မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ...
ကောင်က အခု မိန်းမကိစ္စမေးနေလို့…’ ပုလုံးစကားကြောင့် ဘိုကျော် ပြုံးသွားတယ်။ ‘ အေး…ငါလည်း ထူးဆန်းနေလို့ကွာ…’ ‘ ထူးဆန်းမနေနဲ့မောင်။ ဒီမိန်းကလေးရဲ့ အကြောင်း ငါသိသလောက်ကတော့ ကောင်းရာထက် ဆိုးရာများတယ်ဟ…’ ‘ ဟေ…ဘယ်လိုများတုန်း…’ ‘ ဘယ်လိုရမတုန်း။ ငါ ကြားမိတာမှာ ဒီကောင်မလေးက ဝမ်းတွင်းစုန်းဆိုပဲ။ အရီးသောင်းဆီကို ရောက်လာတာမှာ သူ့ရွာက မောင်းထုတ်လိုက်လို့တဲ့ကွာ…’ ‘ ဟာ…ဟုတ်ပါ့မလားကွာ…’ ‘ ဟုတ်တာမဟုတ်တာတော့ ငါမသိဘူးကွာ။ ဒါပေမယ့် ဒါက လူတိုင်းပြောနေတာကွ။ သူနာမည်ကတော့ အေးမူလို့ ငါသိထားတယ်…’ ‘ ...
အငွေ့တထောင်းထောင်းနှင့် ထမင်းဝိုင်းက ဟင်းခွက်တွေ စုံလှသည်။ တောဝက်သားကို အချဉ်ချက်ထားသည့် ဟင်းနံ့က မောင်ငြိမ်းပါးစပ်တွင်း၌ သွားရည်တွေ ပြည့်လာစေသည်။ ဆတ်သားခြောက် မီးဖုတ်ဆီဆမ်း တစ်ဇလုံကြီးကို ကြည့်ရင်း မောင်ငြိမ်း ပါးစပ်ပြင်လိုက်မိသည်။ ချေသားခြောက်ကိုတော့ ငရုတ်သီးစပ်စပ်နှင့် ကြော်ထားသည်။ မရမ်းသီးစိမ်း ငါးပိထောင်း၊ ဗူးရွက်ဟင်းချို၊ နောက် ဘာရယ်မသိ ကြက်သွန်နိုင်နိုင်နှင့် ထောင်းကြော်ထားသော အသားဟင်းတစ်ခွက်။ ငါးရံ့ခြောက်ကို ပြုတ်ပြီး ထောင်းကြော်ထားပုံရသည်။ မောင်ငြိမ်းနှင့် အဖော်တို့ ထမင်း စလွေးတော့သည်။ မစားဖူးသည့် တောဝက်သားဟင်းကို နှစ်ယောက်သား အငန်းမရ စားကြ၏။ နောက် ...
လိုက်ကြသည်။ “ဆရာကြီးတို့ ဒီကနေ ရွာကို နာရီဝက်သာသာလောက် လမ်းလျှောက်ဝင်ရမယ်ကွဲ့ …လှည်းကြုံတွေ့ရင်တော့ ခြေညောင်းသက်တာပါပေါ့ ” “ခရီးဆောင် ဝန်စည်စလယ် များများစားစား ပါတာမှ မဟုတ်ဘဲ ကျနော်တို့ ကားစီးလာတာ အညောင်းပြေ လမ်းလျှောက်လိုက်ရင် အကြောအချင်ပြေသွားမှာ” “ကဲ ဒါဖြင့်လည်း ဖြည်းဖြည်းလျှောက်သွားကြတာပေါ့ ” သို့ဖြင့် ရွာသို့ သွားသည့် လှည်းလမ်းအတိုင်း လျှောက်ခဲ့ကြသည်။ လမ်းက ဂဝံမြေအမျိုးအစား ဖြစ်သည်။ မကြာခင်မှာပင် ရွာထဲသို့ ရောက်လာခဲ့သည်။ ဆရာတပည့်နှစ်ယောက် ခြေတံရှည်အိမ်တစ်အိမ်အရောက် ရပ်လိုက်သည်။ “ကဲ …ဆရာကြီးတို့ သည်အိမ်မှာ ...
၊ ဒီမှာ ယောလေးက စကားစလာပါတယ်။ “ဟေ့ကောင်ရဲလေး၊ မင်းသရဲမကြောက်တတ်ဘူးမဟုတ်လား” “မကြောက်တတ်ပါဘူးဗျာ” ကျုပ်က လူတစ်မျိုးဗျ၊ သရဲကိုကြောက်တော့မကြောက်ဘူး၊ ဒါပေမယ့် သရဲကဗြုန်းစားကြီး ဝုန်းခနဲပေါ်လာမှာတို့ လန့်သွားမှာကိုပဲကြောက်တယ်၊ သရဲမှန်းသိရင်တော့ မကြောက်ပါဘူး၊ ဒါကြောင့်လည်း သုဿန်ကျောင်းကို သရဲလာခြောက်တော့ကျုပ်တစ်ယောက်တည်း သရဲကိုထရိုက်ခဲ့တာပေါ့၊ အဲဒီအချိန်က လူငယ်ဆိုတော့လည်း စိတ်ကကြွနေတာလည်းပါတယ်၊ သရဲဆို လုံးဝကိုမကြောက်ဘူး၊ စိန်ခေါ်ချင်တဲ့စိတ်ကလေးလဲရှိတာပေါ့ဗျာ။ “ဆေးရုံဆိုတာ ပရလောကသားတွေအများကြီးရှိတဲ့နေရာကွ၊ ပြီးတော့ ဒီဆေးရုံပေါ်မှာ သေသွားတဲ့လူတွေကလည်းမနည်းဘူးဆိုပဲ၊ သူများပြောတာကတော့ ဒီမြစ်ကြီးနားဆေးရုံက သရဲသိပ်ခြောက်တယ်ဆိုပဲကွာ၊ အဆိုးဆုံးကတော့ ရင်ခွဲရုံနားမှာပဲတဲ့ကွ” ကျုပ်ကပြုံးလိုက်ရင်း “ကိုယောလေး၊ ခင်ဗျားက ကျုပ်ကိုကြောက်တတ်တယ်ထင်ပြီး ...
ပြောလိုက်ခြင်းကြောင့်။ “…နေပါဦးကွ…ဒီလိုတောကြီးမျက်မည်းထဲမှာ…. ….မိန်းကလေးတစ်ယောက်ထဲ…..ရှိနေတာ…ငါတော့.. ….သိပ်မသင်္ကာဘူးကွ….” “….ဟာ….ဦးလေးရယ်….မိန်းကလေးတစ်ယောက်….. ….ဒုက္ခရောက်နေတာကို….ကူညီကောင်းပါတယ်ဗျ…. …ဖြစ်ချင်တာဖြစ်….လာပါဗျာ….သွားကြည့်ရအောင်” ကျွန်တော် ဦးသက္ကကို စောင့်မနေပဲ အရှေ့ကနေ လဲကြနေသော အမျိုးသမီးထံသို့ ခပ်မြန်မြန်သွား လိုက်တော့ အနောက်မှ ဦးသက္က လိုက်ပါလာလေ သည်။ “…ဒီ….ဒီမှာဗျ….ဘာဖြစ်လို့လဲဟင်….” ကျွန်တော် မေးလိုက်တော့ ထိုမိန်းကလေး ကျွန်တော် ကို မော့ကြည့်လာသည် ဆံပင်များသည် ခြေသလုံး အထိရောက်အောင် ရှည်လျားပြီး နက်မောင် သန်စွမ်းလှသည် အသားညိုညိုနှင့် ခန္ဓာကိုယ် အနေအထားက တောင့်တောင့်ပင် မျက်လုံးလေးများ ဝိုင်းစက်လျှက် မျက်တောင်လေးများ ကော့စင်းနေ ...
မျက်စောင်းထိုးကြည့်ရင်း “မတူဘူးကွသာလှရဲ့…အရာရာကိုလျော့တွက်လို့မရဘူး….အဲ့ဒီထဲမှာဒေါ်ဖွားဆင့်လည်းပါတာပေါ့…..သူ့မှာဘယ်လိုအကောင်တွေရှိမယ်မရှိဘူးဆိုတာငါတို့ကသိနိုင်တာမဟုတ်ဘူး…သူရဲ့ဆင့်ခေါ်အကောင်တွေကိုအာရုံရောက်နေချိန်ဒေါ်ဖွားဆင့်ရဲ့ပညာကိုကာဖို့ကျတော့မလွယ်တော့ဘူးကွ ဒီတော့ဆင့်ခေါ်ကောင်တွေကိုထိန်းထားနိုင်တဲ့တစ်ယောက်ယောက်ရှိမှဒီပွဲကိုနိုင်မှာ” “ဒါဆိုလည်းရှာကြည့်အုံးပေါ့ဗျာကျုပ်ပါကူရှာပေးပါ့မယ်” “ရှာတာပေါ့သာလှရာ…လွန်းနီနဲ့ငါလည်းအငြိမ်မနေရသေးဘူးကွ ေမှာ်ကြိုးနဲ့ဆက်သွယ်ကြည့်သလိုစိတ်အာရုံနဲ့လည်းရှာခဲ့ပီးပီ ဒါပေမယ့်မတွေ့ပါဘူးကွာ” “ဘာမှစိတ်ဓာတ်မကျပါနဲ့ဉီးလေးငွေပုရာ အချိန်တန်ရင်တော့ဒီမကောင်းတာတွေကိုကျော်လွှားသွားနိုင်မှာပါ” “အေးကွာအဲ့့လိုပဲတွေးရတာပေါ့” ကျုပ်နဲ့ဉီးလေးငွေပုစကားပြောနေချိန် စကားစပြက်သွားတဲ့ဉီးကြီးမောင်ကလည်း စကားစပြက်သွားပြီးကတည်းကတွေးတောနေတာကျုပ်တို့စကားရပ်မှပဲ စကားဝင်ပြောတာပေါ့ “ငါဒေါ်ဖွားဆင့်ရဲ့ပညာကိုအာရုံခံကြည့်နေတာကွသူ့ရဲ့အောက်ပညာတွေမှာအများဆုံးတွေ့ရသလောက်တော့အတောင်ပံနဲ့အကောင်တွေပဲငါ့မှော်ကလည်းဒီလိုနယ်ပယ်မှာအားနည်းတော့ဘာကောင်ရယ်လို့တော့မပြောတတ်ဘူး” ဉီးကြီးမောင်ပြောလာတော့လည်း ဉီးလေးငွေပုဘက်ကအကြည့်ကိုလည်းဉီကြီးမောင်ထံလွှဲလိုက်ရင်း “ဒါဆိုရင်ငှက်တို့လင်းယုန်တု့ိလိုအကောင်တွေဖြစ်ရမယ်” “မသိပါဘူးသာလှရာနောက်အပတ်ဆိုရင်တော့ငါတို့လည်းပြိုင်ရတော့မှာဟိုရောက်တော့မှမီးစင်ရေစင်ကြည့်ကတာပေါ့” “ဉီးကြီးမောင်မပေါ့နဲ့ဗျဒီတစ်ခါပြိုင်ရမှာကအသက်နဲ့လောင်းကြေးထပ်ရမှာတစ်ခုခုမှားတာနဲ့ပေးဆပ်ရမှာကများတယ်နော်” “ငါသိပါတယ်သာလှရာအများအတွက်ငါ့ အသက်ပေးခဲ့ရတာတောင်တန်ပါတယ်ကဲကဲငါလည်းရွာထဲလျှောက်လိုက်အုံးမယ်” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့ခြံထဲကလည်းထွက်သွားတာပေါ့ ဒီတော့လည်းကျုပ်နဲ့ ဉီးလေးငွေပုပဲကျန်ခဲ့တာပေါ့ “ဉီးလေးငွေပု…ဒေါ်ဖွားဆင့်နဲ့တိုက်ဖို့အတွက်ကျုပ်ဘာတွေပြင်ဆင်ထားရမလည်း” “သဲလက်တစ်ဆုပ် ကိုနေလှန်းပြီးမီးဖုတ်ထားဖို့လိုတယ်ကွ ငါကြားဖူးတာကတော့အောက်မိစ္ဆာတွေကသဲပူကိုကြောက်ကြတယ်တဲ့” “ဒါဆိုလည်းကျုပ်သဲပူလုပ်ထားလိုက်မယ်လေဗျာ” “အေးကွာလုပ်ထာတော့လည်းပိုကောင်းတာပေါ့သဲရမယ့်နေရာကိုတော့စိုင်းလောင်တို့ကိုရှာမေးပေါ့ကွာ” ဉီးလေးငွေပုကလည်း လိုရင်းသာပြောပြီးအိမ်ပေါ်တက်သွားတာပေါ့ ကျုပ်ကလည်း သဲပူလုပ်ရန်သဲလိုတာကြောင့်လည်း စိုင်းလောင်တို့ကိုရှာရတာပေါ့ ရွာထဲဟိုဟိုိဒီဒီရှာပေမယ့်လည်းငနဲနှစ်ကောင်ကိုမတွေ့ရတော့လည်းအကြံဟိုက်တာပေါ့ “ဉီးလေးဉီးလေး….စိုင်းလောင်နဲ့စိုင်းလော့ဖန်ဆိုတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့မိသေးလားဗျ” ကျုပ်ကလည်း လမ်းသွားလမ်းလာဉီးလေးတစ်ယောက်ကိုလည်းမေးကြည့်လိုက်တာပေါ့ ...