သုံးသင်္ချိုင်း

နဲ့ခြံစည်းရိုးအပင်တွေအောက်ဝင်ပုန်းနေတာ။
အဖေကတော့တုတ်ကြီးတဝင့်ဝင့်လုပ်ပြီး
“ဘယ်မှာလဲ အဲ့ဒီ ကောင်။ကျောင်းမတက်ဘဲလျှောက်သွားနေတာ။ငါဆော်မှာ။ဆော်မှရတော့မှာ”
ဆိုပြီးကြိမ်းနေတာ။
တကယ်ဆော်တာစာရေးဆရာရဲ့။
အမေကတော့”စိတ်ထိန်းပါယောက်ျားရယ်။စိတ်ကိုထိန်းပါ”ဆိုပြီးဖျောင်းဖျနေတာ။

အဖေကတော့မရဘူး။ဆော်မှာချည်းလုပ်နေတာ။
ဒီတော့ ကျွန်တော်လည်း စဉ်းစာတယ်။အခုနေအိမ်ထဲ
ဝင်ရင်ငါအဆော်ခံရမှာ။ငါ့သူငယ်ချင်းအိမ်ကိုပြေးမယ်ဆိုပြီးပြေးလာခဲ့တာ။
ကျွန်တော့်သူငယ်ချင်းအိမ်ကအဝေးကြီး။မြို့သစ်
ကိုဆင်းတဲ့အေးသာယာအဆင်းလမ်းမှာရှိတာ။ခြံထဲမှာလည်းမွေးထားတဲ့နွားတွေ အများကြီး။

အဲ့ဒီ ခြံကအိမ်နဲ့ဝေးတယ်ဆိုပေမယ့်.အဖေရိုက်မှာကြောက်တော့ပြေးရတာပေါ့။
ပြေးရင်းပြေးရင်းနဲ့သုံးသင်္ချိုင်းအနားရောက်လာတယ်။
သုံးသင်္ချိုင်း ဆိုတာ.ကုလားသင်္ချိုင်းရယ်။ဗမာသင်္ချိုင်းရယ်။တရုတ်သချုင်္ိင်းရယ်.တစ်ဆက်တည်းပဲ။
ကျွန်တော် လည်းသင်္ချိုင်းထ​ဲစဝင်လာခဲ့တယ်။
အရင်ဦးဆုံးကကုလားသင်္ချိုင်းဗျ”
ကျွန်တော် ကကြားဖြတ်မေးလိုက်သည်။
“သင်္ချိုင်းအပြင်ကမသွားဘူးလားဗျ”
“အဝေးကြီးဗျ။တမျှော်တခေါ်ကြီးပတ်ရဦးမှာ။ဒါကြောင့်လူတော်တော်များများကသင်္ချိုင်းထဲကပဲဖြတ်သွားကြတာ။
အဲမှာလည်းလူသွားလမ်းသီးသန့်ရှိတယ်ဆရာရဲ့”
“သြော်”
“ကုလာသင်္ချိုင်းထဲကိုကျွန်တော်စဝင်လာခဲ့တယ်။အဲဒီအချိန်ထိကြောက်စိတ်ဆိုတာမရှိသေးဘူး။နောက်ပြီး ကုလားသင်္ချိုင်းကတကယ်ကိုသန့်ရှင်းနေတာပဲ။
ကုလားသင်္ချိုင်းကိုကျော်တော့ဗမာသင်္ချိုင်းထဲရောက်လာတယ်။ဗမာသင်္ချိုင်းကချုံပုတ်တွေအများကြီး။နောက်ပြီးအဲဒီတုန်းကမှောင်ခိုခေတ်ဗျ။နွားတွေကိုခိုးပေါ်ပြီးမြွေရေခွံအိတ်ထ်ဲထည့်ပြီးချုံပုတ်တွေထဲဝှက်ထားခဲ့ကြတာ။မြန်သလားမမေးနဲ့။နွားတစ်ကောင်ကိုပေါ်တာခဏလေးပဲ။ပြီးရင်ခေွးတွေမဆွဲနိုင်အောင်ချုံပုတ်ကိုဆူးတွေနဲ့ကာထားခဲ့တာ။မနက်ကြမှလာယူကြတာ။
ကျွန်တော်လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ပျက်ကြီးနားရောက်လာခဲ့တယ်။
ပြောရဦးမယ်။အဲဒီဗမာသင်္ချိုင်းမှာ’ပေါင်တိုမ’ဆိုတာရှိတယ်။တကယ့်နာမည်ကြီးပဲ။တောင်ကြီးမြို့မှာရှိတဲ့လူတွေအကုန်သိတယ်။
နွားကျောင်းသားတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုအဲဒီသင်္ချိုင်းမှာအဓမ္မပြုကျင့်ပြီး.ပေါင်ဖြတ်ပြီးသတ်ပစ်တာ။အခုထိမကျွတ်သေးဘူး။
ကျွန်တော် လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ကိုကျော်လာတယ်။
ကြောက်စိတ်ဆိုတာလုံးဝကိုမရှိသေးဘူးနော်။
ဇရပ် ကိုကျော်လာတော့အနောက်ဘက်မှာ’ဝှီး.ဘုန်း’ဆိုတဲ့အသံကြီးကိုကြားလိုက်ရတယ်။
ကျွန်တော် လည်းလှည့်ကြည့်လ်ိုက်တော့ဘယ်သူမှ
မရှိဘူး။ဘာကိုမှလည်းမတွေ့ရဘူး။
အဲ့ဒီ အချိန်မှာလေ.လုံးဝမတိုက်ဘဲဇရပ်သွပ်မိုးတွေက
‘ဗျန်း.ဗျန်း.ဗျန်း’နဲ့ထမြည်တာ။
အဲ့ဒီ မှာကျွန်တော်လည်းကြောက်စိတ်နည်းနည်းဝင်လာပြီ။
ဒါကြောင့် ခပ်သွက်သွက်လျှောက်လာခဲ့တယ်။
အဲ့ဒီ အချိန်မှာအနောက်ကနေ.’ဖျပ်.ဖျပ်. ဖျပ် ‘ဆိုတဲ့
ခြေသံတွေထွက်လာတယ။်လှည့်ကြည့်တော့ဘယ်သူမှမရှိဘူး။
ဘယ်ရမလဲ။ကျွန်တော်လည်းခြေကုန်သုတ်တော့တာဘဲ။
ပြေးရင်းနဲ့ဗမာသင်္ချိုင်းအစပ်ရောက်လ်ာတယ်။
ဗမာသင်္ချိုင်းကိုကျော်ရင်တရုတ်သင်္ချိုင်းကျန်သေးတယ်။
ဗမာသင်္ချိုင်းအစပ်မှာတဲတစ်လုံးရှိတယ်ဗျ။သုဘရာဇာတစ်ယောက်နေတာ။သူကတဲရှေ့မှာမီးလှုံနေတာ။
ကျွန်တော်လည်းသူ့ကိုအကူအညီတောင်းကြည့်တယ်။
သူငယ်ချင်းကဲ့နွားခြံကိုလိုက်ပို့ပေးဖို့ပေါ့။
သူကလည်းလိုက်ပို့ပေးရမှာပျင်းလို့တူပါတယ်။
“ဟာကွာ တရုတ် သင်္ချိုင်းကျော်ရင်ရောက်တော့မှာပဲ။မဝေးတော့ပါဘူးကွ”လို့ပြန်ပြောတယ်။
ကျွန်တော် လည်းဆက်မသွားသေးဘဲသူနဲ့အတူမီးလှုံနေလိုက်တယ်။
တဖြည်းဖြည်း နဲ့ညဉ့်ကနက်လာတယ်။
ဒါကြောင့် ကျွန်တော်လည်း မသွားလို့မဖြစ်တော့ဘူးဆိုပြီးမီးဖိုနားကခွာလာခဲ့ပြီးတရုတ်သင်္ချိုင်းထဲစဝင်လာခဲ့တယ်။
ကြောက်တာကတော့အတော်ကြောက်နေပြီ။
လျှောက်ရင်းလျှောက်ရင်းနဲ့သင်္ချိုင်းအလယ်လောက်ရောက်လာတော့.လူတစ်ယောက်ဗျာ.အဖြူရောင် ဝတ်ရုံကြီးဝတ်ထားတာ။အရပ်ကြီးကတကယ့်ကိုအရှည်ကြီးပဲ။သူကလမ်းဘေးကအုတ်ဂူပေါ်မှာရပ်နေတာ။
အဲ့ဒီ လူကြီးကိုမော့ကြည့်ပြီးကျွန်တော်ဘယ်လိုဖြစ်သွားလဲသိလား’အိအိ..အဲ့အဲ့'(ကိုသ့န့်ဇင်ကပါးစပ်ကြီးရွဲ့.မျက်လုံး ကြီးပြူးပြသည့်ဟန်လုပ်ပြသဖြင့်ကျွန်တော့်မှာအလွန်သဘောကျသွားရပါသည်။)
လို့ဖြစ်သွားပြီးနွားခြံဘက်ကိုဇွတ်ပြေးလာခဲ့တာ။
နွားခြံကိုရောက်တော့ခြံတံခါးကိုလက်နှစ်ဖက်နဲ့
ဆွဲကိုင်ပြီးအတင်းလှုပ်ရမ်းတော့တာ။ပါးစပ်ကလည်းအိ.အိအဲအဲနဲ့အော်နေတာ။
အိမ်ထဲကသူငယ်ချင်းအမေကလည်း’ဟဲ့ဘယ်သူတုံး’လို့လှမ်းမေးတာ။
ကျွန်တော် လည်းပြန်ဖြေတာပဲ။ဒါပေမယ့်အကြောက်လွန်သွားပြီး.အ.သွားတော့ အ.ိအိအဲ့’လို့ပဲပြန်ဖြေနိုင်တယ်။
ခြံထဲကခွေးတွေကလည်းကျွန်တော့်ကိုထိုးဟောင်နေကြတယ်။
အဲ့ဒီ ခွေးတွေကိုကျွန်တော်ကောင်းကောင်းကြီးသိနေသေးတယ်။
အောင်နက်ဆိုအောင်နက်၊မိဖြူဆိုမိဖြူ။ဒါပေမယ့်အဲဒီလိုနာမည်ခေါ်ဖို့အသံကိုမထွက်တော့တာ။
ခဏကြာတော့သူတို့အိမ်သူအိမ်သားတွေလည်းခြံထဲဆင်းလာကြတယ်။
ကျွန်တော့်ကိုမြင်တော့’ဟဲ့.နင်ဦးစိန်အေးသားသန့်ဇင်မဟုတ်လား’ဆိုပြီးတံခါးဖွင့်ပေးတယ်။
နောက်ပြီး သူတို့အားလုံး.တရုတ်သင်္ချိုင်းဘက်လှမ်းကြည့်ကြပြီး
“ဟယ်.ဟိုကောင်ကြီးပါလာပြီ။ဒါကြောင့်ဒီကောင်လေးကြောက်နေတာကိုး”လို့ပြောပြီးကျွန်တော့်ကိုအိမ်ပေါ်
ခေါ်သွားကြတယ်။
အိမ်ပေါ်ရောက်တဲ့အထိကျွန်တော်စကားမပြောနိုင်ဘူး။အိ.အိအဲ့အဲ့ဆိုတာလောက်ပဲပြောနိ်ုင်တယ်။
သူငယ်ချင်း အမေကလည်း.ရေမန်းတွေဘာတွေတိုက်လိုတိုက်ပေါ့ဆရာရယ်။
ပြောရဦးမယ်ဗျ။အဲဒီအိမ်မှာကျွန်တော်ခုနှစ်ရက်လောက်နေလိုက်ရတယ်။အကြောက်လွန်ပြီးဖျားသွားလို့လေ။
နောက်မှအဖေတို့ကပြန်လာခေါ်ကြတာ”
အဲ့ဒါ ကျွန်တော် ငယ်ငယ်ကကြုံခဲ့ရတာပဲဆရာ”
စကားကိုအဆုံးသတ်ပြီးနောက်ကိုသန့်ဇင်ကမီးသေနေသည့်ဆေးပေါ့လိပ်ကိုမီးညှိကာဖွာရိုက်နေပြန်သည်။
ကျွန်တော်က
“တော်တော် စိတ်ဝင်စားစရာကောင်းတာပဲကိုသန့်ဇင်ရာ။အခုကြုံရတာတွေကိုကျွန်တော်ဝတ္ထုပြန်ရေးလိုက်မယ်ဗျ။ကျွန်တော့်လိုင်းနဲ့ကွက်တိပဲ”
“ရေးပါဆရာရဲ့။နောက်ထပ်ကြုံရတာတွေအများကြီးရှိသေးတယ်။မနက်ဖြန်ကျွန်တော်ပြောပြမယ်။ဆရာကုန်ကြမ်းရသွားတာပေါ့”
“ဟုတ်။မနက်ဖြန်ဒီနေရာပဲလာခဲ့လေ။ဒီနေရာစာရေးရတာအရမ်းလွတ်လပ်တယ်။စကားလည်းအေးအေးဆေးဆေးပြောရတာပေါ့”
“ဟုတ်ဆရာ။လာခဲ့ပါမယ်”
ကိုသန့်ဇင်နှင့်ဝန်ထမ်းတွေကျွန်တော့်အနားမှအသီးသီးထွက်သွားကြသည်။
ဝန်ထမ်းတွေကအဆောင်ဘက်သို့ဖြစ်ပြီး.ကိုသန်ဇင်ကအိမ်ထောင်သည်ဖြစ်သည်မို.လိုင်းခန်းဘက်သို့ထွက်သွားသည်။
ညဉ့်လည်းနက်နေချေပြီ။
အားလုံးတိတ်ဆိတ်သည့်အချိန်ဖြစ်သည်မို့ကျွန်တော်လည်းစာရေးရန်အတွက်ပြင်ဆင်နေလိုက်ပါတော့သည်။
အားလုံးအေးချမ်းကြပါစေ။

#ဆရာဆွေ(တောင်တွင်း)