ရွာသားပြဇာတ်

ထွက်ရမဲ့ ပုံဗျ ဘကြီး ဇတ်လမ်းလေး ကျုပ်တို့ကို ပြောပြပါလား “

    “အေး ငါပြောပြမယ် ဒီဇတ် လမ်းမှာ မင်းနောင်က မင်းသားကွ သူက သူရင်းငှား ဖိုးထွေးက သူဌေးသားလူကြမ်း သူက မင်းနောင် ရဲ့ ကောင်မလေးကို တဖက်သက်ကြိုက်ပြီး အမြဲ ဆွဲလားရမ်းလား လုပ်နေတာကွ  သာရက မင်းနောင်ရဲ့ သူငယ်ချင်း သူက မင်းနောင်ကို အမြဲတန်း ကူညီနေတဲ့ ကောင်ကွ လူကြမ်း ဖိုးထွေး ရဲ့ အဖေက မြကြီး မြကြီးကလည်း သူ့သားကို မင်းသမီးနဲ့ မရ ရအောင် ပေးစားတယ် ဆိုတော့ကွာ “

    “ဘကြီး နေပါဦး ကျုပ်တို့က ဘယ်နေရာ က ပါရမှာ လဲ “

    “လာမယ်လေ မင်းတို့က  လမ်းဘေးက သူတောင်းစားလေး သုံးယောက်လေကွာ “

    “ဟာ ဘကြီး သန်းမောင် ဒါက‌ေတာ့ မဟုတ်တော့ ဘူး ကျုပ်တို့ ကြတော့ သူတောင်းစားလေး သုံး ယောက်တဲ့ ဗျ ဒါကတော့ မတရားတာပဲ “

    “ဟ ဘိုးထင်ရ မင်းတို့က သူတောင်းစား ဆိုပေမဲ့ တကယ် သူတောင်းစားလေးတွေ မဟုတ်ဘူးကွ”

    “အဲ့လို လည်း ရှိသေးတာ လား “

    “အေးလေ မင်းတို့က မြကြီး ရဲ့ လူယုံ သူတောင်းစား ကလေးတွေ “

    “အဲ့တာဆို တကယ် သူတောင်းစားတွေလား “

    “မဟုတ်ပါဘူးကွာ မင်းတို့က ပြဇတ် မင်းသမီးကို အမြဲ စောင့်ကြည့်ပြီး သတင်းပို့ပေးနေတာ မင်း‌ေနာင်က ပြဇတ် မင်းသမီးကို ခိုးချိန် မင်းတို့က သတင်းပေးလိုက်တာ ဖိုးထွေးက မင်းသမီးကို အပိုင်ကြံပြီး  ဖိုးထွေးက မင်းသမီး နဲ့ ညာတယ် ပေါ့ကွာ “

    ဦးသန်းမောင်၏ ဇတ်လမ်းကို နားထောင်ရင်း ဖိုးထွေးမှာ ပျော် တပြုံးပြုံး ဖြစ်နေပေမဲ့ သာရသည် တောက် တခေါက် ခေါက်နဲ့ မကျေမနပ်ဖြစ်နေလေသည် ၊ ထို့‌ေနာက် သာရသည် ဦးသန်မောင်ကိုကြည့်ကာ

    “ဘကြီး သန်းမောင် လုံးဝ မတရားဘူးဗျာ ကျုပ် လက် မခံနိုင်ဘူး ဖိုးထွေးက မင်းသမီးနဲ့ ညားပြီ ကျုပ်က ဘယ်ချောင်  ရောက်လို့ ရောက်နေမှန်းမသိဘူး “

    “မင်းက လူကောင်းလေကွာ “

    “ဒီနေရာမျိုးမှာ လူကောင်းမဖြစ်ချင်ဘူး ပြဇတ် မင်းသမီးငှားဖို့ ကျုပ် အဘ ဆီက ပဲ တတင်း ခိုးရောင်းပြိး အလှူ ထည့်ထားတာ ဘကြီးသန်းမောင်လည်း သိတယ် နော် ဘကြီး ဒီလောက်တော့ မရက်စက်သင့်ဘူးဗျာ “

    “မင်းတို့ နဲ့လည်း ခက်တယ် ကွာ ငါလည်း ခေါင်းတွေ ရှုပ်လာပြီ မသိ‌ေတာ့ဘူး ကွာ ပြဇတ်တိုက်မှ ကိုလူးလေး နဲ့ ညှိုကြ “

    ဦးသန်းမောင်သည် စိတ်မရှည်စွာ နှင့် စောင့်ကြီးအောင့်ကြီးပြောကာ ထပြီး အိမ်ပေါ်သို့တက်သွားလေသည် ဖိုးထွေးသည်  လေလေး တချွန်ချွန် နှင့် အဆင်ပြေနေပေမဲ့ မောင်ဘိုးထင် တို့ သုံးယောက် နှင့် သာရ မှ ဖိုးထွေးကို ကြည့်ပြီး မကျေနပ်မှုများတိုးလို့ နေကြပါ‌ေလတာ့သည် ။

    ▪️အခန်း-၂

    မန်းကျည်းပင် အောက်တွင် မကေျနပ်သူ လေးဦး ဝိုင်းဖွဲ့ ပြီး မကျေနပ်ချက်များကို ရင်ဖွင့်နေကြလေသည် ၊ သာရသည် ပို၍ မကျေမနပ်ဖြစ်နေလေ၏ ၊ ပြီးခဲ့သည့် နှစ်ကတည်းက မင်းသမီး သိမ့်သိမ့် သူ၏ လက်ကလေး ပုခုံးလေး ဖြစ်ဖြစ်  ဖက်မည်ဟု အကြံ ပက်စက်နေသော သာရမှာ ယခု မင်းသား သူငယ်ချင်း လူကောင်းလေး ဆိုသော ကြောင့် မင်းသမီးကို ထိရဖို့ မဖြစ်နိုင်ပေ ထို့အတွက် မောင်ဘိုးထင်တို့ကို ကြည့်ကာ

    “ဒီတခါတော့ ငါတကယ် မကျေနပ်ဘူးကွာ “

    “ကျုပ်တို့လည်း မကျေနပ်ဘူး “

    “ဘကြီး လူလေးက လည်း တို့ ပြောရင် တို့ကို ထုတ်မှာပဲ သူစိတ်က လက် တဆစ် “

    “ကိုသာရ မ က ရင်တော့ ပက်မကြီး ဖောက်ကြ ရအောင်ဗျာ “

    “ဟ ဘိုးထင် မင်းကလည်း ပက်မကြီး ဖောက်ရင် ရွာလူကြီးက ထိတ်တုံးခက်မှာပေါ့ ဟ “

    “သဘောပြောတာပါဗျာ ကျုပ်လည်း ကိုဖိုးထွေးကို မကျေနပ်ဘူး ဒီလူ ကျုပ်တို့အတွက် ကိုပြောပေးသင့်တယ် ကျုပ်တို့ ကြ‌တော့ ‌ သူ‌ေတာင်းစားလေးတွေ တဲ့ ဗျာ “

    “ဟုတယ် ဘိုးထင် ငါတို့ သုံးယောက် ကြတော့ သူတောင်းစားလေးတွေ တဲ့ မက ဘူးကွာ လူရှေ့ သူရှေ့ သူတောင်းစား လုပ်ရမှာ မတန်ဘူး “

    ဤသို့ဖြစ် သူတော် ချင်းချင်း သတင်းလွေ့လွေ ့ဖြစ်ကာ ၊ တိုးတိုးကြိတ်ကြိတ် တိုင်ပင်လိုက်ကြပြီး သူတို့အားလုံး ရဲ့ မျက်နှာများတွင် အပြုံးရိပ်များ သမ်းလာကြပါလေတော့သည်။

    ▪️အခန်း-၃

    ပြဇတ်ဆရာ ဦးလူလေးအိမ်သို့ မောင်ဘိုးထင်တို့ ရောက်ရှိနေကြသည်  အသား ခပ်လပ်လပ် ပုပျပ်ပျပ် ဦးလူလေးမှာ မောင်ဘိုးထင်တို့ သူ၏ အိမ်လာသည်အခါ သူရဲ့ ဝသီတိုင်း ခပ်ပြတ်ပြတ် စကားဆို‌ေလသည်

    “ဟေ့ကောင်တွေ ဘာကိစ္စ ငါ့အိမ်လာတာလဲ “

    “ဘကြီး ကျုပ်က မင်းသားသူငယ်ချင်း လုပ်ရမယ် ပြောတယ် အဲ့တာ ကျုပ်ရုပ်ရည်က မင်းသားထက် သာနေတော့   ကျုပ် ပြဇတ် မက တော့ဘူးဆိုတဲ့ အကြောင်းလာပြောတာ “

    “အေးပြီး ရော ကြိုကြို တင်တင်ပြောတာကောင်းတယ် ‌ဟိုကောင်တွေ‌ေကာ ဘာပြောမလို့လဲ “

    ဦးလူလေးသည် မောင်ဘိုးထင်တို့အား ကြည့်ကာ မေးလိုက်သည် ၊ ထိုအခါ မောင်ဘိုးထင်သည်

    “ကျုပ်တို့လည်း မက တော့ဘူး ဘကြီး လုပ်နိုင်မယ် လို့ မထင်လို့ပါ တော်ကြာ အိုးနင်း ခွက်နင်း ဖြစ်နေမှာ ဆိုးလို့ပါ “

    “အေး တော်တယ် ငါလည်း အဲ့လိုပဲ တွေးနေတာ မင်းတို့ကောင်တွေကိုက ယုံရတာ မဟုတ်ဘူး ငါ နှစ်စဉ် နှစ်တိုင်း ကောင်းကောင်း မွန်မွန် ကပြနေတဲ့ ရွာသား ပြဇတ် မင်းတို့ကြောင့် အိုးနင်း ခွက်နင်း ဖြစ်နေမှာ ဆိုးနေတာကွ အခုတော့ ငါ့ ရင်ထဲက အလုံး ကြီး အခု မှကျသွားတယ် “

    မောင်ဘိုးထင်တို့သည် ဦးလူလေး စကားကြားရသောအခါ ဖိုးထွေး အပြင် ဦးလူလေးကိုပါ မကျေမနပ်ဖြစ်ကာ နေမိသည် သို့ပေမဲ့ စိတ်ထဲ မည်မျှ မကျေနပ်ပါစေ  သူတို့၏ နုတ်ထွက် စကားများက ချိုသာနေပြန်သည်။

    “ဟုတ်တာပေါ့ ဘကြီးရာ ကျုပ်တို့နားလည်ပါတယ် တခုခု ဖြစ်ရင် ဘာကြီး ခေါင်းပေါ်ပဲ လာမှာကို “

    “အေးကွာ အခု ငါ သတင်းတခု သိုးသိုး သန့်သန့် ကြားတယ်ကွ  ငါတို့ ရွာကို မနာလို မရှုဆိတ်တဲ့ မျောက်ရှုံး ရွာက  ပညာသည်တွေ ငါတို့ ရွာရဲ့ ရွာ သားပြဇတ်ကို နှောက်ယှက် မယ် ဆိုတဲ့ သတင်းကွ “

    “ဟုတ်လို့လား ဘကြီးရယ် ကောလဟာလတွေနေမှာပါဗျာ နှစ်တိုင်း လုပ်နေတဲ့ ပွဲကို နှောက်ယှက်တယ် မကြားမိပါဘူး”

    “အေးကွာ ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ် “

    ဤသို့ဖြစ် မောင်ဘိုးထင် ၊သာရ ၊ သာအေး နှင့် ပေတူးတို့သည် ပြဇတ် မက ‌ေတာ့ကြောင်း ဦးလူလေးကို ပြော၍ ပြန်ခဲ့ကြပါ‌ေလ‌ေတာ့သည် ၊ ။

    ▪️အခန်း-၄

    ပြဇတ်ကရ မည် အချိန်က နီးကပ်လာနေပြီးဖြစ်သည် မောင်ဘိုးထင်တို့ နေရာမှာ ကျော်လွင် ၊ အောင်သန်း နှင့် မောင်မြင့် တို့ကို အစားထိုးလိုက်ပြီး သာရနေရာ တွင် တော့ ချိုးသိမး် နှင့် အပြောင်းအလဲလုပ်လိုက်ကြသည် ၊ ယခု မောင်ဘိုးထင်သည် ဦးအုန်း ဆီမှာ အမှောင် ပညာရပ်များကို ကြိုးစားသင်ယူနေလေသည် ၊ သူယခု သင်သော ပညာရပ်မှာ လူ၏ ရုပ် နှင့်  စိတ် ကို ထိန်ချုပ်‌ေသာ ပညာရပ်ဖြစ်သည် ၊ ထုံးစံအတိုင်း မောင်ဘိုးထင်သည် သူ သင်ချင်သည့် ပညာရပ်များကို ဦးအုန်း အား ဂျီကြ၍ သင်ခိုင်းနေလေသည် ၊

    “အဘ လူတယောက်ကို ကျုပ်ပြောသလို ကျုပ်လုပ်သလို လိုက်လုပ်ခိုင်း လို့ရတဲ့ ပညာရပ်ရှိလား “

    “ရှိတာပေါ့ကွ”

    “ရှိရင် အဲ့တာကို  သင်ပေးဗျာ “

    “လွယ် တော့ မလွယ် ဘူးကောင်လေးရဲ့ “

    “ဘာမလွယ် တာလဲ အဘ “

    “အဲ့လို တွေ ပြုစားဖို့ ဆို ကို ပြုစားမဲ့ သူရဲ့ သွေးနဲ့  ဆံပင် အရင် ရမှ ဖြစ်မှာကွ ပြီးတော့ ကောက်ရိုးအရုပ်လုပ် ပြီးရင် ကိုပြုစားမဲ့လူရဲ့ ဆံပင် စ တွေကို ကောက်ရိုး အရုပ်မှာချည် သူရဲ့ သွေး စ ပါတယ် အဝတ် အစ ကို ကောက်ရိုး ရူပ်မှာ ချည်း ပြီးတော့ မင်းက ထိန်း မယ်ဆို မင်းရဲ့ သွေး နဲ့ သူသွေး ပေနေတဲ့ အဝတ်စကို ရောပြီး  ဒီ မန္တန် ရွတ် လိုက်ရုံပဲ ကွ”

    “သဘောပေါက်ပြီ အဘ ကျုပ်ကြိ မန္တန် သင်ပေးပါ ဦး အဘ “

    ဦးအုန်းသည် မောင်ဘိုးထင်အား သူတက်ထားသော အမှောင် ပညာများအနက် လူတယောက်ကို ထိန်းချုပ်လို့ရသည် အမှောင် ပညာများကို သင်ကြားပေးနေပါလေတော့သည်။

    ▪️အခန်း-၅

    မောင်ဘိုးထင် တယောက်တည်း အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ပြီးတွေ နေလေသည် ၊ သူတို့ ဖိုးထွေးကို အကောက် ကြံဖို့တွေးထားချင်းဖြစ်သည် ၊ ယခု ဦးအုန်းထံမှ ထိုပညာကို သင်ပြီးချိန်တွင်‌တော့ မောင်ဘိုးထင်၏ စိတ်ထဲ တမျိုးတမည်ခံစားနေရသည် ၊ သူတို့ လုပ်ရပ်က မှန်ရော မှန်ရဲ့လားဟု တွေးတော နေစဉ် ဦးအုန်း အိမ်ပေါ်မှ ဆင်းလာကာ မောင်ဘိုးထင်အား စကားဆိုလေသည်

    “ကောင်းလေး ငါ မင်းနဲ့ စကား ကောင်းကောင်း မပြော ရတာလဲ ကြာပြီ ဒီနေ့ ငါမင်းနဲ့ စကားပြောချင်တယ် “

    “ဟုတ် အဘ ပြောပါ “

    “ငါတို့ က အောက်လမ်း လို့ ခေါ်တဲ့  အမှောင် ပညာသည်တွေ ‌  ဒါပေမဲ့ အ‌ေမှာင် အမိုက်ဆုံး ဆိုတဲ့ အထဲကိုတော့ မင်းကို မရောက်စေချင်ဘူး ငါကတော့ “

    ဦးအုန်းသည် စကားကို ဆုံးအောင် မပြောပဲ ရပ်နေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ဦးအုန်း၏ မျက်နှာ ကို သေချာ ကြည့်လိုက်မိသည် ၊ ရီဝေနေသော ဦးအုန်း၏ မျက်နှာမှာ နောင်တ ရဟန်ရှိနေသည် ၊‌ထို့ကြောင့် မောင်ဘိုးထင်သည်  ဦးအုန်း၏ တပိုင်းတစ စကားအား ဆက်ရန် သတိပေးလိုက်လေသည်။

    “အဘ က ဘာဖြစ်လို့လဲ “

    “ငါ အများကြီး မှားခဲ့တယ် ကောင်လေး ငါ့ကို အထက်လမ်းဆရာကြီး တဉီးက သက်ညှာလို့သာ ငါမင်း ရဲ့ အရှေ့ မှာ ရှိနေတာပဲ ငါ့ကို ပညာတွေတော့  မနုတ်သွားဘူး ကတိ သစ္စာ တခု‌ေတာ့ တောင်းခဲ့တယ် ဆိုးသွမ်းလွန်းနဲ့ သူတွေကိုတော့ အခ ကြေးငွေ ယူပြီး ပညာနဲ့ ပြုစားခိုင်းခဲ့တယ် ငါ့ရဲ့ မကောင်းမှုတွေက များနေပြီ ကောင်လေး အခု ငါ မင်းကိုမှာ ချင်တာ ရှိတယ် မင်းက အမှောင် မှော်ပညာကို သင်ထားတော့ အဖြူထည် ‌ေတာ့ မဖြစ်နိုင်‌ေတာ့ဘူး ဒါပေမဲ့ မင်းက  လူတွေကို ထိခိုက်‌ေအာင်အ‌ေမှာင် ပညာနဲ့လည်း မပြုစားဘူးဆို‌ောတ့ မင်းက အမဲ ရောင်လည်း မဟုတ်ပြန်ပေဘူး မင်းကို ငါ ဘယ်လိုပြောရမလဲ လုံးဝ အမဲ ကြီးတော့  မဖြစ်စေနဲ့ပေါ့ကွာ “

    “အဲ့တာဆို ကျုပ်က ဘာရောင်လဲ အဘ “

    “,အဖြူလည်း မဟုတ်ဘူး အမဲ လည်း မဟုတ်ဘူးကွာ  ဘာအရောင် ဖြစ်မလဲ “

    မောင်ဘိုးထင်သည် အမဲမကျ အဖြူမကျ အရောင်ကို တွေးနေစဉ် သူ၏ မျက်လုံးထဲတွင် ကောက်ရိုးပုံကို မီးရှို့၍ ထွက်လာသော အရောင်အား မြင်ရောင်လာကာ

    “အဘ အဲ့တာဆို မီးခိုးရောင်လား အဘ “

    မောင်ဘိုးထင်၏ စကားကို ဦးအုန်း အသေအချာ တွေးလိုက်ပြီး

    “အေးဟုတ်တယ် မင်းက မီးခိုးရောင် ပဲကွ”

    “အဲ့တာဆို ကျုပ်က မီးခိုရောင် အောက်လမ်း ဘိုးထင်ပေါ့ “

    “အေးပေါ့ကွာ “

    မောင်ဘိုးထင်သည် သူ့ကိုသူ သဘောကျနေသည် ၊ သူ၏ စိတ်ထဲတွင် လည်း ဖိုးထွေးကို အကောက်ကြံမည် ကိစ္စကို ခေါင်းထဲ မှ ထုတ် ပြစ်လိုက်ပါ‌ေလ‌ေတာ့သည် ။

    ▪️အခန်း-၆

    “ဘိုးထင် မင်းက သစ္စာဖောက်တာလား “

    “ဘာဖြစ်လို့လဲ ဗျ “

    “မင်း အရင် အကြံတိုင်း ဖိုးထေွးကို လုပ်မယ် ကွာ အဲ့ကောင် မြောက်မြောက် လုပ်နေတာ  ကြည့်မရဘူး”

    “ကိုသာရ ခင်ဗျား စဉ်းစားကြည့်ဗျာ အခု လူကြမ်းနေရာကို  ကိုဖိုးထွေးက သူကို ပေးဆိုပြီး အတင်းအကြပ် လုယူထားတာ မဟုတ်ဘူးလေ  ဇတ်လမ်း ဆရာရယ် ပြဇတ်ဆရာ ရယ်က ပေးထားတာ ကျုပ်တို့က သာ မနာလို ဖြစ်နေတာ သူနဲ့ ဘာမှ မဆိုင်ဘူး”

    မောင်ဘိုးထင် ၏ စကားကြားသော အခါ သာရ အပါအဝင် ပေတူး နှင့် သာအေး ငြိမ်ပြီး တွေးတောနေသည် ထို့နောက့် သာရ မှ ခေါင်းကို ညိတ်ကာ

    “အဲ့တာတော့ ဟုတ်ယတ်  ဖိုးထွေးက နေရာ လုယူထားတာ မဟုတ်ဘူး”

    “ပြီးတော့ မျောက်ရှုံးရွာက ကျုပ်တို့ ရွာ ရဲ့ ရွာသားပြဇတ်ကို နှောက်ယှက် ချင်နေတာလို့ ဘကြီးလူလေး ပြောတယ်နော် “

    “အေးဟုတ်တယ် ငါတို့လည်း ကြာတာကို “

    “အဲ့တာကို ကျုပ်တို့ ကာကွယ် ရမယ် ဗျ “

    မောင်ဘိုးထင်၏ စိတ်ထဲသို့ ကောင်းသည် စိတ်များ စိုးမိုးနေပေသည် ၊ သူတို့ အားလုံး မျောက်ရှုံး ရွာအကြောင်း ပြောနေစဉ် ဖိုးထွေးတယောက် သုတ်သီးသုတ်ပျာ ဖြစ် ရောက်လာကာ

    “သာရ  တို့ ဘိုးထင်တို့ လုပ်ပါဦးကွာ “

    “ဘာဖြစ်လို့လဲ ဗျ”

    “ပြဇတ်တိုက်ခါနီးမှ ပြဇတ်မင်းသား ကိုမင်းနောင် သူ့အမေ နဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားလို့တဲ့ကွာ “

    “ဘာ အဲ့တော့ ဘယ်လို လုပ်မလဲ ‘

    “ဘယ်လို လုပ်ရမှာလဲ လူကြီးတွေက ‌ေတာ့ အရီးပျို ဆီသွားနေကြတယ် ငါတို့က ကိုမင်းနောင်ကို  လိုက်ရှာပြီး ခေါ်ကြရအောင် “

   “ကောင်းတယ် ကျုပ်တို့ ကိုမင်း‌ေနာင်ကို  လိုက်ရှာကြတာပေါ့ ဗျာ “

    ဤသို့ဖြစ်  မောင်ဘိုးထင်တို့သည် ပြဇတ်မင်းသား မင်းနောင်ကို လိုက်ရှာဖို့ ဖြစ်လာပါလေတော့သည်။

    ▪️အခန်း-၇

    သာရ နှင့် ဖိုးထွေး ဦးဆောင်ပြီး မောင်ဘိုးထင်တို့သည် ပြဇတ်မင်းသား မင်းနောင်ကို ရှာဖွေဖို့ လမ်းစ ရှာနေကြရသည် ၊

    “ကိုမင်းနောင် သူငယ်ချင်း ကိုကြည်အေး ရှိတယ်ကွ  အဲ့လူဆီဆို သူဘယ် ရောက်နေတယ် ဆိုတာ သိလောက်တယ် “

    “အေး ရွာထဲ မှာဆိုလည်း ကိုကြည်အေး နဲ့ပဲ တတွဲတွဲ ကိုကြည်အေးဆီသွားရင်‌ေတာ့ သတိထားရမယ် ဒီလူကြီးက ဗလ တောင့်တယ် ဆိုပြီး အင်္ကျီ အမြဲ ချွတ်ထားတာ ကိုဖိုးထွေး နဲ့ ကိုသာရက လူပျို ဖြစ်နေပြီဆိုတော့ ဘာမှ မဖြစ်ဘူး ကျုပ်တို့ကိုတော့ ဒီလူကြီးက ကိုင်ကိုင် မြှောက်နေတာ သူကို မတွေ့အောင် မနည်းရှောင်နေရတာဗျ “

    ပေးတူး ၏ စကားကြားသော အခါ သာအေး နှင့် ဘိုးထင် ခေါင်းညိတ်ပြီး ထောက် ခံလိုက်ကြသည် ၊ ပေတူးပြောသည် မှာ လည်း မလွန်ပေ ပေတူးတယောက် ရေပုံး ရှေ့တပုံး နောက်တပုံး ထမ်းပြီး ရေပ်လာရာ လမ်းတွင် ကိုကြည်အေးနှင့် တွေ့ပြီး ရေထမ်းကူမယ်ဟု ပြောကာ  ရေကို သီးသန့် မထမ်း ပဲ ရေထမ်း နေသည် ့ ပေတူး အား  မ  ခေါ်သွားရာ အတော်ကို ဒုက္ခများရသည် ၊ ကလေးများတွေ့က မိုးပေါ်မြှောက်ပြီး ဝိတ်တုံးသဖွယ် မ နေလေရာ အတော်ကို  ပျော်တက်ပြီး ကလေးချစ်တက်သော  လူကြီး ဖြစ်သည်  ၊ ယခု တော့  လမ်း‌တွင် မတွေ ့အောင် ရှောင်နေရသော ကိုကြည်အေး အိမ်သို့ သွားရမည် ဖြစ်ကာ အတော်တော့ ရင်ထိတ်နေရသည် ။

    ဖိုးထွေးသည် ရှေ့ဆုံးမှ ကိုကြည်အေး ၏ အိမ်ဝိုင်းထဲသို့ ဝင်းသွားလိုက်သည် နောက်မှ မောင်ဘိုးထင်တို့ မရဲ တရဲ နှင့် ဝင်လိုက်ကြသည်၊ ကိုကြည်အေးသည် ပုဆိုးကို ခါးတောင်းကျိုက်ထားကာ  ချွေးသံ ရွှဲရွှဲ ဖြစ် ရွှံ ဖြစ်ပြုလုပ်ထား‌ေသာ ဝိတ်တုန်းကြီးကို မ နေကာမှ မောင်ဘိုးထင်တို့ သက်ပျင်းကိုယ်ဆီချ လိုက်ကြကာ အိမ်ရှေ့ ကွပ်ပျစ်တွင် ဝင်ထိုင်လိုက်ပြီး ကိုကြည်အေးကို ကြည့်နေလေသည် ၊ ကိုကြည်အေးသည် အတော်ကို ကိုယ်ကာယ တောင့်တင်း သန်မာသူဖြစ်သည် ၊ သူ၏သူငယ်ချင်း ကိုမင်းနောင် နည်းတူ သိုင်းပညာကိုလည်း အတော်ကို လိုက်စားသည်  ရွာထဲ တွင်‌ေတာ့  ကိုကြည်အေးသည် ပျော်ပျော်နေတက်ပြီး သူ၏ မိခင်အား လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည် ၊ ကိုကြည်အေးသည်  လယ်သူရင်းငှား တယောက်ဖြစ်ကာ  သူရင်း ဒိုင်များ လုရသော အလုပ်သမားကောင်းတယောက်ဖြစ်သည် ၊ ယခု ကိုကြည်အေးသည် မောင်ဘိုးထင်တို့ကို  မြင်သော အခါ သူ၏ ပုံစံအတိုင်း ပြုံးပြုံး နှင့် နုတ်ဆက် နေလေသည်

    “ဟေ့ ဖိုးထွေးတို့ အဖွဲ့ ငါ့အိမ် မလာသဖူး ဘာလုပ်ကြတာလဲကွ “

    “ဘာလုပ်တာ လဲ ဆိုတာ နောက်မှ မေး ကိုကြည်အေးရေ အခု ကိုမင်းနောင်  ပျောက်နေလို့ ပြဇတ်က က‌ရတော့မယ် အခုထိ သူကို မတွေ့သေးဘူး လုပ်ပါဦးဗျာ ”

“ဒီကောင် အရီး နဲ့ စကားများပြန်ပြီ ထင်တယ် “

    “ဟုတ်တယ် အရီးပျိုးကလည်း  ကိုမင်းနောင်ကို တွေ့တာ နဲ့ တတွက်တွက် ပြောတာဗျို့ “

    “ပြောလည်း ပြောချင်စရာ လေကွာ  အရီးပျို စိတ် နဲ့ အဲ့ ကောင် မင်းနောင် စိတ်နဲ့က တခြားစီ အရီးပျိုက မုဆိုးမ ဆိုပေမဲ့ မင်းနောင်ငယ်ငယ် လေးကတည်းက  နောက်အိမ်ထောင်မပြုပဲ လယ်တွေ ယာတွေကို မပျောက် မပျက် အောင် ထိန်းသိမ်း ခဲ့တာ ကွ အခု မင်းနောင်  လက်‌ေကြာ မတင်းပုံကို အရီးဘယ် သဘောကျလိမ့်မလဲ ‘

    ကိုကြည်အေးသည် သူ၏ သူငယ်ချင်း ဖြစ်သူကို ပြစ်တင်ပြောဆို ရင်း ခါးတောင်ကျိုက်ကို ဖြည်ပြီး ပုဆိုး ပြင်ဝတ်ကာ  စကားဆက်ဆိုလေသည်

    “ကဲ ငါ့ကောင်တွေ မင်းတို့ မင်းနောင် ဘယ်မှာ ရှိတယ် ဆိုတာ သိချင်တာ မဟုတ်လား “

    “ဟုတ်တယ် ဗျ”

    “ဘယ်မှာ သွားရှာ မနေနဲ့  အဲ့ ကောင် ဟောဟိုက ဘိုးထင် အဘတဲ မှာ ကိုညိုမောင်ကြီး နဲ့ လေကန် နေပြီ  မင်းတို့ ကြက်သား စားချင်ရင်‌ေတာ့ လိုက်သွား မနက်ဖြန် ဒီကောင် ပြန်လာလိမ့်မယ် ငါပြောတာ မယုံရင် အရီးပျို အိမ်က သွားစောင့်နေ”

    “ဟုတ် ပါ့မလားဗျာ “

    “ကြည်အေးပါကွာ  ဒီကောင် အကြာင်း ငါအသိဆုံး မင်းတို့က အခုမှ ပြဇတ် ကမှာ မို့လို့  စိတ်ပူ နေတာ ကျန်တဲ့ သူ‌ေတွ ဘယ်သူမှ စိတ် မပူဘူး “

  အေးဆေး တည်ငြိမ်စွာပြောနေသည့် ကိုကြည်အေး စကားကြောင့် မောင်ဘိုးထင်တို့ စိတ်တော့ အနည်းငယ် အေးသွားကြသည် ၊ ကိုကြည်အေးပြောသည် မှာ ဟုတ်လား မဟုတ်လား ဆိုတာ သိချင်သော ကြောင့် မောင်ဘိုးထင်တို့သည်  ကိုညိုမောင်ကြီးရှိသော တဲ သို့ ထွက်လာခဲ့ကြပါလေတာ့သည်။

    ▪️အခန်း-၈

    မောင်ဘိုးထင်တို့ ကိုညိုမောင်တဲသို့ ရောက်လာကြသည် ၊ ကိုကြည်အေးပြောသည်မှာ မှန်ပေသည်  မင်းနောင်သည် ကိုညိုမောင်ကြီး နှင့် ကြက်သားကာလာသားချက် စားရင်း တယောက် နှင့် တယောက် ရင်ဖွင့်နေလေသည်

    “ကိုကြီး ညိုမောင်ပဲ စဉ်းစားကြည့်ဗျာ ကျုပ်က အရက်မသောက်ဘူး လောင်းကစား မလုပ်ဘူး မိန်းမ မရှုပ်ဘူး အဲ့လို လူကို ကျုပ်အမေက ဘာလို အပြစ်တွေ ကြည့်ပြောနေတာလဲ ဗျာ နားမလည်ဘူး “

    “အေးကွ အဲ့တာတော့ ဟုတ်တယ် မင်း မလုပ်တာ တွေ ‌ေတာ့ ဟုတ်ပါပြီ လုပ်တာ တွေကော ပြောပြဦး “

    “ဟာ ကိုကြီး ညိုမောင်ရ ကျုပ်က ပြဇတ်မင်းသားပဲ ကိုယ်ကာယ လေးကျင့် ရုံကလွဲ ပြီး ဘာလုပ်ရဦးမှာ လဲ နွားတော့ တခါ တလေကျောင်းပေးတယ် မကျောင်းနိုင်တဲ့ နေ့တွေဆို ဒီကောင် ပေတူးတို့ကို ကျောင်းခိုင်းတယ်  “

    ကိုညိုမောင် သဘောပေါက်ပြီ ဖြစ်သည် အရီးပျိုလို မိန်းမသား တန်မဲ့ ကြံ တတန်ကို ကိုယ်တိုင် တင် ကိုယ်တိုင် လှည်းမောင်းသည့် အမျိုးသမီးကြီး အဖို့ မင်းနောင်လိုသားမျိုးကို ရိုက်မသတ် ပြစ်တာ ကံကောင်းသည် ဟု တွေးပြီး ခေါင်းညိတ်လိုက်လေသည်  ၊သို့ပေမဲ့ မင်းနောင်သည် ကိုညိုမောင် ခေါင်းညိတ်သည်ကို သူအား ထောက်ခံသည် ဟု ထင်နေကာ

    “ကျုပ်ရဲ့  ခံစားချက်တွေကို ကိုညိုမောင်ကြီး ပဲ နားလည်လို့ ကျုပ် ကိုညိုမောင်ကြီး ဆီလာခဲ့တာ ဗျာ “

    “အဲ့ဒါဆို ပြဇတ် က ဖို့က ဘယ်လို လုပ်မလဲ ဗျာ “

    ‌မောင်ဘိုးထင်သည် ဘေးမှ ထိုင်နေရာမှ  ကြက်သား တဖက်ကို ဆယ်ရင်း စကားပြောလိုက်ရာ

    “မကဘူးကွာ မင်းနောင် တန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာ ငါ့အမေ သိအောင်ထားလိုက်ဦးမယ် “

    “သဘောပဲ ဗျာ ကျုပ်တို့တော့ ပြန်တော့မယ် “

    “ဟေ့ကောင်တွေ မင်းတို့ ပြန်ရင်လည်း အေးဆေး ပြန် ငါ ဒီမှာ ရှိတယ် ဆိုတာ ဘယ်သူ့ မှ မ‌‌ေပြာနဲ့  ကြားလား “

    “စိတ်ချပါဗျာ  ဘယ်သူကိုမှ  မ‌ေပြာဘူး”

    ကိုကြည်အေးစကားကို မောင်ဘိုးထင်တို့ ယုံကြည်သွား၍ မည်သို့သော ပူပင်သောကများမှ မရှိ‌တော့ပဲ ရွာသို့ ပြန်လိုက်ကြပါလေတော့သည် ။

    ▪️အခန်း-၉

    ပြဇတ်တိုက်မည်နေ့  မနက်တွင် မင်းနောင်သည် သူ၏ အိမ်သို့  ပြန်ရောက်လာသည်၊ သူ့တွင်  အကြောင်းပြချက် ကောင်းကောင်း တခုက ရှိသည်။  ထို အကြောင်း ပြချက်သည်က သူသာ ပြန်မလာရင်  နွားများအား ရောင်းကာ ပြဇတ် ကုန်ကျ စရိတ်ကို လျှော်ပေးရမည့် အရီးပျိုကို သနားလို့ ဟုသော အကြောင်းပြချက်ဖြစ် အပေါ်စီးက ပြန်လာချင်းဖြစ်သည် ၊

    ယခု ‌ပေပင်ရွာ၏ ပြဇတ်တိုက်ချင်း စနေပြီ ဖြစ်သည် ၊  ဇတ်ခုံလေးထိုးထားပြီး ရွာထဲမှ ပန်းချီဆရာ သာရဆရာကြီး ဘကြီးတင့် ၏ လက်ရာများဖြစ်သော  နောက်ခံ ပန်ချီများက အတော်ကို အသက် ဝင်ပေသည် ၊ ပြဇတ် ဆရာကြီး ဦးလူလေးမှ ဇတ်လမ်းရေးဆရာ ဦးသန်းမောင် ပေးသော  စာအုပ်ကြီးကို ကိုင်ကာ ပြဇတ် တိုက်နေကြသည် ၊  မြို့မှ ပြဇတ်မင်းသမီး သိမ့်သိမ့် သူလည်း ရောက်နေပြီ ဖြစ်၏ ၊ သိမ့်သိမ့်သူ၏ မိခင်သည်  သူ၏ သမီးကို စောင့်ရှောက်ရန် လိုက်လာပြီး ပေပင် ရွာသားများကို  တောကျလွန်း၍ အထင်သေး‌ေန‌ေလသည် ၊ ထို့နောက် မင်းနောင်၏ သရုပ်‌ေဆာင် ချက်များကို ကြည့်ကာ သိမ့်သိမ့်သူ၏ မိခင်ကြီးသည် မင်း‌ေနာင်အနားသို့သွားကာ

    “မင်းသား ကျမသမီးလေးကို တွဲခေါ်ပေးပါဦးနော် မင်းသားရဲ့ သရုပ်‌ေဆာင် ချက်တွေက ကောင်းချက်တော် “,

    “ရပါတယ်  အသစ်လေးတွေကို ကျုပ်က တွဲခေါ်နေကြပါ “

    ဟိတ်ဟန်ကောင်းလှသော မင်းနောင် ၏ စကားတွင် သိမ့်သိမ့်သူ၏ မိခင်ကြီး မျောသွားကာ သူ၏ သမီးနှင့်ပင် ပေးစား မည့် အရိပ်အယောင်တောင်တွေ့ နေရသည် ၊  သူတောင်းစားလေးများ အဖြစ် သရုပ်ဆောင်ရမည် မောင်မြင့် ၊ အောင်သန်း နှင့် ကျော်လွင်တို့ သည်  အ‌ေတာ်ကို သရုပ်ပါရာ မောင်ဘိုးထင် သည် ဇတ်စင်အောက်ကနေ၍ လက်ခုတ်တီးကာ ‌ေအာ်ဟစ် အားပေးနေလေသည်

“အောင်သန်းတို့ သရုပ်‌ေဆာင်တာ ကောင်းချက်က‌ေတာ့ကွာ တကယ့်  သူတောင်းစားလေးတွေကြနေတာပဲဟေ့ ပေတူးရေ  အကြွေစေ့ ရှိရင် သွားထည့်လိုက်စမ်းပါကွာ “,

    “ဟုတ်တယ် ဘိုးထင် ရေ ဒီကောင်တွေ ရုပ်ခံကိုက သူတောင်းစား ရုပ်ဆိုတော့ အတော် လိုက်တယ် ကွာ “

    မောင်ဘိုးထင်တို့ အော်ဟစ်အားပေးနေမှုကြောင့်  ဦးလူလေးသည် သူတို့အား ငေါက်ငမ်း ပြီး ဇတ်စင် နှင့် ဝေးရာသို့ သွားခိုင်းထားရသည် ၊ ဖိုးထွေးသည်က သရုပ်‌ေဆာင် ပီပြင် လွန်းလှသည် မင်းသမီးကို ဆွဲ ရမည် အခန်း တိုက်သော အခါ ဖိုးထွေး အဆွဲ ကြမ်းသွားသော ကြောင့် မင်းသမီးလက်ပြင်ကြော  ငုပ်သွား၍  ရွာထဲမှ အနှိပ်သည် ခေါ်ပြီး လက်ပြင်ကြော ပြန်ဖော် ထားရသည် ၊ သူတို့ပြဇတ် အဖွဲ့ ထဲ တွင် အချာဆုံးမှာ ချိုးသိမ်းသာ ဖြစ်သည် ပြူးကျယ်ကျယ် မျက်နှာ နှင့် လူမိုက်ရုပ်ပေါက်နေသော ချိုးသိမ်းမှာ မင်းသား၏ သူငယ် ချင်း အဖြစ်သရုပ်‌ေဆာင်ရာ အတော်ကို ထစ်ထစ် ငေါ့ငေါ့ ဖြစ်နေလေသည် ။

    “မင်း မင်းနောင် ဒေါသကို ရှည်ရှည်ထား စိတ်ကို နောက်မှ ဖြစ်ပါကွာ “

    “တောက် ချိုးသိမ်း စိတ်ကို ရှည်ရှည်ထား ဒေါသကို  ‌ေနာက်မှ ဖြစ်ကွ ဘာတွေ ပြောနေတာလဲကွာ “

    “ဟုတ် ဟုတ်ကဲ့ပါ အခုမှ စပြီး လုပ်တာ ဆို‌ေတာ့ ရင်ထဲ တဒုံးဒုံးနဲ့ ခုန်နေလို့ပါဗျာ “

    “ကဲ ထားထား နောက်ထပ်ပြောရမှာက  မင်း‌နောင် မင်းနဲ့ သိမ့်သူ က အလိုက်ဖက်ဆုံးပါ သိမ့်သူ နဲ့ မင်းနဲ့ ပေါင်းရဖို့ ငါကြိုးစားမယ် ကဲပြော “

    “ဟုတ် ကဲ့ ဘကြီး”

    ချိုးသိမ်းသည် သက်ပျင်းကို တချက်ချလိုက်ကာ မင်းနောင်ကို ကြည့်ပြီး

    “မင်း မင်းနောင် သိမ့်သူနဲ့ ငါနဲ့က အလိုက်ဖက်ဆုံးပါ မင်းနဲ့ ငါ နဲ့ ပေါင်း ပေါင်းရဖို့ “

    “မင်းမေကြီးတော်  မင်းနဲ့ ငါ နဲ့ ပေါင်းရဖို့လား ဒုက္ခပါပဲ ကွာ ဒီကောင်ချိုးသိမ်းနဲ့တော့ “

    ဤသြို ဖြစ်  ရွာသားပြဇတ် တိုက်သည်က ဆဲသံဆိုသံ ရယ်သံမော သံများဖြစ် ဆက်လက် ကြိုးစား ပြဇတ်တိုက် နေကြပါလေတော့သည်။

    ▪️အခန်း-၁၀

    ပေပင်ရွာ၏ ပြဇတ်ပွဲသည်က ယနေ့ ည စတင်မည်ဖြစ်သည် ၊ မြို့မှ မီးစက်  ဓတ်စက် နှင့် ပြဇတ်မင်းသမီး ငှားရမ်းထားသော ကြောင့်  ရွာနီးချုပ်စပ်များမှာ ရွာသူရွာသာများပါ လှည်းများ ဖြစ်လာရောက်ကြည့်‌ရှုကြသည် ၊ မောင်ဘိုးထင်တို့သည် ဇတ်စင် နောက်သွာလိုက် ပွဲခင်းထဲ သွားလိုက်နှင့် ပျော်ရွှင်နေကြသည် သာရသည်က လှရင်တို့ မိသားစု ဖျာပေါ်တွင် ထိုင်ပြီး စကားပြောနေသည်၊ မောင်ဘိုးထင်တို့သည် ဇတ်စင်‌ေနာက် သို့ ပြန်ဝင်လိုက်ပြီး ဖိုးထွေး အနားသွားကာ

    “ကိုဖိုးထွေးက အခုလို အဝတ်အစား အသစ်တွေ နဲ့ ကြတော့လည်း ခန့်သားဗျ လူကြမ်းလို့‌ေတာင် မထင်ရဘူးဗျာ “

    “ဟေ့ကောင်တွေ ငါက မင်းသား မလုပ်ချင်လို့ပါကွ အခု လူကြမ်းနေရာ သာ အကောင်းဆုံးကွ”

    “အေးပါ ဗျာ ပြီးတာ ပဲ ဒါနဲ့ ဟို နားက ငှက်ပျော်ပွဲ အုန်းပွဲက ဘာလုပ်ထားတာလဲဗျ “

    “အဲ့ဒါ နတ်တင်ထားတာလို့ ပြောတယ်ကွ”

    “နတ်တင် ထားတာလည်း ငှက်ပျောသီးတွေ က ဝင်းမှည့်နေတာပဲ တော်ကြာ ရွာကကောင်တွေ ဝင်လု”

    မောင်ဘိုးထင် စကားမဆုံးမီ ပုဆိုးအား သူခိုးခေါင်းစွပ် သဏ္ဍန် ပြုလုပ်ထားသော လူတယောက် ကန်တော့ ပွဲကြီး မ၍ ပြေးလေတော့သည်။

    “ဟ ပြောလို မဆုံးသေးဘူး ဇတ်ကန်တောပွဲကြီး မ ပြေးပြီ ဟေ့ လုပ်ကြပါဦးဟ “,

    ဖိုးထွေးသည် အသံခပ်ကျယ်ကျယ် ပြောလိုက်သော အခါ ပြဇတ်ဆရာ ဦးလူလေး ရောက်လာပြီး

    “ဖိူထွေး ဘာဖြစ်တာ လဲ”

    “ဘကြီး တင်ထားတဲ့ ကန်တော့ ပွဲကြီး မ ပြေးလို့”

    “တောက် ဘယ် သောက်ကမြင်းမသား လည်းကွာ အရေးထဲ ထားလိုက်‌ောတာ့ကွာ ပြဇတ် စတော့မယ် ဘိုးထင်လာဦး ကန်တော့ ပွဲ မပြေးတာ ရိုးရိုးသားသား မဟုတ်လောက်ဘူး မျောက်ရှုံး ရွာသားတွေ လည်း ဖြစ်နိုင်တယ် မင်း အဘ ကိုအုန်းကို သွားပြောဦး အနှောက် အယှက် ပေါ်ပြီထင်တယ် လို့ “

    “ဟုတ် ဟုတ် ဘကြီး “

    မောင်ဘိုးထင်တုိ့သည် ပြဇတ်စင်‌ေနာက်မှ ထွက်လိုက်ကြပြီး  ဦးအုန်းကို လိုက်ရှာနေလေသည် ၊ အမှောင် ရိပ်ကျသော အရက်ပုန်းဆိုင်လေး ထဲ တွင် အသံ တသံကြားရ၍ မောင်ဘိုးထင်တို့ နားစွင့်လိုက်သည်

    “ကိုမြ ရာ ဒီလို ကလေးတွေ ပြဇတ် က တာ  အေ့…မြင်တော့ ငယ် “

    “ငအုန်း မင်းမှောက်ပြီလားကွ မသောက်တာ‌ကြာလို့ထင်တယ် ကွာ ငါလည်း မရတော့ဘူးဟ “

    သေချာပါသည် ဘကြီးမြ အသံ နှင့် ဦးအုန်းအသံ ဖြစ်၍ ‌ေမာင်ဘိုးထင်တို့ အရက်ပုန်းဆိုင်လေးထဲဝင်လိုက်ရာ တန်းလျားတွင် ထိုင်ပြီး စားပွဲပေါ်ခေါင်းဆိုက်နေပြီဖြစ်သော ဦးအုန်း နှင့် ဘကြီးမြကြောင့် မောင်ဘိုးထင်တို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြပါလေတော့သည် ။

    ▪️အခန်း-၁၁

    ပြဇတ်သည် စတင်နေပြီဖြစ်သည် ပြဇတ် တခန်းမှာတင် ချိုးသိမ်း၏ သရုပ်ဆောင်မှု နှင့် ပြောစကားများကြောင့် ပရိတ်သတ်များ တဝါးဝါး တဟားဟား ဖြစ်နေကြပေမဲ့ ပြဇတ်ဆရာ ဦးလူလေးသည်  မျက်နှာပျက် နေပြီဖြစ်သည် ၊
မီးရောင်များ ထိန်ထိန်လင်းနေသော ဇတ်စင်ပေါ်တွင် ချိုးသိမ်းသည် မျက်နှာချေမှုန့်များ လိမ်းကျံထားပြီး ဖွေးဖြူနေလေသည် ၊  သူသည် ပရိတ်သတ်များဘက်ကြည့်ကာ

    “ဘယ်အချိန် ရှိပြီလဲ မသိဘူး နာရီကို ကြည့်လိုက်ပါဦးမယ် “

    ချိုးသိမ်းသည် ဟန်ပါပါနှင့် သူ၏ လက်‌ေကာက်ဝတ်ကို  ကြည့်လိုက်ပြီး

    “ဟ နာရီ ပတ်ဖို့ မေ့နေပြီဗျို့ ခ‌ဏလေး ကျုပ် နာရီး နောက် ထဲ ဝင်ပြီး ပတ်လိုက်ဦးမယ် “

    “ဟားး ဟားး “

    အမှန်တကယ်ကို ချိုးသိမ်း နာရီ ပတ်ဖို့မေ့နေချင်းပါ ချိုးသိမ်း ဇတ် စင်နောက် ရောက်သည် နှင့် စိတ်ကြီးသော ဦးလူလေး သည် နားရင်းကို တန်းအုပ်ပြီး နာရီ ပတ်ပေးလိုက်လေ သည် ၊ ထို့‌ောနာက် ချိုးသိမ်းသည်   သူ၏ နားရင်းကို  ပွတ် ပြီး  ပရိတ်သတ်ဘက်ကြည့်ကာ

    “ဘယ်အချိန် ရှိပြီလဲ မသိဘူး နာရီ ကြည့် လိုက် ဦး မှပါ “

   ချိုးသိမ်းသည် လက်မှနာရီကို ဟန်ပါပါကြည့်ကာ

    “အော် တော်တော် ထိုးနေပြီပဲ ဒီချိန်ဆို မင်းနောင်  ဘာတွေ လုပ်‌နေပါလိမ့် “

    ဇတ်စင် နောက်မှ ဦးလူးလေးသည်  တောက် တချက်ကို  ပြင်းစွာခေါက်ကာ

    “နင်မေကြီးတော် တော်တော် ထိုးနေပြီလား ရှစ်နာရီ လို့ပြောရမှာ ဒုက္ခပါပဲကွာ “

    ထိုသို့ ချိုးသိမ်း တယောက် မျက်နှာချေပေါ်တွင် ချွေးစီးကြောင်းများ ပေါ်အောင် ချွေးများကျသာ်အထိ  ခက်ခဲ စွာ သရုပ်ဆောင်နေလေသည် ၊

     မောင်ဘိုးထင် သည် ပေးတူး နှင့် သာအေးအား ဦးအုန်းကို အမူးပြေစေရန် ပြုလုပ် ထားခဲ့ ခိုင်းပြီး သူကိုယ်တိုင်ကတော့ ပွဲ ခင်း တပတ် လျှောက်ကြည့်နေ၏ ထို့စဉ်  လှည်းများ ရပ်ထားသော လှည်းကွင်းနား တွင် အမဲရောင် အခိုးအငွေများ ထောင်းထောင်း ထနေ‌ေသာ သရဲတကောင်  ပြဇတ်ကြည့်နေသည်ကို  တွေ့ရ၍ မောင်ဘိုးထင် ထို သရဲ အနားသို့ သွားလိုက်ပါလေတော့သည်။

    ▪️အခန်း

    “ခင်ဗျားက သရဲလား “

    “မင်းငါ့ကို မြင်ရတာလား “

    “ဟုတ်တယ် မြင်ရတယ် “

    “မင်းငါ့ကို မကြောက်ဘူးလား “

    “ဘာလို့ ကြောက်ရမှာလဲ ခင်ဗျားက ဘာလုပ်နေတာလဲ “

    “ငါက ဒီ ပြဇတ်ကို ဖျက်စီးရမှာ  ပြဇတ် ကနေတဲ့ လူတယောက်ကို ပူးပြီး ကျန်တဲ့သူတွေကို တိုက်ခိုက်မှာ “

    “ဝော်တော် အရှက် မရှိတာပဲ ဗျ”

    “မင်းဘာပြောတာလဲ “

    “အရှက်မရှိဘူးလို့ပြောတာ  လူတွေက ကောင်းအောင်သာ မလုပ်တက်တာ မကောင်းအောင်တော့ လွယ်လွယ်လေး လုပ်တက်တယ်တဲ့ ခင်ဗျား တို့ သရဲတွေလည်း တူတူပဲ ပြဇတ်ကောင်းကောင်း ကနေတဲ့ သူတွေကို ဖျက်စီမယ်ဆိုတော့ အရှက်မရှိတာပဲ “

    “မင်း မင်း ဘာပြောတယ် “

    “ဟုတ်တယ်လေ ခင်ဗျားက ပြဇတ်မှ မကတက်တာ အဲ့တော့ ပွဲကို ဖျက်‌ေတာ့မှာပေါ့ “

    “ငါ က တက်တယ် ကွ ငါ သရဲ မဖြစ်ခင်က ပြဇတ် မင်းသား “

    “သရဲကြီးပြောတိုင်း ကျုပ်က ယုံရမှာလား “

    “ငါတကယ်ပြောတာ “

    “ကျုပ်က လက်တွေ့ သမား “

    “အေး အဲ့တာ ဆို ငါလက်တွေ့ပြမယ်  မင်းသားသူငယ်ချင်း လုပ်တဲ့ အူကြောင်ကြောင် ကောင်ထဲ ငါပူးပြီး သရုပ်‌ေဆာင်ပြမယ် မင်းကြည့်ထား”

    အခိုးများ ထောင်းထောင်း ထနေသော သရဲကြီးသည် ဇတ်စင်ပေါ်သို့ ပျံဝဲသွားပြီး ချိုးသိမ်း၏ ကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်သွားပါလေတော့သည်

    ▪️အခန်း -၁၂

    ရွာသားပြဇတ်သည်က အောင်မြင်စွာပြီး ဆုံးသွားပြီ ဖြစ်သည် ပြဇတ်ကသူများထဲ တွင် လူပြော အများဆုံး သူမှာ ချိုးသိမ်းကို ဖြစ်သည် ချိုးသိမ်း၏ အလို အပို မရှိ သရုပ်ဆောင် ချက်များကို လူများ ပါးစပ်ဖျားမှ ချီး မွန်း စကားပြောနေကြသည် ၊ ချိုးသိမ်းသည်က အရက်မူးပြေ ၍ ဇတ်စင်နောက် ရောက်လာသော ဦးအုန်း၏ အနားတွင် ခွေခွေလေး လဲ နေလေသည်၊ သာအေး နှင့် ပေတူးသည် အရက်မူးနေသော ဦးအုန်းအား သံပုရာရည်များဖျော်တိုက် သလို စိတ်မရှည်သည့် ပေတူးက သံပုရာ ရည်များ ဦးအုန်း၏နားထဲ လောင်းချ လိုက်ရာ ဦးအုန်း တယောက် အော်ဟစ် ငိုယိုကာ အမူးပြေ ရုံတင် မက ဒေါသ ပါထွက် လို့ ပေတူး နှင့် ‌သာအေးအား ရိုက် ရန် ဟန်ပြင်ခဲ့သေးသည် ၊ သာအေးမှ အလျှင် အမြန် ရှင်းပြ၍ ဇတ်စင် ဘက်သိူ့ လိုက်လာပြီး ချိုးသိမ်းအား ပူးနေသော သရဲအား ပြဇတ်ပြီး သည် နှင့် ထုတ်နိုင်ခဲ့ ချင်းဖြစ်သည် ၊ ယခုတော့  ပေပင်ရွာ၏ ရွာသား ပြဇတ်သည်က ပြီးပြီ ဖြစ်သည်၊ မောင်ဘိုးထင်တို့ မသိလိုက်သည် မှာ လှည်းများမောင်း  ပြန်သွားသော တခြားရွာသားများ၏  လှည်းတစီးပေါ်မှ လူနှစ်ယောက် ၏ ပြောစကားများကို ဖြစ်သည်။

    “တောက် ဝင်ပူးခိုင်းတဲ့ သရဲက ပြဇတ်ရူးဖြစ်နေရတယ် လို့ကွာ “

    “အေး ဟုတ်တယ်။ ရေခပ်မကြုံ ထင်းခွေတော့ ကြုံမှာ ပေါ့ ကွာ “

    “နောက် လ ဘောလုံပွဲ ကြမှ  ငါတို့ မျောက်ရှုံး ရွာ အကြောင်း ဒီကောင်တွေကို ပြကြတာပေါ့ကွာ “

    မျောက်ရှုံး ရွာသားနှစ်ယောက် သည် တဉီး နှင့် တဦး စကားတိုးတိုး ပြောကာ လှည်းမောင်း၍ ပေပင် ရွာသားပြဇတ် မှ ထွက်ခွာ သွားပါ‌ေလ‌ေတာ့သည်။

    ▪️အောက်လမ်းဘိုးထင် နှင့် ရွာသားပြဇတ် သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ဘောလုံးပြိုင်ပွဲ အမည်ရသော ဇတ်လမ်းလေးကို တင်ဆက်ပေးပါမည် “

📝မောင်တင်ဆန်း