ဖဲသမားအသုဘ

ထုတ်ထားရမှာ ပေါ့ဗျာ။ ကျုပ်တို့ အညာဒေသက ပူတော့ ရွာထဲမှာထားရင် အနံ့အသက်ထွက်မှာစိုးလို့ ရွာပြင်ထုတ်ရတာပေါ့ဗျာ။

ရွာရှေ့ပိုင်းက လက်သမားဆရာ ဦးလှကြည်ကို ကျုပ်ပဲ သွားခေါ်လာတာဗျ။ ပြီးတော့ သစ်ရောင်းတဲ့ ဘိုးမောင်သစ်ရဲ့ သစ်ဆိုင်မှာ ပျဉ်ပုတ်တစ်ခါတည်း ဝင်ဝယ်ကြတယ်။ ရွာက ကာလသားတွေက ရွေဘော်ခုံကို ထမ်းတဲ့လူထမ်း၊ ပျဉ်ပုတ်ထမ်း တဲ့လူထမ်း ဝိုင်းလုပ်ကြပါတယ်။

ပျဉ်ချပ်တွေ ဖြတ်တော့မယ်ဆိုတော့ လက်သမားဆရာ ဦးကြည်လှက ကျုပ်ကို ပြောတယ်။

“ကဲ တာတေရေ ပျဉ်တွေ ဖြတ်ရအောင်၊ အလောင်း သွားတိုင်းကာ
ကျပ်က ပေကြိုးယူ ပြီး အလောင်းစင်ပေါ်က ဆန့်ဆန့်ကြီး တောင့်နေတဲ့ ကိုအောင်ချစ်ရဲ့ အလောင်းကို ပေကြိုးတိုင်းတယ်။ ငါးပေခုနစ်လက်မ။ ပြီးတော့ ပခုံး စွန်းနှစ်ဖက်ကို တိုင်းတယ်။

ကျုပ် တိုင်းထားတဲ့ အတိုင်းအတာတွေကို ဦးကြည်လှကို ပြောလိုက်တယ်။ ဦးကြည်လှက ခေါင်းစပ်နေကျ လက်သမား ဆိုတော့ အတိုင်းအတာကို ခန့်မှန်းတယ်။ သုံးရက် ထားမှာဆို တော့ ခေါင်းကို ဘယ်လောက်လုပ်ရမယ်ဆိုတာ သူသိတယ်ဗျ။ ကျုပ်တို့လူငယ်တွေက ဦးကြည်လှကို ဝိုင်းပြီး ရွေဘော် ထိုးပေး၊ လွှဖြတ်ပေး လုပ်ပေးကြတာပေါ့ဗျာ။ ခေါင်းတစ်လုံးကို သေသေချာချာ စပ်တော့လည်း အကြာသားဗျ။ တစ်မနက်ကုန် ရော ဆိုပါတော့ဗျာ။ ခေါင်းစပ်ပြီးပြီဆိုတော့ အလောင်းကို ခေါင်း သွင်းဖို့ လုပ်ကြရတာပေါ့လေ။ ကျုပ်တို့ စပ်ထားတဲ့ခေါင်းကို မပြီး အိမ်ပေါ်ကို ယူလာကြတာပေါ့။ ကိုအောင်ချစ်ရဲ့ အလောင်းဘေးမှာ ခေါင်းကိုယှဉ်ပြီး ချလိုက်တယ်။ “မောင်လေး အောင်ချစ်ရေ အစောကြီး ခွဲသွားပါ ရော

ကိုအောင်ချစ်တို့က မောင်နှမသုံးယောက်ဗျ။ အစ်မတစ် ယောက်၊ ညီတစ်ယောက် ရှိတယ်။ သူ့ညီက ကိုအောင်သစ်လေ။ သူ့အစ်မက မစိန်တဲ့ဗျ။

ကိုအောင်ချစ်အစ်မက ခေါင်းသွင်းကာနီးမှာ အော်ငိုတော့ ကိုအောင်ချစ်ရဲ့ အမေလည်းငို။ သူတို့ဆွေတွေ မျိုးတွေ၊ ကိုအောင် ချစ်ကိုခင်တဲ့ ရွာထဲက လူတွေ ငိုကြတာ ကျွက်ကျွက်ကို ညံ နေတာပေါ့ဗျာ။

သူတို့တွေအားရအောင် ငိုပါစေဆိုပြီး ကျုပ်တို့ လူငယ်တွေက ကိုအောင်ချစ်ကို ခေါင်းမသွင်းသေးဘဲ ထားရသေးတာဗျို့။ အားလုံး ငိုသံတွေ နည်းနည်းစဲတော့မှ…

“ကဲ တာတေတို့ လုပ်ကြတော့၊ ခေါင်းသွင်းတော့” ဘိုးညီလေးက အိမ်ရှေ့ခန်းလူကြီးဝိုင်းကနေ လှမ်းပြောသဗျ။

ဒီမှာတင် ကျုပ်တို့လူငယ်တွေ ကိုအောင်ချစ်အလောင်းကို ဝိုင်းမပြီး ခေါင်းသွင်းကြတာပေါ့ဗျာ။ကျုပ် အံ့သြပြီး ပါးစပ်က အော်လိုက်မိတယ်။

“တာတေ၊ ဒါ ဘယ်လိုဖြစ်တာတုံး၊ မင်းအတိုင်း မှားကျွက်စီ ကျွက်စီနဲ့ အသံတွေ ထွက်လာရောဗျို့။

“ဟေ ဘာဖြစ်ကြလို့တုံး၊ တာတေ ဘာဖြစ်တုံး”

ဘိုးညီလေးတို့ လူကြီးဝိုင်းက လှမ်းမေးကြပြီဗျို့။”ခေါင်းသွင်းလို့ မရဘူး၊ ခြေထောက်ထွက်နေတယ်၊ အတိုင်းမှားသွားပြီထင်တယ်””
ကျုပ်ပြောတာ မဟုတ်ဘူးဗျ။ လူကျော် ပြောလိုက်တာ။

“ဟာ ဘယ်သူ တိုင်းတာတုံး၊ သေသေချာချာ တိုင်းမှပေါ့ ကွ၊ ဒါမျိုးက လွဲလို့မရဘူးလေ”” “ကျုပ် တိုင်းတာပါ ဘိုးရဲ့၊ မမှားပါဘူး” ကျုပ်က ဘိုးညီလေးကို လှမ်းပြောတယ်။

“ဒါဆိုရင် ကြည်လှ ခေါင်းပျဉ်ဖြတ်တာ မှားသလားမှမသိတာ”

“ဟာ ကျုပ်လည်း မမှားပါဘူး ဘိုးရဲ့၊ တာတေ တိုင်းတာ ငါးပေခုနစ်လက်မဆိုလို့ ကျုပ်က ခြောက်ပေအပြည့် စပ်ထား တာပါ၊ ခေါင်းကို တိုင်းကြည့်လိုက်လေ””

ဦးကြည်လှ ပြောလို့ ကျုပ်တို့က ကိုအောင်ချစ်ရဲ့ အလောင်း ကို အလောင်းစင်ပေါ် ပြန်တင်ပြီး ခေါင်းကို တိုင်းကြည့်တယ်။ ခေါင်းကို ဦးကြည်လှ စပ်ထားတာ ခြောက်ပေအတိပဲဗျ။

“ဒါဆိုရင် အလောင်းကို ပြန်တိုင်းစမ်းကွာ” ဘိုးညီလှက စိတ်တိုတဲ့အသံနဲ့ ကျုပ်တို့ကို လှမ်း ပြောတာ

ကျုပ်ကိုယ်တိုင် အလောင်းကို တိုင်းလိုက်တယ်။

“ဟင် ဘာဖြစ်လို့တုံး တာတေ ကျုပ်ကို ဝိုင်းမေးကြတယ်ဗျ။

“အလောင်းက ခြောက်ပေခွဲတောင် ရှိနေတယ်ဗျ”” “ဟာ ဒါဆို မင်းတိုင်းတာ မှားတာပေါ့”

“ဟာ မမှားပါဘူး ဘိုးရဲ့၊ စောစောက ကျုပ် တိုင်းတာ ငါးပေ ခုနစ်လက်မပါ၊ ဘိုး စဉ်းစားကြည့်လေဗျာ၊ ကိုအောင်ချစ် အရပ်က ခြောက်ပေခွဲ ရှိပါ့မလား”

“ဟေ ဟုတ်သားပဲ၊ အောင်ချစ် မပြောနဲ့၊ ဒီတိုင်း ပြည်တစ် ပြည်လုံးမှာတောင် အရပ်ခြောက်ပေခွဲရှိတဲ့လူ တစ်ယောက်မှမရှိဘူး”“

**ဒါဆို ဘယ်လိုဖြစ်တာတုံး”
ကိုအောင်ချစ်ရဲ့ညီ ကိုအောင်သစ်က ဝင်ပြီး မေးတယ်ဗျ။

“အလောင်းရှည်ထွက် လာတာဗျ””

“ဘာကွ၊ အလောင်းက ဘယ်လိုလုပ်ပြီး ရှည်လာတာ တုံး ”

ကိုအောင်သစ်က နားမလည်တော့လို့ ထပ်မေးတာ ပေါ့ဗျာ။

တစ်ခုခုတော့ ထူးနေတယ် ကိုအောင်သစ်ရဲ့”

ကျုပ်က ပြောလိုက်တော့ လူကျော်က ပြောတယ်ဗျ။ “ဒါဆိုရင် ခေါင်းတစ်လုံး ထပ်စပ်ကြတာပေါ့ဗျာ “ဟာ၊ ပော့ကောင် လူကျော်၊ ဘာနားမလည် ညာနားမ လည်နဲ့ ဘာတွေပြောတာတုံး၊ ခေါင်းဆိုတာ ထပ်စပ်လို့ မရဘူး ကွ၊ ခေါင်းထပ်စပ်ရင် ရွာထဲမှာ အသုဘတွေ တန်းစီသွားလိမ့်မယ်

ဟာ ဟုတ်လား ဘိုး၊ ကျုပ်က မသိလို့ပါဗျာ”

“ အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဘာလုပ်ရမှန်း မသိကြတော့ဘူးပေါ့ဗျာ။ တစ်ချို့ကတော့ ကြောက်ကုန်ကြတာပေါ့ဗျာ။

“ဒါဆိုရင်တော့ ဖျာနဲ့ပဲ လိပ်ပြီးချရတော့မှာပေါ့ဗျာ” ကျုပ်သူငယ်ချင်း တိုးလှက ဝင်ပြောတာဗျ။

“ဘာကွ တိုးလှ၊ ငါ့အစ်ကိုက ဖျာနဲ့ပတ်ပြီး အသုဘချရမယ့်အစားလားကွာ၊ မင်း စဉ်းစားလည်း ပြောပါတိုးလှရာ” ကိုအောင်ချစ်ရဲ့ညီ ကိုအောင်သစ်က ဝင်ပြောတာဗျို့။ စိတ်ဆိုးတဲ့အသံနဲ့ ပြောတာဗျ။ တစ်ယောက် တစ်ပေါက်တွေ ဖြစ်ကုန်တော့တာပေါ့ဗျာ။ ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိ။ လူကြီးတွေလည်း ဘာလုပ်ရမှန်းမသိအောင် ဖြစ်ကုန်တော့တာဗျို့။ ကျုပ်က ဘာမှဝင် မပြောဘဲ ကိုအောင်ချစ် အလောင်းကို ကြည့်ပြီး စဉ်းစားနေတာဗျ။

အလောင်းကို ကြည့် နေတုန်း ကျုပ်စိတ်ထဲမှာ သံသယ နည်းနည်းဝင် လာတယ်ဗျို့။ အလောင်းက စောစောကထက်ပိုပြီး ရှည်နေတယ်လို့ထင်လို့ ပေကြိုးကို ကပျာကယာယူပြီး ကိုအောင် ချစ်အလောင်းကို ကျုပ် ထပ်တိုင်းလိုက်တယ်။

ကျုပ်ပါးစပ်က ယောင်ပြီး အော်လိုက်မိတာဗျ။

“တာတေ ဘာဖြစ်လို့တုံးကွ”

ဘိုးညီလေးက ကျုပ်ကို လှမ်းကြည့်ပြီးမေးတယ်။ “ဘိုး ဘာမှပြောမနေနဲ့၊ အခုချက်ချင်း အသုဘချ မှ

ဖြစ်တော့မယ်””

“ဘာဖြစ်လို့တုံး တာတေရ””

“အလောင်းက ခုနစ်ပေ ဖြစ်နေပြီ၊ တော်တော် ကြာရင် ဆယ်ပေလောက် ဖြစ်သွားလိမ့်မယ်”

ဒီတော့မှ အကုန်လုံး လန့်ကုန်ကြတာဗျာ။ တစ်ခုခုတော့ ဖြစ်ပြီဆိုတာ အားလုံးသဘောပေါက်သွားပြီပေါ့ဗျာ။

“ဟေ့ ကြေးစည် မြန်မြန်သွားယူ၊ ဝါးဘိုးလုံး ရှာကြစမ်း၊ ရွာထဲကလူတွေ မြန်မြန်စုပော့၊ ကျင်းတူးမယ့်လူတွေ ကြိုပြီး လွှတ်လိုက်စမ်း၊ စောစောက ငါပြောတဲ့ ထနောင်းပင်အောက်နား လေးမှာ တူးခိုင်းလိုက်””

ဘိုးညီလေး မတ်တတ်ထရပ်ပြီး ပုဆိုးတိုတိုဝတ်တော့ တာပဲ ဗျို့။ အားလုံး ရုန်းရုန်း ရုန်းရုန်းတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။ အလောင်း နားမှာ ကပ်နေတဲ့ လူတွေလည်း ထပြီး ပြေးကြပြီဗျို့။

ကျုပ်တို့ရွာသားတွေက ညီကြပါပေတယ်။ နာရီ ဝက်အတွင်း မှာ ကျုပ်တို့ ကိုအောင်ချစ်အသုဘကို ချနိုင်တယ်ဗျ။ ဒါပေမဲ့ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံကြီးနဲ့ပေါ့ဗျာ။

ကြေးစည်၊ ကန်တော့ပွဲ၊ ပြီးတော့ ကိုအောင်ချစ် အလောင်း နောက်က သူ့အတွက် စပ်ထားတဲ့ခေါင်းအခွံကြီးဗျ။

ကျုပ်တို့ ထနောင်းကုန်းသင်္ချိုင်းကို ရောက်တော့ မြေကျင်း တူးတဲ့လူတွေက တူးတောင်ပြီးနေကြပြီ။ တော်သေးတာပေါ့ဗျာ။ အိမ်မှာပဲ ဘုန်းကြီးပင့်ပြီး သရဏဂုံတင်လာခဲ့ပေလို့ပေါ့။

“ဟေ့ ကျင်းတူးတဲ့ လူကျော်တို့အဖွဲ့ မင်းတို့ကျင်းက

ဘယ်နှပေ တူးထားတာတုံး ဘိုးညီလေးက မေးတာဗျ။ လူကျော်က လက်ထဲက ပေါက် တူးကို ထနောင်းပင်ကြီးမှာ မှီထောင်လိုက်ပြီးတော့ ပြောတယ်ဗျ။

“အရှည် ခုနစ်ပေလေ ဘိုးရဲ့”

“အေး အေး ကဲ တာတေ အချိန်မဆွဲနဲ့တော့။ တစ်ခါတည်း

သင်္ဂြိုဟ် တော့”

ငိုသံတွေ ထွက်လာပြန်ပြီပေါ့ဗျာ။ မြေမြှုပ်တော့မှာကိုး။

အလောင်းက ဖျာနဲ့သာပတ်လာပေမယ့် ခြေထောက်တွေက အပြင်

ကို ထွက်လို့ပါဗျာ။ အရပ်ခုနစ်ပေကို ဖျာက ဘယ်လုံနိုင်ပါ့မလဲ။

အားလုံးဝိုင်းမပြီး အလောင်းကို မြေချတယ်။

ကျုပ်ပါးစပ်က ယောင်ပြီး အော်မိပြန်ပြီဗျို့။

“တာတေရေ ဘာဖြစ်ပြန်ပြီတုံး”

ကိုအောင်သစ်က စိုး ရိမ်တဲ့ပုံစံနဲ့ ကျုပ်ကို မေးပြီ ဗျို့။

**ကိုအောင်သစ်ရေ အလောင်းက ကျင်းနဲ့ မဆန့်ဘူးဗျ၊

ခြေထောက်ထည့်လို့မရဘူး ဖြစ်နေတယ်။ ကဲ လူကျော်ရေအလောင်းကို ကျင်းဘေးမှာပဲ ချထားလိုက်တော့ကွာ၊ ကျုပ်လက် ထဲမှာ ပါလာတဲ့ ပေကြိုးခွေနဲ့ အလောင်းကို ထပ်တိုင်းကြည့် တယ်။

“ဘိုးရေ အလောင်းက ရှစ်ပေတောင် ရှည်နေပြီဗျ””

အသုဘပို့တဲ့လူတွေ အကုန်လုံး အံ့သြကုန်ကြပြန် ရောပေါ့ ဘိုးညီလေးက ကျုပ်ကို သူ့အနားခေါ်ပြီး မေးတယ်ဗျ။ ဗျာ။

“တာတေ မင်းက အတွေ့အကြုံရှိတဲ့လူပဲကွာ၊ ဒါ ဘယ်လို ဖြစ်တာလို့ ထင်သလဲ””

ကျုပ် သေသေချာချာ တွေးကြည့်ပြီးသားပါဗျာ။ ဒါ မဖဲဝါ မကျေနပ်တာဗျ။

**ဘိုး မဖဲဝါကို အမဲသား သုံးပိဿာကျွေးမယ်လို့ ကိုအောင်ချစ် မသေခင်က ပြောခဲ့တာ၊ ကျုပ်ကို သက်သေထားပြီး ပြောသွား တာဗျ

“ဟေ ဒါဆိုရင် ဘယ်လိုလုပ်မှာတုံး””

*“တာတေ ဘန့်ဘွေးကုန်းကို လူလွှတ်လိုက်၊ ဘန့်ဘွေးကုန်း အနောက်ပိုင်းက ကျော်ထိန်တို့ဆီမှာ ဆုံသားရတယ်”

“ဟုတ်လား ကဲ အောင်သစ် ငွေထုတ်ပေးလိုက်၊ တစ်ယောက် မြန်မြန်လွှတ်စမ်း”

ကျုပ်တို့ရွာသားတွေကို ပြန်လွှတ်လိုက်ရတယ်။ ကိုအောင် ချစ် အလောင်းကြီးကတော့ ဖျာကြီးနဲ့ပတ်ပြီး မြေကျင်းဘေးမှာ ဒီအတိုင်းကြီးပေါ့ဗျာ။

မှောင်လာတော့ ရွာက အောက်လင်းဓာတ်မီးတစ်လုံး လာ ထွန်းပေးထားတယ်။ တော်သေးတာပေါ့ဗျား၊ အမဲသားသုံးပိဿာ ရလာတယ်။ ရွာမှာ အားချင်း ချက်ကျပြုတ်ကြတယ်ဗျ။ တမင်း က တစ်ပြည်ချက်။ ညကိုးနာရီထိုးတော့ အမဲသားဟင်း နူးအိ နေပြီ။ တိုးလှ တို့အဖွဲ့က ထမင်းတောင်း ထမ်းလာတယ်။ ကျုပ် က ဘုန်းကြီးရဲ့မယ်တော်ကြီးကို ဖုတ်ထုတ်တုန်းက ဆရာတော်

လုပ်ကိုင်သွားတာတွေ့လို့ မှတ်မိနေတော့ အဲဒီအတိုင်း လိုက်ပြီး လုပ်ရတာပေါ့ဗျာ။

ဂူကြီးကြီးတစ်လုံးပေါ်မှာ ငှက်ပျောဖက်ခင်းပြီး ထမင်းပုံရ တယ်။ ပြီးတော့ အပေါ်က အမဲသားသုံးပိဿာကို အကုန်လောင်း ထည့်လိုက်တယ်။ ဆရာကျော်လုပ်သလို ကျုပ်က မဖဲဝါကို ပင့်လိုက်တယ်။

မလှမ်းမကမ်းက ကျုပ် စောင့်ကြည့်နေတယ်။ ဟာ ထမင်း တွေရော ဟင်းတွေရော ပြိုက်ခနဲ ပြိုက်ခနဲ ကုန်သွားတာဗျို့။ “မဖဲဝါ ကိုအောင်ချစ်ရဲ့ မလိမ္မာမှုအတွက် ကျုပ်က တောင်းပန်ပါတယ်ဗျာ၊ ထနောင်းကုန်းရွာသားတွေ ကိုယ်စား ကျုပ်က တောင်းပန်ပါတယ် မဖဲဝါ။ ကိုအောင်ချစ် ကတိထား ခဲ့တဲ့အတိုင်း အမဲသားသုံးပိဿာနဲ့ ထမင်းတစ်ပြည်ချက်ကို ပင့်ဖိတ်ကျွေးမွေးတာပါဗျာ၊ ပျော်ပျော်ပါးပါး စားသောက်ပါ၊ ပြီးရင် ကိုအောင်ချစ်ရဲ့အလောင်းကို ကျုပ်တို့ သင်္ဂြိုဟ်ခွင့်ပြုပါဗျာ။ မဖဲဝါပိုင်တဲ့ ဟောဒီသင်္ချိုင်းမြေမှာ သင်္ဂြိုဟ်ခွင့်ပြုပါ” ဟာ အမဲသား သုံးပိဿာရော တမင်းတွေရော အားလုံး

ပျောက်သွားပြီဗျို့။ “ကဲ ဖျာလိပ်ကြီး ဖြည်လိုက်စမ်းဗျာ၊ ကျုပ် ပေပြန်တိုင်း ကြည့်စမ်းမယ်””

ထနောင်းကုန်းရွာသားတွေက အလောင်းကို ပတ် ထားတဲ့ ဖျာလိပ်ကို ဖြည်ပေးကြတယ်။ ကျုပ်က ပေတိုင်းကြည့်တော့အံ့သြလိုက်တာဗျာ။

““ဟာ ငါးပေခုနစ်လက်မဗျ၊ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဗျို့၊ ဒါဆိုရင် ခေါင်းသွင်းလို့ ရပြီဗျ””

ကျုပ်တို့ ယူလာတဲ့ ခေါင်းထဲကို ကိုအောင်ချစ်အလောင်း ထည့်လိုက်တယ်။ ချောင်ချောင်ချိချိပါပဲဗျာ။ ခေါင်းကို အဖုံးဖုံးပြီး သံရိုက်ပိတ်လိုက်တယ်။ ပြီးတော့ အလောင်းကို မြေချလိုက် တယ်။

ကိစ္စအားလုံးပြီးတော့ ညဆယ့်တစ်နာရီတောင် ထိုးပြီဗျ။ ဒီတော့မှ ကိုအောင်ချစ်ညီ ကိုအောင်သစ်ရော၊ သူ့မိသားစုတွေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမတွေက စိတ်ကျေနပ်သွားတော့တာ ပေါ့ဗျာ။

အဲဒီညကတော့ တာတေတို့လူငယ်တွေ ညသန်းခေါင်မှာမှ ရေချိုးကြရတာဗျ။

ကျုပ်တစ်သက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ မိတ်ဆွေကြီး ဖဲသမား ကိုအောင်ချစ်ရဲ့ အသုဘပေါ့ဗျာ။

တာတေ

likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်