ဝင်ခဲ့လေဗျာ။ကျုပ်ဒီမှာ မန်ကျည်းရွက် ခူးလို့ဗျ။ “သြော် …အေး အေး” ကိုလူတော်က ဝိုင်းထဲဝင်လာပြီးတော့ အိမ်ပေါ်တက် သွားတယ်။အမေနဲ့ စကားပြောနေတယ်ဗျ။ ကိုလူတော်ဆိုတာ မနှစ်က ဆုံးသွားတဲ့ ကျုပ်သူငယ်ချင်း လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ။ကျုပ်ရေးခဲ့တဲ့ တိုက်နွားဆိုတဲ့ ဝတ္ထုမှာ ရှာဖတ်ကြည့်ဗျာ။ အဲဒီညကဆိုရင် ကျုပ်မှာသူငယ်ချင်း လူကျော် သေသွားလို့ ဝမ်းနည်းနေတာကတစ်မျိုး ။တိုက်နွား ကြီးက နောက်ထပ်ရွာသားတွေကို သတ်မှာ စိုးရိမ်လို့ မဖဲဝါနဲ့ နှစ်ယောက်ပေါင်းပြီး ချည်မန်း ကွင်းစွပ်ရတာက တစ်မျိုးနှင့် လှုပ်တောင် မလှုပ်နိုင်တော့ ပါဘူးဗျာ။ အမေ့အတွက် မန်ကျည်းရွက်တွေ ...
အောက်ပိုင်းသေနေတာက တစ်ကြောင်းမို့ လမ်းတော့ထမလျှောက်နိုင်ပေ။ _ _ _ _ _ “လာကြစမ်း ဘယ်တွေရောက်နေကြလဲ တစ်ယောက်မှမရှိဘူးလား” ဒေါ်မြအေးသည် သူ့အနားလူမရှိလျှင်မနေ မကျင်ခင်နှင့် မြေးများအား တစ်ချိန်လုံး အော်ခေါ်နေတတ်ပြီး သူ့အား နင်းခိုင်း နှိပ်ခိုင်း တစ်ချိန်လုံး လုပ်ခိုင်းနေတတ်သည်။ ထမင်းဟင်းလဲ မစားပေ။ တစ်နေကုန်နေလို့ အတင်းကျွေးကာမှ တစ်နပ်လောက်သာ စားသည်။ “လာပြီ အမေရေ အမေအတွက် ကြက်လေးပြုတ်ပေးမို့ပါ” “ငါမစားဘူး မပြုတ်နဲ့ နင်တို့တွေငါ့နားမှာ တစ်ယောက်မှမရှိဘူး ငါ့ကိုတစ်ယောက်ထဲ ပစ်ထားကြတယ်အီးးးးဟီးးးဟင့်..” ဒေါ်မြအေးတစ်ယောက် သူ့အားပစ်မထားကြစေရန် ...
ကျေနပ်တဲ့သူတစ်ယောက် ပေါ်လာတယ်။ သူကတော့ သေသူ မသန်းနုပဲဖြစ်တယ်။ လူသေရင် သုံးရက်ထားတယ်။ သုံးရက်မြောက်တဲ့နေ့မှ သင်္ဂြိုဟ်ရတယ်။ နှစ်သစ်ကူးရက်နဲ့ကြုံလို့ ကူးစက်ရောဂါကြောင့်သေတာနဲ့၊ အခြားသော အကြောင်းအရာတွေကြောင့် ချက်ချင်းသ င်္ဂြိုဟ်ရတာ…..။ တစ်ရက်ထဲထားပြီးနောက်နေ့သင်္ဂြိုဟ်တာတွေရှိတတ် ပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ သင်္ဂြိုတ်တာကတော့ ရွာရဲ့ထုံးစံပါ။ ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကို သုံးရက်နဲ့လုပ်တာတော့ ထုံးစံမရှိဘူး၊ အစဉ်အလာ မဟုတ်ဘူး။ ရွာရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါ တောင် မကြုံဖူးဘူး….။ ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့ဆွမ်းသွတ်ကာ ရှိခဲ့ပေမဲ့…။ ထုံးစံက သေဆုံးပြီးခုနစ်ရက်တင်းတင်း ပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်းသွတ်တယ်။ ...
နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ဟုတ်ပါတယ် အဖေက ဦးကြီးတို့ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ သိချင်ပါတယ်၊ နောက်ပြီး အဖေကဒီရွာက သူကြီးဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင် ကြိုပြီးသိထားချင်တာပါ” ဒီတော့မှ ထိုင်နေတဲ့ဦးလေးကြီးက ဖယောင်းတိုင်ကြီးကိုမီးမှုတ်လိုက်တယ်ဗျာ။ “ငါတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးကွာ၊ ဒီရွာမှာ လုပ်စရာရှိလို့လာခဲ့တာ” “မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာတော့ ယုံပါတယ်၊ ဦးလေးတို့က ဘာလုပ်စရာရှိလို့လဲ” “ငါ့နာမည် ဦးဖီးလို့ခေါ်တယ်ကွ၊ သာယာ၀တီကနေလာတယ်၊ ငါတို့က မင်းတို့ရွာကိုဘာမှမလုပ်ဘူး၊ မင်းတို့ကိုလည်း ဘာမှမထိခိုက်စေရဘူး၊ ဒါကြောင့်မို့လို့ မင်းတို့ရွာထဲတောင်မဝင်ဘဲ ရွာပြင်မှာပဲတည်းခိုတာ” “ကောင်း. . ၊ ကောင်းပါပြီ ဦးကြီး” ကျုပ်လည်း ...
မြွေနိုင်တဲ့ အမေယဉ်ကိုကိုးကွယ်ကြတာဖြစ်မယ်။” “ဟင်….” မသိလျင်မည်သည့်အကြောက်တရားမျှ ကျွန်ုပ်ထံတွင်ရှိနေလိမ့်မည်မဟုတ်၊ သို့သော် ယခုအခါ ဒူးခေါင်းကျော်မျှပေါက်ရောက်နေခဲ့သော မြတ်ပင်များကိုတွင် ဖြတ်သန်းနေခဲ့ချိန်၌ ဦးကြီးထံမှ ထို့ကဲ့သို့ပြောဆိုလိုက်သံကိုပင် ကြားလိုက်ရသည်နှင့် ကျွုန်ပ်၏ခြေလှမ်းများ တွန့်ဆုတ်ရပ်တန့်သွားခဲ့ရလေသည်။ “ဟ… တူကြီး၊ လျောက်လေကွ။ ဘာဖြစ်တာတုန်း။ ညောင်းသွားတာလား” “ဟာ… မဟုတ်ပါဘူး။ ဦးကြီးပြောလိုက်မှပဲ ကျွန်တော်မလျောက်ရဲတော့တာ၊ ဦးကြီး ကျွန်တော်မလိုက်ရဲတော့ဘူးဗျာ” “ဟင်… ဘာဖြစ်လို့တုန်းကွ” “မြွေ… မြွေတွေပေါတယ်ဆို…” “ဟုတ်တယ်လေကွ… ငါကမြွေပေါတယ်ပဲပြောတာ။ လူတွေကို မြွေတွေက ကိုက်တယ်လို့ပြောတာမှမဟုတ်ပဲ။ ရန်ကုန်သားကြီးကလည်း သွေးနည်းလိုက်တာ” “နည်းတယ်ဗျ၊ နည်းတယ်။ မြွေနဲ့တူတဲ့အကောင်ဆိုရင် ...
ဝိုင်းပြီး “မိန်းကလေးဆိုရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ တစ်ယောက်တစ်မျိုး ပြောတတ်ပုံ၊ တစ်ယောက်တစ်ခွန်း ပြောကြဆိုကြပုံ။ အညစ်အကြေး ဆေးကြောသုတ်သင်ရန် ရေချိုးပေးတာနှင့် အနှီးထွေးတာနှင့် တစ်ချက်တည်း “လက်ဆန့်မှ၊ ခြေဆန့်မှ၊ ခေါင်းဝိုင်းမှ၊ နှာခေါင်း ပေါ်မှ၊ နဖူး မမောက်မှ၊ နားရွက်ကားမှ” ဟူ၍ ရေချိုးနည်း၊ အနှီးထွေးနည်း၊ ပြင်နည်းတွေ အထူးတလည် ကိစ္စများလာပုံ။ . မွေးခါစ နီတာရဲကလေးမှ ကျောင်းသို့ အပ်နှံသည့် ကလေးမ အရွယ်ကလေးရောက်သည်အထိ မိန်းမဘဝ၏အစကို သတိချပ်စရာ၊ မှတ်သားစရာ၊ နှလုံးသွင်းမိ ဆင်ခြင်မိအောင် အတွေးအခေါ်တွေနှင့် ...
ခိုးယူရလွယ်၏။ ဆေးသမား မျက်လုံးကလည်း ခိုးယူရန် အမြဲချောင်းနေသည်မဟုတ်လား။ ဇော်လွန်းသည် သူ ခိုးဝှက်လိမ်ညာရသမျှကို ဆေးချပစ်သည်။ သူ့အတွက် ဆေးချဖို့ဆို ဘာကိုမျှ တွေးနေမည်မဟုတ်။ ခိုးသည် ၊ လိမ်သည်။ ဒေါ်ယုမေမှာ ထိုကဲ့သို့သော ပြဿနာအမျိုးမျိုးကို မကြာခဏဆိုသလို လိုက်လံ ဖြေရှင်းပေးနေရ၏။ ကြာတော့ ဇော်လွန်းကို သူငယ်ချင်းများက အိမ်အလာမခံကြတော့ချေ။ ဒေါ်ယုမေကို သွားတိုင်လျင် ကိုယ်ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ကြေး ပြန်ရသော်လည်း အကျင့်ပျက်နေသော ဇော်လွန်းကို မပေါင်းသင်းကြတော့ပေ။ ယခုတော့ မူးယစ်ဆေး၏ကျေးကျွန်ဖြစ်သော လူဆိုးလူမိုက်တယောက် ငယ်ငယ်ရွယ်ရွယ်နှင့် လောကကြီးကို ...
မောင်မြကလေးကို ချစ်လိုက်တာအမော။ အဲ … ဦးဘစိန်ဇနီး မပုတို့ကလည်း သူ့ ကြင်ယာဟောင်း မြေးကလး မောင်စိန်လေးကို ထိုနည်းလည်းကောင်းပဲပေါ့ခင်ဗျာ။ ဒီကလေး တွေဟာ များသောအားဖြင့် အဘွားတွေရဲ့ ခါးထစ်ခွင်ပေါ်မှာ ကြီးကြပြီး နို့ဖြတ်တဲ့အခါဆိုရင် သူတို့အဘွားတွေနဲ့ပဲ အိပ်ကြ တော့တယ်ခင်ဗျာ။ ဒီနေရာမှာ ခင်ဗျားတို့က ဒီကလေးတွေဟာ ဘာကြောင့် လူဝင်စားများ ဖြစ် ကြတယ်ဆိုတာ သိရသလဲလို့ စောကြောချင်ကြပေလိမ့်မယ်။ ကျုပ် ပြောပါမယ်။ ဒေါ်ကြာညိုယောက်ျား ဦးမြ သေတဲ့အခါမှာ မလှချုံရဲ့သမီး မြချစ်ကလေးက အိမ်ထောင်ကျ စခင်ဗျ။ အဲ… ...
ခေါင်းထောင်ကြည့်သည်။ “ဖျန်း၊ ရှီး၊ ဖောင်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖျန်း၊ ရှီး၊ ဖောင်း” အသံတို့အောက်တွင် ဖွတ်ကြီး အသက်ပျောက်သွားသည်။ ဖွတ်ကြီး စားကျင်းဝပ်ရာကျင်းကို ဝိုင်းဝန်းကြည့်ရာမှ သူတို့မမျှော်လင့်သော ပစ္စည်းတစ်ခုအပါအဝင် အခြားအရာများလည်း တွေ့ခဲ့သည်။ ထိုအရာများကား တောင်ဆုပ်ခန့်ရှိသော ဗုံးဆန်ကြီး၊ အချို့က အမြောက်ဆန် မော်တာဆန်ကြီး၊ အချို့က မီးလောင်ဗုံးကြီးဟု ငြင်းခုံကြသော၊ မပေါက်ကွဲသေးသည့် ဗုံး သို့မဟုတ် ကျည်ဆန်ကြီးတစ်ခု၊ နာနတ်သီးလိုလို ဗုံးတစ်ခု၊ မပစ်ရသေးသော ကျည်ဆန် လေး ငါးတောင့်။ ဖွတ်စားကျင်း ...
၏လုပ်ကိုင်သော ပစ္စည်းများမှာ အော်ဒါမှာယူထားသည့် ဆိုင်များဆီသို့ အချိန်မှီမပို့ဆောင်နိုင်တော့ပေ။ ထို့ကြောင့်လည်း အလုပ်ရှင်ဖြစ်သော ဦးမြင့်သိန်းမှာ ကိုဝင်းနှောင်အား ချော့မောပြောဆိုခဲ့သေးသည်။ “ဟုတ်ကဲ့”ဟုသာ ပြန်လည်ပြောဆိုတတ်ပြီး၊ ထုံးစံအတိုင်းသာလျင် ညစိုင်းအလုပ်များအား ပျက်တောက်မှု့များစွာဖြင့် လုပ်ကိုင်နေလျက်ရှိပေသည်။ သို့နှင့် အလုပ်ရှင်ဖြစ်သော ကိုမြင့်သိန်းမှာလည်း ကိုဝင်းနှောင်အား အလုပ်မလုပ်တော့လျင် မိမိတို့ပေးထားခဲ့သော အလုပ်သမားနေရာလေးမှ ပြောင်းရွှေ့ပေးပါဟု ကိုဝင်းနှောင်အား ပြောဆိုလေတော့သည်။ ကိုဝင်းနှောင်သည်လည်း မိမိအား နှင်ချသကဲ့သို့ ပြောဆိုလာခဲ့သည်ကြောင့် စိတ်ဆိုးဆိုဖြင့် နေအိမ်အတွင်းမှနေကာ ထွက်ခွာသွားခဲ့လေသည်။ အလုပ်ရှင် ကိုမြင့်သိန်းသည်လည်း နှင်ချချင်သော်ကြောင့် မဟုတ်၊ ကိုဝင်းနှောင်အား ညီအစ်ကိုသဖွယ် ခင်မင်နေခဲ့ပြီဖြစ်သည်။ ...