ဝိဥာဉ်တို့၏ အစွဲ

၏လုပ်ကိုင်သော ပစ္စည်းများမှာ အော်ဒါမှာယူထားသည့် ဆိုင်များဆီသို့ အချိန်မှီမပို့ဆောင်နိုင်တော့ပေ။
ထို့ကြောင့်လည်း အလုပ်ရှင်ဖြစ်သော ဦးမြင့်သိန်းမှာ ကိုဝင်းနှောင်အား ချော့မောပြောဆိုခဲ့သေးသည်။ “ဟုတ်ကဲ့”ဟုသာ ပြန်လည်ပြောဆိုတတ်ပြီး၊ ထုံးစံအတိုင်းသာလျင် ညစိုင်းအလုပ်များအား ပျက်တောက်မှု့များစွာဖြင့် လုပ်ကိုင်နေလျက်ရှိပေသည်။
သို့နှင့် အလုပ်ရှင်ဖြစ်သော ကိုမြင့်သိန်းမှာလည်း ကိုဝင်းနှောင်အား အလုပ်မလုပ်တော့လျင် မိမိတို့ပေးထားခဲ့သော အလုပ်သမားနေရာလေးမှ ပြောင်းရွှေ့ပေးပါဟု ကိုဝင်းနှောင်အား ပြောဆိုလေတော့သည်။ ကိုဝင်းနှောင်သည်လည်း မိမိအား နှင်ချသကဲ့သို့ ပြောဆိုလာခဲ့သည်ကြောင့် စိတ်ဆိုးဆိုဖြင့် နေအိမ်အတွင်းမှနေကာ ထွက်ခွာသွားခဲ့လေသည်။
အလုပ်ရှင် ကိုမြင့်သိန်းသည်လည်း နှင်ချချင်သော်ကြောင့် မဟုတ်၊ ကိုဝင်းနှောင်အား ညီအစ်ကိုသဖွယ် ခင်မင်နေခဲ့ပြီဖြစ်သည်။ သို့သော် အလုပ်ကောင်းစွာ လုပ်ကိုင်ရန်အတွက် ထိုကဲ့သို့ ပြောဆိုလိုက်ရခြင်းပင် ဖြစ်လေသည်။ ညနေဆောင်းကတည်းမှ ကိုဝင်းနှောင်တစ်ယောက် ထွက်ခွာသွားခဲ့သည်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနှင့် ဖြစ်လေသည်။

မိုးတွင်းကာလသည်လည်း ဖြစ်သည်ကြောင့် မိုးဖွဲလေးများမှာလည်း တစ်ဖွဲဖွဲကျဆင်းနေခဲ့သည့် ယခုည(၈)နာရီကျော်အထိ ကိုဝင်းနှောင်တစ်ယောက် ပြန်လည်ရောက်ရှိမလာခဲ့သေးပေ။ ညစိုင်းအလုပ်သမားလေးများသည်လည်း ထိုနေ့၌ အလုပ်နားရက်ပင် ဖြစ်သည်ကြောင့် အလုပ်ဆင်းမည်ဆိုလျင် နေအိမ်အတွင်း၌ နေထိုင်လျက်ရှိသော ကိုဝင်းနှောင်တစ်ဦးတည်းသာလျင် လုပ်ကိုင်ရမည်ဖြစ်သည်။
အလုပ်ရှင်ဖြစ်သော ဦးမြင့်သိန်း၏ သားလေးအားလည်း ကိုဝင်းနှောင်မှာ လွန်စွာချစ်မြတ်နိုးလှသည်။ သူတစ်ယောက် မည်မျှပင် မူးနေခဲ့ပါစေ၊ အပြင်မှပြန်လာသည်နှင့် ကလေးငယ်လေးတွက် သကြားလုံး၊ မုန့် စသဖြင့် ဝယ်ယူလာလေ့ရှိလေ၏။ ထို့ကြောင့် ယခု(၉)နာရီကျော်လာသည့် အထိ ကလေးလေး(စာရေးသူ)သည်လည်း ကိုဝင်းနှောင်တစ်ယောက် ဝယ်ယူလာမည့် မုန့်ကိုပင် စောင့်စားမျှော်လင့်နေခဲ့လေတော့သည်။
မိုးအေးအေးဖြင့် ရာသီဥတုသည်လည်း ရှိနေခဲ့သည်ကြောင့် ထိုတစ်ညအဖို့ ကိုဝင်းနှောင်၏ အိမ်အပြန်အား စောင့်စားနေခဲ့သော ကိုမြင့်သိန်းနှင့် ဇနီးသည်တို့မှာ ငိုက်မြည်းလာခဲ့ပြီးဖြစ်လေသည်။ သို့နှင့်….
“ကဲ… မိန်းမရေ၊ ဒီညတော့ ဝင်းနှောင် ပြန်မလာတော့ဘူးနဲ့ ထင်ပါတယ်။ အချိန်လည်းမနည်းတော့ဘူး။ တို့တွေအိပ်ကြမယ်။ သူ့ဟာသူ ပြန်ရောက်လာမှ ခြံတံခါးဖွင့်ပြီး ဝင်လာပါလိမ့်စေတော့…”
ထိုကဲ့သို့ပင် ပြောဆိုလိုက်သည်ကြောင့် ဇနီးသည်မှာ ခြင်ထောင်ကိုပင် ထောင်လျက်၊ ကိုမြင့်သိန်းသည်လည်း ဘုရားစင်အရှေ့တွင် ဦးတိုက်ရှစ်ခိုးနေခဲ့ပြီး။
ထိုအချိန်တွင်းမှာပင် အိမ်အပေါက်ဝအရှေ့၌ ထိုင်လျက်ရှ်ိနေခဲ့သော (၄)နှစ်သားလေးမှာ ထိုကဲ့သို့ပင် ပြောဆိုလိုက်လေသည်။
“အမေ… ဟိုမှာ ဦးနှောင်ပြန်လာပြီ၊ တံခါးဖွင့်ပေးလိုက်ပါဦး။”

ထိုကဲ့သို့သော ပြောစကားများကြောင့် မိခင်ဖြစ်သူသည်လည်း စေ့ထားခဲ့သော ခြံတံခါးဆီသို့ မျက်မှောင်ကြုတ်လျက် ကြည့်ရှု့လိုက်စေသည်။ သို့သော် တစ်ဖွဲဖွဲကျဆင်းနေခဲ့သော မိုးရည်စက်များကြားမှ မည်သူတစ်ဦးတစ်ယောက်၏ အရိပ်ယောင်ကိုမျှ ခြံအရှေ့တွင် မမြင်တွေ့ခဲ့ရချေ။ ထို့နောက်ဖခင်ဖြစ်သူသည်လည်း ဘုရားကန်တော်နေရာမှ အိမ်အပေါက်ဝဆီသို့ ရောက်ရှိလာခဲ့ပြီး၊ ခြံအရှေ့ဆီသို့ စူးစိုက်စွာ ကြည့်ရှု့လိုက်လေသည်။ သို့သော် သူသည်လည်း မည်သည့်အရိပ်ကိုမျှ မမြင်တွေ့ခဲ့ရပေ။

“ဘယ်မှာတုန်းသားရဲ့ မင်းဦးနှောင်၊ မလာသေးပါဘူး။”
“ဟင်… အခုနတုန်းက ခြံတံခါးအရှေ့မှာ… အကြာကြီးရပ်နေတာ ဖေဖေရဲ့’
“သြော်… ဒါကြောင့်လည်း ဝင်းနှောင်က မင်းကိုအသည်းစွဲ ဖြစ်နေရတာကိုး။ လာပါသားရယ်။ မင်း…ဦးနှောင် အခုလောက်ဆိုရင် မူးပြီး ဘယ်မှာလဲနေပြီလဲမသိဘူး။ လာလာ… အိပ်မယ်။ အချိန်လည်းမနည်းတော့ဘူး။’

မျှော်လင့်နေခဲ့သော ကလေးလေးမှာ ကိုဝင်းနှောင်၏ ပုံရိပ်များကိုပင် မြင်ယောင်နေခဲ့မိလေသည်။ ထို့ကြောင့် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့သည်လည်း ချော့မော့ပြောဆိုလျက် အိပ်ယာအတွင်းသို့ ဝင်ရောက်ရန် ခေါ်ဆောင်လိုက်ရလေတော့သည်။ ထိုတစ်ညအဖို့ ကိုဝင်နှောင် ပြန်လည်ရောက်ရှိလာလျင် ခြံအတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရန်အတွက် ခြံတံခါးကိုပင် ဂျက်မချထားခဲ့၊ ထိုအတိုင်းသာလျင် အိပ်စေခဲ့ကြသည်။
ည(၁၂)နာရီကျော်ခန့်တွင် ကိုမြင့်သိန်းတစ်ယောက် တရေးနိုးလာခဲ့ပြီး၊ အိမ်နောက်ဖေး အလုပ်ခန်းအတွင်းမှ ကိုဝင်းနှောင်တစ်ယောက် အလုပ် လုပ်ကိုင်နေခဲ့သော စက်အသံများကိုပင် ကြားသိနေခဲ့ရလေသည်။ ထို့ကြောင့် ထိုတစ်ညအဖို့ ကိုဝင်းနှောင်တစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး အလုပ်လုပ်ကိုင်နေခဲ့သည်ကြောင့် ကိုမြင့်သိန်းမှာလည်း ပြုံးမိလိုက်လေသည်။
သို့နှင့် ပြန်လည်အိပ်ပျော်သွားခဲ့ပြီး မနက်(၅)နာရီခန့်တွင်မူ အိမ်ရှေ့ဆီမှ လူတစ်စု၏ ခေါ်ဆိုနေသံများအား ကြားသိလိုက်ရပြန်သည်။ ထို့ကြောင့် ကိုမြင့်သိန်းနှင့် ဇနီးဖြစ်သူတို့သည်လည်း အိပ်ချင်းမူးတူးများဖြင့် ထလေခါ၊ ခြံတံခါးဆီသို့ ဦးတည်ခဲ့ကြရလေ၏။

“ဘယ်သူတွေတုန်းဗျ။”
“ကျွန်တော်တို့ပါ…။”
“သြော်… ရာအိမ်မှူးကြီးတို့ပါလား။ လာလာ… ဝင်ဝင်။ စောစောစီးစီး ဘာများဖြစ်လို့တုန်းဗျ။”
“ဒီလိုဗျ… ခင်ဗျားအိမ်မှာ အလုပ်လုပ်နေတဲ့ ဝင်းနှောင်ဆိုတဲ့သူ ကန်ဘောင်ပေါ်မှာ မြေကိုက်ပြီး သေနေတာ ကျွန်တော်တို့တွေ့ခဲ့လို့ လာပြောတာဗျ။’
“ဗျာ… ဝင်းနှောင်.. ဝင်းနှောင်မြွေကိုက်ပြီး သေလို့ဟုတ်လား။”
“ဟုတ်တယ်။”
“ဟာဗျာ… မဖြစ်နိုင်တာ။ ဝင်းနှောင် နောက်ဖေးမှာ အလုပ်လုပ်နေတာဗျ။ ခင်ဗျားတို့ လူမှားနေတာ ဖြစ်လိမ့်မယ်။”
“မမှားပါဘူးဗျာ… ဝင်းနှောင်ကို ကျုပ်ကောင်းကောင်းသိတာပေါ့။ ညနေက ကန်ဘောင်ကြီးပေါ်မှာ အရက်ပုလင်းတစ်လုံးနဲ့ သူအရက်သောက်နေတာ ကျွန်တော်တွေ့လိုက်သေးတယ်။ မိုးကလည်း ခပ်အေးအေးလေးနဲ့ သူ့ကိုတောင် ကျွန်တော်နှုတ်ဆတ်လိုက်သေးတယ်။ အခု ကျွန်တော်တို့အဖွဲ့ ဧည့်စာရင်း လိုက်စစ်နေတုန်း ကန်ဘောင်အပေါ်မှာ လူတစ်ယောက် လဲနေတာ တွေ့လို့ သွားကြည့်တော့ ကိုဝင်းနှောင်ကြီးဖြစ်နေတာဗျ။ တစ်ကိုယ်လုံးလည်း ပြာနှမ်းနေတာပဲ။ ညဦးပိုင်းလောက်တည်းက သေနေတာဖြစ်မယ်။’
“ဗျာ… နေကြပါဦးဗျာ… နေကြပါဦး။ အိမ်ကထွက်သွားတာတော့ ဟုတ်တယ်။ ကျွန်တော်တို့လည်း သူ့ကို (၁၀)နာရီလောက်ထိ စောင့်နေတာပါပဲ။ ဒါပေမယ့် ညလယ်လောက်တုန်းက အလုပ်ခန်းထဲမှာ ကိုဝင်းနှောင်ပြန်လာပြီး အလုပ်လုပ်နေတဲ့ အသံတွေကြားလို့ သူပြန်ရောက်လာတယ်ထင်တာ။ ခဏလေး အလုပ်ခန်းထဲကို ကျွန်တော်သွားကြည့်ပါရစေဦး။”

အလုပ်ရှင်ဖြစ်သူ ကိုမြင့်သိန်းသည်လည်း ရာအိမ်မှူးအဖွဲ့များ၏ ပြောစကားများကိုပင် မယုံ၊ ကိုဝင်းနှောင် အလုပ်လုပ်ကိုင်နေသည့် အသံများကိုပင် သူ၏နားဖြင့် ကြားထားခဲ့ရသည်ကြောင့် အလုပ်ခန်းအတွင်းသို့ လျင်မြန်စွာဖြင့် သွားရောက်ကြည့်ရှု့လေခဲ့သည်။ သို့သော်လည်း ကိုဝင်းနှောင်အလုပ် လုပ်ကိုင်လျက်ရှိသော သူ၏စက်မှာ သူတစ်ယောက် သိမ်းဆည်းသွားခဲ့သည့်အတိုင်း ခြေရာ၊ လက်ရာမပျက် ရှိနေခဲ့လေသည်။
သို့မှသာလျင် လမ်းလူကြီးများ ခေါ်ဆောင်သွားခဲ့သော ကန်ဘောင်အပေါ်သို့ လိုက်ပါသွားခဲ့ပြီး၊ ကြည့်ရှု့မိလိုက်ချိန်တွင် တစ်ကိုယ်လုံး ထောင့်တင်းလျက် သေဆုံးနေခဲ့သော ကိုဝင်းနှောင်၏ အလောင်းကိုပင် မြင်တွေ့လိုက်ရလေတော့သည်။
ထို့နောက် ဆေးစစ်ချက်များအရ ကိုဝင်းနှောင်မှာ ညဦးပိုင်းအချိန်ကတည်းမှ မြွေဆိုးကိုက်လျက် ကန်ဘောင်ပေါ်တွင်သာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟု အဖြေတွေ့ရှိခဲ့ရလေသည်။ ဤသို့ဆိုလျင် ည(၉)နာရီခွဲခန့်မှ “အမေ… ဟိုမှာ ဦးနှောင်ပြန်လာပြီ၊ တံခါးဖွင့်ပေးလိုက်ဦး။”ဟု ပြောဆိုလာခဲ့သော ကလေးငယ်လေး၏ ပြောစကားများမှာ ကိုဝင်းနှောင်၏ ဝိဥာဉ်ကိုပင် မြင်တွေ့လိုက်ရခြင်းပင်လား။
ထိုတင်မကသေး။ ညနက်အချိန် တရေးနိုးလာခဲ့သော ကိုမြင့်သိန်းတစ်ယောက် အလုပ်ခန်းတွင်းတွင် ကြားနေခဲ့ရသည့် စက်သံများမှာ ကိုဝင်းနှောင်၏ ဝိဥာဉ်မှ စိတ်စွဲလျက် လာရောက်လုပ်ကိုင် နေခဲ့ခြင်းပင်လားဟူ၍ ယနေ့တိုင်ထိ ပဟေဠိဆန်စွာ ဖြစ်နေခဲ့ပါသေးသည်။

ပြီး။ ။
(စာရေးသူ (၄)နှစ်သားအရွယ်မှ ဖခင်ဖြစ်သူ၏ ကိုယ်တွေ့ဖြစ်ရပ်များကိုပင် ရေးသားတင်ပြလိုက်ရပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)