နှာခေါင်းမှ သွေးယိုကျသည်အထိ ကြာမြင့်စွာငုပ်ရသည်။ ရေထဲတွင် နာရီပေါင်းများစွာ နေရသူမို့ အအေးဒဏ်ခံနိုင်ရန် အရက်ပြင်းပြင်းကိုသောက်ရင်း တဖြည်းဖြည်း တစ်စစ စောဘထွန်းတစ်ယောက် အရက်သမားကြီးဖြစ်ခဲ့ရသည်မှာ မဆန်းတော့။ သူတင်မဟုတ်ပါ။ ကြမ်းတမ်းသော အလုပ်ကိုလုပ်ရသည့် ဘဝတူ ကုလားပိုက်ဆွဲနေကြသူ ရေလုပ်သားအားလုံးလိုလိုမှာလည်း အရက်သမားများချည်းသာ။ လူမျိုးသာ အမျိုးမျိုးကွဲပြားနေကြသည်။ အရက် ကြိုက်သည်မှာတော့ အတူတူ။ လူမနီး သူမနီး၊ ရပ်မနီး ရွာမနီး၊ သဲဖွေးဖွေးသောင်ပြင်တွင် ရက်ရှည်လများ နေကြရသူများမို့ အရက်မှတစ်ပါး အခြားဖြေဖျော်စရာမရှိ။ ချော်ငုပ်စရာမရှိက စောဘထွန်းမှာ အခြားအလုပ်သမား များနှင့်အတူ ကူညီလုပ်ကိုင်ရင်း အချိန်ကုန်ရသည်။ ...
သားလေဗျာ။ သူ့ကို ကျုပ် တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။ သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည် က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ မနည်းမနောကို ပိုင်တာဗျ။ သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့ လူလေဗျာ။လွှတ်ချမ်းသာတာပေါ့ဗျာ။တောင် ပိုင်းမှာ တိုက်ဆောက်ပြီးနေတဲ့ လူပေါ့ဗျာ။ဒါ ပေမဲ့ မယားနှစ်ယောက်နဲ့ဗျ။ ပြီးတော့ ပြောရ ဦးမယ်။ မယားနှစ်ယောက်ကို တစ်နေရာစီ ထားပြီး ...
တစ္ဆေလင်မယားသည် အေးဆောင်အား အဘယ်ကြောင့် ယခုကဲ့သို့ လိပ်ပြာစဉ်မတတ် ခြောက် လှန့်လိုက်ပါလိမ့်။ ကျွန်တော်တို့၏ တောင်ယာရွာကြားနှင့် ကွင်းကြီးရွာကြားတွင် ခမောင်းပင်ကြီးတစ်ပင်ကို အစွဲပြုကာ “ခမောင်းချောင်း´ဟုခေါ်သော ချောင်းငယ်တစ်ချောင်းရှိပါသည်။ ထိုချောင်းငယ်မှာ နွေနှင့်ဆောင်းတွင် ရေခန်းခြောက်နေပြီး မိုးတွင်းဆိုလျှင် ရေရှိသည်။ ကျွန်တော်တို့ ယာတောင်ရွာနှင့် ကွင်းကြီးရွာကို သွားလျှင် ထိုချောင်းကိုဖြတ်သွားရသည်။ ဖြတ်သွားရသော လမ်းပေါ်တွင် ခမောင်း ပင်ကြီးတစ်ပင်ရှိသည်။ ထိုခမောင်းပင်ကြီးကို အစွဲပြု၍လည်း ခမောင်းချောင်းဟု ခေါ်ကြ ခြင်းဖြစ်၏။ ထိုခမောင်းချောင်း၏ ခမောင်းပင်ကြီးပေါ်တွင် တစ္ဆေလင်မယား နှစ်ကောင်ရှိသည်ဟု ယုံကြည်ထားကြသည်။ လမိုက်ညများတွင် ထိုလမ်းမှ ...
မင်းကလည်း အဓိပ္ပါယ်မရှိလိုက်တာ ” “ဖြစ်နိုင်တယ် ငပေရ…တို့နှစ်ယောက်က ဘွားနဲ့အမြဲလိုက်နေကြတော့ ဒီကိစ္စတွေဆိုတာ တို့အတွက်ရိုးအီလို့နေပြီမောင်” “မင်းတို့ကလည်းကွာ…ငါသရဲကြောက်လို့များ ပိုပိုသာသာပြောနေကြတာများလား” လူချင်းသာ မိုက်ရဲ…သတ်ရဲသော ငပေသည် သရဲအား အလွန်ကြောက်ရှာသည်။ ယခုလည်း မောင်တိုးနှင့်မောင်အုန်း၏စကားများကြောင့် သူခမျာ မျက်နှာထက်၌ ချွေးများပင်စို့ချင်ချင်ဖြစ်နေလေပြီ။ ငပေ၏အသွင်ကြောင့် မောင်တိုးနှင့်မောင်အုန်းတို့ ရီမောကြတော့လေသည်။ ခဏကြာလေတော့ ခွေးအူသံတို့သည် တိတ်ဆိတ်သွား၏။ ထိုအသံတို့တိတ်ဆိတ်သွားသောအခါ… “ငါအပေါ့သွားဦးမယ်ကွာ မင်းတို့ခဏနေခဲ့ကြဦး” ဟု..ငပေ က ပြောရင်း ကင်းတဲနှင့် ခပ်လှမ်းလှမ်းရှိ မန်ကျည်းပင်ကြီးဆီသို့ထွက်သွားတော့သည်။ ငပေထွက်သွားသည်ကို မောင်အုန်းတို့ လှမ်းကြည့်ပြီးနောက် အချင်းချင်းစကားပြောနေခဲ့ကြလေသည်။ “အားးးး…..အမလေးးးး…..သ…သရဲ…သရဲ…သရဲ……” ...
ထုတ်ထားရမှာ ပေါ့ဗျာ။ ကျုပ်တို့ အညာဒေသက ပူတော့ ရွာထဲမှာထားရင် အနံ့အသက်ထွက်မှာစိုးလို့ ရွာပြင်ထုတ်ရတာပေါ့ဗျာ။ ရွာရှေ့ပိုင်းက လက်သမားဆရာ ဦးလှကြည်ကို ကျုပ်ပဲ သွားခေါ်လာတာဗျ။ ပြီးတော့ သစ်ရောင်းတဲ့ ဘိုးမောင်သစ်ရဲ့ သစ်ဆိုင်မှာ ပျဉ်ပုတ်တစ်ခါတည်း ဝင်ဝယ်ကြတယ်။ ရွာက ကာလသားတွေက ရွေဘော်ခုံကို ထမ်းတဲ့လူထမ်း၊ ပျဉ်ပုတ်ထမ်း တဲ့လူထမ်း ဝိုင်းလုပ်ကြပါတယ်။ ပျဉ်ချပ်တွေ ဖြတ်တော့မယ်ဆိုတော့ လက်သမားဆရာ ဦးကြည်လှက ကျုပ်ကို ပြောတယ်။ “ကဲ တာတေရေ ပျဉ်တွေ ဖြတ်ရအောင်၊ အလောင်း သွားတိုင်းကာ ကျပ်က ပေကြိုးယူ ...
ဒီမှာရှိတဲ့လူတွေကိုလည်းတစ်ယောက်တစ်ပြားပေးမယ်…ကျန်တာတွေကို ဝမ်းရေးလည်းသုံးမယ်…အလှူအတန်းလည်းလုပ်မယ်…” မောင်မြတ်ကထိုသို့ပြောပြီး လူဆယ့်တစ်ယောက်အား ရွှေဒါင်္ဂါးတစ်ယောက်တစ်ပြားဝေပေးလိုက်၏။ ကျန်လူများက ရွှေဒင်္ဂါးပြားသည်လောက်များသည်ကို တစ်ယောက်တစ်ပြားသာပေးရကောင်းလားဟု တွေးမိသော်လည်း သူ့ဝန်းသူ့ခြံထဲတွေ့သည့်အတွက် ဘာမှမဟရဲကြချေ။ ထိုရွှေဒင်္ဂါးပြားများ၏ တချို့တဝက်ကိုထုခွဲရောင်းချပြီး အိမ်အသစ်ဆောက်၏။ တချို့တဝက်ကိုအလှူလုပ်ပစ်၏။ အိမ်အသစ်တက်သည့်နေ့၌ တစ်ရွာလုံးကိုဖိတ်ပြီးအိမ်သစ်တက်ပွဲခမ်းခမ်းနားနားကျင်းပ၏။ မြင်အပ်မမြင်အပ် သောဘုံအားလုံးကိုလည်းအမျှအတမ်းပေးဝေ၏။အားလုံးပြီးစီးသော် အိမ်အသစ်လေးဆီသို့ မိသားစုသုံးဦးပြောင်းလိုက်ကြသည်။ ပြသနာကားထိုနေ့မှစတင်သည်ဟုဆိုရမည်။ တိတ်ဆိတ်နေသောညအချိန်တွင် အသစ်စက်စက် အိမ်ကြီးသည် သိမ့်ခနဲတုန်သွား၏။ မြေငလျင်လှုပ်သကဲ့သို့တချက်မျှတုန်သည်မဟုတ်ဘဲ သုံးခါဆက်တိုက်တုန်နေခြင်းဖြစ်သည်။ အိမ်မောကျနေသော မောင်မြတ်က အိမ်ကြီးသိမ့်ခနဲတုန်သွားသောကြောင့် လန့်နိူးလာသကဲ့သို့ ဇနီးဖြစ်သူပန်းခင်လည်း လန့်နိုးလာ၏။ ” ရှင်သိလိုက်လားကိုမြတ်…အိမ်ကြီးသိမ့်ခနဲတုန်သွားတာ…” ” အင်း…ငါလည်းအဲဒါကြောင့်လန့်နိုးလာတာဘဲ…မြေငလျင်လှုပ်တာနေမယ်…အားဘယ်လောက်ပြင်းလဲမသိ…အိမ်ကြီးကိုသိမ့်နေတာဘဲ…” ” အိမ်ကပြတ်ရွေ့ပေါ် ...
ယောင်ပြကာ ရွာဝေးရာ သွားခိုးသည်၊ ရွာဝေးရာခိုးရာမှ ရွာနှင့်ဗဟိုအလယ်ကျရာ၊ ထို့နောက် ရွာနီးရာ၊ ထို့နောက် ရွာကွင်းရွာယာများထဲ အတင့်ရဲစွာ ခိုး၏။ ငကျောက်နှင့် ငရွှေတို့၏ တောလိုက်ဆရာ၊ ဆရာခက ခေါ်ဆုံးမ၏။ “မအေပေး နှစ်ကောင်၊ ခိုးစားမှာဖြင့် အသားလွတ် ခိုးစားကွ၊ ငါရိုးမ နှစ်ယောက် လုပ်တာနဲ့၊ တို့လို မွဲလို့ တောလိုက်စားနေရတဲ့ ရွာမုဆိုးစည်းစောင့်သူတွေ ကြားထဲက အထင်လွဲ အသတ်ခံရဦးမယ်၊ မဟုတ်တာ လုပ်ပြီး မင်းတို့ သုံးလုံးထိုး၊ နှစ်လုံးထိုး၊ ရှီးတဲ့မှ ပေါက်မယ်၊ ပေါက်လည်း ပါနီထဲကရေ ...
နဲ့ခြံစည်းရိုးအပင်တွေအောက်ဝင်ပုန်းနေတာ။ အဖေကတော့တုတ်ကြီးတဝင့်ဝင့်လုပ်ပြီး “ဘယ်မှာလဲ အဲ့ဒီ ကောင်။ကျောင်းမတက်ဘဲလျှောက်သွားနေတာ။ငါဆော်မှာ။ဆော်မှရတော့မှာ” ဆိုပြီးကြိမ်းနေတာ။ တကယ်ဆော်တာစာရေးဆရာရဲ့။ အမေကတော့”စိတ်ထိန်းပါယောက်ျားရယ်။စိတ်ကိုထိန်းပါ”ဆိုပြီးဖျောင်းဖျနေတာ။ အဖေကတော့မရဘူး။ဆော်မှာချည်းလုပ်နေတာ။ ဒီတော့ ကျွန်တော်လည်း စဉ်းစာတယ်။အခုနေအိမ်ထဲ ဝင်ရင်ငါအဆော်ခံရမှာ။ငါ့သူငယ်ချင်းအိမ်ကိုပြေးမယ်ဆိုပြီးပြေးလာခဲ့တာ။ ကျွန်တော့်သူငယ်ချင်းအိမ်ကအဝေးကြီး။မြို့သစ် ကိုဆင်းတဲ့အေးသာယာအဆင်းလမ်းမှာရှိတာ။ခြံထဲမှာလည်းမွေးထားတဲ့နွားတွေ အများကြီး။ အဲ့ဒီ ခြံကအိမ်နဲ့ဝေးတယ်ဆိုပေမယ့်.အဖေရိုက်မှာကြောက်တော့ပြေးရတာပေါ့။ ပြေးရင်းပြေးရင်းနဲ့သုံးသင်္ချိုင်းအနားရောက်လာတယ်။ သုံးသင်္ချိုင်း ဆိုတာ.ကုလားသင်္ချိုင်းရယ်။ဗမာသင်္ချိုင်းရယ်။တရုတ်သချုင်္ိင်းရယ်.တစ်ဆက်တည်းပဲ။ ကျွန်တော် လည်းသင်္ချိုင်းထဲစဝင်လာခဲ့တယ်။ အရင်ဦးဆုံးကကုလားသင်္ချိုင်းဗျ” ကျွန်တော် ကကြားဖြတ်မေးလိုက်သည်။ “သင်္ချိုင်းအပြင်ကမသွားဘူးလားဗျ” “အဝေးကြီးဗျ။တမျှော်တခေါ်ကြီးပတ်ရဦးမှာ။ဒါကြောင့်လူတော်တော်များများကသင်္ချိုင်းထဲကပဲဖြတ်သွားကြတာ။ အဲမှာလည်းလူသွားလမ်းသီးသန့်ရှိတယ်ဆရာရဲ့” “သြော်” “ကုလာသင်္ချိုင်းထဲကိုကျွန်တော်စဝင်လာခဲ့တယ်။အဲဒီအချိန်ထိကြောက်စိတ်ဆိုတာမရှိသေးဘူး။နောက်ပြီး ကုလားသင်္ချိုင်းကတကယ်ကိုသန့်ရှင်းနေတာပဲ။ ကုလားသင်္ချိုင်းကိုကျော်တော့ဗမာသင်္ချိုင်းထဲရောက်လာတယ်။ဗမာသင်္ချိုင်းကချုံပုတ်တွေအများကြီး။နောက်ပြီးအဲဒီတုန်းကမှောင်ခိုခေတ်ဗျ။နွားတွေကိုခိုးပေါ်ပြီးမြွေရေခွံအိတ်ထ်ဲထည့်ပြီးချုံပုတ်တွေထဲဝှက်ထားခဲ့ကြတာ။မြန်သလားမမေးနဲ့။နွားတစ်ကောင်ကိုပေါ်တာခဏလေးပဲ။ပြီးရင်ခေွးတွေမဆွဲနိုင်အောင်ချုံပုတ်ကိုဆူးတွေနဲ့ကာထားခဲ့တာ။မနက်ကြမှလာယူကြတာ။ ကျွန်တော်လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ပျက်ကြီးနားရောက်လာခဲ့တယ်။ ပြောရဦးမယ်။အဲဒီဗမာသင်္ချိုင်းမှာ’ပေါင်တိုမ’ဆိုတာရှိတယ်။တကယ့်နာမည်ကြီးပဲ။တောင်ကြီးမြို့မှာရှိတဲ့လူတွေအကုန်သိတယ်။ နွားကျောင်းသားတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုအဲဒီသင်္ချိုင်းမှာအဓမ္မပြုကျင့်ပြီး.ပေါင်ဖြတ်ပြီးသတ်ပစ်တာ။အခုထိမကျွတ်သေးဘူး။ ကျွန်တော် လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ကိုကျော်လာတယ်။ ကြောက်စိတ်ဆိုတာလုံးဝကိုမရှိသေးဘူးနော်။ ဇရပ် ...
မြင်လိုက်ပြီး ဖျားလို့ ဆေးရုံ ရောက်သွားသေးတယ်။ ကျနော့်ကိုလည်း အိပ်မက်တွေပေးပြီး ပြောတယ် ” ကိုတင်ဝင်းက တောင်ဒဂုံ(…)ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ နေသည်။ ကိုကျော်နိုင်တို့ ငှားနေသော အိမ်နှင့် ခြံခြင်းကပ်ရက် ဖြစ်သည်။ (…)ရပ်ကွက် စျေးကြီးမှာ ကြက်သားကို အကြီးအကျယ် ရောင်းခဲ့သည်။ တစ်ရက်ကို ကြက်အကောင် ငါးဆယ်၊ ဘဲ ဆယ်ကောင် အမြဲကုန်သည်၊ လက်ကျန်ရှိလျှင် ညနေပိုင်း ကိုတင်ဝင်းက စျေးထွက်သည်။ ဇနီးဖြစ်သူ မခင်မြက နောက်နေ့အတွက် ရောင်းရန် ကြက်ဘဲ စျေးသို့ ဆင်းသည်။ ထိုဝယ်လာသော ...
ကျတ်ကုန်းမြေထဲမှာဘာကြောင့်ပါ။နိုင်ကြီးပယ်ပြောင်းပေါ်က ကန်သင်းရိုးအတိုင်း လျှောက်လာခဲ့တယ်။လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။ တစ်ချို့ လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။ လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်မောင်နှမကုန်းကိုရောက်လာတယ်။စိုးပင်းရဲ့ လယ်တဲကပေါက်ပင်မောင်နှမ ကုန်းပေါ်မှာ။လယ်တဲထဲမှာ မီးခွက်ထွန်းထားပုံရတယ်။တဲထရံကြားကနေ မီးရောင်တွေ့ နေရတယ်။ နိုင်ကြီးက စိုးမင်းကို လှမ်းခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး နိုင်ကြီးကိုလမ်းပြတယ်။ “ကဲ ရော့ဟေ့ငါကတော့ ကတိတည်ပြီနော်…” နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကိုပေးရင်းပြောလိုက်တယ်။ “အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကိုမှာထားပြီးသားပါ။ မင်းတဲထဲမှာ ခဏနေခဲ့ဦးနော် …” စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်သွားတယ်။နိုင်ကြီးကြည့်လိုက်တော့ စိုးပင်းသွားနေတာက တဲရှေ့လယ်တစ်ကွက်အကွာက ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့စိုးမင်းပြန်လာပြီး နိုင်ကြီးကိုထွက်ခဲ့ဖို ့ခေါ်တယ် ...