ပြည့်နှက်လို့။ ‘ တော်တော် ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်ဆိုတာ အသိသာကြီး။ အငြိုးတကြီးနဲ့ လုပ်သွားဟန်တူရဲ့’လို့ ဆယ်စုနှစ် တခုစာ ကျေးရွာဥက္ကဌ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဦးစံဝင်းက မှတ်ချက်ပေးတယ်။ သေမှုသေခင်း စစ်ဆေးနေတဲ့ စခန်းမှုး ဦးခင်ကျော်ကတော့ မြေပြင်အနေအထားကို လေ့လာနေဆဲမို့၊ ဥက္ကဌစကားကို ဘာမှ မဝေဘန်သေးဘူး။ သူ့အလုပ် သူ ဆက်လုပ်နေတယ်။ ပတ်ဝန်းကျင်မှာ သဲလွန်စ တခုတလေ ကျန်ခဲ့မလားလို့ နှံ့စပ်အောင် ရှာဖွေနေတယ်။ အဲ့သလို ရှာဖွေနေရင်းက သူ့တပည့် ဆာဂျင်မူးလာကို လှမ်းမေးလိုက်တယ်။ ...
နောက် လျှောခနဲလဲကျတော့သည်။ ဦးတောကျော်မှာ လက်မြန်သဖြင့် အိုက်ခမ်းကျောပေါ်မှ ခြင်းတောင်းကြီးအား ဖမ်းဆွဲထားလိုက်၍သာ အိုက်ခမ်းတစ်ယောက် ဆင်ခြေလျောကြီးအတွင်းသို့ ကျမသွားခြင်းဖြစ်သည်။ အိုက်ခမ်းက မတ်တပ်ပြန်ထသော်လည်း ဘယ်ဖက်လက်မှာ ကောက်နေလေသည်။ ဆရာခိုက ထိုလက်အားကြည့်ရှုစစ်ဆေးပြီး “အရိုးကျိုးသွားပြီး အိုက်ခမ်းရေ၊ ရှေ့ရွာရောက်တော့ ငါကုပေးမယ်၊ မင်းဆက်လျှောက်နိုင်တယ်မဟုတ်လား” အိုက်ခမ်းက ခေါင်းညိတ်လိုက်ကာ ထိုလက်အား တွဲလောင်းချလျှက် ဆက်လက်လျှောက်လှမ်းလာသည်။ မကြာမီ သစ်လုံးတိုင်ကြီးနှစ်တိုင်စိုက်ထူထားသည့် နေရာသို့ရောက်ခဲ့သည်။ အရှေ့တွင်တော့ တောင်ခါးပန်းက အနည်းငယ်ကျယ်ဝန်းသွားကာ မြေပြန့်သဖွယ်ဖြစ်သွားသည်။ ထိုနေရာတွင် အိမ်ခေါင်မိုးနှင့် မြေကြီး ထိလုနီးပါး တည်ဆောက်ထားသည့် တဲအိမ်ပုကလေးများကိုတွေ့လိုက်ရသည်။ “ရောက်ပြီ၊ ...
ပြန်သည်။ ငတာကလည်း သူ့ဇလုံထဲ၌ မိဂျမ်း ထည့်လာသော ထမင်းကို မထား။ မိဂျမ်း ဇလုံထဲ ပြန်ပို့ပြန်သည်။ “စားပါဟာ နင် ဒီလိုလုပ်တော့ ငါ ဘယ်လို မျိုးကျပါ့မလဲ၊ ဘယ်လို ဖြစ်တာလဲ” ငတောက သူ စ,စားမှ မိဂျမ်းစားတော့မည် သိ၍ ထမင်း တစ်လုတ်ကို ခွံ့ရင်း မေးသည်။ ထမင်းဆို၍ ဆန်ဖြူထမင်း မဟုတ်။ သုံးလွန်တင် ထမင်း။ သုံးလွန်းတင် ထမင်းမှာ မောင်းနှင့်လောင်း ချွတ်ထားသော ပြောင်းဆန် ပါသည်။ ရိုးရိုးဆန် ပါသည်။ ...
*မီးသရဲကြီး*📖📖📖 ********************* (ဖြစ်ရပ်မှန်) ယခုဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဖြစ်ပါသည်။ (၁) စလင်းမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာ အလွန်နာမည်ကြီးလှတဲ့ ဝက်သည်းကန်ကြီးရှိပါတယ်။ ဝက်သည်းကန်လို့ပြောလိုက်ရင် ထိုနားတစ်ဝိုက် မသိသူမရှိရုံသာမက၊ ထိုမြို့ကိုရောက်ဖူးတဲ့သူတွေပါ အကုန်သိကြပါတယ်၊ အလွန်ကျယ်ဝန်းလှတဲ့ကန်ကြီးဖြစ်ပြီး ကန်ပတ်ပတ်လည်မှာ ရွာတွေတည်ထားပါတယ်။ အနီးအပါးရွာတွေအားလုံးက ဝက်သည်းကန်ကြီးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်လဲ ကန်ရေနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်ကြသလို၊ ကန်ရေနဲ့ ငါးမွေးသူများလဲရှိပြီးတော့၊ ကန်ထဲမှာ အလေ့ကျကျက်စားနေတဲ့ ငါးတွေ၊ ငှက်တွေကို ဖမ်းယူပြီးအသက်မွေးတဲ့သူတွေလဲရှိပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ ဝက်သည်းကန်ကြီးနာမည်ကြီးလှသလို မီးသရဲကြီးလို့ ...
ဘာလုပ်မှန်မသိ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ မြွေဟောက်ကြီးသည် မနှဲမိ၏ မျက်လုံးကို ညှို့ယူနေသကဲ့သို့ စိုက်တတ်မတ်တတ်ကြီး ကြည့်နေသည်။ တစ်စုံတရာကို ဆက်သွယ် အသိပေးနေသလိုပင်။ သို့သော် ဘာမှ မကြာလိုက်သလို အချိန်တခဏအတွင်း မြွေဟောက်ကြီးသည် ပါးပြင်းကို ရုတ်၍ လျင်မြန်စွာ နတ်စင်လျှောက်လမ်းမှတဆင့် အိမ်အပြင်သို့ လျှောကနဲ ထွက်ခွာ ပျောက်ကွယ်သွားလေ၏။ ထိုအခါ မနှဲမိ တစ်ယောက်သည် ဘယ်လိုဖြစ်မှန်းမသိ။ ခန္ဓာကိုယ်မှ အားအင်များအား တစ်စုံတစ်ယောက်သောသူက စုပ်ယူဝါးမြိုသွားလိုက်သလို နှုန်းချိပျော့ခွေ လဲကျသွားလေတော့သည်။ နတ်မေးလာသူ မိန်းမတိုသည် မနှဲမိကို ကူရန် လာ၍ ...
ရှိပေသည်။ ထိုလင်မယား၌အသက်ဆယ့်ရှစ်နှစ်အရွယ် ချောမောသည့် မယ်စိန်ဆိုသည့် သမီးတစ်ယောက်ရှိပေသည်။ လင်မယား နှစ်ယောက်လုံးသည် တံငါသည်အလုပ်ကို လုပ်ကိုင်ကြပါသော်လည်း သမီးဖြစ်သူ မယ်စိန်လေးအား မည်သည့်အလုပ်မှမလုပ်ခိုင်းကြ။ အသက်ငါးဆယ်ကျော် မိအို၊ဖအိုများသည် မယ်စိန်လေးအား အသည်းတမျှ ချစ်မြတ်နိုးကြ၏။ မိအို၊ဖအိုများကဲ့သို့ မယ်စိန်လေးအား ချစ်မြတ်နိုး နေသူတစ်ယောက်လည်း ရှိပေသည်။ ထိုသူသည်က ခင်မောင်ဆွေဆိုသည့် အင်းသူကြီး တစ်ယောက်ဖြစ်၏။ ခင်မောင်ဆွေ၏ အသက်သည်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး ဆယ့်ရှစ်နှစ်အရွယ် မယ်စိန်လေးအား အရှင်ရရ အသေရရလိုချင်သူတစ်ယောက် ဖြစ်သည်။ ထိုသို့ ခင်မောင်ဆွေက ချစ်ကြိုက်နေပါသော်လည်း မယ်စိန်ကမနှစ်မြို့ပေ။ “တော်ကြီးကို…ကျုပ်ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး….ဒါကြောင့် တော်ကြီး ...
ကိုးကွယ်ပသနေကြတာပဲ ဖြစ်မယ်” “ဒါဆိုရင် ဘိုးရဲ့၊ ရုပ်တုတွေကို စားစရာ သောက်စရာတွေ ကျွေးမွေးနေတာ ဘာအကျိုးမှ မရှိဘူးပေါ့” “အင်း၊ ဒီကိစ္စက ပြောရတာ ခက်သားလား တာတေရဲ့။ မင်းသိချင်ရင်တော့ ဘိုးပြောပြရမှာ ပေါ့လေ။ တစ်ခါတုန်းကပေါ့ကွယ်။ ဘိုးရဲ့ အရီးလေးတော်တဲ့ ဒေါ်လုံးဆိုတာရှိသကွဲ့၊ ဒေါ်လုံးရဲ့ ယောင်္ကျားက ပုလိပ်အင်စပိတ်တော်ကွဲ့” “အင်စပိတ်တော်ဆိုတာ ဘာတုံး ဘိုးရဲ့” ကျောက်ခဲက ဝင်မေးတာဗျ။ ကျောက်ခဲရော၊ သံမဏိရော ရှိတယ်လေဗျာ။ အင်စပိတ်တော်ဆိုတာ ပုလိပ်အရာရှိပေါ့ကွယ်၊ ပုလိပ်ဆိုတာက ဘိုးတို့ခေတ်က ခေါ်တာပေါ့ကွာ၊ ခုခေတ်တော့ ရဲလို့ပဲ ...
ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်ပြီ ဖြစ်သည်။ထိုအရာများကို ရှင်းလင်းရန်အတွက် အချိန်မနှောင်းခင် ရောက်အောင်သွားနိုင်မှသာ ကောင်းမည်ဟု တွေးရင်း လှမ်းနေသော ခြေလှမ်းတို့အား ပို၍ အရှိန်မြှင့်လိုက်ပါလေတော့သည်။ ◾အခန်း (၂) တာပိုးရွာတွင်တော့ ရွာလူကြီးနှင့် ရွာလူကြီးသားသည် သူရိယအား လိုလေသေးမရှိ ဂရုစိုက်လေသည်။ရွာလူကြီးသား သီဟသည် သူရိယအား စကားဆိုလေသည် ။ “ငါ့ညီ မင်းဆရာက တော်တော်စွမ်းတာပဲကွ အဲ့ပညာတွေ ငါ့ကို သင်ပေးခိုင်းလို့ မရဘူးလား “ “အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး” ...
မေမေ” ဟု ငိုရှိုက်ရင်းပြောလာသည်။မခင်မေ က အံ့အားသင့်စွာဖြင့်…. “ဘယ်သူလဲသမီးရဲ့…ဘယ်ဘုရားက စိန်ဖူးတော်လဲ” ဟုပြန်မေးသော်လည်း ဝါနုလေးမှာ ဘာမှမပြောတော့ပဲ ငိုရှိုက်နေတော့သည်။ မခင်မေလည်းသမီးလေးအား ပွေ့ချီကာ အိမ်ပေါ်သို့ခေါ်ခဲ့ပြီးချော့သိပ်လိုက်သည်။ သူမ၏ စိတ်တို့က အတိတ်အချို့ထံပြန်ရောက်သွားသည်။ သမီးလေးအား မွေးဖွားပြီးချိန်တွင် သူမတို့ ခြံဝင်းနေရာအနှံ့အပြားတွင် မြွေပေါင်းစုံ ရောက်လာသည်။မြေပြင်တွင်လည်းကောင်း …သစ်ပင်များပေါ်တွင်လည်းကောင်း.. မြွေများကိုတွေ့ကြရသည်။ထိုမြွေများက လူများကိုတော့အန္တရာယ်မပေး။သူမ ပုခက်တွင်းအိပ်နေစဉ်တွင်လည်း ထိုအတိုင်းပင်။တစ်ခါတစ်ရံ မခင်မေအလုပ်မအားလပ်ချိန်များတွင် ပုခက်အတွင်းမှ ကလေးက အိပ်ရာနိုး၍ ငိုယိုလျှင် ချက်ချင်းသွားမကြည့်နိုင်။ ထိုအချိန်မျိုးတွင် တစ်ကိုယ်လုံးမည်းနက်ပြီး လူကြီးခြေသလုံးအရွယ်ခန့်ရှိသော တောကြီးမြွေဟောက်တစ်ကောင်က ပါးပြင်းထောင်ကာ ပုခက်ကို ...
အရပ်မြင့်၍ မဖြူထက် ခေါင်းတစ်လုံးပိုနေသည်။ “ဟင်း… မတ်တတ်ကလေး ခဏရပ်ပေးရတာကို ဒီလောက်ထိဝန်လေးနေသလား၊ သူက ကျောင်းသားပဲ၊ ငါ့ကို ဆရာမလို့ သဘောမထား နိုင်ဘူးလား” အခြားဆရာ၊ ဆရာမများ ဆယ်တန်း(ခ)သို့ ဝင်ချိန်တွင် မဖြူ မသိမသာ သတိထား ကြည့်မိသည်။ သူ မတ်တတ်ရပ်သည်ကို တွေ့ရသည်။ “ဟင်း … သိကြသေးတာပေါ့” မဖြူစိတ်ထဲမှာ အမှတ်အတေးထားလိုက်သည်။ “ငါ့ကျမှ အရိုအသေမပေးချင်တာ၊ ငါ့ကို သူ့ဆရာမလို့ သဘောမထားလို့…” ထိုကျောင်းသား အပေါ်မှာ စေတနာပျက်သွား မိသည်။ အမှန်ကတော့ အောင်မြင့်သည် ...